သင်သေသွားသော် 6 ပေ 2 ပေ 3 ပေအနက်

ေမာင္ရိုးFebruary 8, 20121min45223

(နာရေးကူညီမှုအသင်းသို.လှူတန်းရာတွင်အလှူငွေထည်.ဝင်လှူတန်းသောစာဖတ်သူများနှင်.မန်ဘာများအားလည်းကောင်း၊
ကိုယ်တိုင်လိုက်ပါ၍အကျိုးဆောင်ကြသောမန်ဘာများအားလည်းကောင်း၊အကြောင်းကြောင်းကြောင်.ဆက်သွယ်ရန်ခက်ခဲသောနေရာများမှ လှူခွင်.မကြုံခဲ.ရသောမန်ဘာများအားလည်းကောင်း၊ဖြစ်မြောက်ရေးအတွက်စည်းရုံးဆောင်ရွက်ကြသော
Dr AKKO၊ etone၊ ရွှေတိုက်စိုး ၊ET ၊မန္တလေးမှ ပေါက်၊ပေ၊ပု နှင်.မန်ဘာများအားလည်းကောင်းဤစာမူဖြင်.လေးစားစွာ
အမှတ်တရ ဂုဏ်ပြုအပ်ပါကြောင်း )

မင်္ဂလာပါ—ဟုတ်ကဲ. –ယဉ်ကျေးသူများကဒီလိုနှုတ်ဆက်ကြတယ်ဆိုလို.ပါ —
မိတ်ဆက်ချင်လို.ဗျို. —ကျုပ်နံမည် သံချောင်းပါ ။ –ပညာရေးလား—ဟဲဟဲ ဘုန်ကြီးကျောင်းထွက်ပေါ.—-
နာရေးကြော်ငြာမှာ လူနာမည်နဲ.အသက်တော.ဖတ်တတ်ပါတယ်–အင်္ဂလိတ်လိုလား–နှစ်လုံးထီ ကလင်ဒါထဲကဂဏန်း
တော.ဖတ်တတ်တယ်ဗျို. —နေရပ်လိပ်စာကတော.အရှည်ကြီးပဲ –သေချာမှတ်ထား —-အမှတ်မရှိ ၊လမ်းမရှိ ၊
နတ်ကြီးတခါးအနီး ၊ပေါရိသာဒ သချင်္ိုင်း–ဒါဆိုရပြီ။ အလုပ်အကိုင်ကတော.သချိင်္ုင်းမှာနေတာဆိုတော.—–
သုဘရာဇာပေါ.ဗျာ—အင်တာနက်တွေ အင်ထရာနက်တွေတော.မသိဘူးဗျို.—လူသေမြှုတ်ရင်ခတ်နက်နက်တူး
ရတာတော.သိတယ်—ဘာလဲ –သုဘရာဇာဆိုတော.အထင်သေးသွားပြီလား —အထင်တော.မသေးနဲ.နော် —
ပေါက်တူးတစ်ချောင်းရှိရင် မိန်းမနဲ.ကလေးပါဝအောင်ကျွေးလို.ရတယ်ဗျ—-
ဟဲဟဲ မိန်းမရှိတယ်ဆိုလို.မအံ.ဩနဲ.နော—–နေတတ်ရင်နောက်တယောက်ရနိုင်သေးတယ်—
အလုပ်အကိုင်ကတော့ ကောင်း ပ ဗျာ —ပြိုင်ဘက်မှမရှိပဲ—အလောင်းတစ်လောင်းကျင်းထဲထည်.လိုက်တာနဲ.
ဟဲ ဟဲ အာဒကေ ကရပြီးသား—-အတိအကျသတ်မှတ်ကြေးတော.မရှိဘူးပေါ.ဗျာ –ပုတ်ပွနေတဲ.အလောင်းဆို
ပိုရတာပေါ.— နာရေးကူညီမှုအသင်းလား–ဟား ဟား ကောင်း ပ ဗျာ –သူတို.ရှိတော.အချိန်ကုန်သက်သာ၊
ကျုပ်လည်းအလုပ်ပိုပြီးတာပေါ.–သူတို့ကအလောင်းလိုက်သယ်ပေးတော.ကျုပ်က မြှုတ်ပေးလိုက်ရုံပဲ—ဟဲ ဟဲ
ဪ –ငွေလား –ရတယ်ရတယ် –သူတို.ကပိုသိတတ်တယ်ဗျ—ထိုက်ထိုက်တန်တန်ပေးပါတယ်–
တချို. မသာရှင်တွေကတော.ဗျာ –သုဘရာဇာဆိုပြီး ဈေးနှိမ်ချင်တယ် —-
မရလဲ အရေးလားဗျာ —-လူမသိတဲ.ဂွင်တွေကရှိပြီးသား ဟား ဟား–ပြောစမ်းပါအုံး ဘယ်မသာရှင်ကများ
မြေ မြှုတ်ပြီးတဲ.အထိ ထိုင်ကြည်.လို.လဲ –အလောင်းလေးကျင်းထဲထည်.ပြီးပြန်သွားတာပဲမဟုတ်လား —-
ဟဲ ဟဲ လျောက်တော.မပြောနဲ.နော —ကျုပ်ကသူတို.ပြန်သွားရင်အကုန်ချွတ်ယူတာ—လူတွေ လူတွေ
တော်တော်ခက်တဲ.လူတွေ –သေပြီးမှထည်.ပေးလိုက်တဲ.အဝတ်တွေ နည်းတာမဟုတ်ဘူး—-
တချို.ဆို အတွင်းခံတောင်ပါသေးတယ် ဟား ဟား– -အကုန်တော.လည်းဘယ်ဝတ်နိုင်မလဲဗျာ—တချို.အပေါင်ဆိုင်ပို.–
တချို.အဟောင်းဆိုင်မှာရောင်း –တချို.ကြတော.လဲ ဟဲ ဟဲ အသစ်ဆိုပြီး ဈေးထဲမှာလျော.ဈေးနဲ.
ပြန်သွင်းလိုက်တယ်ဗျို.—အခေါင်းလား —လူလစ်ရင်ပြန်ဖေါ်တာပေါ.–ဒီလောက်သစ်တွေရှားတာ
မြေကြီးထဲ အ လ ဟတ်သပ် ပျက်ဆိးသွားမှာပေါ. -ဖုန်သုတ် ရေဆေး စက္ကူကပ် ပြီးဆေးသုပ်လိုက်ရင်
အသစ်ပဲမဟုတ်လား—ဘာတဲ. ခင်ဗျား တို.ပြော ပြောနေတာ ရီဆိုင်ကယ်ဆိုလား ဘာလား —
ဒါကြောင်. ပြောတာပေါ. မသာများများ လာရင် ပိုကိုက်တယ်လို.———–
ဒီမှာ ကျုပ်ဝတ်ထားတဲ.အ င်္ကျီအဖြူလေး — တွေ.တယ်မဟုတ်လား—ဟိုနေ.ကပဲ အလောင်းတခု
ကပတ်ထားတဲ.သရီး ရိုင်ဖယ် ဆိုလား –ကျုုပ် ဖြုတ်ပြီးသွားချုပ်ထားတာ–ဟဲ ဟဲ ။။။ ဒါတောင် — တခြား ဂွင်တစ်ခုကအခုမရတော.လို.ဗျို.—အချီကြီး အချီ ကြီး–ဘာလဲသိလား –ဆေးကျောင်းသားတွေလေဗျာ—
သူတို.လေ.လာဖို.ဆိုလား –လူအရိုးတစ်စုံစာဆိုရင် အရင်ကတည်းက နှစ်သိန်းလောက်ရတယ်ဗျ—
ဟဲ ဟဲ ဒါတွေနဲ.ကျုပ်တို.ကထောနေတာ—ဗျာ–ဂျီပီအက်စ် ဟုတ်လား –မလိုပါဘူးဗျာ — ဘယ်အလောင်း
ဘယ်မှာမြှုတ်တယ်ဆိုတာ ကျုပ်အလွတ်ရပါတယ် –သချင်္ိုင်းအလယ်က လက်ပံ ပင်အရိပ်ကို ကျုပ်ပေါက်တူးနဲ.
ထောက်ပြီး တွက်လိုက်ရင်ရတာပဲ ဟဲ ဟဲ ဟဲ —-အခုတော.ဂွင်ပျက်သွားပြီဗျို. –တရုတ်ပြည်က လူအရိုး
အတုတွေကိုပလပ်စတစ်နဲ. လုပ်ရောင်းသတဲ.—ကျုပ်တို.အရိုးတွေကနံစော်နေတာ–ဘယ်ဝယ်တော.မလဲ–
ကဲ -ကောင်းကြသေးရဲ.လား တရုတ်လုပ်ပုံ –မသာ ပါးစပ်ထဲက ကျုပ်တို.ကနှိုတ်တယ်–ကျုပ်တို.ပါးစပ်ထဲက
တရုတ်ကနှိုတ်တယ် –တရုတ် များဗျာ စီးပွာရေးသောင်းကျန်းချက် သုဘရာဇာတောင် အလွတ်မပေးဘူး—
တရုတ်ဆိုလို. ပြောရဦးမယ်ဗျို.—တရုတ်မသာလာရင် ကျုပ်ကသိပ်ပျော်တာ –ဘာလဲသိလား —
စားရလို. စားရလို. ဟား ဟား –မသေခင်ကကျွေးလား မကျွေးလာတော.မသိဘူး –သေမှ ကျွေးလိုက်တာဗျာ
စားပွဲကြီးတလုံး နဲ. အပြည်.ဘဲ —ဟဲ ဟဲ သချင်္ိုင်းကုန်းကအပြန် ဘယ်သူက အကုန် ယူမလဲဗျာ —
သံချောင်းတို. ကံကောင်းတာပေါ. –ဆုမတောင်းကောင်းလို.ဗျို.—ဟင်. ဆုများတောင်းကောင်းရင် —–
တရုတ်မသာကတော. ချွတ်လို.သိပ်မလွယ်ဘူးဗျ–တတ်နိုငိတဲ.သူက ဂူထဲ ထဲ.ပိတ်တာ—ဂူလား နိုး ဟိုးဟိုး
မဖေါက်ပါဘူးဗျာ ဖေါက်မဲ.ကောင်တွေတောင် သတိထားနေရသေးတယ် –ဟုတ်တယ်လေ—ဂူ ပွင်.သွားရင်
အမှုဖွင်.ခံရမှာ ကျုပ် ဗျ—လူမသိ သူမသိ ကျုပ် ဂွင်လေး ပျက်သွားပါဦး မယ်ဗျာ—-
သရဲလား —-မကြောက်ရေးချာ မကြောက် —ငယ် ငယ် ထဲကဆော.ဖော် ဆော.ဖက်တွဗျ —ကျုပ်ကြောက်
တာ လုူ ဗျ လူတွေ —လူတွေကဟန်ဆောင်ကောင်းတယ်— အသုဘလာတဲ.သူတွေ ကျုပ်တွေ.နေကြ
အခုငို အခုရီနဲ. တတ်လဲတတ်နိုင်ပဗျာ—-မိန်းမတွေအဆိုးဆုံး –ကျင်းထဲခုန်ချမယ် တ ကဲ ကဲ —-သိတယ်မဟုတ်လား–
ဆွဲမဲ.သူရှိလို.လေ—သံချောင်းကတော. ဆေးလိပ်ဖွာပြီး ထိုင်ကြည်.နေလိုက်တယ်–ဘာမှမဖြစ်ရင် ဘာမှမဖြစ်ပါဘုူးဗျာ—
ဪ –အိမ်ထောင်ရေးအခြေအနေလား —ကောင်းတယ် –ကောင်းတယ် –ဟဲ ဟဲ မိန်းမကတော.-
သချင်္ိုင်းထဲလိုက်နေတယ်လေ–မသာအသုံး အဆောင်လေး ဘာလေးရောင်းတာပေါ.—သားကိုတော. ရွာထဲကသူ.အဒေါ်ဆီ
ပို.ထားတယ်—သုဘရာဇာရဲ.သား ဆိုပြီး မျက်နှာငယ်မှာစိုးလို.လေ—
အင်း —ဘာပဲဖြစ်ဖြစ် ကျုပ်ကလဲ အသက်လေးရလာပြီဆိုတော.–အိုစာ မင်းစာ မြို.သစ်မှာ မြေလေးတစ်ကွက်တော. ဝယ်ထားတာပေါ.ဗျာ—ငွေရေးကြေးရေးကတော. ရရစားစားပဲဗျို.–ချွတ်နိုင်သရွေ.တော.ရနေဦးမှာပေါ.—-
လူတွေဗျာ –မသေခင်ကတော.သူဌေး– ပညာတတ်–အရာရှိ–ရုပ်ချော –ဥစ္စာပေါ–ဟဲ ဟဲ ဟဲ —
သေတော.လဲ ကျုပ်ကချွတ်ယူလိုက်တာ –ကိုယ်တုံးလုံးပဲဗျို.—ဒါပေမဲ. သူတို.အတွက် ကျင်းနက်နက်လေးတော.တူးပေးထား
ပါတယ် ၆ ပေ ၂ ပေ ၃ ပေ အနက်လေ ဟဲ ဟဲ—–
ဟော—–စကားကောင်းနေလိုက်တာ ဘာလို လိုနဲ.မိုးချုပ်တော.မယ်—အလောင်းနှစ်လောင်း မြှုပ်ရဦးမယ်ဗျို.——
ကဲ ကဲ နောက်မှဘဲပေါ. –ကြုံရင် ဝင်ခဲ.ဗျာ–လိပ်စာမှတ်မိတယ်မဟုတ်လား–သံချောင်းရေ–လို.ကျယ်ကျယ်သာအော်လိုက်–
အုတ်ဂူကြားက ပေါက်တူးလေးဆွဲပြီး ကျုပ်ထွက်လာခဲ.မယ်—-

23 comments

  • thit min

    February 8, 2012 at 10:48 pm

    ရွှင်ရွှင်သောသောလေးရေးထားပေမဲ့လို့ အသိတရားကိုပေးသောစာစုလေးပါ။
    ဘဝရဲ့မြွေတွေကင်းတွေနဲ့ “ပြာ” လို့ကျနော်တခါကရေးဘူးသလိုပြောရရင်တော့
    ခုခေတ်က ဘာဆိုဘာမှမကျန်အောင် ပြာကျတဲ့ခေတ်မို့
    “ဟေ့ ငါ့ဘာမှတ်လို့လဲကွ ” လို့ အော်သူများကို “ပြာ”မှတ်လို့ဗျ လို့
    ပြန်ဖြေရင်ကောင်းမလားလို့ တွေးမိတာလေးနဲ့ တူနေပါတယ်။
    ကျေးဇူးပါ ဆရာစာမိခင်ဗျား။

  • surmi

    February 8, 2012 at 11:18 pm

    ဆရာသစ်ရေ —–ဆရာပြောဘူးသလို အကြမ်းမှတ်ထားတာလေးတွေထဲက ပြန်ရေးဖြစ်သွားတာ။
    အချိန်ကလည်း တိုက်ဆိုင်နေတယ်လေ — ကျွန်တော်ကလည်းတခါတလေအဝေးမှာဆိုတော.–
    ကျေးဇူးပဲ ဆရာရေ။

  • ကြောင်ကြီး

    February 9, 2012 at 9:04 am

    သရဲတစ္ဆေနဲ့ ပတ်သက်လို့ သုဘရာဇာကို မေးကြည့်ချင်တယ်။ သူတို့ဆို တကယ်သိမှာ…။

  • ssa

    February 9, 2012 at 10:45 am

    ှ..ကြောက်စရာကြီးဗျာ
    သံဝေဂတွေတောင် ရချင်သလိုလို…ဘာလိုလို..
    ဟဲဟဲ..
    ကျေးဇူးတင်ပါတယ်ခင်ဗျာ…

  • kyeemite

    February 9, 2012 at 11:04 am

    ကိုဆာမိရေ…ဖတ်လို့ကောင်းပါတယ်..နယ်တွေမှာဆိုရင်တော့ မြေမြုတ်နေကြရတုံး ဆိုတော့..ကိုသံချောင်း
    လိုလူအတွက်ပူစရာမလိုသေးဘူးဗျ..နော့….

  • စိန်ပေါက်ပေါက်

    February 9, 2012 at 11:43 am

    မိုက်ဒယ် ကိုဆာမိရေ..ဗဲဒီးဂွတ်..
    နေ ့စားလိုရင် ပြောနော်..
    ညဘက်တော့ လာမစားရဲဘူး တားတားကြောက်လို ့
    နေ ့ခင်းဘက်တော့ လာချွတ်…အဲလေ..လာတူးပေးမယ်လို ့ 😆

  • k T N

    February 9, 2012 at 12:00 pm

    ရယ်ရွင်ဖွယ်အရေးအသားလေးဖြင့် လူသားတွေကို သတိသံဝေဂအြထူးဖြစ်စေပါတယ်။ ကျေးဇူးပါဗျာ။

  • koyinmaung

    February 9, 2012 at 12:25 pm

    အတော်ကောင်းတဲ့အရေးအသားဘဲကိုဆာမိရေ
    ဆက်လက်ရေးသားပါအုံးလို့……..

  • နွယ်ပင်

    February 9, 2012 at 12:30 pm

    သံဝေဂ ရစရာပိုစ့်လေးကို ခပ်သောသောလေးရေးထားတာ
    အရမ်းကောင်းပါတယ် ကိုဆာမိရေ …………

  • surmi

    February 9, 2012 at 12:48 pm

    ကိုကြောင်အတွက်တကောင်ဖမ်းခိုင်းလိုက်မယ်။
    ကိုစိန်ပေါက်အတွက်တော. သံချောင်းက ခဲွံမပေးနိုင်ဘူးတဲ.–
    သံဝေဂရတာပဲဖြစ်ဖြစ် ၊ကြောက်တာပဲဖြစ်ဖြစ် တခုခုလေး ခံစားပေးသွားတဲ.အတွက်
    အားလုံးကိုကျေးဇူးပဲဗျာ။သွားရင်းလာရင်းခလုတ်တိုက်မိတာလေးတွေပြန်ရေးမိတာပါ။။

  • အခုတော့ ခြောက်ပေသုံးပေတောင် မပိုင်တော့ပါဘူး။
    တစ်ခါထဲတန်းပြီးမီးရှို့ ခဏနေ မီးခိုးနဲ့ပြာဘဝပြောင်းသွားရော
    အဲတော့…………………………………………..

  • surmi

    February 9, 2012 at 2:26 pm

    တခါတည်းတန်းရှို.ရင်ကောင်းတာပေါ.ဗျာ–ခုတော. ည မှပေါင်းရှို.တယ်ဆိုပဲ—
    ဒီတော.—–အချွတ်ခံရဦးမှာပဲဗျို.—-

  • blackchaw

    February 9, 2012 at 3:21 pm

    ကိုဆာမိရေ။
    ထွေထွေထူးထူး မပွားတော့ဘူးဗျာ။
    လက်မလေးတစ်ချောင်းထောင်ခဲ့ပါတယ်။
    အလှူနေ့ကျရင်လည်း လိုက်ဖြစ်အောင်လိုက်သွားမယ်ဗျာ။

  • MaMa

    February 9, 2012 at 5:48 pm

    မရွှေမိရေ-
    အချက်အလက်က စုံ
    အရေးအသားက ကောင်း
    ကဲ- ဘာလိုသေးလဲ 😆

    • စိန်ပေါက်ပေါက်

      February 9, 2012 at 5:56 pm

      ဟုတ်ကဲ့
      အကိုပြောသလိုပဲ
      ဘာမှမလိုအောင် အရေးအသားလေး ကောင်းပါကြောင်း ထောက်ခံသွားပါတယ်နော

  • surmi

    February 9, 2012 at 8:15 pm

    ကိုဘလက်ရေ—အဲဒီနေ. မလိုက်ဖြစ်ဖို.များနေလေတော.–အကိုတို.ရေးသမျှအတွေ.အကြုံတွေ
    စောင်.ပြီးဖတ်နေပါ.မယ်။
    ဒေါ်စိန်ပေါက်နဲ.ဦဘားမားရထားရေ ကောင်းတယ်ဆိုတော.လည်းကောင်းတာပါပဲ၊ဆိုးတယ်ဆိုလည်းကောင်းတာပါပဲ။

  • padonmar

    February 9, 2012 at 9:05 pm

    ဆာမိရေ၊
    ပန်းခြင်းတွေ ပန်းစည်းတွေလည်း ဖြုတ်ရောင်းကြတယ်ဆို၊

  • TTNU

    February 9, 2012 at 9:33 pm

    ကိုဆာမိရေ…
    ရေးထားတာ ကောင်းတယ်။ပြတ်သားတယ်။
    ဘဝတစ်ခုဟာ နောက်ဆုံးမှာတော့ ဒီလိုအဆုံးသတ်ရမှာပဲ
    ဆိုတာလူတွေသိရက်နဲ့ လောဘ ဒေါသမောဟတွေ အခိုးလှိုင်နေတာ
    သနားစရာကောင်းတယ်နော်။
    ကျမ အသိတရားလေးတစ်ခုကို ယူထားလိုက်ပါပြီကိုဆာမိရေ။

  • surmi

    February 9, 2012 at 10:52 pm

    မပဒုမ္မာရေ —ပန်းခြင်းတွေပန်းစည်းတွေကတော. သံချောင်းရဲ.မိန်းမအပိုဝင်ငွေပေါ.ဗျာ—
    ရန်ကုန် မီးသင်္ဂြို စက်တွေမှာ ထင်းစည်းတွေ တောင်လိုပုံနေတာဘာကြောင်.လို.ထင်ပါသလဲဗျာ–
    မီးသင်္ဂြို ဖို. ဒီဇယ်ဘိုးက အသုဘရှင်ကပေးခဲ.ရ ပြီးပြီလေ–
    ဆရာမကြီးရေ —ကိုဘလက်ရဲ.ခရီးသွားမှတ်တန်းဖတ်ပြီး တွေ.ချင်နေခဲ.ပါတယ်—တနေ.ကျရင်တော.
    လာခဲ.ပါဦးမယ်—-အမြဲတန်းလေးစားလျက်ပါ။။။

  • အတွေ့အကြုံကြီးလှပါပေ့မြိုင်ရာဇာ(ဥ)ဆာမိရေ…
    ဒါနဲ့ကုက္ကိုတန်းက ဟိုဂွင်တွေတော့မရတော့ဘူးမို့လား
    တော်ဝင်ကေတုမတီဟိုတယ်ဆောက်လိုက်လို့ နေရာပျောက်သွားပြီလေ…
    မြိုင်ရာဇာက နေရာတကာဂွင်ရှာတတ်တော့ ဒီနေရာလဲပွဲစားလုပ်ရင်လုပ်နေမှာ…
    နတ်ကြီးတံခါးတော့ထည့်မရေးနဲ့ဗျို့
    ကျွန်ုပ်တို့အမျိုးတွေရှိတယ်….သံချောင်းနဲ့ရောကုန်ဦးမယ်…
    ဘာပဲဖြစ်ဖြစ် ဒီအမှုကိုတော့ သေသေချာချာဖော်ထုတ်မှဖြစ်မယ်
    :kwi:

  • Mr. MarGa

    January 30, 2013 at 2:32 pm

    ဪ ဒါသည်သာ လူ့ဘဝ
    ဦးမာဃတို့ကျ တော့ အေးဆေးပဲ
    တစ်ခါတည်း ပျောက်သွားတာ
    ဘာမှ နောက်က ကုန်စရာမလိုဘူး
    ဖြစ်ပျက်ရှုချင် လာခဲ့
    ဖြုတ်ကနဲ ဖြုတ်ကနဲပဲ

  • aye.kk

    January 30, 2013 at 3:37 pm

    ဖတ်ရတာကောင်းလွန်းတယ်။
    တရားကျစရာတွေပါဘဲ။
    သေရင်ထဲ့ပေးလိုက်တာလေးတောင်သုဘရာဇာကချွတ်ယူသေး။
    အရင်ခေတ်တုံးက အသုဘရာဇာတွေကတော့ မသာပါးစပ်ထဲကို ။
    ကူးတို ့ခ အဖြစ်ထဲ့ပေးလိုက်တဲ့ငွေအကြွေစေ့ပိုက်ဆံတွေတောင်ပြန်နှိုက်ထားတတ်လို ့။
    မသာခမျှာ သံသရာတဖက်ကမ်းကိုတောင်ကူးဘို ့ပိုက်ဆံမရှိလို ့မသွားရရှာဘူးတဲ့လေ။
    အရင်ခေတ်ကလူကြီးတွေပြောပြထားတာလေးဖောက်သယ်ပြန်ချလိုက်ပါတယ်။။(ရီစရာဟာသပေါ့နော်)

Leave a Reply