ဒုတိယအိမ်နီးချင်း
ဒုတိယအိမ်နီးချင်း အကြောင်းကိုပြောရန် လိုပါသည်။ ထိုအိမ်နီးချင်းသည် ကျွန်ုပ်အိမ်၏ မျက်စောင်းထိုးအိမ်တွင် နေ၏။ သူသည် လွန်စွာ ကုန်ချောင်းချောင်းနိုင်သော လူတစ်ဦးဖြစ်၏။ သူ့ထက်ပို၍ စိတ်ဝင်စားစရာ ကောင်းသော သူမှာ သူ၏မိန်းမပင်ဖြစ်၏။ ထိုမိန်းမသည် အရပ်အမောင်းကောင်း၏ ပေါင်လုံးကြီးများကြီး၏။ ထိုပေါင်လုံးကြီးများနှင့် အတူ အခြားသောကိုယ်ခန္ဓာ အစိတ်အပိုင်းများလည်း ကြီးလှ၏။ လမ်းလျှောက်သောအခါ ခြေတံကို ပစ်၍ပစ်၍ လျှောက်တတ်သောကြောင့် မလှမ်းမကမ်း ရှေ့တည့်တည့် နေရာလောက်မှ ကြည့်လျှင် ထိုမိန်းမ လမ်းလျှောက်လာသည်မှာ ဆင်မကြီးတစ်ကောင် တရွေ့ရွေ့ လှမ်းလာသည်နှင့်တူ၏။
ထို့ကြောင့် ရှေးလူကြီးများပြောသော ဆင်မယဉ်သာ ဆိုသည်မျိုးပေလော မပြောတတ်ပေ။ ထိုမိန်းမသည် လူကောင် ထွားသလောက် အသံမှာလည်း အလွန်သေး၏။ သူ၏ အသံသည် ပတ္တာကျပ်နေသော တံခါးကို တွန်း၍ ဖွင့်သည်အခါ၌ မြည်သောအသံကဲ့သို့ ညှစ်သံပါ၏။ ၎င်းတို့ လင်မယားလည်း အိမ်တက်မင်္ဂလာ လုပ်၏။ ၎င်းတို့ ၏ အိမ်တက်မင်္ဂလာမှာ ငါးပူတင်း၏ အိမ်တက်မင်္ဂလာနှင့် ကွာ၏။ ဆင်မယဉ်သာ၏ ခင်ပွန်း ကုတ်ချောင်းချောင်း ငတိသည် ကျွန်ုပ်တို့၏ ရပ်ကွက်အတွင်းမှ လူများကိုခေါ်၍.. “ကျွန်တော် အိမ်တက်မင်္ဂလာ လုပ်ချင်တယ်ဗျာ၊ ဒါပေမယ့် ဘာမှ မလုပ်တတ်ဘူး၊ ကူညီကြပါဦး ” ဟု ဆိုကာ ငွေထုပ်ကိုချ၍ပေး၏။ “လူတွေဖိတ်ဖို့ ကိစ္စလဲ ခင်ဗျားတို့ စိတ်တိုင်းကျပဲ ဖိတ်ပါဗျာ၊ ကျွန်တော်ကတော့ ဒီရပ်က လူတွေပဲ ကျွေးချင်တာပါ၊ တခြားက ကျွန်တော့် မိတ်ဆွေတွေလဲ မဖိတ်တော့ပါဘူး” ဟု ပြောလေ၏။
ထိုအခါ ကိုမြစိန်ကြီးသည် ငွေထုပ်ကိုကောက်၍ ကိုင်ပြီးနောက်.. “ဘုန်းကြီးကျောင်းကိုတော့ အောင်မင်္ဂလာ ကျောင်းတိုက်ရယ်၊ ပါဋ္ဌိတက္ကသိုလ်ကျောင်းရယ် ပေါင်းပြီးပင့်လိုက်မယ်၊ ကျွေးတာကတော့ မန္တလေးကြာဇံချက် ကောင်းတယ်” ဟုဆိုကာ ကျန်သောသူများနှင့် တိုင်ပင်၍ စတင်စီစဉ်တော့၏။ ကုတ်ချောင်းချောင်းလူကမူ … “ခင်ဗျားတို့ ကြိုက်သလိုသာ လုပ်ကြပါဗျာ ” ဟု ပြောလေ၏။ ထို့နောက်တွင်ကား ကျွန်ုပ်တို့ရပ်ကွက်သူ၊ ရပ်ကွက်သားများ၊ အထူးသဖြင့် ကျွန်ုပ်တို့လမ်းထဲမှ လူများသည် မိမိအိမ်ကဲ့သို့ သဘောထားကာ ထိုအိမ်သို့ ဝင်ကြ၏၊ ထွက်ကြ၏၊ ချက်ကြ၏၊ ပြုတ်ကြ၏၊ လုပ်ကြ၏၊ ကိုင်ကြ၏။
ဆင်မယဉ်သာမကြီးကလည်း အပြောအဆို ညက်လှ၏။ အားလုံးကို အဆင်ပြေအောင် ခေါ်ပြောဆက်ဆံ၏။ သူ၏ ဦးလေး အရွယ်ရှိနေပြီဖြစ်သော ကျွန်ုပ်ကိုပင် ဦးလေးဟုမခေါ်ဘဲ “အစ်ကို” ဟု ခေါ်၏။ သူ၏ အစ်ကိုဟူသော ခေါ်သံမှာလည်း အစ်ကို အစစ်မဟုတ်၊ ဆောင်းဇာတ်ကားတွင် ကရင်မလေးအဖြစ် သရုပ်ဆောင်ရသော စံရှားတင်က တော်လှန်ရေးရဲဘော်အဖြစ် သရုပ်ဆောင်ရသော ထွန်းဝေအား ခေါ်သကဲ့သို့ “အပ်ကို” ဟု အသံထွက်လေ၏။ “အပ်ကို ညီမတို့အိမ်ကို နေ့တိုင်းလာလည်ရမယ်နော်၊ ညီမတို့က အဖော်ရှိတာ မဟုတ်ဘူး ပျင်းနေမှာ” ဟု သူမ၏ မျက်လုံးဝိုင်းကြီးများကိုဝင့်၍ ပြောလိုက်သောအခါ၌ ကျွန်ုပ်၏ တစ်ကိုယ်လုံးသည် ဌက်ပျောသီးခြောက် ကဲ့သို့ ရှုံ့၍သွားလေ၏။
ဆင်မယဉ်သာကြီးသည် တစ်ချိန်လုံး ကျွန်ုပ်ကို “အပ်ကို” နေတော့၏။ ထို့ကြောင့်ကျွန်ုပ်တို့ လမ်းထဲမှ သန်းသန်းဆို သောမိန်းမက ကျွန်ုပ်၏နံဘေးမှကပ်၍ ထင်းများကိုသယ်သွားရင်း.. “အပ်ကို ထင်းကလေးဘာကလေး ဝိုင်းသယ်ပါဦး” ဟု ကျွန်ုပ်အား နောက်ပြောင်သွားလေတော့၏။ ဤသို့နှင့်ပင် ကုတ်ချောင်းချောင်း ငတိနှင့် ့်ဆင်မယဉ်သာတို့၏ အိမ်တက်မင်္ဂလာသည် စည်ကားသိုက်မြိုက်စွာ ပြီးဆုံးသွားလေတော့၏။ ထိုအချိန်မှစ၍ ၎င်းတို့နှစ်ဦးသည်လည် ဤရပ်ကွက်တွင် မြေဂရမ်ပေးစ လွန်ခဲ့သော နှစ်ပေါင်းကိုးဆယ်ကပင် နေခဲ့ ကြသည့်အလား ရပ်ကွက်သူ ရပ်ကွက်သား စစ်စစ်ကြီး ဖြစ်သွားလေတော့၏။
အထက်ပါ အဖြစ်အပျက်များ ဖြစ်ပွားပြီး သုံးလခန့်ကြာသောအခါ၌ သန်းသန်းဆိုသော မိန်းကလေးက ကျွန်ုပ်၏ ဆိုင်သို့ဝင်လာပြီး “အပ်ကို ဟိုစုံတွဲအကြောင်း သိပြီးပြီလား” ဟု မေးလေ၏။ “ဟင်အင်း၊ ငါမသိဘူး၊ ဘာဖြစ်လို့လဲ” ဟု ကျွန်ုပ်က ပြန်၍မေးလိုက်၏။ “ယောကျာ်းလုပ်တဲ့လူက အဓိပတိဇိမ်ပွဲစားကြီးဆိုပဲ၊ ကောင်မကလဲ မူးယစ်ဆေးဝါး ကယ်ရီလို့ပြောတယ်၊ အရင်က တရုတ်သူဌေးတစ်ဦးရဲ့ မယားငယ်တဲ့၊ ကောင်မကော အကောင်ကော မန္တလေးမှာ အဖမ်းခံနေရပြီ” ဟု ပြောလေတော့၏။ “အင်း ဟုတ်ချင်လဲ ဟုတ်မှာပေါ့” ဟု ကျွန်ုပ်က ပြောလိုက်ရာ သန်းသန်းက.. “ကဲသွားမယ် အပ်ကို” ဟုပြောကာ ကျွန်ုပ်အား နောက်တီးနောက်တောက် လုပ်သွား၏။
ထို့နောက်တွင်လည် ထိုစုံတွဲ၏ သတင်းသည် ဟိုမှဒီမှ အနံ့ထွက်လာလေ၏။ အမှန်စင်စစ်လည်း ထိုစုံတွဲသည် အိမ်ကို သော့ပိတ်၍ တစ်လခန့် ပျောက်နေ၏။ ပြန်၍လာသောအခါ၌ ပစ္စည်းများ ကားအပြည့်တင်၍ ပြန်လာခဲ့ ခြင်းဖြစ်သည်။ ပုန်းရည်ကြီးထုပ်များ သနပ်ခါးတုံးများ၊ ပျားရည်ပုလင်းများမှအစ အတော်ကလေး စုံစုံလင်လင် ပါလာကြ၏။ “အပ်ကိုရေ သာဓုသာ ခေါ်ပေတော့ ၊ ညီမတို့လင်မယား အညာမှာ သဲပုံစေတီတောင် မကျန်အောင် ဘုရားတွေ လိုက်ဖူးနေတာ” ဟု ပြောကာ ကျွန်ုပ်အား ပုန်းရည်ကြီးနှစ်ထုပ်နှင့် ထိုးမုန့်နှစ်ထုပ်ပေ၏။ ကျွန်ုပ်လည်း ကျေနပ်၍သွား၏။ ထို့ကြောင့် သာဓုခေါ်၏။
သန်းသန်းမှာ ရှင်မတောင်သနပ်ခါးတုံး နှစ်တုံးရ၏။ သူလည်း ကျေနပ်သွားပုံရ၏။ ကိုမြစိန်ကြီးမှာမူ ပုန်းရည်ကြီး၊ ထိုးမုန့်၊ ပျားရည်အပြင်၊ ညောင်ဦးမှ ဝယ်လာသော ရွှေရောင် ယွန်စီးကရက်ဘူးကလေး တစ်ဘူးကိုပင် ရသောကြောင့် သာဓုခေါ်၏။ ဤအိမ်နီးချင်းကား ကိုးရိုးကားရား ရုပ်ပုံများဖြင့် တန်ဆာဆင်ထားသော ပလပ်စတစ် ဖဲထုပ်နှင့် တူ၏။ ကြည့်ရသည်မှာ လျှပ်ပေါ်လော်လီသည်ဟု ထင်ရသော်လည်း ထိုဖဲထုပ်သည် အကစားခံသောကြောင့် ဖဲသမားတို့ နှစ်သက်ကြသည်သာတည်း။
15 comments
ကိုရင်စည်သူ
February 7, 2012 at 1:33 pm
အဘရေးသားခဲ့တဲ့ လက်ရာဟောင်းများမှ အိမ်နီးချင်းဟောင်းများ
အကြောင်းကို အဘကို ချစ်ခင်လေးစားကြကုန်သော ရွာသူားများ
အလွမ်းပြေဖတ်စေရန်အလို့ငှာ ပြန်လည်ရေးသားပေးထားပါတယ်ဗျာ…
အိမ်နီးချင်းတိုင်းနဲ့ အဆင်ပြေကြပါစေကုန်… 🙂 🙂
blackchaw
February 7, 2012 at 1:41 pm
ကျေးဇူးပါ ကိုရင်ရေ။
ဆရာကြီးရဲ့ စာတွေ က တန်ဘိုးကြီးပါတယ်ဗျာ။
စကားမစပ်….။
ကိုရင်ရေ။
ဖုန်းလေးတစ်ချက် အမြန်ဆက်ပေးပါဦးဗျို့။
အလှူနေ့အတွက် ပြင်ဆင်စရာလေးရှိလို့ပါနော။
inz@ghi
February 7, 2012 at 1:43 pm
အားပေးသွားပါတယ် ကိုရင်မိုးတိမ်စည်သူရေ….
ပုံ
အဇူဂီ
ကလောက် ကွန်ပွတ်တင်း
😀
ကြက်ဖင် ( အကယ်ဒမီ )
February 7, 2012 at 1:46 pm
( ဤအိမ်နီးချင်းကား ကိုးရိုးကားရား ရုပ်ပုံများဖြင့် တန်ဆာဆင်ထားသော ပလပ်စတစ် ဖဲထုပ်နှင့် တူ၏။
ကြည့်ရသည်မှာ လျှပ်ပေါ်လော်လီသည်ဟု ထင်ရသော်လည်း
ထိုဖဲထုပ်သည် အကစားခံသောကြောင့် ဖဲသမားတို့ နှစ်သက်ကြသည်သာတည်း။)
အဲ့သည်လို တွေးတော့ ပြောဆိုရတာကို ကျနော် အလွန်နှစ်သက်သဘောကျတယ်ဗျ
ဖတ်နေရင်းနှင့် တွေးမိတယ်ဗျ
ဒီပုဂ္ဂိုလ် ဆရာလိုဘဲ ရေးနိုင်ပါတယ်လို့
အောက်ရောက်လို့ ကွန်မန့်ဖတ်လိုက်တော့မှ 😀 😀 😀
စိန်ပေါက်ပေါက်
February 7, 2012 at 1:54 pm
အပ်ကိုရီး
အပ်ကိုရီးတို ့အိမ်နီးနားချင်းတွေက ချိတ်ဝင်ချားချရာ ကောင်းဒယ်နော့
အပ်ကိုရီးကိုလဲ သများကချိတ်ဝင်ချားနေတာကြာဘီ 😆
များတို ့လျှောက်သီးဆေးပြားရောင်းတဲ့အကြောင်း ရေးရဘူးနော်. အပ်ကိုရီး
လူဂျိုး..
Moe Z
February 7, 2012 at 2:11 pm
ချိတ်ဝင်ချားချရာ ရှားလို့ ဒေါ်စိန်ပေါက်ရယ် မျက်စိတိမ်စွဲနေတဲ့ ကိုရင်စည်သွပ်ကိုများ
ဟိုကုလားလေး အဇူဂီကိုရော ချိတ်မဝင်ချားဘူးလား 😀
စိန်ပေါက်ပေါက်
February 7, 2012 at 2:17 pm
ကီယားလေးလဲ ချိတ်ဝင်ချားဒယ်.ကီယာမလေးလဲ ချိတ်ဝင်ချားဒယ်…
စွတ်ပဒါးလဲ ချိတ်ဝင်ချားဒယ်….မယ်ခြောက်ဖုတ်လဲ ခိုက်ဒယ်..အမီနာလဲကြိုက်ဒယ်.
ဟာဒေး.ဟာဒေး..
inz@ghi
February 7, 2012 at 2:22 pm
တိန် …နာ့များ ကီလား ဒဲ့ ….
ဒေါ်ပေါက်ဖော် အရင် ဘဲ ဟိုကျောက်ကုန်သည် နဲ့ တလေသံထဲ …ဟွန့်
ဘာမှမကီလားဝူးကွ ..ဘိရုမာ ကွ ဘိရုမာ
😀
ပုံ
နျူနို အဇူဂီ
manawphyulay
February 7, 2012 at 2:05 pm
အိမ်နီးချင်းအကြောင်းပြောရင် တစ်ထောင့်တစ်ညပုံပြင်ထက်သာသွားမှာစိုးလို့ မပြောတော့ပါဘူး။ ကိုရင်စည်သွပ်ရယ်…. ပြောမဆုံးပေါင် တောသုံးထောင်ဖြစ်သွားမယ်။ လမ်းထဲမှာ အင်တာနက်မရှိပဲ အင်တာနက်သတင်းဖြန့်တဲ့သူက များနေတယ်။
အတိသဉ္ဇာ နာဂရ ချစ်သူ
February 7, 2012 at 2:14 pm
“ယောကျာ်းလုပ်တဲ့လူက အဓိပတိဇိမ်ပွဲစားကြီးဆိုပဲ၊ ကောင်မကလဲ မူးယစ်ဆေးဝါး
ကယ်ရီလို့ပြောတယ်၊ အရင်က တရုတ်သူဌေးတစ်ဦးရဲ့ မယားငယ်တဲ့၊ ကောင်မကော
အကောင်ကော မန္တလေးမှာ အဖမ်းခံနေရပြီ”
ဆိုတော့လေ သူတို ့ဘယ်လိုပြန်လွတ်လာလဲ မသိဘူးနော်။စိတ်မကောင်းစရာပါလား။
padonmar
February 7, 2012 at 7:04 pm
ကိုရင်ရေ
မင်းသိင်္ခ စာတွေ က ဘယ်တော့ပြန်ဖတ်ဖတ် မရိုးနိုင်အောင်ပါပဲ။
ပြန်လည်ဆန်းသစ်ပေးတာ ကျေးဇူးပါ။
MaMa
February 7, 2012 at 9:48 pm
ကိုရင်ရေ- ကောင်းကွက်လေးတွေကိုပဲ ရွေးကြည့်နိုင်လို့ အဆင်ပြေသွားကြတာ။
(လာဘ်ထိုးတယ်လို့ မရေးဘူးနော်။)
ကဲ-ကိုရင့်ဘော်ဘော် မောင်မောင်ဇာကို မင်းသားတည်ပြီး
ကိုရင့်ဇာတ်ကို `ရပ်ကွက်ထဲမှာဗျာ´ နဲ့အပြိုင်
`ဇာရဲ့အိမ်နီးချင်းများ´ ဆိုပြီး စီးရီးလိုက်ထုတ်ရင် ကောင်းမယ်။
(မီလီယံ ဘစ်ဇစ်နက်နော်။) 😀
min min san
February 8, 2012 at 1:27 am
ko yin,,interesting story but the way you write is really totally from last times,,something is logically,,,,,,,,thanks you.
ကြောင်ကြီး
February 8, 2012 at 9:46 am
ဖဲထုပ်
ဆွဲအုပ်
ရဲစုတ်
ဝဲကုပ်၊
မြဲဟုတ်
သရဲချုပ်
ဇွဲလုပ်
ချဲသမုတ်..။
ဘိုးတော်ကရင်စည်ရေ….လူ့သဘာဝ စရိုက်ကို ကွက်ကွက်ကွင်းကွင်း မြင်အောင်ရေးနိုင်ပါပေတယ်ဗျာ။ ကွန်ဂရက်ကျူလေးရှင်း..။ ဦးခိုင်လည်း စစ်တပ်နဲ့ပေါင်း ဘိန်းကုန်ကူး ချမ်းသာလာတော့ ဝက်ဘ်ဆိုက်လေးထောင် ပွိုင့်လေးထုတ်ပေးလိုက်တာနဲ့ တခါတည်းတန်း သဂျီးရာထူး ဘုရားထူးခံရတော့တာပဲ…။ ကရင်စည်က စာတွေ့..သူကမှ လက်တွေ့အစစ်..။
etone
February 8, 2012 at 11:11 am
ကရင်စီရေ .. ဒီပို့စ်ကို ကြည့်ပြီး … ဘေးပတ်ဝန်းကျင်ဆိုတာ …..ကူညီတာကနည်းနည်း…. ပေးသမျှ ယူ … ကျွေးသမျှစားပြီး… လစ်ရင်လစ်သလို အတင်းဖျင်းမျိုးစုံ မညှာမတာပြောတတ်တယ်ဆိုတဲ့ အသိ … ရသွားပါကြောင်း ………