BC မလျှောက်ခင် အင်္ဂလိပ်စာသင်

Kaung Myat HtutJune 3, 20101min11070

ယခုနှစ် ၂၀၁ဝ မှစတင်၍ British Council တွင်အလုပ်လုပ်သူဝန်ထမ်းများအားလုံးကို အင်္ဂလိပ်စာအရည်အချင်းကို စစ်ဆေးပြီးမှ အလုပ်ခန့်သွားမည်ဖြစ်ကြောင်းသိရှိရပါသည်။ လက်ရှိအလုပ်လုပ်နေသောဝန်ထမ်းများလည်း ပြန်လည်ဖြေဆိုရမည်ဖြစ်သည်။ အကယ်၍ လက်ရှိဝန်တမ်းများမှ အင်္ဂလိပ်စာအားနည်းနေပါက မည်ကဲ့သို့ အရေးယူမည်ဆိုတာကတော့ မသိရသေးပါ။ ထိုကဲ့သို့ British Council ဝန်ထမ်းများအား အင်္ဂလိပ်စာအရည်အချင်းစစ်ဆေးခြင်းသည် ယခင်က ၎င်းဌာနမှအကြီးအကဲဖြစ်သူ ဒေါ်သင်းသင်းနိုင်လက်ထက်အထိစစ်ဆေးခဲ့ပြီး၊ ၎င်းကိုဆက်ခံသူ ဦးကျော်ထင်ကမူ စစ်ဆေးခြင်းများမလုပ်တော့ဘဲ ယခုဒေါ်တင်ဝင်းကြည်လက်ထက်တွင်မှ ပြန်လည်အကောင်အထည်ပေါ်လာခြင်းဖြစ်သည်။

Pay Band J နှင့်အထက်ဝန်ထမ်းများအားလုံး IELTS အဆင့် 5.0 ရှိရမည်ဖြစ်ပြီး ရာထူးမြင့်လေ အင်္ဂလိပ်စာပိုကောင်းရမှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ Library Assistant ရာထူးအတွက်လျှောက်လွှာခေါ်ယူခဲ့ရာမှာ အလုပ်လျှောက်သူပေါင်း နှစ်ရာကျော်ရှိပြီး၊ အလုပ်လျှောက်သည့် Application Form တွင်ရေးရသော Competency writing နှင့်ဖြတ်ချလိုက်ပြီး၅ ယောက်သာ ကျန်သည်ကို အင်္ဂလိပ်စာဖြင့်ထပ်စစ်ရာ လေးယောက်သာ Interview အဆင့်သို့ရောက်ရှိသွားကြောင်းသိရှိရသည်။

ယခုတွင်လည်း Teaching Center Assistant ရာထူးအတွင်လျှောက်လွှာတင်သူပေါင်း ရာဂဏန်းကျောင်ရှိနေပြီင်္ဖြစ်ပြီး၊ အင်္ဂလိပ်စာကျွမ်းကျင်မှုဖြင့် ဝန်ထမ်းခေါ်ယူမှုကိုကန့်သတ်သွားမည်ဖြစ်ကြောင်းသိရှိရပါသည်။

အင်္ဂလိပ်စာ IELTS မေးခွန်းများကို British Council မှရာထူးအဆင့်မြင့်သူများက ကိုယ်တိုင်ထုတ်မည်ဟုလည်း သိရှိရပါသည်။ ၎င်းတို့က IELTS နှင့်ပတ်သက်၍ မမေးရသေးသော (သို့) မေးပြီးမေးခွန်းများကို အသုံးပြုမည်ဟုလည်းသိရှိရပါသည်။

ထို့ကြောင့်နောင်တွင် British Council တွင်ဝန်ထမ်းအဖြစ်အလုပ်လျှောက်လိုပါက အင်္ဂလိပ်စာအဆင့်မြင့်မားမှုရှိရန်လိုအပ်ကြောင်းနှင့် စိတ်ဝင်စားသူများအနေဖြင့် ကြိုတင်ပြင်ဆင်ထားကြပါရန် တိုက်တွန်းလိုက်ပါသည်။