၁၉၉ဝ က စခဲ့တယ်ပဲ ဆိုပါစို့။ အနှစ် ၂ဝ ရှိခဲ့ပြီ။ NLD ဖြစ်တည်ခဲ့တာ။ ၉ဝ ရွေးကောက်ပွဲမှာ လျန်းလျန်းတောက် အောင်မြင်ခဲ့တယ်။ အခုအချိန်အထိလည်း ထောက်ခံမှုရနေတုံးပဲ။ ဆယ်စုနှစ် ၂ခု ဆိုတဲ့ကာလ ဟာ မြန်မာပြည် လူ့သက်တမ်းနဲ့ ယှဉ်လျှင် ၃ဝ ရာခိုင်နှုန်းကျော်တယ်။ အဲဒါကို ပလုံ ဆိုပြီး အဆုံးအရှုံးခံသွားမှာလား? မနေ့က ဆုံးဖြတ်ခဲ့တဲ့ NLD အစည်းအဝေးအရ ပါတီအဖြစ် စာရင်းတင်သွင်းခြင်းမပြုတော့ပါတဲ့။ ဒါဆိုရင် အခု လောလော လတ်လတ် ထွက်ထားတဲ့ ပါတီတည်ထောင်ခွင့်ဥပဒေအရ လက်ရှိ တည်ရှိနေသောပါတီသည် ဥပဒေ ထွက်သည့်နေ့မှ ရက်ပေါင်း ၆ဝ အတွင်း စာရင်းမတင်သွင်းရင် ပါတီအဖြစ် တရားဝင်ရပ်တည်ခွင့်မရှိတော့ဘူး။ ဒီတော့ နောက်တစ်လ ကျော်ကျော်မှာ NLD ရုံးချုပ်ပိတ်၊ […]