အကြိုက်ဆုံးငရဲ

မြသဲ ( 17082011 )March 7, 20121min2005

ငရဲသို့လူတယောက်ရောက်လာသည်။ ငရဲမင်းကထိုသူအားပြစ်ဒဏ်မကျခံခင် ရွေးချယ်ခွင့်တခုပေးလေသည်။ ထိုမှာအခြားမဟုတ်။ ငရဲကျခံရန်နိုင်ငံအားရွေးချယ် ခွင့်ပေးခြင်းဖြစ်သည်။ သို့ဖြင့်ငရဲသားတစ်ယောက် ကိုနိုင်ငံအလိုက်ငရဲများနှင့် ထိုငရဲများ၏ပြစ်ဒဏ်စီရင်ပုံများ ကိုလိုက်ပြခိုင်းသည်။ ထိုလူလဲအမေရိကန်၊ ဗြိတိန်၊ ဂျပန်အစ ရှိသောကြမ်းတမ်း၍ဝေဒနာများဖြင့်ပြည့်နှက်နေသောပြစ်ဒဏ်စီရင်ပုံများ ကိုတွေ့ပြီးကြောက်လန့်နေလေသည်။ ထို့နောက်မြန်မာ့ငရဲသို့ရောက် လာလေသည်။ ထိုလူငယ် သည်မြန်မာ့ငရဲခန်းရှေ့တွင် လူအများအပြားတန်းစီ လျက်ပြစ်ဒဏ်ကျခံရန်စောင့်နေသည် ကိုတွေ့ရလေသောအခါ သူ့အားလိုက်ပြသော ငရဲသားအား အဘယ့်ကြောင့်နည်း ဟုမေးလေသည်။

မြန်မာ့ငရဲတွင်တရားစီရင်ပုံ ( ၃ ) မျိုးဖြစ်လေသည်။ ထို ( ၃ ) မျိုးမှာ

၁ ။ လျှပ်စစ်ထိုင်ခုံဖြင့်နှိပ်စက်ခြင်းကိုခံရခြင်း။

၂ ။ ကြာပွတ်ဖြင့်ရိုက်နှက်ခြင်းကိုခံရခြင်း။

၃ ။ သစ်သားပြားပေါ်တွက်သံများစွာကိုရိုက်ထား၍ ပြစ်ဒဏ်ကျခံရသူကို သံချွန်များဖက်တွင်တက်အိပ်ခိုင်းခြင်း တို့ဖြစ်သည်။

ငရဲသားလဲအဆိုပါလူကိုရှင်းပြလေသည်။

၁ ။ မြန်မာ့ငရဲတွင် လျှပ်စစ်ထိုင်ခုံဖြင့်နှိပ်စက်သော်လည်း အချိန်ပြည့်နီးနီးမီးမလာသောကြောင့်သက်သာခြင်း။

၂ ။ ကြာပွတ်ဖြင့်ရိုက်ရန်တာဝန်ကျသော ငရဲသားများမှာ မွန်းတည့်အချိန်လောက်မှာရောက်လာပြီး မကြာခင်ထမင်းစားပြန်ထွက်သွားတတ်သည်။ ပြန်လာပြီး လျှင်လဲအ   တင်းပြောလိုက်၊ ဟိုသွားလိုက်၊ ဒီလာလိုက်ဖြင့် တနေ့တာအချိန်ကုန်ဆုံးသဖြင့် ပြစ်ဒဏ်ပေးရန်အချိန်များများပင် မရှိတတ်လိုက်ကြောင်း

၃ ။ သစ်သားပြားပေါ်မှ သံချောင်းများမှာလဲ ခိုးရောင်းစားသဖြင့်ကုန်လုနီးပါ့းဖြစ်နေသောကြောင့် ပြစ်ဒဏ်ကျခံလျှင်လဲသက်သာကြောင်း

အဆိုပါအကြောင်းများကြောင့် ပြစ်ဒဏ်ကျခံလျှင်လဲသက်သာသောကြောင့် မြန်မာ့ငရဲကိုတန်းစီသူများ၍ရွေးချယ်သူများကြောင်းရှင်းပြသည်။

 

ဖတ်မိသောဟာသလေးအားပြန်လည်မျှဝေပါသည်။

 

 

5 comments

  • htoosan

    March 8, 2012 at 9:58 am

    ကျနေတဲ့ စိတ်ဓါတ်တွေပြန်တက်အောင် ဟာသ တွေ ဘဲလိုက်ဖတ်နေတယ်နဲ့ တူတယ်.. 😀
    ငရဲနဲ့ ပါတ်သက်ပြီး ပြောတဲ့ ဟာသတွေရှိသေးတယ်လေ .. local call တို့ ဘာတို့ .. သိတယ်ဟုတ်…

    • Thel Nu Aye

      March 8, 2012 at 1:05 pm

      အခုတလောရာသီဥတု ကလဲပူပူနဲ့ခေါင်းရှုပ်စရာတွေ များနေလို့ပေါ့ပေါ့ပါးပါးစာတွေပဲ ဖတ်ဖြစ်နေ ပါတယ်။ တွေးခေါ်ရတဲ့ပိုစ့်တွေဖတ်ဖြစ်ရင်လဲမန့်လို့မရအောင်ကို ခေါင်းတွေခြောက်နေလို့ပါ။ ဟာသလေးတွေဖတ်မိတော့စိတ်ထဲပေါ့သွားလို့ တင်ပေးမိတာပါ။

  • ဦးဦးပါလေရာ

    March 8, 2012 at 11:40 am

    မသဲနုအေးရေ
    ကွန်လေးကောင်းတုန်း မသဲနုအေးရဲ့ပုံပြင်ကို
    နဲနဲဆက်ဖြည့်လိုက်ပါရစေနော …..:D 😀

    =====

    ထိုငရဲသို့ ကျခံရန် သွားလေသူ မဆလဥက္ကဌကြီး အပေါင်းအပါများ မိသားစုများ ခြံရံလျှက် ရောက်လာသည်။

    ပထမ လျှပ်စစ်ထိုင်ခုံရောက်တော့ အချက်ပြမီးများထိန်ထိန်လင်းလျှက် ကြော်ငြာဘုတ်လောက်ကြီးသည့် ဗို့မီတာကြီးမှာ ဗို့အား အပြည့်ရှိကြောင်းပြနေသည်။
    ဥက္ကဌကြီးက မျက်စိပျက်မျက်နှာပျက်ဖြင့်မေးသည်
    “ ငါသေသေချာချာ နှစ်ဆယ့်ခြောက်နှစ်လုံး မီးသိပ်မလာအောင် ဗို့အားမပြည့်အောင် အကွက်ချစီစဉ်ထားတာ – အခုဘယ်လိုဖြစ်တာလဲကွ.. ဟေ..”
    “ ဒီလိုပါဥက္ကဌကြီး .. ဥက္ကဌကြီးမွေးထားတဲ့ တပြည့်က မြို့တော်ကို နေပြည်တော်ရွှေ့ပြီး မီးအပြည့်လင်းအောင်လုပ်ထားတော့ ငရဲလဲ ရွှေ့တဲ့ထဲပါသွားလို့ မီးအားကောင်းနေတာပါ။ မီးပျက်ရင်လဲ အရံမီးစက်တွေအများကြီးပါ..”
    “ တောက် !!! တော်တော် ေ-ာက်သုံးမကျတဲ့ကောင်။ ကိုယ်နေရမယ့်နေရာကို ဘယ်လိုကြိုလုပ်ထားရမှန်းမသိဘူး..”

    ဤသို့ဖြင့် ကြာပွတ်ငရဲခန်းကိုရွေးရန်ပြင်တော့ ငရဲခန်းမှာ ဗလတောင့်တောင့် လူမဲကပ္ပလီ ကြာပွတ်ကိုင်ငရဲသားဆယ့်ခြောက်ယောက် အသင့်စောင့်နေသည်ကိုတွေ့လိုက်ရရာ ဥက္ကဌကြီး မျက်နှာဖြူဖွေးပြီး တရုတ်ဇာတိပေါ်လာအောင်ပင် သွေးဆုတ်သွားတော့သည်။
    “ဟေ့.. ဟေ့.. ဒီ ဒီ ငရဲခန်းက ဘယ်လိုလုပ်ပြီး ဝန်ထမ်းတွေရှိနေရတာလဲ။ ငါ့မှာဖြင့် ဝန်ထမ်းတွေ အလုပ်မလုပ်တဲ့ အကျင့်ရအောင် နှစ်ဆယ့်ခြောက်နှစ်လုံး ကြိုးစားပမ်းစား…”
    “ဒါက ဒီလိုပါဥက္ကဌကြီး..။ ဥက္ကဌကြီးရဲ့ မြေးတပြည့်တွေက အစိုးရပိုင် လုပ်ငန်းတွေကို ပုဂ္ဂလိကလွှဲပေးချင်ယောင်ဆောင်ပြီး တဖက်လှည့်နဲ့ တရုတ်ကဘောစိတွေနဲ့ ရှယ်ယာလုပ်တော့ အက်ဒမင်ကို တရုတ်သူဌေးတွေကိုပေးထားရတာနဲ့ ဈေးပေါတဲ့ အာဖရိကဝန်ထမ်းတွေ ခေါ်ခန့်ထားလို့ပါ။ သူတို့ကို အလုပ်ချိန်အပြည့်အပြင် အိုဗာတိုင်လဲအလကားခိုင်းလို့ရတယ်လေ..”
    “တောက်…. ေ-ွးမသား အလကားကောင်တွေ။ ငါက မျက်စေ့တဆုံးကြည့်ပြီး လက်နဲ့ရေးထားတာ… ဒီဖွတ်ကျားတွေက မျက်တောင်တဆုံးလေးကြည့်ပြီး ခြေနဲ့ဖျက်ကြတယ်”

    ဥက္ကဌကြီး တော်တော်စိတ်ဓါတ်ကျသွားလေပြီ။ သက်သာအောင်ရွေးစရာလဲ သိပ်မရှိတော့သဖြင့် သံဆူးသစ်သားပြားငရဲခန်းသို့ ခြေဦးလှည့်သည်။ တရုတ်သံ ကောက်ကောက်တုံးတုံးလေး တချောင်းနှစ်ချောင်းဆူးတာက တော်သေးတာပေါ့။
    ဒါပေမယ့် သစ်သားပြားပေါ်မှာ
    နီနီရဲရဲအကောင်တွေ
    အထွေးလိုက်အဆုပ်လိုက်ရွစိတက်နေသည်ကိုတွေ့သဖြင့် တုန်တုန်ရီရီဖြင့် လှမ်းမေးသည်။
    “ဟ.. ဟ.. ဘာတွေတုန်း။ ဘယ်လိုဖြစ်ကုန်တာတုန်း….။”

    “ဒါက ဒီလိုပါဥက္ကဌကြီး။ သစ်သားပြားပေါ်စိုက်ထားတဲ့ သံချွန်တွေ
    ခိုးခိုးပြီးရောင်းစားတာ ပြန်ဖြည့်လို့မနိုင်တာနဲ့
    အလကားနဲ့ ပေါပေါရမယ့်ဟာလိုက်ရှာတော့
    နေပြည်တော်တည်ဘို့ တောရှင်းတုန်း သစ်တောထဲကထွက်လာတဲ့
    ခါချဉ်နဲ့ ပဆုပ်ပနီတွေ အုံလိုက် အုံလိုက်ရလို့ အစားထိုးလိုက်တာပါ။
    ဒါတွေကုန်သွားလဲမပူပါနဲ့
    တောပြုန်းသွားတဲ့
    မွန်ပြည်နယ် ကချင်ပြည်နယ်က သစ်တောတွေ
    ပဲခူရိုးမ ရခိုင်ရိုးမက သစ်တောတွေ ကထွက်လာတဲ့
    ပုရွက်နီတွေ၊ တောကြီးပျားတွေ၊ ကင်းမြီးကောက်တွေ
    တပုံကြီး ဂိုဒေါင်ရှစ်ဆယ်စာရှိပါသေးတယ် ဥက္ကဌကြီးခင်ဗျား…”

  • bluerose

    March 8, 2012 at 4:11 pm

    ကြားရတာနဲ့တင်ကျောချမ်းလိုက်တာ
    ပုရွက်နီတွေခါချဉ်တွေအမလေး
    ကြက်သီးထတယ်နော်
    တွေးလည်းတွေးတတ်ရေးလည်းရေးတတ်ပါပေ့
    ဦးဦးပါလေရာရယ်

  • ဪ … ငရဲ … ငရဲ ..
    မြန်မာ ငရဲ …
    အစ ကတော့ သက်သာယောင် ရှိသလိုနဲ့ပဲ …..
    ဦးပါ နဲ့ တွေ့တော့လည်း …..
    ဥက္ကဋ္ဌ ကြီးမှာလည်း အထင်နဲ့အမြင် တက်တက်စင် လွဲသွားပါတော့သတဲ့ … ကွယ် ..
    😀

Leave a Reply