Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဘုန်းတန်ခိုးရှိတဲ့ လူမှမြင်နိုင်တယ်…

Ko out of...March 21, 20121min36210

တခါက…
ခရီးသွားဧည့်သည်

တစ်ဦးသည်လွယ်အိတ်အို အဟောင်း တစ်လုံးနှင့်ခရီးသွားရာ…

လမ်းတွင် တွေ့သမျှပစ္စည်းကို… တခုခု အသုံးချလို့ ရလေမလားဆိုပြီး သူ၏
လွယ်အိတ်တွင် ကောက်ထည့်ကာ လွယ်အိတ်သာ ပြည့်သွားပါသည်..
ဘာတခုမှ မယ်မယ်ရရ အသုံးချလို့ မရဘဲ ခရီးပန်းနေပြီး တနေရာတွင် အနားယူကာ…

သူ့၏ လွယ်အိတ်တွင်ပါလာသည့် အသုံးချလို့ မရသည့် ပစ္စည်းများအားလုံးထဲမှ …

အရှည် တစ်ပေကျော်ကျော် အချင်း တစ်လက်မ ပတ်ဝန်းကျင်ခန့်ရှိ
ကြေးဝါနှင့်ပြုလုပ်ထားသည့် နှစ်ဖက်ဖြောင်ပြီးကြည့်နိုင်သည့်
ရှေးဟောင်း ကြေးပိုက်ချောင်းလေး တပိုင်းကို ထိုင်ကြည့်ပြီး
သူ့လွယ်အိတ်မှာပါလာတဲ့ ဖန်ကွဲစတွေနဲ့ ဒါမှန်ပြောင်းလုပ်ရင် ရတာဘဲလို့စဉ်းစားပြီး…
အဲဒီ ကြေးပိုက်အိုချောင်းနဲ့ သူစိတ်ကူးပေါ်တဲ့ အတိုင်း မှန်ပြောင်းပြုလုပ်ပြီး..
အဲဒီမှန်ပြောင်းနဲ့ ကောင်းကင်ကို မော့ကြည့်လိုက်သတဲ့…

ကောင်းကင်မှာရှိတဲ့ တိမ်တိုက်ပုံသဏ္ဍာန် အမျုးိမျိုးကို ပုံဖေါ်ပြီး
သူနာယူ မှတ်သားဖူးခဲ့ရတဲ့ နတ်အကြောင်းတွေနဲ့ ပေါင်းစပ်ပြီး…
အော် ..လူအများတွေပြောပြောနေကြတဲ့ နတ်သားတွေဆိုတာ ဒါဘဲထင်တယ်..
ငါတော့ဒီမှန်ပြောင်းအိုနဲ့ နတ်ဘုံတွေ့ပြီး ဆိုပြီး ခရီးဆက်လေ၏….

ဒီလိုနဲ့ သူခရီးဆက်သွားရာ..ရွာတစ်ရွွှာအရောက်တွင် သူကြေးပိုက်အို မှန်ပြောင်းနှင့် ရွာသူရွားသား များကိုထုတ်ပြပြီး ဒီမှန်ပြောင်းနဲ့ ခင်ဗျားတို့ နတ်ဘုံနတ်နန်း မြင်ချင်လား? ဒီမှန်ပြောင်း နဲ့ကြည့်ရင်မြင်နိုင်တယ်…

ဒါပေမဲ့ တခုတော့ရှိတယ် ဒီမှန်ပြောင်းဟာ
ဘုန်းတန်ခိုးရှိတဲ့လူမှ မြင်နိုင်တာ..ဘုန်းတန်ခိုး မရှိတဲ့
လူဆိုမမြင်နိုင်ဘူး လို့ပြောသတဲ့…

ဒီလိုနဲ့ လူပေါင်းစုံ လက်ဆင့်ကမ်းပြီး..ကြည့်ကြရာ မမြင်ဘူးလို့
ပြောပြန်ရင်လည်း ဘုန်းတန်ခိုး နှိမ့်မယ်ဆိုတော့ မြင်တယ်လို့ဘဲ လွယ်လွယ်နဲ့ ပြောကြရင်းနဲ့..

နောက်ဆုံး ရှင်ဘုရင်ထံ သတင်းရောက်ပြီး ရှင်ဘုရင်လည်း အဲဒီမှန်ပြောင်းအိုနဲ့ ကောင်းကင်ကိုကြည့်ပြီး နတ်ဘုံနတ်နန်း ကိုကြည့်ရာ …အင်း…မြင်တော့
ငါမမြင်ရဘူးဘဲ …ဒါပေမဲ့ ဘုန်းတန်ခိုးနှိမ့်တဲ့လူဆိုရင် မမြင်ရဘူးလို့ ပြောထားတယ်ဆိုတော့…ငါကဘဲ ဘုန်းတန်ခိုးနှိမ့်လေသလားဆိုပြီး အကြိမ်ကြိမ်
အခါခါထပ်ကြည့် ပြန်၏..အင်း တကယ်လည်းမမြင် ရပါလား.. လုံးလုံးမမြင်ရတာကတော့ သေချာနေပြီ..ဒါဆိုငါဘယ်လိုလုပ်ရမလဲ?

ငါက မမြင်ရဘူးလို့ပြောရင်.. ငါကိုယ်တိုင်ဘုရင်
ဖြစ်ပြီး..ဘုန်းတန်ခိုးနှိမ့်တဲ့လူ
လို့အပြောခံရမယ်.. ဒါကြောင့် ဘုန်းတန်းခိုးနှိမ့်တယ်လို့ အပြောခံလို့တော့
မဖြစ်ဘူး…ငါကဘုရင်ဆိုတော့
ဘုန်းတန်ခိုးပိုရှိရမယ်..ဒါကြောင့်မြင်တယ်လို့ဘဲ သူများလိုဘဲ
အီးယောင်ဝါးပြီး ပြောမှဖြစ်မယ်လို့တွေးကာ..
အများနည်းတူ ရှင်ဘုရင်လည်း…အေး…
ဟုတ်တယ်နော်…ငါလည်းမြင်တယ် လို့ပြောလိုက်သတဲ့….

အော်..ကနေ့ ဒို့တတွေလည်းလက်ဆင့် ကမ်းပြီး သယ်ဆောင်လာတဲ့ ဒီကြေးမှန်ပြောင်းအိုကြီးနဲ့ မမြင်ရတဲ့ အရာကို မမြင်ရင် မမြင်ဘူးလို့ ဘာဖြစ်လို့ မပြောရဲကြတာလဲ?..ဘာဖြစ်လို့ ရိုးရိုးသားသား မဝန်ခံရဲကြတာလဲ?…

တချိန်တုံးက ကျွန်တော်လည်း အများနည်းတူ မမြင်ရတဲ့ အရာကို မြင်တယ်လို့ အီးယောင်ဝါး လိုက်ခဲ့မိတယ်၊
ကိုယ့်ကိုယ်ကိုလည်း လိမ်ခဲ့မိပါတယ်… အုပ်စုကြီးကြီးကနေ ခွဲထွက်လိုက်ရင် အရူး၊ငကြောင်လို့ အပြောခံရမှာ စိုးရိမ်ခဲ့မိပါတယ်…

အခုတော့ ခေတ်ကလည်း တဖြည်းဖြည်းပြောင်း သတင်းမီဒီယာကွန်ယက်ကနေ တဆင့်လေ့လာချင်တာတွေ လေ့လာခွင့်လည်းရပြီဆိုတော့…
ဒီကနေတဆင့် အသိအမြင်တွေလည်းပြောင်းလဲလာခဲ့ပြီ.. ကိုယ့်ရဲ့
ဒီအမြင်ကို တင်ပြခွင့်၊ဖလှယ်ခွင့်ရနေပါပြီ…

ဒါကြောင့်… ဒီတခါတော့… ဘုန်းကံနှိမ့်ရင်နှိမ့်ပါစေဆိုပြီး အင်တာနက် ကနေတဆင့် ရင့်ဖွင့်လိုက်ပါတယ်…
ကျွန်တော်လည်းဘဲ… မမြင်ရပါဘူးလို့….

အော်လူတွေဟာ အမှားကြာတော့ အမှန်ထင်နေကြပါလား?…ဒါတောင် အမှားကြာတော့
အမှန်ဖြစ်တယ်လို့ ပြောတဲ့လူကရှိသေး..
အမှားဟာ ဘယ်တော့မှ အမှန်မဖြစ်လာနိုင်ပါဘူး..
အမှန်ထင်တာဘဲ ဖြစ်မှာပါ..ဒါကြောင့် အထင်နောက်ကို
မလိုက်ကြဘဲ အမြင်နောက်ကို လိုက်နိုင်မှ လမ်းဆုံးရောက်မှာပါ…

10 comments

  • အသူရာ

    March 21, 2012 at 9:36 pm

    ဟုတ်တယ်ဗျ သူများယောင်လို့လိုက်ယောင် အမောင်တောင်မှန်းမြောက်မှန်းမသိဖြစ်မနေပဲ
    အမှန်တရားကို ရဲရဲဝံဝံဖော်ထုတ်၊ သတ္တိရှိရှိရင်ဆိုင် ရမယ့်အချိန်ရောက်ပြီ

  • aye.kk

    March 21, 2012 at 10:21 pm

    မှန်တဲ့ဘက်ကိုပြောင်းတဲ့..
    မှန်ပြောင်းခေတ်ရောက်ပါပြီခင်ဗျာ့..။။

    • အသူရာ

      March 21, 2012 at 10:31 pm

      ဟုတ်တယ် အမအေးရေ့
      မှန်ပြောင်းခေတ်ကိုရောက်ပြီ ၊ ဒါပေမယ့် သာကူးတွေကိုတော့ သတိထားရမယ်ဗျ

      • ခပ် KING ကင်း

        March 21, 2012 at 10:38 pm

        ကျုပ်တို့က သာကူးဟုတ်ပါဘူးတော်
        နှစ်ဖက်ချွန် .. ခွတုတ် .. ဟိုကူး ဒီပြောင်းတွေပါတော့
        ပုံ
        နှစ်ဖက်ချွန် .. ခွတုတ် .. ဟိုကူး ဒီပြောင်းများ၏(ကိုယ်စား)
        ဘေးထိုင်ဘိုင်ကျဘုပြောသူမဟုတ်တဲ့
        😆

        • အသူရာ

          March 21, 2012 at 10:50 pm

          ကိုကင်းလိုလူမျိုးဆို ဝေးဝေးရှေားတော့ဗျို့ 😆
          လစ်ပီတော်ရေ့ 😆 😆 😆

  • ကြောင်လေး

    March 21, 2012 at 10:43 pm

    “တချိန်တုံးက ကျွန်တော်လည်း အများနည်းတူ မမြင်ရတဲ့ အရာကို မြင်တယ်လို့ အီးယောင်ဝါး လိုက်ခဲ့မိတယ်၊
    ကိုယ့်ကိုယ်ကိုလည်း လိမ်ခဲ့မိပါတယ်… အုပ်စုကြီးကြီးကနေ ခွဲထွက်လိုက်ရင် အရူး၊ငကြောင်လို့ အပြောခံရမှာ စိုးရိမ်ခဲ့မိပါတယ်… ”

    အဲဒီလို ခွဲထွက်နေရတဲ့အတွေ့အကြုံ ဟာ ဘယ်လောက် ခါးသီးသလဲဆိုတာ လူတိုင်းမသိ မခံစားဖူးကြပါဘူး။
    ကိုယ်တိုင် ခံစားဖူးသူတွေသာသိပါတယ်။ အခုမှ (အချိန်အခါပေးလို့ ခွဲထွက်ဖို့စဥ်းစားနေသူ) တွေ ဟိုတုန်းအချိန်အခါ မပေးခင်ကတည်းက သီးခြား ခွဲထွက်နေသူတွေရဲ့ခံစားချက်ကိုသိနိုင်ကြပါစေ။

  • kai

    March 22, 2012 at 3:50 am

    တချို့တွေကတော့.. ဒီကြေးမှန်ပြောင်းအိုကြီးနဲ့ ..ကြည့်လို့.. ဘာမှမမြင်ပါဘူးပြောတဲ့သူကို..ဟဲ့အကောင်… ဒါကို.. ဒီလိုကြည့်မှမြင်တယ်..ဟိုဟာကို… ဟိုလိုကြည့်မှမြင်ရတယ်.. ဆရာလုပ်ရှင်းပြကြပါသတဲ့..

    တကယ်တော့.. ရှင်းပြတဲ့ဆရာလုပ်သူကိုယ်တိုင်က.. သူလည်းမမြင်ဖူး..မမြင်ရပါတဲ့လေ.. 😆

  • ရွာစားကျော်

    March 22, 2012 at 10:27 am

    ဪ.. အဲ အဲ
    မမြင်ရသေးဘူး နည်းနည်းဝါးနေတယ်..
    ဇွန်းနည်းနည်း ညှိပီး ကြည့်လိုက်အုံးမယ်..
    အင်း အင်း တွေ့ဘီ တွေ့ဘီ
    ..ဟွန်း နတ်ပြည်ဆိုလို့ ဘာများထူးပြီးရှိမလဲလို့ ကြည့်လိုက်တာ
    ပြောင်းဖူးကြီးပဲတွေ့တယ်..

  • kyeemite

    March 22, 2012 at 10:48 am

    ကိုအောက်အော့ တင်ပြတဲ့ပို့စ်လေးကိုသဘောကျတယ်ဗျာ
    ဒဲတူဆေးနိုး ဆိုလားကြားဖူးပါရဲ့…

  • Khaing Khaing

    March 22, 2012 at 12:46 pm

    ကိုအောက်အေ့ ရေ…. မီးမီးတို့ကဝါတာဖောလို ဖစ်ဖောလိုပါချင့် … စမူဆာ …. ကြယ် ခစ်ခစ်ခစ် ….
    သူများမြင်ရင်မြင်လိုက်မယ် မမြင်ဘူးဆိုလည်းမမြင်ဖူးပေါ့ …..

Leave a Reply