လူမှာ ကတိ၊ မင်းမှာ သစ္စာဆိုတာ မဟုတ်လားဗျာ
ဒီကနေ့ မနက် ကျနော် ကားလက်မှတ် သွားဖြတ်တယ် ….
လာမည့် ရ ရက်နေ့ကို ကြိုဖြတ်တာပါ …
ထုံးစံအတိုင်း သင်္ကြန်နားနီးတော့ နေရာတွေက အဲဒီနေ့ရော နောက်ရက်တွေပါ ပြည့်နေတာပေါ့ဗျာ …
ဒါ တကယ် ပြည့်တာလား၊ သူတို့ ဖန်ထားတဲ့ အကွက်တွေလားတော့ မပြောတတ်ဘူး …
ကျနော် ဖြတ်တဲ့နေ့ မရဘူးတဲ့ …
ကားဂိတ် နံမည်က ‘နန်းထိုက်တော်ဝင်’ …
တကယ်ဆို ကျနော် ဒါတွေကို ကြိုသိလို့ အစောကြီး ပြီးခဲ့တဲ့ လလယ်လောက် ကတည်းက သွားပြီးတော့ အဲဒီ ကားဂိတ်မှာပဲ လက်မှတ် ဖြတ်ဖို့ သွားခဲ့တာပါ …
အဲဒီ အချိန်တုန်းက ရ ရက်နေ့ကို ကြို ဖြတ်လို့ မရဘူးတဲ့ ..
အဲဒီ ကားဂိတ်က လက်မှတ်ရောင်းတဲ့ မိန်းမကြီးက ပြောတာ ..
ဒါနဲ့ ကျနော်လည်း ဘယ်နေ့လောက်ဆိုရင် ကြိုဖြတ်လို့ ရမလားမေးတာပေါ့ …
အဲဒီ မိန်းမကြီးက ပြောတယ် ..
နောက်လ ၁ ရက်နေ့မှ ရမယ်တဲ့ဗျ …
ကြားထဲမှာ လာဖြတ်လို့ ရမလားလို့ ကျနော်က လက်မှတ် မရမှာစိုးလို့ ထပ်မေးတော့ …
မရဘူးတဲ့။ အဲဒီနေ့ကျမှ စောစောလာခဲ့တဲ့။ နေရာ ကောင်းကောင်း ရစေ့မယ်တဲ့ဗျာ …။
ဒီနေ့ ကျနော် သွားတယ် …။
အဲဒီ မိန်းမကြီးကို တွေ့တယ်။ ရ ရက်နေ့ကို ဖြတ်ချင်လို့လို့ ပြောတော့ …
ခုံတွေက အကုန်ပြည့်နေပြီတဲ့။ မရတော့ဘူးတဲ့။
ဒါနဲ့ ကျနော်က အကျိုးသင့်အကြောင့်သင့် ကျနော် ကြိုပြီး လာဖြတ်ခဲ့ကြောင်း ပြောတော့ …
မရဘူးတဲ့။ ဘယ်လိုမှ မရနိုင်တော့ဘူးတဲ့။ ဘယ်ခုံမှ ဖယ်ပေးလို့ မရတော့ဘူးတဲ့ဗျာ …။
နောက်ရက်တွေတောင် အလယ်ခုံပဲ ရတော့မယ် … တဲ့။
ကောင်းကြသေးရဲ့လား အရပ်ကတို့ရယ် ….
ကျနော် စိတ်တိုလိုက်တာဗျာ ….။ ကြိုဖြတ်တုန်းက မရသေးဘူးလို့ ပြောတာလည်း အဲဒီ မိန်းမကြီးပဲ။
အခု သူပြောတဲ့နေ့၊ သူပြောတဲ့ အချိန် သွားဖြတ်တော့လည်း ခုံတွေ ပြည့်နေပြီ ပြောလွှတ်တယ် …။
လူမှာ ကတိ၊ မင်းမှာ သစ္စာ … တဲ့ဗျ ။
အဲဒီ မိန်းမကြီး ကတိမတည်တာထောက်ရင် အဲဒီ မိန်းမကြီးက လူ မဖြစ်နိုင်ဘူး။
အဲဒီ မိန်းမကြီး စိတ်ဓာတ်က တိရစ္ဆာန် စိတ်ဓာတ်ပဲ ….။
အဲဒီ ‘နန်းထိုက်တော်ဝင်’ ဆိုတဲ့ ကားဂိတ်ကလည်း သူ့နာမည်နဲ့ လုပ်ရပ်က မိုးနဲ့မြေလောက် ကွာတယ်ဆိုတာ အခုမှ ကိုယ်တွေ့ သိလိုက်ရတယ်ဗျာ။
ပြီးတော့ ကားခကလည်း အရင်တုန်းက ၇၅၀ဝ ကျပ်၊ အခု ၁၀၀၀ဝ ကျပ် ဖြစ်သွားပြီတဲ့ ….။
ကားလက်မှတ် ဈေးတက်တာ သိပ်ပြဿနာ မရှိပေမယ့် ထိုင်ခုံ မရတာက ပြဿနာ။
အဲဒီ တိရစ္ဆာန် စိတ်ဓာတ်နဲ့ မိန်းမကြီးကို ယုံခဲ့မိတာကိုက ကျနော့်ရဲ့ အမှားပါပဲဗျာ ။
ဒီ ရွာထဲက လေးစားထိုက်ကုန်သော ရွာသူားအပေါင်းကိုတော့ ကျနော့်ရဲ့ ခပ်ရိုင်းရိုင်း စကားလုံးတွေအတွက် တောင်းပန်ပါတယ် ခင်ဗျာ။ ကျနော် ဒီကိစ္စအပေါ် ဒေါသထွက်လွန်းလို့ ရေးမိလိုက်တာပါလို့။
အံစာတုံး
22 comments
water-melon
April 1, 2012 at 11:10 am
မှတ်ထားပြီနန်းထိုက်တော်ဝင်
နောက်ဆိုမစီးတော့ဘူး
ဘွားတော်ကြီးမျက်နှာအီးနဲ့ပေါက်ခဲ့တာတော့မဟုတ်ဘူး
အံစာတုံး
April 1, 2012 at 11:21 am
ဖရဲရေ ..
ဘွားတော်ဂျီးကို အီးနဲ့ ပေါက်ရုံတင်ဟုတ်ဘူး …
ဒေါသထွက်ထွက် ဆွဲယမ်းပြီး …
ကမ္ဘာကြီး အဆုံးထိ ရောက်သွားအောင်ကို လွှင့်ပစ်လိုက်ချင်တာ …
တကယ် စိတ်ရှိလက်ရှိ လုပ်ချလိုက်ရရင် မလွယ်ဘူး …
ဟူး းးးးးးးးးးးးးးးး
ရင်မောဒယ် ……… 🙁
Gipsy
April 1, 2012 at 11:21 am
နန်းထိုက်တော်ဝင် ဆိုင်ကိုသွားပြီး ချီးပေတော်ဝင် ဆိုင်းဘုတ် သွားပြောင်းလေဗျာ…။
သူတို့ လုပ်ချင်တိုင်းလုပ်တာ ခံနေရမှာလား….။
လက်မှတ်တစ်စောင် ၂၅၀ဝ ရမဲ့ လောဘ အတွက် ခရီးသွားတွေ ဒုက္ခရောက်အောင်
လုပ်နေတာ…။
kyeemite
April 1, 2012 at 11:29 am
မိအံဇာရေ..စိ်တ်မကောင်းပါဘူးဟယ်..
နင်ဒေါသဖြစ်တာမလွန်ပါဘူး..လိုတောင်နေသေးတယ်..
ဒီလူမဆန်တဲ့မိန်းမကြီးကို ဘာမှမပြောခဲ့ဘူးလား..
အင်တာနက်ပေါ်ကနေ နင်တို့ကားဂိတ်နာမည်ပျက်
အောင်ဖွမယ် ဘာညာပေါ့ဟယ်..ဒါဆိုနင်ခုံတစ်နေရာရချင်ရမှာ..
ခုတော့…ရွာထဲမှာစွာသလောက် အပြင်မှာခံလာတယ်ပေါ့လေ..
ဟင်း..မပြောလိုက်ချင်ဘူး..
အံစာတုံး
April 1, 2012 at 11:43 am
ဟဲ့ … နာက မပြောဘဲ နေမလားဟဲ့ …
အဲဒီ မိန်းမကြီးကို ဘာညာသာရကာ ဆိုပြီးတော့ ပြောတာပဲ …
သူက ဘူးဂျီး ခံနေဒယ် …
သူနဲ့ ဖက်ပြီး ရန်တွေ့နေရင်လည်း အကြောင်းထူးလာမှာမှ မဟုတ်တာ …
အဲဒါကြောင့် နာလည်း ဒီကားတော့ ဘယ်တော့မှ မစီးတော့ဘူးလို့ ဆုံးဖြတ်ပြီး လှည့်ပြန်ခဲ့တာ …
__________________
Gispy ရေ ..
နန်းထိုက်တော်ဝင် ဆိုတဲ့ နာမည်နဲ့ လားလားမှ မထိုက်တန်ပါဘူး …
ချီးပေညစ်ပတ် လို့ကို ပြောင်းပစ်ရမှာ …
ဆူး
April 1, 2012 at 12:20 pm
ရှုပ်ပါတယ် လမ်းပဲ လျှောက်သွားတော့.. တနေ့ တလံ ပုဂံ ဘယ်ပြေးမလဲတဲ့.. စကားပုံတောင် ရှိသေးတယ်။
အံစာ လိမ့်သလို သွားရင် နည်းနည်း ပိုမြန်မြန် ရောက်တာပေါ့ 😀
အံစာတုံး
April 3, 2012 at 10:13 am
ဟုတ်ကဲ့ ..
အနားတွေ ပွန်းပဲ့သွားရင် အလှပျက်သွားမှာ စိုးလို့ပါ ခင်ဗျာ ..
အဟီး .. 😀
ဗိုက်ကလေး
April 1, 2012 at 2:26 pm
ခင်ဗျားက ဘာလဲဂျ
အဲ ဒီ ဘွား ဒေါ် ဂျီး က ကျုပ် ယောက် ခ မ ဗျ
အံစာတုံး
April 3, 2012 at 6:54 pm
တိုတိုဗိုက် … တိုတိုဗိုက် …
အဲဒီ မိန်းမကြီးက တိုတိုဗိုက် ယောက်ခမ ချိုရင် အနော်က ကြောတယ်လို့ …
ကျေနပ်ဘူးလို့ …
😀
_______________
@Yoko Ono Bono
ကာစတန်မာ ဆိုတဲ့ ဝေါဟာရကို နားမလည်သူတွေ …
ဘယ်လိုလုပ်ပြီး စီးပွားရေး လုပ်နေကြပါလိမ့်ဗျာ …
အဲဒီလို နေရာမျိုးကို ရှောင်လိုက်တာက အကောင်းဆုံးပဲဗျို့ …
______________________________
@Shwe Kyi
ကျနော့်အဖြစ်နဲ့ ထပ်တူပေါ့ဗျာ …
ကျနော်လည်း ဟိုပြေး ဒီပြေးနဲ့ ကားဂိတ်တွေနားမှာ …
ချာလပတ် ရမ်းနေခဲ့တာပဲဗျို့ ….
Yoko Ono Bono
April 1, 2012 at 2:57 pm
နောက်တစ်ခု အောင်ဆန်းကွင်း န×××ထွန်း… ရုပ်တွေကို ကသူတို ့လုပ်စာပဲတစ်နိုင်ငံလုံးထိုင်စားနေသလို…ပါဆယ်လေးသွားပို ့တယ် ၁ခါလဲမဟုတ်၂ခါလဲမဟုတ် ပုံမှန်ထုံးစံလိုဖြစ်နေတာ လေသံတွေကို က ဖိနပ်ချီးသုတ်ပြီး ပါးရိုက်ချင်စရာ ၁၀၀ဝ နှမြောလို ့မရိုက်ခဲ့တာ…ဘာလဲဘယ်လဲ ဘာလုပ်ဖို ့လဲ ဆောင့်ကြီးအောင့်ကြီးနဲ ့…အဲဒီထဲက အဲဒီလိုင်းကို လုံးဝရှောင်လိုက်ပါတော့တယ်ဗျာ….
shwe kyi
April 1, 2012 at 5:13 pm
ကိုယ်ချင်းစာမိပါတယ်။ အဲဒီဒုက္ခက သင်္ကြန်ရောက်တိုင်းတော်တော်များများ ကြုံ တွေ့ရတာပါ။ ဒီနေ့မနက်ရွှေကြည်လည်း လတ်မှတ်မရလို့ ဟိုပြေးဒီပြေးဖြစ်ခဲ့ ရသေးတယ်။ စိတ်ရောလူရောပင်ပန်းရပါတယ်။
မိုင်ဆွန်ခ မင်္ဂလာတရာ;အော...........
April 1, 2012 at 5:38 pm
အလိုလေး….. အဆွေတော်ဒေါ်ဂန်ဒူးမဖိနပ် အဲလေယောင်လို့ဆောရီး…… ဂန်ထရီဥူးဦးထုပ်ခေါ်တွင်
ခြောက်မျက်နှာရှင်ဦးအံဇာခမျာ…. ဦးလေးပြောတဲ့မြေလျှိုးမိုးပျံယဉ်ကြီးနဲ့ရွာမပြန်လိုက်လို့နေမယ် ဒီပြဿနာ
က ဦးအံဇာရဲ့သိဒ္ဓိမြောက်ဓါတ်လုံးကြီးကိုပေးငုံပြီးတောင်းဆိုကြည့်ပါလားလျှောခနဲမျိုချ…အဲလေယောင်ပြန်ပြီ
အဆင်ပြေသွားလောက်ပါရဲ့ဗျာ…. ကားဂိတ်တွေမှာမော်တော်ယဉ်ကြီးကြပ်ရေးကော်မတီရုံးဆိုတာရှိပါတယ်
ဒီလိုအင်ဂျင်ကျနေတဲ့မော်ဒယ်…ပြောင်းပြန်လှန်..မယ်တော်ကြီးရဲ့ကားလက်မှတ်ကိစ္စကိုပြောလိုက်ရမှာ…
တခါတည်းဂျာလကီးဂျောင်းရောဗျ……….. ကျွန်တော့်တုန်းကတော့ ရန်ကုန်ကနေရှမ်းပြည်ပြန်တာ…..
ကားလက်မှတ်ကိုအဲလိုရစ်နေလို့ ကော်မတီမှာဆော်ဖူးတယ်ဗျ ….. ဆယ်ခုနှစ်နှစ်သားလောက်ကပေါ့…..
လက်မှတ်ရောင်းတဲ့ဘွားတော်ကြီးဆိုပုပ်သိုးသွားတာပဲမျက်နှာက….. ပွဲတော်ရက်မှာလက်မှတ်က အပိုမရှိ
သလိုနဲ့ဈေးတင်ပြီး ရိုက်စာလုပ်တဲ့သူတွေကများတာမို့ ဦးအံဇာနောက်တစ်ခါပွဲနားနီးရွာပြန်မယ်ဆို…
လက်မှတ်ကို …. ကြိုမဖြတ်နဲ့…… ဘလက်ဝယ်ပြီးဖြတ်….. အဲလိုဘွားတော်ကြီးထိုင်ရှစ်ခိုးယုံမတတ်….လိုက်
လုပ်ပေးလိမ့်မယ်ဗျ….. ဖင်ကုန်းမနမ်းလိုက်တာကံကောင်းဖြစ်သွားမယ်……
စကားမစပ်….. မောင်ရှမ်းကိုတောင်ကြီးကလို့မမှတ်ပါနဲ့ဗျ…. တောင်ကြီးဟိုဘက် …. မယ်လိုဒီဝေါလ်
၂၀၀၈ အဆိုတော်မို့မို့လွင်ပြောတဲ့ရေတွေတောင်ခဲတယ်ဆိုတဲ့ နမ့်စန်(တောင်ပိုင်း)နော်…. နမ့်ဆန်(မြောက်ပိုင်း)မဟုတ်ဘူး…… အဲဒီ့မှာနေတာပါဗျ……. မောင်ရှမ်းကတောသားပါ…. မမို့မို့လွင်နဲ့
လည်းအတော်ကိုရင်နှီးပါတယ်နော်……
အံစာတုံး
April 3, 2012 at 7:06 pm
ကိုတောင်ကြီး … အဲလေ ယောင်လို့ … မောင်ရှမ်း … 😀
ညည်းက တော်တော်ကို လွန်တယ်နော် …
သများကိုကျတော့ ဦးအံဇာ .. တဲ့ ..
သူ့ကိုကျတော့ မောင်ရှမ်း … တဲ့ ….
ကဲ .. စဉ်းစားကြည့်ကြပါဦး အရပ်ကတို့ရေ ..
ကောင်းကြသေးရဲ့လားလို့ …
ဒီမှာ သများက စိတ်ညစ်လို့ ဘာလုပ်လို့ ဘာကိုင်ရမှန်း စဉ်းစားမရတဲ့ကြားထဲ ..
သူက ဦး … အံဇာ ဆိုတော့ ..
ခေါင်းက ဆံပင်တွေပါ ဖြူကုန်သလား ပြောတတ်တော့ပါဘူး … 😀
ဒါနဲ့ ညည်းပြောတဲ့ နည်းလမ်းအတိုင်းလုပ်လို့ …
ဘွားတော်ကြီးက ကုန်းနမ်းရင် …
နာ့ဟာတော့ နမ်းခိုင်းဘူး …
ဒီအကြံပေးတဲ့ ညည်းဆီပဲ လွှတ်လိုက်မှာ …
😀 😀
မိုင်ဆွန်ခ မင်္ဂလာတရာ;အော...........
April 3, 2012 at 9:14 pm
အဟီး….သူများကတအားယားတတ်တာ…. ဗိုက်ဗိုက်စိန်ပေါက်လို အီးနဲ့ပေါက်လွှတ်မိမှာစိုးလို့ဗျ…
ခြောက်မျက်နှာရှင်ကြီးဆီပဲခေါ်ထားလိုက်ပခေါ်ထားလိုက်….
windtalker
April 1, 2012 at 9:11 pm
စိတ်လျှော့ အဆွေတော် ။ စိတ်ကို ရှူးခနဲ လျှော့လိုက်ပါဗျာ ။ သူ ့ပြုသူ ့ကံ သူ ့တွင် ခံ ရလတ္တံ ့။
TTNU
April 2, 2012 at 2:25 am
ကိုအံစာတုံးရေ..
စိတ်ဆိုးနေတဲ့ အရုပ်နီလေး CUTE ဖြစ်လို့ ကူးသွားပြီနော်။
MaMa
April 2, 2012 at 8:26 am
အံစာတုံးလို မျက်နှာများတဲ့ အဒေါ်ကြီးပဲ 😆
(စကား အမျိုးမျိုး ပြောတတ်လို့)
ကြီးမိုက်ပြောသလိုပဲ (ရွာထဲမှာစွာသလောက် အပြင်မှာခံလာတယ်ပေါ့လေ..)
စာမှ မတတ်ပဲကိုးးးးးး ကျွန်တော်က ဂေဇက်က စီဂျေ ဗျ ဆိုပြီး
သူနားမလည်တဲ့ စကားနဲ့ ဟန့်လုံးထုတ်ပြီး ပြောခဲ့ရမှာ။
နောက်ဆုံးမရတော့လည်း ရေလောင်းခဲ့ရောပေ့ါ။
သင်္ကြန်ရေကို ပြောတာ မဟုတ်ဘူးနော်။
တော်ကြာ ကားလက်မှတ်မရပဲ ပါးမှာ လက်ရာ ရလာဦးမယ်။ 😆
(အလုပ်က ကလေးမလေးတွေတော့ ပိုင်ရာဆိုင်ရာတွေနဲ့ သွားကြတာ အဆင်ပြေကြသား။
Thit Sar Lin
April 2, 2012 at 10:51 am
ကတိမတည်တဲ့လူတွေ…စကားကိုပေါ့ပျက်ပျက်ပြောတဲ့လူ(ပြီးပြီးရောပြောတဲ့လူ)တွေ…
မရေတွက်နိုင်အောင်ရှိပါတယ်…
သူတို့ကိုယ်တိုင် အဲလိုပြန်ခံရတဲ့အခါမျိုးကျရင်တော့ ဆွေ့ဆွေ့ခုန်နေမှာအမှန်ပဲဗျို့….
ကိုအံစာတုံး ဒေါသထွက်တာလဲ မပြောနဲ့လေ..သူနေရာမှာဆိုရင်ကိုယ်တွေလည်း ဒီထက်တောင်ဆိုးဦးမယ်..
ကိုယ်ချင်းစာစိတ်လေးထားကြပါ…လို့
ဆူး
April 2, 2012 at 1:40 pm
တကူးတက အဝေးကြီးကနေ အလှူ လာပေးသွားတဲ့ အတွက် ကျေးဇူးတင်ပါတယ်။
ဖားသက်ပြင်း
April 2, 2012 at 1:44 pm
consumers’ right အဖွဲ့လေးတွေ ပေါ်စေချင်စမ်းပါဘိ…
မျက်နှာမလိုက်သော နှောင်ကြိုးကင်းသော service ranking, monitoring အသင်းလေးတွေ
မြင်ချင်စမ်းပါဘိ….
အော်..ရယ်… ထူးသောင်ဇင်ထွဲလ်ဗ် အော်.. သည်ရီးယားအော့ဖ် စီဂျေးစ်…
😀
etone
April 3, 2012 at 4:21 pm
အံစာတုံးရေ … အဲ့ဒါကြီးကတော့ .. မမိုက်ဘူးနော် … ။
ဘယ်လိုပြောရမလဲ … ပါးစပ်ကထွက်တဲ့စကားမို့ .. လွယ်လွယ်ပဲပြောထွက်ပြီး ကတိမတည်တဲ့ လူစားမျိုးပဲ … ။ အဲ့လို လူတွေအတွက်က …ကတိဆိုတာမျိုးလည်း စောင့်ထိန်းရမယ့်ကျင့်ဝတ်လို့ ခံယူထားပုံမပေါ်ဘူး … ။ ပြောပြီး ပြီးရောလို့သာ…. ခဏတာ ဖြေရှင်းလိုက်ပုံပါပဲ … ။ ဒါမျိုးပြသနာတွေက လိုကယ်မှာ အရမ်းဖြစ်နေကြပဲ … ။ နောက်လည်း ဖြစ်နေဦးမှာပဲ .. ဘာလို့လဲ ဆိုတော့.. အလုပ်ရှင်တွေ လုပ်ငန်းတည်ထောင်သူတွေထဲ … အလုပ်ကို အလုပ်နဲ့တူအောင်မလုပ်တဲ့ လူတွေရှိနေတာကြောင့်ပါပဲ … ။
အတွေ့ကြုံတစ်ခုအနေနဲ့ မှတ်သားသွားပါတယ်နော် … ကိုယ့်အလှည့်ကျလျှင်လည်း နမူနာယူရအောင်ပါ … ။ 🙄
အံစာတုံး
April 3, 2012 at 7:22 pm
@အဆွေတော် အဖန်တရာရီ အေအေပူး
အဆွေတော်ရေ …
ခုလို ရမ်းချင်တိုင်း ရမ်းနေမိတဲ့ မြင်းတစ်ကောင်ကို
ဇက်ကျိုးဆွဲဖို့ သတိပေးတာ ကျေးဇူးတော်ပါ …
@တီချယ်ကြီး
ကို ဆိုတာဂျီး ထည့်ပြီး ခေါ်ပါနဲ့လားဂျ ..
သားက ခုမှ နယ်နယ်လေး ချိသေးတာ (အသက်) … 😀
နောင်ခါ သား ကို … အဲဒီ ကို ဆိုတာဂျီး တပ်ပြီး ခေါ်နဲ့တော့နော် ..
ခေါ်ရင် ချိတ်ချိုးပစ်လိုက်မှာ … အဟီး .. 😀
@အန်တီမမ
အံစာတုံး မျက်နှာများတာက တစ်ဖက်နဲ့တစ်ဖက် ညီသေးဂျ …
သူ့ဟာက ညီကို မညီတာ …
စာ မတတ်တာတော့ ဝန်ခံပါတယ် ..
အမြဲတမ်း ခံဘက်ကချည်းပဲ … 😀
@Thit Sar Lin
ဟုတ်တယ်ဗျို့ …
ကိုယ်ချင်းစာစိတ်လေး နည်းနည်းပါးပါး ထားသင့်ပါတယ် ..
တစ်ဖက်သား ဘယ်လောက် ဒုက္ခရောက်သွားမယ်ဆိုတာ တွေးသင့်ပါတယ် …
@ အန်တီဆူး
ကျနောကလည်း ကျနော့်ရဲ့ အလှူငွေ သေးသေးလေးကို
လက်ခံပေးတဲ့အတွက် ကျေးဇူးပါလို့ ….
@ ဖားသက်ပြင်း
ဟုတ်တယ်ဗျာ …
အဲလို အသင်း၊ အဖွဲ့လေးတွေ ပေါ်လာရင် သိပ်ကောင်းမှာပဲဗျာ …
ခုတော့ တမ်းတကာရယ်ပေါ့ …. 🙄
@ မအိတုံ
ဟုတ်တယ် .. မိုက်ကို မမိုက်တာဗျာ ..
ရိုက်ဆိုရင် စိတ်ထဲရှိသလို ရိုက်ပစ်လိုက်ချင်တာ … 🙁
အသက်ကြီးတဲ့လူ ဖြစ်နေလို့ ….
မအိတုံ ပြောသလို အလုပ်ကို အလုပ်နဲ့ တူအောင် မလုပ်တဲ့ လူတွေရှိနေသမျှ
ဒီလို ကိစ္စတွေကလည်း သဘာဝ လို ဖြစ်နေဦးမှာပါပဲဗျာ …
_________________________________
အားလုံးကို ခင်တဲ့ …
အံစာတုံး