စဉ်းစားကြစေလိုပါတယ် ( ၁ရ ) ( ဖရဲ အတွက် အဖြေ )

Foreign ResidentApril 4, 20127min27228

စဉ်းစားကြစေလိုပါတယ် ( ၁ရ ) ( ဖရဲ အတွက် အဖြေ )

 

အင်း ဒီ Post ကတော့ အဘရဲ့

စဉ်းစားကြစေလိုပါတယ် ( ၁၆ ) ( ဗီယက်နမ် လွမ်းချင်း )

ဆိုတဲ့ Post ထဲမှာ ဖရဲ က မေးထားတဲ့

” ဩဇီ က ဘာကောင်းသလဲ ဟင် “

ဆိုတဲ့ အမေးလေး ကို

အဘ ဉာဏ်မှီသလောက်လေး

ဖြေထားတာပါကွယ် ။

 

ဖရဲရေ

အမေးရှိတော့လည်း ၊

အဖြေရှိရတော့မှာပေါ့လေ နော် ။

 

တိုင်းပြည်တိုင်းကတော့

သူ့ဟာ နှင့် သူတော့ ကောင်းတာ နှင့်

ဆိုးတာလေးတွေ ရှိကြတာပေါ့ကွယ် ။

 

အဘ အမြင်ကတော့ ၊ ပိုက်ဆံများသာ ရှိလို့ကတော့

မြန်မာပြည်ဟာ နေလို့ လွှတ်ကောင်းပေါ့ကွယ် ။

ပစ္စည်း တန်ဖိုး နှင့် လုပ်အားခ တွေ ဈေးပေါတယ် ။

အဲဒီလိုပဲ ၊ အထူးသဖြင့် ၊ ” လူ ” တန်ဖိုး ကလည်း ဈေး မရှိလှဘူး ။

 

အဘ က သမီးလေးတွေ ဈေးပေါတာကိုပဲ ၊ မ ဆိုလိုဘူး နော် ။

ပါး တစ်ခါရိုက် တစ်ထောင် ( တစ်သိန်းဖိုးဆို လက်ညောင်းအောင် အမုန်းဆွဲရမှာ ) ၊

လူ တစ်ယောက် သတ် ၊ ၄၅ သိန်း ဆိုတာတွေကို ဆိုလိုတာပါ ။

 

ထက်ထက်လေးက အေးသူစံလေးကို ၊

ဆံပင်ဆွဲ ပါးရိုက်ရင်း တောင် ပြောလိုက်သေး ၊

” နင့်လို နှစ်ပြား တစ်ပဲ ပဲ ဝင်ငွေ ရှိသူက ငါ့ကို ဘာလုပ်နိုင်မှာလဲ ” တဲ့ ။

တကယ်လည်း ၊ ဒါဏ်ငွေ က တစ်ထောင် ပဲချတာလေ ။

ဘာလုပ်နိုင် သေးလို့လဲ ။

 

မြန်မာပြည်မှာ တော် ရုံ တန် ရုံ ( သိန်း ပေါင်း တစ်သောင်း လောက် ) ချမ်းသာရင်ပဲ ၊

အိမ်ဖေါ် ၂ ယောက် ၃ ယောက် နှင့် မာလီ နှင့် ဒရိုင်ဘာ နှင့် နေနိုင်တယ် ။

ဩဇီ မှာတော့ ဒေါ်လာ သန်း ၁၀ဝ အထက် ချမ်းသာမှပဲ

( မြန်မာ ငွေ နှင့်ဆိုရင် သိန်း ပေါင်း ရှစ် သိန်း နှင့် အထက် ချမ်းသာမှပဲ )

အဲဒီလို နေနိုင်လိမ့်မယ် ထင်တယ် ။

 

အဲဒီတော့ကာ ၊ ပိုက်ဆံများသာ ရှိလို့ကတော့

မြန်မာပြည်ဟာ နေလို့ လွှတ်ကောင်းပေါ့ကွယ် ။

အဘ လဲ ခုထက်ထိတိုင် မြန်မာပြည်ကြီးကို

လက်မလွှတ်နိုင်သေးပါဘူးကွယ် ။

 

နောက်ပြီး အဘတို့ ရွှေပြည်ကြီးမှာက

လူများစုကလည်း ဆင်းရဲရှာကြတော့ တယ်ရိုကျိုးကြသကိုးကွယ့် ။

ပိုက်ဆံ အနံ့လေးသာ ခပ်များများပေးလိုက်လို့ကတော့ ၊

ညီအကိုအချင်းချင်းတောင် သစ္စာမဲ့ဖို့ သိပ်ဝန်မလေးလောက်ဘူး ။

 

ဩဇီ မှာကတော့ လူတိုင်းက အခြေခံ စားဝတ်နေရေး ဖူလုံနေတော့ ၊

ဆင်းရဲ ချမ်းသာ ကွာဟချက်ကလည်း နည်းတဲ့ အပြင် ၊

ဥပဒေကလည်း လူလူချင်း တန်းတူညီမျှမှု နှင့် အဆင့်အတန်း မခွဲခြားရအောင်

ပြတ်ပြတ်သားသား ကာကွယ်ပေးထားတဲ့ အတွက် ၊

ဘယ်သူ့ ဘယ်သူ မှ ဂရုစိုက်စရာ မရှိတဲ့ အတွက် ၊

ပိုက်ဆံပေးပြီး အိမ်ဖေါ်ငှားတာတောင်မှ မာရေကျောရေပါကွယ် ။

 

( အဘ အိမ်မှာ ရေချိုးခန်း အိမ်သာ နှင့် မီးဖိုချောင်လေး အိမ်ဖေါ်ငှား ရှင်းပါတယ်

၃ နာရီလောက်လေး လုပ်ပြီး ဒေါ်လာ ၃၀ဝ တောင်းသွားလေရဲ့ ၊

ဒါတောင် အဲဒီ အဖြူမက အဘ မိန်းမ ရဲ့ လူနာ မို့လို့ လျှော့ပေးတာ ဆိုပဲ )

 

နောက် အရေးကြီးဆုံး အချက်ကတော့

မြန်မာပြည်ဟာ သူဋ္ဌေးဖြစ်ဖို့ ဖြတ်လမ်း ပေါများစွာ ရှိပါတယ် ။

 

ဥပမာ ပြရရင်

အဘ ရဲ့ ရန်ကုန်မြို့ မရမ်းကုန်း က တိုက်နှင့်ခြံ ဟာ

၂ နှစ်အတွင်းမှာ တန်ဖိုး ၂ ဆ တက်သွားပါတယ် ။

ဩဇီ / Sydney မှာ အဲလို တန်ဖိုး ၂ ဆ တက်ဖို့  ၈ နှစ် စောင့်ရပါတယ် ။

ဩဇီ လို ဖွံဖြိုးပြီး နိုင်ငံတွေမှာ ဖြတ်လမ်း မရှိပါဘူး ။

 

နီးနီး စပ်စပ် ပြောရရင်

အဘ ရဲ့ အရမ်းရင်းနှီးတဲ့ သူငယ်ချင်း ကပ္ပတိန် တစ်ယောက်ဟာ

မနှစ်ကမှ သုဝဏ္ဏ ၃ရ မင်းကွက်မှာ ဗိုက်နာဈေး နှင့်ရလို့

သိန်း ၁၅၀ဝ နှင့် မြေတစ်ကွက် ဝယ်လိုက်ပါတယ် ။

အဲဒီ ပေါ်မှာ ၃ ထပ်တိုက် တစ်လုံးကို

နောက် ၁၅၀ဝ အကုန်ခံပြီး ဆောက်လိုက်ပါတယ် ။

ပြီးခဲ့တဲ့ လ ကပဲ သူ့တိုက်ကို သိန်း ၉၀၀ဝ

လာပေးနေပါတယ် ။ မရောင်းသေးပါဘူး ။

၁၀၀၀ဝ ကျော်မှ ရောင်းမယ်တဲ့ ။

 

ဆိုလိုတာက တစ်နှစ် အတွင်းမှာ

သိန်း ၇၀၀ဝ လောက် မြတ်သွားတာပါ ။

ဒေါ်လာ တစ်သန်း နီးပါးပါ ။

 

သူတစ်ယောက်တည်းလား ဆိုတော့ မဟုတ်ပါဘူး ။

တကယ်က သူက သင်္ဘော လိုက်နေတာပါ ။

သူ့အိမ် ဆောက်တာကို ကူညီ ကြီးကြပ်ပေးတဲ့

ဆရာကြီး ကပ္ပတိန် တစ်ယောက်ရှိပါတယ် ။

အဲဒီ ဆရာကြီး  ကပ္ပတိန် က သင်္ဘော မလိုက်တော့ပါဘူး ။

သင်္ဘော လိုက်လို့ ရမယ့် တစ်လ ဒေါ်လာ ၆၀၀ဝ – ၇၀၀ဝ လောက်ကို

မမက်တော့ ပါဘူး ။ ခြံတွေဝယ်ပြီး တိုက်ဆောက် ရောင်းစားနေတာပါ ။

နှစ်စဉ် သိန်း ထောင်ပေါင်းများစွာ မြတ်နေတာပါ ။

 

အဲဒီ ဆရာကြီး  ကပ္ပတိန် ကမှ အဘ ရဲ့ အရင်းနှီးဆုံး သူငယ်ချင်းပါ ။

သူကဆို အဘ ရဲ့ခြံကို ငွေမသေစေအောင် ရောင်းလိုက်ပြီး

သူ့လိုပဲ ခြံတွေဝယ်ပြီး တိုက်ဆောက် ရောင်းစားဖို့ ပြောနေတာပါ ။

အဘ မှာတော့ ဆံထုံးနောက် ယောင်ပါ

ဩဇီ က မိန်းမ ရင်ခွင်မှာပဲ သွားခိုဝင်ဖို့ စိတ်စောနေတာနှင့်

သူ့လို လိုက်မလုပ်ဖြစ်တာပါ ။

 

အမှန်ဆိုရင် အဘ ဩဇီမှာ သွားနေမိတာ

အခွင့် အလမ်းကောင်းတွေ မြောက်များစွာကို

လက်လွှတ် ဆုံးရှုံး စေတာပါ ။

 

အဘ ကလည်း အဘ လက်ရှိ ဘဝ ကို ကျေနပ်လိုက်ပြီး

လောဘ ကိုသတ်လိုက်မိတာလည်း ပါတာပေါ့လေ ။

ဩဇီ နှင့် မြန်မာပြည် နှိုင်းယှဉ် စဉ်းစား နိုင်အောင် ပြောတာပါ ။

 

ကဲ ထားပါတော့လေ ။

ဩဇီ ကိုရော ဘာတွေကောင်းတယ်လို့ ပြောရမလဲ ဆိုရင် ။

 

ပထမဆုံး ၊ လူမှုဖူလုံရေး စံနစ် ကောင်းတယ်ကွယ့် ။

သူ့တိုင်းပြည်မှာ ” တရားဝင်နေထိုင်ခွင့် ရထားတဲ့ ” လူ မှန်သမျှကို

အလုပ် မရှိဘူးဆိုရင် အလုပ်လက်မဲ့ ထောက်ပံ့ကြေး

အကြမ်းဖျင်း တစ်လ  ဒေါ်လာ တစ်ထောင် ပေးတယ်ကွယ့် ။

အသက်ကြီးတဲ့သူတွေကို ဆိုရင် တစ်လ  ဒေါ်လာ တစ်ထောင့်ငါးရာ ပေးသကွယ့် ။

 

အဲဒီမှာ ပြောတဲ့ ” လူ မှန်သမျှ ” ဆိုတဲ့စကားက

ပုခုံး နှစ်ဖက်ကြား ခေါင်းပေါက်ပြီး ၊ မတ်မတ်သွားရင် ၊

သူတို့ နိုင်ငံ က လူ လို့သတ်မှတ်တယ်ကွယ့် ။

 

အဘ ကလည်း အဲဒီ ပုခုံး နှစ်ဖက်ကြား ခေါင်းပေါက်ပြီး ၊

မတ်မတ်သွား ဆိုတဲ့ အချက်တွေနှင့် ကိုက်ညီတဲ့ အတွက် ၊

သူတို့က လူ လို့သတ်မှတ်ပြီး ။

 

အဘ ဟာ ၊ ယခုထိ ဩဇီ နိုင်ငံသား မဟုတ်သော်ငြားလည်း ၊

ဩဇီ နိုင်ငံမှာ ( အတွက် ) အလုပ်မလုပ် / အခွန်မဆောင် ဘူးသော်ငြားလည်း ၊

” လူ ” ဖြစ်နေတဲ့ အတွက် ၊ သူတို့ ဩဇီ နိုင်ငံသား တွေနှင့် တန်းတူ

အဲဒီ အခွင့်အရေးတွေကို အကုန်ခံစားခွင့် ရှိတယ်ကွယ့် ။

ဩဇီ PR နှင့် Citizen ဟာ မဲ ပေးခွင့် မရတာ တစ်ခုပဲ ကွာပါတယ် ကွယ် ။

 

သေသေချာချာလေးသာ ရှင်းပြ ၊ ငိုပြ ၊ ချွဲပြ တတ်ရင် ၊

အလုပ်လက်မဲ့ ဆင်းရဲသားတွေ ကို

အိမ် မရှိရင် အိမ် ၊ တီဗွီ မရှိရင် တီဗွီ ၊ ရေခဲသေတ္တာ မရှိရင် ရေခဲသေတ္တာ ၊

အစိုးရက အလကားလောက်နီပါးဈေး နှင့် ရောင်း / ငှား ပေးတယ် ကွယ့် ။

 

အဘ အသိ မြန်မာ မိသားစု တစ်ခုဆိုရင် ၊

မိသားစု လေးယောက်လုံး ဘာအလုပ်မှ မလုပ်ပဲ ၊

အဲဒီ ထောက်ပံ့ကြေး ထိုင်စားတာ ၊

မြန်မာပြည်က ကျန်ခဲ့တဲ့ ဆွေမျိုးတွေကို

တစ်လ နှစ်သိန်း ထောက်နိုင်တဲ့ အပြင် ၊

ကား အသစ်တောင် ဝယ်စီးလိုက်သေး ။

 

နောက်ပြီးတော့ အဲဒီ ထောက်ပံ့ကြေးက ရာသက်ပန် နော် ။

မသေမချင်း ရသွားမှာ ။

Detail ထပ်သိချင်ရင်တော့ အောက်က Page မှာသာ ဆက်ဖတ်ပါတော့ကွယ် ။

( http://en.wikipedia.org/wiki/Social_Security_(Australia) )

 

အဲဒီ သူတို့ရဲ့ ပုခုံး နှစ်ဖက်ကြား ခေါင်းပေါက်ပြီး ၊

မတ်မတ်သွား ရင် ” လူ ” ဆိုတဲ့ ” လူ ” ကို  အဓိပ္ပါယ် ဖွင့်ဆိုမှု နှင့် ။

လူအချင်းချင်း တန်းတူညီမျှမှု ရှိစေရန် နှင့်

လူအချင်းချင်း ခွဲခြားမှု မဖြစ်ပေါ်စေရန် အတွက် ၊

ဩဇီ နိုင်ငံသား ဖြစ်သည်ဖြစ်စေ ၊ မဖြစ်သည်ဖြစ်စေ ၊

တရားဝင်နေထိုင်ခွင့် ရထားတဲ့ ၊

လူ မှန်ရင်ကို ထောက်ပံ့ကြေးပေးတဲ့ စံနစ်ကို ကြည့်လိုက်ရင်ပဲ ၊

သူတို့ရဲ့ တရား ဥပဒေ ဟာ ဘယ်လောက် တရား မျှတမယ် ဆိုတာ ၊

မှန်းကြည့်လို့ ရလောက်ပြီပေါ့ကွယ် ။

 

မြန်မာပြည်မှာ မွေးတာချင်း အတူတူကို ၊

ငါကတော့ ဗမာ ၊ သူကတော့ တရုတ် ဆိုပြီး ၊ ခွဲခြားသတ်မှတ်ချင်နေကြတဲ့ ၊

ကိုယ့်ဖာသာကိုယ် ပညာတတ်လို့ အထင်မှားနေပြီး ၊

တကယ့်တကယ်က ၊ ဩဇီက မူလတန်းကလေးလောက်တောင်

အတွေးအခေါ် မရှိကြရှာတဲ့ ၊ မြန်မာပြည်က ငဒူ ငတုံး ကြီးများ နှင့်တော့ ကွာပါ့ ။

ထက်ထက်လေးက လဲ ဩဇီ ကို ကြိုက်မှာ မဟုတ်ဘူး ။ သေချာတယ် ။

ကဲ ထားပါတော့လေ ။ ဘေးရောက်ကုန်မယ် ။

 

နောက်တစ်ခုက Minimum Wage ။

အလုပ်သမား တစ်ယောက်ကို အနဲဆုံး ပေးရမယ့် တစ်နာရီ လုပ်အားခ ။

တစ်နာရီ ကို ဩဇီ ၁၅.၅၁ ဒေါ်လာ ပါကွယ် ။

အမေရိကန် ၁၆ ဒေါ်လာ နှင့် ညီမျှ လိမ့်မယ် ။

အဘ အမှတ် မမှားဘူး ဆိုရင် အမေရိကန်နိုင်ငံ ထက် နှစ်ဆလောက် ရှိပါတယ်ကွယ် ။

( http://www.fairwork.gov.au/pay/national-minimum-wage/pages/default.aspx )

 

ဩဇီ မှာက လူ ကိုတန်ဖိုးကလည်းထား ၊

တိုင်းပြည်ကလည်း ချမ်းသာ ၊

စံနစ်လေးကလည်း ကောင်းတဲ့ အခါကျတော့ ။

 

စားသုံးသူ အခွင့်အရေး Consumer Right Association တွေကလည်းပေါလာ ၊

သဘာဝ ပါတ်ဝန်းကျင် Environmental Awareness ကလည်း ရှိလာတော့ ၊

Result အနေနှင့် ကတော့

ဩဇီ ရဲ့ ရေ မြေ လေ နှင့် စားသုံးကုန်တွေ အားလုံးဟာ

အဘတို့ ရွှေနိုင်ငံကြီး ထက် ပက်ပက် စက်စက် ကို သန့်နေတာပေါ့ကွယ် ။

( But , Carbon Tax ကိုတော့ ချဉ်ပါတယ်အေ )

 

နောက်အားသာချက် တစ်ခုကတော့ ၊

သဘာဝကြီးရဲ့ မျက်နှာသာပေးမှု ပါပဲကွယ် ။

ဩဇီ တိုက်ကြီး ဟာ မြန်မာနိုင်ငံထက် ၁၂ ဆ နီးပါး ကျယ်ပါတယ် ။

လူဦးရေ က သန်း ၂ဝ ကျော်ပဲ ရှိပါတယ် ။

အဲဒီတော့ကာ မြန်မာနိုင်ငံထက် ၁၂ ဆ နီးပါး ကျယ်တဲ့ တိုင်းပြည်မှာ ၊

မြန်မာ လူဦရေ ရဲ့ သုံးပုံ တစ်ပုံ လောက်ပဲ နေတယ် ဆိုတော့ကာ ၊

လူဦးရေ နှင့် သဘာဝ သယံဇာတ အချိုးကို တွက်သာကြည့်ပေတော့ကွယ် ။

Prosperous ဆိုတဲ့ စကား ရဲ့ အဓိပ္ပါယ် နှင့် ကွက်တိ လို့ ပြောရတော့မှာပဲ ။

ဒါကြောင့် ကမာ္ဘ မှာ ဩစတေလျှ နိုင်ငံ ရဲ့ Nick Name က Lucky Country ပါ ။

 

အဘ အကြိုက်ဆုံး အချက်ကို ပြောပြရမယ် ဆိုရင်တော့ ၊

ဩဇီ ရဲ့ ဥပဒေ နှင့် စံနစ် တွေဟာ ၊

ပြည်သူ အများစုကြီးကို အကျိုးပြုဖို့ ဆွဲထားတာ ဖြစ်တဲ့ အတွက်နှင့် ။

ဩဇီ နိုင်ငံသားတွေ ဟာ ( မြန်မာ နိုင်ငံသားတွေလို ) မုသား ကို လက်မခံတဲ့ အတွက် ။

အဘ ဟာ ဩဇီ မှာနေရင် မုသား ပြောစရာ မလိုပါဘူးကွယ် ။

ဩဇီ မှာနေတာက ၊ အဘတို့ ရွှေနိုင်ငံကြီးမှာ နေတာထက် ၊ အကုသိုလ် နဲတာပါပဲကွယ် ။

အဘ ဩဇီ ကို အချစ်ရဆုံး အချက်ကတော့ ၊ အဲဒါပါပဲကွယ် ။

 

နောက်ပြီးတော့ ၊ ကျန်းမာရေး စံနစ် ။

အဘ ဩဇီ ရောက်ရောက်ချင်းမှာ ၊ အဘ မိန်းမက အဘကို ၊

တစ်ကိုယ်လုံးကို Medical Check-up လုပ်တယ်လေ ။

တပြားမှ မပေးရတဲ့ အပြင် ၊

အဘ မိန်းမ ( Fellowship ဆရာဝန်မကြီး ) က ၊

သူ့ လူနာ ( သူ့ယောက်ကျား ၊ အဘ ) ကို ၊

Fellowship’s Long Consultation ကြည့်တဲ့ အတွက် ၊

အစိုးရ Medicare System က ဒေါ်လာ တစ်ရာ လောက်တောင် ၊

အဘ မိန်းမ ကို ပြန်ပေး လိုက်ရသေး ၊

ကောင်းလိုက်တဲ့ တိုင်းပြည် ။ ဟီဟိ ။

 

စကားမစပ် ၊ ဟဲဟဲ ၊ အထင်လွဲကုန်မှာ စိုးလို့ပါ ။

ဟဲဟဲ ၊ သွေးတိုး ဆီးချို နှလုံး စသဖြင့်တွေကို အဓိက စစ်တာပါ ။

ဟဲဟဲ ၊ STD တို့ HIV တို့က Package ထဲမှာ ပါနေကျမို့သာ စစ်လိုက်ရတာပါ ။

ဟဲဟဲ ၊ အဘ မိန်းမ က အဘ ကို ယုံပြီးသား ၊ ယုံပြီးသား ၊

တကယ့် ကို စင်းလုံးချော အပြစ် အနာအဆာ မရှိ ။ ဟဲဟဲ ။

သင်္ဘော ကပ္ပတိန်လေးကို ရွေးယူထားတဲ့ ဥစ္စာ ။ ဟဲဟဲ ။

အဘ ကလည်း အဲလို မဟုတ်တာတွေကို လုပ်ပါ့မလား ( မလစ်ရင် ) ။ ဟီဟိ ။

 

မိန်းမ ကလည်း အဘကို ယုံသလားတော့ မမေးနှင့် ၊

စားပြီး ၊ သောက်ပြီး ၊ သူများတကာကို ဟောက်ပြီး ၊

တစ်လ ဒေါ်လာ ငါးထောင် ခြောက်ထောင် ရနေတဲ့ ၊

ကပ္ပတိန် အလုပ် ကနေ ထွက်ပြီး ၊

အိမ်မှာပဲ ထိုင်စားပါတော့လို့ ကို ပြောနေတယ် ။ ဟဲဟဲ ။

 

ဟဲဟဲ ၊ အဘ ကလည်း ဘယ်ရမလဲ ၊ တိုင်းပြည်ကို ပြန်လည် ပေးဆပ်ချင်လို့ပါ တို့ ။

ရထားတဲ့ Certificate တွေ နှင့် တတ်ထားတဲ့ ပညာတွေ နှမျောစရာကြီး တို့ ။

ပြောပြောပြီး မြန်မာပြည် ပြန်ပြန်လာတာပဲ ။

ဟီဟိ ၊ ချစ်တာကိုး ။ တိုင်းပြည်ကို ပြောပါတယ် ။

 

ဟုတ်တယ်လေ ၊ သူကမှ အဘကို အိမ်ဖေါ် နှင့် မာလီ နှင့်မှ မထားပေးတာ ။

သူများ သားသမီး ယူတုန်းက ယူ ထားပြီးတော့ ၊

သူပဲ ဩဇီ ကို ခေါ်တုန်းက ခေါ်ထားပြီးတော့ ၊

လင်မှတ်မှတ် ၊ သားမှတ်မှတ် ၊ ရှာဖွေကျွေးမွေး ပြီး ၊ ဟီဟိ ။

တင့်တောင်း တင့်တယ် ထားပေးရမှာပေါ့ ။ ဟီဟိ ။

 

ဟင် ပြောရင်းပြောရင်း ၊ ဘယ်တွေ ရောက်ကုန်မှန်း မသိတော့ပါဘူး ။

 

အဘ နှင့် ဩဇီ ချီးမွမ်းခန်းများ ( ကြွားလုံးများ ) ဆိုပြီး ဖြစ်ကုန်ပါပြီ ။ ဟီဟိ ။

အဘ ကိုယ်တိုင်ကလည်း ၊ အတည်အခန့် ဆိုရင် ကြာကြာလုပ်လို့ကို မရတာ ။ ဟီဟိ ။

အင်း ဆရာဂီ ပြောပြောနေတဲ့ ချဉ်လိုက်ထှာအေ ဆိုတဲ့စကားတော့ ကြားရတော့မှာပဲ ။

 

အင်း အစပြန်ကောက်ရရင်တော့ ကျန်းမာရေး

အခြေခံ အားဖြင့် ဆရာဝန်ပြခ Free

( အထူးကု မှပြချင်တယ် ဆိုရင် တော့ ပိုက်ပိုက် ထပ်ပေးရတယ် )

ကျန်းမာရေး ဆေးစစ်ခ အကုန် Free ( ဆီး ဝမ်း သွေး Ultra Sound, X Ray, etc )

ဆေးဝယ်ရင် ဆေးတန်ဖိုးရဲ့ တစ်ဝက်ဈေးပဲ ပေးရတယ် ။

 

အသက်ကြီး ပင်စင်စားတွေ ဆိုရင်

တနှစ်လုံး Total ဆေးစရိတ် ဒေါ်လာ ၅၀ဝ အထိပဲ ကိုယ်ကပေးရမယ် ။

ဒေါ်လာ ၅၀ဝ အထက် ကျော်ရင် ကျချင်သလောက်ကျ အစိုးရက စိုက်ပေးတယ် ။

တချို့လူတွေဆို ဆေးစရိတ်ကြီးပဲ မြန်မာငွေနှင့်ဆို သိန်းရာချီပြီး

အစိုးရက နှစ်စဉ်စိုက်ပေးနေတယ် ။

Even အသက်ကြီး လို့ လမ်းမလျှောက်နိုင်ရင် အိမ်မှုကိစ္စ မလုပ်နိုင်တော့ရင်

Carer လို့ခေါ်တဲ့ အိမ်အလုပ်လုပ်ပေး ဈေးဝယ်ပေးမယ့်သူ

( အိမ်ဖေါ် သဘောမျိုး ) အစိုးရစရိတ် နှင့် ငှားပေးမယ် ။

အဘ သိသလောက် တလ ဒေါ်လာ ၃၅၀ဝ အထိ အစိုးရက စိုက်ငှားပေးတယ် ။

တချို့ မြန်မာ အဖိုးကြီးတွေ မြန်မာပြည်က ဆွေနီးမျိုးစပ်တွေကို

အဲဒီလို Carer ( အိမ်ဖေါ် သဘောမျိုး ) လုပ်ဖို့ လှမ်းခေါ်လေ့ ရှိတယ် ။

ဩဇီ အစိုးရက လစာ ပေးတယ် ။

 

ဟင်း ဟင်း ဟင်း ဟင်း ။ တွေ့မယ် တွေ့မယ် ။

စိတ်ရှိတိုင်းသာ လုပ်လိုက်ရလို့တော့ကွာ ။

 

အဘ အသက်ကြီးလာလို့ကတော့ မြန်မာပြည်က

သမီး ငယ်ငယ် ချောချော လေး ပထမ တစ်ယောက်ကို ၊

ပိုက်ဆံမယူပဲ / ဒါမှမဟုတ် သိန်း ၂၀ဝ လောက်ပဲ ယူပြီးကို လက်ထပ်ပြစ်လိုက်မယ် ။

သမီး ငယ်ငယ် ချောချော လေး ဒုတိယ တစ်ယောက်ကိုတော့ ၊

Carer အနေနှင့် ( အိမ်ဖေါ် သဘောမျိုး ) လှမ်းခေါ်ပြစ်လိုက်မယ် ။

အင်းးးးး ဒါပေမယ့် ဩဇီ အစိုးရက နှစ်ယောက်စလုံးတော့ ခေါ်ခွင့်ပေးမယ် မထင်ဘူး ။

 

မေါင်ဖေါ စိတ်လျော့ စိတ်လျော့ ၊

အဲဒီ မလှုပ်နိုင် မရှားနိူင် အရွယ်ကြီးကျမှလည်း ၊

အဲဒီ သမီးလေးတွေ နှင့် မင်းက ဘာလုပ်ချင်သေးလို့တုန်း ။

( ဆေး အသစ်တွေ ပေါ်နေတယ်လေ ၊ စွမ်းတယ်လို့ ပြောတယ် ခည )

တရားမှတ်တာတောင် အနှောက် အယှက်ဖြစ်ဦးမှာ ။

( ဝင်လေ ထွက်လေ ပဲ မှတ်ရတော့မှာပေါ့နော် ၊ ဟင့် ၊ ပျင်းထှာ )

Home Minister ကလည်း ခွင့်ပြုမှာမှ မဟုတ်တာ ၊ ဟင့် ။

 

အတင်းတုတ်ရဦးမယ် ၊ ပြီးခဲ့တဲ့နှစ်ကပဲ ၊ ဆစ်ဒနီက ၊

အဘ တို့ အသိ အသက် ၆ဝ ကျော် အဘွားကြီး ကလေ ၊

မြန်မာပြည်ပြန်ပြီးတော့လေ ၊ သူ့ထက် အသက် ၃ဝ ငယ်တဲ့ ၊

ကောင်လေး တစ်ယောက်ကို လက်ထပ်ပြီး ခေါ်လာတယ်တော့ ။

တကယ့်ကိုလည်း အတည်တကျကြီးကို ပေါင်းနေတယ်တော့ ။

နာမည် မပြောချင်လို့ ။

အရင်က မြန်မာပြည်မှာ နာမည်ရှိခဲ့တဲ့ အနုပညာရှင် တစ်ယောက်ပေါ့ ။

( တွေ့မယ် ၊ ငါ့ကျရင် ၄ဝ ကွာတာ ခေါ်ပြစ်လိုက်မယ် )

 

အင်း ထုံးစံအတိုင်းပဲ ချော်တောကငေါ့ထွက်သွားပြန်ပြီ ။

ဘယ်တွေရောက်ကုန်ပါလိမ့် ။

 

အင်းးးး ဩဇီ ကောင်းခန်းပြီးရင် ဆိုးခန်းလေး လာပြီပေါ့ ။

အခွန် ခင်ဗျ အခွန် ။ ရှောင်လို့ ကလိမ်ကကျစ်လုပ်လို့ လုံးဝ မရပါဗျာ ။

ထောင်ထမင်း ထောင်ဟင်းလေး စားကြည့်ချင်ရင်တော့ စမ်းကြည့်ပေါ့လေ ။

 

ဟင့် ၊ ဟင့် ၊ ပြောရင်းတောင် ငိုချင်လာပြီ ။

အဘ မိန်းမလေ သူ့ခမျာ ၄၆.၅ % အခွန်နှုန်း တဲ့ခမျ ။ ရက်စက်တာ ။

တစ်ကျပ် ရှာလို့ ရတိုင်း ငါးမူး ကို Federal အစိုးရကို ပေးနေရတာ ။

 

သူ့ခမျာ နှစ်စဉ် ဝင်ငွေခွန်ချည်းပဲ ဒေါ်လာ တစ်သိန်း မှန်မှန် ဆောင်နေရ သဗျ ။

မြန်မာငွေ နှင့်ဆို နှစ်စဉ် နှစ်စဉ် သိန်း ၈၀ဝ စီ အခွန်ဆောင်နေရတာပေါ့ ။

ဒါတောင် ဝင်ငွေခွန် တစ်ခုပဲ ရှိပါသေးသဗျ ။

ကောင်စီခွန် မီးခွန် ရေခွန် ကားခွန် မပါသေးပါ ခင်မျ ။

 

နှမျောလိုက်ထာ ၊ ဒီငွေတွေ မြန်မာပြည်မှာ ပြန်သုံးလိုက်ရလို့ကတော့ ။

ဟင်း ဟင်း ဟင်း ။ ဒေါက်တာ စိုင်း နှင့် ဦးဇော်ဇော် တို့လို ၊

မယ်လိုဒီလေး နှင့် ချောရတနာလေး ကို တဖက်စီခေါ်ပြီး

ဒေါ်လာ ရာတန်တွေကို အုပ်လိုက် ဝေပစ် လိုက်လို့ ရတယ် ။

 

ဟီဟိ ၊ စိတ်ကူးယဉ်ကြည့်တာ ၊ မိန်းမတော့ မသိစေနှင့် ။

တော်ကြာ စိတ်ပေါက်ပြီး ၊ အိပ်နေတုန်း ၊ ဓါးစွမ်းပြ ပြီး ၊ ဘဲစာကျွေးလိုက်မှ ။

အဲတော့မှ မိန်းမငယ် မရှာရပဲ ။ ယောက်ျားငယ် ရှာရမယ့် ဘဝ ဖြစ်သွားမယ် ။

ဟီဟိ ၊ သားသား ကြောက်ကြောက် ။

 

အလကား ၊ ဒီမိန်းမ ဆရာဝန် ပညာတတ် ဆိုပြီး ၊ သဘောထားကို မကြီးတာ ။

ပဲ့ပါသွားတာမှတ်လို့ ။ ဟီဟိ ။

 

အင်းးးး တကယ်ကတော့ အဘ မိန်းမ ပေးနေရတဲ့ ပိုက်ဆံတွေဟာ ၊

အစိုးရ ကသာ မှန်ခဲ့မယ်ဆိုရင် ၊ မြန်မာ အစိုးရ ရ ရမယ့် ပိုက်ဆံတွေပေါ့ကွယ် ။

သူ့ခမျာလည်း အမိ နိုင်ငံ ကိုပဲ အခွန်ဆောင်ချင်ရှာမပေါ့လေ ။

သို့သော် သို့သော် ပေါ့လေ ။

 

အင်း ထုံးစံအတိုင်းပဲ ချော်တောကငေါ့ထွက်သွားပြန်ပြီ ။

ဘယ်တွေရောက်ကုန်ပြန်ပြီတုန်း ။

 

ကဲ ကဲ လွယ်လွယ် မှန်းလို့ရအောင်

အဘ သူငယ်ချင်း ကပ္ပတိန် တစ်ယောက် ဩဇီမှာ Surveyor လုပ်စားနေတယ် ။

လစာ ၈၀၀ဝ နှင့် ၁၀၀၀ဝ ကြားဝင်တယ် ။

အခွန် တစ်လ ကို ၂၅၀ဝ နှင့် ၃၀၀ဝ ကြား ဆောင်ရတယ် ။ ဒါဆို မှန်းလို့ရပါပြီနော် ။

 

ကဲ ကဲ ၊ ဖရဲ ရေ ၊ Post လဲ အရမ်းရှည်သွားပြီကွယ် ။

ဘယ်သူမှ အဘ ရဲ့ စိတ်ယုတ်မာ တွေနှင့် ကြွားလုံးတွေကို ၊

ဒီထက်ပိုပြီး သည်းခံ ဖတ်နိုင်မယ် မထင်ဘူး ။

 

အဘ ရဲ့ General အမြင် ကတော့

Australia အစိုးရ Policy ကိုယ်နှိုက်က

“ တိုင်းသူပြည်သား အားလုံးရဲ့ အခြေခံ ( အခြေခံ )

စားဝတ်နေရေး ကျန်းမာရေး ပညာရေး အားလုံးကို

နိုင်ငံတော်က တာဝန်ယူထားတဲ့ စနစ် “ ပါပဲ ။

 

အဘ ရဲ့ ပြန်လည် ရှင်းပြခြင်း ကတော့ ဒါပါပဲကွယ် ။

ဘယ်နိုင်ငံ ကောင်းတယ် ၊ ဘယ်နိုင်ငံ မကောင်းဘူး ဆိုတာကတော့ ၊

ကြည့်တဲ့သူရဲ့ အမြင်ပေါ် မူတည်ပါတယ်ကွယ် ။

 

အဘ ရဲ့ အမြင် ကို သိချင်တယ်ဆိုရင်တော့ ၊

အတိုဆုံး နှင့် အထိမိဆုံး ပြောရမယ် ဆိုရင် ၊

 

( ၁ )

ဆင်းရဲသားတွေ နှင့် လူအိုတွေ အတွက် ဩဇီ ဟာ ကောင်းပါတယ် ။

သူဋ္ဌေးတွေ အတွက် နှင့် သူဋ္ဌေး မြန်မြန် ဖြစ်ချင်သူတွေ အတွက်ကတော့

မြန်မာပြည် ဟာ ပိုကောင်းပါတယ် ။

 

( ၂ )

အဘ ဩစတေလျှ ကို အရမ်း ကြိုက်ပါတယ် ။

ဒါပေမယ့် အဘ မြန်မာပြည် ကိုတော့ ချစ်တာပါကွယ် ။

” I like Australia, but love Myanmar ” ပါပဲကွယ် ။

အချစ်ဦး ကိုးကွယ့် ။ ဘယ်မေ့နိုင်မှာလဲလေ ။

 

တော်သေးပြီ ။

အဘ Foreign Resident ။

 

ဒီ့ထက်ပိုပြီး ထပ်သိချင်သေးတယ် ဆိုရင်တော့

အောက်က Web Page တွေမှာ ဆက်ဖါတ်ပါတော့ကွယ် ။

 

What is the price to become an Australian ?

( https://myanmargazette.net/65868/society-lifestyle )

 

Prices started at $70,000 for phony Caucasian brides and reached $80,000 to $100,000 for ethnically Chinese women,

( http://www.dailytelegraph.com.au/news/aussie-women-offered-cash-to-marry-chinese-men/story-e6freuy9-1226128307461 )

 

Mandalay Gazette Forum

https://myanmargazette.net/forum/faq/social-protection-for-immigrant-workers-in-usa-uk-ausi-asian-countries-and-other-countreis-%E1%80%80%E1%80%AF%E1%80%AD%E1%80%9E%E1%80%AD%E1%80%9C%E1%80%AF%E1%80%AD%E1%80%95%E1%80%AB%E1%80%90/#p217

 

Voice Journal ရဲ့ ရှယ်ဖွချက် နှင့် အတွေးများ ( ၄ )

https://myanmargazette.net/76664/creative-writing

 

Voice Journal ရဲ့ ရှယ်ဖွချက် နှင့် အတွေးများ ( ၃ )

https://myanmargazette.net/76436/creative-writing

 

 

28 comments

  • ရွာစားကျော်

    April 4, 2012 at 7:39 am

    ဟင့် ၊ ဟင့် ၊ ပြောရင်းတောင် ငိုချင်လာပြီ ။
    အဘ မိန်းမလေ သူ့ခမျာ ၄၆.၅ % အခွန်နှုန်း တဲ့ခမျ ။ ရက်စက်တာ ။
    တစ်ကျပ် ရှာလို့ ရတိုင်း ငါးမူး ကို Federal အစိုးရကို ပေးနေရတာ ။

    ရသမျှ ဝင်ငွေရဲ့ ၄၆.၅% ကို အခွန်ပေးနေရတာလား အဘရေ..
    ဒီမှာလို ၁ကျပ်ကနေ ၅၀၀၀၀ဝ ထိ ၁% တို့၊ ၅၀၀၀၀၁ကျပ်က နေ .. ထိ ၂% တို့ မရှိဘူးလား
    ဩဇီက အခွန်လည်း သေချာကောက်တယ် ပြည်သူတွေကိုလည်း တကယ်ကြည့်တာပဲ..

    • Foreign Resident

      April 4, 2012 at 8:40 am

      ရွာစားကျော် ရေ

      ဝင်သမျှငွေ အကုန်လုံးတော့ ဒီအချိုး မဟုတ်ဘူးပေါ့ လေ ။
      ဝင်ငွေခွန် ပေါ့နော် ။ တနှစ် ဝင်ငွေ ( Taxable Income ) ပေါ့ ။

      ဒေါ်လာ ၆၀၀ဝ ( ကျပ် ၄၈ သိန်း ) အောက်ဆိုရင် လုံးဝ မဆောင်ရပါဘူး ။
      ဒေါ်လာ ၆၀၀ဝ ကနေ ဒေါ်လာ ၃ရ ဝ၀ဝ ကြားက ငွေကို ၁၅.ဝ ရာခိုင်နှုန်း ။
      ဒေါ်လာ ၃ရ ဝ၀၁ ကနေ ဒေါ်လာ ၈ဝ ဝ၀ဝ ကြားက ငွေကို ၃၀.ဝ ရာခိုင်နှုန်း ။
      ဒေါ်လာ ၈ဝ ဝ၀၁ ကနေ ဒေါ်လာ ၁၈ဝ ဝ၀ဝ ကြားက ငွေကို ၃၇.ဝ ရာခိုင်နှုန်း ။
      ဒေါ်လာ ၁၈ဝ ဝ၀၁ အထက်က ငွေကို ၄၅.ဝ ရာခိုင်နှုန်း ။
      ဆောင်ရပါတယ်ကွယ် ။

      အဲဒီအပြင် ရှိသမျှဝင်ငွေ အားလုံးရဲ့ ၁.၅ ရာခိုင်နှုန်း ကို
      ကျန်းမာရေးခွန် အနေနှင့် ဆောင်ရပါတယ်ကွယ် ။

      အဲဒီတော့ ၄၅.ဝ ရာခိုင်နှုန်း + ၁.၅ ရာခိုင်နှုန်း = ၄၆.၅ ရာခိုင်နှုန်း ပါ ။

      ဒါတောင် မိန်းမက အခွန်သက်သာအောင် သူ့ကိုယ်ပိုင် ကုမ္ပဏီ တစ်ခုဖွင့်ပြီး ၊
      ကားဝယ် အိမ်ဝယ် နှင့် ကုမ္ပဏီ မရှုံးရှုံးအောင် ပြထားလို့ အခွန် ဒီလောက်ပဲကျတာ ။

      တချို့ ဆရာဝန်တွေများ လွန်လွန်းပါတယ် ။
      အတွင်းခံ ဘောင်းဘီ ဝယ်တာတောင် အဲဒီ အမြဲရှုံး ကုမ္ပဏီ စရိတ်ထဲက ဝယ်တယ် ။
      နောက်ဆို Condom ပါ ကုမ္ပဏီ စရိတ်ထဲက ဝယ်မလား မသိဘူး ။

      အခွန်အရာရှိတွေ ခမျာ မလည်း
      သူတို့က Lawyer တွေ Accountant တွေနှင့် သေချာ လုပ်ထားတော့
      ဘောင်ဝင်နေတော့ ဘာမှ မပြောသာဘူးပေါ့ ။

      • ဖားသက်ပြင်း

        April 4, 2012 at 8:51 am

        ဟီး ..ကောင်းခန်းရောက်ပီ….
        😀
        ကန်ပနီရှိရင် လူခေါ်လို့ရရဲ့ မဟုတ်လား အဘရယ်..
        (အတိုင်းအတာ တခုထိ တင်းကျပ်တယ်ဆိုပေမယ့်…)
        လုပ်နည်းလုပ်ဟန်လေးတွေ တော့ ရှိနေမယ် ထင့် ….

        ပြောပြပေးပါဦးနော…

        • Foreign Resident

          April 4, 2012 at 9:24 am

          ဆရာ ကတော့ ၊ ဆရာ ပါပဲ ၊ ဆရာ ဂီ ရယ် ။
          ဒါကြောင့်မို့ ၊ ဆရာ ဂီ ဆရာ ဂီ နှင့် ၊
          ဝေးနီး ရပ်ကျော် ထင်ပေါ်ပေသကိုးကွယ့် ။

          Register လုပ်ထားတဲ့ Company အမျိုးအစား
          ဝန်ထမ်း အရေအတွက် ၊ အခွန် Record နှင့်
          လိုအပ်တဲ့ လုပ်သားဟာ ဩဇီ မှာ ရနိုင် မရနိုင် တွေအပေါ်မှာ
          မူတည် ပါတယ်ကွယ် ။
          လူခေါ်ဖို့ ထင်သလောက် မလွယ်ပါဘူးကွယ် ။

          သူ့ကုမ္ပဏီမှာ သူ့ဆွေမျိုးချည်းပဲ ၄ / ၅ ယောက် ခန့်ထားတဲ့ ၊
          ဆရာဝန် တွေလည်း တွေ့ဖူးပါတယ် ။ ဘာအလုပ်မှလုပ်စရာ မလိုဘူးလေ ။
          ကုမ္ပဏီ က အရှုံးပြရင် အခွန်သက်သာရင် တော်ပြီလေ ။
          ဒါပေမယ့် ဩဇီ PR ရပြီးသားတွေ ထင်တယ် ။

          အဘ တောင် အဘ မိန်းမက
          သူ့ကုမ္ပဏီမှာ အလုပ်ခန့်ထားသေးလား မသိဘူး ။
          ရာထူး ကတော့ MD ပဲနေမှာပါလေ ။ ဟီဟိ ။

          MD = M ( မာလီ ) + D ( ဒရိုင်ဘာ )

    • Khaing Khaing

      April 9, 2012 at 11:31 am

      အဘဖောရေ လူတစ်ကိုယ် စိတ်တစ်မျိုး စဉ်းစားပုံစဉ်းစားနည်းတွေကလည်း မတူကြပါဘူး … မီး ရွာထဲကထွက်တာ အဘကိုစိတ်ထဲဘယ်လိုမှမနေပါဘူး မီးရှင်းပြပရစေ အဘပို့စ်ကိုရှာပြီး ရေးတာ က မီးရေးလိုက်ရင် အဘအီးမေးထဲကိုဝင်မှာပဲလေ ဒါကြောင့်ပါ ဖိုရမ်ကိုတော့ ကြောက်သွားပြီ အဟိ …. ရွာသားတွေအားလုံးမြင်တာကိုမသိလို့ … ဒီလိုအဘရေ အဘဘယ်လိုင်းမှာလိုက်နေ တယ်ဆိုတာမီးသိပါတယ် အဘက မီးတို့လူကြီးကို မသိစရာမရှိဘူး ဘာလို့လဲဆိုတော့ မီးတို့လူကြီးက နံမည်ကြီးလေ အဟိ ……… တော်တဲ့နေရာမှာပေါ့ …… တစ်ခုမီးစိတ်ထဲဘာကို ကြောက်သွားလဲဆိုတော့ အဘက သူ့နာမည်ကြီးကိုထည့်တော့ မီးတော်တော်လန့်သွားတယ် အဘသိနေတာကိုမဟုတ်ဘူးနော် မီးလူကြီးအကြောင်းသိတယ်မှတ်လား သူကလူရိုးကြီး အကယ်လို့များ သူ့တို့ဆွေမျိုးအသိုင်းအဝိုင်းတစ်ယောက်ယောက်က တွေ့သွားရင် မီးကိုသူက ပြောမှာ ညည်းဘာတွေရှုပ်ရှုပ်ယှက်ယှက်လုပ်နေလဲဆိုပြီးတော့လေ မီးရဲ့ မန်းမန်းအိုးလေးကွဲသွားမှာ စိုးလို့ပါ မီးကအဘရဲ့ကွန့်မန့်လေးတွေကိုဖျက်ခိုင်းတာကို အဘက ဟင့် ကိုထပ်ပေးသေးတယ် မီးလည်းအတော်ကိုလန့်သွားတယ် ဒါကြောင့်မီးရှောင်ပြေးတာပါ အဟိ … စိတ်ဇိုးလို့ဝုတ်ပါဘူး … အဘရယ် မီးကရွာထဲဝင်တာလဲ နံမည်အမှန်နဲ့ဝင်တာလေ မီးလိုင်းနံမည်နဲ့ မီးနံမည်ကိုတွေ့ရင် တခြား သင်္ဘောသီးတွေ့ရင် မီးမှန်းတိတွားမှာ သေချာပေါက်ပဲ အဟိဟိ မီးဆိုတာသိရင်ဖွမှာလေ … ဒါကြောင့်ပါ … အဘက သူကြီးဆိုတော့နည်းနည်းတော့ကြောက်တာ လည်းပါတယ် တော်ကြာ မီးရဲ့ စီဒီစီမှာ နီလိုက်မှဖြင့် အဟင့် ….. မီးရေထဲမဆင်းရဘဲဖြစ်နေမှာစိုးလို့ပါ …. မီးအကြောင်းကို အားလုံးသိပါတယ် သင်္ဘောသီးလောကမှာ မီးသဘောကောင်းတယ်ဆိုတာလေ အဟိ …. အဘလိုက်နေတဲ့လိုင်းက တိုတိုတွေကိုလည်းမေးကြည့်လို့ရပါတယ် မီးအကြောင်း အဟိ … အဘ မီးအကြောင်းတွေကြောနဲ့နော် နောက်ဆို …. ဒါဗြဲ …..

      ခင်မင်ရင်းနှီးစွာဖြင့်
      Khaing Khaing

    • tunlinaung

      April 16, 2012 at 1:30 pm

      သေသေချာချာဖတ်လိုက်တော့မှသိလိုက်ရတယ် ဩဇီကြော်ငြာကြီးပဲ။ ဩဇီကောင်းတယ်။ဩဇီမိုက်တယ်၊
      ဩဇီကိုကြိုက်တယ်။ ဩဇီဩဇီဩဇီ
      ဩဇီဩဇီဩဇီဩဇီဩဇီဩဇီဩဇီဩဇီဩဇီဩဇီဩဇီဩဇီဩဇီဩဇီဩဇီ
      ဩဇီဩဇီဩဇီဩဇီ
      ဩဇီ

  • MaMa

    April 4, 2012 at 7:59 am

    (ပုခုံး နှစ်ဖက်ကြား ခေါင်းပေါက်ပြီး ၊ မတ်မတ်သွားရင် ၊

    သူတို့ နိုင်ငံ က လူ လို့သတ်မှတ်တယ်ကွယ့် ။)

    FR ပြောတဲ့ လူသားအဓိပ္ပါယ် ဖွင့်ဆိုချက်လေးကို သဘောကျတယ်။ 🙂

  • water-melon

    April 4, 2012 at 8:24 am

    ဩဇီ မှာကတော့ လူတိုင်းက အခြေခံ စားဝတ်နေရေး ဖူလုံနေတော့ ၊
    ဆင်းရဲ ချမ်းသာ ကွာဟချက်ကလည်း နည်းတဲ့ အပြင် ၊
    ဥပဒေကလည်း လူလူချင်း တန်းတူညီမျှမှု နှင့် အဆင့်အတန်း မခွဲခြားရအောင်
    ပြတ်ပြတ်သားသား ကာကွယ်ပေးထားတဲ့အတွက် ဥပဒေကို ကြိုက်မိတယ် ဒီကနေတော့ကွာပါ့

    အဘ မှာတော့ ဆံထုံးနောက် ယောင်ပါ
    ဩဇီ က မိန်းမ ရင်ခွင်မှာပဲ သွားခိုဝင်ဖို့ စိတ်စောနေတာနှင့်
    အဘက မိန်းမကိုတော်တော်ချစ်ပုံရတယ် :mrgreen:

    ဟင့် ၊ ဟင့် ၊ ပြောရင်းတောင် ငိုချင်လာပြီ ။
    အဘ မိန်းမလေ သူ့ခမျာ ၄၆.၅ % အခွန်နှုန်း တဲ့ခမျ ။ ရက်စက်တာ ။
    တစ်ကျပ် ရှာလို့ ရတိုင်း ငါးမူး ကို Federal အစိုးရကို ပေးနေရတာ
    မငိုပါနဲ့အဘကလည်း ဒီလောက်အခွင့်အလမ်းတွေပေါတာ နေချင်လာပြီ 😀

    ကဲ ကဲ ၊ ဖရဲ ရေ ၊ Post လဲ အရမ်းရှည်သွားပြီကွယ် ။
    ဘယ်သူမှ အဘ ရဲ့ စိတ်ယုတ်မာ တွေနှင့် ကြွားလုံးတွေကို ၊
    ဒီထက်ပိုပြီး သည်းခံ ဖတ်နိုင်မယ် မထင်ဘူး
    အဘရေ သည်းခံနိုင်ပါတယ်တော် နောက်လည်း
    ဒီလိုမျိုး ဗဟုသုတရတာလေးတွေရေးပါအုန်း
    အရမ်းကျေးဇူးအတိုင်းမသိတင်ပါတယ်တော်
    အဘရေ ဩဇီမှာတွေ့မယ်နော်
    လေးစားတဲ့ဖရဲ

  • ကိုဖောရေ အခုမှဘဲသေသေချာချာ သိတော့တယ်။
    (အဘ အသိ မြန်မာ မိသားစု တစ်ခုဆိုရင် ၊

    မိသားစု လေးယောက်လုံး ဘာအလုပ်မှ မလုပ်ပဲ ၊

    အဲဒီ ထောက်ပံ့ကြေး ထိုင်စားတာ ၊

    မြန်မာပြည်က ကျန်ခဲ့တဲ့ ဆွေမျိုးတွေကို

    တစ်လ နှစ်သိန်း ထောက်နိုင်တဲ့ အပြင် ၊

    ကား အသစ်တောင် ဝယ်စီးလိုက်သေး ။)
    ဒီပုံအတိုင်းဆိုလို့ကတော့ အော်………..တို့ဗမာလို့သာအော်လိုက်ခြင်ပါတော့တယ်။

    • Foreign Resident

      April 4, 2012 at 9:41 am

      ကိုပေါက်ရဲ့
      ဩဇီက အသိ တစ်ယောက်က
      တိုင်းရင်းသား တွေကို ချစ်လို့ သူတို့ ဘဝ တိုးတက်စေဖို့ ဆိုပြီး ၊
      ဩဇီ ရောက်လာတဲ့ Refugee တိုင်းရင်းသား တွေကို စုပြီး
      စိုက်ပျိုးရေး လုပ်ငန်း လုပ်တယ်လေ ။
      မြို့နယ် ကောင်စီကလည်း ကောင်းရှာပါတယ် ။
      မြေနေရာက အစ ၊ အရင်းအနှီး အဆုံး စီစဉ်ပေးရှာပါတယ် ။

      ဒါပေမယ့် ကျေးဇူးရှင်တွေက
      အလုပ်လက်မဲ့ ထောက်ပံ့ကြေးပိုက်ဆံ နှင့်ပဲ
      နေ့တိုင်း အရက် ကို ပုံး လိုက် ဝယ်သောက် ပြီး ၊
      ကြက်ဈေးပေါတော့ ကြက်ကြော် နှင့် ထိုင်မြည်း ပြီး ၊
      သူတို့ ဘဝ ကိုကျေနပ် နေလိုက်ကြတယ် ။
      အလုပ် မလုပ် ကြတော့ဘူးလေး ။

      အဘ အသိ ဩဇီ လူခံ လည်း သူချည်းပဲ
      ဒိုင်ခံလုပ်နေရတော့ မခံနိုင်တော့တာနှင့်
      နောက်ဆုံး လုပ်ငန်း ရပ်လိုက်ရတယ် ။

      ဟင်း ။ သဗ္ဗေ သတ္တာ ၊ ကမ္မ သကာ ပါပဲ ။

    • char too lan

      April 9, 2012 at 2:27 pm

      အဘရဲ ့ပစ်မှတ်ကဘာလဲမသိပေမယ့်
      ထိသွားတဲ့ဒဏ်ရာချင်းတူတယ်လေးပေါက်ရေ…
      ဘာလို့လဲ မသိဘူး ကျနော်လဲ
      စိတ်ဝင်တစားဖတ်လို့ကောင်းလာသမျှ
      အဲ့နားကျမှ ရှက်သွားတယ် …. 🙁

  • TTNU

    April 4, 2012 at 10:11 am

    ဆရာFR ရေ…
    Aus က Continent လည်းဖြစ်၊ Country လည်းဖြစ်နေတဲ့ အတွက်
    တစ်ခြားနိုင်ငံတွေထက်စာရင် ပိုမို ထူးခြားတာမျိုး ရှိသလား။
    ကျမ ဆိုလိုတာက.. လူတွေရဲ ့ စိတ်အနေအထား၊ အမြင်တွေပေါ့။

    သူတို့ရဲ ့ Accent ကတော့ Language လေ့လာသူတိုင်းသတိပြုမိလောက်အောင်
    ဖြစ်တယ်လေ။ ဆရာတို့ရော စတင်နေထိုင်ခါစတုန်းက နားထဲ တစ်မျိုးဖြစ်ခဲ့ပါသလား။

    ကျမ မန ္တလေးမှာ Aus-aid ကကျင်းပပေးတဲ့ Human Rights and Responsibilities
    Workshop တစ်ခုတက်ဖူးတယ်။ တော်တော် နားစိုက်ခဲ့ရဖူးတယ်။ နားလည်ရက်သားနဲ့
    သူတို့ အသံက နားထဲမှာချောချောမောမောမဝင်သလိုပဲ။

    • Foreign Resident

      April 4, 2012 at 10:33 am

      ဆရာမရေ
      ကျွန်တော် လည်း သူတို့ အသံတွေကို အခုထိ နားမယဉ် လှပါဘူးကွယ် ။
      ဩဇီမှာ နေတာက နဲနဲ ၊ မြန်မာပြည် နှင့် သင်္ဘော ပေါမှာ များများ ဖြစ်နေတာကိုး ။
      ကျွန်တော့် English စာ အဆင့် ကိုယ်နှိုက်ကလည်း
      သူတို့ High School အဆင့်လောက်ပဲ ရှိမှာပါ ။

      ၁ ။ သူတို့ ဟာ ရှေ့စကားလုံး နှင့် နောက်စကားလုံး ကို အသံပေါင်း ပြစ်လိုက်တယ် ။
      ၂ ။ Phonetic အရဆိုရင် ” ရွှဇ် ” ဆိုတဲ့ အသံကို တော်တော် သုံးတယ် ။

      ဒေသ အနေနှင့် ပြောရရင် ဩဇီတွေဟာ အမေရိကန်လိုပဲ
      အင်္ဂလိပ် ထောင်သား အဖိနှိပ်ခံ Red Neck ဘဝ ကနေ လာခဲ့ရတော့ ။
      အင်္ဂလိပ် ထက်စာရင် အမေရိကန် ကိုပိုကြိုက်တယ် ။
      Gelipoli စစ်ပွဲ နှင့် ပါတ်သက်ပြီး အင်္ဂလိပ် ကို သိတ်အစာမကျေကြဘူး ။

    • Foreign Resident

      April 4, 2012 at 10:59 am

      ” Aus က Continent လည်းဖြစ်၊ Country လည်းဖြစ်နေတဲ့ အတွက်
      တစ်ခြားနိုင်ငံတွေထက်စာရင် ပိုမို ထူးခြားတာမျိုး ရှိသလား ”

      ဩဇီဟာ တစ်ခုတည်းသော ကမ႓ာ့ ကုန်းမြေ ( Vaalbara split to Gondwana ) ကနေ
      အရမ်းစောတဲ့ အချိန် ကတည်းက ခွဲထွက်လာတဲ့ အတွက်
      ( ဆင်တွေ ကျားတွေ မပေါ်ခင် ခေတ် ၊ သားပိုက် ခေတ် လို့ပြောရမှာပေါ့ )
      သူ့ဆီက တိရိစာ္ဆန် တွေဟာ အရမ်း ရှေးကျနေ ပါတယ် ။
      ( Kangaroo & Koala & etc သားပိုက် တိရိစာ္ဆန်များ )
      တခြား ကမာ္ဘ့ ဘယ်ဒေသ တွေမှာမှ မရှိတဲ့ တိရိစာ္ဆန် တွေပါ ။

      တခြား ကမာ္ဘ့ဒေသ တွေမှာ Survive မဖြစ်လို့
      Natural Order အရ မျိုးတုန်း Extinct ပြီးသား တွေပါ ။

      အဲဒီတော့ သူတို့ရဲ့
      တိရိစာ္ဆန် နှင့် အပင် ( Flora & fauna ) စံနစ်ဟာ
      ပြင်ပ ကမာ္ဘ နှင့် အထိတွေ့ မခံနိုင်ရှာပါဘူး ။
      သူတို့ ဒါကြောင့် သူတို့ရဲ့ တိရိစာ္ဆန် နှင့် အပင် လေး တွေကို
      အသည်း အသန် ကာကွယ် နေရှာပါတယ် ။
      ဒါပေမယ့် သူတို့ဟာ မနိုင်မယ့် စစ်ကို တိုက်နေသလိုပါပဲ ။

  • MTY

    April 4, 2012 at 10:37 am

    ဩဇီဘဲပြောင်းနေတော့မယ်

  • ဗိုက်ကလေး

    April 4, 2012 at 10:53 am

    ဟင်း.
    ဘာပဲဖစ်ဖစ်
    ဟိုအဒေါ်ကြီးနှစ်ယောက်တော့ အော်ဇီက အူးလေးကြီးနှစ်ယောက်နဲ ့ ပေါင်းဖက်သွားကြဘီ

  • Khaing Khaing

    April 4, 2012 at 1:42 pm

    ဘဘ FR တို့လိုအသက်ကြီးတဲ့ သင်္ဘောသီးကပ္ပတိန်တွေတော်တော်ခက်တယ် မီးတို့ရုံးမှာလည်းဒီလိုပဲ ဘဘရေ အသက်ကကြီးနေပြီး ပိုက်ဆံတွေလည်းထားစရာနေရာမရှိ အိမ်အကောင်းစားတွေကို ဒေါ်လာတွေ နဲ့ငှား ကိုယ်ကျတော့ တိုက်ခန်းလေးမှာနေ ဒါတောင်အားမရ ရေထဲဆင်း ဘာfeelလဲဘဘရယ် … သင်္ဘော လိုက်တာ မပင်ပန်းဘူးလား ရေထဲမှာပျော်နေလား မိသားစုနဲ့ခွဲနေရတာလေ …. ဘဝတစ်လျှောက်လုံး မိသားစုနဲ့ နေတဲ့အချိန်ဆိုတာ သင်္ဘောသားဘဝမှာ သိပ်များပါတယ် … အင်းကြည့်ရတာ ဘဘတို့ သင်္ဘောတက် ပြီးငွေရှာချင်တာနည်းနည်း အကီလေးတွေနဲ့ကမ်းရောက်ရင်ကဲချင်တာလားဘဘ ….. မီးသိတယ်နော် … အဟိ အဘိုးကြီးတွေ အသက်ကြီးမှ စန်းထနေတာ … ဘဘရေ (နောက်တာနော်ဘဘ) မီးကရုံးမှာ ဘဘတို့လိုအရွယ်တွေဆို အဲသလိုနောက်နေကျ အဟိ …. သူကြီး FR

    ခင်မင်စွာဖြင့်
    Khaing Khaing

    • Foreign Resident

      April 4, 2012 at 4:08 pm

      ” ပိုက်ဆံတွေလည်း ထားစရာနေရာမရှိ ”
      မဟုတ်ရပါ သမီးရယ် ဘုရားပေးပေး ကျမ်းပေးပေး ပါကွယ် ။ မောင်ဂီ ပြောသလိုဆို
      ” မှန်တာပြော AKB48 တစ်ဖွဲ့လုံး နဲ့ ( တယောက်မကျန် ) ညားရပါစေရဲ့ ”
      ပိုက်ဆံ များ တစ်ခါမှ ပိုတယ်ကို မရှိပါဘူးကွယ် ။

      AKB 48 က ဘာ အဖွဲ့မှန်းတော့ မသိဘူး ။
      မောင်ဂီ တို့ ကြိုက်တယ်ဆိုလို့ Good မှာပဲ ဆိုပြီး မှန်းပြောလိုက်တာ ။
      နောက်တော့မှ male တွေ gay တွေ ဖြစ်နေပြီး ၊ တစ်ဖွဲ့လုံးနဲ့သာ ညားရရင် ဒုက္ခ ။

      ” အိမ်အကောင်းစားတွေကို ဒေါ်လာတွေ နဲ့ငှား ၊ ကိုယ်ကျတော့ တိုက်ခန်းလေးမှာနေ ”
      အဘ အိမ် ကိုလည်း နိုင်ငံခြားသားကို ငှားထားပေမယ့် ။
      ရတဲ့ ပိုက်ပိုက် ကို မိဘ ကို ကန်တော့တဲ့ သားလိမ္မာ လေးပါကွယ် ။
      အဘ အခု တိုက်ခန်းလေး မှာတော့ မနေရပါကွယ် ။
      AKB 48 တစ်ဖွဲ့လုံး နဲ့ ညားရပါစေရဲ့ ။ ဟီဟိ ပါးစပ် အရသာ ရှိလိုက်တာ ။

      ” သင်္ဘော လိုက်တာ မပင်ပန်းဘူးလား ။ ရေထဲမှာပျော်နေလား ”
      သမီးရယ် အဘတို့က ရေထဲမှာ အသားကျနေပြီလေ ။
      ဒီနေရာကမှ အဘ တို့ရဲ့ တကယ့်နေရာ လို့ ခံစားရတယ် ။

      မှန်တာတစ်ခုတော့ တိုးတိုးလေး ပြောပြမယ်နော် ၊ သူများတွေကို ပြန်မပြောနှင့် ။
      အမှန်က ၊ ကုန်းပေါ်မှာ မီးကုန်ယမ်းကုန် ကဲပြီးသွားလို့ အားကုန်သွားတဲ့ အခါ ။
      ရေထဲကိုဆင်း အနားယူပြီး ပြန်အားဖြည့်တာကွဲ့ ။ Recharge ပြန်လုပ်တာ ။
      တခြား ရာထူး တော့ မသိဘူး ။ သူကြီးတွေတော့ အကုန်မေးကြည့်လိုက် ။
      ရေထဲ ( သင်္ဘော ပေါ် ) ပြန်ရောက်မှ အနားရတော့တယ် ဆိုတာကြီးပဲ ။
      ( Port အရမ်း စိတ်တဲ့ Feeder သင်္ဘော တွေတော့ မသိဘူး )
      မှန်တာပြော AKB 48 ဟီဟိ ။

      ” အဘိုးကြီးတွေ အသက်ကြီးမှ စန်းထနေတာ ”
      ဟီဟိ ။ သမီးလေး ဆုတောင်းပေးတဲ့ အတိုင်း ပြည့်ရပါစေကွယ် ။ ဟီဟိ ။
      ဟင့် ။ ဆုတောင်းပြည့်လွန်းလို့ ဘဲစာလည်း အကျွေး ခံ နေရဦးမယ် ။
      မောင်ဖေါ ၊ စိတ်လျှော့ စိတ်လျှော့ ။

      • ဖားသက်ပြင်း

        April 5, 2012 at 6:50 am

        အဘရေ …AKB ဆိုတာ ဟောဒါပါ
        AKB48 is named after Akihabara (Akiba for short), the area in Tokyo where, on the 8th floor of a Don Quijote store, the band’s own theater is located.[7] Akimoto’s idea, later advertised as “idols you can meet”, was to create a theater-based idol group whose fans could see the girls live daily.[8][9] AKB48 still performs at the theater every day,[10] although, due to great demand, tickets are now distributed only via a lottery.
        AKB48 holds the Guinness World Record for being the world’s “largest pop group”.[11][12] Currently, it consists of four teams: Team A and Team 4 with 16 members, Team K and Team B with 15 each, summing up to a total of 62 girls as of March 24, 2012.[13] Additionally, there are a number of aspiring members, who are called “kenkyūsei” (“trainees”).[8] Each team produces a new own concert show each theatrical season.

        သို့
        ဂျီးတော်ခိုင်ခိုင် ….

        ဘောက်မဲ့ကြောင့် ဝေဖန်ရပါသနည်း ….
        အဘဖောဟာ ၄ဝစွန်းရုံပဲရှိသေးတာ မသိလေရော့သလား…
        လုပ်နိုင်ကိုင်နိုင် သုံးနိုင် စားနိုင်တုံးအရွယ်မှာ … လုပ်ကြ သုံးကြ စားကြတာ
        အလွန်အင်မတန် မင်္ဂလာ ရှိတဲ့ကိစ္စပါဗျာ …

        နို့မို့ ..သင်ထား ရင်းထားတဲ့ ပညာတွေ အတွေ့အကြုံတွေလည်း နှမျောစရာ
        အိပ်ကုန်မယ့် ပိုက်ပိုက်လေးတွေလည်း အားနာစရာ
        နောက်ဆုံးအချက်က ကိုယ့် လူမျိုး က လုပ်မစားရင် အနှီနေရာကို သူများလူမျိုး ဝင်လုပ်စားပီး
        အနှီ ပညာတွေ ငွေတွေ သူတို့ ဆိုင်ရာ တိုင်းပြည်ကို စီးဆင်းသွားမှာ မဟုတ်လား…

        လက်ရှိဘွ အတွက် ပြည့်စုံ ဖူလုံဘီ ဆိုရင် အသက်ကလေးနည်းနည်းရလာဘီဆိုရင်
        စိတ်ပုတီးလေးဆွဲ ရိပ်သာလေးဝင် လုပ်စေချင်ကြတဲ့ …
        ညည်းတို့ …ဘိရုမာတွေ ခက်သေးဘီ…

        ပုံ
        ရုပ်ဝတ္ထုသမား
        နှူးဘာဂျုပ်
        ဂီ…

        • Khaing Khaing

          April 5, 2012 at 11:51 am

          ဘဘ FR တွေ့လား ပေါ်ပီ ပေါ်ပီ သူကြီးတွေက သင်္ဘောမှာ အနားယူတယ်တဲ့ ဘဘပြောတာ နော် …. မီးကမသိခြင်ထောင်ထောင်နေတာ … ဘဘရေ မိဘကိုလုပ်ကျွေးတဲ့သားလိမ္မာလေးတဲ့ လား .. သာဓုပါရှင် …….. ဘဘရဲ့ဇနီးကိုလည်းချီးကျူးပါတယ် တစ်ချို့မိန်းမတွေက လင်ယောက်ျားက မိဘကိုပေးရင်မကြည်ဖြူကြဘူး ….. ဒါကြောင့်ချီးကျူးတာပါ ….. မီးတို့ဆီမှာရှိ တယ် မိဘကိုပေးချင်တာကို သူတို့လစာတွေ အိမ်ကိုအသိမပေးခိုင်းဘူး ……. မီးမီးက သင်္ဘော သားဘဝကိုနားလည်ပါတယ် ………. သင်္ဘောသားတစ်ယောက်ဖြစ်ဖို့ဆိုတာ မလွယ်ပါဘူး ….. စိတ်ဓာတ်လည်းကြံ့ခိုင်ရတယ်လေ ကုန်းပေါ်မှာအလုပ်လုပ်တဲ့သူတွေနဲ့မတူဘူး ….. ဘဘတို့လို လူတွေကျတော့ ကုန်းပေါ်ရောက်ရင် ရေထဲကငါးကုန်းပေါ်တင်သလို ဖြတ်ဖြတ်ကိုလူးနေတာ မှတ်လား …. ဘဘတို့လို သူကြီးတွေက ပိုက်ဆံမရှိဘူးလို့ ညည်းရင် အောက်က crewတွေက ဘယ်လိုလုပ်မလဲဘဘ ……. ဘဘနော် မုန့်ဝယ်ကျွေးရမှာစိုးလို့ အိုင်တင်လုပ်နေတာမှတ်လား .. သင်္ဘောသားတွေကအဲလိုပဲ သူတို့အကီလေးတွေနဲ့ဆို သိပ်ကဲ မီးတို့ကိုမုန့်ကျွေးရမယ်ဆို ငိုပြကြတယ် …… မစားပါဘူးနော် … ဘဘတို့ရေထဲမှာ သက်စွန့်ဆံဖျားရှာထားတဲ့ငွေတွေကို …. ဘဘရေ မီးကစနေတာနော် ဘဘကန်တော့ …

          ဒီမှာ ဦးကြီးဂီ
          ဘဘ FR အသက်ငယ်မှန်းမသိလို့ပြောမိတာ အမလေးလေး ကတ်ကတ်လန်အောင်ကို ရန်တွေ့တော့တာပဲ ညည်းဘာသိလဲ တစ်ချို့သင်္ဘောသားတွေရဲ့ အသက်က အာမခံတောင်မရတော့ဘူး ဒါတောင်ရေထဲဆင်းချင်သေးတယ် အဲလိုနဲ့ရေထဲမှာ သေသွားကြ တာ တစ်ချို့ဆို မိသားစုနဲ့နေတဲ့အချိန်ထက် ရေထဲဆင်းတဲ့အချိန်ကများတယ် အဲဒါအိမ်ကမိသားစုရဲ့ ဘဝကဘာအဓိပ္ပာယ်ရှိမလဲ ပိုက်ဆံတွေအများကြီးရှာပြီ မိသားစု ပျော်ရွင်ချမ်းမြေ့မှုမရှိရင် အဲဒီရှာထားတဲ့ငွေတွေက ဘာလုပ်မလဲ … အသက်ကြီးမှ ပုတီးဆွဲရမယ်ဆိုရင် ကိုယ့်အသက်ကို ဘယ်သူက ကြီးတဲ့အထိနေရမယ်လို့ အာမခံပေးထားတာလဲ အဲလိုပေးတဲ့လူရှိရင်တော့ မီးလည်းပေးထားချင်တယ် …. ဦးကြီးဂီပြောတာတွေလည်းမှန်ပါတယ် လူတစ်ကိုယ်စိတ်တစ်မျုးိပါပဲလေ ကိုယ်သန်ရာသန်ရာ ပတ်ဝန်းကျင်မှာ အားသန်နေကြတာပါပဲ …… ဦးကြီးဂီလည်းမမှားပါဘူး ………

  • နေဝန်းနီ

    April 4, 2012 at 9:29 pm

    အဲစလိုဆိုရင်တော့ ဒီကလွှတ်တော်အမတ်တွေကို အော်ဇီသွားပြီးလေ့လာခိုင်းဦးမှ….။ ဒီမိုကရေစီဆိုတာ ဘာလဲ သူတို့ သေချာကောင်းကောင်းနားလည်သေးတာမဟုတ်ဘူး…။ ဟိုစမ်းဒီစမ်းပဲ ရှိသေးတာ…။ (အဲ ဟိုစမ်းဒီစမ်းဆိုတဲ့သကားက သူတို့ချင်းချင်းပြောတာကြားလာတာနော် )

  • မိုင်ဆွန်ခ မင်္ဂလာတရာ;အော...........

    April 4, 2012 at 10:01 pm

    ဘဖောရေ….
    မောင်ရှမ်းကတော့ ဘယ်မှမရောက်အမှတ်တရပါပဲ…..
    ကိုယ့်အိမ်လောက်ကောင်းတာဘယ်နေရာမှမရှိဘူးလို့သတ်မှတ်ထားပါတယ်….
    အဘပြောတဲ့ …. ဩဇီဆိုတဲ့နေရာကြီးကိုကော… သူများတွေပြောတဲ့နိုင်ခြံဂါးဆိုတာကြီးကိုကော ရောက်ဖူး
    ချင်ပါတယ်…ဒါပေမယ့်….အလုပ်နဲ့မဟုတ်ဘဲ…visit တို့ scholarတို့နဲ့ပဲသွားချင်ပါတယ်…..
    အလုပ်နဲ့ဆိုလဲ မြန်မာနိုင်ငံကဥပဒေပညာတတ်ကကမာ္ဘ့တန်းဝင်အဖြစ်သွားဖို့ကမလွယ်ပါဘူး…..
    မြန်မာ့ဥပဒေက… သူများဥပဒေတွေထက်တမူထူးပြီးရူးချင်သလိုလိုဖြစ်အောင်ဆွဲထားသလားမသိ…
    အလုပ်လျှောက်လို့… ဥပဒေပညာရှင်ဆိုရင်ဘယ်ကုမ္ပဏီကမှလက်မခံဘူးလို့…ကျွန်တော့်သူငယ်ချင်းဥပဒေ
    ကျောင်းဆင်းတစ်ယောက်ကပြောပါတယ်… နိုင်ငံခြားကိုအလုပ်ထွက်လုပ်ချင်ရင်တစ်ခြား…အိုင်တီပိုင်းတို့
    အင်ယာလိုင်းတို့…မာကတ်တင်းပိုင်းတို့…အမ်ဘီအေပိုင်းတို့နဲ့ပဲလက်ခံကျတယ်ပြောပါတယ်…..
    ဒီလိုဆိုမြန်မာနိုင်ငံရဲ့ဥပဒေတွေကို နိုင်ငံတကာကလက်မခံနိုင်ဘူးလို့ပြောချင်တဲ့သဘောလားလို့တွေးမိ
    ပြီး….. မြန်မာနိုင်ငံကဥပဒေပညာရှင်တစ်ယောက်အနေနဲ့နိုင်ငံတကာနဲ့ရင်ဘောင်တန်းဖို့မလွယ်ဘူးလို့
    အတွေးရောက်ပါတယ်…. ဘဖောနှင့်တကွသောအဝေးရောက်မြန်မာနိုင်ငံသားရွာသားများက…
    ကိုယ်ရောက်နေတဲ့နေရာမှာမြန်မာ့ဥပဒေပညာရှင်များအရေးပါအရာရောက်မှုများတွေ့ဖူးခဲ့ရင်…
    လက်တို့ပြီးရှင်းစေချင်ပါတယ်….
    ခင်တဲ့…မောင်ရှမ်း…..

    • Foreign Resident

      April 6, 2012 at 7:08 am

      မိုင်ဆွန်ခ ရဲ့

      ဥပဒေ အကြောင်းကတော့ အဘ သိပ်မနီးစပ်ဘူးကွယ့် ။
      ဆစ်ဒနီမှာတော့ မြန်မာရှေ့နေ ၂ ယောက်လား ကြားဖူးတယ်ကွယ့် ။
      ဒါပေမယ့် သူတို့က ဩဇီ ဥပဒေ ဘွဲ့ရတွေလေ ၊ မြန်မာပြည်က ရတာ မဟုတ်ဘူးကွယ့် ။

      အဘ သိသလောက် နိုင်ငံတိုင်းက
      သူတို့ဆီက Local ဥပဒေ ဘွဲ့ရတွေကိုပဲ
      အသိအမှတ်ပြု ရှေ့နေလိုက်ခွင့် Licence ပေးတယ်လေ ။

      တစ်နိုင်ငံ နှင့် တစ်နိုင်ငံ ဥပဒေတွေ စီရင်ချက်တွေ
      အယူအဆတွေ က တူမှမတူကြတာလေ ။
      ဥပမာ ဆော်ဒီမှာ ခိုးရင် လက်ဖြတ်တယ်လေ ။
      မွတ်ဆလင် ဘာသာကနေ တခြား ဘာသာပြောင်းရင် သေဒါဏ်လေ ။

      ဒါကြောင့် ၊ မြန်မာနိုင်ငံမှာ နိုင်ငံခြားသား ကုမ္ပဏီတွေ တရားလာရင်ဆိုင်ရင်တောင်
      မြန်မာ ရှေ့နေ ငှားရတယ်လေ ။ နိုင်ငံခြားသား ရှေ့နေ ဘယ်လောက် တော်တော်
      ဘယ်လောက် ဘွဲ့ကြီးတွေရရ ၊ ဥပဒေ အကြံပေးလောက်ပဲ လုပ်လို့ရမယ် ။
      တရားရုံး ကိုယ်နှိုက်က အသိအမှတ် Recognize မပြုဘူး ထင်တယ် ။

      နှစ်စ်နိုင်ငံ နားလည်မှု အသိအမှတ် ပြုမှု
      စာချွန်လွှာ လက်မှတ်ထိုးထားရမယ်ထင်တယ် ။
      ဒါမှမဟုတ် တက္ကသိုလ် နှစ်ခု ဘွဲ့တွေကို အပြန်အလှန်
      အသိအမှတ် ပြုမှု Agreement ရှိရမယ်ထင်တယ် ။

      ဥပမာ အားဖြင့် မြန်မာ ဆရာဝန်ခြင်းတူတာတောင်
      မကွေး ဆေးကျောင်းက ဘွဲ့ရတဲ့ ဆရာဝန်တွေကို
      နိုင်ငံတကာက အသိအမှတ် မပြုသလိုပေါ့ ။
      ( အခုတော့ အဆင်ပြေသွားပြီလား မသိဘူး )

      နိုင်ငံတကာ အငြင်းပွားမှုတွေကို
      နိုင်ငံတကာ ဥပဒေ နှင့် ဆုံးဖြတ်တဲ့ အခါ ဆိုရင်တော့ ၊
      တမျိုးပေါ့လေ ။

  • Foreign Resident

    April 5, 2012 at 10:07 am

    ” ဂျီးတော်ခိုင်ခိုင် ….
    ဘောက်မဲ့ကြောင့် ဝေဖန်ရပါသနည်း ….
    အဘဖောဟာ ၄ဝ စွန်းရုံပဲရှိသေးတာ မသိလေရော့သလား ”

    အင်းးးး ဆရာဂီ လုပ်တာနှင့်
    အဘ အကြောင်းတွေတော့ ပေါ်ကုန်ပါပြီ ။

    ဟုတ်ပါတယ် ။
    လူတွေက ကပ္ပတိန် ဆိုတာနှင့် အသက်ကြီးပြီလို့ ထင်နေကြတာပါ ။
    အခုခေတ်မှာ ၃၃ နှစ်လောက်ဆို ကပ္ပတိန် ဖြစ်နေပါပြီ ။

    အသက် ၃၆ နှစ်လောက် နှင့်
    လစာ ဒေါ်လာ ၁၂,၀၀ဝ ကျော် ရနေတဲ့
    ကပ္ပတိန် တွေ ရှိပါတယ် ။

    လစာ နှင့်ပါတ်သက်ပြီး ပြောရအုန်းမယ် ။
    မနှစ်ကပေါ့ Passport ရုံးမှာ
    အဘ Chief Officer စာမေးပွဲ ဖြေတုန်းက အတူတူ ကျောင်း တက်ခဲ့တဲ့
    သူငယ်ချင်း နှင့် ရုတ်တရက်တွေ့ လိုက်ပါတယ် ။
    အဘ လည်း ဩဇီ ရောက်နေတော့ အဆက်ပြတ်နေတာ ကြာပြီပေါ့လေ ။
    ဝမ်းသာအားရ နှုတ်ဆက်ကြရင်း သူ့အကြောင်း ကိုယ့်အကြောင်း ပြောကြတာပေါ့ ။
    အဘ လည်း မေးတာပေါ့ ဘယ်လိုင်းမှာလဲ ဘယ်လောက်ရလဲ အဆင်ပြေလား ပေါ့ ။
    အဲဒီမှာ လစာ ဘယ်လောက်လဲလို့မေးလိုက်တာ ၊
    သူက ပြန်ဖြေတယ် ” ၇၀ဝ ” တဲ့ ၊
    အဘ လဲ ပဟေဋ္ဌိ ဖြစ်သွားတာပေါ့ ၊ ဟ နဲလှချီလား ပေါ့ ။
    ငါများ လူမှား နှုတ်ဆက် မိသလားပေါ့ ။
    Chief Mate ဖြေတုန်းက သူငယ်ချင်း မှ ဟုတ်ရဲ့လားပေါ့ ။
    ပြီးမှ သူက ရှင်းပြတယ် ဒေါ်လာ ၇၀ဝ ဆိုတာ တစ်ရက် ရတာပါတဲ့ ။
    တစ်လ ကို ၂၁,၀၀ဝ ဒေါ်လာ ရပါတယ်တဲ ။
    သူက Dynamic Positioning Master လုပ်နေပါသတဲ့ ။
    ရေနံစင် Oil Rig တွေရဲ့ Supply & Support Boat တွေမှာ ကပ္ပတိန် တဲ့လေ ။
    ဒါတောင် သူက Junior ကပ္ပတိန် မို့တဲ့ ။
    Senior ကပ္ပတိန် အဖြူတွေ ဆိုရင် တနေ့ကို ၁,၀၀ဝ ကျော်တယ်တဲ့ ။

    အဲဒီတော့ကာ ။ ကြုံကြိုက်လို့ အကြံပေးတာပါ ။

    ရွာသား လူငယ် အပေါင်း တို့ရေ ၊
    ပင်ကိုယ် ဉာဏ်ရည်လေးလဲ ရှိမယ် ၊ အပင်ပန်းလဲ ခံနိုင်မယ် ဆိုရင် ၊
    သင်္ဘောသား လုပ်ကြဖို့ အဘ အကြံပြု တိုက်တွန်း ပါရစေကွယ် ။

    အင်းးး ရွာသူတွေ ကိုတော့ ၊ ဘယ်လိုပြောရပါ့ ။ ဆဲခံထိတော့မှာပဲ ။

    အခုခေတ်ကြီးမှာ ကိုယ့်ရဲ့ ရိုးရိုးသားသား ကြိုးစား အားထုတ်မှု နှင့်ပဲ ၊
    ကိုယ့်ရဲ့ ဖြူစင် သန့်ရှင်းတဲ့ ချွေးစက်တွေ ကိုရင်းပြီး ၊
    ချမ်းသာနိုင်တဲ့ နည်းလမ်းက ရှားပါး လွန်းလှပါတယ် ။

    အဘ အကြံပြုတာတောင် နောက်ကျနေပြီလား မသိ ။
    ဘာတဲ့ ၊ မနှစ်က ရေကြောင်း တက္ကသိုလ် ဝင်ခွင့် အမှတ်က ၊
    ဆေး တက္ကသိုလ် ဝင်ခွင့် အမှတ်ထက် ၆ဝ ကျော် များတယ်တဲ့ ။
    ဘုရား ၊ ဘုရား ၊ အမှတ် ၆ဝ ကွာတယ် ။
    အင်းးးး ။ ဒီတိုင်းပြည်ကတော့ ဘယ်ကြည့်ကြည့် လွဲနေသလိုပါပဲ ။

    ဘာပဲပြောပြော ၊ သင်္ဘောသား ရတဲ့ပိုက်ဆံဟာ အရမ်းဖြူစင်ပါတယ်ကွယ် ။

  • aungmyintmyat

    April 15, 2012 at 4:33 pm

    FR ကြီးရေ ခင်ဗျားနဲ့ ကျွန်တော်က တော်တော်လေးကို ရေစက်ပါတယ်ထင်တယ်နော်။ ဘာဖြစ်လို့လည်းဆိုတော့ ခင်ဗျားရေးတာတွေ တော်တော်များများ ကျွန်တော်ခံစားချက်နဲ့ တော်တော်ကြီး လွဲတယ်။( ဟဲဟဲ ခင်ဗျားရီနေကြမို့ လိုက်ရီကြည့်တာနော်)။ ရွာထဲက စည်းကမ်းအတိုင်း PERSONAL ကို မထိအောင် ပြောမယ်နော်။ မတော်လို့ ထိမိသွားရင် သူကြီးဆီ ကျွန်တော်ကိုယ်တိုင် ထိတ်တုံး ခတ်ခံမယ်နော်။ ကဲပါ ခင်ဗျား ပြောပြောနေတဲ့ ဩဇီက တော်တော်ကြီး ဖွံ့ဖြိုးပြီးတာကိုတော့ လက်ခံပါတယ်။ တကယ်လည်း ဟုတ်နေတာပဲလေ။ ဒါပေမယ့် ဆရာမငွေတာရီရေး ကဗျာလေးတပုဒ် အဘ ဖတ်ဖူးလား။ မဖတ်ဖူးခဲ့ရင်လည်း နောက်မှ ကဗျာ မူရင်းတင်ပေးမယ်နော်။ အခု ကဗျာထဲက အကြောင်းအရာကိုပဲ ပြောပြမယ်။ ဆရာမငွေတာရီက သူများခြံထဲမှာ ကြည့်လိုက်တော့ ပန်းတွေနဲ့ သာယာတယ်။ ကိုယ့်ခြံထဲမှာတော့ ပေါင်းပင်၊ မြက်တွေနဲ့ နေချင်စဖွယ် မရှိဘူးတဲ့။ ဒါပေမယ့် စိတ်မပျက်ပါဘူး နောင်တချိန်မှာ သူတို့လို ဖြစ်ရမယ် ရည်မှန်းပြီးတော့ ကြိုးစားရင် တချိန်မှာ သူတို့လိုပဲ ဖြစ်လိမ့်မယ်တဲ့။ ဒါပေမယ့် ကဗျာဆရာမ စိတ်ကူးမရှိတာက သူတို့ခြံလှလို့ဆိုပြီး သူတို့ဘက်မှာနေ၊ သူတို့ကိုပဲချီးမွှမ်း၊ ကိုယ့်ခြံကိုဖြစ်သလိုထားတဲ့( အဘ ပြောနေကျ စကားလို တာဝန်မဲ့တဲ့) စိတ်ဓတ်ပါဗျာ။ ဟုတ်ရဲ့လား အဘ FRကြီးေ၇။ ပြောလည်း ခင်ဗျားက ဗမာတွေ၊ ရခိုင်တွေ လုပ်ချင်လုပ်နေဦးမယ်။ အင်းလေ ခင်ဗျားတို့ဆီမှာစာရေးဆရာမ ငွေတာရီလို ထက်မြက်တဲ့သူ ရှိတော့ရှိလောက်မှာပါနော်။ ထင်တာပဲ။(မှတ်ချက်။ ။ လူမျိုုးခွဲခြားခြင်းကို လက်မခံခြင်းသာ ဖြစ်ပါကြောင်း။ ဒီနေ့ဒီအချိန်ထိ တိုင်းရင်းသား သူငယ်ချင်းများနဲ့ ညီအကို လို ဆက်ဆံမှု့သာရှိခဲ့သည်။ ရင်းနှီးစွာ ပြောင်နှောက်ဆဲဆိုမှု့များရှိသော်လည်း မည်သူမှ တဦးကိုတဦး ရိုင်းပြစွာ ဆက်ဆံဖူးခြင်း မရှိပါကြောင်း။ ဤမှန်သောသစ္စာစကားကြောင့် တိုင်းရင်းသားများအားလုံး ညီညွှတ်အောင် ဆောင်ရွက်နိုင်သော နည်းလမ်းနှင့် ဆောင်ရွက်ပေးနိုင်သော ပုဂ္ဂိုလ် အမြန်ဆုံး ပေါ်ပေါက်ပါစေဟု ဆုတောင်းရင်းးးးးး
    မြန်မာပြည်ကိုသာလျှင် ချစ်သော အောင်မြင့်မြတ်

  • aungmyintmyat

    April 15, 2012 at 4:58 pm

    အဘ FR ကြီး ရေ ဆောရီး တနေကုန် ဒီထဲက မထွက်တော့ မန့်ချင်တာမန့်လိုက်တာ ပို့စ် မကြည့်လိုက်ရဘူး။ ဆောရီးနော်။ ဟဲဟဲ ။ အပေါ်က မန့်တာက စဉ်းစားကြစေလိုပါတယ် (၁၈) အတွက်နော်။ ဆောရီး။ ဟဲဟဲ။

  • metallic

    April 15, 2012 at 11:07 pm

    “” မြန်မာပြည်က ကျန်ခဲ့တဲ့ ဆွေမျိုးတွေကို

    တစ်လ နှစ်သိန်း ထောက်နိုင်တဲ့ အပြင် ၊
    ကား အသစ်တောင် ဝယ်စီးလိုက်သေး ။””

    ရှက်ဖွယ်

    မုဒိတာပွားနိုင်ကြပါစေဆိုတဲ့ စာသားလေးပို့စ်ရဲ့အဆုံးမှာမတွေ့ရပေမယ့်
    အဟုတ်ကြီးကို မုဒိတာပွားမိပါတယ်။

Leave a Reply