ယောကျင်္ားလေးတို့၏မာယာ
ယောကျင်္ားးလေးတွေအကြောင်း ကိုပြောချင်တာပါ သောကျင်္ားတိုင်းတော့မဆိုလိုပါဘူး ဒါပေမယ့် လည်းယောကျင်္ားလေးတချို့တဝက်က ဘာလို့ လူစိတ်မရှိ သလည်းကိုယ့်ကြိုက်နှစ်သက်လို့ ယူထားကျတယ် ယူပြီးဘယ်ခောက်မှမကြာသေးဘူး ကိုယ့်ယူထားတဲ့မိန်းမကခွဲရင် ကျန်တဲ့မိန်းမ လှတယ် ဖြစ်ကုန် ရော အဲလိုဆိုအစထဲကမယူနဲ့လေ ကိုယ့်ကတော့လူပျိုပြန်လုပ်မယ် ကျန်တဖက်သားမိန်းကလေးကဘယ် လို အပျိုပြန်လုပ်မလည်းကိုယ့်ကတော့ ကျော့ကျော့မော့မော့နဲ့ ပျော်ပျော်ရွှင်ရွှင်နဲ့ မိန်းကလေးမှာတော့မျက်ရည် ပင်လယ်ဝေရှာနေတယ် ကိုယ့်နှမသူ့နှမကိုယ်ချင်းစာနာကျင် ဘယ်လောက်ကောင်းမလဲနော် မြန်မာပြည် အတွင်းမှာတောင် မြန်မာအချင်းချင်း ချစ်ခင်မြတ်နို်းလို့ယူကျတယ် ပြီးကျတော့ ကွဲကျတယ် နောက်တယောက် ထပ်ထားတယ် ဘယ်လောက်လွယ်တဲ့ခေတ်ကြီးလည်း နောက်ဆုံးအဆုံးသတ်ကတော့ မိန်းကလေးတွေဘဲ ကလေးတွဲလျောင်းနဲ့ပြုစုစောင့်ရှောက် ကျန်ခဲ့ ရတော့တာပါဘဲ မိန်းကလေးတွေလည်း ယံကြည် လွယ်တာလည်း မကောင်းသလို သူတို့ပြောတဲ့ လေထဲမှာလည်းမမြော ဘဲကိုယ့်အပျိုစင် ဘဝလေးကိုထိန်းသိမ်းတက်နိုင် ကျပါစေ အမှားပါရင်ခွင့်လွှတ်ပါနော် ညီမအလုပ်မှာ လက်တွေ့ကြုံတွေ့နေရတဲ့ အမတွေရဲ့ ခံစားကိုယ်ချင်းစာလို့ ရေးသားတင်ပြတာပါ မန်းဂေဇက် မှကိုကိုမမများ မောင်လေးညီမလေးများလည်း အမှားပါရင် ခွင့်လွှတ်ပေးကျပါနော်
23 comments
water-melon
April 7, 2012 at 6:46 pm
ဟွန်းပြောရမယ်ဆိုရင်တော့
သများက ခုမှလူပျုိုလေးဆိုတော့ သိဘူး
ရွာထဲက မိန်းမရှိတဲ့သူတွေမေးကြည့်လိုက် သူတို့ဖြေပေးလိမ့်မယ်
ကဲ မိန်းမရှိတဲ့သူတွေဖြေပေးလိုက်တော့
ဘာလို့ပွေတာလဲတဲ့
ssa
April 7, 2012 at 7:15 pm
အရင်ဆုံး မိန်းမယူလိုက်အုံးမယ်…
ပီးရင် ပြောပြမယ် နော်..
alinsett
April 7, 2012 at 7:44 pm
ယောကျာ်းတိုင်းကို မဆိုလိုသွားလို ့ေ တာ်ပါသေးရဲ ့ ။ စနိုးဝှိုက်ရေ…. ။
ကိုယ် လည်း….အဲဒီလို ယောကျာ်းသားတွေ.ကို ကျား.ချင်းချင်းတောင် နားမလည် ပါဘူး။
အမှန်တော့… စာနား နားလည် မှု.လေး နဲ ့ ..သူ ့ ဘက် ကိုယ် ့ဘက် မျှေ တွး လိုက်ရင် .ေ.ကာင်းမှာပါနော် ။
မိန်းကလေး တွေ.ကိုတော့..ပိုပြီး.. ညာှာ တာ သင့်ပါတယ် ။
ကိုယ် ့လည်း..မိန်းမ မရသေးတော့..ဒီလောက်ပဲ.ပြောတတ်သေးတယ် ။ အဟဲ..ကြော်ငြာ ဝင်လိုက်ပြီ။
Foreign Resident
April 7, 2012 at 8:01 pm
အင်းးးးး ရွှီး ကြည့်မယ်နော် ။
၁ ။
မိန်းကလေး တွေက ယောက်ျားလေး တွေကို
အားကိုးဖို့ မယူပါနှင့် ၊ အဖေါ်သဟဲ အဖြစ်နှင့်ပဲ ယူပါ ။
မိန်းကလေး တွေဟာ ကိုယ့်ဝင်ငွေ နှင့်ကိုယ် မတ်မတ် ရပ်နိုင်ရမယ် ။
ကိုယ် က သူများသွား အားကိုးရင်တော့ အောက်ကျို့ရမှာပဲ ၊ အနှိပ်စက်ခံရမှာပဲ ။
အောက်ကျို့ချင် ၊ အနှိပ်စက်ခံချင် ရင်တော့ အားကိုး ရှာကြပေါ့ ။
၂ ။
အိမ်ထောင် ကျကျချင်းလည်း ကလေး မယူပါနှင့် ။
ကိုယ့် ယောက်ျားရဲ့ ခြေလှမ်းကို စောင့်ကြည့်ပါအုန်း ။
၃ – ၄ နှစ်သေချာမှ စိတ်ချရမှ ကလေး ယူပါ ။
၃ ။
အလှ ဂုဏ်မတက်ပါနှင့် ။
အလှ ဆိုတာ ခဏတာပဲ သုံးလို့ရတာပါ ။
အလှက ငွေနှင့် ပြောင်းပြန် အချိုး ကျပါတယ် ။
ငွေ က ကြာတာနှင့် အမျှ အတိုးတွေတက်ပြီး ပွားလာပါတယ် ။ တက်ကုန်ပါ ။
အလှက နေ့စဉ်နှင့်အမျှ တန်ဖိုး တဖြေးဖြေး ကျလာပါတယ် ။ ကျကုန်ပါ ။
ချောတဲ့ လှတဲ့ ကောင်မလေးတွေ နေ့စဉ်နှင့် အမျှ ငါ တန်ဖိုးကျနေပါလား ဆိုတာ
တွေးထားရင် အမှန်နှင့် တော်တော် နီးစပ်ပါတယ် ။
အထူးသဖြင့် ခုခေတ်ကြီးမှာ လန်ပြန်နေအောင်ချောပြီး မထင်ရက်စရာ
ကောင်မလေးတွေတောင်မှ ငါးသောင်း တစ်သိန်း ပဲရှိတော့တာပါ ။
၄ ။
စိတ်ကူး မယဉ်ပါနှင့် ။ မတုံးပါနှင့် ။
မိန်းကလေး တစ်ယောက် လှချိန်မှာတော့ ဝါးကောင်းယုံ
ယောက်ျားလေးတွေက အလိုလိုက်မှာပါ ၊ ချော့မှာပါ ။
အထူးသဖြင့် ၊ အဲလို အလိုလိုက် ချော့တဲ့ ယောက်ျားလေးတွေဟာ
ခပ်တုံးတုံးကောင်တွေ နှင့် လူလိမ်တွေ ဖြစ်လေ့ရှိပါတယ် ။
အဲဒီတော့ အလိုလိုက် ချော့တာ ကိုကြိုက်တယ် ဆိုရင် ၊
အဲဒီ မိန်းကလေးကိုယ်နှိုက်ကိုက
လိမ်တာကို လူလိမ်ကို ကြိုက်တဲ့ သဘောရှိပါတယ် ။
အဲဒါ ဆိုရင်တော့ သူ့ထိုက် နှင့် သူ့ကံပါ ။
၅ ။
မိန်းမ ယောက်ျား လူသား အားလုံးမှာ မာယာ ရှိပါတယ် ။
မာယာ မရှိတဲ့လူ လိုချင်ရင် ဘုရား ရဟန္တာ ရှာယူပါ ။
ရိုးရိုးလူ ဆိုရင်တော့ လိမ်မယ်လို့ မျှော်လင့်ထားရမှာပဲ ။
မမျှော်လင့်ထားရင်တော့ အဲဒီ အထင် ဟာမှားနေပြီ ။
၆ ။
အဘ ကတော့
မိန်းမ တစ်ယောက်ကို တနေ့ကွဲပါစေ ဆိုတဲ့စိတ်နှင့်လည်း မယူဘူး ။
နောက် ၁ဝ နှစ်ကြာရင် ငါမယားငယ် ထားမယ် ဆိုတဲ့စိတ်နှင့်လည်း မယူဘူး ။
ဒါပေမယ့် အရမ်း အဆင်မပြေရင် တော့
စိတ်ဆင်းရဲခံပြီး ဆက်ပေါင်းရန် အကြောင်းမရှိပါဘူး ။
သူလည်း နောက်ယောက်ျားယူ ၊ ကိုယ်လည်း နောက်မိန်းမယူပေါ့ ။
ကလေးရှိရင် တစ်ယောက်တစ်ဝက် ခွဲမွေးကြပေါ့ ။
အဲဒါဟာ လူမဆန်တာ မဟုတ်ဘူးလို့ ထင်ပါတယ် ။
အဲဒါကမှ တကယ့်ကို လူသားဆန်ဆန် တုံ့ပြန်တယ်လို့ ထင်ပါတယ် ။
ချာလီဂဇက်ဒလဝမ်
April 7, 2012 at 10:49 pm
အမလေးဗျာ ကျမ်းပိုင်ကြီးပါလား
အစုံပဲဗျို့
မှန်တာတွေ အရမ်းပြောတတ်တာပဲ
မှန်လွန်းလို့ ဟိုတခါလို ခက်နေပါ့မယ် အဘရယ်။
ဦးဦးပါလေရာ
April 7, 2012 at 11:35 pm
ကော်နက်ရှင်သာကောင်းရင်တော့
ကိုဖေါရင်းကျေးဇူးနဲ့ ပိုစ့်တပုဒ်ရတော့မှာပဲ.. 😀
ကျုပ်ပိုစ့်တင်ဖြစ်ရင် လာအားပေးငြင်းခုံဘို့ ကိုဖေါရင်းကိုဖိတ်တယ်နော… 😀
Foreign Resident
April 8, 2012 at 10:18 am
ပြောစရာလေး တစ်ခု ကျန်ခဲ့လို့ပါကွယ် ။
ရှေ့က Comment မှာ ရေးထားတာတွေ ဖတ်ပြီး
အဘ ကို အမျိုးသမီး မုန်းသူ လို့ ထင်မှာစိုးလို့ ။
မဟုတ်ရပါဘူးကွယ် ။ အဘ သိပါတယ် ။
အမျိုးသမီးတွေ ဘဝဟာ အရမ်း သနားစရာ ကောင်းတယ် ဆိုတာ ။
မိန်းမငယ်လေးတွေ အပျိုပေါက် ဘဝ ရောက်လာကြတော့
ငယ်ဂုဏ်အရ ၊ လှပနုနယ် ချစ်စဖွယ် အရွယ်လေးတွေ ဆိုတော့
ဝိုင်း အလိုလိုက် ကြ ၊ ခင်မင်ချင်ကြ ၊ ကူညီချင်ကြ တဲ့ သူလည်း မရှားဘူး ပေါ့ကွယ် ။
အဲဒီ အချိန်မှာ မိန်းမငယ်လေး ရဲ့ အမြင်မှာ လောကကြီးက
ပန်းခင်းသောလမ်းကြီး လို့ထင်ယောင်မိ စရာပေါ့ ။
အဲဒီလို ထင်အောင်လည်း ပါတ်ဝန်းကျင်က ပံပိုးကြတာကိုး ။
သတိ ။ အဲဒါဟာ အန္တရာယ်ပါ ။ အထင်မှား အမြင်မှား ပါ ။
အဲ နောက် နှစ် ၂ဝ အကြာ ၊ အဲဒီ မိန်းမငယ် ဟာ မိန်းမကြီးဖြစ်လာပြီ ။
ငယ်ရွယ်မှု နှင့် အလှအပတွေ ကုန်ဆုံးသွားတဲ့အခါ ။
အလိုလိုက်မယ့်သူ ၊ ကူညီမယ့်သူ ၊ ချော့မြူမယ့်သူ တွေ မရှိတော့ပါဘူး ။
အဲဒီအခါကျတော့ အဲဒီ မိန်းမ အတွက် ရုတ်တရက် ဆိုသလိုပဲ ၊
လောကကြီးဟာ အရမ်း ကြမ်းတမ်းသွားပါတယ် ။
အမှန်ကတော့ လောကကြီးဟာ
အခုမှ ရုတ်တရက် ကြမ်းတမ်းသွားတာ မဟုတ်ရပါ ။
လောကကြီးဟာ နဂိုကတည်းက ကြမ်းတမ်းပြီးသားပါ ။
သူမ မိန်းမငယ် ဘဝတုန်းကတော့ အဲဒီ ကြမ်းတမ်းမှုတွေကို
မမြင်နိုင်ရအောင် ပါတ်ဝန်းကျင်က ( ယောက်ျားတွေတင်မကဘူးနော် )
ဝိုင်းပြီး ဖုံးကွယ် ထားကြတာပါ ။
အမှန်တရားက အဲဒီ ကြမ်းတမ်းတဲ့ အစစ်အမှန် လောကကြီးကို
အသက် ၃ဝ ကျော် မိန်းမကြီးဖြစ်တော့မှ သူမ က မြင်တာပါ ။
ဒါပေမယ့် အဲဒီအချိန်မှာ သူမ အတွက် ၊ တော်တော်လေးကို နောက်ကျနေပါပြီ ။
ကြီးလာတဲ့အချိန်ကြမှ ငယ်ရွယ်တုန်း သင်သင့်တဲ့ အဋ္ဌာရသ ပညာတွေကို
ပြန်သင်ယူဖို့ အချိန်ကော အခြေအနေကော က အခွင့်မသာတော့ပါဘူး ။
( ငယ်ရွယ်စဉ် အစွမ်းကုန် မကြိုးစားခဲ့တဲ့ မိန်းမငယ် တွေကို ဆိုလိုတာပါ )
အဲဒီမှာ သူမဟာ ကြမ်းတမ်းတဲ့ လောကကြီး ထဲမှာ
သူမရဲ့ အသက်ကြီးပိုင်း ဘဝ ကို ခက်ခဲ ပင်ပန်း စွာ ဖြတ်သန်းရင်း
အလိုမကျစွာ မြည်တွန် တောက်တီး နေတော့တာပါပဲ ။
ဆိုင်မွန် ဒီဗူးဗွား ရဲ့ Second Sex စာအုပ် ကို ကိုးကားပါတယ် ။
ရွာသူများ စာဖတ်ခြင်းဖြင့် အသိပညာ ကြွယ်နိုင်ကြပါစေကွယ် ။
မဟာ ထမိန်ကြီးဝါဒ
April 8, 2012 at 12:34 pm
အဘဖော ရေးတဲ့ပို.စ်တွေ ကွန်မန်.တွေကို အကုန်လုံးနီးပါး ကျနော်ဖတ်ဖြစ်ပါတယ်…
တရုတ်လူမျိုးတွေ အကြောင်းရေးတာကလွဲလို. ကျန်တာ အကုန်လုံး ကြိုက်ပါတယ်၊ လက်ခံပါ
တယ်ဗျာ…အဘပြောတဲ့ စကားတွေက ရိုးရှင်းပြီး သဘာဝကျပါတယ်ဗျာ
manawphyulay
April 9, 2012 at 10:39 am
အဘဖောပြောတာတွေ အကုန်လိုက်နာကြည့်ဦးမယ်လေ… စနှိုးဝှိုက်ပြောတဲ့သူနဲ့တော့ မတိုးချင်တာ အမှန်ပါပဲ။
ကိုရင်မောင်
April 7, 2012 at 8:49 pm
ကောင်းလိုက်တာဘဖေါ့ရေ…..
သဘာဝအကျဆုံး ဆုံးမစာပါ…
ကြောင်ကြီး
April 7, 2012 at 11:19 pm
ယောက်ျားမာယာ
ဖောက်ပြားအစာရှာ
ရောက်သွာပလာဇာ
မောင့်စကားပလာတာ…။
moe minthar
April 8, 2012 at 9:23 am
စနိူးလေးရေ………………
မှန်လိုက်တာနော်….ဘာလို ့လည်းဆိုတော ့ကိုယ်ကလက်တွေ့ ့လေ။
မရှက်ပါဘူးကွာ…..ကိုယ် ့အစ်မကိုသူ ့လင်ကပစ်သွားတာလေ……နောက်တစ်ယောက်တေ ့ွလိူ ့တဲ ့
သက်ပစ်ချင်လောက်အောင်ဒေါသတွေထွက်လိုက်တာ…….ဒါပေမဲ ့တရားနဲ ့ဖြေခဲ ့ရတယ်လေ
စိတ်ရှိတိုင်းသာဆိုရင် ………..ကျနော်လည်းဟိုထဲကထွက်ရမှာမဟုတ်သေးဘူး……။
အမေရိကန်ငတုံး
April 8, 2012 at 9:29 am
အဘဖောစကားလုံးတွေက လန်ထွက်နေတာပဲ သဘာဝလည်းအရမ်းကျတယ်။
သူပို(စ်)တတ်လာလာခြင်းမနေ.ကတည်းက ကျွန်တော်လည်းဘယ်လိုမန်းရ ရင်
ကောင်းမလဲလို.စဉ်းစားနေတာ။ယောက်ကျားလေးတွေကိုနှိပ်ထားသလိုတွေးမိလို.
အဘဖောနဲ.တွေ.မှပဲကိစ္စကအေးတော့တယ်။ပို(စ်)ပိုင်ရှင်ဘယ်လိုပြန်ချေမလဲလို.
သိချင်မိသား 😆
snow white
April 8, 2012 at 10:48 am
ပြန်မချေပပါဘူး ပြန်လည်းမပြောတက်ပါဘူး ကိုယ့်ထက်ကြီးတဲ့အကိုအမတွေ ပြောတာကိုဘဲ ပြန်လည်ဖတ်တယ် အကိုတွေအမတွေ ပြောတာကိုနားလည်အောင်လေ့လာသင်ယူနေပါတယ် မချေပတက်ပါဘူး
snow htet
April 8, 2012 at 12:34 pm
ယောက်ျားတွေချည်းပဲမှားတာမဟုတ်ပါဘူး……..
တစ်ခါတစ်လေတော့လည်း မိန်းမတွေမှာလည်းအပြစ်ရှိရင် ကွဲကြရတာပါပဲ
နှစ်ဦးနှစ်ဘက်စလုံးမကောင်းသလို
တစ်ဦးချင်းမကောင်းတာတွေလည်းရှိတတ်ပါတယ်
ယောက်ျားတွေကတော့ သည်းခံသင့်တာပေါ့နော်
နစ်နာစရာရှိရင်မိန်းကလေးတွေပဲ နစ်နာရတာဆိုတော့လည်း
ယောက်ျားတွေကမကောင်းဘူး……..မာယာသုံးတယ်ပေါ့……..နော်
အမေရိကန်ငတုံး
April 8, 2012 at 1:41 pm
ဟုတ်ပါတယ်ပေါ့နော် 😀 🙂 အပြစ်တင်တာမဟုတ်ရပါ။တစ်ဖက်သက်မဆန်စေချင်လို.ပါ။
လောကကြီးမှာ ယောက်ကျားပဲဖြစ်ဖြစ် မိန်းမပဲပဲဖြစ်ဖြစ် မကောင်းတဲ.လူကမကောင်းကို
မကောင်းတာပါ။အဲဒါလေးသိစေချင်လို.ပါ။ ကျွန်တော်ပြောတဲ.အပေါ်က ကွန်မန်.က
တစ်မျိုးဖြစ်သာွးရင်ဆောရီးပါ ညီမ 😥
memeseku
April 8, 2012 at 1:52 pm
ကျနော့်အထင်တော့အနဲဆုံးမိန်းကလေး(ကိုယ့်အိမ်ထောင်ဖက်…ကိုယ့်ကိုမှီခိုသူ) ကိုစောင့်ရှောက်ရမယ်….တန်ဖိုးထားရမယ်….. လုံခြုံမှူပေးရမယ်…..ချစ်တာမချစ်တာကိုမပြောလိုပါဘူး…..
memeseku
April 8, 2012 at 1:55 pm
မကောင်းရင်လဲမကောင်းတဲ.အလျောက်…. ထိုက်သင့်သလိုဆုံးမ… တရားဥပဒေနဲ.ဖြေရှင်းသင့်ရင်ရှင်းပေါ့လေ… မကောင်းတာကတော့ယောက်ျားမှမဟုတ်ဘူး မိန်းမလဲမကောင်းတဲ.သူရှိတာပဲ….. လူပဲလေ…. ကိုယ်ချစ်ရင်တော့တန်ဖိုးထားဖို့လိုမယ်ထင်တယ်…..
အဘဖောပြောသိလို မယူခင်စဉ်းစားကြစေလိုပါတယ်…. 🙂 🙂 သိသလိုလိုနဲ. လျောက်ပြောတာပါ စာပဲဖတ်ပြီးမမန်.ရတာကြာလို့…
မွန်မွန်
April 8, 2012 at 2:15 pm
အင်း..မိန်းကလေး တစ်ယောက်အတွက်ကတော့ အိမ်ထောင်ပြုပြီးတဲ့နောက်ပိုင်းမှာ ကိုယ့်ယောက်ျားကို ထိန်းသိမ်းတဲ့ အတတ်ပညာဆိုတာ တကယ်မလွယ်တာပါ…(စကားလုံးတွေ မြင့်သွားပြီထင်တယ်)
တိုးတက်နေတဲ့ခေတ်ကြီးထဲမှာ အိမ်ထဲမှာပဲ ဗိုင်းကောက်ကျောက်ဖိနေလို့ မရတော့သလို မိန်းမဝတ်ကိုလည်း ပျက်လို့ မရပါဘူး။
အခုခေတ်ယောက်ျားတွေက ဘယ်လောက်ပဲ ရိုးရိုးလေးကို ချစ်ပါတယ်ပြောပြော အိမ်တွင်းပုန်းမိန်းမကို ကြာလာရင် စိတ်ကုန်တတ်ကြပါတယ်။
နောက်ပြီး ဘယ်လောက်ပဲ ကိုယ်နဲ့ရင်ဘောင်တန်းနဲ့မိန်းမကို သဘောကျပါတယ်ပြောပြော မိန်းမချက်ကျွေးတဲ့ အိမ်ထမင်းအိမ်ဟင်းလေးကို (အမြဲတမ်းကြီးမဟုတ်တောင်) စားချင်ကြတဲ့သူတွေချည်းပါပဲ။
ကိုယ့်ယောက်ျားရဲ့ စိတ်ကို ကိုယ့်ဆီမှာပဲရှိအောင် ထိန်းချုပ်ထားနိုင်ဖို့ဆိုတာ့ တကယ်ကို သိမ်မွေ့တဲ့ ပညာတစ်ရပ်ပါပဲ။
မွန်မွန်တော့ အဲဒါတွေကို နားမလည်လွန်းလို့ အပျိုကြီးပဲ လုပ်တော့မယ်။ 🙂
cobra
April 8, 2012 at 3:30 pm
မိန်းမမရသေးပါဘူးဆို။
ယူမယ့်သူမရှိအောင်လုပ်နေကြတာလား။
bo bo
April 9, 2012 at 8:57 am
ယူကြည့်လိုက်တော့မယ်
Onyx
April 9, 2012 at 9:52 am
နားလည်မူမရှိတာလဲ ဖြစ်နိုင်ပါတယ် ။အိမ်ထောင်ရှင် ဘဝ တော့ မရောက်သေးလို့သိပ်မသိပါဘူး ။
အထင်ကိုပြောရရင် အခုခေတ်မှာ ယောက်ကျားတွေက ယောက်ကျား ပီသ တဲ့ သူတွေ ရှားကုန်တာ
ကြောင့်လို့လဲ ထင်ပါတယ် ။ တစ်ကိုယ်ကောင်းတွေ ဖြစ်လာတယ် ။ကိုယ်ချစ်လှ ပါပြီ ဆိုပြီး ယူထားတဲ့
မိန်းမကိုလဲ တစ်နေ့ တစ်ခြား အပစ်တွေမြင်လာတယ် ဒါတွေက ဒီဘက်ခေတ်မှာ ပိုပြီး အဖြစ်များတယ်လို့
ထင်တယ် ။ ကျွန်တော့ အမ ယောက်ကျားလဲ ဒီလိုပဲ တူမလေးလဲ ရလာကော ပထမတော့ ကောင်းပါသေးတယ် နောက်ပိုင်းလဲ ရောက်ကော ဖောက်လာပြီ အခုဆို သူက တစ်နေရာ
အမက တစ်နေရာပေါ့ ။
Mon Kit
April 9, 2012 at 10:10 am
ဟူးးးးးးး…… မောလိုက်ထှာ!!!!!
😛