Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ခေတ်ရဲ့ သင်္ကြန်သမီးပျိုများ

မြသဲ ( 17082011 )April 9, 20121min34141

 

ဟိုတနေ့က TV Guid ဝယ်လာတာ။ မျက်နှာဖုံးတွေ့လိုက်တဲ့အချိန်မှာတော့ ကျွန်မတို့တန်ဖိုးထားမြတ်နိုးလာခဲ့တဲ့ မြန်မာသင်္ကြန်ဆိုတာ ဘာပါလိမ့်လို့တွေးမိပါတယ်။ ပွဲတော်ကာလ အတွင်းမှာတောင်သရုတ်ပျက်ဝတ်စားဆင်ယင်မှု့တွေကို တားမြစ်ဆန့်ကျင်နေကြတာကို သူတို့က သင်္ကြန်ပုံစံလေးကို ကြိုးစားပြီးထူးထူးခြားခြားလုပ်ထား တယ်ဆိုတော့ စိတ်ထဲမှာ သင်္ကြန်ဆိုတာကို ဘယ်လိုနှမျောမှန်းမသိပဲ ဘာ့ကြောင့်နှမျောမှန်းမသိပဲ နှမျောသွားမိပါတယ်။ ဓါတ်ပုံဆရာကတော့ပြောပါတယ်။ “ ဒီ Cover ကို ကြိုး ကြိုးစားစားနဲ့ Taste အသစ်လေးတွေဖြစ်အောင် အခက်ခဲတွေကြားထဲကနေ ကြိုး ကြိုးစားစားနဲ့ရိုက်ထားပါတယ်။ ပရိတ်သတ်ကြီး ကြိုက်မယ်လို့ထင်ပါတယ်။ အားပေးကြပါလို့ပြောချင်ပါတယ်” တဲ့။ အဲတော့ သူ့ကြိုးစားမှု့ကိုအသိအမှတ်ပြုချင်ပါတယ်။ သို့သော်ဒီလို မြန်မာ့ယဉ်ကျေးမှု့တွေနဲ့ ထုံမွှန်းထားရမဲ့သင်္ကြန်ကို ဒီလိုဖျက်စီး လို့ကြိုဆိုသင့်ပါသလား။ ကျွန်မလဲသေသေချာချာတော့မသိပေမဲ့ ဒီလိုဓါတ်ပုံမျိုးကိုတော့  မြန်မာ့ယဉ်ကျေးမှု့တွေနဲ့ အတာသင်္ကြန် မှာတော့မသုံးသင့်ဘူးထင်တာပဲ။ ကျွန်မပဲ အတွေးတိမ်တာလား၊ ခေတ်မမှီတာလား ရွာသူားများဖြေပေးကြပါအုံး။ ဒီလိုပုံမျိုးကို မျက်နှာဖုံးတင်ခွင့်ပြုတဲ့ MRTV 4 က တာဝန်ရှိသူတွေကကော မြန်မာတွေ မဟုတ်ကြတော့ဘူးလားလို့လဲမေးချင်ပါတယ်။ ဒီစာအုပ်လှန်ကြည့်မိတိုင်း ခံစားလို့မရလို့ Scan ဖတ်ပြီးတင်ပေးလိုက်တာပါ။ ဝေမျှခံစားနိုင်ကြပါစေ။ အမြင်လေးတွေလဲ သိချင်ပါတယ်။ ကျွန်မပဲမှားနေတာလားလို့။

41 comments

  • Gipsy

    April 9, 2012 at 10:27 pm

    ခေတ်မ မှီတာမဟုတ်ပါ …၊
    ခေတ်ပြောင်းနေတာပါ….၊
    မီဒီယာတွေ က ဒီလောက်ဖေါ်ပြနေတာ ကြည့်လေ….၊
    တဖြည်းဖြည်း ပိုဆိုးလာမှာ….။

  • Gipsy

    April 9, 2012 at 10:33 pm

    နောက်ပြီး…
    အဲဒီမယ်လေးတွေက လူတွေကို စုန်လမ်း လိုက်ချင်လာအောင် မြှုုဆွယ်နေတာလေ…
    မလုံ့တလုံ လေးတွေကို ကြည့်မိတဲ့ သူတွေ စိတ် ဘယ်လိုဖြစ်လာမလဲ…
    အကုသိုလ်စိတ်ပဲ ဖြစ်လာမှာပေါ့နော် ..
    ဆိုတော့ ..ဘာသင်တန်းမှ တက်စရာမလိုပဲ စုန်လမ်းကို လိုက်ကြတော့မှာ….။

    • Thel Nu Aye

      April 9, 2012 at 11:26 pm

      ဂွတော့ကျကုန်ပြီပေါ့လေးပေါက်ရေ။

      • ဗိုက်ကလေး

        April 10, 2012 at 11:14 am

        လေးပေါက်က ဂွမကျပါဘူးဗျာ..
        အမြဲတမ်း ပုဆိုးခါးတောင်းကျိုက်ပြီး အီးပုံလိုက်လိုက်ရိုက်နေတာမို ့ပါ

      • အသူရာ

        April 10, 2012 at 12:47 pm

        ရွာသားတွေကို ငရဲရအောင်ဖြားယောင်းနေတာလား သမီးပျိုတို့ရယ်….. ဂလု ဂလု

  • pooch

    April 9, 2012 at 11:31 pm

    so.. so… hot တယ် မင်းလေးက လန်းတယ် ဆိုတဲ့ သီချင်းစာသားလိုဖြစ်နေပြီ။ 😀

  • မိုင်ဆွန်ခ မင်္ဂလာတရာ;အော...........

    April 9, 2012 at 11:57 pm

    ဪခက်ပါတယ်ကွယ်……. တီပု့ချ်ရဲ့…တီပု့ချ်ပြောတဲ့သီချင်းစာသားထက်ပိုမှန်တဲ့စာသားရှိတယ်….
    ဘလက်ဟိုး(ဟစ်ဟော့ပ်အဖွဲ့)ဆိုထားတဲ့ အိုက်တင်ခံတဲ့အပျိုကြီးတွေအချိန်လွန်ရင်ပုပ်လိမ့်မယ်သီချင်းထဲက
    လို… ရိုးရိုးဝတ်လည်းလှတယ်…. ဆန်းဆန်းဝတ်လည်းလှတယ်…ဝတ်တတ်သလိုဝတ်လှတယ်…
    ဘာမှမဝတ်ထားရင်ပိုတောင်လှတယ်ဆိုတာမျိုးဖြစ်ပြီ….ဪ……. အဟင်းအဟင်း….ကြည့်မကောင်းပါဘူး
    ရွာထဲကစိုင်ပစ်မယ့်မုဆိုးတွေနဲ့တွေ့မှ…ဒင်းတို့တစ်စစီဖြစ်သွားမယ်….. ကောင်မလေးတွေ..
    ဪ…ခေတ်နဲ့လွတ်လပ်ခြင်း…… ယဉ်ကျေးမှုနဲ့အမျိုးစောင့်တရား……
    ဒီလိုပို့စ်တွေတစ်ခါတင်တိုင်း…. ဝါဒီအမျိုးမျိုးနဲ့လွန်ဆွဲကြဦးမှာပါလားနော်……
    ဘယ်ဘက်ကနိုင်မလဲ …. ဧပရယ်ဖူးလို…. ကြည့်ဦးမှပါ…… ဘယ်ပါတီကိုမဲပေးရင်ကောင်းမလဲ…
    စောစောကတည်းကကြိုမေးထားမှ…..

    • pooch

      April 10, 2012 at 1:34 am

      အော် … အင်း … ကိုတပ်မ ခွန်ခွန်ကို သတိရလိုက်တာ ဘယ်များ ရောက်နေလဲ မသိဘူး။
      😆 😆 😆

      သူကြီးပြောတဲ့ ရှေးစွန်းစွဲ ကွန်ဆာဗေးတစ် တွေက လူငယ်တွေ ဖြစ်နေပါလား ဆိုတဲ့ စကားကို ထပ်ဆင့်ထောက်ခံသွားပါတယ်။ :mrgreen:

  • minn zaw

    April 10, 2012 at 6:28 am

    pooch ရေ ရှေးစွန်းဆွဲတာမဟုတ်ဘူးဗျ။ ယဉ်ကျေးမှု နဲ့ အမျိုးစောင့်

    စိတ်ဓါတ်ပါ။

  • water-melon

    April 10, 2012 at 6:56 am

    အမလေး ရွှေစင်ရဲ့
    နင့်ဟာကြီးကလဲ ပြူးပြီပြဲထွက်နေတာဘဲ
    မဆံမကားကြီးနဲ့
    ဘော်လီမဝယ်နိုင်လဲ ပြောပါအေ့
    နာ့ဘော်လီဌားပေးမယ် ( နာ့ဟာက အကောင်းစား ကြိုးပျောက်နော်)
    အမလေး ဂလုသွားပါကြောင်း သွားဝယ်အုန်းမှ :mrgreen:

  • ကြောင်ကြီး

    April 10, 2012 at 8:58 am

    အဖြူ၊အမဲ ဝတ်ထားတဲ့ ကြောင်မလေးဂိုကျစ်လယ်… တူ့နံမယ်ဘဒူယဲ…။

    • Moe Z

      April 10, 2012 at 9:04 am

      M. Saing Lu ထင်တယ် 😀

    • phyo1980

      April 10, 2012 at 9:58 am

      ကချင်မလေးပေါ့ဘကြောင်ရယ်….တူလေးနဲ့ကောင်းကောင်းတိဒယ်…ခွိခွိ

  • kyeemite

    April 10, 2012 at 9:15 am

    ဖြဲမ..သင်္ကြန်တွင်းနင်ဒါညိုးဝတ်နဲ့နော်..
    ကာလသားတွေဝိုင်း ဂလုကြလိမ့်မယ်..

  • ဗိုက်ကလေး

    April 10, 2012 at 9:24 am

    ဟာဗျာ.
    စောစောစီးစီး..
    ပုံက ဒါအကုန်ပဲလားဗျ

  • sugar sugar

    April 10, 2012 at 9:55 am

    အင်း ဘယ်လိုပြောရမလဲနော်၊လွန့် လွန် လွန်း

  • sugar sugar

    April 10, 2012 at 9:55 am

    အင်း ဘယ်လိုပြောရမလဲ၊လွန့် လွန် လွန်း

  • ရွှေ မင်း သား

    April 10, 2012 at 10:09 am

    ကျနော် အမြင်ပြောရရင်
    ဒါမျိုးလောက်ကတော့ လွန်ခဲ့တဲ့ ၁ဝစုနှစ်တစ်ခု မကခင်တည်းက ရှိခဲ့ပြီးသားပုံစံတွေပါ။
    အဲဒီအချိန်ထဲက လူတွေလက်မခံရင် ပျောက်ကွယ်သွားတာ ကြာပေါ့။
    ဒီလို သင်္ကြန်မှာ ဒီလိုဝတ်ဆင်ကြတာ လက်ခံနေကြလို့ ဝတ်တဲ့လူတွေက လဲ ဝတ်နေကြတာပါ။
    ဒါပေမယ့် နှစ်ဆန်း ၁ ရက်နေ့လိုနေ့မျိုးတွေ မှာ ဘုရားသွားကျောင်းတက် ကုသိုလ်ယူကြတဲ့ အချိန် တွေမှာ ဒါမျိုးတွေဝတ်ရင်တော့ ကျနော် လဲ လက်မခံ နိုင်ဘူးဗျ။

  • မွန်မွန်

    April 10, 2012 at 10:18 am

    မရှိတာတွေကိုလည်း အတင်းအရှိလုပ်လို့ ဖော်ချင်နေကြတယ်။ အဲဒီလိုဟာတွေနဲ့ကျတော့ ဆင်ဆာလိုပြန်ရော…

  • Mလုလင်

    April 10, 2012 at 10:47 am

    နောက်ဆုံးပေါ် ပုံဆန်းအတွင်းခံ တွေရဲ့ တန်ခိုး ပေါ့ဗျာ .. (ရမ်းဖြီးတာနော် ~~ တော်ကြာ ဆြာကြီး ထင်နေမှ အခက်) ရွှေစင် က အပြင်မှာတော့ သေးသေးလုံးလုံး နဲ့ ချစ်စရာ လေးပါဗျ။ ဓာတ်ပုံတွေကျ သူ ဘယ်လိုဖြစ်တယ် မသိဘူး …. အထာပေး တဲ့ မျက်နှာ နဲ့ဖြစ်ဖြစ်နေတာ။ ဒုတိယ ပုံ နဲ့ တတိယ ပုံ ကတော့ ဘာမှ လဲ အဲလောက် မကွာ ပဲနဲ့ ခပ်ဆင်ဆင် နှစ်ပုံ ဖြစ်နေတာ … သိပ်တော့ မနိပ်ဘူး ဗျို ့။ရေစိမ်၊ ရေစွတ်၊ ရေပက် အဲလို ပုံတွေက ဒီက ဆြာ တွေတော်တော် ကြိုက်ကြတယ်ထင်တယ်ဗျ။ စိမ်ချင်စိမ်၊ စွတ်ချင်စွတ်၊ ပက်ချင်ပက် …. မြင်တော့လဲ မြင်ရင် မြင်တယ် မှတ်ပါ … ကျောင်းဒကာ တို့ ….

    • water-melon

      April 10, 2012 at 11:23 am

      တောင်မရဲ့မသိရင်မှတ်ထား
      အဲဒါပင့်ဘော်လီတွေဟဲ့
      သိပြီလား သိပြီလား

    • ရွာစားကျော်

      April 10, 2012 at 7:15 pm

      မြင်တယ်နော် မြင်တယ်နော် ကြည့်လို့နေတယ်နော်.. ဂလု..

  • Mon Kit

    April 10, 2012 at 11:04 am

    ဟယ်…. ကောင်းလိုက်တာတော်…….. စိတ်ပျက်ဖို့….. 🙁

  • ချစ်တတ်သူ

    April 10, 2012 at 11:06 am

    ဘယ်လိုပုံတွေတင်နေတာလဲ….ရွာထဲမှာမိန်းခလေးတွေရှိတာကို…ဒါနဲ့ ဒါအကုန်ပဲလားဟင်..တိန်

  • Khaing Khaing

    April 10, 2012 at 11:24 am

    ဟုတ်ပတယ်အေ မိန်းကလေးတွေရှိတာကို သူများတို့မိန်းကလေးတွေရဲ့အလှကို ဖော်ကျူးထားတာပါ သများ ရှက်လိုက်တာ ……. အဟိ

  • Onyx

    April 10, 2012 at 1:11 pm

    အဲဒါလားဟင် မြန်မာ သင်္ကြန် ဆိုတာ ။စိတ်များလဲ ညစ်ပါတယ် ။
    ခေတ် မှီရင် အဲ လိုပဲ လုပ်ရလားဗျာ မသိလို့ပါ ။

  • natthamee

    April 10, 2012 at 1:17 pm

    ရွှေစင်မျက်နှာပေးနဲ့ ဝတ်စားပုံက ရွံစရာကြီးနော်

  • etone

    April 10, 2012 at 2:10 pm

    အစ်မသဲနုအေးရယ် ..ဟုတ်ပါ့နော်… ဆိုးလိုက်တာ …. ။
    ယဉ်ကျေးမှု ခြစားလာတဲ့အချိန် အဆိုးဆုံးက …. မြန်မာယဉ်ကျေးမှု ထိန်းသိမ်းစို့လို့ တဆာဆာ အော်နေတဲ့ အဲ့ဒီလို မီဒီယာတွေပဲဖြစ်နေတယ် … ။

    သပြေခက်နဲ့ ရေပက်တဲ့ ခေတ်ကုန်ခဲ့ပြီဆိုလျှင်တောင်မှ … ရေပက်တဲ့ ယဉ်ကျေးမှုအလေ့လေးကို … တိုင်းတပါးသားတွေ စက်ဆုပ်ရွံရှာဖွယ်ဖြစ်အောင် မလုံမလဲနဲ့ မလုပ်သင့်ဘူးလေ …. ။ အကျည်းတန်လွန်းတယ် … ။ 👿

    နောက်ဆို သင်္ကြန်ဆို တိုင်တွေတောင် ပတ်ကတော့မလားပဲ … မုန်းထှာအေ .. ဖွီး 😡

    • Thel Nu Aye

      April 10, 2012 at 6:13 pm

      ဟုတ်ပါ့တုန်တုန်ရေ။ ဝယ်လာတဲ့နေ့ကစလို့စိတ်မချမ်းသာနေတာ။ ရွာကလူတွေပါအဖေါ်ညှိလိုက်တာလေ။ ဟဲဟဲ။ တိုင်ပတ်ကပြီး ခုနှစ်လွှာချွတ် က ရင်တော့ အောင်မယ်လေး ဖီရားဖီရား။ တူတို့ကဂယ်လုပ် မှာနော်။ ပေါ့သေးသေးမှတ်လို့။

  • zawgyi min

    April 10, 2012 at 4:25 pm

    တဖြည်းဖြည်းန`့ ပ` ဒေါင်းမလေးတွေဖြစ်ကုန်ကြပြီထင်တာပ` ။ရှေ့ကကြည့်လည်းလှတယ်။ နောက်ကကြည့်လ` လှတယ်
    ဟား…… ဘာမှမဝတ်ပိုတောင်လှသေးတယ်။ သီချင်းဆိုပြတာနော်။

  • Phaung Phaung

    April 10, 2012 at 4:30 pm

    နှစ်မွှာပူးတွေ များနေတယ်….ဟီးးးးးးး
    စိတ်ညစ်စရာကောင်းပါတယ်…. ယိုသူမရှက်၊မြင်သူရှက်ပေါ့

  • cobra

    April 10, 2012 at 4:41 pm

    ကြည့်လို့တော့ကောင်းသား
    သူတို့ကပေါ်ချင်နေတာပဲ
    ပေါ်ကြပါစေ။
    ကြည့်လို့ရတာပေါ့။
    အလှူအတန်းရက်ရောနေတဲ့ကောင်မလေးတွေ။
    နာနဲ့တွေ ့လို့ကတော့ ဆံပင်စည်းထားတဲ့သရေပင်နဲ့ပစ်ပီဟေ့..။

  • phoo phoo

    April 10, 2012 at 5:33 pm

    oh my god!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!
    Myanmar models are so rude and they make like the others countries models.

  • Mလုလင်

    April 10, 2012 at 6:34 pm

    Mလုလင် နဲ့ Mဆိုင်းလူ က … ကင်းကင်းရှင်းရှင်း ပါလို့ … နော့ ….. အထင်မှားကြမှာ ဆိုး လို့ ကြို ပြောထားတာ….

    • Thel Nu Aye

      April 10, 2012 at 6:39 pm

      မတိပါဝူး။ သများကတယောက်ထဲမှတ်တယ်။ တူဝူးလား။ ဘာကွာလဲ။

  • windtalker

    April 11, 2012 at 2:06 am

    ဩသဲလေးရယ်….. ဥတုရာသီ တောကိုမှီသတဲ့

    • Thel Nu Aye

      April 11, 2012 at 9:05 am

      ကိုပေစိတ်ရှိုးတွားရားဟင်။ ပုံတွေနဲလို့။ အာဟိ

  • kopainglay

    April 28, 2012 at 10:40 am

    မင်းလေးကလှ တနှာကမရ

Leave a Reply