Meeting Minutes တွေအတွက် အကောင်းဆုံး Microsoft OneNote
အစည်းအဝေးမှတ်တမ်းတင်ဖို့အတွက် software တွေအများကြီးရှိပါတယ်။ အခမဲ့ရနိုင်တဲ့ software၊ web-based၊ စသည့်ဖြင့်ပုံစံမျိုးစုံရှိပါတယ်။ ရှိတဲ့အထဲမှာမှ အများကြီးလေ့လာကြည့်တဲ့အခါမှာ အကောင်းဆုံးက Microsoft OneNote ဖြစ်ကြောင်းတွေ့ခဲ့ရပါတယ်။ ထိပ်ဆုံး software ငါးခုထဲမှာမှ Microsoft OneNote ဟာစစ်တမ်းအရ ၄၅% ကကြိုက်နှစ်သက်ကြောင်းမဲပေးခဲ့ကြသည်။ ၎င်းဟာအစည်းအဝေးမှတ်တမ်းယူတာထက်ပိုပြီး များစွာလုပ်ဆောင်နိုင်ပါတယ်။ Desktop version ဆိုရင်တော့ Windows တစ်မျိုးတည်းမှာပဲအသုံးပြုနိုင်ပါတယ်။ အဓိကအားသာချက်ကတော့ လူတိုင်းနီးပါးက Microsoft Office တွေကိုသုံးနေကျဖြစ်လို့ ရင်းနှီးမှုရနေတာကြောင့်ဖြစ်ပါတယ်။
ဒုတိယနေရာမှာရှိနေတာက Web app ဖြစ်တဲ့ Minutes.io ဖြစ်ပြီး ၂၃% ကကြိုက်နှစ်သက်ပါတယ်။ တတိယနေရာက LessMeeting ကတော့ အခမဲ့ရနိုင်ပြီး ၁၂% ကြိုက်နှစ်သက်ပါတယ်။ နံပါတ်လေးနေရာမှာရှိနေတာကတော့ Meeting.gs ဖြစ်ပြီး ၆% အောက်မှာသာရှိပါတယ်။
စာရေးသူသည် PC World Myanmar နှင့် Auto Mobile PC Guide Magazine များတွင် ပင်တိုင်ရေးနေသော ဆောင်းပါးရှင်တစ်ဦးဖြစ်သည်။
3 comments
htoosan
April 15, 2012 at 10:19 am
ကျေးဇူးပါ ကိုကောင်းမြတ်ထွဋ်ရေ။ အဲ့ဒီ့ software ဘယ်လိုရနိုင်မလဲ ဆိုတာလေးလဲ လမ်းညွှန်ပါဦးခင်ဗျ။
သမိန်ဂီ့
April 16, 2012 at 10:11 am
https://www.google.com/search?sourceid=chrome&ie=UTF-8&q=microsoft+one+note#q=microsoft+one+note&hl=en&safe=off&prmd=imvnsa&source=lnms&tbm=shop&ei=45SLT52eHM7wmAXu6ZnWCQ&sa=X&oi=mode_link&ct=mode&cd=6&ved=0CBsQ_AUoBQ&bav=on.2,or.r_gc.r_pw.r_cp.r_qf.,cf.osb&fp=929e6220e848916b&biw=1280&bih=663
ဒေါ်လှ ၆၁ တဲ့…
Kaung Myat Htut
April 16, 2012 at 2:14 pm
Microsoft Office 2007 (or) 2010 install လုပ်ကတည်းက တစ်ခါတည်းပါပြီးဖြစ်ပါတယ်။ install လုပ်စဉ်မှာ custom ရွေးပြီးလိုရာထည့်နိုင်ပါတယ်။
ကိုသမိန်ပြောသလိုပဲ ဝယ်သုံးရင်တော့ ၆၁ ပါ။ မြန်မာနိုင်ငံမှာတော့ National CD အားကိုးနဲ့ ၁၀၀ဝ ကျပ်တိတိပဲကျပါတယ်။ 😀