Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

Mandalay FM သို့ ပန်ကြားလွှာ

Mr. MarGaApril 18, 20121min82014

ဦးမာဃ စဉ်းစားမိတာလေး တစ်ခုပါ။

ဦးမာဃတို့ မန္တလေးမှာ FM တွေ တော်တော်များများ ဖမ်းလို့ရပါတယ်။

သိသလောက် ပြောရရင် မန္တလေး FM ၊ပတ္တမြား FM ၊ ချယ်ရီ FM ၊ ရွှေ FM ၊ ပြီးတော့ FM ပုဂံ စတာတွေ နားဆင်နိုင်ပါတယ်။

အဲဒီ အထဲက မန္တလေး FM ကို နည်းနည်း တောင်းဆိုချင်လို့ပါ။

မန္တလေး FM က သင်္ကြန်ရောက်ပြီဆိုရင် မြို့တော်ဝန် မဏ္ဏပ်မှာ နေရာယူပြီး ဖျော်ဖြေတင်ဆက်မှုတွေကို တိုက်ရိုက် ထုတ်လွှင့်ပေးပါတယ်။

အဲ အချိန် အကန့်အသတ်တော့ ရှိတာပေါ့ဗျာ။ ညပိုင်းဆိုရင် ည ရ နာရီလောက်ကနေ သူတို့ ပုံမှန်အသံလွှင့်ချိန် ည ၁၁ နာရီထိ ထုတ်လွှင့်ပေးပါတယ်။

အဲဒီလိုမျိုး ထုတ်လွှင့်ပေးတဲ့အတွက် ဦးမာဃ အပါအဝင် မန္တလေး FM ချစ်သူများက အရမ်း ကျေးဇူးတင်ပါတယ်ဗျာ။

ကဲ

ကျေးဇူးတင်ခန်း ပြီးပြီ

အပြစ်တင်ခန်း စမယ်။

သင်္ကြန် အတက်နေ့မှာပေါ့ဗျာ

အဲဒီနေ့ဆိုရင် မဏ္ဏပ်တွေ ပိတ်ပွဲရှိတယ်လေ။

အရင်နှစ်တွေ တုန်းကတော့ ဦးမာဃကြီးတစ်ယောက် မြို့တော်ဝန်မဏ္ဏပ်ပေါ်ကနေ နှစ်သစ်ကို ကြိုနေကျပါ။

ဒီနှစ်တော့ အိမ်မှာပဲရှိနေတယ်လေ။ဒါပေမယ့် ပိတ်ပွဲကိုတော့ သိချင်သေးတာကိုး။

အဲဒါနဲ့ ဦးမာဃလဲ FM လေးကို ဖွင့်ပြီး အိပ်ယာထဲမှာ နှပ်နေတာပေါ့။

မန္တလေးမြို့တော်ဝန် မဏ္ဏပ်က ည ၁၂ နာရီမှ ပိတ်တာလေ။

မန္တလေး FM က ည ၁၁ နာရီထိ တိုက်ရိုက် လွှင့်ပေးတယ်။

အဲ ၁၁ နာရီလဲထိုးရောဗျာ ဖြတ်ခနဲဆို အစီအစဉ် ပြီးပါပြီဆိုပြီး ပိတ်သွားတယ်။

အဲဒီမှာတင် ဦးမာဃ အိပ်ယာထဲကနေ အတွေးလေးဝင်လာတယ်။

အဲဒီ FM တွေ အားလုံးနီးပါးပေါ့လေ

ချစ်သူများနေ့ တို့ နယူးရီးယား တို့မှာ ပျော်ပျော်ပါးပါးနဲ့ သီချင်းတွေ တောင်းကြ လွှင့်ပေးကြနဲ့ တစ်ညလုံးနီးပါး ထုတ်လွှင့်ပေးတယ်။

ဒါပေမယ့် အခု မြန်မာနှစ်သစ်ကူးမှာ ကျတော့ ပုံမှန်အစီအစဉ်ထုတ်လွှင့်ချိန်အထိပဲ လွှင့်ပေးသွားတယ်။

အဲဒီတော့ ဒီ မြန်မာနှစ်သစ်ကူးမှာ ညလုံးပေါက် မဟုတ်တောင် သင်္ကြန်မဏ္ဏပ် ပိတ်ချိန်ထိတော့ လွှင့်ပေးသင့်တယ်လို့ ထင်တယ်။

တခြား FM တွေကိုတော့ ထားပါ ဒီ မန္တလေးမြို့တော်ဝန် မဏ္ဏပ်မှာ ရှိနေပြီး တိုက်ရိုက်လွှင့်ပေးနေတဲ့ မန္တလေး FM ကတော့ မဏ္ဏပ် ပိတ်ချိန်ထိ လွှင့်ပေးသင့်တယ်။ လွှင့်လဲ လွှင့်ပေးနိုင်တယ်လို့ ထင်လို့ပါ။

အဲဒီတော့ ဒီ မြန်မာနှစ်သစ်ကူးမှာ အဲဒီလိုလေး လွှင့်ပေးစေချင်ပါတယ်။

အဲဒါ ဦးမာဃရဲ့ တောင်းဆိုချက်လေးပါ။

ဒီ ဂေဇက် ကနေပဲ တောင်းဆိုလိုက်ပါတယ်။

နောက်နှစ်များမှာ စောင့်နေပါမယ်နော်။

အဲ သတိရတာလေး ပြောလိုက်ဦးမယ်။

အဲဒီနေ့က SKY NET Channel က တိုက်ရိုက်လွှင့်ပေးတယ်ထင်တယ်။

ဦးမာဃမှာတော့ အဲဒီဟာ မတတ်နိုင်သေးတာမို့ ဒီ မန္တလေး FM ကိုပဲ ကျန်တဲ့ နားဆင်သူတွေအတွက်ပါ တောင်းဆိုပေးတာပါ။

 

ဦးမာဃ တွေးမိတာလေးပါ။

အမှားပါရင်တော့ ကျော်ဖတ်ပေါ့ဗျာ။

 

လေးစားစွာဖြင့်

ဦးမာဃ (ခေတ္တ လူ့ပြည်)

 

14 comments

  • kai

    April 18, 2012 at 2:17 pm

    မန္တလေးသားတွေစုပြီး.. နောင်နှစ်မှာ.. ညလည်အထိလုပ်ပေးမယ်.. အဲဒီအချိန်.. အစိုးရဆီမှာ.. ကန်ထရိုက်ဆွဲပေါ့..
    အသံပိုင်းဆိုင်ရာကျွမ်းတဲ့..တယောက်လောက်ရှိရင်ကို ဖြစ်ပါတယ်..

    • Mr. MarGa

      April 18, 2012 at 2:31 pm

      အသံပိုင်းဆိုင်ရာကတော့ မန်းလေးသားတွေကျွမ်းမှာပါ
      လေးပေါက်ကို မေးရမယ်ထင်တယ်။
      သူကြီးက စပွန်ဆာပေးမလို့လား

      • kai

        April 18, 2012 at 3:01 pm

        ကျုပ်ကမြန်မာပြည်ထဲမှာရှိရင်တော့ ပေးပါတယ်..
        အခုလည်း မခက်ပါဘူး..
        မန္တလေးမြို့ထဲက… လုပ်ငန်းရှင်သူဌေးတွေအိမ်ကို အသိတွေကတဆင့်မိတ်ဆက်ခိုင်းပြီး.. တလ..ရက်၃ဝစာကြော်ငြာအတင်းထည့်ခိုင်းပေါ့…

        သီချင်းကောင်းတွေ ကိုပေါက်သိတာပဲ..
        ထိုင်ရွေးပြီး ခွင့်ပြုချက်တောင်း.. လွှင့်တင်ယုံပဲဟာကို…။ 😆

        • သမိန်ဂီ့

          April 18, 2012 at 3:07 pm

          သီချင်းကောင်းတွေ …..??
          ဖယားဖယား…
          စိုးတယ်.. စိုးမိတယ်… စိုးထိတ်မိတော့တယ်…

        • kai

          April 18, 2012 at 3:14 pm

          မစိုးနဲ့ဆြာရေ့..
          ဒီမှာ.. သီချင်းကောင်းတွေဖြစ်လာရင်.. ရေဒီယိုထဲလွှင့်ခွင့်ရဖို့အရေး.. အသေလိုက်ကြရတာ…
          သီချင်းသံကြားထဲ..တိုးလိုက်ကျယ်လိုက်နဲ့.. ကြော်ငြာဖြတ်ဖြတ်ဝင်တော့.. ကော်ပီသမားလုပ်ရခက်တာပေါ့..
          ဆိုတော့…
          အခွေပြေးဝယ်ကြရော…

          အဲလို…. 😆

  • ဆူး

    April 18, 2012 at 3:02 pm

    မန္တလေးဂေဇက် အသံလွှင့် ဌာန ဖွင့်မယ် မကြာမှီ လာမည် မျှော်…

    • kai

      April 18, 2012 at 3:17 pm

      ပုံနှိပ်မီဒီယာက..အနှေးနဲ့အမြန်.. ကြွတော့မယ်..
      အင်တာနက်က.. အဓိကတဆင့်ဖြစ်ပေမဲ့..
      ရေဒီယို တီဗီ.. မီဒီယာတွေတောက်လျှောက်တက်လာကိန်းမြင်ပါတယ်..
      ဒါကြောင့်.. လွန်ခဲ့တဲ့.. ၄-၅နှစ်လောက်ကတည်းက..
      http://www.MandalayTube.com လုပ်ထားတာ..
      အခုဆို..
      http://www.Kyaymon.com ပါစမ်းနေတယ်..။

      • windtalker

        May 22, 2012 at 8:14 pm

        သဂျီး နဲ ့ဦးသောင်း နဲ ့အမျိုးမတော်ဘူး ထင်တယ်နော ။
        တော်လားဟင်

  • ဆူး

    April 18, 2012 at 3:36 pm

    ပုံနိပ် တွေ ကြွမှာ သေချာ နေပြီ။
    အင်တာနက်ကနေ သတင်းတွေ ဖတ်လို့ ရတယ်။
    အခု ဂျာနယ်တွေ ဆိုတာတောင် နာမည် အမျိုးမျိုး နဲ့ နေ့မတူအောင် ထုတ်နေကြတယ် ထင်တယ်။
    မီဒီယာ အလုပ်ဆိုတာ တကယ်တော့ မလွယ်ဘူး။ အတိုက်အခိုက်နဲ့ စိတ်ပင်ပန်းတယ်။

    သမိန်ဂီ့ ပြောတဲ့ ရေဒီယိုကနေ လွင့်နေတာ ကတော့ တပုဒ်ကို ဘယ်လောက် နှုန်းလဲတော့ မသိဘူး နည်းတော့ နည်းတယ် ဒါပေမဲ့ သီချင်းပေါက်ရင် အသံလွင့် ဌာနတွေကို တချိန်ကုန် တောင်းပြီး လွင့်ခိုင်းနေကြတယ်။ ဝင်ငွေတော့ ရတဲ့ သဘောပေါ့။

    အသံလွင့်ဌာန တခု အနေနဲ့တော့ အသံကောင်းသူတွေ လိုမယ် ထင်တယ်။
    သီချင်းလေးတွေ ရွေးပေးဖို့ ဟိုလူ ဖိတ် ဒီလူဖိတ် လုပ်တာမျိုးနဲ့..
    ချယ်ရီ FM လိုမျိုးဆိုရင်.. တနေ့ တနေ့ တောင်းတဲ့ သီချင်းတွေ လွင့်ပေးတဲ့ အစီအစဉ် လုပ်ထားတယ်။ အမြဲ ဖွင့်ထားရင် ကိုယ်နဲ့ နားယဉ်တဲ့ သီချင်းပဲ အမြဲ ကြားရတယ်။
    အသံလွင့် ဌာန က ၁နှစ်ဆိုလား လုပ်ပြီးရင် အရင်းကြေတယ် ဆိုလား ကြားဖူးတယ်။ နောက်ပိုင်း အမြတ်ချည်းပဲတဲ့။

  • Khaing Khaing

    April 18, 2012 at 10:14 pm

    ဦးမာဃ မီးက FMကပါ ဘာများဖြစ်ချင်ပါသလဲဟင် မျက်စိထဲတွင် မိုက်လုံးကြီး အရှည်ကို ကိုင်ကာ ဦးမာဃရှေ့တွင် မေးဟန်ပုံဖြင့် ဖတ်ပေးပါ ………

    • Mr. MarGa

      May 22, 2012 at 6:20 pm

      အော်
      ကိုယ့် မန္တလေးမြို.က သင်္ကြန်ပိတ်ပွဲကို နားဆင်ချင်လို့ပါကွယ်

  • zarzarhtwe

    April 19, 2012 at 5:02 am

    ပုံနှိပ်တွေကြွမယ် ကြားရတာစိတ်မကောင်းစရာပါပဲ အင်တာနက်ထဲကနေ သတင်း၊စာအုပ် တွေဖတ်ဖြစ်ပေမယ့် စာအုပ်တွေကိုလက်ထဲ ကိုင်ပြီး ဖတ်ရတာ ပိုသဘောကျပါတယ်

  • ကြောင်ကြီး

    April 19, 2012 at 9:02 am

    ပတ္တမြားဝင်းထိန်ရဲ့ စာစုတွေကို အသံလွှင့်ခွင့်ပေးရင် အဲဒီအက်ဖ်အမ်ကို အပိုင်ဝယ် ၂၄ – ရ အချိန်ပြည့် လုပ်ပေးမယ်။ သဂျီးကိုယ်တိုင်ကို ဖွင့်ပွဲနေ့မှာ အသံသရုပ်ဆောင်ခိုင်းမယ် ရွာသူဖြိုးနဲ့…။

Leave a Reply