Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

စုံထောက်အောင်တိုက် နှင့် ကြောင်ဝတုတ်ဂိုဏ်း (၉)

ဘလက်ချော ။   ။ ဂိုဏ်းတွေမှာလဲ ဂိုဏ်းပြသနာတွေရှိပြန်တယ် ကိုအောင်တိုက်

ကြောင်ဝတုတ်ဂိုဏ်းက ဟိုးနှစ်ပေါင်း (၄၀၀)ကျော်ကတည်းက တည်ထောင်ပြီး ဂိုဏ်းချုပ် အဆက်ဆက်က ဂိုဏ်းအတွက် အကောင်းဆုံးကြိုးစားခဲ့လို့ ဂိုဏ်းကြီးသာယာပေမယ့် စုန်းပြူးဆိုတာရှိစမြဲမဟုတ်လားဗျာ…

ကြောင်ဝတုတ်ဂိုဏ်းအခုဂိုဏ်းချုပ်ရှေ့က ဂိုဏ်းချုပ်ဖြစ်ခဲ့တဲ့ ဂိုဏ်းချုပ်ကြောင်ကြီးနဲ့ အပေါင်းအပါတွေဖြစ်ကြတဲ့ ကြောင်လတ်တို့ ကြေးမလောင်တို့က ဂိုဏ်းအင်အားတောင့် အောင်ကြိုးစားရမယ့်အစား အမေရိကဘက်က ကေအေအိုင်ဆိုတဲ့ ဒုစရိုက်ဂိုဏ်းတစ်ခုရဲ့ နယ်မြေကိုလုပြီး ကြီးပွားရာကြီးပွားကြောင်းရှာကြတယ်… အဲဒီလိုဆိုရင် ကြောင်ဝတုတ် ဂိုဏ်းဟာ နာမည်ကောင်းနဲ့ ကျော်ကြားနေရာကနေ ဒုစရိုက်ဆန်ဆန်ဂိုဏ်းဖြစ်လာမှာကို မလိုလားတဲ့အပေါင်းအပါတစ်စုရှိခဲ့တယ်…

အဲဒီအပေါင်းအပါတစ်စုကို ခေါင်းဆောင်သူက ကိုဝတုတ် အခုတော့ခေါင်းဆောင်ကြီး ကြောင်ဝတုတ်ပေါ့ဗျာ… သူ့အတွက် အသက်ပင်သေသေကိုယ်ကျိုးမဖက်ပဲဆောင်ရွက်ပေး တဲ့သူနှစ်ယောက်ကတော့ ကျွန်တော်တို့ရဲ့ခေါင်းဆောင်ဖြစ်တဲ့ ဦးမင်းမတ်နဲ့ ဦးကမ်းဝေးပါ…

 

အောင်တိုက် ။  ။ ကြောင်ဝတုတ်ဂိုဏ်းခေါင်းဆောင်ဖြစ်တာနဲ့ မင်းသမီးဆူးခက်ကို ခင်ဗျား သတ်လိုက်တာနဲ့ ဘယ်လိုများဆက်စပ်နေလဲ ဦးဘလက်ချောရယ်…

 

ဘလက်ချော ။  ။ ပြောပြပါမယ်လေ… ဇာတ်ကြောင်းစုံရှင်းပြမှဖြစ်မှာမို့ ကျုပ်ဖြင့်အပင်ပန်း ခံနေရပါကော ကိုအောင်တိုက်ရယ်…

ကြောင်ဝတုတ်ဂိုဏ်းက ဂိုဏ်းချုပ်ကြောင်ကြီးကို အာဏာသိမ်းဖို့ရန်ကား အင်အားချင်းကွာ နေတော့ ကိုဝတုတ်က အရှေ့ကျွန်းက နှူးဘာဂိုဏ်းက သူငယ်ချင်းဖြစ်သူ သမိန်ဂီကိုလှမ်း ပြီးအကူအညီတောင်းတော့ သမိန်ဂီကလဲ ပညာစွမ်းခြင်းဖလှယ်ချင်တဲ့စိတ်ကလဲရှိနေပြန် ဆိုတော့ ကိုဝတုတ်နဲ့ အပေးအယူတစ်ခုလုပ်တယ်…

အဲဒါက ကြောင်ကြီးကို သတ်ပြီးအာဏာသိမ်းတဲ့အထိ ကူညီမယ်…

ဒါပေမယ့် အာဏာသိမ်းပြီးတော့ ဂိုဏ်းကို ဘယ်သူဆက်ခံမလဲဆိုတဲ့နေရာမှာ နိုင်သူက ဆက်ခံကြေးဆိုပြီး ညှိနှိုင်းခဲ့ကြတယ်…

ဂိုဏ်းကို အာဏာသိမ်းပြီးရင် ဂိုဏ်းခေါင်းဆောင်ဖြစ်လာမယ်… ကိုဝတုတ်က ကြောင်သူတော်ဘွဲ့ကို ဆက်ခံမယ်… ပြီးရင် လက်ဝဲရံအဖြစ် ဦးမင်းမတ်ကို အမတ်မင်း ဆိုတဲ့ဘွဲ့နဲ့ချီးမြှောက်မယ်… လက်ယာရံဖြစ်တဲ့ ဦးကမ်းကြီးကိုတော့ စာဆိုတော်ဘွဲ့နဲ့ ချီးမြှောက်မယ်…

သူတို့ (၃)ယောက်နဲ့ အရှေ့ကျွန်းက သမိန်ဂီက သူ့လက်ဝဲရံ ချာတူးလန်ရယ်… လက်ယာရံ ဖရဲသီးနဲ့အတူ စာပေဂီတနဲ့ ကိုယ်ခံပညာကိုပြိုင်ကြမယ်၊ နိုင်တဲ့ဂိုဏ်းက ဒီနယ်မြေကို ဆက်လက်ပြီးအုပ်ချုပ်ခွင့်ရမယ်… ရုံးတဲ့လူက ဒီနယ်မြေကို ဘယ်တော့မှခြေပြန်မချပါဘူး ဆိုတဲ့ကတိနဲ့ အာဏာသိမ်းပွဲကို စီစဉ်ခဲ့တယ်…

 

အောင်တိုက် ။   ။ ဒါဆို ဦးဘလက်ချောအနေနဲ့ အာဏာသိမ်းပွဲ တစ်စိတ်တစ်ပိုင်းပါဝင်ခဲ့ မှာပေါ့။ နောက်တစ်ခုက ဂိုဏ်းတွေဖွဲ့ထားပြီး နယ်မြေအပိုင်တွေနဲ့ ဘာတွေများအကျိုး အမြတ်ရှိလဲ ကျွန်တော်တို့ ပြောပြပါလားဗျာ…

 

ဘလက်ချော ။   ။ တိုင်းပြည်တိုင်းမှာ ဥပဒေမစိုးမိုးနိုင်တဲ့နေရာတွေဆိုတာရှိတယ်… အဲဒီလိုနေရာတွေမှာ ဂိုဏ်းတွေက လုံခြုံရေးအတွက် ဆောင်ရွက်ပေးတယ်… အနိုင်ကျင့် သူတွေမရှိအောင် လုပ်ပေးတယ်… ဒုစရိုက်ဂိုဏ်းတွေကို တားဆီးပေးတယ်… အဲဒီအတွက် လိုင်းကြေးလို့ခေါ်တဲ့ ပိုက်ဆံပေးရတယ်… အဲဒီပိုက်ဆံကို ယူပြီးတော့ဂိုဏ်းသားတွေ အတွက် လိုအပ်တာတွေကို ဂိုဏ်းခေါင်းဆောင်တွေက ဖြည့်ပေးရတယ်…

 

အောင်တိုက် ။   ။ ဘယ်လိုလိုအပ်ချက်မျိုးလဲ ဦးဘလက်ချော

 

ဘလက်ချော ။  ။ ဂိုဏ်းသားတွေကို အရည်အချင်းအလိုက် ပညာတတ်ဖြစ်ဖို့၊ ကိုယ်ခံပညာ အနုပညာတွေ တတ်မြောက်ပြီး ကျရာနေရာမှာ သာမာန်လူတွေနဲ့ ရောနှောနေထိုင်နိုင် သလို  နိုင်ငံတော်အဆင့်အထိပေါက်ရောက်တဲ့ ဂိုဏ်းသားတွေလဲ ဂိုဏ်းထဲမှာရှိတယ်…

အဲဒီအတွက် လိုအပ်တဲ့ပညာသင်ကြားမှုနဲ့ အရည်အချင်းပြည့်မီအောင်လို့ ဂိုဏ်းက တာဝန် ယူပြီးပျိုးထောင်ပေးရတယ်… ဒါမှ ဂိုဏ်းအပေါ်သစ္စာရှိသလို တိုင်းပြည်အတွက်လဲ တစ်ဖက်တစ်လမ်းက အကျိုးရှိအောင်ဖန်တီးရမယ်လေ…

 

အောင်တိုက် ။  ။ ဒါဆိုရင် ကြောင်ဝတုတ်ဂိုဏ်းဆိုတာ ဒုစရိုက်ဂိုဏ်းမဟုတ်သလို နိုင်ငံတော်ကို တစ်ဖက်တစ်လမ်းကနေ အကျိုးပြုတယ်ဆိုရင် ဦးဘလက်ချောက ဘာလို့ လူသတ်တုန်း…

 

ဘလက်ချော ။          ။ ကျုပ်ကိုယ်ရေးကိုယ်တာနဲ့ သတ်တာ… ဂိုဏ်းနဲ့ ဘာမှမဆိုင်ဘူး… ကျုပ်လူသတ်မယ်ဆိုတာကို ဂိုဏ်းချုပ်ကြီးကိုယ်တိုင်သိလို့ သူကိုယ်တိုင် လိုက်လာပြီ ကျုပ်ကို တားခဲ့တာ… ဒါပေမယ့် သွေးသစ္စာအတွက်တော့ ကျုပ်က သတ်ကိုသတ်ရမှာပဲ…

 

အောင်တိုက် ။        ။ ဒါဆို ချိန်းချောက်စာမှာ ဘာလို့ကြောင်ဝတုတ်ဂိုဏ်းလို့ခင်ဗျားရေးခဲ့လဲ…

 

ဘလက်ချော။         ။ အဲဒီစာကို ကျုပ်ရေးတယ်လို့ ခင်ဗျားထင်လား… အဲဒီစာက ကျုပ်မရေး ဘူး… မင်းသမီးဆူးကိုယ်တိုင်ရေးပြီး သူ့အသက်ကို ရန်ရှာမယ့်လူကို ခင်ဗျားကိုရှာခိုင်းတာ ပဲ… သူကလက်ဦးမှုရယူချင်တာဗျာ… အဲဒါကြောင့် ခင်ဗျားကိုငှားပြီး သူ့ကို မသတ်ခင် ကျုပ်ကို အမိဖမ်းခိုင်းတာ… ကျုပ်တို့ရဲ့သွေးသစ္စာကို ပတ္တမြားဆိုပြီး ပစ္စည်းဥစ္စာကြောင့် အသတ်ခံရသလိုလိုနဲ့ ခင်ဗျားကို လမ်းလွဲအောင်လဲ ဖန်တီးထားသေးတယ်… တော်တော် ညဏ်များတဲ့မိန်းမဗျာ…

 

အောင်တိုက် ။       ။ ဒါဆိုဦးဘလက်ချော… ဆူးနဲ့ခင်ဗျားရဲ့ကြားထဲမှာရှိတဲ့ ရန်ညှိုးလေးအကြောင်းကို ပြောပြပါဦး…

 

ဘလက်ချော ။  ။  ဆူးဆိုတာ ကျုပ်နဲ့စတွေ့တုန်းက ၁၆နှစ်ပဲရှိသေးတဲ့… လောကကြီး အကြောင်း ဘာမှမသိသေးတဲ့ အဖြူထည်လေးပါ…

 

ဦးဘလက်ချော ရဲစခန်းပြူတင်းပေါက်မှ အဝေးသို့ငေးကြည့်ရင်း ဆွေးဆွေးမြေ့မြေ့ပြော လိုက်သည်….

 

“ မောင်… နွယ်ပင်တို့ ဒီမှာဆက်နေလို့ရှိရင် ဘာမှဖြစ်လာမှမဟုတ်ဘူးမောင်… ”

 

မောင်အာဂ… အဝေးသို့လှမ်းကြည့်နေရာမှ ချစ်သူနွယ်ပင်ဆီသလို့လှည့်ကြည့် လိုက်သည်… ချစ်သူစကားဆိုတော့လဲ မပယ်ချင်ပေးဘူးပေါ့…

 

“ ဂိုဏ်းချုပ်မျက်နှာကို မငဲ့ရင်တောင် အစ်ကိုတို့ကို ငယ်ငယ်လေးကတည်းက စောင့်ရှောက်ထားတဲ့ ဦးဘလက်တို့ အစ်ကိုကြီးဝတုတ်တို့ကိုတော့ ထည့်စဉ်းစားသင့်တယ်… နွယ်ရယ်… ”

 

“ ဒီမှာဆက်နေရင် တစ်နေ့တစ်ခြား အန္တရာယ်များလာတယ်မောင်… ”

 

“ နွယ်ပင့်ရဲ့ လိပ်ပြာဆေးမှင်ကြောင်လေးဟာ ဂိုဏ်းရဲ့ အမှတ်အသားပဲနွယ်ပင်… မင်းတစ်သက် ကြောင်ဝတုတ်ဂိုဏ်းသားအနေနဲ့ပဲနေရမယ်… ”

 

“ မောင်… နွယ်ပင်တို့  နှစ်ယောက်သာယာတဲ့ဘဝတစ်ခုကို တည်ဆောက်ချင်တယ်ဆို… ဒီအတိုင်းဆက်သွားရင် နွယ်ပင်တို့သေကွဲမကွဲရင်တောင် ရှင်ကွဲကွဲရလိမ့်မယ်…”

 

“ ညီမလေးနွယ်ပင်… အစ်ကိုမင်းတို့အကြောင်းကို ကြောင်ဝတုတ်ကိုပြောပြတော့… ကြောင်ဝတုတ်က ဂိုဏ်းချုပ်ကြောင်ကြီးကိုပြောပြပြီး တစ်ခုခုစီစဉ်ပေးမယ်တဲ့… ”

 

နောက်မှရောက်လာသော ဦးဘလက်ချောအသံကို နွယ်ပင်နှင့် မောင်အာဂတို့ လှည့်ကြည့်လိုက်သည်…

 

“ ကိုကြောင်ဝတုတ်နဲ့ ဦးဘလက်တို့ရဲ့ စေတနာကို ကျွန်တော်တို့နားလည်ပါတယ်… ဒါပေမယ့် ကျွန်တော်တို့ မျိုးဆက်၊ ကျွန်တော်တို့ဘဝရှေ့ရေးအတွက်…. ”

 

“ ငါတို့နားလည်တယ်လို့ပြောပြီးပြီပဲ… ကြောင်ဝတုတ်က ဂိုဏ်းချုပ်နဲ့ တိုင်ပင်ပါ လိမ့်မယ်ဆို… ယုံယုံကြည်ကြည် မစောင့်နိုင်တော့ဘူးလားကွာ…. ”

 

ဦးဘလက်ချော စကားကိုဆက်မပြောတော့ပဲ လှည့်ထွက်သွားသည်… နွယ်ပင်နှင့် မောင်အာဂတို့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ကျန်ခဲ့သည်…

ထိုအချိန်တွင် အခန်းတစ်ခုအတွင်းတွင်… လူနှစ်ယောက်မျက်နှာချင်းဆိုင်ထိုင်နေ ကြသည်…

 

“ ဒီမယ်ကိုကြောင်ကြီး… ဂိုဏ်းသားတွေဆိုတာလဲ လူတွေပဲ… သူတို့ဘဝအတွက် အချိန်တွေ ကျုပ်တို့ပေးရမယ်… သူတို့လဲ ဂိုဏ်းအတွက် ကျရာနေရာမှာ အကျိုးပြုပြီးပြီ…”

 

“ မင်းဒီလိုတော့ ပြောလို့မရဘူးဝတုတ်… တို့ဒီအချိန်မှာ လူတွေလိုနေတယ်… ဂိုဏ်းအင် အားတောင့်မှ ငါတို့နယ်မြေနဲ့ နာမည်ကိုပိုပြီး ကြီးထွားအောင်လုပ်နိုင်မှာ… ”

 

“ ဒီမှာကိုကြောင်ကြီး… ခင်ဗျားက ဂိုဏ်းနာမည်ထက် ခင်ဗျားပိုင်နက်နဲ့ အာဏာကို မြှင့်နေ တာလို့ ကျုပ်ကတွေးတာ… အဲဒီအတွက် ဂိုဏ်းကလူငယ်တွေ ခင်ဗျားအတွက် စတေးမခံနိုင်ဘူး…”

 

ဒေါသထွက်နေသော ကြောင်ဝတုတ်ဒေါသဖြင့် ဂိုဏ်းချုပ်ကိုပြန်ပြောဆိုပြီး အခန်းတွင်းမှအထွက် ကြောင်ကြီးရယ်သံနှင့်အတူ တံခါးဝမှ ဂိုဏ်းချုပ်လက်ပါးစေ သုံးဦးမှ ကြောင်ဝတုတ်အားဖမ်းဆီးခေါ်ဆောင်သွားတော့သည်…

 

ဆက်ရန်-

20 comments

  • ဆူး

    April 23, 2012 at 5:12 pm

    အာဂ နဲ့ နွယ်ပင် စကား အသွားအလာ ကြည့်ရတာ ကလေး ရှိလို့ သိုင်း ထုတ်သုံးဖို့ခက်နေလို့ ထွက်ချင်နေကြတာနဲ့ တူတယ်။

  • ရောင်ခြည်ခ

    April 23, 2012 at 6:36 pm

    ဇာတ်ရှိန်ကတော့ မြှင့်လာပါပြီ၊ နောက်ရေးမယ့် ဆက်ရန်ကိုလည်း စောင့်မျှော်နေပါတယ် ကြောင်ဝတုတ်ရေ..

  • Thel Nu Aye

    April 23, 2012 at 10:23 pm

    ကက်ကက်ဖက်ရေ။ မျှော်လိုက်ရတာတော်။ နောက်ဆုံးတော့လဲပေါ်လာပါရောလား။ ရှေ့စာတွေပြန်ဖတ်လိုက်ရတယ်။ ဇာတ်လမ်းမေ့တေ့တေ့ဖြစ်သွားလို့။ နောက်မဝေးစေနဲ့ဟာ။ အင်းလူတော့တော်တော်စုံလာပြီ။ ချာချာနဲ့ ဖြဲမကလက်ရုံးတွေလား။ ဆက်ရန်စောင့်မျှော်လျှက်။

  • Mလုလင်

    April 24, 2012 at 2:06 am

    အိမ်ပြန်ရောက် ပြီဗျို ့ ……

  • water-melon

    April 24, 2012 at 7:33 am

    ငါဟဲ့ ယာလက်ရုံးကွ
    လာပြီနော်

  • kyeemite

    April 24, 2012 at 9:19 am

    ဖက်တီးကက်…နင့်ဇတ်လမ်းကိုဆန့်တငံ့ငံ့ မလုပ်နဲ့
    တစ်နေ့တစ်ပိုင်း ဖြစ်အောင်တင်..ဒါဗြဲ။

  • Shwe Tike Soe

    April 24, 2012 at 9:37 am

    အခု တရားခံဖမ်းပြီးပြီဆိုတော့ စုံထောက်အောင်တိုက် ဘုုန်းကြီးသွားဝတ်ပြီ ဟီးဟီးဟီး

    • ဆူး

      April 24, 2012 at 10:20 am

      ဘုန်းကြီးဝတ် က ပြန်လာပြီ မဟုတ်လား။

  • နွယ်ပင်

    April 24, 2012 at 10:46 am

    ကိုဖက် သိသွားပြန်ပြီ
    သူများ Love scene ရိုက်နေတာကိုး ခိုးနားထောင်ပြီး
    ရေးနေတာ ရှက်လိုက်တာနော် ဟီးးးးးးးး 😛

    • Moe Z

      April 24, 2012 at 10:55 am

      မမနွယ်ပင် အေးအေးဆေးဆေးအလုပ်လုပ်ချင်ရင်
      ကလေးကို ထိန်းပေးထားမယ်လေ
      ကုန်ကျစရိတ်တော့ လုံလုံလောက်လောက်ပေးပေါ့ 😀

      • ဆူး

        April 24, 2012 at 11:07 am

        ကလေးထိန်းလည်း ရနေပြီပဲ.. ဟိဟိ.. နွယ်ပင်တို့ကတော့ ပိုင်တယ်နော်..
        စဉ်းစားစရာက နွယ်ပင် တို့ အချစ်ရေး ဆွေးနွေးနေတာ ဘယ်နားမှာ ဆွေးနွေးလို့ ကြားသွားတာလဲ.. အိမ်နားမှာ စပိုင် ကင်မရာတွေ အဲ.. ဟုတ်ပေါင်.. စပိုင် အသံဖမ်းစက် ရှိနေလို့နဲ့ တူတယ်။
        သဂျီးကို စပိုင် ကင်မရာ သတင်းမေး စုံစမ်းထားတဲ့ အထောက်အထား တခု တွေ့ထားလို့.. 😀

  • ဗိုက်ကလေး

    April 24, 2012 at 11:06 am

    မှောင်.
    နွယ်ပင်တို ့ ဒီမှာဆက်နေလို ့ရှိရင် ဘလောချက် စွတ်စွတ်တိုက်တာနဲ ့ မှောင်မူးတွားလိမ့်မယ်မှောင်
    နေရာပြောင်းကြရအောင်နော်မှော်

    • Inz@ghi

      April 24, 2012 at 2:41 pm

      မှောင် ..
      ဂီ တော့ မှောင်တို့ အရင် ပြန်ကြသူတွေကို ၁ခွက် ၁ခွက်နဲ့ …

      အာဟိ …ဒက်ဂလောက်တောင် မလုပ်နိုင်တော့ဘာဘူးကွယ်…

  • FattyCat

    April 24, 2012 at 11:26 am

    နွယ်ပင်တို့နေရာပြောင်းမယ်ကွယ်… ဘီယာဆိုင်ကနေ… ကာရာအိုကေဆိုင်ကိုလေ… နော်နော်လို့….ဟီး

    • R Ga

      April 24, 2012 at 2:13 pm

      မှောင် မမှား ပါ ချောင်ကြားက ပုလင်းရယ်ကြောင့်….။ မူးတယ် နွယ်ရယ်…မှောင် တဂယ်ကို မူးတယ်။

    • R Ga

      April 24, 2012 at 2:59 pm

      ဟေ့လူတွေ ဘီယာဆိုင်ကနေ ဘယ်တွေထက်သွားသေးရဲ..ဂျ..။ သားကျတော့ မခေါ်ကျဘူး။

  • blackchaw

    April 24, 2012 at 1:18 pm

    ဝတုတ်ရေ။
    ကြိုးစင်ပေါ်အထိ အရောက်ပို့ဦးမှာလား ဟင်င်င်င်င် ?

  • သူရဇော်

    April 24, 2012 at 4:23 pm

    ဒီအပိုင်းမှာ သူရလုံးဝပျောက်သွားတာ သိပ်မသင်္ကာဘူး…..ဒီ ကြောင်ဝတုတ်ဂိုဏ်းက ပြန်ပေးဆွဲတာခံလိုက်ရတာများလားဟယ်…………ရင်ထိတ်ပါ့အေ

  • etone

    April 26, 2012 at 1:50 pm

    အစဆုံးပြီးမှ ပြန်ရှာဖတ်မယ် …. နို့မို့ဆို တပိုင်းဖတ်တုန်းကျန်တဲ့ အပိုင်းတွေ မေ့ကုန်လို့ . ဟီး ….. 😛

  • Khaing Khaing

    April 26, 2012 at 4:27 pm

    အမလေး ခေါင်းတွေတောင် တော်တော်နောက်လာပြီ…. ဖတ်ပါ မှတ်ပါ ပြီးမှ ဝေဖန်ပါ လေကန်ပါ ………

Leave a Reply