လေအားလျှပ်စစ်ထုတ်ယူခြင်း ဆိုတာ (Wind Power)

လေအားလျှပ်စစ်

လေအားလျှပ်စစ်ဆိုသည်မှာ လေတိုက်ခတ်ရာမှ တဆင့် တပ်ဆင်ထားသော ဒလက်များ လည်ပါတ်ပြီး ဒလက်များနောက်တွင် တပ်ဆင်ထားသော တာဘိုင်မှ လျှပ်စင်စွမ်းအင် ထုတ်ယူခြင်းကို ဆိုလိုပါတယ်။  အသေးစားအိမ်သုံးအရွယ် လေအားလျှပ်စစ်ထုတ်ယူသည် တာဘိုင်ငယ်မှာ အချင်း ၈ ပေ နှင့် ၂၅ ပေ အကြား ရှိပါတယ်။ တိုင်မှာ မြေပြင်မှ ပေ ၃ဝ ခန့် ထောင်ရပြီး အိမ်သုံး လျှပ်စစ်သုံးစွဲမှု့ပမာဏ (သို့) လုပ်ငန်းငယ်များအတွက် သုံးစွဲနိုင်ပါတယ်။

ကောင်းကျိုးများ

၁။ လေအားလျှပ်စစ်မှ စွမ်းအင်ရယူရာတွင် သဘာဝပတ်ဝန်းကျင်နှင့် ဆီလျှော်မှု့ရှိပါတယ်။ ထို့ကြောင့် ကာဗွန်ဒိုင်အောက်ဆိုက် နှင့် အန္တရယ်ရှိစေသော လေတွင် ပျှော်ဝင်နိုင်သော ညစ်ညမ်းမှု့ မရှိ့ပါ။

၂။ မည့်သည့် လောင်စာမှ သုံစွဲရန်မလိုဘဲ ထုတ်ယူရရှိနိုင်ပါတယ်။

၃။ လောင်စာအတွက် အသုံးပြုရငွေပမဏ သက်သာစေပါတယ်။

၄။ လွယ်ကူစွာ ပြင်ဆင်နိုင်ခြင်း၊ ပြုပြင်ထိမ်းသိမ်းစရိတ်နည်းခြင်း၊ ရွှေ့ပြောင်းမှု့နည်းခြင်း တို့သည် လေအားလျှပ်စစ်၏ စွမ်းဆောင်ရည်များဖြစ်ပါတယ်။

၅။ လေအားကြောင့် ကုန်ကျငွေမှာ ဂက်စ်တာဘိုင်အသုံးစရိတ်ထက် သက်သာပါတယ်။

၆။ လေအားလျှပ်စစ် တာဘိုင်တိုင် အောက်ခြေဘက်တွင်လည်း စိုက်ပျိုးရေးများ လုပ်ကိုင်နိုင်ပါတယ်။

 

ဆိုးကျိုးများ

၁။ လေတိုက်နှုန်းမှာ တသက်မှတ်တည်း မရှိခြင်းကြောင့် တစ်ခါတစ်ရံ လုံးဝ လေမတိုက်ခြင်းမှာ မုန်တိုင်းဖြစ်ပေါ်သည်အထိ ပြင်းထန်နိုင်ပါတယ်။ ထို့ကြောင့် အချိန်တိုင်း တူမျှသော လျှပ်စစ်ပမဏ ထုတ်ယူရရှိနိုင်မှု့ မရှိပါ။ တစ်ချို့အချိန်များတွင်လည်း လျှပ်စစ်ထုတ်ယူနိုင်မှု့ မရှိပါ။ လေတိုက်နှုန်း အလွန်ပြင်းထန်လာပါကလည်း တာဘိုင်ပျက်စီးမှု့ကို ရှောင်ရှားနိုင်ရန်လည်း ရပ်နားထားရပါတယ်။

၂။ လေအားလျှပ်စစ်ထုတ်ယူသော တာဘိုင်များမှာ လောင်စာသုံး လျှပ်စစ်ထုတ်ယူရေးစခန်း ထက် လျှပ်စစ်ပမာဏ ထုတ်ယူနိုင်မှု့နည်းပါးပါတယ်။

၃။ လေအားလျှပ်စစ်တိုင်များမှာ ဆူငြံသောအသံ ထွက်ပါတယ်။ စီးပွားဖြစ်ထုတ်ယူသော လေအားလျှပ်စစ်တာဘိုင်များမှာ ရံဖန်ရံခါ ဂျက်အင်ဂျင်အသေးတစ်လုံး မှ ထွက်သော ဆူညံသံ ဖြစ်ပေါ်ပါတယ်။ သို့ဖြစ်သောကြောင့် လေအားလျှပ်စစ်တာဘိုင်များနှင့် မီတာတစ်ရာခန့်အတွင်း နေထိုင်မယ်ဆိုလျှင်တော့ ဆူညံသံများကြောင့် ထိခိုက်နိုင်ပါတယ်။

၄။ လေအားလျှပ်စစ်တာဘိုင်များမှာ ကနဦးတပ်ဆင်စရိတ်မှာ အလွန်ကုန်ကျစရိတ်များပါတယ်။

၅။ လေအားလျှပ်စစ်ထုတ်ယူသော အကြီးဆုံး တာဘိုင်တစ်ခုမှာ အသုံးပြုနိုင်သော အိမ်ခြေ ၅၀ဝခန့် အတွက်သာ လျှပ်စစ်ပမဏ ထုတ်ယူရရှိနိုင်ပါတယ်။ လူဦးရေ ၁ သိန်း ရှိသော မြို့တစ်မြို့အတွက် လုံလောက်သော ပမာဏပေးနိုင်ရန် တာဘိုင် ဘယ်နှစ်ခု တပ်ဆင်ရမလဲ စဉ်းစားစရာပင်။

၆။ လေအားလျှပ်စစ်တာဘိုင်မှာ ကြီးမားသော ဒလက်ကြီးများမှာ ငှက်များအတွက် အလွန်အန္တရာယ်များပါတယ်။ ငှက်များမှာ အမြင်နိုင်လောက်အောင် လည်ပတ်နေသော ဒလက်များကြောင့် သေဆုံးလေ့ရှိပါတယ်။ (ယခုခေတ်တာဘိုင်များမှာ ကြီးမားပြီး ဖြည်းဖြည်းမှန်မှန်လည်ပါတ်သော ဒလက်များကိုသာ အသုံးပြုတော့သဖြင့် ငှက်များသေဆုံးမှု့ကို လျှော့နည်းစေပါတယ်။)

၇။ လုံလောက်သော လျှပ်စစ်ပမာဏနှင့် လူအဖွဲ့အစည်းတစ်ရပ်လုံးအား ထောက်ပံ့ပေးနိုင်ရန် ကြီးမားသော လေတိုက်နိုင်သော ကွင်းပြင် လိုအပ်ပါတယ်။

၈။ လေအားလျှပ်စစ်ထုတ်ယူသော ကွင်းပြင် တိုးချဲ့ရန် မည်သည့်အဆိုပြုမှုကိုမဆို ကန့်ကွက်မှု၊ မေတ္တာရပ်ခံမှု့များ ဖြစ်ပေါ်လေ့ ရှိပါတယ်။

 

စကားချပ်။   ။ ကျွန်တော်ဘာသာပြန်ရေးသားသော “ရေကာတာအမှီပြု ရေအားလျှပ်စစ် ဆိုတာ” ပို့စ်လေးကို ဖတ်ရူ့ကာ မှတ်ချက်များ ရေးသားဝေဖန်ပေးသော ညီ၊အကို၊မောင်နှမများကို ကျေးဇူးတင်ပါတယ်။ အဲဒီပို့စ်လေးဟာ တစ်ကယ်ကို ကျွန်တော်မသိလို့ လိုက်ရှာဖတ်ပြီး ဘာသာပြန်ထားတာပါ။ အခု ကျွန်တော် နာမည်ကြီး ရေကာတာ ရေအားလျှပ်စစ်များ တည်ထားသော နေရာနှင့် အဘယ်သို့တည်ထားသည် – ဆိုလိုသည်မှာ ရေဝေ ဧရိယာအတွင်း ရောက်နေ၊ မရောက်နေ နှင့် ထိုနေရာများတွင် တည်ဆောက်လေ့ ရှိ့၊မရှိ့။ တည်ဆောက်ခဲ့ပါက အဘယ်သို့ အကျိုး၊အပြစ်များ ဖြစ်စေသည် စသည့် ထပ်မံစိတ်ဝင်စားဖွယ်များ ပေါ်ပေါက်လာပါသည်။ အခုကို လေ့လာဖတ်မှတ်နေပါသည်။ အချက်အလက်အချို့ရပါက ပြန်လည် ဖောက်သည်ချ၊ တင်ပြပါအုံးမည်။ ဒီပို့စ်လေးကတော့ ကျွန်တော်ထပ်မံ စိတ်ဝင်စားသော ရေအား၊လေအား၊နေအား(ဆိုလာ)၊ဒီရေ၊ဂက်စ်၊ကျောက်မီးသွေး၊အညစ်အကြေး၊နှူကလီယားဓါတ်ပေါင်းဖို တို့မှ ရရှိနိုင်သော အကျိုး၊အပြစ်ကလေးများကို စုစောင်းဖတ်မှတ်ရင်း ရေးသားထားခြင်း ဖြစ်ပါသည်။ အားလုံးရေးသားပြီးစီးပါက အဘယ်သို့သော လျှပ်စစ်ထုတ်ယူနိုင်သော အရင်းအမြစ်သည် လူသားများအတွက် အဖိုးအတန်ဆုံး၊ ကုန်ကျစရိတ်အနည်းဆုံး၊ စွမ်းအင်ရရှိမှု့အများဆုံး၊ သဘာဝ ပတ်ဝန်းကျင်ထိခိုက်မှု့ အနည်းဆုံး စသည့် တွေးတောစရာ အချက်များ ထွက်လာပါမည်။ စဉ်းစားနိုင်လာမည်ဟု ယုံကြည်ပါသည်။

 

 

6 comments

  • သခင်သူရိန်

    April 24, 2012 at 2:44 am

    အကြိမ်ကြိမ်ပြန်ဖက်ပြီး စစ်တာတောင် မှားနေလို့ ဒီလိုလေး ပြန်ဖတ်ပေးပါဗျာ “လေအားလျှပ်စစ်ထုတ်ယူသည် တာဘိုင်ငယ်ရှေ့ ဒလက်(rotor/Blade)မှာ အချင်း ၈ ပေ နှင့် ၂၅ ပေ အကြား ရှိပါတယ်” ဟုရေးချင်တာပါ

  • water-melon

    April 24, 2012 at 6:40 am

    ကျေးဇူး ကိုသူရိန်ရေ
    ဟိုလေ ပင်လယ်ရေလှိုင်းကနေ လျှပ်စစ်ဓာတ်အားထုတ်တာလေးရော
    အဆင်ပြေရင်ပြောပြပါအုန်း
    အားပေးနေပါမယ်

  • Gipsy

    April 24, 2012 at 7:14 am

    လေအားလျှပ်စစ်တာပိုင် အရွယ်အစားအမျိုးမျိုးအတွက် စရိတ်ကုန်ကျမှုတွေကို
    ပြောပြပေးပါဦး…
    ဥပမာ အသေးစားအိမ်သုံးအရွယ် လေအားလျှပ်စစ်ထုတ်ယူသည် တာဘိုင်ငယ်
    အချင်း ၈ ပေ နှင့် ၂၅ ပေ က ကျသင့်ငွေ ဘယ်၍ ဘယ်မျှ နဲ့ သူ့ထက်ကြီးတဲ့
    တာပိုင်က ဘယ်ဈေး စသည်တို့ကိုလဲ သိချင်ပါကြောင်း….။

  • htoosan

    April 24, 2012 at 7:32 am

    တီထွင်ထားတာကြာပေမဲ့ တိုးတက်မှု့ မရှိ သုံးစွဲသူများလာတာ မရှိတာကို ကြည့်ခြင်းအားဖြင့် လေအားကလည်း အမှန်တစ်ကယ်အားကိုးနိုင်စွမ်း မရှိသေးပါဘူး ။

  • kai

    April 24, 2012 at 8:17 am


    အဲဒီအောက်ကလင့်ခ်ကဆောင်းပါးလေးကောင်းတယ်..
    စွမ်းအင်ထုတ်တဲ့ စွမ်းအင်စိမ်းတွေကို သုံးသပ် နှိုင်းယှဉ်ပြထားတာ..။
    Why the Clean Tech Boom Went Bust By Juliet Eilperin
    http://www.wired.com/magazine/2012/01/ff_solyndra/all/1

    Power Struggles

    For each unique green-tech sector, a unique set of challenges.—Rachel Swaby

    Solar

    Promise:
    Enough sunlight hits Earth in one hour to power the world for a year. In 2010, the solar industry predicted that as many as 500,000 people would be directly or indirectly employed in the US solar sector by 2016.

    Reality:
    As we head into 2012, the number is more like 100,000. Prices for conventional solar cells have fallen 40 percent in the past year, due largely to a flood of panels from Chinese manufacturers, which have benefited from plunging silicon prices and government support. The price drop has eviscerated the US solar manufacturing industry.

    Outlook: China’s 54 percent share of the global panel-making market will grow, and we’ll remain locked into older technology. But cheap panels mean more of them on rooftops, which is good.

    ===

    Wind

    Promise: The US has the potential to generate enough wind energy to meet the nation’s total consumption 12 times over.

    Reality: At $35 a megawatt-hour, wind looked like a good deal back in 2007, when wholesale electric prices ranged between $45 and $85 per megawatt-hour. But the natural gas boom, plus the 2008 recession, drove prices under $30 by 2009, eliminating wind’s financial edge. Also, NIMBY protests have made getting approval for a wind farm in the US as difficult as getting it for a coal-fired plant.

    Outlook: Cheaper prices for turbines should result in lower costs for wind power by 2014. Though growth has slowed since 2008, this sector is still expected to cover about a third of any increased energy consumption in the US between now and 2035.

    Algae

    Promise: Algae is, by some measures, up to 30 times more energy-dense than other biofuel crops. It ought to yield cheaper fuel, saving huge swaths of arable land.

    Reality: A recent Department of Energy road map includes a 33-item list of R&D challenges—from assessing environmental risks to creating efficient conversion methods—that must be overcome for algae to be viable. In fact, researchers still aren’t able to cultivate the stuff on a large scale.

    Outlook: In 2010, the DOE cautioned that “many years of both basic and applied science and engineering will likely be needed to achieve affordable, scalable, and sustainable algae-based fuels.”

    Fuel Cells

    Promise: Zero-emission energy for everything from laptops to cars to power stations, all fueled by the most abundant element in the universe, hydrogen.

    Reality: To compete with fossil fuels, the electricity from fuel cells needs to sell for around $30 per kilowatt. Right now, that figure is about $49. Also, there are only about 60 hydrogen refueling stations in the country, serving around 200 small vehicles and 15 buses. Industry leader FuelCell Energy lost $56.3 million in 2010 and has never turned a profit.

    Outlook: Even if fuel cells become cheaper and more reliable, a workable hydrogen infrastructure is still decades away.

    Batteries

    Promise: Zero-emission vehicles (assuming that the power for recharging the batteries comes from zero-emission sources).

    Reality: The federal government injected $2.4 billion into the battery industry in 2009, under the American Recovery and Reinvestment Act, with the stated goal of getting more electric cars on the road. But expensive materials means that advanced lithium-ion batteries still cost about $650 per kilowatt-hour of usable energy. At that level, the 24-kWh battery pack for a Nissan Leaf costs more than some cars.

    Outlook: Despite a White House call to get battery prices down to $100 per kWh by 2020, the rosiest predictions foresee nothing cheaper than $300 per kWh over the next decade.

    Cellulosic Biofuel

    Promise: Biodiesel derived from stalks, trunks, stems, and leaves—rather than plant oils or the edible parts of crops—would supply cheap renewable energy without hitting the food supply.

    Reality: In 2010, the US produced 88 million gallons of cellulosic biofuel—less than a year’s output from a single corn ethanol plant. Large-scale commercialization is still not viable, because the sugars in biomass are harder to tease out than those in corn. Building a cellulosic ethanol plant costs up to four times as much as building a first-gen biofuel plant.

    Outlook: In 2007, the government set a target of 100 million gallons of cellulosic biofuel reaching pumps annually. In 2010, that target was revised down to just 6.6 million gallons.

    Smart Meters

    Promise: Replace analog meters with digital devices that provide real-time feedback to both customers and utilities, which would help build more efficiency and stability into the grid.

    Reality: Smart meters are being widely deployed. But fringe groups have voiced concerns about privacy and health that have slowed or canceled rollouts in several communities. And faulty meters that led to higher bills have caused several local governments to require independent reviews of the systems.

    Outlook: Smart meters are the linchpin of the smart grid—computer-based automation of electricity delivery. None of these early glitches are likely to get in the way for long. Analysts predict 250 million smart meters will be installed worldwide by 2015.

    Charging Stations

    Promise: A network of 240- and 480-volt charging-station kiosks could dot roadsides and parking lots, like ATMs for electric cars.

    Reality: The fastest charge for a Nissan Leaf takes about 30 minutes at 480 volts. Unless we could suddenly install enough stations to guarantee no waiting (there are currently only 1,800 nationwide), the time commitment means that recharging on the go just isn’t feasible. For the most part, electric-car owners are limited to as much driving as they can get from a single at-home charge.

    Outlook: The cost of kiosks (up to $35,000 each) plus relatively low demand means they’ll be limited to metropolitan areas for years to come.

Leave a Reply