Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မယုံရင်လည်း ပုံပြင်လို့တော့မမှတ်ပါနဲ့

may flowersApril 27, 20121min26016

မယုံရင်လည်း ပုံပြင်လို့တော ့မမှတ်စေချင်ပါဘူး။ ဘာလို့လဲ ဆိုတော့ ဒီအဖြစ်အပျက်လေး
ဟာကျွှန်မ တကယ်ကြုံတွေ့ခဲ့တဲ့အဖြစ်လေးမို့လို့ပါပဲ။
ကျွှန်မကိုမွေးခဲ့တာက ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့ နယ်လေးတစ်နယ်မှာပါ။
ဒီတော့ ကျွှန်မကတောသူဆိုရင်လဲ မမှားဘူးပေါ့ရှင်။
ဒီအဖြစ်လေးဟာ ကျွှန်မငယ်ငယ် (၇) နှစ်အရွယ်လောက်ကဖြစ်ပျက်ခဲ့တာပါ။
ကျွှန်မတို့ရဲ့အမေကြီး (ကျွှန်မအမေရဲ့ အမေကိုကျွှန်မတို့ကအမေကြီးလို့ပဲ ခေါ်ပါတယ်)
ကတော့ ကျွှန်မတို့ထက်ပိုပြီး ချောင်ကျတဲ့ တောရွာလေးတစ်ရွာမှာနေပါတယ်။
အဲဒီရွာလေးက တစ်ရွာလုံးအမျိုးတွေချည်းစုဖွဲ့ထားသလား ထင်ရလောက်အောင်
လက်ညှိးထိုးမလွဲအမျိုးတွေချည်းပါပဲ။ ဦးကြီးဝမ်းကွဲ ဦးလေးဝမ်းကွဲ ဖွားလေးဝမ်းကွဲ
ဝမ်းကွဲတွေများစွာကလက်ညှိးထိုးလို့မလွဲ တစ်ရွာလုံးနီးပါးပါပဲ။ လမ်းမှာအမြင်မတော်တာတွေ့လို့
ဆူဆုံးမသွားလည်း ဘယ်မိဘမှစိတ်ဆိုးတာ စိတ်တိုတာမတွေ့ပါဘူး။ သူတို့ကိုယ်တိုင်တိုင်ကလည်း အမြင်မတော်တာတေ ွ တွေ့ရင်ဆုံးမပိုင်ခွင့် ပြောပိုင်ခွင့်ရှိပါတယ် ။ ကိုယ့်သားသမီးအမြင်မတော်တာ ဆော့တာတို့ အန္တရာယ်တွေ့စရာဆော့ရင်တောင် ကိုယ်စား ဆုံးမပေးမဲ့လူတွေ ရှိတာမု ို့ စိတ်ချလက်ချလွှတ်ထားကြပါတယ်။ ကြိုက်တဲ့နေရာသွား ကြိုက်တဲ့နေရာမှာဆော့ မောလာရင ်ကြိုက်တဲ့အိမ်ရေတောင်းသောက် လို့ ရပါတယ်။ တောင်းစရာတောင်မလိုပါဘူး အိမ်ပေါ်ခပ်တည်တည်နဲ့ တက်သွားပြီးခပ်သောက်တောင် ဘယ်သူမှ မပြောကြပါဘူး။

အောက်တိုဘာကျောင်းပိတ်ရက်တို့
ဒီဇင်ဘာကျောင်းပိတ်ရက်တို့ ဆိုကျွှန်တို့မောင်နှမတွေ အချိန်မဆိုင်းပဲ အမေကြီးတို့ရွာကိုပြေးဖို့
ပြင်တော့တာပါပဲ။ ဒါကလ ဲအကြောင်းရှိပါတယ်။ မျောက်ရုံးအောင်ဆော့တဲ့ကျွှန်မတို့တွေ
အတွက်အမေကြီးတို့ရွာက ပျော်စရာ ဆော့စရာများနေလို့ပါ။ ပြီးတော့ ကျွှန်မတို့ဘယ်
လောက်ဆော့ဆော့ အမေကြီးက ဆူတယ်ဟန့်တားတယ်ဆိုတာ မရှိသလောက်ပါပဲ။
အရမ်းအန္တရာယ်ဖြစ်လောက်တဲ့ ကိစ္စတွေကလွဲရင်အမေကြီးက ဆူခဲပြောခဲပါတယ်။
ကျွှန်မတို့အတွက်ကတော့ အကြိုက်ပဲပေါ့ ။ မျောက်ရှုံးကျွှန်မက အမေအဖေ ဆူမှာ
စိုးရိမ်စရာမလိုတဲ့အတွက် ကြိုက်တဲ့သစ်ပင်တက်ဆော့နိုင်ပါတယ်။ လယ်ထဲမှာဂဏန်းနိုက်
မလား တီကောင်လေးတွေမရွိ့မရှာကိုင်ပြီး ငါးမျှားမလား ကစားစရာနည်းပေါင်းစုံ
အောင် ဆော့ ကြပါတယ်။
ကဲ…ကျွှန်မ ဆော့ခဲ့တဲ့ အကြောင်းကြွားနေတာနဲ့ လိုရင်းကိုမရောက်နိုင်တော့ဘူးနော်။
ဒါပေမဲ့ လိုရင်းမပြောခင် ကျွှန်မအမေကြီးတို့ရဲ့ရွာတည်ဆောက်ပုံလေးတော့ ပြောဖို့လိုသေးတာမို့ နဲနဲလေးလောက်ပြောချင်ပါသေးတယ်။ ကျွှန်မတို့အမေကြီးရွာက တောင်နဲ့မြောက်အရှည်လိုက်တည်ရှိနေတဲ့ ရွာတန်းရှည်လေးပါ ။ ရွာကိုစဝင်မယ်ဆို တောင်ဘက်ကနေဝင်ရတာပါ..ဒီလိုအတန်းလိုက် ဝင်သွားရင်ကျွှန်မအမေကြီးတို့ အိမ်က
ရွာရဲ့အနောက်ဘက်ခြမ်း နဲ့ အလယ်ပိုင်းလောက်မှာရှိပါတယ်။ ရွာမြောက်ဘက်မှာတော့
ရွာဦးစေတီနဲ့ ရွာသချင်္ိုင်းရှိပါတယ်။ အဲဒီသချိင်္ုင်းရဲ့တစ်ဖက်မှာတော့ရိုးမတောကြီးပဲ
ရှိပါတော့တယ်။ ရိုးမတောကြီးကို ကျော်သွားရင်တော ့ရိုးမတောင်ကြီးရှိတယ်လို့ အမေကြီးတို့ပြောတာကြားဖူးပါတယ်။ ရွာရဲ့အရှေ့ဘက်ကတော့ လယ်ကွင်းပြင်ကြီးပါ။
အမေကြီးတို့ဘက်ခြမ်းအနောက်ဘက်မှာတော့ ရေကန်ကြီးတစ်ကန်ရှိပါတယ်။ မိုးတွင်းဆို ကြာဖြူကြာနီတွေနဲ့ အရမ်းလှပတဲ့ကန်ကြီး ( ဒေသအခေါ် အင်းကြီး)
ဖြစ်ပေမဲ့ အဲဒီအင်းကြီးအော်ပြီဆို လူစားလဲချင်လို့အော်တယ် (လူသေမယ်ဆိုတဲ့အယူ)
ရှိပါတယ်။ တိုက်ဆိုင်တာလား တကယ်လားတော့မသိပါဘူး အဲဒီအင်းကြီးအော်ပြီ
ဆိုရင် တကယ်ပဲလူတစ်ယောက်တော့ အကြောင်းအမျိုးမျိုးနဲ့ အဲဒီအင်းကြီးနားမှာ
သေတတ်ပါတယ်။

ဒုတိယပိုင်းက နောက်နေ့မှတင်ပေးမှာမို့ စောင့်မျှော်ကြပါရှင်။

16 comments

  • may flowers

    April 27, 2012 at 8:41 pm

    ဝေဖန်အားပေး ကြပါဦးရှင်။

  • windtalker

    April 27, 2012 at 9:44 pm

    မမှတ်ရဘူး ဆိုတော့လဲ မမှတ်တော့ပါဘူး ။ နောက်ဟာ ကို ဖတ်ရမှဘဲ မှတ်တော့မယ် ဗျား ။ ဟီဟိ

  • ster

    April 28, 2012 at 12:16 am

    အင်းကြီး အော်တယ်ဆိုတာ ဘယ်လိုလဲ။

    • water-melon

      April 28, 2012 at 7:11 am

      အင်းကြီးက ဒီလိုအော်တာလေ
      ကယ်ကြပါအုန်းရှင် ကယ်ကြပါအုန်းရှင်
      ဟီးဟီး

  • လူ ဟား

    April 28, 2012 at 11:34 am

    လုပ်ပြန်ပြီနောက်တစ်ယောက်… ဖတ်လို့ကောင်းတုန်း တန်းလန်းထားခဲ့ပြန်ပြီ… ဟိုနေ့ကလည်း “မဒန်ချို” အဲလို လုပ်သွားတယ်။ ထမင်းချက်ချိန်ရောက်သွားလို့တဲ့ .. ခုထိ ထမင်းချက် မပြီးသေးဘူးလား မသိဘူး။
    မနေကြာလည်း နောက်ရက်လို့ပြောထားတယ်နော် … နောက်ရက် ပြန်လာကြည့်လို့ မတွေ့ရင် .. အဆိုးမဆိုနဲ့.. လူဟား ဒါဘဲပြောမယ်။

  • ဗိုက်ကလေး

    April 28, 2012 at 11:46 am

    အင်းကြီးအော်တာ ဗိုက်ဆာလို ့ပေါ့နော်

    • windtalker

      April 28, 2012 at 2:12 pm

      အင်းကြီးအော် မင်းဂျီးတော်
      အတင်းရွှီးသနော် ပုလင်းကြီးပျော်

  • Onyx

    April 28, 2012 at 12:21 pm

    အင်းစိတ်ဝင်စားဖို့ ကောင်းလာလုပ်ပြီ ဆက်ရန်ဆိုပြီး ။ စောင့်နေမှာနော်

  • R Ga

    April 28, 2012 at 2:11 pm

    စိတ်တော့ မရှိနဲနော် နည်းနည်းပြောချင်တယ်။ ဒီပိုစ်နဲ့ စာတစ်လုံးမှ မလွဲတဲ့ ပိုစ်တစ်ခု ကို ဒီ http://onlinepyadaik.com/profiles/blogs/4021190:BlogPost:480708 ဆိုဒ်မှာတွေ့ပါတယ်။ ဒီတော့ may flowers က ဆီကနေ ကြည်ကြည်ဆိုတဲ့စာရေးသူ ကပဲကူးယူသလား။ ဒါမှမဟုတ် ကြည်ကြည်ဆိုသူနဲ့ May Flowers က အတူတူပဲလားဆိုတာ သိချင်မိလို့ပါ။ ၂ဦးစလုံး တင်တဲ့နေ့ကလည်း အတူတူဖြစ်နေပြီး

    ဒုတိယပိုင်းက နောက်နေ့မှတင်ပေးမှာမို့ စောင့်မျှော်ကြပါရှင်။ ဆိုတာကလည်း အတူတူဆိုတော့ အတော့်ကလေးကို စဉ်းစားယူနေရပါတယ်။

    ဒီတော့ဖြစ်နိုင်ရင် ရှင်းပြပေးစေချင်ပါတယ်။

  • may flowers

    April 28, 2012 at 2:31 pm

    ဟုတ်ကဲ့ တူတူပါပဲ ပြတိုက်ထဲမှာလဲတင်ထားပါတယ်။ နံမည်မတူပေမဲ့ လူကတစ်ယောက်ထဲပါပဲရှင်။

    • R Ga

      April 28, 2012 at 2:48 pm

      ကိုယ်တိုင်းရေးတဲ့ စာဆိုရင် Copy/Paste ဆိုတဲ့ ဟာကိုမရွေးချယ်သင့်ပါဘူး။ ဒါဆိုရင် May Flowers အတွက် နစ်နာစေလို့ပါ။

      လေးစားစွာဖြင့်
      အာဂ

  • may flowers

    April 28, 2012 at 3:01 pm

    ဟုတ်ကဲ့ ကျေးဇူးပါ ကိုအာဂရေ။ ခုမှ စာကိုစရေးတဲ့ အသစ်တစ်ယောက်မို့ဘာမှနားမလည်တာအမှန်ပါ။

    ကျွှန်မက ပထမ စာကို ကွန်ပြူတာထဲ မှတ်ပြီးမှ ပြန်ကူးတင်တာပါ။ ဒါဆို ဘယ်လိုများ ပိုစ့်တွေတင်ရမယ်

    ဆိုတာ ပြောပြပေးပါလားဟင်။ တကယ်သိလို့ပါ။ ခုလိုညွှန်ပြပေးတဲ့ အတွက်လဲ ကျေးဇူးတင်နေမှာပါ။

  • လူ ဟား

    April 28, 2012 at 9:38 pm

    အဟော… ခုတော့ ကြည်ကြည်ဆိုတာ MayFlower ပဲပေါ့… လူပွားလေးလုပ်ထားတယ်… ဘယ်လောက်တောင်ပွားထားလည်း သိဖူး။ ဘယ်မှာ ဆက်ရန်ဆိုတာ .. လူဟား ဒါဘဲပြောမယ်။ သိတယ်နော်

  • may flowers

    April 28, 2012 at 10:04 pm

    ဒုတိယပိုင်းလေးရိုက်နေရင်းမီးပျက်သွားလို့ save မလုပ်ထားလိုက်မိဘူး။ ကုန်ပျောက်ကုန်ပြီတော့….

    ခုပြန်ရိုက်နေတယ်…မကြာမီလာမည်…မျှော်

Leave a Reply