Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ယာဉ်တိုက်မှုနောက်ဆက်တွဲ စာနာမှု နှင့် တာဝန်သိစိတ်

amatminMay 18, 20121min67419

ယာဉ်တိုက်ခံရသူဟု ဆိုလိုက်သည်နှင့် သေမည်ရှင်မည်.မဆိုနိုင်သေးပဲ.

သေလုမျောပါး ဟုဆိုအပ်သောရောဂါကို ခံစားနေရမှန်းလူတိုင်းလိုလိုသိနိုင်မည်ကားငြင်းမရ..။

ယာဉ်တိုက်မှုဖြစ်သည်ဟူသော အသံကိုကြားလိုက်သည်နှင့် တပြိုင်နက်.စုတ်တသတ်သတ်နှင့်

သနားကရုဏာကို ဖော်ပြဖို့ရန် ဝန်မလေးတတ်ပေမဲ့

တကယ့်မြင်ကွင်းအပါအဝင်.နောက်ဆက်တွဲသတင်းတိုင်းလိုလိုတွင်ကား.စာနာတတ်ခြင်း

ကူညီလိုခြင်းကင်းမဲ့ခြင်းများကြောင့် မသေသင့်ဘဲ သေရသူမှာလည်း ဒုနှင့်ဒေး..။

ကျနော်ယမန်နေ့ညဦးပိုင်းက မြင်ခဲ့ရသော ဖြစ်ရပ်တခုကား လက်တွေ့ကျကျ……။

အချိန်မှာကား ၁၇.၅.၂၀၁၂ ညဦးပိုင်း ရ နာရီ ၃ဝ နီးပါးခန့်….

ဆူးလေမှတဆင့်အိမ်အပြန် ကမ္ဘာအေးဘုရားလမ်းမကြီးပေါ် ကုက္ကိုင်းမီးပ္ပိုင့် မရောက်မှီ ကိုက် ၁၀ဝ ခန့်.အလိုတွင်.

အသက်ကြီးကြီးလူတယောက်လဲနေပြီး အပေါ်မှလူတယောက်က ရှေးဦးသူနာပြုစုနည်းဖြင့် ကုသပေးနေကာ.

ပါးစပ်မှလည်း လူနာတင်ရန် ကားတစီးလောက်တားပေးကြပါဟု အော်ဟစ်နေ၏..။

ဘေးဘယ်ညာလမ်းတဘက်စီမှ ကားသစ်ကားဟောင်း .လူပေါင်းစုံစွာ ဥပဒေဟိုသွားနေသော်လည်း

အခင်းဖြစ်ရပ်ဘေးနားတွင်ကား ထိခိုက်သူ လူနာနှင့် ပြုစုသူမှလွဲကာ ကျန်သူမရှိ..။

နောက်ထပ် မြင်ကွင်းတရပ်သည်ကား အဆိုပါ ယာဉ်တိုက်မှုဖြစ်ရပ်နှင့် ကိုက်၁၀ဝ ခန့်ဝေးသော

ကုက္ကိုင်းမီးပ္ပိုင့်ရဲကင်း အရှေ့ှတည့်တည့်တွင် လိုက်အေ့စ်တစင်းနှင့် ဆလွန်းကားတစီး အပါအဝင် ကား ၄စီးခန့်ရပ်ထားပီး

ရဲကင်းမှ လူတချို့သည် ထိုဖြစ်ရပ်မြင်ကွင်းကို လှမ်းမျှော်ကြည့်နေကြ၏…။

ထိုဖြစ်ရပ်အလုံးစုံကို ကျနော်သည်လည်းအငှားကားပေါ်မှ မြင်ခဲ့ပြီး ယာဉ်ပေါ်မှ ဆင်းကာကူညီခြင်းမပြုနိုင်ခဲ့သလို..

ကားပေါ်ပါဘေးဘယ်ညာမှ အခြားလူများနှင့်ပုံစံတူစုတ်သပ်ခြင်းနှင့် ရပ်မပေးသောကားများကို

အပြစ်ပြောခြင်းကိုကား ကျယ်ကျယ်လောင်လောင်ပြုမိခဲ့သည် ။

သို့သော် အဆိုပါဖြစ်ရပ်ကို မြင်ပြီးနောက် ပြန်လှန်တွေးတောမိသည်ကား..

ယာဉ်တိုက်မှုတခုနောက်တွင်လက်တွေ့လိုအပ်သည့်အရာမှာ.တရားတဘောင်

မှန်ကန်မျှတခြင်းထက်..ပိုမိုအရေးကြီးသော လူသားဆန်သောစာနာမှုတရား ဖြစ်ပြီး..

ထိုအရာမှာ ကျနော်တို့ ပတ်ဝန်းကျင် အသိုက်အဝန်းကြီးတခုလုံးတွင်ပျောက်ဆုံးနေ၏.။

ဆက်စပ်သတင်းအနေနဲ့ eleven media မှာပါတဲ့ ၁၅ ရက်နေ့ ည ၂ နာရီ ခွဲလောက်မှာ ဖြစ်ခဲ့တဲ့..

အဝေးပြေးလမ်းမပေါ်က ယာဉ်တိုက်မှု သတင်းကိုလည်း နဲနဲညွှန်းလိုက်ပါ့မယ် နော်..

”ကျွန်တော်တို့ မိတီ္ထလာလမ်းဆုံက မိုင်တိုင် ၂၈၅ ဆိုတော့ ကားတိုက်တဲ့ နေရာနဲ့ ၂ရ မိုင်ဝေးတယ်။ လမ်းဆုံကနေ မြို့ပေါ်ကို ရ မိုင်ဆိုတော့ အကုန်လုံး ၃၄ မိုင်လောက်ပဲ ဝေးတယ်။ ဒီ ၃၄ မိုင်က ပုံမှန်မောင်းတာတောင် လေးဆယ့် ငါးမိနစ်လောက်ပဲ ကြာသင့်တယ်။ အခုတော့ မိတ္ထီလာဆေးရုံကို မနက် ခုနစ်နာရီခွဲမှ ရောက်လာတာဆိုတော့ ကြာလွန်းတယ် ထင်တယ်။ အမြန်လမ်းပေါ်မှာ တစ်ခုခုဖြစ်ရင် ကူညီမယ့်လူမရှိတာ အချိန်ကြာလွန်းတဲ့အတွက် မသေသင့်ပဲ သေရတာများနေတော့ သက်ဆိုင်ရာအနေနဲ့ တစ်ခုခုတော့ စီစဉ်ပေးသင့်တယ်”ဟု ကိုယ်တိုင် သွားရောက်လေ့လာခဲ့သူက ဆိုသည်။

ကျနော်မှတ်သားခဲ့မိသောကြားနေကျ စကားတခွန်းရှိသည်..

“ မြန်မာလူမျိုးများသည် သူတဖက်သားကို ကူညီဖို့ရန် ဝန်မလေးတတ် ”..။

ဆိုတော့ ထိုစကားရပ် ပြန်လည်အသက်ဝင်ဖို့ ကျနော်တို့ ခင်ဗျားတို့တွေမှာ တာဝန်ကိုယ်စီရှိကြ သည်ထင်ပဗျာ..…

စကားမစပ်..ရွာမိတ်ဆွေတွေရေ..ဓါတ်ပုံရိုက်ဖို့ကိုလွန်သွားမှ သတိရမိတာကြောင့် မရလိုက်တာကို ခွင့်လွှတ်ပေးကြပါ..

ဘေးနားမှာတော့ ရွာ့မိတ်ဆွေ တဦးပါလာပေမဲ့ နှစ်ယောက်လုံးမှင်သက်နေတာကြောင့် မေ့ခဲ့ပါတယ်. 🙂

19 comments

  • Khaing Khaing

    May 18, 2012 at 11:26 am

    ယာဉ်တိုက်မှုဖြစ်ရင်တော့ ယာဉ်မောင်းမှာ တာဝန်ရှိတာအမှန်ပါ သိုပေသည့် အခိုင်တို့ရုံးရှေ့မှာ ယမန်နေ့က အဖြစ်အပျက်တစ်ခုကိုပြောချင်ပါတယ် ရုံးရှေ့ဂိတ်မှာ ကားတွေဝင်ရန် တန်းစီနေတာကို စက်ဘီးမောင်းသူက အတင်းကိုဖြတ်ဝင်ပြီးနင်းပါတယ် အခိုင်တို့ရုံးကားနဲ့ တိုက်မလိုဖြစ်ပြီးလွတ်သွားတယ် နောက်တစ်ခါ ကွန်တိန်နာတင်တဲ့ကားနဲ့ထပ်တိုက်မိသလိုဖြစ်ပြန်တယ် အဲဒီစက်ဘီးသမားက သိသိကြီးနဲ့မဆင်မခြင်မောင်းတာပါ ဒါမျိုးဆို တိုက်မိရင် သူလည်းဒဏ်ရာရမယ် ကားသမားတွေလည်းဒုက္ခရောက်မယ် ဒေါသကြောင့်ကားပေါ်ကနေ လှမ်းအော်မိပေမယ့် ဒဏ်ရာရရင်တော့ သနားစရာတော့ကောင်းပါတယ် …… ဘာဖြစ်ဖြစ် အားလုံးဆင်ခြင်နိုင်ရင်အကောင်းဆုံးဖြစ်မှာပါ ……..

  • ဗိုက်ကလေး

    May 18, 2012 at 11:37 am

    ကျနော်လဲ မနေ ့က ညနေက လိုက်ထရပ် နှစ်စီး တိုက်တာတွေ ့တယ်ဗျား
    လူတော့ ဘာမှမဖြစ်ကြ..
    နောက်တော့
    ကားတစ်စီး သူ ့ဘာသာတစ်စီးထဲမောင်းနေရင် အရှေ ့ ဘန်ဘာတွေ ပြုတ်ကျပြီး လမ်းဘေးထိုးရပ်လိုက်ရတယ်.
    စမ်းချောင်းမှာ မီးကလဲလောင်သေး
    အိခ်..
    ကြားရမြင်ရ..စိတ်မချမ်းသာလှပါဘိ ကိုအမတ်ရေ

  • nozomi

    May 18, 2012 at 11:41 am

    လူထုကြား တော်တော်ပြန့်အောင် ပြောရမဲ့ ကိစ္စပါ

    ယာဉ်မတော်တဆမှုတစ်ခုဖြစ်ရင်
    အရင်ဆုံး အသက်ရှင်နေတဲ့သူတွေကို ဆေးကုသနိုင်ဘို့ စီစဉ်ပေးရမယ် ဆိုတဲ့ စာနာတဲ့ စိတ်လေးရယ် ၊ အဲဒီလို ဝင်ကူညီလဲ ဥပဒေကြောင်းအရ ဘာမှ မဖြစ်ဘူး ( ကိုယ့်ကို အမှုမပါတ်ပါဘူး )ဆိုတဲ့ ဗဟုသုတ ရယ်
    လူတွေ များများသိအောင် လုပ်ပေးရမယ်

    အဲဒါတွေမှ မလုပ်ပေးနိုင်ဘူး ဆိုလဲ ဘေးကနေ ရပ်ကြည့် စုတ်သပ်နေမဲ့အစား ယာဉ်ထိန်းရဲတွေက စီစဉ်ထားတဲ့ လူနာတင်ယာဉ် ကိုခေါ်ဘို့ ၅၀၀၀၀၅ ( ငါးသိန်းငါး )ကို သာ အမြန်ဆုံး ဖုန်းဆက်ပေးကြပါ

  • Ch@vez

    May 18, 2012 at 12:02 pm

    လက်မထောင် အားပေးသွားတယ်
    အူးမင်းမတ်ရေ …

    ကိုယ်နဲ့ မဆိုင် သလို နေတတ်တဲ့ အစွန်းကိုလည်း မရောက်ကြပါနဲ့
    နောက်ထပ် အစွန်းတခုဖြစ်တဲ့ ..
    မှန်လား မှားလားမသိ…တိုက်ပီဟေ့ ဆိုတာနဲ့ ကားသမားကို
    ဆိုင်ဆိုင် မဆိုင်ဆိုင် ဆွမ်းကြီး ဝိုင်းလောင်းတတ်ကြတဲ့
    အစွန်း ကိုလည်း မရောက် စေချင်ပါကြောင်း..

  • သူရဇော်

    May 18, 2012 at 12:26 pm

    ကိုမက်ရေ ကျွန်တော်တို့တွေ့ခဲ့ရတဲ့ ယဉ်တိုက်မှုမြင်ကွင်းလေးဟာဖြင့် အလွန်စိတ်ထိခိုက်ကြေကွဲဖွယ်ကောင်းလှပါတယ်ဗျာ……… ကျွန်တော် ကိုမက်နဲ့လမ်းခွဲပီး အိမ်ရောက်ချိန်တိုင်အောင်ပင် ထိုအကြောင်းလေးကို စဉ်းစားနေမိတယ်ဗျာ….. အဲဒီယဉ်တိုက်မှုဖြစ်စဉ်အနီးနားမှာ (………..)အထူးကုဆေးရုံကားလေးတစ်စီးဖြတ်မောင်းသွားပါတယ်….. ဒါတောင် လစ်လျူရှုသွားရက်လေသူများကိုလဲ ကြိတ်မနိုင်ခဲမရ ဒေါသဖြစ်မိပါတယ်…… လူ့အသက်တစ်ချောင်း ကယ်ကောင်းပါတယ်ဗျာ………

  • ဟုတ်တယ် ကိုအမတ်မင်းရေ. တော်တော် စိတ်ပျက်စရာကောင်းနေတယ်ဗျာ။
    ပြုပြင်ဖို ့အားပေးနိုးဆော် တိုက်တွန်းပြီး ကူညီလိုစိတ်ကလေး အသက်သွင်းပေး
    ဖို ့လိုနေပီ။

  • water-melon

    May 18, 2012 at 1:29 pm

    လူတိုင်းမှာ စာနစိတ်တွေ မရှိတော့ဘူး
    ဘယ်သူ့အပေါ်ဘယ်လို အမြတ်ထုတ်မလဲ ဘယ်လိုယုတ်လိုက်မလဲ
    စိတ်တွေဘဲကိန်းအောင်းနေကျတယ်
    အော် လု လူ လူး

  • windtalker

    May 18, 2012 at 1:34 pm

    ကိုအမတ်မင်း ရေ အချို ့ကားသမားတွေအနေနဲ ့၊ ဆီဂိတ်ပြတာမမှန်ရင်လဲ ၊ အမြန်လမ်းမပေါ်မှာ ဆီပြတ်တဲ့ ပြဿနာ ကို ကြုံကြရတယ်ခင်ဗျ ။ လူပြတ်တဲ့ နေရာမျိုးမှာဆိုရင်တော့ ၊ ဆီသွားဝယ်ပေးမယ့် မေခလာ ကို မျှော်ပေရော့ဘဲ ။

  • zarlay

    May 18, 2012 at 1:56 pm

    ဒီလိုမြင်ကွင်းတွေကို မမြင်ရအောင် ယာဉ်မောင်းသူတွေအားလုံး သတိ၊ အသိ ထားပြီးပုံမှန်စီးမယ်ဆိုရင်တော့ ဒီလိုစိတ်မကောင်းစရာ မြင်ကွင်း၊ သတင်းတွေကို မြင်ရ ကြားရမှာမဟုတ်ဘူးလေ

  • ဦးဦးပါလေရာ

    May 18, 2012 at 2:36 pm

    ယာဉ်တိုက်မှု့ဖြစ်ပြီဆိုရင် ဘာကြောင့်တိုက်တိုက် ဘယ်သူမှားမှား ထိခိုက်ဒါဏ်ရာရသူကို အဆောတလျှင် ကူညီသင့်ပါတယ်။ အခုကတော့ ခင်ဗျားတို့ ဆေးရုံအမြန်ပို့လဲ ဆေးရုံမှာ ရဲမှတ်ချက်မရမချင်း ……………..။

    စကားအတင်းစပ်ပြီးပြောရရင်
    ပလက်ဖေါင်းပေါ်ကိုတက်တိုက်ရင် လူကူးမျဉ်းကျားမှာ၊ မီးပွိုင့်မှာအတိုက်ခံရရင် ယာဉ်မောင်းသူအမှား
    ကားလမ်းပေါ်မှာတိုက်မိရင်တော့ အဲဒါ အတိုက်ခံရသူအမှားပဲ..။

    ကားလမ်းပေါ်မှာ ယဉ်တိုက်မှု့ဖြစ်ရင် အတိုက်ခံရသူသို့မဟုတ် သူသေရင်ကျန်ရစ်တဲ့မိသားစုက တိုက်တဲ့ယာဉ်မောင်းကို နစ်နာကြေးပြန်ရော်ပေးရမယ်ဆိုတဲ့ တကယ်တရားမျှတတဲ့ ဥပဒေမျိုးပေါ်ပေါက်စေချင်လိုက်တာ…။

  • amatmin

    May 18, 2012 at 5:36 pm

    @ မခိုင် နှင့် ကိုပေါက်ဖော်..
    ကျနော့လိုပဲ ခင်ဗျားတို့လည်း အဲ့လို ပြသာနာတွေ မြင်မိတယ် ဆိုမှတော့
    နောက်ဆက်တွဲမဖြစ်အောင်လို့ ကိုယ်စီလူတိုင်း (ယာဉ်မောင်း ၊ လမ်းသွားသူ)ကိုယ့်စည်းကမ်းကို
    ထိန်းကြတာ အကောင်းဆုံးပါပဲဗျာ..ကိုယ့်တာဝန်ကို ကိုယ်ကျေထားတော့ နောက်ဆက်တွဲ ကင်းတာပေါ့ နော်..

    @ဦးကြီးနို..ကိုဂီ..
    ဆြာတို့ ပြောသလိုပါပဲ ဗျာ..အစွန်းထိတွေးကြောက်နေကြတာ အဆိုးဆုံးပဲ ..ကိုယ်တောင်ပါတတ်သေး 🙂
    ကျနော်တော့ မော်တော်ပီကယ်ရဲကင်းရှေ့မှာ ရပ်ထားတဲ့ (သူတို့နဲ့ ပက်သက်တဲ့ကားတွေထင်ပ)
    ကားတွေနားကနေ ဖြစ်ရပ်ကို လှမ်းကြည့်နေကြတာကို မြင်မှ ပိုရင်နာသဗျာ..
    ကိုဂီ့စကား ငှားပြောရရင် ကျုပ်တို့ လိုသေးရဲ့ဗျာ.. 🙁

    @ကိုသူရ..ကိုနာဂရ..ဖရဲမ.ကိုပေ..မဇာလေး
    ကျနော် တို့ဆီမှာ စာနာမှုတွေ တကယ်ခေါင်းပါးကုန်နေတာလို့ ထင်တာပဲဗျာ..
    ဘာပဲ ဖြစ်ဖြစ် ကျွနုပ်တို့မှာလည်း တာဝန်ရှိသည်ပေါ့ နော်. 🙂

  • Khin Latt

    May 18, 2012 at 8:27 pm

    အမတ်မင်းရေ

    ပြင်ရမဲ့ စိတ်ထားတွေ ထဲမှာ အရေးကြီးဆုံး တစ်ခု ကို ထောက်ပြပေးလို့ ဝမ်းမြောက်ဂုဏ်ယူစွာ အားပေးသွားပါတယ်။ 🙂

    ကားတိုက်မှု ကို ဟန်ပြပြီး ကလိမ်ကကျစ်စိတ် နဲ့ စေတနာနဲ့ လာကူညီသူ ကို လဲ မစော်ကားဖို့ ပညာပေးသင့်တယ်။
    တကယ် ဒုက္ခဖြစ်သူတွေကို ကူညီရင် အမှုမပါတ်နိုင်ကြောင်း ကိုလဲ အသိပေးသင့်တယ်။
    လုပ်စေရာတွေ အများကြီးဘဲ။
    သက်ဆိုင်ရာ ဌာနက လူတွေ တာဝန် ကိုသိသင့်၊ ကျေသင့်တယ်။
    အလုပ်လုပ်တာ ကို စေတနာလေးပါထား လုပ်သင့်တယ်။
    ကုသိုလ်လဲရ ဝမ်းလဲဝပေါ့။

  • kyeemite

    May 19, 2012 at 4:46 am

    ကိုမတ်…တင်ပြပုံလေးသဘောကျပါတယ်..
    “ မြန်မာလူမျိုးများသည် သူတဖက်သားကို ကူညီဖို့ရန် ဝန်မလေးတတ် ”..။ဆိုပေမဲ့..
    အများအားဖြင့်..ကူညီလို့ ဒုက္ခရောက်တဲ့ သာတကတွေရှိနေတော့….

  • MaMa

    May 19, 2012 at 9:39 am

    ွှဲအဲဒီအမတ်မင်းကို လွှတ်တော်ထဲ ရောက်အောင် ဝိုင်းဝန်းမဲပေးကြဖို့လိုတယ်။
    တနည်းပြောရရင် လွှတ်တော်ထဲက အမတ်တွေ တို့ရွာထဲက အမတ်မင်းဆီမှာ လူထုအကျိုးပြုလုပ်ငန်း လုပ်ဆောင်ချင်စိတ်မွေးမြူရေးသင်တန်း လာတက်သင့်တယ်။ 🙂

    • amatmin

      May 19, 2012 at 9:53 am

      တုံးလိုက်တဲ့ ငါ့နှယ်
      ဂလောက်တောင် ကောင်းတဲ့..
      လစ်ဘရယ်ကိုယ့်ဘက်သားကိုမှ.. 😛

  • amatmin

    May 19, 2012 at 9:40 am

    @ဦးဦးပါလေရာ.အရီးလတ်..ဦးမိုက်.
    ကွန်မန့်တွေအတွက်ကျေးဇူးပါခင်ဗျ..
    အခုလို တာဝန်သိစိတ်တွေ.စာနာမှုတရားတွေ နည်းပါးလာပြီး..
    လူ့အသက်တွေ မသေသင့်ဘဲ သေနေကြရတာတွေ အတွက်..
    တာဝန်ရှိ.ဆက်နွယ်နေတဲ့လူတွေ သိ.ကြား.မြင်တွေ့ပြီး..
    လိုအပ်တဲ့ ဆောင်ရွက်မှုလေးတွေ လုပ်ပေးနိုင်ကြရင်တော့..
    နောက်လိုက်လူထုအနေ နဲ့တော့ အန္တရာယ်ကင်းကင်း စိတ်ရှင်းရှင်းနဲ့ ..
    ကိုယ်စီ.တာဝန်သိမှုလေးတွေကို ဝိုင်းဝန်းနိုင်ကြမယ်ထင်ပ ဗျာ..

  • blackchaw

    May 26, 2012 at 6:43 pm

    တာဝန်သိစိတ်တွေ စာနာစိတ်လေးတွေ
    ရှိလာစေချင်တဲ့ အကျိုးပြုပို့စ်လေးအတွက်
    လက်မထောင်ပြီး အားပေးသွားပါတယ်။
    မှတ်မှတ်ရရ ရှစ်ချောင်းမြောက်လက်မက ကိုယ့်လက်မပါပဲ။
    မယုံ ရင် သူကြီးကိုသာ မေးကြည့်ပေတော့ဗျာ။
    :mrgreen:

  • Mလုလင်

    May 27, 2012 at 12:42 am

    ကိုမတ် ရေ .. ခုတလော ကျွန်တော် လဲ အလွန် အလုပ်ရှုပ်နေတာနဲ့ စာများတဲ့ ပိုစ့် ဆို မဖတ်ပဲ ကျော်ကျော် သွားမိတယ်ဗျာ။ photography Categories လေးတော့ လာလာကြည့်မိတာ ဝန်ခံပါရစေ။ ခုမှမြင်လို့ မန့်ပြီဗျို ့။ ကျွန်တော် တို့ လူမျိုး တွေက ကူညီတတ်ပါတယ်။ မန်းလေး အမရပူရ ဘက် သွားကြည့်ပါ။ အဆင်ပြေတဲ့ ဘုန်းကြီးကျောင်း ဝင်လျှောက် … ညအိပ်ပြီး မနက်စာ ပါစားလို့ရပါတယ်..။ကိုယ်တွေ့ပါ။ ကျွန်တော့ စိတ်ထင် (ကျွန်တော့ တစ်ယောက်ထည်းရဲ့ အမြင်) လူတွေက စားဝတ်နေရေးအတွက် ကအချိန် ပေးရလေတော့ … ဆေးရုံ လိုက်ပို့ ပြီးရင် .. .နောက်ဆက်တွဲဖြစ်တဲ့ .. သက်သေ မို့ ခဏ နေပါဦး တို့ .. ဘာတို့ တွေနဲ့ ဇာတ်လမ်း ရှည်မှာ စိုးကြတယ် ထင်ပါတယ်ဗျာ။ မန်းလေး ကျောင်းနားမှာ ဆိုင်ကယ် မှောက်တာကို သွားကူညီ ပေးဖို့ အနားမှာ ဆိုင်ကယ် ရပ်ရင်း ဘာဖြစ်လဲသွားမေးတဲ့ ကျွန်တော့ သူငယ်ချင်း … ရမန်ကြီး တစ်ပတ် သံမန်တလင်း ပေါ် အိပ်ခဲ့ရပါကြောင်း …..။ ကူညီတတ် .. ကူညီချင် တဲ့ကိုမတ် ရဲ့ စေတနာ ကိုတော့ လေးစားပါတယ် ဗျာ။ (စိတ်ရင်းနဲ့ ပြောတာပါ။) ဒါပေမယ့် တစ်ချို ့ လူတွေက အဲ့ဒီ့ စေတနာ နဲ့ မတန်ဘူးဗျ ….။
    လေးစားစွာဖြင့်
    Mလုလင်

  • xman

    May 27, 2012 at 11:44 am

    ဒီပိုစ့်က ထပ်တက်လာပြန်တော့ ထပ်ပြောချင်ပြန်သေး…
    (ဒီလျှာရှည်တဲ့အဖိုးကြီးက အဆဲမခံရမချင်းအရှိန်မသေဘူး… 😛 )

    ကြာတော့ကြာခဲ့ပြီဗျာ…
    ကျုပ်အထင် ၂၀၀၂ ဝန်းကျင်ကဖြစ်မယ်
    ကျုပ်မိတ်ဆွေရဲ့ တောင်းအေ့စ်ပစ်ကပ်ကလေးက ကားတိုက်ခံရတဲ့သူကို တင်ပြီး ဆေးရုံကြီး အရေးပေါ်ကို ပို့ဆောင်ပေးပါတယ်။
    လူနာက မသေပါဘူး သွေးတွေတော့ ထွက်နေတယ်
    အဲဒါ ဆေးရုံရောက်တော့ ဘယ်ကားနဲ့တိုက်တာလဲ ဘယ်သူလိုက်ပို့တာလဲ စသည်ဖြင့်မေးပြီး
    လိုက်ပို့တဲ့ ကားကို အပြင်လိုက်ကြည့်တော့
    ကားနောက်ခန်းအတွင်းထဲမှာ သွေးစတွေတွေ့လို့..တဲ့
    အထက်ကိုတင်ပြရဦးမယ် ပြန်လို့မရသေးဘူးဆိုပြီး
    ကားဘီးကို အုတ်ခဲနဲ့လာခုထားပါရောလား…
    အဲဒီကရတဲ့သင်ခန်းစာကတော့-

    “ ကားတိုက်ခံရသူသည် အရေးပေါ်အကူအညီရလိုပါက သွေးမထွက်အောင် အောင့်ထားပါရန်…. ”

Leave a Reply