Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

တကယ်ကြီးလားဟင်…. နောက်တာ

ဩောင်း နမော ဗုဒ္ဓ နုဘာဝေန။ နမော ဓမ္မာ နုဘာဝေန။ နမော သံဃာ နုဘာဝေန

မင်္ဂလာ အပေါင်းနဲ့ ပြည်စုံတော်မူသော နံနက်ခင်း ဖြစ်ပါစေသတည်း…………………
 
ရန်ကုန်မြို့နေ   လူအပေါင်း ဘပ်စ်ကား ကျပ်ခြင်းမှ             ကင်းဝေးပါစေ
မန်းလေးမြို့နေ လူအပေါင်း မီးပျက်ခြင်းမှ                         ကင်းဝေးပါစေ
ရခိုင်ပြည်နေ    လူအပေါင်း ရိုဟင်ဂျာ အရေးမှ                    ကင်းဝေးပါစေ
အပျိုကြီး         အပေါင်း လင်မရခြင်းမှ                             ကင်းဝေးပါစေ
လူပျိုကြီး         အပေါင်း သူများစုံတွဲတွေ ငေးရခြင်းဘဝမှ     ကင်းဝေးပါစေ……….
 
ဒီရက်ပိုင်း အလုပ်တော်တော် ပိနေပါသည်။ အိပ်ရေးလည်းပျက် ခေါင်းတွေလဲ တော်တော်နောက်နေသည်။ ဘာဘဲ ဖြစ်ဖြစ် MG ကတော့ ကိုယ့်ခရေဇီမို့ အမြဲဖတ်ဖြစ်သည။် ခုတလော ရွာထဲမလဲ ဟိုကိစ္စတွေကြောင့် အတော်အတန်ကို ဆူညံရှုပ်ထွေးနေသည်။ ကိုယ်လိုက်မမှီလို့ နောက်ပီး အဝေးမှာ ဆိုတော့ ဘာမှ သေချာမသိလို့ လက်ရှောင်နေလိုက် မိတော့သည်။ ဒါပေမဲ့ အချိန်မှီ ထိန်းသိမ်းနိူင်သော ရွာထဲက သဘာရင့် ဝါရင့် ကိုယ့်အစ်ကိုကြီး အစ်မကြီးများကို ဖြင့် မချီးကျူးဘဲ မနေနိူင်ပါ။ ဒီနေ့ညလဲ မိုးလင်းခါနီး အထိ အလုပ်တွေ ဖြတ်ရင်း မအိပ်ဖြစ် ဒါနဲ့ဘဲ MG ထဲဝင် စာလေးတွေဖတ် ကွန်းမင့်တွေ ပေးဖို့လုပ်တော့ ကျနော့်ကွန်းမင့်တွေ မတက်တာတွေ့ရသည်။ ဒါနဲ့ဘဲ အကြောင်းအကျိုး သေချာမစူးစမ်း ကိုယ်လုပ်ချင်တာ မရရင် လျှောက်အော်တတ်သော ရွှေသောက်ကျင့်က မပျောက်တော့ ဖိုရမ်ထဲ ဝင်အော်ဖို့ စဉ်းစားသေး၏ နောက်ကျတော့လဲ အင်းလေ တာဝန်ရှိသူတွေ အိပ်နေကောင်းပါရဲ့လို့ လွယ်လွယ်နဲ့ နားလည်ပေးတတ်သော သောက်ကျင့်ကြောင့် ပို့စ်တွေဘဲ ထိုင်ဖတ်ဖြစ်နေတော့သည်။ဒါနဲ့လဲ စိတ်က နေမထိ ထိုင်မသာ ဖြစ်ပြီး ပို့စ်တော့ စမ်းတင်ကြည့်မယ်ဟဲ့လို့ ဆုံးဖြတ်လိုက်သည်။ ရေးစရာ
နေနေသာသာ ခေါင်းစဉ်တပ်ဖို့ပင် ဦးနှောက်ထဲ ဘာမှမရှိတာမို့ နာရီဝက်လောက် ထိုင်စဉ်းစားနေရသည်။ အို ဘယ်သူ ဖတ်ဖတ် မဖတ်ဖတ် ရေးချင်တာရေးမဟ ဆိုပီး ထုံးစံအတိုင်း တလွဲဆံပင်ကောင်း စိတ်ဓာတ်ကို အသုံးချလိုက်ရာ စာလုံးရေ ၅၀ဝကျော်ခန့် ရလေ၏။ သည်းခံတော် မူကျပါကုန် ရွာသူရွာသား အပေါင်းတို့…….အောက်က ကွန်းမင့်လေးမှ ကျနော်တို့ မသိလိုက်သော တချို့အရာလေးတွေကို ထောက်ပြထားပါသည်။ နောက်တချက်က ကျနော် အဲဒိဒေသကို ရောက်တုန်းက ကြုံတွေ့မှု ခံစားရတာလေးတွေနဲ့လဲ သွားတိုက်ဆိုင်လို့ ကော်ပီကူးပီး ပြန်ထည့်ပေးတာပါ…။
 
kyaw swar kaung says:
ကျနော် အရင်က စာကိုတော့ အမြဲလာဖတ်ဖြစ်ပါတယ်…မန်ဘာလဲ မဝင်ခဲ့ပါဘူး…ကော်မန် ့လဲ မရေးဘူးပါဘူး…
ဒါပေမယ့် ရခိုင်ပြဿနာတွေ ကြားရဖတ်ရတော့ တခုခုတော့ ပြောချင်လာတယ်..
ဘာလို ့လဲဆိုတော့ ပို ့စ်အသစ်တခုတက်လာရင် ကော်မန် ့တွေမှာ ဖတ်ရတာ မကောင်းဘူး.။
ဒီကော်မန် ့ရေးဘို ့တောင် စဉ်းစားရပါတယ်…
ကျနော်တို ့တစ်တွေက အင်တာနက်ခေတ်ကိုရောက်ပြီး အင်တာနက်လေးလဲ သုံးဖြစ်ကြ၊ ဘလော့ဂ်တွေ
ဖိုရမ်တွေကလဲ ပေါပေါလောလောဖြစ်လာတော့ ကလောင်တွေ ဖောင်းပွလာတယ်..ဒါပေမယ့်
မတော်ဘူး မတတ်ဘူးလို ့တော့ မပြောပါဘူး။
ကျနော်ငယ်တုန်းက အဖေ့မိတ်ဆွေ စာရေးဆရာတွေ နဲ ့ခင်မင်ဘူးပါတယ်..လေးလဲလေးစားတယ်..
ရှိတဲ့ပိုက်ဆံ၊ ရတဲ့ လခလေးနဲ ့
ဝယ်လိုက်ရတဲ့ မိုးဝေ၊ပေဖူးလွှာ၊ငွေတာရီ၊မြဝတီ၊ရှုမဝ……
ရတဲ့ လခနဲ ့တောင် မလောက်ချင်ကြပါဘူး…မိူးဝေတို ့ရှုမဝ တို ့မှာ တခါတလေ စာမူပါလာရင်
သူတို ့မျက်နှာမှာပေါ်နေတဲ့ ပီတိကို ကျနော် လေးစားစွာ ကြည့်ဘူးပါတယ်..။
စာရေးဆရာတစ်ယောက်ရဲ ့သိက္ခာ၊ ကျင့်ဝတ်( ဆရာကျင့်ဝတ်၊ ကလောင်ကျင့်ဝတ်) တစ်ကယ်လေးစားစရာကောင်းတယ်…။
သူတို ့ကိုကြည့်ပြီး စာရေးချင်စိတ်လဲ ဖြစ်ခဲ့တယ်..ဒါပေမယ့် မလွယ်ဘူး..တော်တော် ဆင်းရဲတာ..
သူတို ့ဆင်းရဲပြီး မပြည့်စုံပေမယ့် …သူတို ့မာနနဲ ့ထိမ်းသိမ်းထားတဲ့ တန်ဘိုးရှိသော အရာက
သူတို ့ရဲ ့ကလောင်တန်ဘိုးဘဲ………။
အခု ကျနော်တို ့ခင်ဗျားတို ့စာတွေ ရေးနေကြတယ်.. ကလောင်သွေးနေကြတယ်ပေါ့ဗျာ
တန်ဘိုးချင်းတော့ ကွာတယ်…ဟိုဆရာတွေက တတိုင်းပြည်လုံးက စာရေးဆရာတွေ ပို ့သမျှ စာမူတွေထဲက ကောင်းလွန်းလို ့ အယ်ဒီတာက ရွေးချယ်ပြီး ပုံနှိပ်တာ….။
ကျနော်တို ့ကတော့ ခုနကဘဲ အကောင့် အသစ်ဖွင့် အခု ပို ့စ်တင်..။
တော်တော်( တော်တော်ကြီးကို ) ကွာလွန်းပါတယ်………………………………………။
ကျနော်တို ့ရဲ ့ကလောင်တန်ဘိုး ဘယ်လောက်အဆင့်အတန်းရှိသလဲ…
ကျနော်တို ့ရေးတဲ့စာ ဘယ်လောက် လေးနက်သလဲ……
အခု သားဦးမြေးဦးရေးတဲ့စာမှာ ကော်မန် ့ဝင်ရေးပေမယ့် အရင် ရခိုင်ပြဿနာစကတည်းက
စာတွေ ဖတ်တဲ့ အခါ…. စာရေးသူက စဉ်းစားနိုင်အောင် ရေးပြလဲ…မရ..
သိစေချင်လို ့အပြုသဘောပြောလဲ မရ…ချမယ်ဆိုတာချည်းဘဲ..
ကိုယ်က ကွန်ပြူတာမှာ လက်ကွက်လေး စမ်းစမ်း စမ်းစမ်း နဲ ့ချတာ…
ဟိုမှာက လူတွေ ့ချတာ သေကုန်ပြီ… လူသားတိုင်းဟာ အသက်နဲ ့ကိုယ်နဲ ့ချည်းပါဘဲ
လူတိုင်းနီးပါး သေဘို ့ကြောက်ကြတယ်…
လူတိုင်းနီးပါး ဒါးခုတ်ခံရမှာလဲ ကြောက်ကြတာဘဲ…
နပိုလီယန်ကိုတောင် တချို ့ကပြောတယ်…. သတ္တိကောင်းလွန်းလို ့ သူရဲကောင်းဖြစ်တာ မဟုတ်ဘူး
သူသေမှာ သတ်ခံထိမှာ ကြောက်လွန်းလို ့ သူရဲကောင်းဖြစ်နေတာတဲ့…
ခွေးဝဲစားတောင် ချောင်ပိတ်ရိုက်ဖန်များရင် ပြန်ကိုက်ကြတာဘဲ…
ကိုယ်သေမှာကြောက်တော့..ပြန်ချကုန်တာပေါ့..
……………
……………
ဒီ ရခိုင်ပြဿနာက ထင်သလောက် မလွယ်သလို…နဲနဲ မြှုတ်ကွက်တွေ ရှိနေတယ်
ဘာဖြစ်လို ့လဲဆိုတော့….
ကျနော် ရခိုင်မှာ ၄နှစ်နေဘူးပါတယ်.. ကျေက်ဖြူ ၁နှစ်၊ ရမ်းဗြဲ ၂နှစ်၊ မြေပုံ ၁နှစ်…၄နှစ်ဆိုပေမယ့်
၃မြို ့ထဲနေဘူးတာရောက်ဘူးတာ မဟုတ်ပါဘူး အနှံ ့ရောက်တာပါ…
အင်မတန်ကို ကောင်းတဲ့ ရခိုင်လူမျိုးလဲ ခင်မင်ဘူးတယ်
အင်မတန်ကို လူမျိုးခွဲခြားပြီး( ဗမာတိ…ခွေးတိရာ) ဗမာတွေက ခွေးတွေဘဲ ဆိုပြီး ရမ်းကားတဲ ့
ရခိုင်လဲ တွေ ့ဘူးတယ်…
ပွဲခင်းတာဝန်ကျတဲ့ ရဲကို အသားလွတ် ဗမာရဲ ဆိုပြီး ပါးသိုင်းရိုက်တာ တွေ ့ဘူးတယ်…
ဘုရားပွဲ ပြီးရင် ချောင်းထဲမှာမျောနေတဲ့ ဗမာ ရဲသား စစ်သား အလောင်းတွေ တွေ ့ဘူးတယ်…
အတူပါတဲ ့စခန်းမှုးက စကားပြောရင်း ရန်သူမဟုတ်ကြောင်းပြသချင်လို ့ ခါးက သေနတ်ကို စားပွဲပေါ်တင်တော့….သေနတ်၂လက်ပြန်တင်ပြီး မခန် ့လေးစားအမူအရာပြတဲ့ တရွာလုံး ပင်လယ်ဓါးပြလုပ်စားသူတွေ တွေ ့ဘူးတယ်….
အဓိက… ဘာလဲ ဆိုတော့..
အရှေ့မှာနေဝင်း….အနောက်မှာ ထိန်လင်း လို ့ကြွေးကြော်ပြီး ဗမာအစိုးရကို အသေမုန်းပြီး
ဦးထိန်လင်းကို ရခိုင်နိုင်ငံခေါင်းဆောင်အဖြစ်အသိအမှတ်ပြုတယ်…
နေဝင်းအစိုးရ အရာမသွင်းခဲ့ဘူး….ခေတ်အဆက်ဆက်..။
အဲဒီလောက် ပြတ်သားတဲ့ သဘောထားရှိသူတွေကို နေဝင်းမျိုးဆက် အစိုးရကရော….
ရခိုင်တွေ အပေါ် အငြိုးမထားဘူးလို ့ ပြောနိုင်မလား။။။( အခုလက်ရှိ ပြဿနာပေါ်မှာ ကိုင်တွယ်နေတာကို စဉ်းစားကြည့်ပါ)။
နောက် ရခိုင် လူငယ်တွေ…..
အရှေ ့မှာနေဝင်း အနောက်မှာထိန်လင်းလို ့ကြွေးကြော်ပြီး မြန်မာ စစ်အစိုးရကိုတောင် အံတုခဲ့တဲ့
လူငယ်တွေ ..စစ်တွေမောင်းတော ကို ရိုဟင်ဂျာ ၃၀ဝ ကျော် ဝင်လာပြီး စော် ကားတာ မကာကွယ်နိုင်ဘူးလား….. မရဲတာလား..(လူသတ်ဘို ့ ပြောနေခြင်းမဟုတ်ပါ)..။
တောင်ကုတ်မှာ တော့ ဘာသာရေးအရခရီးသွားသူ( တရားခံ မဟုတ်သူ)တွေ ကိုတောင် ပက်ပက်စက်စက် သတ်ကြတာဘဲ။………………………
…………….
……………. နောက် ဟို ..ပုချေ( အသတ်ခံရသူ သမီးငယ်) စော်ကားပြီး သတ်တဲ့ ကောင်တွေ
လုံးဝ လူမဆန်ဘူး မလုပ်သင့်ဘူး။
ကျောက်ဖြူကို တောင်ကုတ်ကနေ သင်္ဘောစီးလာတော့ သူဘာသူ အေးဆေးထိုင်နေတဲ့
ရခိုင်သားအိန္ဒိယ လူမျိုးတစ်ယောက်ကို ရခိုင်လူငယ် ၄ယောက်က -ဟေ့ ကုလား မှတ်ပုံတင်ပြစမ်း- လို ့အတင်းတောင်းပြီး ဆွဲဖြဲပြီး ရေထဲ ပစ်ချလိုက်တယ်…ဟိုက ကျနော် ဘာလုပ်လို ့လဲဗျာလို ့အသနားခံ
ပြောတော့ ၄ယောက်ဝိုင်းပြီး ပါးရိုက်ကြတယ်…
ဒါ ရခိုင်တွေက အနိုင်ကျင့်မှုတခုဘဲ( ဘိုးဘွားစဉ်ဆက် မြန်မာအဘိုးအဘွားတွေနဲ ့သူတွေ မြန်မာစစ်စစ်
တွေတောင် မှတ်ပုံတင် တခု ရဘို ့ ဘယ်လောက်ခက်တယ်ဆိုတာ သိရင် ကိုယ်ချင်းစာတတ်မှာပါ..)
……
…..
ကဲ အဲဒီတော့…ချပြခဲ့သလို…
၁။ ရခိုင်နဲ ့ စစ်အစိုးရရဲ ့ လူမျိုးရေး အာဃာတ..
၂။ နှစ်ပေါင်းများစွာ အနိုင်ကျင့် ခံလာရတဲ့ ရခိုင်မှာ မွေးပြီး ကြီးပြင်းခဲ့တဲ့ အိန္ဒိယ မျိုးဆက်တို ့ရဲ ့
နာကျင်ပေါက်ကွဲမှု……………

(နောက်တခုက …တက္ကသိုလ်က ဆရာတစ်ယောက်ရေးသလို မူဒိန်းမှု ပြစ်မှုတွေ မြန်ာမာနိုင်ငံမှာ
အများကြီးဖြစ်ခဲ့ပေမယ်…ဥပမာ
အောင်ကြီး(ဘ…ဦးမောင် )(ဗုဒ္ဓဘာသာမြန်မာလူမျိုး) လို ့ တခါမှ မရေးဘူးဘဲ
ခုမှ မွတ်စလင် တွေ အစ္စလာမ်တွေ ထည့်ရေးတော့… )
၃။ စစ်အစိုးရက ရခိုင်လူမျိုးနဲ ့ အစ္စလာမ် အနွယ်ကို လုံးဝ ပညာသားပါပါ မီးမွှေးလိုက်မှု

အဲဒီ အချက်တွေကို စဉ်းစားပြီး ကျနော်တို ့လက်တွေနဲ့ အသိတရားကို သတိထားသင့်ပါတယ်…
ကျနော်တို ့က အတွေးအခေါ်တခု ချပြသူကို ဝိုင်းချလိုက်မယ်ကွ..ချလိုက်မယ်ဟဲ့ ဆိုတာမျိူးလောက်နဲ ့တော့ ဒီအဖြစ်အပျက်တွေ မရပ်နိုင်ပါဘူး…
ကျနော်တို ့ တဖျောက်ဖျောက် စာတွေရေးသမျှ ဟိုမှာ တဖျောက်ဖျောက် သေနေတယ်..။

ဘာသာဆိုတာ….ကိုယ်ယုံကြည်တာ ကိုးကွယ်တာပါဘဲ…
လူမျိုးဆိုတာက မွေးဖွားကြီးပြင်းရာ အလိုက်စွဲပြီး သတ်မှတ်တာပါဘဲ
အသားအရောင်ကလဲ အပေါ်ယံ အရေခွံဆွဲခွာချွတ်ထားလိုက်ရင်..အတူတူပါဘဲ…
နေနေရတဲ ့ပိုင်ဆိုင်မှုမြေနေရာလေးကလဲ မသေခင်လေး အထိပါဘဲ…
နယ်နမိတ် သတ်မှတ်ချက်လေးကလဲ မြေလွှာ ပြတ်ရွှေ ့မှု မဖြစ်ခင်လေးပါဘဲ….
ခဏလေးအချိန်အတွင်းမှာ ကျနော်တို ့ဘာလို ့လူသတ်တာကို အားပေးမှာလဲ
ဘာဖြစ်လို ့လူမျိုးရေးခွဲ ကြရမှာလဲ….
ဘာဖြစ်လို ့ကျနော်တို ့စာတွေ ဗရမ်းဗတာရေးချင်ရတာလဲ
ပြသနာတိုင်းမှာ အဖြေရှိတယ်လိုု ့ယုံကြည်ရင် ဘာဖြစ်လို ့ပွဲဆူအောင် သွေးထိုးပေးမှာလဲ….
…….
ခဏလေးပါ..
လူ ့ဘဝက ခဏလေးပါ…
ခဏလေးကိုင်ခွင့်ရှိတဲ ့ကလောင်လေးကို ဆင်ခြင်ပါ…

ကျနော်ဒီကော်မန် ့ရေးလို ့သဘောမကျရင်လဲ ဆဲချင်လဲ ပွိုင့်နုတ်ခံပြီး ဆဲပါ…
ဒါသည်ပင်လျှင်…
ကျနော်တို ့စာပေ အဆင့်အတန်း
ဒါသည်ပင်လျှင်
ကျနော်တို ့ကလောင် အဆင့်အတန်း မဟုတ်ပါလား……။

ကျော်စွာခေါင်

နောက်တခုကတော့ ကိုအောင်ပု ပို့စ်မှာ သဂျီးပေးထားတဲ့ လင့်ခ်လေးကို ပြန်ဖတ်မိသည်။

https://myanmargazette.net/62134/computers-technology/learn-more-about-ulcerative-colitis-symptoms-how-it-is-diagnosed/comment-page-1 အဲဒီမှာ အပြန်အလှန် ရေးပီး ဆွေးနွေးချက်လေးတွေ ကိုတော်တော်များများ ဖတ်လိုက်ရသည်။နောက်ကျမှ ဖတ်ရလေခြင်းလို့ ဝမ်းနည်းမိသည်။ နောက်တချက်က ကိုယ်တိုင်လဲ အဲလို ရေးချင်မိသည်။နောက်တခုက အဲလိုပို့စ်မျိုးတွင် လူအဖတ်နည်းပီး အပြန်အလှန် ဆွေးနွေးကျသူ နည်းတာကိုလဲ သတိထားမိပါသည်။ ဒါလေးဖြစ်နိူင်ရင် ရွာသူ/သားတို့ ပြန်ဖတ်စေဖို့ နှိုးဆော်အပ်ပါသည်။

နောက်ထပ်များစွာ အကြံပေး ပြောချင်တာတွေတော့ ရှိပါသည်။ ကီးဘုတ်ပေါ်ကို ထွက်မလာပါ ကျနော် ခရီးများများသွားဖို့၊ စာများများဖတ်ဖို့ ကြိုးစားရပေအုံးမည်။ ကျေးဇူးပါ ကိုကျော်ခေါင် စာလုံးတွေ ရိုက်တိုင်း ခင်ဗျားကွန်းမင့်ကို သတိရလို့ ပြန်ပြန်ပီး ဖျက်နေရသည်။ ကျနော်လဲ ရေးချင်တာ ရေးတဲ့ အကျင့် ဒီတခါ နောက်ဆုံးလို့ ထင်သည်(အထင်) မူရင်း ကိုအောင်ပု ….  🙂 မခင်လတ် အရေးအသားအား ခိုးချသည်။ နောက်တချက်က ကျနော်၏ ပြောင်ချော်ချော် ပျက်တတ်တတ် ရေးသားမှုတွေကို ပြင်ရတော့မည် 🙁 အတည်ရေးတော့လဲ အရာမထင်ပါဘူး။

နောက်ဆုံး အနေနဲ့ မနေ့ကညပိုင်း အနောက်ဘက်တွင် နေ့လည်ခင်းခန့်က ဒေါ်စု အယ်လ်အေရ်ကို ဖုံးဆက်သည် သူ အန်အယ်လ်ဒီမှထွက်၍ အမ်ဂျီကို အောဂနိူက်စ်လုပ်ကာ ဦးဆောင်ချင်ကြောင်း ပြောသည် ကျနုတ်တို့ စီအီးအို(ခ)အုသျှောင်(ခ)အယ်ဒီတာ အဂ္ဂမဟာဒီမိုသဂျီးမှ စဉ်းစားပါရစေ အမရယ်ဟု ပြန်ပြောကြောင်း သတင်းကြားသိရသည်။(မှတ်ချက် ဒေါ်စုနှင့် သဂျီးမှာ အသက်အားဖြင့် ရနှစ် ၄လ ၈ရက် ၁နာရီ စက္ကန့် ၄ဝသာ ကွာကြောင်း အတိအကျသိရသည်) သို့ဂလို ကြောင့် ဟိုရုပ်ရှင်မင်းသား လူမှုရေးလုပ်သူ အသားမည်းမည်း မင်းသားက အမ်ဂျီတွင် လူမှုအကျိုးပြု ရုပ်ရှင်ပို့စ်များ ယနေ့မှစ၍ တင်တော့မည် ဖြစ်ကြောင်း သူမအားလဲ ရှဲဒိုးနဲ့ တင်မည်ဖြစ်ကြောင်း၊ ဟို ရက်ပါ အမတ်နှင့် ဆိုကရေးတီး ရက်ပါတို့မှလဲ အကျိုးပြု ရက်သီချင်းများ တင်တော့မည် ဖြစ်ကြောင်း သတင်းရရှိနေပါသည်။ ရွာသူ/သားများ ထိုင်ခုံမြဲဖို့ ကြိုတင် သတိပေးအပ်ပါသည်။

နောက်တက နောက်ဆုံးကတော့ ရွာထဲတွင် ကာတွန်းကဏ္ဍလေး ပေါ်ပေါက်စေချင်ပါသည်။ ကိုရင်စည်သူ ရေးတင်နေတာ တွေ့ပါသည် သို့ပေမဲ့ ကိုယ်တိုင်ရေးလေးတွေ ဖတ်ချင်တာပါ ရွာထဲတွင် ကာတွန်းဆြာတွေရှိလို့ တမင်ကျပ်တာပါ…. 🙁  အားလုံးဘဲ ကျန်းမာချမ်းသာကြပါစေ……. အော် စဂါးမစပ် လက်ခံရရှိသော အလှူငွေဖြင့် သဘောင်္၁စီးငှားကာ ဟိုဒင်းတွေအား အမေလိကသို့ ပို့မည်ဖြစ်ကြောင်း သတင်းရထားပါသည်။ လိုက်ချင်လိုသူများ အိုးမဲ သုတ်၍ လိုက်ပါနိူင်ကြောင်း ပြောလိုပါသည်။

ခင်တဲ့

အသားမည်း၍ သွားကျဲသူ

မှောင်ဂိုမာရီ ဂျေအာ

16 comments

  • Azzurri

    June 15, 2012 at 8:25 am

    အလဲ့..
    ရိတယ်ဟ …
    အဟိဟိဟိဟိ..
    လာထား ၁၀…
    😛

  • မောင်ပေ

    June 15, 2012 at 9:10 am

    အမေရိကားကို သင်ဘောစီးလာမယ်ဆိုရင်တော့ သဂျီးက အားလုံး သူ့ တာဝန်ထားပါတဲ့
    ပုံ အမိန့်မရ
    မေပေါင်

    • ရဲစည်

      June 15, 2012 at 9:35 am

      သင့်ဘောကိစ္စတော့ တလုပ်ပြည်က မှာထားကြောင်း လမ်းမှာပျက်ရင် မသိ…. 🙂
      ဘာမြူဒါထဲ ရောက်သွားလဲ နားအေးတာဘဲ 🙂 ကတ်ပတိန်လဲ ဒီလထဲ မြန်တဲ့ကို ရောက်မယ်ကြား
      ခယူဒွေလဲ အဆင်သင့်ဆိုဒေါ့ အလုပ်ဖြစ်မယ် ထင်၏(အထင်) ကိုပု ဇဂါးခဏ သုံးတာ

  • Ma Ei

    June 15, 2012 at 9:53 am

    မေး ရဲစည်…တစ်ကယ်ကြီးလားဟင်…
    ဖြေ ရဲစည်…နောက်တာ…

    တစ်ယောက်ထဲမေး အဖြေပေး…
    ဒါပေမဲ့ အားလုံးထိသွားတယ်…

  • amatmin

    June 15, 2012 at 10:43 am

    အဟက်..ဘာမှတော့မပြောတော့ပါဘူး
    နောက်တယ်လို့ပဲ ယူဆပီး ..
    ငွေတဆယ် ယူလိုက်မယ်ဗျာ..
    စကားမစပ်..ကိုရဲစည် ရခိုင်မှာနေဖူးသလို.ကိုကျော်စွာခေါင်လည်းနေဖူးတယ်.
    ကိုကြောင်ဝတုတ်လည်းနေဖူးတယ် ဆိုလား.. 🙂
    ကျနော်ကတော့ ကုလားတွေကြားမှာ ၂ နှစ်လောက်နေခဲ့ဖူးသဗျ.. 😛

    • ရဲစည်

      June 15, 2012 at 11:04 am

      ဒီးယား အမတ်မင်းရေ….
      ကျနော်က ခဏလေးရယ်ပါ အမှန်တိုင်းပြောရရင် ခြေသလုံး အိမ်တိုင်ဘဝ ဟိုရောက် ဒီရောက်မို့ပါ
      ကိုကြောင်ဝတုတ် ပို့စ်မှာတော့ ထည့်ရေးမိပါတယ်။အမှတ်တရတွေ ပြန်လည် ပေါင်းဆုံခြင်းပေါ့ ခုလည်း ပညာရှိမဟုတ်တော့ တွေးမကြည့်နိူင်ဘူးဗျို့ နောက်လ အဲဖက်သွားပီး ပြေးကြည့်ရအုံးမှာ
      ဆိုတော့ အပြင်ကလူ တယောက်ယောက် ကိုယ့်ကို ပြဿနာလာရှာရင် ဖြေရှင်းဖို့ နည်းလမ်းရှိတယ် ကိုယ့်အိမ်က ကိုယ့်အောက် အငယ်က တချိန်လုံးကလန်လာပီးမှ အရေးကြီးလို့ သွေးစည်းရတာပေမဲ့ စေတနာတော့ နည်းတယ် အစ်ကိုရေ့….

      • laypai

        June 15, 2012 at 12:30 pm

        ဘာသာဆိုတာ….ကိုယ်ယုံကြည်တာ ကိုးကွယ်တာပါဘဲ…
        လူမျိုးဆိုတာက မွေးဖွားကြီးပြင်းရာ အလိုက်စွဲပြီး သတ်မှတ်တာပါဘဲ
        အသားအရောင်ကလဲ အပေါ်ယံ အရေခွံဆွဲခွာချွတ်ထားလိုက်ရင်..အတူတူပါဘဲ…
        နေနေရတဲ ့ပိုင်ဆိုင်မှုမြေနေရာလေးကလဲ မသေခင်လေး အထိပါဘဲ…
        နယ်နမိတ် သတ်မှတ်ချက်လေးကလဲ မြေလွှာ ပြတ်ရွှေ ့မှု မဖြစ်ခင်လေးပါဘဲ….

        ရခိုင် မှာ နေ တုံး ရိုဟင်ဂျာ တွေ မှတ် ပုံ တင် ရအောင် ပွဲ စား လုပ်ခဲ့ တဲ့ ငွေ တွေ ဟာ လဲ ဘီယာ ဆိုင် မရောက် ခင် ခဏ ပါဘဲ။

    • နွယ်ပင်

      June 15, 2012 at 11:14 am

      ကိုမတ်ကနွယ်ပင့်ကို မမေးပင်မယ့် ကြုံလို့ပြောပြဦးမယ်
      ရခိုင်တွေကြားထဲတော့ မနေဖူးဘူး
      ကုလားတွေနဲ့တော်တော်နီးနီးတော့ (ဘင်္ဂါလီ၊ ရိုဟင်ဂျာများတော့မဟုတ်ပါ 🙂 )
      အသက် (5) နှစ်လောက်ကတည်းက အခုချိန်ထိ နေဖူးတယ် …. 😛

  • စိန်ဗိုက်ဗိုက်

    June 15, 2012 at 10:54 am

    အာဂျေရဲစိရေ…
    လိုက်မမီတော့ဘူး..အိပ်နေတာဘဲကောင်းမယ်ထင်ပါတယ်..
    ဒါနဲ ့..
    အိုးမဲသုတ်ပြီး အမေဒီကန်တော့ လိုက်ချင်သား ဗျာ…
    အပေါ်က မာမီပေ ပြောတာတော့ သဂျီးက တာဝန်ယူမယ်ဆိုဘဲ ငှဲ.ငှဲ..

    • Azzurri

      June 15, 2012 at 11:10 am

      သဂျီး က မအားဘူးရယ်…
      သူ့ ပါရဂူ ဘွဲ့ အတွက်
      Best 101 Lies to your Partner
      နဲ့
      အဝေးကွင်းမှာ ခြေစွမ်းပြဖို့ လိုအပ်သမျှ နည်းစနစ် အဖြာဖြာ
      ဆိုတဲ့ ကျမ်း တွေ ပြုစုနေရလို့တဲ့
      :mrgreen:

      • ရဲစည်

        June 15, 2012 at 11:14 am

        ဟေ… ဟေ့
        ကျနော်လဲ ဆီနိတ်တာ လုပ်မလားလို့ အဲဒါဖြစ်ရင် အလိမ်အကောက်က အလိုလို ကျွမ်းလာမှာ 🙂

    • ရဲစည်

      June 15, 2012 at 11:11 am

      ကျနော်လဲ အဲလို စိတ်ကူးတယ်ဗျ အူးဗိုက်ရ..
      ကျနော်ကတော့ အိုးမဲသုတ်စရာ မလိုဘူးရယ် အော်တိုမဲ။

  • amatmin

    June 15, 2012 at 11:30 am

    ကိုရဲစည်ရေ..
    အခုဂေဇက်မှာ အတော်အရေးများကြတာက
    ကွန်ဆာဗေးတစ် အမြင်တွေကို ခွာနိုင်သလောက်ခွာကြဖို့အော်နေတာပေါ့နော်..
    ကျနော်ကိုယ်တိုင်လည်း အရင်တုန်းက ရေးခဲ့ကြတာတွေမှာအတော်များများတော့ သဘောညီခဲ့တယ်ဗျ..
    ဒါပေမဲ့ အခုလက်ရှိ ရခိုင်.ရိုဟင်ဂျာမှာတော့ ဖြစ်ဖြစ်ချင်းလစ်ဘရယ်ပျောက်နေခဲ့ပီး
    အခုနောက်ပိုင်း လှူဖို့တွေ ဘာညာပေါ်လာပြန်တော့မှ လစ်ဘရယ်တွေပိုထွက်နေသလားလို့..
    ရခိုင်လူမျိုးကို.ရခိုင်အတွက်.စသဖြင့်
    လူမျိုးရေးခွဲပြောမိခဲ့သူများကတော့ ကွန်ဆာဗေးတစ်ကြီးများပေါ့ နော်..
    ဆိုတော့ လစ်ဘရယ် သဘောကိုရေးပြရတာ လွယ်မှန်းအခုမှ သိလာရသလိုပဲရယ်..
    (လုပ်ပြဖို့ ကြုံလာကြရင်တော့ ဘယ်လိုနေမယ်မသိ) 🙂

  • water-melon

    June 15, 2012 at 11:59 am

    အနော်ကတော့ တလုပ်မတွေပေါင်ကြားမှာ
    ၂ နှစ်လောက်နေဘူးပါကြောင်း
    အဟီ

  • pan pan

    June 15, 2012 at 12:48 pm

    ကာတွန်းပုံတစ်ခုလုပ်ဖို့ရှိတယ်
    အိုင်ဒီယာတစ်ခုတော့ရှိတယ်
    ဒါပေမယ့် ပုံမဆွဲတတ်လို့ 😕

  • may flowers

    June 15, 2012 at 2:13 pm

    မပြောတတ်လို့ဘာမှ ဝင်မပြောတော့ပါဘူး။ ကဲ comment လေးရေးပြီးပဲ စီးပွားရှာ ငွေတစ်ဆယ်

    ယူတော့မယ်………။

Leave a Reply