Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

Bye Bye Chelsea – by Drogba

ဒိုးစနစ္June 21, 20121min47510

ယခုနှစ် ဥရောပချန်ပီယံ လန်ဒန်အခြေစိုက်ကလပ် ချဲလ်ဆီးအသင်းရဲ ့ တိုက်စစ်မှုး ဒရော့ဂ်ဘာ ဟာ တရုတ်ကလပ် ရှန်ဟိုင်း ဆင်ဟွာအသင်းနှင့် တရားဝင် စာချုပ်တစ်ရပ် ချုပ်ဆိုလိုက်ပြီ ဖြစ်ပါသည်။
ဥရောပ ကလပ်အသင်း အချို့တို့က အသက်(၃၄)နှစ်အရွယ် အိုင်ဗရီကို့စ် လက်ရွေးစင် တိုက်စစ်မှူး ဒရော့ဂ်ဘာအား ခေါ်ယူရန် အားထုတ်ခဲ့ကြ သေးသော်လည်း ဒရော့ဂ်ဘာသည် အာရှတိုက်ကိုသာ ရွေးချယ်ခဲ့သည်။
၎င်းသည် ရှန်ဟိုင်းအတွက် ပထမဆုံး ပွဲစဉ်ကို ပြိုင်ဘက်ဟောင်းကြီး မန်ချက်စတာ ယူနိုက်တက်နှင့် ပွဲတွင် စတင်ကစားဖွယ် ရှိနေသည်။
အင်္ဂလန် ထိပ်တန်းကလပ် မန်ယူသည် တရုတ်နိုင်ငံသို့ သွားရောက်ကာ ဇူလိုင်လ (၂၅)ရက်နေ့တွင် ရှန်ဟိုင်းနှင့် ခြေစမ်းမည် ဖြစ်သည်။
ဒရော့ဂ်ဘာသည် ရှန်ဟိုင်းနှင့် (၂)နှစ်ခွဲ သက်တမ်းရှိ စာချုပ်တစ်ရပ်ကို လက်မှတ် ရေးထိုးခဲ့သည်။
စပိန်ကလပ် ရီးယဲလ် မက်ဒရစ်သည်လည်း ၎င်းကို ရရှိရန် ကြိုးပမ်းခဲ့သေးကြောင်း သတင်းများ ထွက်ပေါ်ခဲ့သော်လည်း ဒရော့ဂ်ဘာသည် ချယ်လ်ဆီး အသင်းဖော်ဟောင်း နီကိုလက်စ် အနယ်လ်ကာ ရှိနေသော အသင်းကိုသာ ရွေးချယ်ခဲ့သည်။
ဒရော့ဂ်ဘာသည် အသင်းသစ်တွင် တစ်ပတ်လုပ်ခ ပေါင်စတာလင် (၂၀၀၀၀၀)မျှ ရရှိမည်ဟု ခန့်မှန်းရသည်။
ဒရော့ဂ်ဘာသည် ချဲလ်ဆီးအသင်းကို ၂၀၀၄ခုနှစ်တွင် ပြင်သစ်ကလပ် မာဆေးလ်မှ ပြောင်းရွှေ ့လာပြီး ချဲလ်ဆီးအသင်း၏ ခေတ်တစ်ခေတ်ကို ထူထောင်ရာတွင် အဓိက ကစားသမားအဖြစ်ပါဝင်ခဲ့သည်။
သူသည် ချဲလ်ဆီးတွင် ပွဲပေါင်း ၂၂၆ပွဲ ကစားခဲ့ပြီး ဂိုးပေါင်း ၁၀ဝ တိတိသွင်းပေးနိုင်ခဲ့သည်။
သူသည် ချဲလ်ဆီးအသင်းနှင့် အတူ ပြည်တွင်း ပရီးမီးယားလိဂ် ချန်ပီယံ သုံးကြိမ်။ FA Cupဖလား ၄ကြိမ်။Football League Cup ၂ကြိမ်။ ကွန်မြူနတီဒိုင်း ၂ကြိမ်။ ဥရောပချန်ပီယံ ၁ကြိမ် ရရှိထားကာ
အောင်မြင်ကျော်ကြားမူများစွာ ရရှိခဲ့သူဖြစ်သည်။
ယခုနှစ်တွင် ချဲလ်ဆီးအသင်းကို ဥရောပချန်ပီယံဖြစ်အောင်လည်း အဓိက အခန်းကဏ္ဍမှ ပါဝင်စွမ်းဆောင်ခဲ့သည်။

10 comments

  • စိန်ဗိုက်ဗိုက်

    June 21, 2012 at 6:38 pm

    အိခ်…
    ပြောင်းပလား..
    ချယ်လ်ဆီးမှာတော့ ဖလန်းဖလန်းပဲလို ့ပြောတယ်..
    တလုတ်ကလပ်မှာလဲ ဖလန်းဖလန်း ထနိုင်ပါစေ..အင်း..ထမှာပါ..

    ဘောသမားက တစ်သင်းနဲ ့ တစ်သင်းပြောင်းတာလည်း မလွယ်လှဘူး..
    ဒီအသင်းမှာ ခြေစွာနိုင်ပေမဲ့.ဟိုအသင်းမှာ ခြေပြာနေတတ်တာကောဗျာ..

    ဘောအကြောင်းတော့ မသိပါဘူး..
    အင်း.
    ဘာအကြောင်းမှလဲသိပါဘူးဗျာ..
    တိန်….!

    • water-melon

      June 21, 2012 at 6:48 pm

      အူးဗိုက်ကလဲ
      ဘောအကြောင်းမသိရင် ကိုပေကိုမေးဗျ
      မန်းလေးမှာ ဘောအကြောင်းကို နှံနှံစပ်စပ်သိတာ ကိုပေဘဲရှိတယ်
      သူလည်း ဘောတွေနဲ့လုံးပန်းနေရလို့ နဖူးပြောင် ဆံပင်မွှေးမရှိတော့ဘူး
      အဟီ

  • နွေဦး

    June 21, 2012 at 7:34 pm

    “ဒရော့ဂ်ဘာသည် အသင်းသစ်တွင် တစ်ပတ်လုပ်ခ ပေါင်စတာလင် (၂၀၀,၀၀၀)မျှ ရရှိမည်ဟု ခန့်မှန်းရသည်။”
    အားပါး..မနဲမနောကြီးဘဲ..ဗမာငွေနဲ့တောင် တိန်တိန် ဘဲ….။[:D]

    _________________________
    I added cool smileys to this message… if you don’t see them go to: http://s.exps.me

  • cum min

    June 21, 2012 at 8:11 pm

    အော်..ဒရော့ဂ်ဘာ..လစာလကတော့..သနားတယ်လိုပြောလိုက်မယ်…ဟင်း..ဟင်းး..သကြီး…လစာတို့ပေးဗျာ..

  • မောင်ပေ

    June 21, 2012 at 8:59 pm

    ဒရော့ဘာ က အမှန်ကန်ဆုံးဆုံးဖြတ်ချက် ကို ချသွားတာပါဘဲ ။ သူ ့အသက်လဲ မငယ်တော့ဘူးလေ ၊ တရုတ်မှာဆိုရင် တစ်ပတ် ပေါင်နှစ်သိန်း နဲ ့၂နှစ်ခွဲတိတိ လစာရမှာ အသေချာဘဲ ။

  • hein latt

    June 22, 2012 at 9:13 am

    ဒါနဲ. နည်းပြကကော ဘူထဲ.ယဲ ဟိုဂဒုံးဂျီးဘဲလား……သိချင်မိပါအိ……

    • ဒိုးစနစ်

      June 22, 2012 at 9:16 am

      အာဂျင်တီးနား လူမျိုး ဆာဂျီယို ဘာတစ်တာ ပါ။
      အသက် ၄၉နှစ်
      ရှင်ဟိုင်းဆင်ဟွာ မတိုင်မှီ
      ၂၀၁၀-၂၀၁၁မှာ အာဂျင်တီးနားလက်ရွေးစင်အသင်း
      ၂၀၀၇-၂၀၁ဝ မှာ အာဂျင်တီးနား ယူ-၂၀/အိုလံပစ်အသင်း တို့ကို ကိုင်တွယ်ခဲ့ဖူးပါတယ်။

  • lu lay

    June 22, 2012 at 7:58 pm

    ရှန်းဟိုင်းရှင်ဟွာ ကဒရောသောပါးကို လစာ ယူရို (200000) နဲ့ ကျော်ကိုကို နဲ့ မင်းမင်းသူကို တစ်လကို ယူရို (400000) နဲ့ခေါ်လိုက်ပြီ။။။။။။။။။။။။

  • lu lay

    June 22, 2012 at 8:03 pm

    စောရီး တစ်လနဲ့ တစ်ပတ်နဲ့မှားသွားလို့နော်

Leave a Reply