Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

စုံထောက်အောင်တိုက် နှင့် ကြောင်ဝတုတ်ဂိုဏ်း (၁၆)

ကိုကမ်းဝေးပျောက်ဆုံးနေမှုကို စုံထောက်ကိုအောင်တိုက်မှာ နေ့မအိပ်၊ ညမအိပ်စဉ်းစားနေလေသည်…

ထို့အတူ ဦးဘလက်ချောထွက်ဆိုထားသော အမှုတွဲကြီးအားလဲ ထပ်ခါတလဲလဲဖတ်လိုက်… မှတ်စုများ ထုတ်လိုက်လုပ်နေရင် တစ်နေ့တစ်နေ့အလုပ်ရှုပ်လျက်ရှိပေ၏…

ထို့အတူ အခြားသောအမှုများအားလက်ခံမှုမပြုရန်နှင့် အီးမေးလ်များအားလဲ သူ့ကိုယ်စားကျွန်ုပ်မှ ပြန်စာရေးပေးရလေသည်… စုံထောက်အောင်တိုက်မှာ ဆင်ပြောင်ကြီးအမြီးကျမှတစ်နေသော ကြောင်ဝတုတ်ဂိုဏ်းအမှုအား အစားအသောက်ထက်ပင်ပိုကာ အရသာတွေ့နေပုံရပေတော့၏…

ဦးဘလက်ချောနဲ့တွေ့ဆုံပြီးနောက် (၃)ရက်ကြာအထိ အခန်းတွင်းအောင်းကာ နေ့လည်စာ၊ ညစာကိုပင် အခန်းတွင်းသို့ ဗန်းဖြင့်ပို့ပေးရလေသည်…

(၄)ရက်မြောက်သောနေ့ မနက်(၆)နာရီခွဲ ကျွန်ုပ်အိပ်ရာနိုးချိန်တွင် စုံထောက်ကိုအောင်တိုက်မှာ အိမ်ရှေ့ခြံဝန်း အတွင်းရှိ သစ်ရွက်များအား လှဲကျင်းနေသည်ကိုတွေ့လိုက်ရသဖြင့် ကိုအောင်တိုက်အပေါ်စိုးရိမ်မှုများ အတော်လေးသက်သာရာရခဲ့ပါသည်…

သူရ ။   ။ ကိုအောင်တိုက်… စောစောနိုးနေတယ်နော်…

အောင်တိုက် ။   ။ စောစောနိုးနေတယ်ဆိုတာထက်… တစ်ရေးမှမအိပ်ရသေးဘူးဆိုတာပိုသေချာမယ် ကိုသူရရေ…

သူရ ။   ။ ခင်ဗျားကလဲ အလုပ်လုပ်ရာမှာ သိပ်ဇွဲကြီးသကိုး…

အောင်တိုက် ။   ။ ဇွဲမကြီးလို့မရဘူးကိုသူရ… ဒီအချိန်မှာ အပြစ်ရှိရှိမရှိရှိ လူတစ်ယောက်မှပိုမသေတာ အကောင်းဆုံးပဲမဟုတ်လား…

သူရ ။   ။ ဒါနဲ့ကိုအောင်တိုက်… ဘာတွေများထူးခြားတာတွေတွေ့သေးတုန်းဗျ…

အောင်တိုက် ။   ။ ဒီနေ့ ကျွန်တော်တို့ အလုပ်(၂)ခုကိုလုပ်ရမယ်… တစ်ခုကတော့ ရွှေတိဂုံဘုရားကို ကျွန်တော်တို့တတွေသွားရမယ်… နောက်တစ်ခုက အင်းစိန် စီအိုင်ဒီ ကိုသွားပြီးတော့ သူတို့အကူအညီနဲ့ လေယာဉ်ခရီးစဉ်နဲ့ နယ်စပ်ဖြတ်ကျော်ခရီးစဉ်တွေအတွက် လူတစ်ယောက်ကို မြန်မာပြည်အတွင်းကနေ ထွက်မသွားအောင်တားရမယ်…

သူရ ။   ။ အဲဒီလူကဘယ်သူလဲဗျ…

အောင်တိုက် ။   ။ အချိန်တန်ရင်ခင်ဗျားသိရမှာပေါ့ဗျာ… ခင်ဗျားလဲညံ့သူမှမဟုတ်ပဲ အရိပ်ပြရင်ဖြင့် အကောင်မြင်နိုင်ပါတယ်ကိုသူရ…

ကျွန်ုပ်နှင့်ကိုအောင်တိုက်တို့ ချယ်ရီကျူကျူကားလေးကိုမောင်းပြီး အင်းစိန်ရှိ စီအိုင်ဒီသို့သွားရောက်ခဲ့သည်… အင်းစိန်စီအိုင်ဒီသို့ရောက်သောအခါ စုံထောက်ပန်းချီဆရာတစ်ဦးအား သူလိုချင်သောလူတစ်ဦး၏ ပုံကိုဆွဲခိုင်းလေသည်…

ထို့နောက် ထိုပုံအား စီအိုင်ဒီညွှန်ကြားရေးမှူးထံပေးအပ်ပြီး ပြည်တွင်းမှထွက်ခွင့်ပိတ်ပင်ထားရန်နှင့် အမည်သူမည်ဝါဖြစ်ကြောင်းကို စုံစမ်းအကြောင်းပြန်စေရန် အကူအညီတောင်းခံရလေသည်။  စီအိုင်ဒီမှတဆင့် နေ့လည် (၁၁)နာရီခန့်တွင် ပြန်လည်ထွက်ခွာလာပြီးနောက်…

အောင်တိုက် ။   ။ ဘယ်လိုလဲဗျ… ကျုပ်တို့ ၃၉လမ်း၊ အောက်ဘလောက်က အမဲအူပြုတ်ဆိုင်လေးမှာ ထမင်းမစားရတာကြာပြီ… အဲဒီဘက်ကိုမောင်းဗျာ…

သူရ ။    ။ ရွှေတိဂုံသွားမယ်ဆို ကိုအောင်တိုက်…

အောင်တိုက် ။   ။ ဒီအချိန်ဘုရားကိုသွားရင် နေသိပ်မပူသေးဘူးဗျ… ကျုပ်တို့ကနေပူမှသွားကောင်းတာ…

သူရ ။   ။ ခင်ဗျားဟာကလဲ တမျိုးကြီးပဲဗျာ…

အောင်တိုက် ။   ။ လာပါဗျာ… အမဲအူပြုတ်ဆိုင်က ၁၂နာရီကျော်ရင်လူရှုပ်တယ်… စောစောသွားစားပြီးမှ ဘုရားဖူးတာပေါ့ဗျာ…

သူရ ။   ။ ခင်ဗျားဖြင့် လုပ်လိုက်ရင် အထူးအဆန်းတွေချည်းပါပဲ…

(၃၉)အောက်လမ်းရှိ အမဲအူပြုတ်ဆိုင်သို့ရောက်သောအခါ စုံထောက်အောင်တိုက်နှင့် ကျွန်ုပ်အမဲအူသုပ် နှစ်ပွဲအားမှာယူပြီး ထမင်းပန်းကန်လုံးနှစ်လုံးခန့်ကုန်အောင်စားပြီးနောက်… ကိုအောင်တိုက်မှာ လပ်ကီးစထရိုက် ဆေးလိပ်လေးကိုဖွာရင်း ထမင်းစားနောက်ကျသော ကျွန်ုပ်အားစောင့်နေရင်းတွေးတောနေလေသည်…

အောင်တိုက် ။   ။ ကိုသူရရေ… ပြီးရင်ရွှေတိဂုံမြောက်ဘက်မုဒ်ကိုသွားမယ်ဗျာ… ကျွန်တော်ဆံတော်တွင်း ဘက်ကိုသွားကြည့်ချင်တယ်… သောကြာဒေါင့်မှာပန်းလှူကြမယ်ဗျာ…

သူရ ။   ။ ကျုပ်က ခင်ဗျားထူးထူးဆန်းဆန်း အပြင်မှာထမင်းကောင်းကောင်းစားမယ်ပြောရင်ဖြင့် လန့်တောင်လန့်နေပါပြီဗျာ… အစားကောင်းကောင်းစားပြီးတိုင်း သေဘေးနီးသလားလို့…

အောင်တိုက် ။   ။ မြိန်ရာဟင်းကောင်းဆိုတဲ့မြန်မာစကားပုံကရှိတယ်မဟုတ်လားကိုသူရရဲ့… အမဲအူပြုတ် ဆိုတာ ဈေးကြီးတဲ့ဟင်းလျာမဟုတ်ပေမယ့် ခံတွင်းအရသာကိုမြိန်စေတော့ဖြင့် ဟော်တယ်စာတွေကို ယှဉ်နိုင် တယ်လို့ပြောချင်သကိုး… အင်္ဂလန်ရောက်နေတဲ့ ကျွန်တော်တို့ ဗိုလ်ချုပ်အောင်ဆန်းတောင် ပဲပြုတ်လေးနဲ့နံပြား စားချင်စိတ်ဖြစ်သေးသကိုးဗျ… အမဲသားဆိုတာ သွေးအားကောင်းစေတဲ့… လူကိုအားဖြစ်စေတဲ့အစား အသောက်ပဲလေဗျာ… ကျန်းမာရေးအတွက် တစ်ခါတစ်ရံစားပေးသင့်တဲ့အစားအစာလို့ပဲ အာဟာရဖြစ်တဲ့ ရှု့ထောင့်ကနေကြည့်ပြီး တစ်ခါတစ်ရံစားဖို့သင့်တော်တယ်လို့ယူဆထားလို့ ကျုပ်လာစားဖြစ်တာပါဗျ…

သူရ ။   ။ အခုကျုပ်ဗိုက်လဲပြည့်ပြီ ဘုရားဖူးဖို့ နေ့မွန်းတည့်ချိန်ကိုရွေးတယ်ဆိုတဲ့ စုံထောက်ကြီးရေ ခရီးဆက်ရအောင်ဗျား

အောင်တိုက် ။   ။ အခုအချိန်သေမယ်ဆိုရင်တောင် အူဟောင်းလောင်းနဲ့မသာတော့မဖြစ်တော့ပါဘူး ကိုသူရရေ… ဟားဟားဟားဟား….

ကျွန်ုပ်နှင့် စုံထောက်ကိုအောင်တိုက် ရွှေတိဂုံဘက်သို့ ဦးတည်ထွက်ခွာလာခဲ့ပြီး မြောက်ဘက်မုဒ်တွင် ကားကိုရပ်ကာ ဓာတ်လှေကားဖြင့် ဘုရားပေါ်သို့တက်ခဲ့သည်…

ဘုရားပေါ်သို့ရောက်သောအခါ ဘုရားပန်းများကို ကိုအောင်တိုက်မှာဝယ်ယူပြီးနောက် သောကြာထောင့်သို့ ရောက်ရှိခဲ့သည်…

အောင်တိုက် ။   ။ ခင်ဗျားဘုရားရှိခိုးဗျာ…

သူရ ။   ။ ဟင်… ကျုပ်က သောကြာသားမှမဟုတ်တာဗျ…

အောင်တိုက် ။   ။ ဟုတ်ဟုတ်မဟုတ်ဟုတ်ဗျာ… ဘုရားရှိခိုးတာပဲ ထောင့်ရွေးကန်တော့နေရသေးလား… အရေးကြီးတာက ဘုရားကို ကန်တော့ဖို့ပဲမဟုတ်လား… ထောင့်ရွေးစရာမလိုပါဘူး… ကန်တော့မယ့်သာ ကန်တော့စမ်းပါ…

သူရ ။   ။ ခင်ဗျားကတော့ဗျာ… ဒီနေ့ပြောရဆိုရကို ကြပ်နေတော့တာပါပဲ…

ကျွန်ုပ်လဲ ပြောပြောဆိုဆို တွေ့ရာထောင့်မှာထိုင်ချလိုက်ပြီး ဘုရားကန်တော့လိုက်လေသည်… စုံထောက်ကိုအောင်တိုက်မှာ ဂြိုဟ်တိုင်ရှိဆင်းထုတော်အားရေသပာယ်ရင်း ဘုရားပန်းကပ်လှူပါသည်… ထို့နောက် ကျွန်တော့ဘေးနားတွင်ထိုင်လျက် လက်အုပ်ချီမိုးပြီး ပါးစပ်မှစတင်ရွတ်ဆိုပါသည်… ကိုအောင်တိုက် ရွတ်ဆိုသည်ကို ကြားလိုက်ရသော ကျွန်ုပ်အဖို့ထူးဆန်းအံ့ဩဖွယ်ရာဖြစ်လေတော့သည်… ရွတ်ဆိုသည်ကား…

အောင်တိုက် ။   ။ ဩကာသ… ဩကာသ… ဩကာသ…ကိုသူရ ခင်ဗျားကပြီးတာနဲ့ အနောက်ဘက်က တန်ဆောင်းကိုသွားပါ… ကာယကံ… ဝစီကံ… မနောကံ…ပြီးလို့ရှိရင် ပုတီးစိပ်ချင်ယောင်ဆောင်ပါ… သဗ္ဗဒေါသ… ခပ်သိမ်းသော… တရားထိုင်နေရင်းက ရှေ့တည့်တည့်က အရန်စေတီအထဲမှာထိုင်နေတဲ့ ဦပဇင်းတစ်ပါးကိုတွေ့ပါလိမ့်မယ်… အပြစ်တို့ကိုပျောက်ပါစေခြင်းအကျိုးငှာ… အဲဒီဦးပဇင်းထပြီး ထွက်သွားဖို့ကြိုးစားရင်ပဲဖြစ်ဖြစ်… ထွက်ပြေးရင်ပဲဖြစ်ဖြစ်… အပ္ပါယ်လေးပါး… ကပ်သုံးပါး… အလွတ်မပေးပဲဖမ်းထားလိုက်ပါ… ခင်ဗျားစိပ်ဖို့ပုတီးကတော့စောင်းတန်းထဲမှာရှိပါတယ်…

စုံထောက်အောင်တိုက်မှာ အထက်ပါစကားများကို ဘုရားစာရွက်သံဆန်ဆန်ပြောပြီးနောက် ဘုရားရှိခိုးပင် မဆုံးလိုက်ပေါက်ဆိန်ပေါက်ဦးချပြီး ဆံတော်တွင်းဘက်သို့ထွက်သွားလေသည်… ကျွန်ုပ်လဲ ဘုရားရှိခိုးနေရာမှ ပုတီစိပ်ရင် ဆောင်းတန်းအတွင်းသို့ဝင်ပြီး ပုတီးကိုယူ ထိုင်လိုက်သည်နှင့် အရန်စေတီနှစ်ဆူကြားထဲတွက် ဆောင်းတန်းဘက်သို့ မျက်နှာမူထားသောသင်္ကန်းဝတ်တစ်ဦးမှာ မျက်လွှာချပြီးအလှူခံနေသည်ကိုတွေ့ရသည်..

ထိုစဉ် ဆံတော်တွင်းဘက်ရှိ တန်ဆောင်းအားလှန်းကြည့်လိုက်ရာ… ရသေ့ကြီးတစ်ပါးနှင့် ကပ်ပိယတစ်ဦးကိုဆီ သို့ စုံထောက်ကိုအောင်တိုက်သွားရောက်နေသည်ကိုတွေ့လိုက်ရသည်… သိပ်မကြာလိုက်ပါ… အရန်စေတီနှစ်ဆူ ကြားထဲမှ သင်္ကန်းဝတ်မှာ အလှူခံထားသောငွေစလေးများပင် မသိမ်းနိုင်ထထွက်ရန်အပြင် ကျွန်ုပ်လဲပုတီးကို ပစ်ချပြီး သင်္ကန်းဝတ်ရှိရာသို့ အမြန်ဆုံးပြေးသွားသည်…

ထိုစဉ် ဆံတော်တွင်းတန်ဆောင်းဘက်မှ ကိုအောင်တိုက်၏ အောင်မြင်ခန့်ညားသောအသံဖြင့် ဟန့်တားလိုက် သည်ကို ကြားလိုက်ရသည်ကား…

အောင်တိုက် ။   ။ ရပ်လိုက်ပါ… ကိုပေါက်ဖော်နဲ့ ရသေ့ကြီးစည်သူ… ခင်ဗျားတို့ထွက်ပြေးဖို့မကြိုးစားပါနဲ့…

ကျွန်ုပ်မှာလဲ ထွက်ပြေးရန်ကြိုးစားသူ သင်္ကန်းဝတ်နှင့်ပုဂိ္ဂုဟ်အားနောက်မှ သိုင်းဖက်ဖမ်းလိုက်ပြီး အသင့်ပါလားသော လက်ထိပ်ဖြင့်ခတ်ဖမ်းဆီးလိုက်သည်… ထိုအချိန်တွင် ဘုရားလုံခြုံရေး သုံးဦးပြေးလာပြီး ကိုအောင်တိုက်လက်ထဲမှ သေနတ်ကိုမြင်သောအခါ ကြောင်အန်းအန်းဖြင့်ရပ်နေလေတော့သည်…

အောင်တိုက် ။   ။ လုံခြုံရေးတွေ ကျွန်တော့်ကို ကူညီပါ… ကျွန်တော့်မှာ ဖမ်းဝရမ်းပါပါတယ်… ဒီလူသုံးယောက်ကို ဖမ်းဖို့လိုနေပါတယ်…

ကိုအောင်တိုက်မှာ တစ်ဖက်မှသေနတ်ဖြင့်ချိန်ထားရင်း လက်တစ်ဖက်မှ ဖမ်းဝရမ်းအားထုတ်ပြလေသည်… ဘုရားလုံခြုံရေးများလဲ ကူညီဖမ်းပေးရင်း ဂေါပကရုံးခန်းသို့ခေါ်ဆောင်သွားပါသည်…

ဂေါပကရုံးခန်းသို့ရောက်သောအခါ စုံထောက်အောင်တိုက်မှာ အင်းစိန်စီအိုင်ဒီသို့ ဖုန်းဆက်ပြီးကားလွှတ်ပေးရန် နှင့် တရားခံသုံးဦးအား သီးသန့်ထိန်းသိမ်းပေးထားရန်နှင့် လမ်းခရီးတွင် လုံခြုံရေးအပြည့်ယူထားရန် စီမံလေသည်…

ထို့နောက် ကျွန်ုပ်အား…

အောင်တိုက် ။   ။ ဒီနေ့တော့ အိမ်ပြန်နားမယ်ဗျာ… မနက်ဖြန်ကျမှ ဒီလူတွေနဲ့ စကားပြောလိုက်ရင် ဇာတ်ရည်တော်တော်လည်သွားလိမ့်မယ်… ခင်ဗျားခုနဖမ်းလိုက်တဲ့လူက ကြောင်ဝတုတ်ဂိုဏ်းရဲ့ လက်ယာရံ ဦးကမ်းဝေးပဲ… ကျုပ်ဖမ်းမိသွားတာ ရသေ့ကြီးစည်သူနဲ့ ဘိန်းစားပေါက်ဖော်ပေါ့ဗျာ…

သူရ ။   ။ အခုအချိန်မှာ သူတို့က ဘာလို့များထွက်မပြေးပဲ ရန်ကုန်မှာနေနေသေးလဲဗျာ… ပြေးရင်လွတ်နိုင်ပါ့…

အောင်တိုက် ။   ။ အခုချိန်အထိ ကြောင်လတ်ကို သူတို့ရှာမတွေ့သေးဘဲ… ဦးဘလက်ချောက အဖမ်းခံထားရသည်ကိုး… သူတို့အစီအစဉ်တွေဆွဲနေဦးမှာပေါ့… ကံဆိုးချင်တော့ အစီအစဉ်အရမ်းတော်တဲ့ ပေါက်ဖော်ခမျာ စာပေသမားဦးကမ်းဝေးနဲ့ အခါတော်ပေးရသေ့ကြီးစည်သူပဲရှိတော့ အတောင်ကျိုးတဲ့ဇရက်လို ဖြစ်နေချိန်မို့ ဖမ်းမိတာပေါ့ကိုသူရရဲ့… မဟုတ်ရင်ဗျာ… ဒီလူတွေဖမ်းဖို့ ဒီလောက်လွယ်မတဲ့လား…

သူရ ။   ။ ဒါနဲ့ သူတို့တွေ ဘုရားပေါ်မှာ ရှိမယ်လို့ဘယ်လိုသိတုန်းဗျ…

အောင်တိုက် ။   ။ ကျွန်တော်စဉ်းစားကြည့်တော့ ရသေ့ကြီးက သူတတ်ကျွမ်းတဲ့ဗေဒင်လက္ခဏာပညာနဲ့ စီးပွားရှာမှ ဟန်မပျက်နေထိုင်ရမယ့် အနေအထားရောက်သွားပြီ… ဦးမင်းမတ်ကလဲ မြန်မာနိုင်ငံထဲကထွက်သွားပြီဆိုတာ သေချာနေတော့ကာ… စာပေသမားဦးကမ်းဝေးခိုနားရာလဲ ရသေ့ကြီးစည်သူနဲ့ ဘိန်းစားပေါက်ဖော်ဖြစ်မယ်လို့ တစ်ထစ်ချတွက်လို့ရတယ်… အဲဒီတော့ ရန်ကုန်မြို့မှာ ဗေဒင်ဆရာတွေအတွက်နေရာကောင်းက ရွှေတိဂုံဘုရားပေါ့ဗျာ… အဲဒီတော့ ရွှေတိဂုံဘုရားမှာ ညဘက်လုပ်အားပေးတဲ့အသင်းလေးတွေထဲကို စုံထောက်တစ်ယောက်ထည့်ပေးလိုက်တာနဲ့ ဘုရားပေါ်မှာ ဘယ်သူတွေညအိပ်တယ်ဆိုတာ စုံစမ်းလိုက်နိုင်ခြင်းအားဖြင့် သူတို့(၃)ယောက်ရှိတယ်ဆိုတာ ခန့်မှန်းလို့ရသွားတယ်…

သူရ ။   ။ နေ့ခင်းကြောင်တောင် လာခဲ့တာကြရောဗျာ…

အောင်တိုက် ။   ။ နေ့ခင်း (၁၂)နာရီလာခဲ့တာ အကြောင်းရှိသကိုးဗျ… ဘုရားပေါ်မှာနေ့ခင်း (၁၂)နာရီက အပူဆုံးမို့ ဘုရားဖူးတွေအပါးဆုံးအချိန် ဒီလူတွေကိုဖမ်းတဲ့နေရာမှာ သူတို့က ပစ်လားခတ်လားလုပ်ရင် အထိအခိုက်အနဲဆုံးဖြစ်မယ့်အချိန်ကိုရွေးရတယ်… ထပ်ပြောရရင် အဲဒီအချိန်မှာ ဘုရားပေါ်မှာနေကြတဲသူတွေ ဘယ်မှမသွားပဲ လူစုံနိုင်ဆုံးအချိန်မို့လဲရွေးတယ်… တကယ်လို့ လူအများကြီးနဲ့ ဘုရားပေါ်လာရင် သူတို့ရိတ်မိ နိုင်တာကြောင့် ကျုပ်တို့ နှစ်ယောက်ပဲလာခဲ့တာ… လူများနေရင် ကျုပ်တို့ ရုပ်ရုပ်သည်းသည်းဖြစ်တာ လုံခြုံရေးတွေ သိပ်မသိနိုင်ဘူး…. အဲဒီတော့ ကျုပ်တို့ကို ကူညီဖို့အတွက် အချိန်ကျန့်ကြာနိုင်လို့ မွန်းတည့်ချိန်ကို ရွေးလိုက်တာပါ ကိုသူရတယ်… အခုမှခြေထောက်တွေပူလာပြီ… သွားကြရအောင်လေ…

သူရ ။   ။ ဟေ့လူ… ကိုအောင်တိုက်… ဘုရားပေါ်မှာ ခင်ဗျားလုပ်ချင်ရာလုပ်ပြီးတော့ အပြန်ဦးချသွားလေဗျာ…

အောင်တိုက် ။   ။ ကျုပ်က မကောင်းသူပယ်… ကောင်းသူကယ်တဲ့ဘုရားကြိုက်မယ့်အလုပ်လုပ်တာဗျ… မြတ်စွာဘုရားက ကျုပ်ကိုခွင့်လွှတ်ပြီးသားပါ… သွားမယ်ဗျို့ကိုသူရရေ… အနောက်ဖက်မုဒ်နားကို မောင်းရင်းနဲ့ ထန်းသီးမှည့်လေးတွေဝင်စားရင်း အုန်းစိမ်းရေလေးသောက်ပြီး အပန်းဖြေရအောင်ဗျို့…

အလုပ်တစ်ခုပြီးသွားသဖြင့် တက်ကြွလန်းဆန်းနေသော ကိုအောင်တိုက်နောက်မှခပ်သွက်သွက်လိုက်ရင်း ကျုပ်မှာ နောက်တစ်နေ့ လတ်လတ်ဆတ်ဆတ်ဖမ်းမိထားသောတရားခံများ၏ စကားများကိုနားထောင်လို စိတ်ကြောင့် အနားယူရန်ပင်အာသီသမရှိဖြစ်နေပေတော့သည်…

 

ဆက်ရန်-

ကြောင်ဝတုတ်

ဇွန်လ၊ ၂၀၁၂

23 comments

  • water-melon

    June 26, 2012 at 4:44 pm

    ထန်းသီးမှည့်လေးနဲ့အုန်းစိမ်းရေက မလိုက်ဘက်ဘူးဗျ
    တခြားဆိုတော့သေး ဘီယာလေးနဲ့အကင်လေး
    ကိုကမ်းနဲ့ပေါက်ဖော်တောင်ဖမ်းခံရပြီကိုး
    တနားပါတယ်
    အဟီ
    ကိုအောင်ထိုက်လည်း အခုဆို မာစွတ်ရောက်နေလောက်ပြီ
    ပင်ပန်းလို့ အပန်းသွားဖြေပြီ

  • etone

    June 26, 2012 at 4:49 pm

    မေ့သလောက်ရှိမှ တစ်ခါရေးတယ်အေ …
    ပြတ်တောင်းပြတ်တောင်းနဲ့ .. လုံးချင်း စာအုပ်ထုတ်တော့မှ အစဆုံးဖတ်တော့မယ် …. ဟွန့် 👿

  • ကြောင်ဝတုတ်

    June 26, 2012 at 4:59 pm

    အဲလိုတော့လဲမဟုတ်ပါဘူး….
    တင်ပေးမယ်လုပ်ပေမယ့်… ရွာထဲမှာလေ အဓိကရုန်းတွေကဖြစ်နေတော့… စုံထောက်ကြီးကိုလာငှားမှာစိုးလို့
    ရွာတောင်ခဏပြန်ခိုင်းထားရတယ်…
    မဟုတ်ရင် စုံထောက်ကြီးမှာ ဒုက္ခရောက်သွားနိုင်တယ်လေ…

    ကြောင်ဝတုတ်

  • စိန်ဗိုက်ဗိုက်

    June 26, 2012 at 5:15 pm

    သွားပြီဗျာ..
    အဖမ်းခံရပီရှိုဒေါ့..ဘိန်လေးရှားပြီး အငြိမ်နှပ်နေလို ့မရတော့ဘူး..
    တယ်ရှိုးဒဲ့ ရှုံဒေါက်အဖွဲ ့

  • Ma Ei

    June 26, 2012 at 5:21 pm

    16 ပြီးတော့ 17… … …
    … … …
    မေ့ ကုန်လို့ အစက ပြန်ဖတ်ရတော့မယ်…

  • မောင်ပေ

    June 26, 2012 at 6:52 pm

    ရွှေတိုက်ကြီး… ပစ်တော့ပစ်ပါရဲ ့… ကျည်ဆံမပါဘဲ ပစ်သွားတာကလား ။

  • marblecommet

    June 26, 2012 at 7:36 pm

    အော် ငါ့ဘွလည်း
    နူရာဝဲစွဲ….လဲရာသခိုးထောင်းပါလား
    ကွယ်တို့ရေ့………
    အာဟင့်.

  • အရီး Khin Latt

    June 26, 2012 at 8:30 pm

    တစ်ဖြေးဖြေး နဲ့ ရွာထဲ မှာ လူဆိုး တွေ မင်းမူ နေတာ အခုမှ သတိထား မိတော့တယ်။
    ဒီလို လေး ဖော်ထုတ်ပေးလို့ ကျေးဇူးပါတော်။

    {{ ဩကာသ… ဩကာသ… ဩကာသ…ကိုသူရ ခင်ဗျားကပြီးတာနဲ့ အနောက်ဘက်က တန်ဆောင်းကိုသွားပါ… ကာယကံ… ဝစီကံ… မနောကံ…ပြီးလို့ရှိရင် ပုတီးစိပ်ချင်ယောင်ဆောင်ပါ… သဗ္ဗဒေါသ… ခပ်သိမ်းသော… တရားထိုင်နေရင်းက ရှေ့တည့်တည့်က အရန်စေတီအထဲမှာထိုင်နေတဲ့ ဦပဇင်းတစ်ပါးကိုတွေ့ပါလိမ့်မယ်… အပြစ်တို့ကိုပျောက်ပါစေခြင်းအကျိုးငှာ… အဲဒီဦးပဇင်းထပြီး ထွက်သွားဖို့ကြိုးစားရင်ပဲဖြစ်ဖြစ်… ထွက်ပြေးရင်ပဲဖြစ်ဖြစ်… အပ္ပါယ်လေးပါး… ကပ်သုံးပါး… အလွတ်မပေးပဲဖမ်းထားလိုက်ပါ… ခင်ဗျားစိပ်ဖို့ပုတီးကတော့စောင်းတန်းထဲမှာရှိပါတယ်…}}

    စုံထောက်အောင်တိုက်ရဲ့ အဲဒီ အသံ ကို စိတ်ထဲ မှာ စဉ်းစားနားထောင်ပြီး သကာလ
    ဟားဟား ဟား
    (အကျယ်ကြီး ရီ သည်။
    ပြီးနောက် တီချယ်ကြီး ရဲ့ ဆုံးမစာ ကို သတိရမိပြီး
    တိုးတိုး လေးထပ်ရီသည်။)
    ဟားဟားဟား 😆

    စကားမစပ် –
    မောင်ကြောင်ဝ လေး
    ဩကာသ ကို ကောင်းကောင်း ရရဲ့ လား?
    ကျော်ချသွားတယ်။ 😉

    • ကြောင်ဝတုတ်

      June 27, 2012 at 6:52 am

      အရီးကျွန်တော်ကျော်ချသွားတာမဟုတ်ဘူး
      ဟိုစုံထောက်ကြီးက အမှုကပိုအရေးကြီးတယ်ဆိုပြီး
      အဲဒီလောက်ပဲဆိုသွားတာ ဟီး

      ဩကာသမေ့တေ့တေ့
      ကြောင်ဝတုတ်

  • ရှမ်းပြည်သား (တောင်ပိုင်း)

    June 26, 2012 at 9:37 pm

    ဪ………မာမီစိန်ပေါက်တို့လဲသူ့ဟာသူချီးပန်းပြီးခရီးမသွားနိုင်ဖြစ်နေတုန်း
    ဦးကမ်းဝေးကလဲလိပ်ခေါင်းကထကိုက်တော့……..ဆယ့်ရှစ်နာရီလောက်လေကြောင်းခရီးကို
    ကြာကြာထိုင်မရဘူးဆိုပြီးမပြေးနိုင်…..ရသေ့ကြီးဦးစည်သူကလဲပြေးရင်းလွှားရင်း
    သူ့အလုံးကြီးနှစ်လုံးကျပျောက်တယ်(ဓါတ်လုံးနှစ်လုံးပြောပါတယ်)ဆိုပြီး ရန်ကုန်မှာမြေလှန်ရှာ
    အားလုံးသူ့တို့ဟာသူတို့ဒုက္ခများနေရာကနေ ချီးလဲဝလိပ်လဲကောင်းအလုံးလဲရှာတွေ့လို့
    ဘယ်နေ့တော့ဖြင့်တို့တစ်တွေတော့ ……… လူစုခွဲပြီးခရီးထွက်မယ်ဆိုတာ
    ရွှေတိဂုံမှာတိုင်ပင်တုန်းစုံတောက်ကြီးကိုအောင်တိုက်နဲ့ကိုသူရတို့ကလဲရာထူးတိုးရဖို့
    ဘုရားမှာရေသက်စေ့လှူရမယ်ဆိုလို့ရွှေတိဂုံကိုအရောက် ကျားရှေ့မှောက်လျက်လဲသလိုဖြစ်ပြီး
    ွှဖမ်းခံရလေတော့အင်း………. မိုင်ဆွန်ခတို့လဲဆောဆောစီးစီးစနိုက်ပါသမားဘဝကိုစွန့်လွှတ်
    တောပြန်ခိုမှဖြစ်မဟဲ့ဆိုပြီးရန်ကုန်ကသုတ်ချေတင်ပြေးလာရတော့သတည်း………
    ရှမ်းပြည်ရောက်ကာမှပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေးဆွေးနွေးပွဲလေးဘာလေးတက်ပြီး
    ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတောင်းပြီးငှက်ကထလုပ်မယ်ကြံနေလေတော့……….
    စုံထောက်ကိုအောင်တိုက်ကိုစောစောစီးစီးလက်ထိုးဖို့ကျိတ်ကြံနေပါကြောင်း………….(စာလုံးပေါင်းမှားလို့
    လဘ်ထိုးမယ်ပြောပါတယ်)ဟိဟိ….
    ကိုဖက်ရေ….မျှော်နေတယ်နော်ကြာတော့မကြာနဲ့……. 😎

    • ကြောင်ဝတုတ်

      June 27, 2012 at 7:01 am

      မြန်နိုင်သမျှ မြန်စေရပါမယ်ကွယ်
      မင်းလုပ်မှပဲလေ ပေါက်ဖော်၊ ကိုကမ်း၊ ကိုရင်စည်သူ အကုန်
      ဂီလာဏတွေဖြစ်တော့တယ် ဟိ

  • အမဲအူပြုတ်စားပြီးသကာလ အမေ့ခံကာ ပိုက်ဆံပေးမသွားသော စုံထောက်အောင်တိုက် ပုံတူပန်းချီဆွဲ၍
    အလကားစားသူ အမည်ဖြင့်စားသောက်ဆိုင်များ သို့ ဝေထားပါကြောင်း

    • ကြောင်ဝတုတ်

      June 27, 2012 at 6:57 am

      လေးပေါက်ကလဲ စားနေကြဆိုင်ဆိုတော့
      ဈေးကသိပြီးသားလေ
      နိုင်ငံခြားကားထဲကလို ပို်က်ဆံကို စားပွဲပေါ်တင်ပေးခဲ့တာပေါ့
      ပိုတာပြန်မအန်းနဲ့ ဘောက်ဆူးဆိုတာမျိုး
      စုံထောက်ကြီးက မိန်းမသေတုန်း အမွေတွေအများကြီး
      ရထားပါတယ် အပေအတေငမွဲမဟုတ်ပါဘူး
      ဟီး ဟီး

      • Shwe Tike Soe

        June 27, 2012 at 1:27 pm

        ဟေးဟေး ပေးတဲ့ဆုနဲ.ပြည့်ပါစေအေ…….. ဟိဟိဟိ

  • kai

    June 27, 2012 at 7:19 am

    အိုင်ဆေးအောင်တိုက် ..
    ခင်ဗျားတို့ထမင်းစားပြီး ထမင်းလုံးစီနေတုံး ဝင်ပြောရတာတော့မကောင်းဘူးပေါ့ဗျာ..
    ဒါပေမဲ့ မပြောမပြီးမတီးမမြည်မို့ပါ။
    ဒီလိုဗျ..
    အမဲအူပြုတ်နဲ့..အမဲသားဘာမှမတူဘူး..။ တကယ်ကတော့.. တိရိစ္ဆာန်တွေရဲ့ ကိုယ်တွင်းကလီစာတွေက လူတွေကျမ်းမာရေးအတွက်မကောင်းပေးဘူး။ ကိုလက်စရောဘာဘာညာညာ အကုန်စွတ်တက်ကုန်လိမ့်မယ်။ အဲဒါကြောင့် အမဲအူပြုတ်နဲ့ အမဲသား ကျမ်းမာရေးရှုထောင့်က နှိုင်းပြောဖို့မသင့်ပေဘူးဗျ..

    ပြောလက်စနဲ့ ကျုပ်ဆက်ပြောလိုက်ဦးမယ်။
    “ကြည်..။ ပဲပြုတ်နဲ့နံပြားရရင်စားချင်တယ်” ဆိုတဲ့ ဗိုလ်ချုပ်အောင်ဆန်းလက်ရေးနဲ့ ကို်ယ်တိုင် စာရေးသွားတာ ရန်ကုန်မှာပါဗျ။
    ဘယ်ကဘယ်လို အင်္ဂလန်ရောက်ရမှာတုံး
    သူ့လက်ရေးနဲ့စာလေးတောင် အခုထိပြတိုက်တခုခုမှာရှိဦးမယ်..။ ဒါပဲ..ဒါပဲ..။

    ဟု..၃၉)အောက်လမ်းရှိအမဲအူပြုတ်ဆိုင်အတွင်းပိုင်း မှောင်ကျကျနေရာတွင်ထိုင်နေသော တောသားပုံ ခေါင်းပေါင်းပေါင်းထားသည့် အဘိုးကြီးမှ အသံတိုးတိုးနှင့်ဝင်ပြောလေသည်။ ။

    • ကြောင်ဝတုတ်

      June 27, 2012 at 8:48 am

      အဲ….
      အဲဒါ စုံထောက်ကြီးပြောတာနော်…
      ကျွန်တော်ပြောတာမဟုတ်ဘူး…ဟိ
      ခွင့်လွှတ်ပါသဂျီးရေ… မှားတဲ့အခါလဲမှားပေမပေါ့… ပေါင်းချုပ်ထုတ်တဲ့အခါ ပြင်ပေးပါ့မယ်…
      ပိုပြီးတော့အဆင်ပြေမယ့်အကြောင်းအရာလေးတွေသုံးလိုက်ပါ့မယ်…
      အမှားကြီးကြီးတွေမပါအောင်ထောက်ပြတဲ့အတွက် ကျေးဇူးပါနော်…

      ရန်ကုန်ပြန်လာရင်… အဲဒီအမဲအူပြုတ်ဆိုင်မှာတကယ်ထမင်းလိုက်ကျွေးမယ်…ဟီး

      ကြောင်ဝတုတ်

  • TNA

    June 27, 2012 at 8:43 am

    မေ့ကုန်ပေါ့အေ။ မနဲကို recall ပြန်ခေါ်ထားရတယ်။ ပြီးရင်တော့ အစအဆုံးလုပ်ပေးရမယ်ဖက်ဖက်ကက်။ ဒါဗြဲ။

    • ကြောင်ဝတုတ်

      June 27, 2012 at 8:49 am

      ဟုတ်ကဲ့ပါ အစ်မသဲနုအေးရေ…

      သဂျီးပြောတဲ့အမှားတွေကိုပြင်ရင်း ပေါင်းချုပ်ပြန်ထုတ်တဲ့အခါကျရင်လဲ စိတ်တိုင်းမကျသေးတာလေးတွေကို ပြန်ပြင်ရင်း အကောင်းဆုံးဖြစ်အောင်ကြိုးစားပေးပါ့မယ်နော်…

      ကြောင်ဝတုတ်

      • TNA

        June 27, 2012 at 11:50 am

        ဖက်ဖက်ကက်ရေ ပိုစ့်နဲ့တော့မဆိုင်ပေမဲ့ တခုလောက်မေးမလို့။ FB မှာ မြန်မာဖောင့်တွေ ဖတ်မရ တော့ဘူး။ အဲဒါ ဘာလုပ်ရမလဲဟေ။ ကူညီပါအုံး။ သစ်ထူးလွင်ဘာညာအကုန်အတည့်၊ သူ့ကျမှ စာလုံးတွေကဇောက်ထိုးဖြစ်နေတာ။ မေးထဲပို့ရင်ပို့လိုက်ပါလား။

        • ကြောင်ဝတုတ်

          June 27, 2012 at 4:32 pm

          အစ်မရေ…
          မမြင်ရတဲ့ကွန်ပျူတာအပေါ်မှာ… ဘာမှန်းမသိတဲ့ပြသနာဖြစ်နေတယ်ဆိုတော့ ကျွန်တော်လဲမရှင်းတတ်ဘူးဖြစ်နေတယ်…
          နောက်တစ်ခုက ကျွန်တော်က Facebook Fan မဟုတ်တော့ Facebook အကြောင်းကိုသိပ်မသိဘူးဗျ…
          Facebook အကြောင်းကို ဂီဂီတို့ ကိုရွှေတိုက်စိုးတို့က ကျွန်တော့်ထက်ပိုသိမယ်ထင်ပါတယ်…
          ကျွန်တော်ခန့်မှန်းတဲ့အဖြေကတော့ Font ပြသနာလို့ထင်ပါတယ်… Browser Font မှားနေတာမျိုးလို့ အကြမ်းဖျဉ်းခန့်မှန်းမိပါတယ်… သေတော့မသေချာပါ…
          မကူညီနိုင်တဲ့အတွက် ခွင့်လွှတ်ပါ အစ်မရယ်…
          နောက်တစ်ခါထပ်ကြိုးစားပါဦးမယ်…

          ကြောင်ဝတုတ်

  • blackchaw

    June 28, 2012 at 12:19 pm

    ကြိုးစင်တက်ရမယ့်နေ့ကို စောင့်နေပါတယ် အစ်ကို…။
    :mrgreen:

  • ရွာစားကျော်

    June 28, 2012 at 12:41 pm

    “…လုံခြုံရေးတွေ ကျွန်တော့်ကို ကူညီပါ… ကျွန်တော့်မှာ ဖမ်းဝရမ်းပါပါတယ်… ဒီလူသုံးယောက်ကို ဖမ်းဖို့လိုနေပါတယ်…”

    ကိုအောင်တိုက်မှာ တစ်ဖက်မှသေနတ်ဖြင့်ချိန်ထားရင်း လက်တစ်ဖက်မှ ဖမ်းဝရမ်းအားထုတ်ပြလေသည်…

    တကယ့် လူမိုက်ကြီး သုံးယောက် စုံထောက်အောင်တိုက်က မီးခြစ်သေနတ်ရယ် သူ့ပုဆိုးတွေပေါင်ထားတဲ့ အပေါင်စာရွက်ပြပြီး ညာဖမ်းတာ ခံလိုက်ရရှာတယ်… သွပ် သွပ်..

Leave a Reply