လူဝင်စားတစ်ဦး၏ ဘဝဇာတ်ကြောင်း-၃

may flowersJune 26, 20121min33014

မောင်ဖိုးအေးလေး ဘဝမှာမိမိလူဝင်စားဖြစ်ကြောင်း သူ့ရဲ့ဘကြီးကို

ဒေါသတစ်ကြီးပြန်ပြော

လိုက်တဲ့ အချိန်နဲ့ အဖွားဖြစ်သူကို စိတ်လိုလက်ရပြန်ပြောပြတဲ့ အချိန်ရယ်  ဒီနှစ်ကြိမ်

သာပြောပြခဲ့ ဘူးပါတယ်။ နောင်များမှာတော့ ဘယ်လိုအကြောင်းနဲ့မှ မိမိရဲ့အတိတ်ဘဝ

ကိုလုံးဝပြောပြခဲ့ဖူးခြင်းမရှိတော့ပါဘူး။ အတိတ်ဘဝက ဆိုးမိုက်ခဲ့တဲ့မောင်ဖိုးအေးလေး

ဟာ ဒီဘဝမှာတော့ လူများရဲ့ပြောစရာဖြစ်လောက်အောင်ကို လိမ္မာရေးခြားရှိရှာပါတယ်။

နားတစ်ဖက်မကြားရတော့ပေမဲ့ ကျန်ကြားတဲ့နားတစ်ဖက်ကိုအာရုံစိုက်ပြီး မောင်ဖိုးအေး

လေး သူတို့ရွာရဲ့ မူလတန်းပညာကိုကျော်လွန် အောင်မြင်ခဲ့ပါတယ်။ မောင်ဖိုးအေးလေး

လေးတန်အောင်တော့ သူ့ရဲ့မိခင်က မောင်ဖိုးအေးရဲ့နားတစ်ဖက်ကမကြားတာကြောင့်

ရော၊ မောင်ဖိုးအေးအမတွေပါ လေးတန်းအောင်ရင်ကျောင်းထွက်ကြတာရော၊ နောက်

အထက်တန်းပညာရေးက ရွာနဲ့တော်တော်လှမ်းတဲ့ ငါးမိုင်လောက်အကွာမှာရှိတဲ့ ရွာကြီး

မှာသာ အထက်တန်းကျောင်းခွဲရှိတာမို့ ရွာထဲက ကလေးတော်တော်များများလေးတန်း

အောင်တာနဲ့ ကျောင်းပြီးနေသလိုဓလေ့ဖြစ်နေတာရော ၊ နောက်အဓိကဖြစ်တဲ့မောင်ဖိုး

အေးလေးရဲ့ ကျောင်းစရိတ်ကို ကလေး ခြောက်ယောက်နဲ့ မနဲရုန်းကန်နေရတာရော

စသည့် စသည့် အကြောင်းပြချက်များ ကိုချပြပြောဆိုပြီးအထက်တန်းဆက်မတက်ဖို့

တားပါတော့တယ်။ ဒါပေမဲ့ ပညာတတ်ချင်လွန်းလှတဲ့ မောင်ဖိုးအေးကသူ့ရဲ့အမေကို

ကျောင်းဆက်တက်ခွင့်ရဖို့ မရပ်မနားပူဆာခဲ့ရရှာပါတယ်။ နောက်ဆုံးမှာတော့ နွေရာသီကျောင်းပိတ်ရက်တွေ

မှာ သူများနွားတွေအငှားလိုက်ကျောင်းပြီး မိမိကျောင်းစရိတ်မိမိရှာပါ့မယ်၊ ကျောင်းမှာအ

တန်းတစ်တန်းကျရင် ကျောင်းထွက်ပြီးလယ်သူရင်းငှားလုပ်ပါ့မယ် စသည့်ကတိကဝတ်

တွေနဲ့ မောင်ဖိုးအေးကျောင်းတက်ခွင့်ရရှိခဲ့ပါတယ်။ ကျောင်းတက်ခွင့်ရပေမဲ့ နားတစ်

ဖက်ကမကြားတာကြောင့်သူတစ်ပါးကလေးတွေထက် မောင်ဖိုးလေးကနှစ်ဆပိုကြိုးစား

ရပါတယ်။စာသင်ချိန်မှာ ရှေ့ဆုံးခုံမှာထိုင်ပြီး ကျန်ကြားရတဲ့နားတစ်ဖက်ကို စောင်းကာ

ဆရာပြောတာအာရုံစိုက်နားထောင်ပြီး သူတစ်ပါးကလေးတွေနားချိန် ကစားချိန်တွေမှာ

တောင် မောင်ဖိုးအေးကမနားနိုင်ပဲ စာတွေကိုလေ့လာနေခဲ့ရှာပါတယ်။ ကျောင်းသွားရင်

လည်း ငါးမိုင်ခရီးကိုအသွားခြေကျင် အပြန်ကုန်းကြောင်းနဲ့ သုတ်သုတ်သွား သုတ်သုတ်

စားကာ အတော်ကြီးကိုရုန်းကန်ခဲ့ရရှာပါတယ်။ နောက်ပြီး မောင်ဖိုးအေးရဲ့အမတွေ

တောင်မလုပ်ကြတဲ့ အမေရဲ့ထမီကို အမေရေချိုးပြီးတိုင်းအမြဲလျော်ဖွတ်ပေးတဲ့ တာဝန်

ကိုလည်း ယူထားပြီးအိမ်အလုပ်တွေကိုလည်း ယောက်ျားအလုပ်မိန်းမအလုပ်မခွဲပဲ အ

ကုန်လုံးမြင်မြင်သမျှသိမ်းကြုံးလုပ်ခဲ့ရှာပါတယ်။ ဒီလိုနဲ့မောင်ဖိုးအေး ဆယ်တန်းကို

ရောက်လာပါတယ်။ ဆယ်တန်းမှာ မောင်ဖိုးအေးစာကျက်ပုံကို ဗဟုသုတအနေနဲ့ပြောပြ

ရရင် ညဘက်တွေမှာည၁၂ နာရီလောက်ထိနေ့စဉ်နေ့တိုင်းစာကျက်ပြီး မနက်ငါးနာရီပုံ

မှန်ထစာကျက်တတ်ပါတယ်။ နောက်စာမေးပွဲဖြေတော့ အုန်းသီးတစ်လုံးကို      ခေါင်း

အောက်မှာထားပြီး တစ်နေ့တစ်နာရီလောက်သာအိပ်ပြီးဆယ်တန်းစာမေးပွဲကိုဖြေဆိုခဲ့

ရရှာပါတယ်။ ဒါပေမဲ့ ဆယ်တန်းကိုနှစ်ခြင်းပေါက်တော့မအောင်ခဲ့ရှာပဲ နောက်နှစ်မှသာ

အောင်မြင်ခဲ့ပါတယ်။

ဒီလိုနဲ့ဆယ်တန်းအောင်ပြီး ရွာနဲ့ရှစ်မိုင်လောက်ဝေးတဲ့ မြို့လေးမှာမောင်ဖိုးအေး အငယ်

တန်းစာရေးလေးအလုပ်ကိုရပါတယ်။ အဝေးသင်နဲ့ သမိုင်းဘာသာကိုအဓိကယူပြီးတက်

ခဲ့ပါတယ်။ မောင်ဖိုးအေးကနေ စာရေးလေးကိုဖိုးအေးဘဝကိုရောက်လာခဲ့ပါပြီ။ ကိုဖိုး

အေးတို့ခေတ်က ပညာတတ်သိပ်မပေါသေးတာကြောင့်ဆယ်တန်းအောင်တာနဲ့ အငယ်

တန်းစာရေးလေးအလုပ်ကို တန်းရတာမဆန်းလှပါဘူး။ နောက်ဘွဲ့ရပြီး ထိုရုံးမှာပဲအရာရှိ

ပေါက်စလေးဖြစ်လာကာ ထိုမြို့ကစာမူလတန်းပြကျောင်းဆရာမလေးနဲ့ ရည်ငံပြီးလက်

ထပ်ခဲ့ပါတယ်။ အိမ်ထောင်သာကျသွားပေမဲ့ ကိုဖိုးအေးက မိခင်အိုကြီးကိုလည်းမမေ့ပဲ

အမြဲတမ်းသွားလာ လုပ်ကိုင်ပေးပြီးတစ်လတစ်ကြိမ်လစာထုပ်တိုင်း အမေ့အတွက်ဆိုပြီး

ပုံမှန်ကန်တော့မြဲပါပဲတဲ့။ နောင်  သားကလေးနှစ်ယောက်ရလာခဲ့တဲ့အချိန်ထိတိုင် ကိုဖိုး

အေးရဲ့ ဘဝကပန်းခင်းလမ်းလိုချောမွေ့နေခဲ့ပါတယ်။ ဒါပေမဲ့ကိုဖိုးအေးမိခင်ကြီးဟာကိုဖိုး

အေး အိမ်ထောင်ကျပြီးဆယ်နှစ်လောက်အကြာမှာ အဆုတ်ကင်ဆာနဲ့ကွယ်လွန်သွားခဲ့

ရှာပါတယ်။ လက်ရှိဘဝ မိဘအပေါ်ကောင်းခဲ့တဲ့ကံလေးဖုန်းလွှမ်းနေတာကြောင့် အ

တိတ်ဘဝ မကောင်းတဲ့ကံဝဋ်ကြွေးလာခွင့်မရှိပဲ ပိတ်ပင်နေပြီး  အစစအရာရာ

အောင်မြင်နေ ရာမှ  ကိုဖိုးအေးဘဝ  မှန်တိုင်းစလာပါတော့တယ် ။

မှက်ချက်။   ။စာရေးသူကျွန်မအထင်ကိုသာ  ပြောခြင်းဖြစ်ကြောင်းပါ။

14 comments

  • manawphyulay

    June 26, 2012 at 3:44 pm

    မနောလည်း စာမေးပွဲရက်ထဲ စာကျက်ရင် အုန်းသီး ခုပြီး စာကျက်တယ်။ အုန်းသီးက ခေါင်းအောက်ကနေ အပြင်ကို လိမ့်သွားတာ သိတောင် မသိလိုက်ပဲ အိပ်ပျော်ခဲ့တဲ့ ရက်တွေကို ခုချိန်မှာ ပြန်သတိရမိပါတယ်။

    • ကြောင်ဝတုတ်

      June 26, 2012 at 4:41 pm

      အဆောင်မှာနေလာဖူးသူကျွန်ုပ်ဆိုတော့ကာ…မတ်တပ်ရပ်လျက်တောင် အိပ်တတ်တယ်ဆိုရင်ဖြင့်လွန်မယ်ထင်ဘူး…
      အုန်းသီးခုစာကျက်တာလောက်တော့ ပျင်းသေးတယ်…

      မတ်တပ်အိပ်တတ်သော-
      ကြောင်ဝတုတ်

  • မွန်မွန်

    June 26, 2012 at 3:51 pm

    မွန်မွန်ကတော့ သင်္ကန်းလှူခဲ့တဲ့ ကုသိုလ်က တော်တော်ကြီးတယ် ထင်တာပဲ…တကယ့် သဒ္ဓါစိတ်နဲ့ လှူခဲ့တယ်…လှူပြီးတဲ့ အချိန်မှာလည်း ပီတိဖြစ်ခဲ့တယ်… ထပ်လှူဖို့တွေးနေတဲ့အချိန်မှာ သေခဲ့တာဆိုတော့ သူတစ်ခါလောက်လုပ်ခဲ့တဲ့ ကုသိုလ်က စစ်မှန်တဲ့ သဒ္ဓါကြောင့် တော်တော်လေး အကျိုးပေးခဲ့တာဖြစ်မယ်…
    ဘာပဲပြောပြော ကံ၊ ကံ၏အကျိုးကတော့ ရှိမှာပဲလေ.. ကုသိုလ်ကံကုန်သွားလို့ အကုသိုလ်ကံက အကျိုးပေးတော့မယ် ထင်ပါရဲ့…

  • mamanoyar

    June 26, 2012 at 4:07 pm

    အင်း
    ကံတွေကလဲ ကြောက်စရာတော့ကောင်းတယ်နော်
    တော်သေးတာပေါ့ ဒီဘဝမှာ သူကောင်းကောင်းမွန်မွန်နေလို့လေ

  • may flowers

    June 26, 2012 at 4:14 pm

    manawphyulay ရောဒိလိုစာကျက်ခဲ့တာလား………ဒါဆိုသေချာတယ် မနောငယ်ငယ်ကစာတော်ခဲ့

    မယ်ဆိုတာ….ကိုယ်တော့တစ်ခါမှအဲလိုမကျက်ဖူးဘူး…….ဟိ ကြွားတာကြိုးစားကြောင်း။

    သင်္ကန်းလှုခဲ့တဲ့ အကျိုးအပြင် လက်ရှိအမေ့အပေါ် အရမ်းရိုသေလေးစားခဲ့တာကြောင့်လည်းပါမယ်လို့

    မေဖလားတော့ ထင်တာပါပဲ မွန်မွန်ရေ။ အသေအချာတော့မသိဘူးပေါ့..ကိုယ်ထင်တာ ကိုယ်ပြောတာပါ။

    mamanoyar ရေ ဟုတ်ပါတယ် ကိုယ်ပြုခဲ့ဘူးတဲ့ကံအကျိုးကို လူတိုင်းမလွဲမသွေခံကရမှာပါပဲ။

  • Mon Kit

    June 26, 2012 at 4:17 pm

    ကိုဖိုးအေး တစ်ယောက် ကြမ်းတမ်းတဲ့လမ်းကနေ ဆူးခင်းတဲ့လမ်း ဆက်လျှောက်ရတော့မယ်နဲ့တူတယ်…

  • ရှင်းသန့် နွယ်

    June 26, 2012 at 4:52 pm

    ကံဆိုတာအလုပ်တဲ့…
    ရှင်းသန့်ကတော့ “ကံ”ဆိုတာ အရင်ဘဝကပြုလုပ်ခဲ့တာနဲ့
    ဒီဘဝလုပ်တာ ကိုပြောတာထင်တယ်နော်……

  • may flowers

    June 26, 2012 at 5:00 pm

    Mon Kit ရေကိုဖိုးအေးရဲ့ ဘဝဘယ်လိုဆက်မယ်ဆိုတာ မနက်ကြရင်ဆက်ရေးပြီးတင်ပေး

    ပါ့မယ်နော်..အားပေးဖတ်ရှုတဲ့အတွက် ကျေးဇူးပါ။

    ရှင်းသန့်ရေ အမကတော့ကံဆိုတာ ကိုယ်လုပ်ခဲ့ပြုခဲ့တဲ့အလုပ်တွေအပြင် စိတ်နေစိတ်ထားနဲ့လဲဆိုင်တယ်

    ထင်တာပါပဲ……ဥပမာ အလှုတစ်ခုကိုလုပ်လိုက်ပေမဲ့ စိတ်ထဲကသိပ်မပါပဲ ဂုဏ်ကြောင့်ဖြစ်ဖြစ် အခြားဖိ

    အားတစ်ခုုခုကြောင့်ဖြစ်ဖြစ်လှူလိုက်ရင် ကိုယ့်ရဲ့အလှူက ကိုယ့်ကိုပြန်ပြီး အကျိုးပြုမယ်လို့မထင်ဘူးနော်

    သိပ်လည်းသိလို့မဟုတ်ပါဘူး အထင်ကိုပြောတာမို့ မှန်ချင်မှလည်းမှန်နိုင်ပါလိမ့်မယ်။ အားပေးဖတ်ရှုတဲ့အ

    တွက် ကျေးဇူးပါနော်။

  • သားဦး၊မြေးဦး

    June 26, 2012 at 7:32 pm

    အုန်းသီးခု စာကြည့်နည်းအတိုင်း ကျိုးစားကြသူ
    တွေ မနည်းဘူးဗျာ။အောင်မြင်ကျတာချည်းပါဘဲ။
    ဆက်ပါအုံး မေခလားဝါးရေ။

  • may flowers

    June 26, 2012 at 7:40 pm

    ဟုတ်ပါတယ် ကိုနာဂရေ ခုကလေးတွေတော်တော်များများကြိုးစားကြပြီး အုန်းသီးခေါင်းအုံးပြီးစာကျက်

    နေကြပါပြီ ဒါပေမဲ့ လွန်ခဲ့တဲ့အနှစ် လေးဆယ်နီးနီးလောက်တုံးကတော့ မရှိသလောက်ရှားပါသေးတယ်။

    အားပေးဖတ်ရှုတဲ့အတွက်ကျေးဇူးပါနော်

  • မောင်ပေ

    June 26, 2012 at 7:50 pm

    ဇါတ်လမ်းက အခုမှ စမှာပေါ့နော် ။ အားပေးနေပါတယ် ခင်ဗျား

  • ster

    June 26, 2012 at 8:29 pm

    အပိုင်း (၄) ကို စောင်.မျှော်နေပါတယ် Ma may flowers ရေ။

  • may flowers

    June 26, 2012 at 8:45 pm

    ကိုပေရေ ဇာတ်လမ်းကစပြီးတာကြာပေါ့………ခုအပိုင်း-၃ တောင်ရောက်နေပြီဟာ…အဟဲ ..

    နောက်တာနော်။

    စောင့်ဖတ်နေမယ်ပြောလို့ ကျေးဇူးပါ ster ရေ။

Leave a Reply