Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

အဖြူအမည်း အိပ်ခန်း

အဇဋာJuly 3, 20121min76412

အဖြူအမည်း အိပ်ခန်း

လာဗန်ဒါပန်းတွေနဲ့ စိမ်ထားတဲ့ အခင်းတွေနဲ့…
ကြမ်းတမ်းမာကြောတဲ့ အိပ်ယာ။

အိပ်ခန်းမျက်နှာကျက်ပေါ်
ကန္တာရပန်းတွေ
နောက်ထပ်…လိမ္မော်ရောင်ပန်းတွေ
တသီတစ်တန်း။

ရှက်ရွံ့ အားငယ်စိတ်တွေ၊ ထိတ်လန့်မှုတွေ မရှိဘူး…
ငါ…ထင်တယ်
ဒါဟာကောင်းတဲ့ မျှော်လင့်ချက် လက္ခဏာပဲ…။

စိတ်အစဉ်ဟာ
သော့ခတ်မထားတဲ့ ဒိုင်ယာရီတစ်ခုလို…
အံဆွဲထဲမှာ။
စာမျက်နှာတွေကတော့…
လေပြေထဲမှာ
တစ် ရွက် ချင်း၊ တစ် ရွက် ချင်း။

စိတ်ကူးထဲက ထွက်ကျလာတဲ့…
ပန်းပွင့်ရုပ်ပုံလွှာတွေ အတိုင်း။

ချိန်းကြိုးပေါ်မှာ အဖိုးတန်ကျောက်တစ်တုံး
ဒါ…နှလုံးသားအပိုတစ်စုံလည်း ဖြစ်နိုင်ရဲ့။

ငါကြည့်နိုင်တာက
ဘိုးဘွားပိုင်ပစ္စည်းတစ်ခု…
နောင်တတွေမပါဘဲဒါမှမဟုတ်
နောင်တနဲ့ ငိုကြွေးခြင်းတွေမပါဘဲ…
ဒူးထောက်အရှုံးပေးခြင်းတွေမပါဘဲ…
ရှည်မျောမျော ခြင်းတောင်းထဲမှာ။

ရေဖန်ခွက်တစ်ခု၊ ငါ့ရဲ့ နေကာမျက်မှန်
နောက်…ဖွင့်ဟထားတဲ့ ငါ့လက်မောင်းတွေ…
စောင့်ဆိုင်းနေတဲ့ ထွေးပွေ့မှုအောက်..
ငါ့ရဲ့ယောက်ျားဆန်တဲ့ ရင်အုံပေါ်မှာ
အိပ်စက်…
သူရဲ့ရှပ်အင်္ကျီအောက် ဒရိုင်ယာတစ်ခု
တိမ်တွေကိုဖမ်းဆီးထားတယ်…

အဲဒါ…
အဖြူ၊ အမဲဓါတ်ပုံတစ်ပုံထဲမှာ။

အမေရိကန် ကဗျာဆရာ Paula Bohince ၏ The Bedroom ကို ပြန်ဆိုပါသည်။

12 comments

  • etone

    July 3, 2012 at 4:00 pm

    အီ ….. တညိုးကြီးပဲ … ဖတ်ရတာတောင် မျက်နှာပူလာတယ် … 😳 ဟိဟိ ။
    ကဗျာဆရာကလည်း ရေးလည်း ရေးတတ်ပါ့ … ဘာသာပြန်တဲ့ လူကလည်း .. ပြန်တတ်တတ်နဲ့ … ။

  • မြတ်ကျော်သူ

    July 3, 2012 at 4:12 pm

    ကဗျာဆရာ Paula Bohince က ဒီကဗျာကို ရေးထားတာ ရက်ပိုင်းပဲရှိပါသေးတယ်…
    အရမ်း Update ဖြစ်ပါတယ်…
    ဒီကဗျာကို ကျွန်တော်ဖတ်ဖတ်ပြီးချင်း ဘယ်လိုဖြစ်သွားလဲမသိဘူး…
    တစ်ခုခုကို အရူးအမူး ခံစားလိုက်ရပြီးမှ အားလုံး ပြန်ဆုံးရှုံးသွားသလိုပဲ…
    ရင်ထဲမှာ ဟာသွားတယ်…
    အဲဒါနဲ့ ဒီကဗျာကို ဘာသာပြန်လိုက်ရတာပါ…

    • etone

      July 3, 2012 at 4:40 pm

      ဟုတ်ကဲ့ … ကိုမြတ်ကျော်သူရေ ..
      ကဗျာကို ဘာသာပြန်သူရဲ့ အလေးနက်ပြန်ဆိုထားမှုကြောင့်လည်း …ဖတ်ပြီး …သဘောပေါက်နားလည်သွားတာပါ… ။ ဘာသာပြန်ဆိုနိုင်မှုပညာကို လေးစားမိပါတယ် ။

  • mamanoyar

    July 3, 2012 at 4:42 pm

    အားပေးသွားပါတယ်ရှင်

  • ရဲစည်

    July 3, 2012 at 7:18 pm

    ကဗျာဖတ်ပီး အောက်က ကွန်းမင့်နဲ့ ပြန်တွဲပီး ဆက်စပ်ရတယ်ဗျို့
    ကျနော်က ကဗျာနဲ့ အလှမ်းဝေးပါတယ်
    သို့ပေမဲ့ ဖတ်ပီး ကိုယ်နားလည်သလောက် ခံစားသွားတယ်ဗျို့

  • AKKO

    July 3, 2012 at 7:45 pm

    မြန်မာ ဘာသာပြန်တဲ့လူတော်လို့ပဲ ဖြစ်မယ် ။
    ကဗျာက သက်ဝင်လှတယ်နော် ။

  • မိုက်ကယ်ဂျော်နီအောင်ပု

    July 3, 2012 at 10:47 pm

    ရင်ခတ်ပန်းတွေနဲ့ ဖြန့်ကျဲထားတဲ့ အခင်းတွေနဲ့
    ဗွက်ထပြီး မြက်ပေါက်နေတဲ့ ရင်ခတ်ပင်အောက်
    ကိုင်းခက်တွေဆီမှာ
    ရင်ခတ်ပန်းတွေနဲ့
    နောက်ထပ် ကင်ပွန်းခြုံတွေ
    ကြက်ခတ်ဆူးခြုံတွေ တသီတစ်တန်း
    ရှက်ရွံ့ အားငယ်စိတ်တွေ၊ ထိတ်လန့်မှုတွေ မရှိဘူး
    ငါ…ထင်တယ်
    ဒါဂွင်ဘဲ ( ကိန်ကိန် )
    စိတ်အစဉ်ဟာ
    ဟိုထဲကထွက်ကျလာတဲ့
    လယ်ကွင်းဘေးမှာ
    အီးပုံတွေကတော့
    ခြုံပုတ်ထဲမှာ
    တစ် ပုံ ချင်း၊ တစ် ပုံ ချင်း။
    ကြိုးမချည်ထားတဲ့ နသိုးတစ်ကောင်လို ( နွားသိုးတစ်ကောင်လို )
    အမလေး ခက်လိုက်တဲ့ ဂဗျာ
    ဂဗျာဆြာဂျီး ဒီဆိုဒ်ထဲမှာ စာမတတ်တဲ့ကောင်တွေစိဒယ်ဆိုတာ ဘူလဲဗျ

  • မြတ်ကျော်သူ

    July 3, 2012 at 10:55 pm

    ကဗျာကို တိုက်ရိုက် သဘောပေါက်ပုံကတော့ အံ့မခန်းပါပဲ…ဟရို့…
    ပြန်လှန် ရေးသားထားချက်ကလည်း ကျွန်တော်တောင် ဘာပြောရမှန်းမသိဖြစ်သွားတယ်….

  • မောင်ပေ

    July 3, 2012 at 11:59 pm

    ဆြာကျော် ခင်ဗျ
    ကဗျာကို ဖတ်အပြီး ကျုပ်အမြင်လေးပေါ့
    ဒရိုင်ယာ ဆိုတဲ့နေရာမှာ
    တခြားတစ်ခုခု ပြောင်းပြောချင်တယ်ဗျာ
    လက်မတစ်ချောင်းထောင်ခဲ့ရင်း ခံစားသွားပါတယ်

  • မြတ်ကျော်သူ

    July 4, 2012 at 7:10 pm

    ဟုတ်တယ်ကိုပေရေ…
    ပြောင်းပြောကြည့်ပါလား…
    ကျွန်တော် အဲဒီနေ့ရာကို ထည့်ဖို့ စကားလုံးမရှိဘူးဖြစ်နေတယ်…
    သူက Dryer(လေမှုတ်စက်) ကိုပြောတာဆိုတော့ …
    ဘယ်လိုပြောရင် အဆင်ပြေမလဲမသိဘူး…

    • မောင်ပေ

      July 4, 2012 at 9:11 pm

      ဟီး
      ဆြာက ဆြာပါခင်ဗျ
      ကျွန်တော့်လို ကောင်အနေနဲ ့
      ဆြာ့ကဗျာ အတွက် စကားလုံး ပြောရန် အားမရှိပါ။

Leave a Reply