Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ရတနာသိုက် ရှာပုံတော်

ကျနော့် အနေဖြင့် ယခု ဝတ္ထုအတွင်းတွင် ကျနော်ချစ်သော ရွာသူားအပေါင်းတို့၏ အမည်များကို အသုံးပြုရန်အတွက် “ရွာသူားအပေါင်းအား ပန်ကြားခြင်း” ဟူသော ခေါင်းစဉ်ဖြင့် ခွင့်တောင်းခဲ့ပြီး ဖြစ်ပါ၏။ ယခု ဝတ္ထုနှင့် ပတ်သက်၍ ပြောရမည် ဆိုပါလျှင် ကျနော်သည် ပရော်ဖက်ရှင်နယ် တစ်ယောက် မဟုတ်၊ ဝါသနာရှင် တစ်ယောက်သာ ဖြစ်သည့်အတွက်ကြောင့် အမှားများ ပါကောင်း ပါပါလိမ့်မည် ဖြစ်ပါသည်။ ထိုထိုသော အမှားများအား ထောက်ပြ ပေးပါရန်လည်း ကျနော်အနေဖြင့် ကြိုတင်၍ တောင်းခံအပ်ပါသည် ခင်ဗျာ။

ယခု ဝတ္ထုအား ယနေ့မှစတင်၍ ရေးသားပါ၏။ ဘယ်အချိန် ပြီးစီးမည်ကိုကား မသိပါ။ အဘယ်ကြောင့်ဆိုသော် ရေးပြီးသလောက် ရွာထဲကို တင်ခြင်းကြောင့် ဖြစ်ပါ၏။ သို့ရာတွင် ဆုံးခန်းတိုင်အောင် အကောင်းဆုံး ကြိုးစား၍ ရေးသားသွားမည်ဟု ကတိပြုပါကြောင်း။

 

ရတနာသိုက် ရှာပုံတော် – ၁

အရောင်းနဲ့ အဝယ်

တစ်နေ့သ၌ ရန်ကုန်မြို့ သင်္ဃန်းကျွန်းဘူတာအနီး အိမ်ကြီးတစ်အိမ် အတွင်းတွင် အသက် (၄၀) ခန့်ရှိ လူကြီးတစ်ဦးသည် အကောင်းစား ကုလားထိုင် တစ်လုံးပေါ်တွင် ထိုင်လျက် အညံ့စား ဆေးပေါ့လိပ်ကို ဖွာရှိုက်လျက် ရှိသည်ကို တွေ့ရလေ၏။

“ဒေါက် … ဒေါက် … ဒေါက်”

“ဝင်ခဲ့ပါ”

လူကြီးမှ ဝင်ခဲ့ပါ ဟူ၍ ပြောလိုက်သည့်အခါတွင် အပေါ်ပိုင်း ဗလာကျင်းလျက် ကတုံးကို ပြောင်နေအောင် တုံးထားသည့် ထွားကြိုင်းသန်မာဟန် ရှိသော အသက် ၃ဝ အရွယ်ခန့် လူရွယ်တစ်ဦးသည် အသက် ၁ဝ နှစ်အရွယ် ကလေးငယ် တစ်ဦးနှင့်အတူ အခန်းတွင်းသို့ ဝင်ရောက်လာလေ၏။

“ဦးခိုင် ရှာခိုင်းတဲ့ ကလေးက ဒီကလေးပဲ၊ သူ့နာမည် ဖိုးထောင်လေးလို့ ခေါ်တယ်”

ဦးခိုင် ဟူသော လူကြီးသည် ကလေးအား သေချာစွာ ကြည့်လိုက်ပြီးနောက် ကလေးအား ပြောလေ၏။

“ဖိုးထောင်လေး ဦးကို သိသလားကွ”

“မသိပါဘူးဗျာ၊ ခင်ဗျားက ကျုပ်ကို ဘာလို့ ခေါ်တာတုန်း”

“ဖိုးထောင်လေးနဲ့ အရောင်းအဝယ်တစ်ခု လုပ်စရာရှိလို့ပေါ့ကွာ”

“ဘာအရောင်းအဝယ်တုံး ကျုပ် မသိဘူးဗျ၊ ပြောစရာ ရှိရင်လည်း မြန်မြန်ပြော၊ ကျုပ် အိမ်အတွက် ရေထမ်းပေးရဦးမယ်”

“အမယ် … သားလိမ္မာလေးပါလားဟေ့၊ လိုရင်းပြောရရင် မင်းလည်ပင်းက ဆွဲကြိုးလေးကို ဦး ဝယ်ချင်တယ်ကွာ”

“အာ .. ဒါတော့ ရောင်းလို့ မဖြစ်ဘူးဗျ၊ ကျုပ် အဖေ ဆွဲပေးထားခဲ့တာ”

“ကလေးရယ် .. အဲ့ဒီ ဆွဲကြိုးလေးအတွက် ဦး က ငွေတစ်ထောင် ပေးမယ်ဆိုရင်ရော ရောင်းမလား”

(မှတ်ချက် ။     ။ ငါးမူး၊ ငါးပြား ခေတ်ကဟု မှတ်ယူကြပါကုန်။)

ယင်းသို့ ဦးခိုင် မှ ပြောလိုက်သည့်အခါ ဖိုးထောင် ဟူသော ကလေးမှာ အံ့ဩ တွေဝေ သွားသကဲ့သို့ ရှိပြီး နောက်ဆုံး၌ –

“ခင်ဗျား တကယ် ပြောတာလားဗျ”

“အဟုတ်ပဲ ဖိုးထောင်လေးရေ၊ ဘယ့်နှယ့်လဲကွ”

“ဒါဆို ရောင်းမယ်ဗျာ” ဟူ၍ ဖိုးထောင်လေးမှာ ၎င်း၏ လည်ပင်းတွင် ဆွဲထားသော ဆွဲကြိုးလေးအား ဖြုတ်ယူ၍ လူကြီးအား ပေးလိုက်လေ၏။ ထိုအခါ လူကြီးမှာ ဆွဲကြိုးလေးအား သေချာစွာ ကြည့်ရှုလေ၏။

“ဟေ့လူကြီး ကျုပ်ကို ပိုက်ဆံပေးဦးလေဗျာ”

“အော် .. အေးအေး၊ မင်းကလည်း မေ့သွားလို့ပါကွာ” ဟူ၍ ပြုံးဖြီးဖြီးနှင့် ပြောပြီး လူကြီးမှာ ငွေစက္ကူများအား ရေတွက်၍ ကလေးအား ပေးလိုက်လေ၏။ ထိုအခါ ဖိုးထောင် ဟူသော ကလေးလေးမှာလည်း ငွေစက္ကူများအား ဆုပ်ကိုင်ကာ ဝမ်းသာအားရ ထွက်ခွာသွားလေတော့၏။

“ဦးခိုင် ကလေးရဲ့ ဆွဲကြိုးက ဘာမို့လို့ ငွေတစ်ထောင်ကြီးများတောင် ပေးလိုက်ရတာတုံး”

“ဒီလို မောင်အောင်ပုရေ၊ အကယ်၍ ဟောဒီ ဆွဲပြားလေးဟာ ရတနာသိုက်ကြီးတစ်ခုကို ဖွင့်နိုင်တဲ့ သော့ချက်ဆိုရင် ကျုပ်ပေးလိုက်တဲ့ ငွေတစ်ထောင်ဟာ များလွန်းနေမလား” ဟူ၍ ဦးခိုင်သည် ကလေးဆီမှ ဝယ်ယူထားသော ဆွဲကြိုးတွင် ပါရှိသော မိုးကြိုး အတွန့်ပုံသဏ္ဍာန် ဆွဲပြားလေးအား မောင်အောင်ပုအား ပြသရင်း ပြောလိုက်လေ၏။

ထိုအခါ မောင်အောင်ပုမှာ ဆွဲပြားအား အထူးအဆန်းသဖွယ် ကြည့်ရင်း “ဒါဆိုရင်တော့ ….” ဟူ၍ စကား မဆက်ဘဲ ရှိနေစဉ်မှာပင် ဦးခိုင်မှ “ကော်တာပေါ့” ဟူ၍ ပြောကြားပြီး နှစ်ယောက်သား ပြုံးနေရာမှ အားပါးတရ ရီမောလိုက်ကြလေတော့၏။

X X X X X X X X

ထိုလေးဦး နှင့် ထိုလူကြီး

တစ်နေ့သ၌ ကြည့်မြင်တိုင်မြို့နယ်အတွင်းရှိ လူစည်ကားသော လက်ဖက်ရည်ဆိုင် တစ်ဆိုင်၏ အတွင်းကျသော စားပွဲဝိုင်းတွင် လူလေးယောက် ထိုင်နေသည်ကို တွေ့ရလေ၏။ ၎င်းတို့သည် အသက်အရွယ်အားဖြင့် တစ်ယောက်နှင့် တစ်ယောက် မတိမ်းမယိမ်းခန့် ဖြစ်ဟန်ရှိပြီး အသက် (၃၀) အရွယ်များဟူ၍ ခန့်မှန်းမိလေ၏။

၎င်းတို့သည် တစ်ယောက်နှင့် တစ်ယောက် ရောက်တတ်ရာရာ စကားများအား ပြောဆိုလျက် ရှိကြလေ၏။ သို့ရာတွင် ၎င်းတို့ ပြောသော စကားများမှာ မည်သို့သော စကားများ ဖြစ်သည်ကို မသိရပေ။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့၏ စကားများမှာ အများ နားလည်သော ဘာသာစကား ဖြစ်ငြားသော်လည်း အဓိပ္ပါယ် မပေါက်နိုင်သည့် ထူးထူးခြားခြား ပေါက်ကရ စကားများ ဖြစ်နေသောကြောင့်ပင် ဖြစ်လေ၏။

“ဒီလို ပါလေရာ ရေ့၊ ကျုပ် မနေ့က ရွှေတိဂုံ ရောက်ခဲ့တယ်၊ မဟာမြတ်မုနိ ဘုရားကြီးက အတော် သပ္ပါယ်တယ်၊ တန်ခိုးကြီးတာကတော့ ကျုပ်ကိုယ်တွေ့ သိကြားမင်းပဲဗျို့”

“မောင်ကြီးမိုက်ရယ် မင်းဟာက ကိုယ့်တွေ့ဆို ချိုနဲ့လား မေးရမလို၊ ကလေးကို ငိုအောင် စမိလို့၊ ငွေတစ်ထောင် ကောက်ရခဲ့ပါပေါ့လားကွယ့်”

“ဒီမယ် မောင်ပါ၊ ငွေတစ်ထောင် ကောက်ရသူကို သိကြားမင်းက ငြူစူမှာ စိုးရသဗျို့၊ ကျုပ်တို့တော့ မငြူစူအောင် ဂါထာရွတ်ရမယ်၊ ဝရဇိန် လက်နက် ဗြဟ္မာ့စက်၊ မိုးကြိုးလက်နက် သိကြားစက်”

“အိုဘယ့် ကိုချောနှယ်၊ အဲ့ဒီလို ရွက်ရုံနဲ့ ပြီးမတဲ့လား၊ တော်ကြာ သိကြားမင်းကြီးက သူ့အထက် ဗြဟ္မာ ထားရပါ့ဆိုပြီး ရောက်လာမှဖြင့် ဟုတ်ပေ့ ဖြစ်နေဦးမယ်၊ ဒီလို တိတိကျကျ ရွတ်ရတယ်ဗျ၊ မိုးကြိုးလက်နက် သိကြား မစက်၊ ငွေတစ်ထောင်နဲ့ ဂဟေဆက်၊ အဟက်”

“ပေါက်ဖော်ရယ်၊ မင်းကတော့ဖြင့် တရုတ်မဟုတ်၊ တယ်ဟုတ်ပါလားဟေ့”

ထိုလူလေးဦးသည် ယင်းသို့ အချင်းချင်း ပြောဆိုပြီးနောက် ကျသင့်သော လက်ဖက်ရည်ဖိုးအား ရှင်း၍ ထသွားလေတော့၏။

များမကြာမီ အချိန်အတွင်း အဆိုပါ လက်ဖက်ရည်ဆိုင် အတွင်းသို့ လွန်စွာမှ တုတ်ခိုင်လှသော လူကြီးတစ်ဦးသည် ဝင်ရောက်လာလေ၏။ လက်ဖက်ရည် သောက်နေကြသူများမှာ ထိုလူကြီးအား အထူးအဆန်းသဖွယ် ကြည့်ကြလေ၏။ ထိုလူကြီးသည် အဆိုပါ အကြည့်များအား ဂရုထားခြင်း မပြုဘဲ လမ်းဘက်နှင့် အနီးဆုံးဝိုင်းတွင် ထိုင်ကာ လက်ဖက်ရည်ချိုချို တစ်ခွက် ဟူ၍ မှာကြားလိုက်လေ၏။

စားပွဲထိုးလေးသည် လူကြီး၏ ရှေ့သို့ လက်ဖက်ရည်ခွက်အား ချပေးလိုက်ပြီးနောက် “ဘာစားဦးမလဲ” ဟူ၍ မေးမြန်းသော်လည်း လူကြီးသည် ခေါင်းကိုသာ ယမ်းပြပြီးနောက် ၎င်း၏ လွယ်အိတ်ကြီးအတွင်းမှ ဆေးလိပ်ကြီးတစ်လိပ်အား ထုတ်၍ ရှိုက်ဖွာလျက် လမ်းသွားလမ်းလာများအား ငေးမော ကြည့်ရှုနေလေတော့၏။

များမကြာမီ အချိန်တွင် လွန်စွာ ပိန်ကပ်ကပ်နိုင်လှသော ကုလားတစ်ယောက်သည် ထိုလူကြီးရှိရာသို့ လာနေသည်ကို တွေ့ရလေ၏။ ထိုကုလားသည် လူကြီးအား တွေ့လျှင် – “ဒီမှာ ခင်ဗျားကို စာပေးခိုင်းလိုက်လို့ပါ” ဟူ၍ ကုလားသံ ဝဲဝဲဖြင့် ပြောပြီးနောက် အသင့်ပါလာသော စာအား လူကြီးရှေ့သို့ ချပေးကာ လက်ဖက်ရည်ဆိုင် အတွင်းမှ ထွက်ခွာ သွားလေ၏။

ထိုအခါ လူကြီးမှာ စာခေါက်အား ဖွင့်၍ ဖတ်ရှုပြီးနောက် “တောက်” ဟု ကျယ်လောင်စွာ တောက်တစ်ချက် ခေါက်လိုက်ပြီး လက်ဖက်ရည်ဖိုးအား စားပွဲဝိုင်းပေါ်၌ တင်ကာ ထွက်ခွာသွားလေတော့၏။

X X X X X X X X

 

ကြိုးစားလျှက်

အံစာတုံး

52 comments

  • အလင်းဆက်

    July 19, 2012 at 7:35 pm

    တော်သေးတယ် ။ အခုထိတော့ သားသား နာမည် မပါသေးဘူး။ အဟိ ။

    • မဟာရာဇာ အံစာတုံး

      July 19, 2012 at 7:42 pm

      အဟမ်း .. ဟမ်း ..
      သားသား နာမည်က နောက်တော့ ပါမှာနော် ..
      လူချိုးခန်းဂ … 😀

      ပထမဆုံး ကွန့်မန့်အတွက် ရှဲရှဲပါ
      ကိုအလင်းဆက် ခင်ဗျာ …

    • Khaing Khaing

      July 25, 2012 at 1:52 pm

      ဒီနေ့ 25 .07.2012 ရက်နေ့ ပထမပို့စ်ကိုစဖတ်သည် အချိန်ကား နေ့ခင်း မြန်မာစံတော်ချိန် (၂) နာရီ …

  • Wow

    July 19, 2012 at 7:36 pm

    ဟဲ့ နာပထမဆုံးလာဖတ်သွားဒယ်နော်…
    ကံစမ်းမဲဖေါက်ပေးမှာလား… 😀

    • မဟာရာဇာ အံစာတုံး

      July 19, 2012 at 7:40 pm

      အဟိ ..
      ပထမဆုံးဒဲ့ …
      နောက်တာနော် ဂျီးဒေါ် ..
      တိုအလင်းဆက်ဂျီးဂ ဦးတွားဒယ်ဂျို့ … 😀

      ခုလို လာရောက် အားပေးဒါ ..
      ရှဲရှဲပါနော့ ..

  • အလင်းဆက်

    July 19, 2012 at 7:46 pm

    အာ…တားတားကို လူဂျိုး..ခန်းက ထည့်ရင်….နိုမှာနော်..( ငိုမှာနော်…)
    တားတား နို…ဒါကို…ချည်းပဲ.. ဆယ်ခါလောက် ပို ့စ်တွေ..ခွဲ..ပြီး..တင်ပစ်မှာ…
    ဒါမှ.. တစ်ပုဒ်ကို 30 ၊ 10 ပုဒ် ဆိုတော့..300 ။ ဦှးခို်င်…ရေ….ကြည့်ပြောပေးနော် ။

    တားတား လူဂျိုး..ဖြစ်လို ့ကတော့ တဒယ်…ရေးမှာ…

    အဟိ ။

    အရင်ဆုံး..မန့်သူကို ကံစမ်းမဲ..ဖောက်ပေးမှာဆိုရင်…တား..ဆီကို
    ဂျယ်လီ..တစ်ဘူး…ပို ့လိုက်နော် ။

    • မဟာရာဇာ အံစာတုံး

      July 19, 2012 at 7:49 pm

      သားသား ငိုနဲ့ တိတ်တိတ် ..
      သားသားဂို လူဂျိုးခန်းက ထည့်တော့ဘူးနော် …
      ဒီမှာ သားသား အတွက် ဂျယ်ရီဆယ်ဘူး .. ရော့ .. အင့် ..
      (ဂယ်မှ ဟုတ်ဘဲနဲ့ .. ဟီဟိ 😀 )

  • မိုက်ကယ်ဂျော်နီအောင်ပု

    July 19, 2012 at 7:50 pm

    ဦးခိုင် ဒဂဲ့သရဲတွေ့ဘူးဂျင်နေဒါဂိုသိတဲ့ အောင်ပုက
    သရဲမျက်နှာဖုံးတပ် သရဲဟန်ဆောင်ပြီး ဦးခိုင်အိမ်ကိုလာ
    ဦးခိုင်က သရဲဂို ကားဂိုဒေါင်ထဲမှာသော့ခတ်ထားပြီး အင်တာနက်ထဲဂနေ
    ဒဂယ်သရဲတွေ့ပြီ ဆက်သွယ်ဂျဘာ ဆိုပြီး ကြေးခေါ်ဈေးဖြတ် လုပ်နေတုန်း
    ဦးခိုင်သမီးဂလည်း သရဲတွေ့ဘူးဂျင်လို့ ကားဂိုဒေါင်ထဲခိုးဝင်
    အောင်ပုနဲ့တွေ့
    ဟမယ်လေး ရင်ဒေတုန်လိုက်ဒါ

    • မဟာရာဇာ အံစာတုံး

      July 19, 2012 at 7:55 pm

      အော် ..
      သိပ်လည်း လိုချင်ရှာပါဘူး .. ဟီဟိ .. 😀
      ဒီထဲမှာတော့ ..
      ခင်ဗျားဂျီးကိုဒေါ့ ..
      သဂျိန်းနဲ့ ပေါင်းဖက် ပေးလိုက်ဒယ်ဂျို့ ..
      အဲ့မှာ စတွေ့ဒေါ့မှာဘဲ ..

    • ကြောင်ကြီး

      July 21, 2012 at 9:05 am

      ဟား ဟား ဟား.. သမီးဒေါ်ဂလေး တယောက်ထဲဟုတ်ဖူး၊ ငါနဲ့တူတူပုန်းတမ်း ကစားဖို့ ချိန်းထားတာ၊ ကပုရေ နင်တော့နာပီသာမှတ်…

  • အရီးခင်လတ်

    July 19, 2012 at 7:55 pm

    မနေ့က ဒုတိယမှာ ခွင့်ပေးထားတာ။
    အခု အထိ နာမည် မပါသေးပါလား။
    စိတ် သိပ်ရှည်တာ မဟုတ်ဘူးနော်။
    မြန်မြန်လေး။ 😛

    ၃ဝကျော် အရွယ် ပါလေရာ နဲ့ မောင်ကြီးမိုက် တဲ့။
    ဟား ဟား ဟား ဟား 😆

    ဦးခိုင် ဆိုတာ ၅ဝ ကျော်ပါကွယ်။
    အချက်အလက်တွေ လွဲနေတယ်။ 🙄

    • မဟာရာဇာ အံစာတုံး

      July 19, 2012 at 7:57 pm

      သားက နာမည်ဘဲ ယူသုံးတာပါ အရီးရဲ့ ..
      အသက်တွေကတော့ …
      (သူရို့ ပြန်ငယ်သွားဒလို ခံစားရအောင်လို့ … 😀 )
      အရီးကိုလည်း နှစ်ဆယ်ကျော်လေး ထားမယ်လေ ..
      မိုက်ဘူးလား .. ဟီဟိ 😀

      • အရီးခင်လတ်

        July 19, 2012 at 8:20 pm

        အရီး မို့ အရီးအရွယ်ဘဲ ထားပါတော်။
        မဟုတ်ရင် ကြောင်ကြီး စက်ကွင်း မိနေဦးမယ်။ 😉

        ဒါထက် ငွေတစ်ထောင် နဲ့ ဆွဲကြိုး ရောင်းတဲ့ ကလေးကို အိုင်ပက် ဝယ်ခိုင်းလိုက်။
        ငွေ ၁ကျပ် ဆို အိုင်ပက် ဖောဂျီ တစ်ခု ရတယ် လို့ ထားပါလား။
        ဒါမှ သူလဲ အဲဒီထဲ မှာ ရတနာသိုက် ရှာလို့ရအောင်လို့။
        မဟုတ်ရင် သူ့ခမျာ သနားပါတယ်။ 😀
        အခု သူ့ပိုက်ဆံ လဲ ပျောက်သွားပြီထင်ရဲ့။

    • J@ckal

      July 20, 2012 at 6:44 pm

      အရီး အဆိုရ
      သဂျီးပျိုက
      ငါးဆယ်ကျော်
      ထားမယ်နော်
      ငါးဆယ်ကျော်
      အခေါ်ထူးလို့
      ရော့ ရူးဟဲ့
      အဘ…. :mrgreen:

  • အလင်းဆက်

    July 19, 2012 at 8:00 pm

    ဂယ် မဟုတ်တဲ ့ဂျယ်လီတွေ..လာကျွေးနေတယ်..။ တား…တဒယ်…နိုတော့မှာနော်..။

    ဦးဦး..လူဆိုး။

    ဒါနဲ ့..တားကို လူဂျိုးခန်းက မထည့်တော့ဘူးဆို… ဘယ်အခန်းက ထည့်ဥိးမှာလဲ..ဟင် ။

  • မောင်ပေ

    July 19, 2012 at 8:10 pm

    မဟာအံကြီး ရဲ ့စာကို ဖတ်ပြီးသွားသော ဂေဇက်မှ ရွာသူားဒေါက်တာ တို ့သည် ၊ စာအရေးအသားမှာ အင်မတန်ကောင်းသဖြင့် ဝတ္ထုတစ်ပုဒ်ဟု မထင်တော့ဘဲ ၊ တစ်ကယ့်ဖြစ်ရပ်မှန် ဟု ထင်မြင်ကုန်ကြကာ ၊ ကြိတ်ပြီး ဝမ်းသာကုန်ကြလေသတည်း ။ သူရို ့အမြင်မှာ “ ဦးခိုင် ဆိုတဲ့လူကလဲ ဆေးလိပ်သောက်တယ် တဲ့ ၊ ဟို လူဝကြီးကလဲ သောက်တယ်တဲ့ ၊ နောက်ထပ်လဲ ဆေးလိပ်သောက်မယ့်လူ ဘယ်နှစ်ယောက် ထပ်တွေ ့ရဦးမလဲ မသိဘူး ၊ ဂေဇက်ရွာသူားချင်းချင်း ဖွင့်တဲ့ ဆေးခန်းကို အားပေးကြပါဆိုပြီး ၊ ဆေးလိပ်သောက်တဲ့ လူအားလုံးဆီကို မေးလ် ပို ့ရမယ် ” ဟု ဆိုကာ ဖြစ်တော့လေသတည်း ။
    မဟာအံကြီးရေ… အရေးအသားကော ဇါတ်လမ်းတည်ဆောက်ပုံပါ တစ်ကယ်မိုက်တယ်ကွား..။

    • မဟာရာဇာ အံစာတုံး

      July 19, 2012 at 8:17 pm

      ရောင်းရင်းကြီးရေ …
      ကျုပ်က ကျုပ်ကိုယ်တိုင်လည်း ဆေးလိပ်သောက်တယ် …
      ဆရာကြီး ရွှေဥဒေါင်းနဲ့ ဆရာကြီး မင်းသိင်္ခတိုရဲ့ ဇာတ်ကောင်တွေကိုလည်း အားကျမိတဲ့လူဆိုတော့ အဟဲ .. ကျုပ်ဇာတ်ကောင်တွေကိုလည်း သောက်မှာပဲဗျို့ ..
      ဒါတော့ဖြင့် ခွင့်လွှတ်ပါဗျာ …
      အဲ .. ရောင်းရင်းကြီးအနေနဲ့ မကြိုက်ရင်တော့ မထည့်တော့ပါဘူးလို့ …
      ခုလို အားပေးတာကို ကျေးဇူးတင်ရှိပါတယ် ခင်ဗျာ …

      • မောင်ပေ

        July 19, 2012 at 8:58 pm

        မဟုတ်ရပါဘူးဗျာ
        ကျုပ်ကိုယ်တိုင်
        ဘီယာသောက်တိုင်း ငွေနဂါးဆေးပေါ့လိပ် ၂ လိပ်လောက် ကုန်အောင် သောက်နေကြပါ
        စီးကရက်ကတော့ တစ်နေ ့ကို တစ်လိပ် ပဲ ၊ ကိုယ့်ဟာကိုယ် စည်းကမ်းပြန်ထိန်းထားတယ်
        ပျော်ပျော်ပါးပါးလေး မန် ့လိုက်တာပါ ။
        ကြိုက်သလိုရေးပါဗျား

  • pooch

    July 19, 2012 at 8:18 pm

    Tin Tin ဆိုတဲ့ ကာတွန်းကားလေး ကြည့်ဖူးလား ။ ဟာသတွေနဲ့ စွန့်စားခန်းတွေနဲ့ ကြည့်ရတာ ပျော်စရာကောင်းတယ်။

    ဒီစာလည်း အဲ့လိုပဲ ဖတ်ရတာ ပျော်စရာကောင်းတယ်။ အထူးသဖြင့်လူနာမည်တွေ ရင်းနှီးနေတော့ ဇာတ်ရုပ်နဲ့ တွဲလိုက်တဲ့အခါ တခွီးခွီးနဲ့ ။

    စကားမစပ် ကံစမ်းမဲဖောက်မယ်ဆိုရင် ဂျယ်လီတော့ မကြိုက်ဖူး။ မြောင်းမြ ဒေါ်ချို မုန့်ဟင်းခါးခြောက်ထုပ်ပေးပါ ဦးလေးအံ ။ :mrgreen:

  • ရာဇဝင်လူဆိုး

    July 19, 2012 at 8:21 pm

    အာ..ဟိ..။ ဂျတ်ရမ်းကတော့ မိုက်နေပြီ။ ပွဲဦးထွက်တော့ တဂျီးတို့ အဖွဲ့ အဖဲ့ ခံလိုက်ရပီ…ရှေးရိတ်တွေ တောက်နေကြတယ်တဲ့။ 😛

  • ဦးဦးပါလေရာ

    July 19, 2012 at 8:37 pm

    အဟမ်း… အဟမ်း….
    ကလေးတွေရေ-
    မင်းတို့ရဲ့ အန်တီ၊ အာအီး၊ အရီး ဒေါ်ခင်လတ်ကို
    ဒီဝတ္ထုလေး ဖတ်ပြလိုက်ကြပါ…။
    ကျုပ်တို့၊ကိုကြီးမိုက်တို့၊ကိုချောတို့ ဆိုတာ
    ဒီလိုဒီလို နုနု ဖတ်ဖတ် လန်းလန်း လေးတွေဆိုတာ သိသွားအောင်…. 😀 😀 😀

  • aye.kk

    July 19, 2012 at 8:38 pm

    အံစာတုံးရေ….
    ရတနာသိုက်..
    တကယ့်ရတနာသိုက်….
    ပုံပြင်လိုလို အိပ်မက်လိုလို….
    ဒဏ္ဍာရီလိုလို….
    နဲ ့ပြီးဆုံးသွားရတော့မယ့်ဇတ်လမ်းလေးတပုဒ်….
    ခံစားနေရတာရှိပါတယ်ကွယ်…။
    ထူးဆန်းတဲ့လူ ့ဘဝ…
    လူ ့လောကထဲမှာပုံပြင်လိုပဲပြီးဆုံးသွားရတော့မယ်….။
    ဒီpostလေးကိုနှစ်သက်မိပါကြောင်းပြောပြလိုက်ပါရစေကွယ်။။

  • MaMa

    July 19, 2012 at 8:57 pm

    နောက်ဆုံးက လူဝကြီးက ဆရာအံဇာကိုယ်တိုင်ဖြစ်မယ်။
    အပြင်က ဗလနဲ့ တူနေလို့ [:D]

    • မဟာရာဇာ အံစာတုံး

      July 19, 2012 at 9:04 pm

      အန်တီ မမကလည်း
      နောက်နေပြန်ပါပြီဗျာ …
      သား ဗလက သိဒဲ့အတိုင်းပဲ … အဟီးးးး 😀
      အဲ့လူဝကြီးကလည်း ဒီရွာကြီးထဲက
      လူဂျီးတစ်ယောက်ပါပဲ ..
      ခေါင်းစဉ်နဲ့ ကဗျာစပ် မန့်ဒဲ့လူဂျီးတစ်ဦးပေါ့ .. အဟိ .. 😀

  • မဟာရာဇာ အံစာတုံး

    July 19, 2012 at 8:59 pm

    @အမပုချ်
    ဖတ်ရတာ ပျော်စရာကောင်းတယ်ဆိုလို့
    ဝမ်းသာမိပါတယ် ခင်ဗျာ ..
    သို့ပေသိ သများကို ဦးလေး ခေါ်ဒါတော့ဖြင့်
    ဝမ်းမသာ မိပါကြောင်း … 😀
    ကျေးဇူးပါ …

    @ကိုနာဂ
    ကိုနာဂရေ ရတနာသိုက် မြေပုံက
    ခုထိ ပေါ်သေးဘူးလေဗျာ ..
    ပေါ်ဒေါ့ ကြည့်ပေါ့ဗျာ .. နော့ … 😀

    @ရာဇဝင်လူဆိုး
    အဟမ်း ..
    သူများတွေကိုချည်းပဲ ပြောမနေနဲ့နော့ ..
    ခီများလည်း ခွင့်ပြုထားဒယ် မီဟုတ်လားဂျ ..
    နာမည် သုံးဖို့ကို ပြောပါဒယ် …

    @ဦးပါ
    ဦးပါကြီးကတော့
    အရီးကို စနေပြန်ပါပြီ .. အဟိ ..
    ဖတ်ရှုအားပေးတာ ကျေးဇူးပါ ခင်ဗျာ ..

    @အမအေး
    အမအေးခင်ဗျာ ..
    ခုလို လာရောက်ပြီး
    ဖတ်ရှုအားပေးသွားတာ
    ကျေးဇူးပါပဲ ခင်ဗျာ ….

    ________________________

    ခင်မင် လေးစားစွာဖြင့်
    အံစာတုံး

    • pooch

      July 19, 2012 at 9:38 pm

      ဟုတ်ကဲ့ပါ ဦးလေးအံ။ ဦးလေးအံ မကြိုက်ရင် ဦးလေးအံလို့ မခေါ်တော့ပါဘူး။
      ဘိုးဘိုးအံလို့ပဲ ပြောင်းခေါ်ပါတော့မယ် ။ :mrgreen:

      • လတ်လတ်

        July 20, 2012 at 9:12 am

        ပြောဘီးဒါးနော် တောင်မယေးဒုက္ခရောက်နေချိန်မှာ နာလာမကယ်ရရင် နင်မိုနိုပိုလီဆော့နေရမယ်မှတ်…. :mrgreen:

  • MAUNG

    July 20, 2012 at 5:21 am

    ဆက်လက် အားပေးနေပါတယ်

  • kyawmonkhant

    July 20, 2012 at 8:58 am

    အရေးသားအသားကတော့ မင်းသိင်္ခဝင်စားသလားထင်ရတယ်။
    စောင့်မျှော်ဖတ်ရှုနေပါကြောင်း။ နာမည်လည်း ယူသုံးနိုင်ပါကြောင်း။ ရတနာတွေ တွေ့ရင်လဲ ခွဲပေးရမယ်နော်။ ရရင် စာရေးဆရာကို ဘီယာတိုက်ချင်လို့။

  • Gipsy

    July 20, 2012 at 9:10 am

    ကိုရင် အံစာတုံး …
    ရတနာသိုက်ရရင် မန်းဂေဇက် နောက်ထပ် အလှုူတွေအတွက်
    ရည်မှန်းပြီး ချန်ထားဦးနော်…
    လောဘတက်ပြီး အားလုံးကို မောင်ပိုင်စီးမယ်စိုးလို့….။ :mrgreen:

  • ညလေး

    July 20, 2012 at 9:22 am

    အရေးအသားကတော့ ………..
    မန်းဂေဇာက်သားပီပီ မရိုးအီလေအောင်ရေးတတ်ပါပေ့…….
    အဆက်ကလေးမျော်နေတယ်နော်……မိအံရယ်

  • surmi

    July 20, 2012 at 9:39 am

    ဆာမိဆိုတဲ ့ကောင်က ဆေးလိပ်အသေကြိုက်တာနော
    သေချင်သေပစေ
    အားလုံးထက်ပိုကြိုက်တယ်
    စောင် ့ဖတ်နေတယ်ဟေ ့…

  • ဘဲဥ

    July 20, 2012 at 10:22 am

    ဟဲ့ဟဲ့ အံချာဒုံးမ နာမပါတေးဘူးနော်
    မေ့တွားမှာစိုးလို့ တဓိပေးဒါ 😆

  • Ma Ei

    July 20, 2012 at 11:32 am

    ရတနာသိုက်ဆိုတော့ စိတ်ဝင်စားသား
    တစ်ပိုင်းနဲ့ တစ်ပိုင်းတော့ မကြာနဲ့နော်…

  • snow white

    July 20, 2012 at 12:38 pm

    ဆက်လက်ဖတ်ရှုချင်ပါသည်မြန်မြန်လေးရေးပါအုံး လေးလေးအံ စောာင့်မျှော် လျှက် ။။။

  • မဂွတ် ထော်

    July 20, 2012 at 1:05 pm

    ဟယ်…နာ့နာ မည်လဲမပါဘူး…P

  • amatmin

    July 20, 2012 at 1:21 pm

    စောင့်ဖတ်နေရပါကြောင်း…
    ဒါနဲ့ ဘိန်းစားဘွန်ဟောင်းလို နေရာလေးများမပါဘူးလား ဟင်င် 🙂

    • J@ckal

      July 20, 2012 at 6:54 pm

      ကုန်းပြောင်ခေတ် စာဇိုဂျော်
      ထုတ်တန်း အမတ်ကြီးရဲ့
      “အောက်ကတွဲလဲ အသည်းကွဲ” ပျို့ကြီးကို
      “မျက်ရည် စက်လက် သည်းဟက်တက်” ဆိုတဲ့ ရုပ်ရှင်ကားဂျီး ရိုက်ဖို့ သရုပ်ဆောင် လိုနေပါကြောင်း

      ပုံ/
      စလေပဲမြစ်ကြီး ဖက်ပုံည

  • myanmarcitizen

    July 20, 2012 at 1:27 pm

    သူပြထားတဲ့ ပုံအရဆိုရင် ရတနာသိုက်က သင်္ဘောနဲ့ပါသွားရှာရမယ်နဲ့တူတယ်။

  • mamanoyar

    July 20, 2012 at 1:28 pm

    ဆက်လက်အားပေးပါဦးမည်
    ဒါနဲ့ အကြံလေးနည်းနည်းပေးလို့ရမလားမသိဘူး
    အသက် 80 ကျော်အဖိုးအို နေရာ ပါလို့ ရှိရင် ဦးပေနဲ့ ဗိုက်ဗိုက်ရှိတယ်
    ဟဲဟဲ အချွန်နဲ့မပြီး ပြေးပြီ……………………

  • မဟာရာဇာ အံစာတုံး

    July 20, 2012 at 1:52 pm

    ဟုတ်ကဲ့ပါ ခင်ဗျာ ..
    ယခုကဲ့သို့ လာရောက် အားပေးကြပါကုန်သော
    ဦးဦး ဒေါ်ဒေါ် ကိုကို မမ ချောချောလှလှတို့အား
    အထူးပင် ကျေးဇူးတင်ရှိပါကြောင်း ပြောပါရစေ ခင်ဗျာ …

    ခင်မင် လေးစားစွာဖြင့်
    အံစာတုံး

  • ဖိုးထောင်

    July 20, 2012 at 2:40 pm

    ဟာဟ နာဂကျီးပျားအတုဂျီးဂို တထေါင်နဲ့ ယောင်းလိုက်ဒယ် ဥူးခိုင်ဂ ရတနာမျေပုန်စိုပျီးဝယ်တွားပီ ဟီဟိ အဲဒါက ကောက်ရထားတာဂျီး ဂိမ်းချိုင်တွားချော့ရိုက်အူးမယ်

  • Novy

    July 20, 2012 at 2:50 pm

    အမလေး တော်သေးတာပေါ့ မနိုမှာလည်း အဲလို
    မိုးကြိုး အတွန့်ပုံသဏ္ဍာန် ဆွဲကြိုးလေးရှိတယ်

    လုံအောင်သိမ်းထားမှ တော်ကြာ ရတနာသိုက်ဖွင့်ဖို့
    ဒုတိယသော့ ဆိုပြီ ဓားပြလာတိုက်နေရင် ဒုက္ခ

    • J@ckal

      July 20, 2012 at 6:49 pm

      မနိူ ကြည့်နေ ကြည့်စားနော်
      အန ္တရာယ်ရှိတယ်
      စစ်ကိုင်းတုန်းက လက်က ကိုအောင်ပု လက်တဲ့
      ဆိုတော့
      ဆွဲကြိုးကို ခေါင်းအုံးအောက်လဲ မထားနဲ့ ခြေရင်းက အံဆွဲထဲလဲ မထားနဲ့ 🙂

  • etone

    July 20, 2012 at 3:25 pm

    စိတ်ဝင်စားပါတယ်ဗျို့ ….. ဦးခိုင်က ဖိုးထောင်လေးကို ညှပ်ချလိုက်ပြီး …. ပေးလိုက်ရတဲ့ တထောင်နဲ့ ဆွဲကြိုးတန်ရဲ့လား …. သိချင်နေပါပြီဗျို့ …. ။ 😛

    ဟိုလေးယောက်ကလည်း …. သူတို့နားလည်တဲ့ language အမျိုးစားနဲ့ပြောနေတာ … ဘာများပါလိမ့် … ။

    ဒါနဲ့ … ဟိုလေးယောက်တန်းမှာ … အသက်ကြီးဆုံးက ပေါက်ဖော်ပဲ ဖြစ်ရမယ် … ခွိခွိ …. 😛

  • manawphyulay

    July 20, 2012 at 4:10 pm

    ရတနာဆိုတဲ့ကောင်မလေးတစ်ယောက်ကို ရှာနေတာမလား…. နာတိပါတယ်… မပြောပြလဲ… 😛

  • may flowers

    July 20, 2012 at 4:25 pm

    အဲ..ကောင်းလွန်းလို့ စောင့်နိုင်တော့ဘူး……………နောက်အပိုင်းသွားဖတ်လိုက်ဦးမယ်နော်…။

  • မဟာရာဇာ အံစာတုံး

    July 20, 2012 at 6:59 pm

    @ဖိုးထောင်
    ဟုတ်ကဲ့ ..
    ဂိမ်းဆိုင်ဘဲ သွားသွား၊ ဘယ်ပဲသွားသွား
    အနော့ကိုဒေါ့ ခေါ်ဦးဂျနော့ .. 😀

    @မနိုဗွီ
    ဂျီးဒေါ်တော့ဖြင့် ရန်သူတွေ ဝိုင်းလာတော့မှာပဲ
    ဟို .. အောင်ပုဆိုတဲ့လူဂျီး မလာခင်
    မြန်မြန်သာ ဝှက်ထားလိုက်တော့ဗျို့ .. 😀

    @မအိတုံ
    ပေးလိုက်ရတဲ့ တထောင်နဲ့ ဆွဲကြိုးက
    တန်သလားဆိုတော့ …
    သိဒေးဘူးပေါ့ဂျာ … 😀

    @မနော
    အဲ …
    ဒီက အတည်ပေါက် ရေးထားဒါနော် ..
    ရတနာဆိုတဲ့ တောင်မလေးကို ရှာမယ်ဆို
    အနော်ကိုယ်တိုင် ဇာတ်လိုက်လုပ်ပစ်မှာပေါ့လို့ .. 😀

    @မမေဖလားဝါး
    ဟုတ်ကဲ့ …
    ခုလို ဖတ်ရှုအားပေးတာ ကျေးဇူးပါဗျာ …
    _____________

    ဟုတ်ကဲ့ပါ ခင်ဗျာ ..
    ခုလို စိတ်ဝင်တစား အားပေးကြတဲ့
    ချစ်စွာသော ရွာသူားအပေါင်းကို
    အထူးပင် ကျေးဇူး တင်ရှိပါကြောင်း ……

    ခင်မင် လေးစားစွာဖြင့်
    အံစာတုံး

  • ဖိုးထောင်

    July 21, 2012 at 2:03 am

    ဦးခိုင်က တားတား ကိုညှပ်ချတာရားဟင် တားတား ကတိတောင်တိရိုက်ဘူး

  • kyeemite

    July 21, 2012 at 10:03 am

    ပီးမှအေးဆေးမန့်မယ်ကွာ..လောလောဆယ်တော့
    အသက်ငယ်သွားလို့ ဝမ်းသာသဟေ့…
    ဖွားဖွားခင်လတ်တောင်မနာလိုဖြစ်နေပီ..ဟီး ဟီး..

  • ကြောင်ဝတုတ်

    July 24, 2012 at 9:34 am

    အဟင့် ဝဋ်တော့စလည်ပြီ….

    အားပေးလျက်ပါ… ကိုအံဇာရေ…

    ကြောင်ဝတုတ်

Leave a Reply