***လွန်တာရှိ…မလွန်တာရှိ***

maung khinminJuly 22, 20121min2095

ကိုယ့်ဆွေ….ကိုယ့်မျိုးတွေမို ့

ကိုယ့်ပြည် ဂုဏ်မညှိုးအောင်

စည်းလုံးဖို ့….လိုတယ်  .. မောင်

 

 

ထီးသုဉ်းလို ့ရာဇဝင်ပြောင်

မြန်မာဘုရင်  သီပေါ မှာဖြင့်

ရာဇပလ္လင် ရွှေသနင်းပေါ်မှ

ညံ့ဖျင်း လို ့ပါတော်မူ….

 

စံနမူ အတုထားစရာ ပ

ခုများလို ခေတ်အခါ မှာ

နစ်နာမှာ….

ကိုယ့်ဆွေ…ကိုယ့်မျိုးပေသမို ့

လစ်ဟာရင် …

အနားတွင် လောက်ကောင်တွေများသဟာဖြင့်

သွေးခွဲဖို ့….  ပြင်ကာဆင်

 

 

ခုခါမှာ  .. ဆိုးတာက

အမျိုးသားချင်းရန်တွေစောင်..

မင်းဘာကောင် …. ငါဘာကောင်

ဒီစောက်ကျင့် တွေ ကြောင့်…

နှောင့်ဖင့် ပေါ့ …  အနာဂတ်မပြောင်

အချုပ်ကဝိ ဆရာဖေသာ ရှိရင်ဖြင့်

ကျုပ် ထက်ပင် … ဖေမောင်ကော်တုတ်လိမ့်မယ် ပ

ယုတ်လှ တဲ့…အမျိုးးး…။။။

 

(အားမနာလျှာ မကျိုး…အမျိုးသားရေးစိတ်ဖြင့်ရေးဖွဲ ့မိပါ၏)

လွန်တာရှိ…..မလွန်တာရှိ ….ဪ …ကျွန်ဇာတိဖြင့် ပျောက်စေလို……

 

 

 

 

 

 

 

 

 

 

 

 

5 comments

  • Gipsy

    July 22, 2012 at 7:11 pm

    Datha Giri
    မြေမှမိုးဆီ၊ ဦးတည်လမ်းကြောင်း
    ပေါင်းကူးသွယ်ဆန် ့၊ သက်တန် ့တစ်ခု….။

    အနီ……တဲ့
    လဲ့ကြည်နွေးထွေး၊ မြန်မာ့သွေးဖြင့်။

    လိမ္မော်……တဲ့
    ထင်ပေါ်တောက်ကြွား၊ မွန်တို ့အားဖြင့်။

    အဝါ….တဲ့
    ရင်မှာသွန်းဖိတ်၊ ရခိုင်စိတ်ဖြင့်။

    အစိမ်း……တဲ့
    ငြိမ်းချမ်းမှုကဲ၊ ကရင့်ဇွဲဖြင့်။

    အပြာ…….တဲ့
    ခိုင်မာထွန်းသစ်၊ ရှမ်းအချစ်ဖြင့်။

    မဲနယ်……တဲ့
    မပြယ်ခြယ်မှုန်း၊ ကချင်အပြုံးဖြင့်။

    မရမ်း……တဲ့
    ခမ်းနားထက်သန်၊ ချင်း ကယားမာန်ဖြင့်။

    အခြားမဲ့စွာ……
    ဖွဲ ့စည်းတည်ဆောက်၊ သက်တန် ့ပေါက်နေ
    မိမြေမှသည်၊ တို ့ယုံကြည်ရာ
    မိုးဆီသို ့တိုင်…………..။

    သက်တန် ့ပေါ်မှာ
    လာ…….နောင်ရင်း၊ တို ့သီချင်းနှင့်
    အငြင်းမဲ့စွာ၊ ကခုန်ပါရင်း
    သစ္စာနွေးထွေး၊ မမုန်းဆေးနှင့်
    ရှေးကထက် ပိုချစ်ရအောင်။ ။
    ကံထွန်းသစ်
    (ဒြပ်ရှိအိမ်မက်နှင့်အခြားကဗျာများ)

  • မောင်ပေ

    July 22, 2012 at 9:33 pm

    ရှိသည်
    ဖြစ်သည်
    မဲ့သည်
    ပျက်သည်
    ကောင်းသည်
    ဆိုးသည်

  • မဟာရာဇာ အံစာတုံး

    July 23, 2012 at 8:07 pm

    ခင်ဗျား မလွန်ပါဘူး မောင်ခင်မင်
    ခင်ဗျား ပြောသလိုပဲ
    အချုပ်တန်း ဆရာဖေသာ ရှိခဲ့ရင်ဖြင့်
    ဒီ့ထက် လွန်လိမ့်မယ် ထင်ရဲ့ …
    လွန်တယ်ဆိုတာ စေတနာ လွန်တယ်လို့ ပြောလို့ ရနိုင်ပါရဲ့ဗျာ ..

Leave a Reply