ရတနာသိုက်ရှာပုံတော် – ၇
ရတနာသိုက်ရှာပုံတော် – ၁
ရတနာသိုက်ရှာပုံတော် – ၂
ရတနာသိုက်ရှာပုံတော် – ၃
ရတနာသိုက်ရှာပုံတော် – ၄
ရတနာသိုက်ရှာပုံတော် – ၅
ရတနာသိုက်ရှာပုံတော် – ၆
တို့အား ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။
ဖတ်ရှုလိုပါက လင့်ခ်ပေါ်တွင် ကလစ်နှိပ်ကာ ဖတ်ရှုနိုင်ပါကြောင်း ….
____________________________________________
ထွက်ကြလေပြီ
အထက်ပါ ဖြစ်ရပ်များ ဖြစ်ပွားပြီး ဆယ်ရက်ခန့် ကြာသည့်အခါ ပဲခူးရိုးမ တောကြီး အနီး ရွာလေးတစ်ရွာသို့ လူအုပ်စု တစ်စု ရောက်ရှိလာခဲ့လေ၏။ အဆိုပါ ရွာလေးသည် ရွာလေးဟုသာ ခေါ်ဝေါ်သော်လည်း အတော်အတန် စည်ကား၍ ဖွံ့ဖြိုးသော ရွာလေးပင် ဖြစ်လေသည်။ အဆိုပါ ရွာလေး၏ အမည်မှာ လှည်းတောင်ကုန်း ဟူ၍ ဖြစ်လေ၏။
အဆိုပါ လူစုသည် ရွာရှိ ထမင်းဆိုင်ကြီး တစ်ဆိုင်သို့ လျှောက်လှမ်းသွားကြပြီးလျှင် အစားအသောက်များအား မှာယူစားသောက်ကြလေသည်။
ဆိုင်ရှင် အမျိုးသမီးမှာ ဖော်ရွှေသော မျက်နှာထား ရှိလေ၏။ ရုပ်ရည်အားဖြင့်မူ ပျိုရွယ်စဉ်အခါက ယောက်ျားတိုင်း ငေးလောက်သည့် ရုပ်ရည်မျိုးကို ပိုင်ဆိုင်ထားသည်ဟု ခန့်မှန်းမိလေ၏။ အဆိုပါ အမျိုးသမီးမှ ဟင်းခွက်များ လာရောက် ချပေးသောအခါ လူစုထဲမှ လူတစ်ယောက်မှာ ထမင်းဆိုင်ပိုင်ရှင် အမျိုးသမီးအား မေးလေ၏။
“ကျနော်တို့ ဒီရွာမှာ နှစ်ရက်လောက် တည်းခိုချင်ပါတယ်၊ ဘယ်နေရာမှာ နေလို့ရမလဲ ခင်ဗျာ”
“အော် … တည်းချင်တာလား၊ ကျမရဲ့ ဆိုင်မှာလည်း တည်းလို့ ရပါတယ်ရှင်”
“ဒါဆို အတော်ပဲပေါ့”
ဤသို့ဖြင့် အဆိုပါ လူစုသည် စားသောက်ပြီးသည့်နောက် ၎င်း ထမင်းဆိုင်၌ပင် တည်းခိုနေကြလေ၏။ အဆိုပါ ထမင်းဆိုင် ပိုင်ရှင် အမျိုးသမီး၏ အမည်မှာ မမ ဟူ၍ ဖြစ်လေသည်။ လူစုထဲမှ ပေါက်ဖော် ဆိုသူသည် စကားသွက်ဟန် ရှိပြီး မမ ဟူသော ဆိုင်ရှင် အမျိုးသမီးနှင့် လျင်မြန်စွာပင် ခင်မင် သွားခဲ့လေ၏။
“အမ မမ … ဒါလည်း မကောင်းသေးပါဘူး၊ မမ .. ဒါဆိုလည်း နည်းနည်း ရိုင်းသွားသလိုပဲ၊ ဘယ်လို ခေါ်ရမလဲဗျာ”
“အမလေး ပေါက်ဖော်ရယ်၊ မမ လို့ပဲ ခေါ်ပါကွယ်၊ မင်းနှယ် .. နာမည် ခေါ်တာတောင်”
“အဲ့လိုဆိုလဲ၊ မမ ပေါ့ဗျာ၊ အဟဲ၊ မမ ကို ကျနော် တစ်ခုလောက် မေးချင်လို့ဗျို့”
“မေးပါ မေးပါ၊ အပျိုကြီးလား ဆိုတဲ့ မေးခွန်ကလွဲပြီး ကြိုက်တာ မေးပါတော်”
“အာ .. ကျနော်က အဲ့ဒါ မေးပါဘူးဗျ၊ ကျနော်တို့က အပျော်တမ်း မုဆိုးတွေ ဆိုပေမယ့် ပဲခူးရိုးမကိုတော့ တစ်ခါမှ မဝင်ဖူးဘူးဗျ၊ ဒါကြောင့် မမ တို့ဆီမှာ ပဲခူးရိုးမကို တောကျွမ်းတဲ့ မုဆိုး တစ်ယောက်လောက်များ ရှိနိုင်မလားလို့ မေးချင်တာပါ”
“မုဆိုးလား၊ ပဲခူးရိုးမကို ကျွမ်းတဲ့ မုဆိုးဆိုရင် လင်းဆက် ဆိုတဲ့ မုဆိုးတစ်ယောက်တော့ ရှိသကွဲ့၊ သူနဲ့ စကားပြောကြည့်မလား၊ မမ ခေါ်ပေးမယ်လေ”
“ဒါဆို အတော်ပဲဗျ၊ အဲ့ဒီ မုဆိုးကို ခေါ်ပေးပါ့လားဗျာ၊ ကျနော်တို့ နည်းနည်း စကားပြောကြည့်ချင်လို့”
ဤသို့ဖြင့် မမ ဆိုသော ထမင်းဆိုင်ပိုင်ရှင် အမျိုးသမီးသည် လင်းဆက် ဆိုသော မုဆိုးအား ၎င်းတို့ထံ ခေါ်လာပေးလေ၏။ လင်းဆက် ဆိုသော လူမှာ လူရွယ်သာသာခန့် ရှိပြီး မုဆိုး ဖြစ်သည့် အားလျော်စွာပင် ၎င်း၏ လက်မောင်းသားများမှာ တုတ်ခိုင်လှလေ၏။
လူစုထဲမှ ပါလေရာ ဆိုသော လူမှ လင်းဆက် အား ရိုးမတောထဲတွင် မည်မျှ ကျင်လည်ခဲ့သည် ဆိုသည့် အကြောင်းအား မေးလေ၏။ ပြီးနောက်တွင် ၎င်းတို့သည် ရိုးမတောသို့ ဝင်၍ အမဲလိုက်လိုသောကြောင့် လမ်းပြ ကူညီပေးနိုင်မည်လား ဟူ၍ မေးပြန်လေသည်။
ထိုအခါ လင်းဆက်ဆိုသော သူမှ ၎င်းအနေဖြင့် အရွယ်ရောက်သည်မှစ၍ ရိုးမတောအတွင်း ကျင်လည်ခဲ့ကြောင်း၊ ဝါသနာ တူများကို ကူညီ၍ လမ်းပြပေးနိုင်ကြောင်းကို ပြောလေသည်။ ဤသို့ဖြင့် ၎င်းတို့သည် သဘောတူညီမှု ရရှိသွားသည့်အခါ နက်ဖြန်ခါတွင် တောအတွင်း စဝင်မည် ဖြစ်ကြောင်းကို ရက်ချိန်းပေးလိုက်လေတော့၏။
X X X X X X X X
မသက်သာလို့ ခွဲရတယ်
တစ်နေ့သ၌ လွန်စွာ ခမ်းနားသော အိမ်ကြီး၏ လေသာပြတင်းပေါက် အနီးတွင် ယောက်ျားပျိုတစ်ဦးနှင့် မိန်းမပျိုလေး တစ်ဦးတို့သည် ရွှင်ပြသော မျက်နှာထားများနှင့် စကားစမြည် ပြောဆိုလျက်ရှိသည်ကို တွေ့ရလေ၏။ ထိုအခိုက်တွင် ခိုလေးတစ်ကောင်သည် ၎င်းတို့ရှိရာဆီ ပျံဝဲလာပြီးနောက် ပြတင်းတံခါးဘောင်ပေါ်တွင် လာရောက် နားသည်ကို တွေ့ရလေ၏။
ယောက်ျားပျို ဖြစ်သူ လူရွယ်သည် ခိုလေးအား ပွေ့ယူလိုက်ပြီးနောက် ခိုလေး၏ ခြေတွင် ချည်ထားသော သတ္တုကြုတ်လေးအတွင်းမှ စာရွက်ပိုင်းလေးအား ယူလိုက်လေ၏။ ပြီးနောက် လူရွယ်သည် စာခေါက်လေးအား ဖွင့်၍ ဖတ်လေ၏။
“အကိုဂီ၊ ဘာတွေရေးထားတာလဲဟင်”
“ဘာမှ မဟုတ်ပါဘူး ပန်ပန်ရယ်၊ အကိုဂီ သူငယ်ချင်းတစ်ယောက်က အကိုဂီကို လာစေချင်တယ်လို့ ရေးထားတာပါ”
“ဘာဖြစ်လို့ အကိုဂီ သူငယ်ချင်းက လှမ်းခေါ်တာလဲဟင်”
“ဒါကတော့ မသိသေးဘူး ပန်ပန်ရဲ့၊ အကိုဂီတော့ သူ့ဆီကို သွားရလိမ့်မယ် ထင်တယ်”
“အကိုဂီ သွားရင် ပန်ပန်လည်း လိုက်ခဲ့ချင်တယ်”
“မလိုက်ပါနဲ့ ပန်ပန်ရယ်၊ သူနေတဲ့ နေရာက ခေါင်လည်း ခေါင်တယ်၊ ကြမ်းလည်း ကြမ်းတယ် ပန်ပန်ရဲ့၊ ပန်ပန် ပင်ပန်းနေပါ့မယ်၊ ပြီးတော့ သူ့ဆီကို သွားရမယ့်လမ်းက မိန်းကလေးတွေနဲ့ မသင့်တော်ဘူး ပန်ပန်ရဲ့”
“ဘာပဲဖြစ်ဖြစ် အကိုဂီနဲ့ ပန်ပန်လည်း လိုက်ခဲ့ချင်တယ်”
ယင်းသို့ မိန်းမပျိုးလေးမှ ပြောလိုက်သည့်အခါတွင် လူရွယ်မှာ မိန်းပျိုလေးအား ပြုံးစစ မျက်နှာထားနှင့် ကြည့်လိုက်ပြီးလျှင် –
“ပန်ပန်ရယ်၊ အကိုဂီလည်း ပန်ပန်ကို ခေါ်သွားချင်တာပေါ့ကွယ်၊ ဒါပေမယ့် ဒီခရီးက မသင့်တော်လို့ပါ၊ ဒီတော့ ပန်ပန် ဒီအိမ်ကြီးမှာ ခဏ နေခဲ့ဦးနော်၊ ဒီခရီးက အကိုဂီ ပြန်လာရင် ပန်ပန်အနားက ခွဲခွာပြီး ဘယ်ကိုမှ ထပ်မသွားတော့ဘူးလို့ အကိုဂီ ကတိပေးပါတယ် ပန်ပန်ရယ်”
ဟူ၍ ပြောလိုက်လေရာ မိန်းမပျိုလေး၏ မျက်နှာမှာ သူ၏ ချစ်သူ ဖြစ်ဟန်တူသူ လူရွယ်နှင့်အတူ မလိုက်ပါရသည့်အတွက် အတန်ငယ် စိတ်အလိုမကျ ဖြစ်မိဟန် ရှိသော်လည်း နောက်အခါ ခွဲမသွားပါဘူး ဟူသော လူရွယ်၏ စကားကြောင့် ဖြေသိမ့်မိသွားဟန် တူလေ၏။ ထို့နောက်တွင် မိန်းမပျိုလေးမှ လူရွယ်အား မေးမြန်လေ၏။
“မသွားလို့ရော မရဘူးလား အကိုဂီ”
“မဖြစ်ဘူး ပန်ပန်၊ သူ့ ကျေးဇူးက အကိုဂီအပေါ်မှာ ရှိထားတယ် ပန်ပန်ရဲ့၊ ဒါကြောင့်ပေါ့ကွယ်၊ တော်ရုံလူဆို အကိုဂီ ခေါင်းခါလွှတ်လိုက်မှာပေါ့ ပန်ပန်ရယ်”
“ဒါဆို အကိုဂီက ဘယ်လောက် ကြာမှာလဲဟင်”
“အကိုဂီ တစ်လဝန်းကျင်လောက်တော့ ကြာမယ် ပန်ပန်”
“တစ်လ လောက်တောင် ကြာမှာလား”
“ဟုတ်တယ် ပန်ပန်၊ ဒီခရီးက မသွားမဖြစ်လို့ သွားရမှာ ဖြစ်ပေမယ့် ပန်ပန်နဲ့ ခွဲသွားရမှာကို အကိုဂီ တကယ်ပဲ စိတ်ထဲ မကောင်းဘူးကွယ်”
ယင်းသို့ လူရွယ်မှ ပြောလိုက်ပြီးနောက်တွင် မိန်းမပျိုလေးအား ရီဝေသော မျက်ဝန်းအစုံဖြင့် ကြည့်ရင်း မိန်းမပျိုလေး၏ ဆံနွယ်စလေးများအား ညှင်သာစွာ ပွတ်သပ်လိုက်လေ၏။ ထို့နောက်တွင်ကား ၎င်းတို့ နှစ်ဦးသည် တစ်ဦးကို တစ်ဦး ဖက်တွယ်ထားလိုက်လေတော့၏။
X X X X X X X X
အပျော်တွေနဲ့ ထိုလူစု
အထက်ပါ ဖြစ်ရပ်များ ဖြစ်ပွားပြီးနောက် တစ်ပတ်ခန့်အကြာတွင် ပဲခူးရိုးမတောကြီးအတွင်း တစ်နေရာ၌ လူတစ်စုအား တွေ့ရလေ၏။ အဆိုပါ လူစုသည် လူဆယ်ယောက် ပါသော လူစု ဖြစ်ပြီး လက်နက်များ ကိုယ်စီ ကိုင်ထားကြသည်ကိုလည်း တွေ့ရလေ၏။ ၎င်းတို့လူစုအနက် ရှေ့ဆုံးမှ သွားလေသော လူမှာ လူရွယ်သာသာခန့် အသက်အရွယ်ရှိပြီး လမ်းပြ မုဆိုး ဖြစ်ဟန်တူလေ၏။
“ဘယ်လိုလဲ မောင်ဘဲဥရေ၊ ကျုပ်တို့ ပြောတဲ့ ရေကန်ကို ရောက်ဖို့က ဘယ်လောက် လိုသေးသလဲဟေ့”
ယင်းသို့ လမ်းပြ မုဆိုး၏ နောက်မှ လျောက်လှမ်းနေသော လူထွားကြီးတစ်ဦးမှ မေးလိုက်ခြင်း ဖြစ်လေသည်။ ထိုအခါ လမ်းပြမုဆိုးဖြစ်သူ ဘဲဥ ဟူသော လူရွယ်မှ –
“ဦးခိုင်ရေ၊ ကျုပ်တို့ အဲ့ဒီ ရေကန်ကို ရောက်ဖို့အတွက် နောက်သုံးရက်လောက်တော့ဖြင့် ခရီးဆက်ရဦးမယ်ဗျို့၊ ဦးခိုင် ပြောတဲ့ နေရာက လူအယောက်အပေါက် နည်းတဲ့ နေရာဗျ၊ သတိတော့ တော်တော် ထားသွားရမယ့် နေရာပဲ”
ထိုအခါ ဦးခိုင် ဆိုသူ လူကြီး၏ နောက်တွင်ရှိသော လူကြီးမှ –
“သတိထားဆိုမှ ကျုပ်က မြွေတွေ ကြားတွေထက် လူကို ပိုသတိထားသဗျို့၊ ဒီလို တောတောင်ထဲမှာ မြွေတွေ ကျားတွေလို အန္တရာယ်ရှိတဲ့ အကောင်တွေ ပေါမှန်းသိလို့ အဲ့ဒီအကောင်တွေကို အထူးသတိထားစရာ သိပ်မလိုဘူး၊ အဲ … ကိုယ်မထင်ထားတဲ့ လူတွေက ဒီလို တောကြီးထဲမှာ ဝုန်းကနဲ ထွက်လာပြီး ကိုယ့်ကို ဆော်သွားမှဖြင့် ကိုယ့်ရဲ့ မသာဘဝ လှလှပပ ဖြစ်မသွားမှာကို ကျုပ်တော့ဖြင့် စိုးရိမ်မိသဗျာ”
ထိုသို့ လူကြီးမှ ပြောလိုက်သောအခါ ၎င်းလူကြီးနောက်မှ ကတုံးပြောင်ပြောင်နှင့် လူမှ –
“ဦးကြောင်ကြီးကလည်း ပူစရာမရှိ ပူနေပြန်ပါပကောလားဗျာ၊ ဒီလို တောတောင်ကြီးထဲမှာ မုဆိုးတစ်ယောက်စ၊ နှစ်ယောက်စလောက် တွေ့ရုံကလွဲပြီး ကျုပ်တို့ လမ်းကြောင်းအတိုင်း သွားမယ့်လူ ဘယ်သူများ ရှိပါ့မလဲဗျာ၊ အဟဲ … ဒီရွှေလမ်းကို ကျုပ်တို့လို သူတော်ကောင်းကြီးတွေပဲ သိတာပါ၊ ပူမနေပါနဲ့ဗျာ”
ဤသို့ဖြင့် ၎င်းလူစုသည် စကားတပြောပြောနှင့် လျောက်လှမ်းလာခဲ့ရာ တစ်နေရာ အရောက်တွင်မူ ရှေ့ဆုံးမှ သွားနေသော ဘဲဥ ဆိုသူ လူရွယ်မုဆိုးမှ လက်ကာပြလိုက်လေ၏။ ထိုအခါ နောက်မှ လူများမှာ အသံများ တိတ်ဆိတ်သွားပြီး လက်နက်များ အသင့်ပြင်ကာ ကိုယ်ကို ဝပ်နေလိုက်ကြလေ၏။
လူရွယ်မုဆိုးမှာမူ လက်နက်အား အသင့်ပြင်ထားပြီး ခြေလှမ်းအား ဖော့၍ နင်းကာ ရှေ့သို့ ဆက်လက်၍ သွားနေသည်ကို တွေ့ရလေ၏။ သစ်ပင်ကြီး တစ်ပင်နား အရောက်တွင်မူ ကိုယ်ကို သစ်ပင်နှင့် အတန်ငယ် ကွယ်လိုက်ပြီးနောက် ၎င်း၏ သေနတ်ဖြင့် ပစ်မှတ်ကို ချိန်နေသည်ကို တွေ့ရလေသည်။
“ဒိုင်း …..”
“ချက်ကောင်းပဲဗျို့၊ တစ်ခါတည်း အမှောက်ပဲ၊ ကျုပ်တို့အတွက် နေ့လည်စာတော့ဖြင့် ဆတ်သားနံ့ မွှေးမွှေးလေးနဲ့ ခံတွင်းတိုးကြရအောင်ဗျို့”
ယင်းသို့ မုဆိုးလူရွယ်မှ အသံမြှင့်၍ ပြောလိုက်တော့မှပင် သတိဖြင့် ဝပ်နေကြသော လူစုမှာ ထလာပြီးလျှင် ဦးခိုင်ဆိုသူ လူကြီးမှ ဆတ်သေအား လှမ်းကြည့်လိုက်ပြီးနောက် လူရွယ်မုဆိုးဘက်သို့ လှည့်ကာ ပြောလေ၏။
“မောင်ရင့်နှယ်၊ ကျုပ်တို့ဖြင့် ရန်သူကြီးကြီးမားမားနဲ့ တွေ့ပြီအောက်မေ့တာ၊ ဘယ်ဟုတ်မလဲ၊ ဆတ်ကို ပစ်တာကိုးဗျ”
“ဦးခိုင်ရေ၊ ဒီတောထဲမှာ နားကိုစွင့်ပြီး သတိနဲ့ ထားသွားနေရတာဗျို့၊ အခုဟာက ဆတ်တစ်ကောင် ဖြစ်နေလို့သာပေါ့၊ ဒီနေရာမှာ ကျားတစ်ကောင်၊ တောဝက်တစ်ကောင်၊ နောက် ဦးကြောင်ကြီး ပြောတဲ့ လူတွေသာ ဖြစ်နေရင်ဖြင့် မလွယ်ဘူးရယ်”
“ကဲ .. ထားပါတော့၊ အခု ဆတ်ဆိုတော့လည်း ဆတ်ပေါ့၊ ဆတ်ဆိုတော့ ချက်ပြီး စားကြတာပေါ့ဗျာ”
ယင်းသို့ ကတုံးပြောင်ပြောင်နှင့် လူမှ ပြောလိုက်သည့်အခါတွင် ဦးကြောင်ကြီးဆိုသူ လူထွားကြီးမှ –
“ကျုပ်ကတော့ ဆတ်ကို ချက်ထားတာ မစားဘူး၊ ကင်ပြီး စားမယ်၊ ဆတ်သားကင်ကို စားရင်းဝါးရင်း ရွှေလမ်းကိုလည်း ဆက်နင်းရင်းပေါ့” ဟူ၍ ပြောဆိုလိုက်ပြီး ၎င်း၏ ကာရန်မိသွားသော စကားအား ၎င်းကိုယ်တိုင် သဘောကျသွားကာ တဟားဟား ရီမောလိုက်လေတော့၏။
“ဟား … ဟား … ဟား …”
X X X X X X X X
ကြိုးစားလျှက်
အံစာတုံး
35 comments
Solid_Sn@ke
August 1, 2012 at 9:48 am
တိန်…
ကောင်းခန်း ကျမှ …
၁လလောက် အဝေး သွားရမတဲ့…
အိုဘယ့် ဇာတ်ဆြာရယ်…
😀
အားပေးသွားပါတယ်ဗျို့…
ဒက်ဂလောက် …ဒက်ဂလောက်..
မဟာရာဇာ အံစာတုံး
August 1, 2012 at 9:56 am
ခရီးက မသွားလို့ မရဘူး ကိုယ့်ဆြာရေ ..
သို့ဂလိုဂျောင့်ဘာ …
အားဒေါ့ နာဘာရဲ့ …. 😀
အားပေးတွားတာ ကျေးဇူးပါဗျို့ …
pan pan chit
August 1, 2012 at 10:19 am
ပျော်ထှာ…
ကိုဂီတော့ လစ်သွားဘီ ခိခိ 😆
မဟာရာဇာ အံစာတုံး
August 1, 2012 at 10:30 am
အော်ရယ် ..
ပန်ပန်လေး ဝမ်းနည်းနေတာ ..
မျက်ရည်တောင် တောက်တောက် ကျနေပါရောလားကွယ် ..
အဟိ .. 😀 😀
manawphyulay
August 1, 2012 at 11:25 am
အဖြစ်သည်းရန်ကော…. တစ်လလေးတောင် မခွဲချင်တော့တဲ့ပုံစံနဲ့
ဟွန်း မပြောလိုက်ချင်ဘူး။
ကြောင်ဝတုတ်
August 1, 2012 at 2:10 pm
အင်းကွာ…
မင်းနှယ် စတောင်မစရသေးဘူး တစ်လလောက်ဝေးထားတယ်….
ဟိ…
ဆက်ဆွဲရအောင်အံဇာကြီးရေ…
ကြောင်ဝတုတ်
surmi
August 1, 2012 at 9:54 am
ပဲခူးရိုးမက ငှက်ဖျားနာမည်ကြီးတယ်နော်
ဆေးတွေရောပါရဲ ့လား
မမရဲ ့ ထမင်းဆိုင်ည ွှန်ပါဦး သွားစားမလို ့
မဟာရာဇာ အံစာတုံး
August 1, 2012 at 10:04 am
ဂလိုဆို …
ခင်ဗျားလည်း ဆေးတွေ သောက်ထားဦးနော့ ..
ကြိုပြောထားရတာ … 😀
မမ ထမင်းဆိုင်ကိုတော့ဖြင့်
အထူး ညွှန်းစရာ လိုပါဘူး ဥဆာမိရယ် ..
ခင်ဗျား သိပီးတားဘာ .. 😀
ကွိ .. ကွိ ..
ကြောင်ဝတုတ်
August 1, 2012 at 2:13 pm
အန်တီမမရဲ့ မုန့်ဟင်းခါးနဲ့ ငါးရံ့ခြောက်ဖုတ်တောင်သတိရလာပြီ…
ရှလွှတ်
shwe kyi
August 1, 2012 at 10:04 am
တောထဲမှာအားလုံးစုံညီရှင်းကြတော့မှာပေါ့ ဦးခိုင်တို့အဖွဲ့ ကိုပေတို့အဖွဲ့ ပြီးတော့ကိုဂီ။ ဒါနဲ့ကိုဂီကတကိုယ်တောလှုပ်ရှားမှာလားဗျ။ မုဆိုးတွေတော့ဘာမသိညာမသိနဲ့ ခံရတော့မယ်ထင်တယ်။
မွန်မွန်
August 1, 2012 at 10:04 am
“ဤသို့ဖြင့် မမ ဆိုသော ထမင်းဆိုင်ပိုင်ရှင် အမျိုးသမီးသည် လင်းဆက် ဆိုသော မုဆိုးအား ၎င်းတို့ထံ ခေါ်လာပေးလေ၏။ လင်းဆက် ဆိုသော လူမှာ လူရွယ်သာသာခန့် ရှိပြီး မုဆိုး ဖြစ်သည့် အားလျော်စွာပင် ၎င်း၏ လက်မောင်းသားများမှာ တုတ်ခိုင်လှလေ၏။”
🙂 🙂 🙂
Moe Z
August 1, 2012 at 10:43 am
မမမွန်ရဲ့ကွန်မန့်ကို ဖတ်ပြီးရယ်ချင်သွားတယ် …
အူးလေးအံချာဒုံးရေ အဲဒီမုဆိုးရှော်ကြီးရဲ့ပုံကို ပြန်ရှာပြီး ဒီပို့စ်နဲ့တွဲတင်လိုက်ပါလား 😆
မဟာရာဇာ အံစာတုံး
August 1, 2012 at 11:46 am
လုပ်ပါနဲ့ဂျာ …
တော်ကြာနေ ကျုပ် မုဆိုးကျော်ကြီး
ဂုဏ်သိက္ခာ ထိခိုက်နေပါဦးမယ် ..
အဟီးးး 😀
ဥဥ
August 1, 2012 at 7:32 pm
ချရာဂျီး မဟာရာဂျာ အံဂျာဒုံးဂို ကျေးဂျူးအားဂျီးတင်ဘာလယ်
ကြောင်ကြီး
August 1, 2012 at 10:12 am
ငါ့အန်တီမမကိုများ မလေးမခန့်နဲ့ စော်စော်ကားကား၊ ဒီမှာ အန်တီမမက ငယ်ငယ်ကလည်းလှတယ် အခုလည်းလှတယ်၊ နောင်လည်းလှမယ်။ ငယ်စဉ်ကလည်း ရည်းစားတထောင် အခုလည်း.. (အဲဒါတော့သူ့မေးကြည့်)။ အန်တီမမက သူ့တူမနဲ့ငါ့ကို သဘောတူထားတယ်။ နင်ကောင်းကောင်းမွန်မွန် ဆက်ဆံပါ။ နောက်လားပြောင်လား မလုပ်ပါနဲ့။
မွန်မွန်
August 1, 2012 at 10:38 am
အယ်..
နာ့ကို ပြောတာလားဟင်… ကော်ပီကူးတာ များပြီး မမ အကြောင်းပါသွားတာပါ..ပြောချင်တာက မုဆိုး… 🙂 နာတို့ သတ်ပုံအဖွဲ့ နာယကကို နောက်စရာလား… 😛
YE YINT HLAING
August 1, 2012 at 10:54 am
ထမင်းဆိုင်ပိုင်ရှင် အန်တီမမ က စိုးမိုးကြည် နဲ့ တူပါလိမ့်မယ် ။ ကိုလင်းဆက် ပုံစံက ကိုအောင်ပိုင် နလန်ထ ခါစ ပုံစံမျိုးပေါ့ ။ ပန်ပန် က ဘယ်သူ နဲ့ တူမလဲ ဆိုတော့ — မိုးပြည့်ပြည့်မောင် နဲ့ တူပါလိမ့်မယ် ။ ကိုဘဲဥ ပုံစံ ကတော့ သားညီ ပုံမျိုးဖြစ်ပါလိမ့်မယ် ။ ဟဲဟဲ နောက်တာနော် ! ပီးတော့ ရွာသတ်ပုံ အဖွဲ့လည်း ဖားရသေးတယ် ။
ဥဥ
August 1, 2012 at 7:37 pm
ဟယ် …. ကန်ဂလေး ရဲရင့်လှိုုင် လူလေးဘာစားချင်လဲပြော ဟေး..ဟေး..ဟေးးးးးးး
marblecommet
August 1, 2012 at 12:22 pm
အူးခိုင်တို့ ကိုကြောင်ကြီးတို့
အချက်ကလည်း ဗျာ
လတ်လတ် ဆတ်ဆတ်
ဆတ်သား ကင်စားပါတယ်ဆိုမှ
ဒီအတိုင်းစားမယ်ဒဲ့ အထှာဗျာ
ဂျော်နီလမ်းလျှောက်ဖြစ်ဖြစ် စကော့စမ်းရေးဖြစ်ဖြစ်
အနည်းဆုံး တောထဲဆိုတော့ ငှက်ဖျားလေးပျောက်အောင်
ကလိုရိုဖင်နီကောပါတဲ့ အာမီရမ်းလေးနဲ့ဖြစ်ဖြစ်
မျောချရမင့်ဟာကို…..
(ကိုပိုက်နဲ့ လင်းမြင့်လှိုင်ကို သတိရထှာအေ….)
ခြောက်ဖက်တို့များ ဒီလိုအခန်းနော့ကို မခေါ်ဘူး
ရက်စက်ထှာ….
ပုံ
ရိုးတောင်သား
မုဆိုး ငကမ်း….
mamanoyar
August 1, 2012 at 1:15 pm
အစ်ကိုဂီ နဲ့ ပန်ပန်နော် အရမ်းကဲတာပဲ
တစ်လလေးခွဲရမှာတောင် ဖြစ်သည်းနေလိုက်ကြတာ
ဟွန်းးးးးးးးးးးးး သူများလို အဝေးကြီးမှာအကြားကြီးခွဲနေရရင်
ဘယ်လိုနေမလဲမသိဘူး အစ်မတွေနဲ့ခွဲရတာကိုပြောပါတယ်
ဟီးးးးးးးးးးးးး အထင်မလွဲလိုက်ပါနဲ့
MaMa
August 1, 2012 at 4:09 pm
ကြောင်ဝတုတ်ကို အမြည်းကျွေးထားတာ အလကား မဟုတ်ဘူး ဆိုင်ဖွင့်ရင် လာစားအောင်လို့……… 😉
တောနင်းတဲ့ မုဆိုးအဖွဲ့တွေ များနေပါလား။
ဒီပုံစံနဲ့ဆို ထမင်းဆိုင်တော့ ရောင်းကောင်းဦးမယ်။
ရောင်းအားကောင်းလို့ လူအင်အား မလုံလောက်ရင် ကြောင်ကြီးကို တူတော်မယ်လို့ ညာခေါ်ပြီး ထမင်းဆိုင်မှာ လုပ်အားပေးခိုင်းရမယ်။
နောက်ဆုံးတော့ ရတနာသိုက် ရှာပုံတော်မှာ ဈေးကွက်ကျကျ ထမင်းဆိုင် ဖွင့်ပေးတဲ့ မဟာရာဇာကို ကျေးဇူးဆပ်တဲ့အနေနဲ့ ထမင်းအလကား ကျွေးပါ့မယ်။
(ထမင်းပဲ ပြောတာနော်။) 😆
စိုးမိုးကြည်နဲ့ တူတယ်လို့ မြှောက်ပေးတဲ့ ရဲရင့်လှိုင်ကိုတော့ ထမင်းတင်မကဘူး ငါးခြောက်ဖုတ်ပါကျွေးပြီး အိမ်ပြန်လက်ဆောင်ပါ ထည့်ပေးလိုက်ဦးမှာ။ 😀
shwe kyi
August 1, 2012 at 4:34 pm
အန်တီမမကစိုးမြတ်သူဇာလိုလို မေသဉ္ဇာဦးလိုလိုနဲ့ အတော်ချောအတောခန့်ဆိုပဲ။
ရွှေကြည်ရောထမင်းအလကားစားလို့ရမလားဟင် 😀
pooch
August 1, 2012 at 10:52 pm
မမ မုန့်ဟင်းခါးဆိုင်ဖွင့်ရင် ဖိတ်ပါအုန်းနော်။ ထမင်းဆိုင်ကတော့ ကြုံရင် လာအားပေးပါ့မယ်။ 😀
အလင်းဆက်
August 1, 2012 at 6:29 pm
အားပါးပါး… တားတာက မုဆိုးဆိုတော့ ဒီ ဝတ္ထု ထဲမှာတော့…
လင်းဆက် ဆိုသော လူမှာ လူရွယ်သာသာခန့် ရှိပြီး မုဆိုး ဖြစ်သည့် အားလျော်စွာပင် ၎င်း၏ လက်မောင်းသားများမှာ တုတ်ခိုင်လှလေ၏။…တဲ ့ ။
တားတားအကြောင်း..သိကောင်းစရာ
http://myanmargazette.net/77861/arts-humanities/politician-musician-celebrity-interviews-profiles ကို ဖတ်ပြိးကြသူများ နဲ ့..
တားတား.ကျိုက်ထီးရိုးသွားတုန်းက…
http://myanmargazette.net/120862/arts-humanities
http://myanmargazette.net/120247/arts-humanities
တားတားရဲ ့ ပုံ တွေကို… မြင်ဖူးကြသူများ….
မတိချင်ယောင် ချောင်ပေးကြပါခညာ…..
အဟိ ။
မမ က… စားသောက်ဆိုင် ပိုင်ရှင်….တဲ ့။
တားတားကို..မမ က တိနေတာပေါ့နော် ။
ဒါနဲ ့မမ က ဘာလို ့ အပျိုးကြိးလား..ဆိုတဲ ့မေးခွန်းကို အမေးမခံတာလဲ…ဟင်
ဦးဦးအံစာတုံး…
တားတား…. က ဂျွန်စော..နဲ ့တူတာလေးပါ..ထည့်ပြောပါဦး.။
ဒါမှမဟုတ်… နိုင်းနိင်းနဲ ့…တူနေတာလေး.ပေါ့လေ..။
အဟိ .။
အလင်းဆက်
August 1, 2012 at 6:36 pm
တားတားကိုများ…ကိုအောင်ပိုင် နာလန်ထ ခါစ….တဲ ့ ။
ငိုမှာနော်…YE YINT HLAING ..ရေ
တားတား…က နိုင်းနိုင်းနဲ ့တူတာဂျ။ ဂျွန်စောနဲ ့တာတာဂျ ။ မယုံရင် ဒီ… http://myanmargazette.net/120247/arts-humanities
http://myanmargazette.net/120862/arts-humanities
လင့်ခ့်မှာကြည့် ။
အဟိ ။
မွန်မွန်က… တားတား အကြောင်း..တိတယ်..တွေ ့လား။
ဥဥ
August 1, 2012 at 7:28 pm
အဟေးဟေးးးးးး
တဂျီးခိုင်တို့ လူစုကို မျက်စိလည်အောင် လျှောက်ပတ်ခေါ်တွားမယ်တွ :咯咯“
ဥဥ
August 1, 2012 at 7:30 pm
ဟယ် ဘိုဖစ်တာယဲ ရယ်နေတဲ့ပုံထဲ့လိုက်တာလေ ဘိုဒွေဖစ်လို့ စီရုတ်စာဂျီးပေါ်လာဒုံးမတိ
Crystalline
August 1, 2012 at 8:12 pm
ဦးဦးဒိုက်စ်ရဲ့ရှာပုံတော်အပိုင်း ရ အထိတပြိုင်တည်းဖတ်ပြီးပါကြောင်း.. တစ်က ခုနှစ်အထိတခါတည်းကူပြီးဖတ်လိုက်တယ်နော့..တပိုင်းစီဖတ်ရတာစိတ်မရှည်လို့ ခုနှစ်ရောက်မှ တခါတည်းဖတ်လိုက်တယ်..
မောင်ပေ
August 1, 2012 at 9:33 pm
“ ဆတ်သားကင်
ထပ်ဝါးချင်
ချက်ထားနင် … ”
ဒီအပိုင်းမှာ ခဏအနားရတဲ့ အတွက် ဝါဆိုလပြည့်မတိုင်ခင်လေး ဘီဘီလေး ပြေးကစ်ပါပြီ
ည၁၂နာရီ ကျော်တဲ့အထိ မသောက်တော့ပါ
နက်ဖန်က စရွေ ့
အင်း
အင်း
တတ်နိုင်သမျှ စောင့်ထိန်းပါတော့မည်
အမျှ အမျှ အမျှ ယူတော်မူကြပါကုန်တော်
ယနေ ့မောင်ပေ ပြုသမျှ ကောင်းမှု ကုသိုလ် အဖို ့ဘာဂ ကို
ချစ်မိတ်ဆွေ မဟာရာဇာ အံဇာကြီးလဲ ရပါစေ
ဂေဇက်က ချစ်မိတ်ဆွေ အားလုံးလဲ ရကြပါစေ
မဟာရာဇာ အံစာတုံး
August 1, 2012 at 9:51 pm
သာဓုပါဗျာ .. သာဓု .. သာဓုပါ ..
ချစ်စွာသော ရောင်းရင်းကြီး ကိုပေရဲ့
အမျှပေးဝေမှုကို ရယူလိုက်ပါတယ်နော့ ..
ဒါနဲ့ ဒီဝါတွင်းမှာ ရောင်းရင်းကြီး ရှောင်ထားမှာပေါ့ …
ဒီလိုဆိုရင်တော့ သိပ်ကောင်းတယ် လို့ပဲ ပြောပါရစေဗျာ …
ချစ်တဲ့ …
အံစာတုံး
အရီးခင်လတ်
August 1, 2012 at 10:04 pm
ကျွန်မ လဲ သာဓုခေါ် သွားပါတယ် ကိုပေရေ။
တသက်လုံး စောင့်ထိန်း သွားနိုင်ပါစေ။ 😉
may flowers
August 1, 2012 at 9:57 pm
အပိုင်း -ရ ကိုဖတ်သွားပါတယ်။ ဆတ်ဆိုလို့ အစိုချက်စားတာတော့ မကြိုက်ဘူး..ဆတ်သား
ခြောက်စစ်စစ်လေးတော့ သိပ်ကြိုက်။
နောက်အပိုင်းတွေ မျှော်နေပါ့မယ်….။
အရီးခင်လတ်
August 1, 2012 at 10:03 pm
မမ က အပြင်မှာလဲ တကယ် ချစ်ဖို့ကောင်းပါတယ်။
မောင်ဂီ ရဲ့ ရီဝေသော မျက်ဝန်း များ က ပုံမှန် ဟုတ်မဟုတ် အသေအချာကြည့် ပန်ပန်လေးရေ့။
လင်းဆက် က အရင်က ပိန်ပိန်လေးပါ။ လက်မောင်းသားများ တုတ်ခိုင်အောင် ဘိုလို လုပ်လိုက်လဲ။
ဘဲဥ တို့ လက်ဖြောင့်ချက်ကတော့ အပြင်မှာ ရော လေးဂွ ပစ် ချန်ပီယန်လား။။
ကကြောင်ကြီး တို့ ကတော့ ဆိတ်သားကင် စားရမှာမို့ ပန်ပန် ကို မေ့သွားပြီ။ 😆
မိုးတိမ်
August 2, 2012 at 1:14 am
အင်း ဥဥ တို့တောင် အဟမ်းလိုက်လို့လားမသိ ဇာတ်လမ်းထဲပါသွားပါရော့လား။
စကားမစပ် ဒီအချိန်မှာ ဆိတ်သားတွေကို ဆတ်သားလို့ညာရောင်းတာခံနေရတော့
တောထဲထွက် ကိုယ်တိုင်အမဲပစ်ပြီး ဘီအီးလေးနဲ့ ဂလုချင်ပါကြောင်းးးးးးး:lol:
ဥဥ
August 2, 2012 at 9:52 am
တားတား လည်းလိုက်ခဲ့မယ် [:)]
_________________________
I added cool smileys to this message… if you don’t see them go to: http://s.exps.me