***…ဇတ်…***
ရယ်ပြီးရင် …
မောရတတ်တယ်တဲ ့ …
ဆရာအောင်သင်း ရဲ့ … စကား ခဏငှါး …
နှလုံးသား ထဲ ပစ်ထည့်ထားလိုက်တယ်
အသားကျ နေတဲ့ … အမှားက ခါးတယ်
အတ္တရဲ့ အမှောင်တိုက်မှာ ….
ချဉ်ပတ်စော်နံ နေတဲ့…အနာဂတ် ထဲ
ဘဝကို ဖြန် ့ကျက်လို ့ ….
ရင့်ကျက်မလာခဲ့တဲ့ … လက်အစုံ
သံသယ နဲ ့ … သံသရာ ကိုဖက်တွယ် ရင်း ….
မိုက်တွင်း နက်နက် လာတယ်လေ …..
တိမ်ကို ခိုစီးဖို ့ ….ကြိုးစား
ကိလေသာ မှာ … အလှတရား ကို ရှာမိ
ပစ္စုပ္ပန် နဲ ့ .. ကြိုးညှိမရ..
အသိတရား ခပ်ပါးပါးနဲ ့
ခနော်ခနဲ ့ … အတိ်တ် မှာ
ခလုတ်ထိ တိုင်း …
အမိတ ခဲ့ရပေါင်းလည်းမနည်းတော့ ….
ဖျော့တော့တော့ …. နွမ်းဖတ်ဖတ် အရေပြားပေါ်
ဒဏ်ချက်ကတော့ … အများသား
ရယ်စရာ … ငိုစရာ … လွမ်းစရာ … ကြမ်းတာတွေ
တစ်ခမ်းတစ်နားနဲ ့ … ဇတ်ရုံ
လိပ်ပြာမလုံ ့တစ်လုံ … ဖိတ်စာ မစုံ ့တစ်စုံ
ဇတ်ဆရာ အလိုကျ ….
ငိုပြီး ရယ်ရ …. ရယ်ပြီး ပြန်ငို
ဆိုတော့ …….
ပြောသလောက်နဲ ့ …
စကောလောက်မှ စောက်မနက်တော့
အမော ဖောက် လာတာဘဲ ..
အဖတ်တင်တယ် .. ဆရာ ။။။။
10 comments
YE YINT HLAING
August 2, 2012 at 1:19 pm
“အသားကျ နေတဲ့ … အမှားက ခါးတယ်” အဲဒါလေး ကြိုက်တယ်ဗျာ!
maung khinmin
August 2, 2012 at 1:28 pm
ကြိုက်ဗျာ……….
Moe Z
August 2, 2012 at 1:37 pm
ကဗျာတွေမရေးတတ်ပေမယ့် ပြောချင်တဲ့အကြောင်းအရာကို စကားလုံးကျစ်ကျစ်လစ်လစ်နဲ့ ရင်ထဲထိအောင်ရေးနိုင်တာမို့
ကဗျာဆရာများကိုလေးစားပါကြောင်း
ဆရာမောင်ခင်မင်ရေ ဘဝသရုပ်ဖော်ကဗျာလေးကို
အားပေးသွားပါတယ်ရှ့င်
“ဇာတ်”ကို ဒီလိုရေးရမယ်ထင်ပါတယ်နော် 🙂
ဆယာလေး ( အော်စကာ ) အထီး
August 2, 2012 at 2:05 pm
မောင်လေး အဖြေ မှန်ပါတယ်ကွဲ ့
maung khinmin
August 2, 2012 at 9:21 pm
Moe Z ရေ ….
ခုလိုထောက်ပြပေးတဲ့အတွက် … ကျေးဇူးပါဗျာ
ကျွန်တော် ဇတ်ပျက်တော့မလို ့ … ကံကောင်းလို ့သာပေါ့ဗျာ
tharli kar
August 2, 2012 at 3:23 pm
ဆရာမောင်ခင်မင်ရဲ့….
***…ဇတ်…*** တဲ့…
ထိလိုက်တဲ့ကဗျာ……….
မသိမ်းခင် တစ်ခန်းအလိုမှာ
ဘယ်လိုမျိုး..စခန်းသွားရမှာပါလိမ့်…..။
ကိုရီးယားဇတ်ကားတွေကတော့…..အဆုံးသတ်သိပ်မလှဘူးလို့ပြောတယ်။
ပင်လယ် ပျော်
August 2, 2012 at 5:58 pm
“ဆရာ မောင်ခင်မင်” တော့ တော်တော်မောနေပြီထင်ပါတယ်..he he
မောင်ပေ
August 2, 2012 at 7:53 pm
ဟောဟဲ…ဟောဟဲ…ဟောဟဲ
မောလိုက်တာ ဆြာခင်ရေ
မဟာရာဇာ အံစာတုံး
August 2, 2012 at 8:45 pm
ဒီဇာတ်က ဒီလိုပါပဲ ကိုယ့်ဆရာရေ ..
ဒီဇာတ်ကို အပြီးဖြတ်ဖို့ဆို
သံသရာကို တိုအောင်
ကိလေသာဆို ရှောင်
ယောင်တောင်တောင် မလုပ်ဘဲ
ကျားကုပ်ကျားခဲ ကြိုးစားမှတဲ့ဗျ ……..
maung khinmin
August 2, 2012 at 9:23 pm
ဟုတ်ကဲ့ … မဟာရာဇာ
ကိလေသာ ကို ရှောင်ဖို ့ ….
ယောင်လို ့တော့ … မရလောက်ဘူးထင်ရဲ့ဗျာ