ဘဏ် ၂ မှာ တစ်ထောင်တန် အစုတ်လေးတစ်ရွှက်လဲမိတယ်
ဘဏ် ၂ မှာ တစ်ထောင်တန် အစုတ်လေး အလယ်က လက်သည်း ခွံလောက် အပေါက်ဖြစ်နေတာကို ဝင်လဲ လိုက်မိတာ ၈၀ဝ ကျပ်တိတိ နဲ့ လဲ ပေးပါတယ် ခင်ဗျ နောက်ပြီး အရင် က ဘဏ်ချလံ e D form သွင်းဖို့ အတွက်ကို တစ်စောင် ၅ဝ ပေးဝယ်ရတာ အခု ဘာစာမှလဲမကပ် ဘာကြေငြာချက်မှလဲမထုတ် ပဲနဲ့ တစ်စောင်ကို ၁၀ဝ နဲ့ တင်ရောင်းပါတယ် နောက်ပြီး e D form အတွက် ငွေသွင်းလို့ ရှိရင် ၂၀ဝ ကျပ် ကို ချလံမှာ ရေးရပြီး တကယ်ပေးတော့ ၃၀ဝ ကျပ်ပေးရပါတယ်ခင်ဗျ
အဲဒါကြောင့် မို့ လို့ အစိုးရဘဏ်ကဆိုလို့ရှိရင် အောက်တန်းစာရေး ချလံ ရောင်းတဲ့စာရေးမကိုတောင်အထင်မသေးကြပါနဲ့ (သူ့ဝင်ငွေကိုဆိုလိုသည်) လို့ပြောပြချင်ပါတယ် အရပ်ကတို့ရေ။
13 comments
Liquid_Sn@ke
August 10, 2012 at 6:55 pm
၃နှစ်လောက်တော့ ကြာပါဘီ ..
ပါ့စ်ပိုတ် သက်တမ်းတိုးတာ ..
စာအုပ်သစ် လုပ်ခ တဲ့ ….
(သည်စာအုပ်က ၁ဝက်တောင်မကျိုးသေးတာ..)
ဆက်သုံးဖို့ စာရွက်လွတ်တွေ ရှိနေသေးတာ …
ကိုယ်မှမသိတာနော …
အေးလေ…အသစ်ရတာပေါ့ ဆိုပီး
၈၀၀ဝကျပ် ပေးလိုက်ရပါသည်…။
အဲ … ပြီးတော့ သည်စာအုပ်ပဲ … ပြန်ထွက်လာတာပါပဲ …
ထိပ်ဆုံးစာရွက်လွတ်တခု မှာ သည်ပါ့စ်ပိုတ့် ကို ဘယ်နှစ်-ဘယ်လ-ဘယ်ရက်ထိ
သုံးစွဲခွင့် သက်တမ်းတိုးလိုက်သည် (ဝါ)ခွင့်ပြုလိုက်သည် …တဲ့ …
ဆီးလ်နှိပ်ပီး ဆိုင်းထိုးထားတဲ့ စာအုပ်ဟောင်းလေးကို …
အောက်ကျနောက်ကျ စောင့်ရလား .. စောင့်ရရဲ့ …
ရစ်သလို ကျစ်သလို မျက်ခွက်တွေ ကြည့်ရလား ကြည့်ရရဲ့ …
အဲ့လို ကောင်ဒွေ ကို ရွံတိုင်း မုန်းတိုင်း မသတီတိုင်း စိတ်ပျက်တိုင်း
ဓမ္မစကြာတံဆိပ် ပါတဲ့ စာအုပ်အနီ ပြောင်းကိုင်ချင်စိတ် တဖွားဖွားပေါ့ …
ရွှေတိဂုံလည်း ဖူးချင်သေး.. အမေ့လည်း တွေ့ချင်သေး ငပိရည်လည်း မဖြတ်နိုင်သေးမို့ပေါ့ဗျာ ..
Foreign Resident
August 11, 2012 at 7:29 am
” ဓမ္မစကြာတံဆိပ် ပါတဲ့ စာအုပ်အနီ ”
အဲဒါ ဘယ်နိုင်ငံလဲဟင် ။
မောင်ပေ
August 10, 2012 at 7:06 pm
auto service charge များလားလို ့….။
MaMa
August 10, 2012 at 8:01 pm
ဘဏ်သွားလို့ ၅၀၀ဝ တန်တွေ အတုဆိုပြီး အဖြဲခံရပေါင်းလည်း မနည်းတော့ဘူး။
ဈေးကြီးတဲ့ သင်ခန်းစာကြောင့် အခုတော့ ၅၀၀ဝတန် အတု အစစ် ခွဲတတ်သွားပြီ။
shwe kyi
August 11, 2012 at 11:49 am
ချစ်မမရေမျှပါဦးခွဲခြားနည်းလေး မှတ်သားရအောင်
အတိသဌ္ဇနာဂရ
August 10, 2012 at 8:31 pm
ဂျာနယ်တွေပါ အဆစ်ရောင်းပါသေးတယ်ဗျာ။
ahnyartamar
August 11, 2012 at 10:59 am
မမရေ…ဘယ်လို အတု၊ အစစ်ခွဲရလဲဆိုတာ ဖြစ်နိုင်ရင် share ပါအုံးဗျာ။
MaMa
August 11, 2012 at 7:10 pm
ရွှေအိနဲ့ အညာတမာရေ-
ရွာထဲ မဝင်ဖြစ်တာနဲ့ မေးထားတာကို ခုမှတွေ့လို့ပါ။
၅၀၀ဝ တန် အတုနဲ့ အစစ်ကို လုံခြုံရေးကြိုးကို ကြည့်ပြီး ခွဲပါတယ်။
ငွေစက္ကူအစစ်မှာ လုံခြုံရေးကြိုးပါပြီးဖြစ်လို့ ငါးထောင်ကျပ် လို့ ရေးထားတဲ့စာက လုံခြုံရေးကြိုးရဲ့ အပေါ်ကဖြစ်ပါတယ်။
ငွေစက္ကူအတုမှာတော့ လုံခြုံရေးကြိုးက ငါးထောင်ကျပ် လို့ ရေးထားတဲ့စာရဲ့ အပေါ်က သွားပါတယ်။
ငွေစက္ကူရိုက်ပြီးမှ အပေါ်က လုံခြုံရေးကြိုးကို ရိုက်ထည့်ထားတာပါ။
အတိသဉ္ဖာ နာဂရချစ်သူ
August 12, 2012 at 10:58 am
အမ မမရေ ခုလို တိတိကျကျပြောပေးလို ့နယ်ဖက်တွေမှာ အသုံးပြု
ခွဲလို ့ရတာပေါ့ဗျာ။ကျေးကျေးပါနော့
shwe kyi
August 13, 2012 at 4:52 pm
ကျေးဇူးချစ်မမ ရွှေကြည်မေးတာပါချစ်မမရဲ့။
MaMa
August 11, 2012 at 7:11 pm
ရွှေအိ လို့ မှားရေးမိတယ် ရွှေကြည်ရေ။
ဆောတီးနော်။
ဦးဦးပါလေရာ
August 11, 2012 at 11:44 pm
ငါးထောင်တန်အတုအစစ်ခွဲနည်းတွေမှာ အခြားနည်းတွေကိုသိပေမယ့် မှန်ဘီလူး 10X လိုပါတယ်။
မမ ပြောတဲ့နည်းက လွယ်လွယ်ခွဲလို့ရလို့ မှတ်သွားပါတယ်ဗျာ…။
ကိုသင်း
August 14, 2012 at 2:28 am
ဘဏ်ကလည်းတစ်မျိ ုး၊စူပါမတ်ကက်တွေကလည်းတစ်ဖုံနဲ့
ကျ ုပ်တော့ ရင်တုန်ရတာပဲဗျာ။