မြန်မာအစိုးရ၊ အတိုက်အခံ၊ လူထု နှင့် ရှေးရိုးစွဲဝါဒ

maungmoenyoAugust 17, 20121min97355

အရပ်ထဲပြောကြတဲ့ “ရှေးရိုးစွဲ” ဆိုတဲ့ အယူသီးကြတဲ့ကိစ္စက နိုင်ငံတော်အဆင့်လူသိရှင်ကြားဖြစ်တဲ့အခြေအနေ အထိ ရောက်နေပါပြီ။ သမ္မတကြီးဦးသိန်းစိန်ရဲ့ပြည်ပခရီးစဉ်တခုမှာဝန်ခံပြောသွားတဲ့ နောက်ပိုင်း ပြန်သုံးသပ်သင့်တဲ့ အစိုးရပိုင်းကဏ္ဍကိုမြန်မာပြည်သူတွေနဲ့အတိုက်အခံက စတင်သတိပြုမိလာကြပါတယ်။ အမျိုးသားခေါင်းဆောင်ကြီးနေရာမှာရှိနေပြီဖြစ်တဲ့ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လည်း မိမိပါတီတွင်းမှာရှိကြတဲ့ ရှေးရိုးစွဲဝါဒီများကို ဖြောင့်ဖြဆွေးနွေးရတဲ့ အဖြစ်တွေလည်းမဖုံးနိုင်မဖိနိုင်ကြားရ မြင်ရနေပါတယ်။ အမှန်ပြောရရင် ရှေးရိုးစွဲမိရိုးဖလာအယူဝါဒဟာ နိုင်ငံအုပ်ချုပ်ရေးသာမက၊ စီးပွားရေး နဲ့အထူးသဖြင့် လူမှုရေး၊ ဘာသာရေးနဲ့ မိသားစုရေးကိစ္စတွေမှာ အမြစ်တွယ်နေတာနှစ်ပရိစ္ဆေဒကြာပါပကော။

ကိုယ်တိုင်ဘယ်လောက်အယူသီးမှုရှိလဲဆိုတဲ့ မိမိကိုယ်ကိုပြန်သုံးသပ်မိတဲ့ဘဝက ကွန်ပျူတာရှေ့ထိုင်ပြီး ကမ္ဘာလောကကြီးရဲ့ ဖြစ်ပျက်နေတဲ့လောက internet ကို ဝင်ကြည့်ဘို့အစပြုရာက “ငါအတော်ခေတ်နောက်ကျနေပါလား” ဆိုတဲ့ မသိမသာ ဝန်ခံစိတ်ဝင်လာရတာပါဘဲ။  ထိုနည်းတူဘဲ သတင်းစာမျက်နှာဖုံးတွေမှာ နိုင်ငံထိပ်ပိုင်းအစိုးရလူကြီးမင်းတွေ အစည်းဝေးခန်းစားပွဲပေါ်ကိုယ်ရှေ့မှာရှိနေတဲ့ ကွန်ပြူတာတွေထိုင်ပြီး ဘာတွေလုပ်ကြမှာပါလိမ့်ဆိုတဲ့ “သို့လော”မေးခွန်းတွေ ပြည်သူတွေက သိချင်ကြမှာအမှန်ပါဘဲ။ ထိုနည်းတူစွာဘဲ အစိုးရရုံးတွင်းလုပ်ငန်းတွေမှာစတင်ချင်းနင်းဝင်ရောက်လာပြီဖြစ်တဲ့ networking စနစ်ကို ခတောင်းကြိုက်လိုက်နေကြရတဲ့ (တနည်း) ယုံကြည်စိတ်ချနိုင်စရာဒွိဟစိတ်တွေနဲ့ နပန်းလုံးနေကြမယ့် ဌာနဆိုင်ရာလူကြီးမင်းများရဲ့ မျက်နှာကိုလည်းမြင်ယောင်မိပါတယ်။

Facebook, LinkedIn တွေပလူပျံလာချိန်မှာ ဒီလိုwebsite တွေမှာအမည်စာရင်းဖွင့်မိကြပြီး နောင်အခါဝန်ကြီး၊ ဝန်ကလေးမင်းများကလည်း မိမိတို့လက်အောက်ဝန်ထမ်းတွေဆီသိုသိုသိပ်သိပ်မေးမြန်းကြရင်း၊ ကိုယ်ဖွင့်ခဲ့တဲ့ account တွေကို မသိမသာပြန်ပိတ်ကြရတဲ့အဖြစ်တွေကြားမိသလို၊ email တောင်မှအလျင်မမှီအောင်နေ့စဉ် ဖတ်ရှုခြင်းမပြုနိုင်ကြတဲ့ ထိုထိုသောဌာနဆိုင်ရာများရဲ့ သနားစရာဘဝကိုကြားရလို့ စိတ်မကောင်းဖြစ်မိပါတယ်။ ဒါထက်ပိုဆိုးတာက၊ ကိုယ့်လက်ချောင်းကလေးတွေအနည်းငယ် လှုပ်ရှားပေးလိုက်ရုံနဲ့တဖက်က မိမိဆက်သွယ်လိုသူထံသတင်းရောက်သွားပြီး၊ အပြန်အလှန်email/chat လုပ်ရုံနဲ့ အချိန်ကုန်သက်သာ၊ ခရီးရောက်တဲ့ “မြန်၊ကောင်း၊သက်သာ” စနစ်ကိုသိလျက်နဲ့မလုပ်ရဲတဲ့၊ လုပ်ဘို့ဝန်လေးကြသူတွေလည်း ဒုနဲ့ဒေးဘဲ ရှိပါသေးတယ်။ ထစ်ကနဲ့ရှိ “ငါလူကြီးရုံးခန်းမှာသွားတွေ့ရအုံးမယ်” ဆိုတဲ့အချိန်ကုန်လူပင်ပမ်းတဲ့ (တနည်း) အချိန်ကိုတန်ဘိုးရှိစွာမသုံးတတ်ကြသေးတဲ့ အလေ့အထကရှိဆဲပါဘဲ။ phone/fax/email/copy စသည်တို့ကိုလည်းကမ္ဘာတဝှမ်းမှာတရားဝင်တွင်ကျယ်စွာသုံးနေကြတာ နှစ်ပရိစ္ဆေဒကြာပေမဲ့လဲ၊ လူကိုယ်တိုင်လာမှ ဆိုလို့အလုပ်ပျက်အကိုင်ပျက် နေပြည်တော်ကိုသွားကြရတဲ့ခေတ်၊ တိမ်ကောသင့်နေပါပကော။

မောင်မိုးညိုဆိုလိုချင်တာက ဒီလိုအသေးအမွှား အချိန်ကုန်သက်သာမဲ့ information technology ကိုတွင်တွင်ကျယ်ကျယ်အားပေးသင့်၊ အသိအမှတ်ပြုသင့်တဲ့ကိစ္စတွေမှာတောင်၊ “လူကိုယ်တိုင်လုပ်တာဘဲကောင်းပါတယ်လေ” ဆိုတဲ့ ပြီးစလွယ်အတွေးအယူအဆ ကကြီးစိုးနေသမျှ ကျန်နိုင်ငံလုံးဆိုင်ရာကိစ္စအဝဝမှာ ခေတ်နောက်ကျန်နေကြအုံးမှာပါဘဲ။

ဥပမာလေးတွေကြည့်ကြရအောင်-

(၁) နေ့စဉ် ဝန်ကြီးဝန်ကလေးမင်းများ နောက်လိုက်ဗိုလ်ပါ မြောက်မြားစွာတို့နှင့် မြန်ပြည်တလွှား ခြေဆန့်တိုင်းခန်းလှည့်လည်ကြ၍ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ “လမ်းညွှန်မိန့်ကြား”နေကြသေးခြင်း။

(၂) ဘာသားရေး၊ အားကစားရေး၊ လူမှုရေး၊ စီးပွားရေးရာတို့တွင် ကိုယ်တိုင်ဝင်ရောက် အကျနေရာယူပြီးမောင်ပိုင်သိမ်း၊ လုပ်ကိုင်နေကြခြင်း၊

(၃) လွှတ်တော်တွင်း ငါကပြည်ထောင်စုအဆင့်၊ သူကပြည်ထောင်အဆင့်မဟုတ် ဟူ၍တောင်စဉ်ရေမရ ဆွေးနွေးခြင်းဖြင့် အချိန်ကုန်နေကြခြင်း။ လူထုကတော့ မျက်စိသူငယ်ဖြစ်လျက်။

(၄) window decoration ခေါ် သတင်းစာတွင်ဖေါ်ပြကောင်း၍၊ လူမြင်ကောင်းလောက်အောင်သာ ဓါတ်ပုံများနှင့်ဝေဝေဆာဆာဖေါ်ပြပြီးသကာလ၊ ယင်းဆင်ယင်ထားသောပစ္စည်းပစ္စယများကို ပြန်လည်သိမ်းယူသွားကြခြင်း၊ စကားလုံးတန်ဆာဆင်၍ ဖတ်ကောင်းအောင်ဖေါ်ပြပြီး၊ ဟန်သာရှိ၍ အဆံမရှိသော သတင်းများ ဝေဆာနေသေးခြင်း၊

(၅) တိုင်းရင်းသားများဘဝအဆင့်မြှင့်တင်ပေးရေး၊ ဆိုကာ ကိုယ်ဒေသထွက်ကုန်ပစ္စည်းကိုတောင်၊ လက်နှင့်တိုခွင့်မရသေးကြသော၊ ခံစားခွင့်မရကြသေးသော၊ “ကိုယ်ကြမ္မာကိုဖန်တီးခွင့်” ဟူသော အမည်ခံ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးဝါဒအရိုးစွဲနေသေးခြင်း၊

(၆) တိုင်းရင်းသားလူနည်းစု (လက်ရှိ ရိုဟင်ဂျာ များအရေးကိစ္စအပါအဝင်) များအပေါ်တွင် မိမိတို့စိတ်ဓါတ်ထဲကိန်းအောင်းနေသော လူမျိုးကြီးဝါဒ (ethnic supremacy) စွဲဖြင့် တပ်မတော်ကိုသုံးကာ ခတ်တည်တည်နှင့် ဝင်ရောက်ဖိနှိပ်ခြင်း၊ တိုက်ခိုက်ခြင်း။

(၇) သားသမီးနှင့်မိဘကြား တံတိုင်းခြားနေသော generation gap ကိုသိလျက်နှင့် မျက်စေ့မှိတ်ကာ မိမိလိုအင်ကိုဇွတ်နှစ်လုပ်တတ်ကြသော မိမိများကြောင့်၊ များစွာသော ပြည်တွင်းပြည်ပရောက်မြန်မာ ကလေးတွေ ဒုက္ခရောက်ကြရသလို၊ မိဘများမှာလည်းဒူးနဲ့မျက်ရေသုတ်ကြရသောအဖြစ်မျိုးများ ရှိနေသေးခြင်း၊

(၈) ဒီမိုကရေစီဆိုသည်ကား သတင်းစာထဲကြေငြာပြီးသည်နှင့်နေ့ချင်းညချင်းရပြီဟုသိမှတ်မှားကြသော (၁၉)ရာစုအတွေးအခေါ်များရှိနေကြသေးခြင်း၊

(၉) ယခုအချိန်ကား နိုင်ငံတည်ဆောက်ရေးကာလဖြစ်သဖြင့်၊ လွှတ်တော်အပါအဝင် အဖွဲ့အစည်းများနှင့် နိုင်ငံရေးအဖွဲ့အစည်းများတွင် ခေတ်ပညာတတ်များနေရာယူလာကြမည်ကို မရှစိမ့်နိုင်ကြကုန်သော နိုင်ငံရေး ဘိုးအေဘွားအေကြီးများရှိနေသေးခြင်း၊ ငါ လုပ်မှဖြစ်မယ်၊ ငါသာတု်ိင်းပြည်ချစ်တာဟူသော၊ အတ္တစွဲ ကြောင့် နိုင်ငံ့အရေးအရာများခရီးပေါက်သင့်သလောက်မပေါက်နိုင်ခြင်း၊

စသည်၊စသည်တို့ဖြင့်…။

များစွာသောအခြား အခြားအဖြစ်အပျက်တွေလည်းစာဖတ်သူတို့ကြုံဘူးကြပါလိမ့်မယ် ထင်ပါတယ်။ ဆွေးနွေးပေးကြပါခင်ဗျား။

55 comments

  • P chogyi

    August 17, 2012 at 9:08 am

    ကွန်ပြူတာနဲ့ အင်တာနက်ထဲဝင်မကြည့်ခင်ကတည်းက
    ခေတ်နောက်ကျတာသိနိုင်ပါတယ်။
    ကွန်ပြူတာမတတ်ရင် အင်တာနက်မသုံးရင် ခေတ်နောက်ကျတာမသိနိုင်ဘူးလား။

  • ကြောင်လေး

    August 17, 2012 at 10:20 am

    phone/fax/email/copy စသည်တို့ကိုလည်းကမ္ဘာတဝှမ်းမှာတရားဝင်တွင်ကျယ်စွာ သုံးနေကြတာ နှစ်ပရိစ္ဆေဒကြာပေမဲ့လဲ၊ လူကိုယ်တိုင်လာမှ ဆိုလို့ အလုပ်ပျက်အကိုင်ပျက် နေပြည်တော်ကိုသွားကြရတဲ့ခေတ်၊ တိမ်ကောသင့်နေပါပကော။………

    ဆရာခင်ဗျာ…..pfec ဆိုတဲ့ဟာကြီးလေးမျိုးထဲကနေ ဂါတာဘာညာသာရကာ ထည့်ပြီးပို့လွှတ်လို့ ရပါသလားခင်ဗျာ။

    • အရီးခင်လတ်

      August 17, 2012 at 8:46 pm

      Online Gift Card ရှိပါသကော မောင်ကြောင်လေး ရယ်။
      ရှူးတိုးတိုး 😉

  • ko khin kha

    August 17, 2012 at 1:37 pm

    အင်း ပြောမပြော ချင်တော့ပါဘူးဗျာ၊
    ပြောလည်းထူးမှာမှ မဟုတ်တာလေ။

  • YE YINT HLAING

    August 17, 2012 at 3:16 pm

    နံပါတ် ( ၆ )မှာ ကချင် ၊ ကရမ်း ၊ကရင်၊ ရှမ်း စတဲ့ တိုင်းရင်းသားတွေနဲ့ပတ်သက်ပြီး ပြောတာလက်ခံပါတယ် ။ ( ) ထဲက ဟာကိုတော့ ဝင်ရောက်ဖိနှိပ်တာ တိုက်ခိုက်တာ မရှိပါဘူးဗျ ! ထိန်းသိမ်း ရုံ လောက်ပဲရှိတယ် ။

    • Yunn Nady

      August 18, 2012 at 11:01 am

      (၆) တိုင်းရင်းသားလူနည်းစု (လက်ရှိ ရိုဟင်ဂျာ များအရေးကိစ္စအပါအဝင်) များအပေါ်တွင် မိမိတို့စိတ်ဓါတ်ထဲကိန်းအောင်းနေသော လူမျိုးကြီးဝါဒ (ethnic supremacy) စွဲဖြင့် တပ်မတော်ကိုသုံးကာ ခတ်တည်တည်နှင့် ဝင်ရောက်ဖိနှိပ်ခြင်း၊ တိုက်ခိုက်ခြင်း။ မှာ ကျွန်တော် လက်ခံတယ် ဆိုတဲ့ ထဲမှာ” မိမိတို့စိတ်ဓါတ်ထဲကိန်းအောင်းနေသော လူမျိုးကြီးဝါဒ (ethnic supremacy) စွဲဖြင့် တပ်မတော်ကိုသုံး ” ဆို တာ မပါဘူးဗျ ! ကျွန်တော် လက်ခံတယ်ဆိုတာ ဖြစ်ခဲ့ပြီးတဲ့ ဖြစ်နေဆဲဖြစ်တဲ့ ပြည်တွင်းစစ်ကို ဆိုလိုတာ ။
      တိုင်းရင်းသား အရေး နဲ့ ပတ်သက်လာရင် တိုက်ပွဲနဲ့ ဖြေရှင်းတာမျိုး ကို ကျွန်တော် အပါအဝင် ဘယ်သူမှ ကြိုက်မယ်မထင်ပါဘူး ။ ဒါက သဘောထား မတိုက်ဆိုင်လို့ တအိမ်ထဲ နေတဲ့ ညီကိုမောင်နှမ အချင်းချင်း အသေသတ်တာမျိုးလေ ။ ဒါပေမဲ့ တခြားတစိမ်းတယောက်က ကိုယ့်ညီကိုမောင်နှမ ကို စော်ကားပြီး ကိုယ့်အိမ်ကို မီးလာရှို့ရင်တော့ ဥပဒေ နဲ့ လူ့အခွင့်အရေးကို နောက်မှစဉ်းစားမယ် ။ ကျွန်တော် ဆိုလိုချင်တာက အဲဒါ—.

  • kai

    August 17, 2012 at 3:39 pm

    အမျိုးသားရေးအစွန်းရောက်တာတွေက.. ဘယ်စွန်းယိမ်းတာဖြစ်ပါတယ်..၊ကျုပ်က.. လွတ်ပြန့်စွဲလို့ သုံးပါတယ်..။
    ရှေးရိုးစွဲ( ကျုပ်ကတော့.. ညာဖက်စွန်းကို ရှေးစွန်းစွဲလို့သုံးပါတယ်) က..ညာဖက်စွန်းပါ..
    ဘယ်အစွန်းရောက်ရောက်မကောင်းကြောင်း…။

    မြန်မာပြည်နိုင်ငံရေးဟာ..
    လူထုအများစုက.. တိုင်းရင်းသားများနဲ့စုပေါင်းနေတဲ့အထဲ.. ရှင်သန်နေထိုင်ရခြင်းအယူအဆကြောင့်.. အမျိုးသားရေး..လူမျီုးရေးအစွန်းရောက်သူအများစု ရှိပါတယ်..
    ဒါပေမဲ့.. ဘာသာရေးနဲ့.. ယဉ်ကျေးမှုကလွှမ်းမိုးမှုကြောင့်… ရှေးစွန်းစွဲတွေများပါတယ်.
    လူအများစုက…. ဘယ်ညာအစွန်းနင်းနေတာမို့.. ဒီအတိုင်းသွားရင်..
    .. ဗရမ်းဗတာဖြစ်လာဦးမှာဖြစ်ကြောင်း..။

  • မိုးတိမ်

    August 17, 2012 at 5:41 pm

    နံပါတ်(၆)အချက်ကလွဲပြီးသဘောတူပါတယ်။နံပါတ်(၆)အချက်ကို တိုင်းရင်းသားမဟုတ်ကြောင်း
    တရားဝင်ကြေငြာထားပြီးသားပါ။ဒီ့ထက်တောင်ပြတ်ပြတ်သားသားလုပ်ဆောင်သင့်နေတာပါ။
    ဒီတော့ သူကြီးအာဘော်အရဆို ကျုပ်က ကွန်မြူနစ်၊နာဇီဝါဒီဖြစ်နေတယ် ဆိုလိုသပေါ့လေ။
    သို့သော်… လူနည်းစု ရခိုင်တွေကို လူများစုဖြစ်တဲ့ တိုင်းသပါးသားတွေက နှိပ်စက်တာကို
    မြန်မာလူများစုကြီးက ဒီအတိုင်းထိုင်ကြည့်ပေးရမလား။လက်ဝဲစွန်းရောက်ဖြစ်မှာစိုးရိမ်လို့ဆိုပြီး
    ဒီအတိုင်းထိုင်ကြည့်နေရင် နောက်ထပ်မြန်မာနိုင်ငံ၊မြန်မာ့တိုင်းရင်းသားစစ်စစ် ဆိုတာ အနှစ်(၁၅၀)ထက်မပိုတော့တာသေချာနေလို့ပေါ့ဗျာ။ရှိရင်လဲ လူနည်းစုုတွေပဲကျန်နေပါလိမ့်မယ်။
    ကျုပ်တို့ကတော့ သေပြီပေါ့လေ၊နောက်ပိုင်း အမေရိကတိုက်က ဌာနေ အင်ဒီးယန်းတွေထက်
    ဆိုးသွားမှာမြင်ယောင်လို့ပေါ့ဗျာ။အဲတော့ ကျုပ်ကတော့ဖြင့် လက်ဝဲယိမ်းတဲ့သူတစ်ယောက်အဖြစ်သာ
    ဆက်လက်ရှင်သန်သွားပါမယ်။

  • San Hla Gyi

    August 17, 2012 at 6:12 pm

    အင်း ဆွေးနွေးတာတွေ ဘာတွေတော့ သိပ်မလုပ်ချင်ပေမယ့် ဒီပို့စ်ကလေးက နံပါတ်တစ်ဆိုတော့ အယ်ဒီတာ့အကြိုက် sticky post ကလေးလဲ ဖြစ်မယ်ထင်လို့ ဝင်ပြီးပြောကြည့်လိုက်ပါတယ်။ ဆောင်းပါးရှင်ပြောတဲ့ internet တွေဘာတွေကို အစိုးရရုံးတွေမှာ မသုံးနိုင်တာက ရှေးရိုးစွဲဝါဒကြောင့် ဆိုတာထက် မသုံးတတ်တာပါ။ ဘာလို့ မသုံးတတ်သလဲဆိုတော့ ကျနော်တို့ နိုင်ငံက နှစ်ပေါင်းများစွာ အာဏာရှင်စနစ်နဲ့ နေလာတော့ လူကြီးကိုယ်တိုင်ကလည်းမတော် ဝန်ထမ်းတွေကလည်း ကြိုးစားစရာမလိုလို့ competitive သိပ်မဖြစ်ပါဘူး။ အဲဒါကြောင့် ဖြစ်တာပါ။ ရှေးရိုးစွဲဝါဒကြောင့် ဆိုရင် ဟေ့ ဒီကွန်ပျူတာတွေ မသုံးနဲ့တော့လို့ အမိန့်ထုတ်ရင်တော့ ဟုတ်ပါတယ်။ အခုဟာက ဆောင်းပါးရှင်ရဲ့ စာအရကို ဝန်ကြီး ဝန်ကလေးတွေ တိုးတိုးတိတ်တိတ် မေးမြန်းနေရတယ်ဆိုတော့ သုံးချင်ရက်နဲ့ မသုံးနိုင်တာပါ။ ပညာအခက်အခဲပါ။ ရှေးရိုးစွဲ ဝါဒမဟုတ်ဘူးလို့ ထင်ပါတယ်။
    ဆောင်းပါးရှင်ပြောတဲ့ နံပါတ် ၁ ကနေ ၅ အထိအချက်တွေကလည်း ဦးဆောင်တဲ့ လူတွေက အရည်အချင်းမရှိတာရယ် မလုပ်တတ်တာရယ် စနစ်ရဲ့ မှားယွင်းမှုပါပဲ။ ရှေးရိုးစွဲဝါဒ ဆိုပြီး ဒီကိစ္စတွေကို လုပ်နေတာ မဟုတ်ဘူးလို့ ထင်ပါတယ်။ ဆွေးနွေးလိုက ဆွေးနွေးနိုင်ပါတယ်။
    နံပါတ် ၆ အချက်ကတော့ နည်းနည်း sensitive ဖြစ်ပါတယ်။ အဲဒီပြဿနာဟာ ကျနော့်အမြင်အရ တော်တော် အရေးကြီးတဲ့ ကိစ္စဖြစ်ပါတယ်။ တပ်မတော်ကို သုံးပြီး စစ်ခင်းတာကို မထောက်ခံပါဘူး။ အထူးသဖြင့် ကိုယ့်နိုင်ငံသားချင်းပေါ့။ ဒါပေမယ့် ကျနော့်ရဲ့ တဦးတည်းအမြင်အရ တော့ဒီမိုကရေစီ ရသွားရင်လည်း တပ်ကတော့ အချိန်ကာလတခု လောက်အထိ ရှိနေရဦးမယ် ထင်ပါတယ်။ ဘာလို့လဲဆိုတော့ ပွင့်ပွင့်လင်းလင်း ပြောရရင် တချို့ တိုင်းရင်းသားထဲမှာ ခွဲထွက်ဖို့ စိတ်ကူးရှိနေတဲ့ လူတွေရှိပါတယ်။ မြန်မာနိုင်ငံမြေပုံ အခုလို ဆက်ပြီးတည်နေတာ အမှန်ဆိုရင်တော့ တပ်မတော်ကို ကြောက်တာလည်း ပါတော့ ပါပါတယ်။ ကောင်းတော့ မကောင်းဘူးပေါ့။ ဒါပေမယ့် အကြောက်တရားနဲ့ ထိန်းချုပ်တာလည်း သိပ်တော့ မမှန်ပါဘူး။ ခွဲထွက်မယ့် လူတွေရှိတယ် ဆိုလို့ ကြားရတာ တမျိုးတော့ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဒါအမှန်ပါ။ ကျနော်ကတော့ ကျနော့်နိုင်ငံကို အခုလိုပုံစံပဲ ရှိစေချင်ပါတယ်။ ဘယ်အစိတ်အပိုင်းမှ အပဲ့မခံနိုင်ပါဘူး။ အဲဒါက ရှေးရိုးစွဲဝါဒဆိုရင်တော့ ဟုတ်ပါတယ်ဆိုပြီး ဝမ်းမြောက်ဝမ်းသာ လက်ခံပါမယ့်။
    နံပါတ် ရ အချက်ကတော့ ဘာကိုဆိုလိုမှန်း ကျနော်မရှင်းပါဘူး။ အဲဒါကြောင့် မဆွေးနွေးနိုင်ပါဘူး။ ဘာကို ဆိုလိုတာလဲဆိုတာ သေသေချာချာ ပြောပြပါ။
    နံပါတ် ၈ အချက်ကလဲ ရှေးရိုးစွဲဝါဒထက် အသိပညာ ဗဟုသုတနည်းပါးတာပါ။ ရှေးရိုးစွဲဝါဒ ဆိုရင်တော့ ဒီလိုပဲ ယုံကြည်ရမယ်လို့ ဟိုတုန်းကတည်းက သွန်သင်ထားလို့ပါ။ အခုဟာက အသိပညာနည်းပါးတာပါ။ မြန်မာနိုင်ငံမှာ ဖြစ်တာက လူတော်တော်များများက စာဖတ်အားနည်းပါတယ်။ လူဦးရေ ခန့်မှန်း သန်း ၆ဝ ကျော်လောက် ရှိမယ့်နိုင်ငံမှာ တကယ့်စာကောင်းပေမွန် စာအုပ်မျိုးဆိုရင် အုပ်ရေ ထောင်ဂဏန်းလောက်ကို မနည်းကြိုးစားပြီး ရောင်းနေရတာက စာဖတ်အားနည်းတာကို ပြနေပါတယ်။
    နံပါတ် ၉ အချက်ကလဲ လူရဲ့အတ္တပါပဲ။ အနည်းနဲ့ အများလူတိုင်းမှာ ရှိတတ်ပါတယ်။ ဖျောက်ပစ်ဖို့တော့ မလွယ်ပါဘူး။ နည်းပါးအောင် လုပ်လို့တော့ ရတယ်လို့ ထင်ပါတယ်။ ဒါကလည်း လူတန်းစားကြီးတရပ် အနေနဲ့တော့ ဖြစ်နေတာ မဟုတ်ပါဘူး။ ဒါကတော့ လူတွေ ရှိနေသေးရင် ဒါကလည်း ရှိနေအုံးမယ်လို့ ထင်ပါတယ်။
    ဆွေးနွေးပါဆိုလို့ မဆွေးနွေးသေးဘူးလို့ ဆုံးဖြတ်ထားတဲ့ ကြားကပဲ ဝင်ဆွေးနွေးလိုက်ပါတယ်။ ဒီလူက ရှေးရိုးစွဲဝါဒသမားထင်တယ် ဆိုရင်တော့ yes ပါ။ ဒါပေမယ့် ကျနော်ကိုယ်တိုင် ရှေးရိုးစွဲ ဝါဒဆိုတာ ဘာလဲလို့ သိချင်တာလည်း ပါပါတယ်။ ကျနော့် ယုံကြည်ချက်အရတော့ သူများကို ဘက်စောင်းတယ်လို့ ပြောနေတဲ့ လူတွေကိုယ်တိုင်လည်း သမာသမတ်ကျတယ်လို့ မယုံပါဘူး။ လူမှန်ရင် ဘက်တော့စောင်းပါတယ်။ သိပ်မလွန်အောင်တော့ ထိန်းရမှာပေါ့။ ဆွေးနွေးလိုက ဆွေးနွေးနိုင်ပါတယ်။

    • မိုးတိမ်

      August 17, 2012 at 7:48 pm

      ကျေးဇူးအရမ်းကိုတင်ပါတယ် ကိုစံလှကြီးရေ…
      ခင်ဗျားလို ချက်ကျလက်ကျမပြောနှိုင်တာလဲ ရှက်မိပါရဲ ့
      ကျွန်တော့(ပို့စ်)သာဆို best comment ချက်ချင်းပေးမိမှာပါပဲ။
      ဒီ(ပို့စ်)ကိုဖတ်ပြီး ဘဝင်တော့တော်တော်မကျတာအမှန်ပဲ။ကိုစံလှကြီးရှင်းပြမှ ဘာကိုဘဝင်မကျ
      တာလဲ သေသေချာချာသိလိုက်ရတာပါဗျာ။ကျွန်တော်ကလဲ ကျွန်တော်တို့နိုင်ငံကို ဒီနယ်နိမိတ်
      အတိုင်း ကမ္ဘာတည်သရွှေ ့ရှိသွားစေချင်တဲ့ ဆန္ဒတစ်ခုသာရှိတာပါ။တစ်ကယ်က ကျွန်တော်က
      လက်ဝဲ၊မဟုတ်သလို လက်ယာလဲ မဟုတ်ပါဘူးဗျာ။ အမျိုး၊ဘာသာ၊သာသနာကို
      ထိခိုက်စေနှိုင်ရင် ဝင်ပြောရမှာ နိုင်ငံသားတစ်ဦးရဲ ့တာဝန် ဝတ္တရားရှိတယ်လို့ ယူဆလို့သာ
      ဝင်ပြီးအာချောင်နေတာပါ။

      • မိုက်ကယ်ဂျော်နီအောင်ပု

        August 17, 2012 at 9:26 pm

        ( ကျနော်ကတော့ ကျနော့်နိုင်ငံကို အခုလိုပုံစံပဲ ရှိစေချင်ပါတယ်။ )

        ဘုရင် ။ ။ မင်းဂျီးများ
        မင်းဂျီးများ။ ။ ဖရား
        ဘုရင် ။ ။ ငါ၏တိုင်းနိုင်ငံအတွင်း ဘာညာကွိကွ ဘာညာသာရကာ အခြေနေတင်လျှောက်စေ
        မင်းဂျီးများ။ ။ ဘုန်းတော်ကြောင့် အေးဆေးဘာဘုရား
        ( ပြည်သူပြည်သားလိင်တူချစ်သူ အများနဲ့ဆိုင်တဲ့ နိုင်ငံကို ကိုယ်တစ်ယောက်ထဲပိုင်တဲ့
        လေသံနဲ့ ပြောတာတွေကိုလည်းပျင်ရဘာမယ် 😀 😀 😀 )

        • မိုးတိမ်

          August 18, 2012 at 9:26 am

          ( ကျနော်ကတော့ ကျနော့်နိုင်ငံကို အခုလိုပုံစံပဲ ရှိစေချင်ပါတယ်။ )

          ဆိုလိုတာက နိုင်ငံတော် နယ်နိမိတ်ကိုသာဆိုလိုပါသည်။
          ဒီမိုကရေစီစနစ်ပြောင်းတာကိုတော့ အပြည့်အဝထောက်ခံပါသည်။

        • San Hla Gyi

          August 18, 2012 at 2:17 pm

          ကိုမိုက်ကယ်ဂျော်နီအောင်ဘုရေ
          ကိုမိုးတိမ် ပြောသလိုပဲ ကျနော်ကလည်း အတိအကျ ဆိုလိုတာပါ။ နိုင်ငံရဲ့ နယ်နမိတ်ကို ဆိုလိုတာပါ။ ပဒေသရာဇ်စနစ်ကို မဟုတ်ပါဘူး။ ဒါပေမယ့် မမေ့နဲ့ဗျ။ သမိုင်းမှာ ပဒေသရာဇ်စနစ် ဆိုတာ တကယ်ပဲ ရှိခဲ့ဖူးတယ်။ ခင်ဗျား ပြောချင်တဲ့ အများဆိုင်နာမ်ကို တယောက်ပဲပိုင်တဲ့ လေသံဆိုတာကတော့ ဘာလဲ ကျနော်မသိပါဘူး။ ဒါပေမယ့် အများပိုင်ဆိုပေမယ့် တဦးချင်းစီကလဲ သူပိုင်အဖြစ် သဘောထားနိုင်ပါတယ်။ ဥပမာ ခင်ဗျားအိမ် ဆိုပါတော့။ အိမ်သူ အိမ်သားကတော့ ခင်ဗျား မိသားစုဝင်တွေ အပါအဝင် အများကြီး ပေါ့။ ခင်ဗျား အဖေ အမေ ညီအကို မောင်နှမပေါ့ဗျာ။ ဒါပေမယ့် လမ်းမှာ သူငယ်ချင်းတယောက်က ခင်ဗျားကို ဒါဘယ်သူ့အိမ်လဲလို့ မေးရင် ခင်ဗျားက ဒါငါ့အိမ်ပေါ့ကွလို့ ပြောရင်လည်း မမှားသလိုပေါ့ဗျာ။ တကယ်လည်း ခင်ဗျားအိမ်ပဲကိုး။ ကိုအောင်ဘုရေ အခုဆွေးနွေးတာနဲ့ ပက်သက်ပြီး မရှင်းလင်းရင် ထပ်ဆွေးနွေးနိုင်ပါတယ်။ မပူပါနဲ့။ ခင်ဗျားတို့က ဒီမန်းဂေဇက်မှာ အသိုင်းအဝိုင်း တောင့်ပါတယ်။ ဘာပြောပြော ဝိုင်းထောက်ခံမှာပါ။

      • Foreign Resident

        August 18, 2012 at 6:36 am

        ” ကျနော်ကတော့ ကျနော့်နိုင်ငံကို အခုလိုပုံစံပဲ ရှိစေချင်ပါတယ် ”

        နေထိုင်တဲ့ လူတွေ အဆင်ပြေ ကျေနပ်စေဖို့က ပို အရေးကြီးပါတယ် ။
        နယ်နမိတ်မျဉ်းတွေ ဆိုတာ လူထု အလိုကျ မကြာခဏ ပြောင်းကြရတဲ့ မျဉ်းတွေပါ ။
        အသေ ဖြစ်စရာ မလိုပါဘူး ။ မျဉ်းကြောင်းတွေထက် လူ က ပိုအရေးကြီးပါတယ် ။

    • kai

      August 18, 2012 at 3:54 am

      ဒါပေမယ့် ကျနော့်ရဲ့ တဦးတည်းအမြင်အရ တော့ဒီမိုကရေစီ ရသွားရင်လည်း တပ်ကတော့ အချိန်ကာလတခု လောက်အထိ ရှိနေရဦးမယ် ထင်ပါတယ်။ ဘာလို့လဲဆိုတော့ ပွင့်ပွင့်လင်းလင်း ပြောရရင် တချို့ တိုင်းရင်းသားထဲမှာ ခွဲထွက်ဖို့ စိတ်ကူးရှိနေတဲ့ လူတွေရှိပါတယ်။ မြန်မာနိုင်ငံမြေပုံ အခုလို ဆက်ပြီးတည်နေတာ အမှန်ဆိုရင်တော့ တပ်မတော်ကို ကြောက်တာလည်း ပါတော့ ပါပါတယ်။ ကောင်းတော့ မကောင်းဘူးပေါ့။ ဒါပေမယ့် အကြောက်တရားနဲ့ ထိန်းချုပ်တာလည်း သိပ်တော့ မမှန်ပါဘူး။

      အဲဒါကိုထောက်ခံပါတယ်..
      ကျန်တာတွေတော့.. ပို့စ်ရှင်က..ဦးဆောင်ဆွေးနွေးမယ်ထင်ပါတယ်..
      မြန်မာပြည်အနောက်ကမ်းအရေးမဖြစ်ခင်မှာကတည်းက.. ရခိုင်တိုင်းရင်းသားတချို့ဟာ.. ပြည်ထောင်စုက.. ခွဲထွက်ဖို့ အပြင်းအထန်လှုပ်ရှားနေခဲ့တာဖြစ်ပြီး.. ကုလသမဂ္ဂမှာတောင်.. ခုံတနေရာရဖို့အထိ.. လုပ်နေကြတာပါ..
      မှားတယ်မှန်တယ်.. မပြောလိုပေမဲ့.. အခုအနောက်ဖက်ကမ်းအရေးအခင်းထဲ.. အစိုးရရဲ့.. လုပ်ကွက်တွေထဲ..တပ်မတော်ပါဝင်နေရာယူလာမှုကို.. အင်မတန်အရေးကြီးတဲ့.. ဖြစ်စဉ်တခုအနေနဲ့မြင်ကြည့်နိုင်ကြဖို့ပါပဲ..
      တိုက်ဆိုင်မှုမဟုတ်လို့.. ထင်မြင်ကြောင်း… :mrgreen:

      • San Hla Gyi

        August 18, 2012 at 3:04 pm

        အင်း သူကြီးရေ
        ခင်ဗျားနဲ့ ကျနော်က ဒီတခါတော့ ရှားရှားပါးပါးကို အမြင်တူသွားပြန်ပြီ။ ကျနော်တို့နှစ်ယောက် အမြင်တူဖို့က အတော်လေးတော့ ခက်တယ် ထင်တယ်ဗျ။ ဒီတခါတော့ တူသွားပြီ။ အခုတော့ ဒီပို့စ်ကလည်း လူများများဝင်ဖတ်မှာ ဆိုတော့ ပြောစရာရှိတာတွေကို တခါတည်း ပြောလိုက်တော့မယ်။ ခင်ဗျားပြောတာ အမှန်ပဲ သူကြီးရေ။ ကျနော်က နာမည်တပ်ရမှာ မကောင်းလို့ ခြုံပြီး ပြောလိုက်တာပဲ။ ရခိုင်တိုင်းရင်းသား ထဲက တချို့မှာ အဲဒီအတွေးအခေါ် ရှိနေသလို လှုပ်ရှားမှုတွေလည်း ရှိနေတာကြာပြီ။ သဘောမတူသူ တွေလည်း ရှိပါလိမ့်မယ်။ ဒါပေမယ့် အဲဒီ တချို့ဆိုတဲ့ အရေအတွက်ကပဲ ကျနော့်စိတ်ထင် တော်တော်များတဲ့ အရေအတွက်လို့ ထင်တယ်။
        အဲဒါကြောင့် ဟိုတလောက ဒေါ်အောင်ဆန်းစုကြည်က ရခိုင်မလေးကိစ္စ ဘာမှမပြောဘူးတို့ ဘာတို့ဖြစ်တာတွေဟာ တမင် ဒီအနာကို ဆွနေသူတွေ ရှိတယ်ဆိုတာ ပြတာပဲ။ ခေါင်းဆောင်ကတော့ ဘယ်လိုလုပ် လူပုံအလည် ထုတ်ပြောလို့ ဖြစ်ပါ့မလဲဗျာ။ အခုတော့ ဘာလို့ ဗမာတွေက တောင်းပန်ရမယ်ဆိုတဲ့ ကိစ္စကို ကျနော် သဘောမတူလာလဲ ဆိုတာပါ ပြောလိုက်မယ်။ ကျနော် ရေးခဲ့တဲ့ စဉ်းစားကြစေလိုပါတယ်(၁၈) တိုင်းရင်းသားအရေးသို့ ပြန်ကြားချက် ဆောင်းပါးထဲမှာ ပါသလို ကျုပ်တို့ ဆွေကြီး မျိုးကြီး ချိုကြီးနားရွက်ကားတွေ အချင်းချင်း အတိတ်သမိုင်းက ဖြစ်တဲ့ကိစ္စတွေက နှစ်ဘက်လွန်တွေဗျ။ တဘက်တည်း မဟုတ်ဖူး။ တောင်ပေါ်နေ တိုင်းရင်းသား အမျိုးတွေနဲ့ကတော့ အဲဒီကိစ္စမှာ ပြောစရာ သိပ်မရှိဘူး။ သူတို့ကတော့ သိပ်ကိန်းကြီးခန်းကြီး မနေတတ်ဘူး။ ဘဝကို ပုံမှန်လေးပဲ ဖြတ်သန်းတတ်တယ်ပေါ့။ ဒီနေ့ခေတ်ကိစ္စ တွေဆိုရင်တော့ ဗမာတွေလဲ တလျှောက်လုံးကို တိုက်ဖျက်ဖို့ ကြိုးစားလာခဲ့တာပဲ။
        အခုတော့ ကျနော့် ကိုယ်တွေ့လေးပါ ပြောပြမယ်။ ခင်ဗျားက မတောင်းပန်ဘူးလို့ တောက်လျှောက်ပြောတယ် လို့ဆိုရင် မဟုတ်ဘူးဗျ။ တောင်းပန်မှ ပိုကောင်းမလာပဲ ပိုဆိုးသွားတာ တွေ့ဖူးလို့ပဲ။ ကျနော် ဗမာတွေ မျက်နှာငယ်နဲ့ တောင်းပန်တာကို ကိုယ်တိုင် တွေ့ဖူးတယ်။ နည်းနည်းတော့ ကြာပါပြီ။ အသေးစိတ်တော့ မပြောတော့ဘူးဗျာ။ နေရာတခုမှာ တိုင်းရင်းသားတွေနဲ့ ဗမာတွေ ငြင်းကြတယ်။ အမှန်တော့ ဗမာက အဲဒီနေရာမှာ အများစုပါ။
        ငြင်းကြတဲ့ အကြောင်းကလဲ ပြောဖူးသလိုပဲ ဆွေကြီး မျိုးကြီးတွေဆိုတော့ ဘာနန်းတော်ကြီးကေ ညာနန်းတော်ကြီးကေ မီးရှို့ရေ စမိုင်းတာဝန် ပီးဆပ်ရဖို့တွေ ဘာတွေပေါ့ဗျာ။ အဲဒီမှာ ဗမာတွေက အများစုပေမယ့် မျက်နှာငယ်နဲ့ တောင်းပန်ကြတယ်ဗျ။ ကျနော်လဲ ကြည့်နေတယ်ပေါ့။ အဲဒီမှာ ဖြစ်လာတာက တောင်းပန်မှ တဘက်ကလည်း မကျေနပ်တဲ့အပြင် ပိုဆိုးလာပြီး သတ်ကွာတို့ နှုတ်ချိုစကားတွေ မပြောပါနဲ့တို့ ဖြစ်လာတယ်ဗျ။ နှုတ်ချိုစကား မပြောလို့ ဘယ်လိုစကား ပြောရမလဲဗျာ။ အဲဒီလောက်ကျတော့ မကောင်းတော့ဘူးလေ။ အဲဒါနဲ့ ကျနော်လဲ မနေနိုင်တော့တာနဲ့ ဝင်ပြီး ဇတ်ကြောင်းကို မြေလှန်လိုက်တယ်။ အဲဒီမှာတင် ဟိုတဘက်က ချက်ချင်းတိတ်သွားပြီး ဗမာတွေလည်း အသက်ရှုနိုင်တော့တယ်။ လက်စသတ်တော့ နှစ်ဘက်လွန်ကိုး။ အဲဒါကြောင့် ဗမာတွေလည်း ကိုယ့်သမိုင်းကိုယ် လေ့လာသင့်ပါတယ်။
        ကဲ ချုပ်ရရင် အတိတ်က လွန်ခဲ့တာတွေက သင်ခန်းစာယူ အနာကိုမဆွနဲ့ လက်ရှိဘယ်လို ကမ္ဘာမှာ တိုးတတ်အောင် လုပ်မလဲဆိုတာ စဉ်းစား။ ခွဲထွက်ဖို့ဆိုတာ ကျနော်ကတော့ လက်မခံနိုင်ဘူး။ အဲဒါ ကျနော်ရဲ့ one Myanmar policy ပဲ။ အဲဒီပေါ်လစီနဲ့ ဆန့်ကျင်ပြီး ခွဲထွက်ဖို့ လုပ်တဲ့လူကတော့ ကျနော် မဆွေးနွေးချင်ပါဘူး။ ကျန်တဲ့ အမျိုးတွေဝိုင်းဆဲ အဲလေ ဝိုင်းဆွေးနွေးပါလိမ့်မယ်။ ဒါမှမဟုတ်ရင် သံဃာကို သင်းခွဲတဲ့ကံနဲ့ မြေမျိုတဲ့ ရှင်ဒေဝဒတ်လို ပြည်ထောင်စု ဖြိုခွဲဖို့လုပ်တဲ့ကံနဲ့ မြေမျိုသွားပါလိမ့်မယ် ဟဲ ဟဲ။

        • Foreign Resident

          August 18, 2012 at 3:37 pm

          ” အဲဒါနဲ့ ကျနော်လဲ မနေနိုင်တော့တာနဲ့ ဝင်ပြီး ဇတ်ကြောင်းကို မြေလှန်လိုက်တယ်။
          အဲဒီမှာတင် ဟိုတဘက်က ချက်ချင်းတိတ်သွားပြီး ”

          ကို San Hla Gyi မြေလှန်လိုက်တဲ့ ဇတ်ကြောင်းလေးကို ဖတ်ချင်ပါတယ် ။

          ကျနော်ကလည်း ရခိုင်ကို အခေါက်များစွာ ရောက်ဘူးတဲ့အတွက် ၊
          ရခိုင် ညီနောင်များရဲ့ သဘောထားကို ရိပ်မိပါတယ် ။
          ပညာရေး မြှင့်တင်ပေးလိုက်ရင် ၊ အဆင်ပြေနိုင် လောက်ပါတယ် ။

        • nigimi77

          August 18, 2012 at 4:36 pm

          ဆြာဂျီးတွေ ရှိတော့ ကျုပ်အနေနဲ ့ ဘာမှ ဝင် မဖော တော့ပါဘူး ။

          အရင်က ရေးခဲ့တဲ့ ပိုစ့်မှာ ပါတဲ့ အကြောင်းအရာ တကွက်လောက် ဆွဲထုတ်လိုက်မယ် ။

          “….http://myanmargazette.net/115833/arts-humanities/burmese-myanmar-asian-culture-mythology-folklore……..”

          =========================================
          ကျွန်တော့်ကို ဝိုင်းရိုက်လို ့ သေရင် ကျွန်တော် တယောက်ထဲ သေမည် ဖြစ်သည်။

          ကျွန်တော့်ကို ဝင်ကူညီလျင် ထိုသူအားလုံး သေမည် ဖြစ်သည် ။ ဗမာများအား ရခိုင်များ၏ မုန်းတီးမှု ခေါင်းစဉ်အား အသုံးချပြီး

          ဘာသာရေးကို ခုတုံးလုပ်ပြီး လူမျိုးရေး အဓိကရုန်း ကို သေချာပေါက် ဖန်တီးလာကြတော့မည် ။ နှစ်ဆန်း ၁ ရက် နေ ့၏ လူသတ်ပွဲမှ အစပြုပြီး

          ဗမာ မုန်းတီးရေး ၊ တိုင်းရင်းသား ရပိုင်ခွင့်များကို အသံကျယ်ကျယ် အော်ဟစ်လာကြတော့မည် ။

          ကျွန်တော်တို ့ အားလုံး ကံကောင်းခဲ့ပါသည် ။

          အဆိုပါ ဖြစ်ပေါ်လာနိုင်သည့် ကိစ္စမှ လက်မတင် လွတ်မြောက်ခဲ့ပြီ ။
          ===================================

  • (၇) သားသမီးနှင့်မိဘကြား တံတိုင်းခြားနေသော generation gap ကိုသိလျက်နှင့် မျက်စေ့မှိတ်ကာ မိမိလိုအင်ကိုဇွတ်နှစ်လုပ်တတ်ကြသော မိဘများကြောင့်၊ များစွာသော ပြည်တွင်းပြည်ပရောက်မြန်မာ ကလေးတွေ ဒုက္ခရောက်ကြရသလို၊ မိဘများမှာလည်းဒူးနဲ့မျက်ရေသုတ်ကြရသောအဖြစ်မျိုးများ ရှိနေသေးခြင်း၊

  • SkyHeart WinKo

    August 17, 2012 at 7:39 pm

    ညီလေးမိုးတိမ် အမှန်တော့လောကကြီးကို ဘယ်သူမှမပိုင်ပါဘူးကွာ သေရင်ပြီးပြီ၊
    မျိုးချစ်စိတ်ရှိသူ ညီအကို မောင်နှမများ ညီညွတ်နိုင်ကြပါစေ။
    (သင်ပြုသမျှကံ ပဲ့တင်သံ သင့်ထံပြန်လါမည်) } (၂၇.၃.၂၀၁၂) {အာဏာရှိသူ ငွေကြေးချမ်းသာသူ လူသားအကျိူး ပိုပြီးလုပ်နိင်မှာပါ။}
    ဂျပန်သူဌေးဆီမှာ၂နှစ်အလုပ်မလုပ်ရဘဲလခယူနေရတာ ကြာတော့ရှက်လါတယ် တစ်နေ့မှာ သူဌေးလါတဲ့အခါ ကျွန်တော်က အလုပ်ထွက်တော့မယ်ပြောတော့ ဘာကြောင့်လဲမေးလို့တယ် ကုမ္မဏီကဝင်ငွေမရှိလို့ ငါလခယူရတာ ရှက်လါလို့ပါပြောတော့ (ဘက)အရုှးသန့်ရှင်းရေးဘဲလုပ်ကွာ ဆိုပြီး ကျွန်တော့်သူဌေးကဆူသွားခဲ့ပါတယ် တစ်နေ့ကုမ္မဏီဘောနက်(စ်)ပေးတဲ့နေ့ ဘိုးလိန်းကစားရုံမှာ ရှယ်ယာသူဌေးတွေ စုထိုင်နေရာက ကျွန်တော့်ကိုလှမ်းခေါ်ပြီး မင်းတို့(ဘိရုမာ)ဗမာရဲ့စိက်ဓါတ်တွေ အရမ်းချစ်ဖို့ကောင်းသလို ငါတို့(နီဟွန်းဂျင်း) ဂျပန်လူမျိုးတွေ အကြောင်းလဲပြောပြမယ်နော်ဟုဆိုကာ ငါတို့ကုမ္မဏီလွန်ခဲ့တဲ့ ၁ဝနှစ်ကြော် (ဥပမာ) တစ်နေ့ကို တစ်သန်းမြတ်ခဲ့တယ် ၁ဝနှစ်- ယနေ့တစ်နေ့ကို တစ်သိန်းရှုံးတာ၂နှစ် အဲဒီလိုရှုံးတာကိုကြည့်ပြီး ကုမ္မဏီကိုပိတ်လိုက်ရင် အလုပ်သမားထောင်ပေါင်းများစွာ အလုပ်လက်မဲ့ဖြစ်သွားမှာစိုးလို့တဲ့လေ။ စိက်အဆိုးဆုံးကတော့ အလုပ်သင်အလုပ်သမားအလိုရှိသည်တဲ့…………………………… ၂၀၀၄ခုနှစ် ကျွန်တော်ပြန်ရောက်လါပြီး လူသားအကျိူးပြုရန် မီးကုန်ရမ်းကုန် ကြိုးစားခဲ့ပါတယ် ဒါပေမဲ့……..{YCDC} မြို့တော်စည်ပင်ရယ် ရှက်တတ်ရင်လဲသေလိုက်ကွာ
    (နိုင်ငံရေးငါမသိဘူးကွာ)
    တိုင်းပြည်တိုးတက်ဖို့အတွက်အတ္တမရှိဘဲ တကယ့်လက်တွေ့လုပ်နေသူတွေ ပေါင်းပြီး လက်ဖြင့်တည်ဆောက်ကြပါ၊ (ဥပမာ) ယခင်က(ပင်လုံစာချုပ်မှလွတ်လပ်ရေး၊လွတ်လပ်ရေးမှပါတီစုံ) ယခု(လက်တွေ့လုပ်နေသူတွေပေါင်းမှဒီမိုကရေစီ၊ဒီမိုကရေစီမှပါတီစုံ) အားလုံးနည်းနည်းလေးမှားနေသလိုဘဲနော်။
    (ပါတီစိက်မဝင်စားပါ)
    မျိုးချစ်စိက်မှလွဲပြီး ဘာအစွဲမှမရှိပါ၊ တိုင်းပြည်ဦးဆောင်ဖို့ နေရာ လစ်လပ်တယ်ဆိုလျှင် ဒေါ်အောင်ဆန်းစုကြည်တစ်ယောက်ကိုတော့ လက်တွဲပြီးနေရာပေးသင့်တယ်လို့ထင်ပါသည်၊ သူနှင့်ပါတ်သက်သော နိုင်ငံခြားနည်းပညာ အကူအညီများ၊ နိုင်ငံခြားရင်းနှီးမြုပ်နှံသူများ လါရောက်မှသာလျှင် တိုင်းပြည်လျှင်မြန်စွာ တိုးတက်ပြောင်းလည်းမည်ဟုထင်မိပါသည်။ (ပြည်ပကိုအားကိုးခြင်းမဟုက်ပါ)
    (အရေးမကြီးပါ)
    (ဘာသာတရားဆိုတာ လူသားတစ်ဦးချင်းစီရဲ့ ယုံကြည်ချက်နှင့်သက်ဆိုင်သည့်အတွက် မျက်လုံးမှိတ်ပြီးမကိုးကွယ်ပါနဲ့ လွတ်လပ်စွာ လေ့လါပါ ဆန်းစစ်ပါ ဘာသာပြောင်းတိုင်း လူမျိုးမပြောင်းနိုင်ပါ) (MYANMAR@BURMA) တိုင်းပြည်ရဲ့နာမည်-အလံပြောင်းတိုင်း တိုင်းပြည်ပြောင်းမသွားပါဘူးကွာ။
    (အရေအကြီးဆုံးက)
    အရီးကြီးခေတ်ဆိုတာ ရှိခဲ့တဲ့အတွက် ငါကိုယ်တိုင်မျိုးမစစ်ပေမဲ့ လူစစ်ဖို့ လူပီသဖို့တော့လိုတယ် အမြဲဆန်းစစ်နေတယ်ကွာ၊ တို့ကတာဝန်အရဆိုတဲ့စကား မင်းမိသားစုအတွက်ပါ တိုင်းပြည်အတွက် မဟုက်ပါဘူး ပြန်ဆန်းစစ်ပါအုံးကွာ။ မင်းကောလူသားတွေအတွက် သွားကြားထိုးတံ တန်ဘိုးလောက် လုပ်ပြီးပြီလါး၊ တိုင်းပြည်ဖျက်မဲ့ ငါကဘာကောင် ဘာရာထူးကွ၊ ငါကပါတီခေါင်းဆောင်ကွ၊ ကျောင်းသားခေါင်းဆောင်ကွ ဆိုတဲ့ဝေလေလေ စုန်းပြူးတွေဖယ်ရှားပြီး လက်တွဲကြပါ၊ ကောလဟာလနဲ့ အာချောင်မယ်ဆို ဝေးဝေးနေပေးပါ၊ မင်းကတကယ်ဘဲ တာဝန်အရဘဲဖြစ်ဖြစ် မျိုးချစ်စိက်နဲ့ဘဲဖြစ်ဖြစ် တိုင်းပြည်တိုးတက်ဖို့ လုပ်မယ်ဆိုရင် (ရှေ့ကသွားရင်အီးမပေါက်နဲ့ နောက်ကလိုက်ရင် ဖိနပ်မနင်းနဲ့ကွာ အရမ်းစိက်ဆိုးတယ်) ငါတို့နိင်ငံက ကမာ္ဘမှာအရမ်းနောက်ကြနေပြီ အချိန်မရှိပါ။ ငါဒို့ဗိုလ်ချုပ်လည်း ဗမာပြည်လွတ်လပ်ရေး အတွက် နည်းမျိုးစုံနဲ့ သခင်လို့ခေါ်တဲ့အင်္ဂလိပ်တို့၊ မုဒိန်းကောင်လို့ခေါ်တဲ့ ဂျပန်တို့နဲ့ပေါင်းရတာကို နားမလည်တဲ့ မျက်နှာရှုးစုန်းပြူးတွေရဲ့အပြစ်ပြောခံခဲ့ရပါတယ်။ ဗမာပြည်မှာ ငါအလုပ်မလုပ်ပါဘူး ငါ့ကုမ္မဏီကနိုင်ငံခြားမှာပါ၊ မျိုးချစ်စိက်ရှိရင် မင်းရဲ့လက်လိုပါတယ်။ ခေါ်တောကုလါးဘဲဖြစ်ဖြစ်၊ ရခီးဘဲဖြစ်ဖြစ် ဘာကောင် ဘာလူမျိုးဘဲဖြစ်ဖြစ် သတ်ရမည့်အသေခံရမည့်သတ္တိတွေနေရာလွဲနေတယ်။
    ဦးတည်ချက်လမ်းပေါ်မှာ အသေအလဲအရေးကြီးတဲ့အချိန်မှာ ဦးဏှောက်မရှိသတ်ရမည့်အသေခံရမည့်
    သတ္တိနေရာလွဲနေတယ် ကောလဟာလနဲ့ အာချောင်မယ်ဆို ဗိုလ်ချုပ်ပြောသလို ဖါနိင်ငံ ဖြစ်သွားလိမ့်မယ် JJ (CLUB) နားမှာနေပါတယ်
    လူသားအကျိူးပြုဂီတဥယျာဉ် (၀၉၅ဝ ၈၂၈၀၈)
    တာမွေလူမိုက်ကြီး ဝင်းကိုလှိုင်
    http://www.facebook.com/media/set/?set=a.482823941733642.110392329.100000181218020&type=3&l=a6af18c97d

  • အရီးခင်လတ်

    August 17, 2012 at 8:15 pm

    ကိုစံလှကြီး

    ကျွန်မ အနေ နဲ့ ကိုစံလှကြီး ဒီ မှာ ပါဝင်ဆွေးနွေး တာ ကို ဝမ်းမြောက်လှပါတယ်။
    ဒီ ထဲ မှာ ကိုယ့်ထမင်းကိုယ်စားပြီး တိုင်းပြည် အတွက် သဲတစ်ပွင့် ဖြစ်နိုင်မလား ဆိုပြီး ပါဝင် ဆွေးနွေးကြပါတယ်။
    အယူအဆ အတွေးအခေါ်ချင်း တွေ တူချင်မှ တူမယ်။
    ဒါပေမဲ့ အဲဒီ မတူတာ တွေက Problem မဟုတ်ပါဘူး။
    Solution ဖြစ်မယ် လို့ ကျွန်မ ယုံကြည်ပါတယ်။
    (အခုရက်မှာ ဒီစကား ကို ကျွန်မ ခံတွင်းတွေ့နေမိတာ 😀 )

    ဦးမိုးညို ဆွေးနွေး ပြတာ တွေ မှာ ကိုစံလှကြီး ပြန်ဆွေးနွေး တဲ့ အထဲ က ကျွန်မ နဲ့သက်ဆိုင်ခဲ့ဘူး တာတွေ ကို ဝင်ဆွေးနွေး လိုပါတယ်။
    အဲဒါက “ရုံးတွေမှာ ကွန်ပျူတာစနစ်တွေ ကို တွင်တွင်ကျယ်ကျယ် မသုံးတာဟာ ရှေးရိုးစွဲဝါဒကြောင့် မဟုတ်ဘဲ မသုံးတတ် လို့” ဆိုတဲ့ အချက်ပါ။

    ကျွန်မ မြန်မာပြည်မှာ နေတုန်းကလဲ ကွန်ပျူတာ နဲ့ ပါတ်သက်တဲ့ အလုပ်ဘဲ လုပ်ခဲ့ပါတယ်။
    ကျွန်မ ရဲ့ Thesis ကို လဲ အစိုးရရုံးတွေ မှာ တွင်တွင်ကျယ်ကျယ် သုံးနိုင်နေပြီ ဖြစ်တဲ့ ကွန်ပျူတာစနစ် တစ်ခု ကို အခြေပြုပြီး ရေးပါတယ်။
    ကျွန်မ ရဲ့ Thesis External Examiner က အဲဒီ ဝန်ကြီးဌာန ရဲ့ အကြီးအကဲပါ။
    သူက ကွန်ပျူတာ စနစ် ကို တပြည်လုံး အတိုင်းအတာ အထိ သုံးဖို့ အရမ်း အားပေးခဲ့ တယ်။ သူက အရမ်းတိကျတယ်၊ မဖားဘူး။ မှန်တာ ကို ပြတ်ပြတ်ဝေဖန် တယ်။
    အဲဒီတုန်းက ဗဟိုရုံးချုပ်က ညွန်မှူး အဆင့်တွေ ကိုယ်တိုင် ပရိုဂရမ် တွေ လေ့လာပြီး ရေးခဲ့ကြတာပါ။
    အရမ်းကို ထိထိရောက်ရောက် ဖြစ်ခဲ့ပါတယ်။
    သူတို့ တင်မဟုတ် အစိုးရဌာန တော်တော်များများ မှာ ကွန်ပျူတာစနစ် ကို တွင်တွင်ကျယ်ကျယ် သုံးနိုင်ဖို့ ကြိုးစားခဲ့ပါတယ်။
    နေရာအနှံ့ ဆီမနာ တွေ၊ ပြပွဲတွေ၊ သင်တန်း တွေ လုပ်ခဲ့သပေါ့။
    အဲဒီ ကွန်ပျူတာစနစ်တွေ အတွက် မြန်မာပြည် အထက်ပိုင်း မြို့ကြီး တွေ ဆီတောင် ကျွန်မ တို့ သွားခဲ့ပါတယ်။
    မှန်တာပြောပါတယ်။
    ကျွန်မတို့ ပိုက်ဆံထက် တိုင်းပြည်အတွက် တကဲ့စေတနာနဲ့ ပါဝင် လုပ်ကိုင်ခဲ့ဘူးတာပါ။

    အဲဒါ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂ဝ လောက်ကပါ။
    ကျွန်မတို့ အသက်ငယ်ငယ် နည်းပညာ အသစ်တွေ နဲ့ တိုင်းပြည်အတွက် အရမ်း အားရ တက်ကြွ နေတဲ့ အရွယ်ပေါ့။
    နှစ်ပေါင်း ၂ဝ ဆိုတာ ကွန်ပျူတာစနစ် မပြောနဲ့။ လူတစ်ယောက်တောင် ကောင်းကောင်းကြီး ကို ကြီးပြင်းလို့ ရတဲ့ လုံလောက်တဲ့ အချိန်ပါ။
    အမှန်တကယ် နည်းလမ်းမှန်မှန် နဲ့ ပံ့ပိုးပေးနိုင်ရင်ပေါ့။

    ဒီတော့ ကိုစံလှကြီးရေ။
    ကျွန်မ ရဲ့ သေးသိမ်တဲ့ စွပ်စွဲ ချက်လို့သာမှတ်ပါ။
    အဲဒါနဲ့ မရှေးမနှောင်း
    ကွန်ပျူတာစနစ် ရဲ့ အစွမ်းထက်ခြင်းကို လက်တွေ့မြင်လာတဲ့ အချိန် ….
    မှန်ကန် မြန်ဆန် တဲ့ အချက်တွေကြောင့် မသမာမှု တွေ ကို အလွယ် လုပ်လို့ မရတော့ တာ ကို သိလာတဲ့ အချိန် ….
    လူတွေ ရဲ့ Role ပျောက်လာမှာ ကို သံသယ ဖြစ်လာကြ တဲ့ အချိန် ….
    အဲဒီလို အချိန်တွေ မှာ အင်မတန် အစွမ်းပြလာတဲ့ ကွန်ပျူတာစနစ် ကို ပံ့ပိုးပေးမဲ့အစား ဖြုတ်ပစ်ခဲ့ကြပါတယ်။
    မယုံမရှိပါနဲ့။

    အဲဒါကို ရှေးရိုးစွဲ ကြောင့် လို့ မပြောရင်လဲ ရပါတယ်။
    ဒါပေမဲ့ ကျွန်မ ရင်ထဲ မှာ တွေးမိတိုင်း ဆတ်ဆတ်ခါနာ တာက တိုင်းပြည်အတွက် တကဲ့ စေတနာ အပြည့် နဲ့ နေ့မအား၊ ညမနား လုပ်ကိုင် ပေးခဲ့သူတွေ ကို အဲဒီ ကွန်ပျူတာစနစ် တွေလိုဘဲ ချောင်ထိုးခဲ့တာပါဘဲ။
    ဒီလို အရမ်းတော်သူတွေ ကို ချောင်ထိုးတတ်တာကတော့ ရှေးကထဲ က ရှေးရိုးစွဲ နည်းစနစ် လို့ တော့ ထင်မိပါတယ် ရှင်။
    အခု တွေးလိုက်ရင်ကို အဲဒီ အချိန်တွေ၊ အဲဒီလူတွေ ရဲ့ တန်ဖိုး တွေ အတွက် ကျွန်မ အရမ်းနှမြောပါတယ်။
    ဒီတော့ အနှစ် ၂ဝ ဆိုတာ တက်စရာရှိ ရင် အများကြီး သိသိသာသာ တက်လို့ရသလို ဘဲ ကျစရာ ရှိရင်လဲ အများကြီး သိသိသာသာ ထိုးကျ နိုင်တဲ့ အချိန်ကာလပါ။

    ကျွန်မ တို့ တိုင်းပြည် က တော့ ဆုတ်ယုတ်မှု ဘက်ကို ပြောင်းခဲ့တာပေါ့။

    နောက်တစ်ချက် ရှိသေးတယ်။
    ကျွန်မ ပါတ်ဝန်းကျင်က ပြောစကား။
    တကယ်တော့ အထက်လူကြီးတွေ က ဘာမှ မသိဘူး။
    အလယ်က လူတွေ က ကစား နေတာတဲ့။
    သေချာတာပေါ့။
    ကိုယ်က ခေါင်းမရှိ အသုံးမကျဘဲ ဘာကို ဘယ်လို အုပ်ချုပ်ရမှန်းမသိဘဲ အုပ်ချုပ်သူ တက်လုပ်နေမှတော့ လူယုံမွေးရပြီပေါ့။
    လူယုံမွေးတယ် ဆိုကထဲ က ကိုယ့်ကို ဖင်မ ပေးသူ ကို ရွေးတာပေါ့။
    ဒီတော့ အထက်အကြိုက် ဖားရင်း သူတို့ မကြိုက်တဲ့ လေသံ မဟအောင် လုပ်ရင်း အပေါ်က လူကြီး တွေ က ဘဝင်လေဟပ် ပြီး သူတို့ ကိုယ်သူတို့ အဟုတ်ကြီးမှတ် ကုန်တာ။
    ဒါဟာလဲ အထက်ဖား အောက်ဖိ ဟိုး ရှေးပဒေသရာဇ်ခေတ် ထဲ က အကျင့်ဟောင်း တွေဘဲ မဟုတ်လား။

    ဒီတော့
    တိုင်းပြည်ကို ဖျက်ပြီး ရတဲ့ဟာတွေ နဲ့ ရေပေါ်ဆီ ငွေကို ရေလို သုံးနေ သူ တွေ ကို သူတို့ သုံးနေတာ တွေဟာ ပြည်သူလူထု ရဲ့ ခံစားခွင့် တွေ
    သူတို့ကို သူတို့ တိုင်းပြည် ချောက်ထဲ မကျအောင် ကယ်ခဲ့တယ် ဆိုတာ အဝီစိ ကိုတွန်းပို့ နေတာတွေ
    လို့ ဘယ်လို အသိ ပေးသင့် သလဲ စဉ်းစားနေမြဲ။
    ဒါကို သိသိကြီး နဲ့ အသိတရား မရ ရင်တော့လဲ 👿

    Post နဲ့ မဆိုင်တာတွေ ဝင်ပြီး ရှုပ်မိရင်တော့ ခွေးသာလွှတ်လိုက်ပါ ဦးမိုးညို ရှင့်။

    • pooch

      August 18, 2012 at 3:58 am

      ပြီးခဲ့တဲ့ ရက်ပိုင်းကမှ ပတ်စ်ပို့ရုံးက ပြန်ခဲ့တာမို့ မပြောင်းသေးတဲ့ အကြောင်းတွေ အတွက် အလွန်စိတ်ညစ်ခဲ့ရပါတယ်။ အော် ချင်နေတုန်း ဟောက်ချင်နေတုန်း။

      လွယ်တာကို ခက်အောင် လုပ်ထားတဲ့ အရိုးစွဲနေတဲ့ အကြောင်းတရားတွေကို မုန်းတီးလှပါပြီ။ ခါးသီးလှပါပြီ။

      သိပ်မကြာခင်က နေပြည်တော် က အကြီးပိုင်း ရာထူးရှိသူတော်တော်များများကို အင်္ဂလိပ်စာ မွမ်းမံသင်ပေးဖို့အတွက် သတင်းစာထဲကနေ ကြော်ငြာခေါ်ခဲ့တာပါ။ တိုက်ရိုက်မဟုတ်ပဲ အင်္ဂလိပ်စာဆရာအလိုရှိသည်ဆိုပြီး ကြော်ငြာထည့်တာပါ။ အသိတယောက်က စုံစမ်းမှ နေပြည်တော် သွားသင်ရမှာဆိုပြီး သိလိုက်တာပါ။ ဆိုတော့ လုပ်သူတွေကလည်း လုပ်နေတယ် ထင်တာပဲ။

      နောက်တခုက အဒေါ်ဝမ်းကွဲ တယောက်က ရူပဗေဒ အထူးပြုနဲ့ ကျမ်းပြုနေတာ။ ပါ ၄ ရောက်ပြီ။ နောက်နှစ်လောက် ပြီးရင် ပါမောက္ခဖြစ်ပြီပေါ့လေ။ သူက ကွန်ပျုတာကို သုံးတာ ၂ နှစ်လောက်ပဲ ရှိပါသေးတယ်။

      စသုံးသုံးချင်း ကိုယ်က သင်ပေးရတာ ဆိုတော့ အရီးရေ ။ စိတ်တောင် လေမိတယ်။ ခုတောလည်း ဟုတ်နေပါပြီ။ ကျွမ်းကျင်သွားပါပြီ။

      အရီးတို့လို လူတွေ ကြိုးစားပေးခဲ့တာကို မြင်တော့ တခါက အတော်လေး လူကြိုက်များခဲ့တဲ့ ဒေါ်ဒေါ်ရေးတဲ့ နိုင်ငံကို မချစ်လို့ စွန့်ရက်လေသလား ဆိုတဲ့ ပိုစ့်လေးတွေကို သတိရမိပါတယ်။ ဖတ်ဖူးသလား မသိဘူး။

      • အရီးခင်လတ်

        August 18, 2012 at 4:05 am

        ဖတ်ဖူးပါတယ် သမီးရေ။
        မင်းသမီးလေး က အရီး မျက်ရည်ကျ အောင် လုပ်ခဲ့တာပေါ့။ 😉

        အခု လဲ ဒီရွာထဲ မှာ နေနေတာ အဲဒီ ချစ်စိတ်ကြောင့်ပါဘဲ။
        တစ်ချို့က အပို တွေလို့ ဆိုချင် ကြပေမဲ့လဲ ကိုယ်ယုံကြည်ရာ တစ်နိုင်တစ်ပိုင်ပေါ့။
        အရီး ယုံကြည်ပါတယ်။
        သူကြီး လဲ အဲဒီ စိတ်နဲ့ ဒီSite ကို ဖန်တီး ခဲ့တာပါ။

        ဒါနဲ့ စောစောစီးစီး နိုးနေတာလား။
        မအိပ်ရသေးတာလား။ 🙂

        • pooch

          August 18, 2012 at 2:01 pm

          မအိပ်သေးတာ အရီးရေ ။ ညက ရွာလည်ကောင်းတာ မနက်ထတာ နေမြင့်လို့ မားသားကြီး က ဗျောက်တွေလိုက်ဖောက်လို့ ပတ်ပြေးနေတာ အရီးရေ။ 😀

  • San Hla Gyi

    August 17, 2012 at 8:59 pm

    အမကြီး မခင်လတ်ရေ
    မဟုတ်ပါဘူးဗျ။ အဲဒါရှေးရိုးစွဲစနစ် မဟုတ်ပါဘူး။ အာဏာရှင်စနစ်ပါ။ အာဏာရှင်ရဲ့ သဘောကိုက သူ့ကိုယှဉ်နိုင်တဲ့လူ ပေါ်လာမှာကို ကြောက်လို့ပါ။ အရီးခင်လတ်ရေ။ ခဏလေးခင်ဗျ။ အမှန်တော့ ကျနော်က ဝင်ဆွေးနွေးဖို့ မရှိသေးပါဘူး။ ကျနော်က အဓိက ဆောင်းပါးရှင်ရဲ့ ဦးတည်ချက်နဲ့ ဆွေးနွေးပုံကို သိချင်တာပါ။ ကျနော့်စိတ်ထင် ဆောင်းပါးရှင် ပြောချင်တဲ့ ရှေးရိုးစွဲဝါဒဆိုတာ စာထဲမှာ အင်တာနက်တွေ ဘာတွေ ထည့်ရေးထားပေမယ့် နိုင်ငံရေးမဟုတ်ပဲ ဘာသာရေးကို ပြောချင်နေသလားလို့ပါ။

  • YE YINT HLAING

    August 17, 2012 at 10:24 pm

    တယောက်နဲ့ တယောက် မတူတဲ့ အမြင်လေးတွေ ကလည်း စာဖတ်သူကို အသိညဏ် ပညာတိုးစေပါတယ်ဗျာ ! ပို့ ( စ ) ပိုပြီးအသက်ဝင်လာတယ် ။ ပို့ ( စ ) တင်သူရဲ့ ပြန်လည်ရှင်းလင်းတင်ပြလာမဲ့ ဆွေးနွေးချက်လေးတွေရယ် ထပ်ပြီး တက်လာမဲ့ မတူတဲ့ အမြင်လေးတွေနဲ့ လေးနက်တဲ့ ကွန်မန့်လေးတွေကို စောင့်မျှော်ဖတ်ရှုနေပါ့မယ် ။

  • SkyHeart WinKo

    August 18, 2012 at 1:23 am

    တစ်ခုလောက်စဉ်းစားပေးကြပါ။
    သူပုန်တွေ၊ ကိုယ်ထင်ရာတွေးခေါ်ပြောဆိုတဲ့သူတွေ၊ ခေါင်းဆောင်တွေများလွန်းလို့ ယခုအချိန် တိုင်းပြည်ကမပြောင်းလဲ၊ ငြိမ်းချမ်းရေးလဲမရ ပြည်တွင်းစစ်နှင့် လက်ပြဲကြီးဖြစ်သွားလျှင် ဘာလုပ်ကြမလဲ?

  • မောင် ဓုဝ

    August 18, 2012 at 8:45 am

    ဘာသာရေးနဲ့ ပတ်သက်ရင်တော ့ပိုပြီးရှေးရိုးစွဲတယ် ထင်ပါတယ်။ဘုန်းကြီးတွေကိုင်တိုင်က အာဏာရှင်ကြီးတွေလို သူတို့ကို ဝေဘန်တာ တရားကိုဝေဘန်တာ မကြိုက်ကြဘူးဖြစ်နေတယ်။

  • maungmoenyo

    August 18, 2012 at 10:36 am

    “ရှေးရိုးစွဲ” ဆိုတဲ့ဆိုတဲ့ မြန်မာမှအင်္ဂလိပ်အဘိဓါန်မှာ လေ့လာကြည့်လိုက်တော့ ဒီလိုတွေ့ပါတယ်။ old way, old-fashioned way, traditionally accepted way and ideas လို့ဆိုပါတယ်။ ဆိုတော့- ကိုယ်နားမလည်မလုပ်တတ်တဲ့ကိစ္စကို နားလည်ချင်ယောင်ဆောင်ပြန်တော့ သက်ဆိုင်သူတွေဒုက္ခရောက်တတ်သလို၊ ကိုယ်နားမလည်တာကို နားလည်အောင်ဘယ်လိုလေ့လာဆည်းပူးမလဲဆိုတဲ့စိတ်ဓါတ်ဝင်လာအောင်ကြိုးစားသင့်ကြတာ သဘာဝကျပြီး၊ ဖြစ်သင့်တဲ့ကိစ္စပါ။ ဒါပေမဲ့ ကိုယ်ကလဲနားမလည်၊ ကိုယ်ကိုယ်တိုင်ကလဲမလေ့လာ၊ တတ်သူတွေနားလည်သူတွေပြောတာ၊ ဝေဖန်ပြတာကိုလည်းနားမထောင်၊ ကိုယ်ထင်တာကိုယ်လုပ်ချင်ကြရင် အဲ့ဒိလူမျိုးက ခေါင်းမာ (hardliner) စာရင်းထဲရောက်မှန်းမသိရောက်သွားပါတယ်။ အဲ့ဒိလို Hardliner တွေ တိုင်းပြည်ခေါင်းဆောင်တော့၊ လူသန်း(၆၀) ခါးကော့နေအောင်တသက်တာခံကြရပါတယ်။ နမူနာကဝေးဝေးပြေးကြည့်စရာမလိုပါဘူး။ အဓိကဇာတ်ကောင်ကြီး(၃)ကောင်ရဲ့မျက်နှာပေါ်လာမှာပါ – (၁) သခင်နု၊ (၂) ဗိုလ်နေဝင်း (၃) ဗိုလ်သန်းရွှေ တို့ပါ။
    (၁) ကိုခင်ခ ပြောသလို “ပြောလည်းမပြောချင်ပါဘူးဗျာ”ဆိုတဲ့ စကားရဲ့နောက်ကွယ်မှာ ပြောမယ်ဆိုရင်ပြောစရာတွေတလှေကြီးပေါ့ဆိုတဲ့ အနက်အဓိပ္ပါယ်အများကြီးသွားတွေ့ရပါတယ။် ဒေါ်စုရဲ့ Freedom from Fear ကမြန်မာလူထုကိုစစ်မျက်နှာဖွင့်ပေးလိုက်တာပါဘဲ။ မပြောလို့မဖြစ်တဲ့ခေတ်ရောက်ပြီလေ။ ပြောဘို့လိုတဲ့အခွင့်အလမ်းတွေကလည်းသာလို့မဟုတ်လား။
    (၂) ကိုရဲ့ရင့်လှိုင် ရဲ့ “ထိန်းသိမ်းရုံလောက်ပဲ” ဆိုတဲ့စကားကိုသိပ်သဘောကျပါတယ်။ window dressing word လူထုသန်း(၆၀) ကျောကော့နေအောင်ခံခဲ့ရတာ ရာစုတခုနီးပါးရှိပြီလေ။ လူထောင်နဲ့ချီပြီးဒုက္ခရောက်တာနော။ တပ်အင်အားသုံမယ်ဆိုရင် အမေရိက လိုနိုင်ငံမှာ စုတ်ပြတ်သပ်နေအောင်မေးခွန်းအမေးခံရတာ။ အရပ်ထဲ အပျိုလှည့်လာတဲ့စစ်သားက သံချပ်ကာ ကားနဲ့မှ အကြွားပိုလို့၊ အိမ်ဘေးကအဖွားကြီးကကြောက်လှချည့်ရဲ့ဆိုပြီးရဲကိုခေါ် တော့၊ ရုံးတင်အစစ်ခံရပြီး တပ်ကနေရှုတ်ချပြီး နှင်ထုတ်ခံရတဲ့ဘဝရောက်ရတာ..ဒီမိုကရေစီ ဆိုတဲ့ ဝေါဟာရကြီးကြောင့်ပေါ့နော်။ အဲ့ဒီကိစ္စမှာ တပ်ကိုအမိန့်ပေးတဲ့ တပ်အကြီးအကဲ..ဘယ်သူပါလိမ့်လို့..စပ်စုမိတယ်။ တိုင်းမှူးဗိုလ်ချုပ်ကိုကိုနိုင်လဲ အထက်ကဆင့်ခေါ်မေးမြန်းခံရတဲ့သတင်းလည်းရလိုက်ပါရဲ့။
    (၃) သဂျီး ကတော့ တယောက်ယောက် ထင်ပေါ်လာရင်ဘဲဖြစ်ဖြစ်၊ ကိစ္စကြီးငယ်ဖြစ်လာရင်ဘဲဖြစ်ဖြစ်၊ ထုံးစံအတိုင်း သူ့ပေတံကြီးနဲ့ထုပ်တိုင်းလေ့ရှိယုံမက၊ လက်ဝဲလား၊လက်ယာလားအလည်ကလား၊ စောင်းနေလားနဲ့ ဆင်ခြေပေးသလိုလိုနဲ့ သူ့ပေတံပေါ်တင်လေ့ရှိလားမသိ။ မှားရင်ဂျောင်း၊ မှန်ရင်းကောင်းသတဲ့လေ။ big-government နဲ့ anarchy ကိုကြုံးသွင်းလေ့ရှိတယ်။ အော်-ဝါသနာ….။
    (၄) ပြီးခဲ့တဲ့ ရက်ပိုင်းက VOA ကိုသန်းလွင်ထွန်းက သမ္မတဥိးသိန်းစိန်နဲ့ “ဗျူး”တော့၊ ပြည်တွင်း media တွေက လူမျိုးရေးကိုဥိးစားပေးပြီး၊ ပြည်ပ media တွေနဲ့ ဝေဖန်ကြသူတွေက humanitarian ကိုဦးစားပေးတာနဲ့ပါတ်သက်ပြီး၊ သမ္မတက တော့ ဝေ့လည်ကြောင်ပါတ်လုပ်ပြီးလျှောချရတဲ့ဘဝရောက်သွားပါတယ်။ တကယ်တော့လဲဒီမေးခွန်းအနှစ်သာရဖြစ်သလိုတကယ်လဲဖြစ်နေတာပါ…လို့ ကိုမိုးတိမ် ကိုဆိုပါရစေ။ ရခိုင်သွေးလဲပါတဲ့မောင်မိုးညိုအနေနဲ့ လေ့လာသိရသလောက်၊ Rohingya တွေကို တိုင်းရင်းသားမဟုတ်ကြောင်းတရားဝင်ပြဆိုချက်မရှိပါ။ နိုင်ငံတော်သမ္မတကသော်၎င်း၊ တခြားပုဂ္ဂိုလ် (သို့) အဖွဲ့အစည်းတခုခုကသော်၎င်း၊ ဒီကိစ္စတရားဝင်ကြေငြာခဲ့ရင်တောင်၊ သမိုင်းမှာအမဲစက်ထင်မှာမို့၊ ဘယ်သူ့မှလက်ဝင်မလျိုတာကိုသတိပြုမိရပါမယ်။ ထိုနည်းတူစွာဘဲ ဘယ်တိုင်းရင်းသားတွေကိုတော့ တရားဝင်တိုင်းတိုင်းရင်းသားဆိုပြီးသတ်မှတ်လို့မရပါဘူး။ ထိုနည်းတူစွာဘဲ၊ မြန်မာပြည်တလွှားလူဥိးရေသန်းခေါင်စာရင်းကောက်လို့ရရှိတဲ့ တိုင်းရင်းသားလူမျိုးစုကြီး၊လတ်၊ငယ်တွေကိုစာရင်းအနေနဲ့ ထုတ်ပြန်တာဘဲရှိပါတယ်။ စုစုပေါင်း (၁၅၀)ပြည့်ရင်စာရင်းပိတ်ပြီး၊ ကျန်သူတွေတော့ sorry ဘဲလို့ပြောလို့မရပါဘူး။ population migration ရှိသလို၊ ယဉ်ကျေးမှု၊ ဘာသာရေးတွေကသူနောက်လိုက်ပြီး၊ ပြန့်ကြတာက တားလို့မရတဲ့ Human evolution နဲ့ revolution ပါ။ ဘယ်သူမှတားလို့မရတဲ့ကိစ္စပါ။ နောက် ဘူးသီးတောင်၊မောင်းတောမှာုအခြေချနေကြသူတွေဟာ နှစ်ရာစုများစွာနဲ့ချီခဲ့တယ်ဆိုတာသတိပြုကြရပါမယ်။
    (၅) ရှေးရိုးစွဲ ဆိုတဲ့ကိစ္စက hardliners တွေနဲ့သွားပါတ်သက်တာတွေ့ရပါတယ်။ လူထုကလက်မခံနိုင်ရခြင်းက အဲ့ဒီပြဿနာကြောင့်ပါဘဲ။ ကိုစံလှကြီးပြောတဲ့ တပ်မတော်ရဲ့အခန်းကဏ္ဍကိုချက်ချင်းဖြောက်မရဘူးဆုတဲ့အချက်ကိုဖတိမိတော့၊ လက်ရှိအီဂျစ်သမ္မတအသစ်က supreme commander (၂)ယောက်လုံးကိုချက်ချင်း အနားပေးလိုက်တာကိုသွားမြင်မိပါတယ်။ အမှန်ပြောရရင် မြန်မာနိုင်ငံရဲ့ တပ်မတော်ဦးဆောင်မှုကဏ္ဍဟာ လွန်ခဲ့တဲ့ (၂)နှစ်လောက်အထိ “မဏ္ဍိုင်” ကျတဲ့အခန်းမှာပါပါတယ်။ ်စိတ်ဝင်စားစရာကောင်းတဲ့ ကိစ္စကတော့ ဗိုလ်သန်းရွှေလက်ထက်မှာ၊ တပ်ကိုအဆင့်မြှင့်ပြီး၊ research နဲ့ education system ကို အထူးအလေးပေးခဲ့တာကိုတွေ့ရပါတယ်။ ဒါဟာသိပ်ကောင်းတဲ့ လက္ခဏာပါ။ ခုစစ်အစိုးရတဖြစ်လဲ၊ အရပ်သားအစိုးရလက်ထက်မှာ စစ်တပ်ရဲ့ကဏ္ဍက “မဏ္ဍိုင်”ကျတဲ့အဆင့်ကနေ”ပဓါန”ကျတဲ့အဆင့်ရောက်သွားပါပြီ။ စစ်တပ်ဟာ စစ်တပ်နဲ့ဆိုင်တဲ့အလုပ်ပိုလုပ်လာတဲ့သဘောပါ။ နောင်(၅)နှစ်လာက်အတွင်းမှာ (အတွင်းမှာ) ထူးခြားတဲ့ဝိသေသရှိတဲ့ အမျိုးကောင်းတပ်မတော် (professional defense) တခုအပြီး hybrid ဖြစ်လာနိုင်ဘို့စစ်ခေါင်းဆောင်အချို့ကကြံစည်နေကြပုံရပါတယ်။ ဒါဟာ ရှေးရိုးစွဲ စနစ်ကနေခွာထွက်ဘို့ကြံစည်နေတဲ့တပ်ခေါင်းဆောင် (အချို့) ရဲ့ကြံစည်ချက်လို့ဘဲဆိုပါရစေ။ စိတ်မကောင်းခြင်းကြီးစွာဖြစ်မိတာကတော့ အဲ့ဒီအထဲ့ကပုဂ္ဂိုလ်ကြီးတဦး ကစောစောစီးစီး ပ, ထုတ်ခြင်းခံလိုက်ရတာကိုပါဘဲ။ အချင်းချင်းတွေတော့ရိပ်မိကြမှာပါ။ ကိုစံကြီးပြောသလို စာဖတ်နည်းရခြင်း၊ competitive မဖြစ်ခြင်း၊ စသည်တွေဟာ စနစ်ကြောင့်ဖြစ်ရတာပါ။ အဲ့ဒီစနစ်က ဘယ်ကမြစ်ဖျားခံသလဲဆိုတော့ ရှေးရိုးစွဲဝါဒိတွေ တယူသန်ကြရာကဖြစ်ကြရတာပါ။
    ဆိုခဲ့သလို human process itself is flawed ပါ။ ဒါကြောင့် ဗုဒ္ဓက ရုပ်နဲ့နာမ်(၂) ပါးကိုကိုင်လှုပ်နေတဲ့ နာရုံ(၅)ပါးနဲ့ထိတွေ့နေတဲ့ အာရုံတွေနဲ့ စိတ်၊ စေတသိက်တွေက သံသရာကိုခြားရဟတ်လိုလည်နေစေတယ်လို့ဆိုတာကိုး။ ယေဒဇူးသခင်ကတော့ အာဒမ်နဲ့အီဗာတို့က ဘုရားသခင်ကတားမြစ်လျက်နဲ့အသင့်တဲ့အသီးကိုစားခဲ့လို့ ဒို့တတွေဒီကနေ့ဒီလို ဘဝတွေကြုံနေကြရတာဘဲလို့ဆိုပါတယ်။ အမှန်ကိုဝန်ခံရရင် မြန်မာနိုင်ငံမှာနိုင်ငံရေးကဏ္ဍမှာစစ်တပ်ဟာ အခရာဆက်ကျနေသေးတာ သဘာဝကျပြီး လက်မခံနိုင်စရာမမြင်သေးပါ။ ဒါပေမဲ့……
    (၆) ကိုမိုက်နဲ့ အဘဖောတို့ ရဲ့ “နေမြဲ” ဆိုတဲ့ ဆိုစကားကို မောင်မိုးညို လွန်ခဲ့တဲ့ အနှစ်(၂၀)ကျော်လောက်ကတက်ခဲ့တဲ့ ဖေါင်ကြီးဗဟိုဝန်ထမ်းတက္ကသိုလ်ရဲ့ ဇေယျ သင်တန်းက မှတ်ကြီး နဲ့ မှတ်ကလေး ညီနောင်(၂) ယောက်ရဲ့ နေမြဲ ဆိုတဲ့အမိန့်ကိုသွားသတိရမိပါတယ်။ ….တယ် သက်သာတဲ့အမိန့်ကိုး……။ အဲ့ဒိနေမြဲက ဝန်ထမ်းစိတ်ဓါတ်ခါးကနေကိုရိုက်ချိုးလိုက်စေခဲ့တာ..ဒီကနေ့ အစိုးရရုံးတွေမှာမမြင်ချင်အဆုံးပါ။ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းတွေမှာ ဝန်ထမ်းထွက်ဆိုရင် နဲနဲ လက်တွန့်ကြတာဘာ့ကြောင့်ပါလဲ။
    အရေးကြီးဆုံးက ဗိုလ်ချုပ်အောင်ဆန်း ကဘာ့ကြောင့် ပြည်မကြီးကနေ ပြည်နယ်တွေခွဲမထွက်စေခဲ့ချင်တာလဲ၊ ပင်လုံစာချုပ်ချုပ်ခဲ့ရာမှာ၊ ဘိလပ်မှာအရေးတကြီးပြန်ပြီး အက်တလီရဲ့သဘောတူညီချက်ရဘို့၊ နောင် နှစ်(များစွာမှာ) ခွဲထွက်ခွင့်ကိုသဘောတူခဲ့ရတာလဲ၊ ဒေါ်စုကိုမေးရင်သူကဖြေမှာမဟုတ်ပါဘူး။ သေခြာတာပေါ့။ ဘာဖြစ်လို့လဲဆိုတော့၊ သူ့အဖေဘာ့ကြောင့်ဒီလိုက်လျောက်ချက်ရှိခဲ့ရလဲဆိုတာ သူကကောင်းကောင်းကြီးသဘောပေါက်ထားလို့ကိုး။
    (၇) အရီးခင်လတ်- မောင်မိုးညို အဲ့ဒီလောက်က ဗဟိုအဆင့်ကိုတော့မရောက်သေးပါဘူး။ ဗဟိုအဆင့်ဌာနကြီးကိုရောက်တော့ စီမံ/စီးပွားအောက်က ဗဟိုစာရင်းအင်းအဖွဲ့က ကွန်ပျူတာစနစ်ကိုတွင်တွင်ကျယ်ကျယ်စသုံးတာတွေ့ရပါတယ်။ ဒါနဲ့အတူ ဝန်ကြီးဌာနအသီးသီးမှာ စီမံကိန်းဦးစီးဌာနဆိုပြီးဌာနကြီးတွေအလျှိုပေါ်ပေါက်လာပါတယ်။ အဲ့ဒီဗဟိုစာရင်းအင်းအဖြွ့ကြီးရဲ့ ဒု-ညွှန်ချုပ် ကလိုက်ပြလို့ သူ့ဌာနကြီးက ကွန်ပျူတာခန်းတေါကိုသွားကြည့်ပြီး သားရေကျမိပါတယ်။ ဒါနဲ့ မောင်မိုးညိုတို့ဌာနကြီးမှာ မြို့နယ်အဆင့်အကြီးအကဲတွေကို computer preference သုံးပြီး နေရာအပြောင်းအရွှေ့လုပ်တော့ မကြာခင်ဘဲ ပြစ်စာတိုင်စာတွေပလူပျံလို့ အဲ့ဒီကိစ္စလဲ လ ပိုင်းအတွင်း ကိစ္စချောသွားတယ်ဆိုပါစို့။ ခက်တာက desktop ကနေ programming အဲ့ဒီကနေ networking ရှိလာဘို့ အထိ ငွေရှိယုံနဲ့မရ၊ အထက်လူကြီးတွေ မျက်နှာရမှ၊ ခရိးဆက်နိုင်ပါတယ်။ ရှုတ်ပါတယ်ကွာ…လူကိုယ်တိုင်ဘဲသွားလိုက်ပါမယ် ဆိုတဲ့….အကျင့်တွေကအစ ပေါ့။ အမှန်ပြောရရင် ခုထိ နိုင်ငံတကာပြောနေနဲ့ “ပွင့်လင်း၍ထင်သာမြင်သာသော” ဆိုတဲ့စကားက ရျင်းပါတယ်။ နိုင်ငံတကာနဲ့ဆက်ဆံလုပ်ကိုင်ရာမှာ စနစ်ကိုပြောင်းရပါမယ်။ ကိုယ်မလုပ်နိုင်ဘူးထင်ရင်ထွက်ပေးကြပါ။ လမ်းဖယ်ပေးကြပါ။ ငါကတော့ သမိုင်းနဲ့ချီပြီးအနစ်နာခံခဲ့လို့ဆိုတဲ့ ဆင်ခြေနဲ့တော့ တိုင်းပြည်ကိုချောက်ထဲဆွဲခေါ်မသွားကြပါနဲ့။
    (၈) Pooch ပြောသလို အင်္ဂလိပ်စာခေါ်သင်နေကြတာ ခုမှမဟုတ်၊ ဗိုလ်နေဝင်းလက်ထက်ကတည်းကပါ။ Aunty ကြီး June Rose Bellamie ကိုမေးကြည့်ပါလား။ စန္ဒာဝင်းအပါအဝင် သူ့ညီအမတွေနဲ့သူငယ်ချင်းတွေကိုအင်္ဂလိပ်စာသင်ပေးတဲ့ ပုဂ္ဂိုလ်ကြီးတဥိးနောက်ကျ ဗဟိုဝန်ထမ်းလေ့ကျင့်ရေးအဖွဲ့ ဥက္ကဌရာထူးပေးလိုက်သေးတာဘဲ။
    (၉) ကိုစံလှကြီးရေ့- အမှန်ပြောရရင် ဒီကိစ္စကို ပုဂ္ဂိုလ်ရေးခံစားချက်နဲ့ရေးရတာမို့ နိုင်ငံရေးရော၊ လူမှုရေူးပါရောနေတယ်လို့ဝန်ခံပါရစေ။ ဦးတည်ချက်ကတော့- စည်းချက်ကြမ်းလာတဲ့လွှတ်တော်တွေရဲ့ အရှိန်အဟုန်က out-track ဖြစ်သွားမှာသိပ်စိုးရိမ်မိပါတယ။် ဒိကနေ့ထုတ် သတင်းစာတွေမှာ ဆောင်းပါးရှင် မောင်အေးချမ်း (ဟာဗတ်) ရဲ့ စွန့်စွန့်စားစား ဖေါ်ပြထားတဲ့အချက်ကိုသွားတွေ့မိပါတယ်။ လွှတ်တော်တွေက ဖွဲ့စည်းပုံဆိုင်ရာခုံရုံး ကို recall လုပ်တာထက်၊ လုပ်ပိုင်ခွင့်ရှိတဲ့ လွှတ်တော်ထဲကနေ ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဘို့မကြိုးစားင့်ဘူးလားဆိုတဲ့ စိမ်ခေါ်ချက်ဘဲခေါ်မလား…ဆွေူနွေးထားတာလေးကိုပါ။ အမှန်ပြောရရင် ခုံရုံးရဲ့ဖြတ်ထုံးကနည်းလမ်းကျတယ် လို့မောင်မိုးညို ဆိုပါရစေ။ သူ့အလုပ်က interpreting of constitution ပါ။ သူက ကျန်ဥပဒေတွေကိုဂရုစိုက်စရာမလိုပါဘူး (လုံးဝမလိုပါဘူး)။ လွှတ်တော်နဲ့ တခြားမဏ္ဍိုင်ကြီးတွေရဲ့လုပ်ရပ် မှားသလားမှန်သလားသူဆီတင်လာရင်၊ ချိန်ထိုးအဖြေပေးဘို့က သူ့အလုပ်ပါ။ ဒီတော့ သူ့ဆီတင်မလာရင်သူကဘာမှလုပ်လို့မရပါဘူး။ သူများာကားထဲဝင်စွက်လို့ရတဲ့အဖြွဲမျိုးမဟုတ်ပါဘူး။
    (၁၀) မောင်ဓူဝ ရဲ့ ဘုးန်ကြီးတွေ အာဏာရှင်ဖြစ်နေတာ ကြာပါပကော။ ဘာကြောင့်လဲ။ ရှင်းပါတယ် အစိုးရက သာဿနာရေးမှာဝင်ပြီးမောင်ပိုင် သိမ်းထားလို့ပါ။ သာဿာနာရေးဝန်ကြီးဌာနဆိုတာ Ta Ta လုပ်သင့်တဲ့ ဌာနကြီးတွေပါ။ သာ-ထွန်း-ပြန့် ဆို ပိုဆိုးပါသေးတယ်။ ဥိးအံ့မောင်တို့ဆိုရင် အတော်ကြီးပွားသွားခဲ့ကြတာကိုး။
    ကဲ-ဆက် ကွန်မင့်လိုက်ကြပါအုံး…။

    • Foreign Resident

      August 18, 2012 at 10:55 am

      ” ( ၆ ) ကိုမိုက်နဲ့ အဘဖောတို့ ရဲ့ “နေမြဲ” ဆိုတဲ့ ဆိုစကားကို ”

      maungmoenyo ရေ ။
      အဘအောင်ပု နှင့် ကျနော်တို့ ဆိုလိုရင်းက “ နေမြဲ ” မဟုတ်ဘူးနော် ။
      နယ်နမိတ်မျဉ်းတွေ ထက် လူ က ပိုအရေးကြီးကြောင်း ။
      နယ်နမိတ်မျဉ်းတွေ ပြောင်းလဲရင်လဲ ပြဿနာ မရှိကြောင်း ပြောထားတာပါ ။

      • maungmoenyo

        August 20, 2012 at 1:18 am

        “နေမြဲ” ဆိုတဲ့ စကားကို self-territory လို့ခေါ်တဲ့ ကိုယ့်စိတ်ကြိုက်ဘောင်သတ်မှတ်ဆယ်လို့ဆိုကြရအောင်။ မြန်မာနိုင်ငံpublic administration စနစ်မှာ နက်နက်ရှိုင်းရှိုင်းအမြစ်တွယ်နေတဲ့ ကိစ္စ(ပြဿနာက) ရာထူးအဆင့်မြင့်လေ၊ ကိုယ်ပြောတာလုပ်တာမှန်လို့ထင်လာလေ၊ တခြားသူတွေရဲ့အကြံပြုတင်ပြချက်တွေ ကိုလက်ခံဘို့ဝန်လေးတွန့်ဆုတ်လာလေဖြစ်ရခြင်း…… ပြောင်းလဲလာတဲ့ administrative style ပါဘဲ။ ၁၉၈ဝ ကနေ ၂၀၀ဝ ဝန်းကျင်အထိ အစိုးရရုံးပြင်ကန်းနားမှာ ခေတ်စားလာတဲ့ လက်အောက်ခံတတ်သိပညာရှင်များအကြားရေပန်းစားလာတဲ့ ဘန်းစကားလို့ဆိုပါရစေ။ ဘဝမေ့လာကြတယ် လို့လဲဆိုရအောင်။ တတ်သိနားလည်တဲ့ပညာရှင်တွေရဲ့ မသိမသာတင်ပြချက်တွေ၊ ကို မျက်ကွယ်ပြုလာကြပါတယ်။ တနေ့တနေ့ ကိုယ်အထက်က အကြီးအကဲလုပ်သူက ကိုယ့်အပေါ်အမြင်ကြည်လင်လာပြီး၊ ကောင်းကောင်းဆက်ဆံရင် အဲ့ဒိနေ့က စားဝင်အိပ်ပျော်နဲ့နေ့၊ ကံကောင်းတဲ့နေ့လို့သက်ပြင်းချကြရတဲ့ အသိုင်းအဝိုင်းအုပ်စုမှာ ဇာတ်ဝင်တဲ့အုပ်စုထဲ မောင်မိုးညိုတယောက်လဲ မျက်စိလည်ရောက်ခဲ့ရဘူးပါတယ်။ Trust me! they are my true nightmares တွေပါ။ မာဇတာဂျစ်စီးပြီး၊ hand phone လေးကိုင်ရင်း၊ နေရာဌာနများကိုတံခါးမရှိဒါးမရှိဝင်ထွက်ခွင့်ရပေမဲ့၊ လမ်းဘေးဆိုက်ကားနင်းတဲ့သူတွေရဲ့လွတ်လပ်တဲ့ဘဝကို ကြိတ်ပြီးအားကျမိခဲ့ရတာ တကယ်ပါ။ကိုမိုက် နဲ့ အဘဖေါ တို့ဟာ နေမြဲ လူတန်းစားတွေ မဟုတ်ဘူး၊ ဆိုတာ ဆောင်းပါးအာဘော်များကို တောက်လျှောက်ဖတ်ခဲ့တဲ့ ကျ တော့် အနေနဲ့ကောင်းကောင်းကြီးသဘောပေါက်လို့၊ ကြိတ်ပြီးလေးစားနေရတဲ့ ပုဂ္ဂိုလ်ကြီးတွေပါ။ ကိုယ်ထင်သလိုဖြစ်မလာရင် စိတ်ပျက်အားလျောမိတဲ့ နေမြဲ ဘဝထဲ မကြာခန ရောက်ရတဲ့ “ဒုက္ခသည်”တယောက်ပါ။

    • San Hla Gyi

      August 18, 2012 at 9:19 pm

      အင်း ဆောင်းပါးရှင်ရေ
      ပထမအကြိမ်တုန်းက မြင်လိုက်ပေမယ့် အရေးကြီးတဲ့ သွားစရာရှိလို့ အခုမှပဲ ပြန်လိုက်ပါတယ်။ ရှေးရိုးစွဲဆိုတာက အဘိဓာန်ရဲ့ အဓိပ္ပါယ်မှာကိုက အရင်လမ်းဟောင်းအတိုင်း အသေဆုပ်ကိုင်ထားတာ ဖြစ်ပါတယ်။ အခုဟာက ဆောင်းပါးမှာကိုက ဝန်ကြီး ဝန်ကလေးတွေ လေ့လာဖို့ လုပ်နေပေမယ့် မကျွမ်းကျင်လို့ တိုးတိုးတိတ်တိတ် မေးနေရတယ်ဆိုတော့ သူတို့ မလုပ်တတ်တာပါ။ အသေဆုပ်ကိုင် ချင်ပုံမရပါဘူး။ ထားတော့ ဒါကတော့ သိပ်အရေးမကြီးပါဘူး။ ဒုတိယပြောတဲ့ သုံးယောက်ကိစ္စမှာတော့ ဗိုလ်ချုပ်နေဝင်းနဲ့ ဗိုလ်ချုပ်သန်းရွှေကတော့ ဟုတ်ပါတယ်။ အထူးသဖြင့် ဗိုလ်ချုပ်နေဝင်းမှာ ပိုတာဝန်ရှိပါတယ်။ ဘာလို့လဲဆိုတော့ ဒီစနစ်ကြီးကို သူက အုတ်မြစ်ချခဲ့တာ ဖြစ်ပြီး သူက အဓိက ဒါရိုက်တာကြီးပါ။ သူ့မှာ တာဝန်အရှိဆုံးပါ။ နောက်တော့လဲ သူကိုယ်တိုင် မြွေအလမ္ပါယ်ဆရာ မြွေပေါက်ခံရကိန်း ဆိုက်သွားပါတယ်။ ဗိုလ်ချုပ်သန်းရွှေကတော့ ဆရာ့ထက် တပည့် လက်စောင်းထက်သူပါ။
      သခင်နုကတော့ ကျနော့် အနေနဲ့ သိပ်ပြီးတော့ ရာနှုန်းပြည့် သဘောမတူပါဘူး။ သူမှားတာတွေ မရှိဘူးလားမေးရင် ရှိပါတယ်။ သူအနေနဲ့ တခါတလေ လောကရေးနဲ့ ဓမ္မရေးကို လုပ်ရင်း ရောထွေးသွားပုံ ရပါတယ်။ ဒါပေမယ့် ကျနော့် အမြင်ကတော့ သူ့ကြောင့် မြန်မာနိုင်ငံသမိုင်း တဆစ်ချိုး ပြောင်းသွားတာ မဟုတ်ဘူးလို့ ယုံပါတယ်။ ဘာလို့လဲဆိုတော့ အဲဒီအချိန်က သူဘယ်လိုလုပ်လုပ် ဗိုလ်ချုပ်နေဝင်းတို့ ဗိုလ်ချုပ်မောင်မောင်တို့က အာဏာသိမ်းဖို့ သေသေချာချာ စီမံပြီးသားပါ။ သခင်နုအမျိုးလားလို့ မထင်ပါနဲ့။ ကျုပ်နဲ့ ဘာမှမဆိုင်ပါဘူး။
      ကျုပ်သိသလောက် မီလိုက်တဲ့ လူတွေလဲ သခင်နုကို သိပ်ဆိုးတယ်လို့ ခါးခါးသီးသီး မှတ်ချက်သိပ်ပေးတာ မတွေ့ဖူးပါဘူး။ ဒါပေမယ့် ဗိုလ်ချုပ်နေဝင်းနာမည် ကိုပြောလိုက်တာနဲ့ အားလုံးက ခါးခါးသီးသီး ဖြစ်တတ်ပါတယ်။ သမိုင်းကို ပြည်သူကလည်း ရေးပါတယ်။ ဒါပေမယ့် အခု ကျနော်မြင်သလောက်တော့ အတွေးအခေါ် ဂိုဏ်းတခုက သခင်နုကို တော်တော် ခါးခါးသီးသီး ဖြစ်နေတာ တွေ့ပါတယ်။ အဓိကက သံဂါယနာတင်တဲ့ ကိစ္စပါ။ အဲဒါလည်း ကျနော်က မြန်မာပြည်ရဲ့ သမိုင်းကို ပြောင်းသွားစေတယ်လို့ မယုံပါဘူး။
      ရိုဟင်ဂျာကိစ္စကတော့ ကျနော် ပထမဆွေးနွေးတဲ့ ကိစ္စထဲမှာ မပါတဲ့အပြင် ဒီဆောင်းပါးရဲ့ ခေါင်းစဉ်နဲ့ မဆိုင်ဘူးလို့ ယုံကြည်လို့ မဆွေးနွေးပါဘူး။ ဆွေးနွေးလိုသူများနဲ့ ဆွေးနွေးချင်ရင် ဆက်လုပ်ပါ။ မြန်မာနိုင်ငံရဲ့ တပ်မတော်ကဏ္ဍက နောက်ဆက်ပြီး အရေးကြီးမှာ သေချာပါတယ်။ ဘာလို့လဲဆိုတော့ ဒီနိုင်ငံက အကြောက်တရားနဲ့ နေလာရာက ချက်ချင်းကြီး လွတ်သွားရင် မထိန်းနိုင်ဖြစ်ဖို့ ရှိပါတယ်။ တရားအကြောင်းကတော့ ရှည်လို့ နောက်မှပဲ သီးသန့် ပြောကြတာပေါ့။
      နိုင်ငံရေးရော လူမှုရေးရော ရောနေတာကတော့ ကိစ္စမရှိပါဘူး။ ဘာသာရေး မပါလျှင်ပေါ့။ ခင်ဗျားလဲ တခါတလေတော့ ပြောတယ်မဟုတ်လားလို့ မေးရင် yes ပါ။ ဒါပေမယ့် ကျုပ်က သူများဘာသာရဲ့ အတွေးအခေါ်တွေကို မဝေဖန်ပါဘူး။ ကျနော်တို့ ဘာသာကို စပြီး မဝေဖန်ရင်ပါ။ ပြောတာကလည်း ရိုးရိုးလေး ကြည်ညိုစိတ်ရှိသူတွေ ဝမ်းသာနိုင်အောင် ပြောပေးတာပဲ ရှိပါတယ်။ တခုတော့ ရှိပါတယ်။ ပြောလက်စနဲ့တော့ မထူးပါဘူး။ အတွေးအခေါ်လိုလို ဂိုဏ်းတခုက မြန်မာတွေ ကိုးကွယ်တဲ့ ဗုဒ္ဓဘာသာကို ဝေဖန်တာလေးတွေတော့ ရှိပါတယ်။ နောင်ကြုံမှ သူတို့ရဲ့ တကမ္ဘာလုံး ပြန့်နေပြီဆိုတဲ့ တရားကြီးကို ကြည့်ကြသေးတာပေါ့။ စိတ်ချပါ။ ကျုပ်က လူထွက်သွားတဲ့ မစိုးရိမ်စာသင်သား မဟုတ်ပါဘူး။ ဒီဆရာတွေကလည်း ကျနော့်ကို အတော် မေတ္တာရှိပုံ ရပါတယ်။ ဒါတောင် သူတို့နဲ့ အတွေးအခေါ် ရေးရာမှာ သိပ်ထိပ်တိုက် မတွေ့ရသေးပါဘူး။
      အော်မေ့လို့ နံပါတ် ရ အချက်က ဘာကိုဆိုလိုတာပါလဲ။ မရှင်းလို့ပါ။

      • မိုက်ကယ်ဂျော်နီအောင်ပု

        August 18, 2012 at 11:24 pm

        ဘာဘဲဖြစ်ဖြစ် ဒီပိုစ့်တစ်ခုလုံးမှာ ကျနော်ကတော့
        အစ်ကိုကြီး San Hla Gyi says: ရဲ့ကွန်မန့်တွေကို ပိုစ့်ပါအကြောင်းရာတွေနဲ့
        တွဲဖက် မှတ်သားမိပါတယ်
        မှန်တာပြောရရင် ခုဆို ကျနော် သတင်းစာတွေကို ဖတ်တယ်ဆိုရုံလေးပါ
        အထူးသဖြင့် ကော်မန့်တွေကို ( အယ်ဒီတာ အစ်ဒစ် )
        ( အယ်ဒီတာ တည်းဖြတ်ခြင်းမရှိတဲ့ ) ဆိုဒ်တွေကို အလေးပေးဖတ်ပါတယ်
        ခု
        အစ်ကိုကြီး San Hla Gyi says: ရဲ့ ကော်မန့်တွေကို အလေးထားဖတ်ရှု့ပါတယ်
        ဆိုလိုတာက ဆပ်ပို့ပါတယ်ခင်ဗျား
        စိတ်ကိုအေးအေးထားပြီး တစ်ခုခုပြောကြည့်ဘို့တိုက်တွန်းပါတယ်
        အတိုက်ခံပြောသူတိုင်းဟာ တိုင်းပြည်ကို ကောင်းစားစေခြင်သူတွေလို့
        အကြမ်းဖျင်းမှတ်ချက်ချမိပါတယ်
        နောက်မဆုတ်ပါနဲ့
        ဆက်ပြောပါ
        အတိုက်ခံလုပ်ပါ
        ဖင်ပိတ်ပြီးငြင်းပါ 😀 😀 😀

        • San Hla Gyi

          August 19, 2012 at 7:26 am

          အင်း ကိုမိုက်ကယ်ဂျိုနီအောင်ဘုရေ
          ကျနော်ကတော့ ဖင်ပိတ်ပြီး မငြင်းတဲ့အပြင် လိုအပ်ရင် ဥပမာလေးတွေပါ ထည့်ပြီး စိတ်အေးလက်အေး ပြောတာပါ။ လိုအပ်ရင် ပေးတဲ့ ဥပမာတွေကို မရှင်းရင် ထပ်ဆွေးနွေးဖို့တောင် ပြောပါသေးတယ်။ ဘာလို့လဲဆိုတော့ ကျနော့် အယူအဆကို ခိုင်မာကြောင်း ပြချင်လို့ပါ။ ခင်ဗျားကိုလည်း ကျနော် ပြောဖူးပါတယ်။ ကျနော် ထုံးစံအတိုင်း highlight လုပ်ပါတယ်။ ကိုမိုက်ခဲဂျိုနီအောင်ဘု ကတော့ ဆဲတဲ့ကွန်မန့်တွေရေးပြီး ကွိကွိလို့ မျောက်အော်သံပါ ထည့်ရေးရင်တောင် ထောက်ခံမယ့်လူက ရှိပြီးသားပါ။ ခင်ရာဆွေမျိုးပေါ့ဗျာ။ တကယ်လဲ ကျနော်က အယ်ဒီတာ edit လုပ်ခြင်းမရှိတဲ့ ကွန်မန့်တွေကို ပိုကြိုက်ပါတယ်။ ဆဲတာတွေတော့ ဖျက်နိုင်တာပေါ့ဗျာ။

      • maungmoenyo

        August 20, 2012 at 1:49 am

        အမှန်ဝန်ခံရရင် မောင်မိုးညို က”တည်မြဲ” ဖဆပလဘက်နွယ်တဲ့မိသာစုကပေါက်ဖွားတာမို့ နိုင်ငံရေး “အာဃာတ” ရှိတယ်လို့စွပ်စွဲမယ်ဆိုရင်ခံရဘို့ဘဲရှိပါတယ်။ ဆန့်ကျင်ဖက်နိုင်ငံရေးပါတီတွေကို ရစရာမရှိအောင်အပုတ်ချခဲ့တဲ့၊ အပြင် ကိုယ်ကိုယ်ကိုယ် ကင်ဘိနက်အစည်းဝေးတွေမှာ “ကျုပ်ကခင်ဗျားတို့လိုဟုတ်ဘူး။ ဘုရားဆုပန်ထားတဲ့သူ” ဆိုပြီး ကိုယ်ကိုယိကို ကိုယ်ရည်သွေးရင်း ငေါက်ငန်းတတ်တဲ့အပြုအမူတွေကြောင့်၊ သူ့ကိုစိတ်ပျက်ကြတဲ့ သူ့ “ပထစ” ပါတီဝင်တွေရဲ့ဝန်ခံချက်တွေ မောင်မိုးညို ကိုယ်တိုင်နားနဲ့ဆတ်ဆတ်ကြားခဲ့ဘူးပါတယ်။ ဒေါသအလွန်ကြီးပြီး၊ ကိုယ်ထင်ရာကိုယ်ကိုယ်လိုရာဆွဲတွေးတတ်ပြောတတ်တာတွေရှိပါတယ်။ ကြုံတုံးပြောရအုံးမယ်။ ခရီးသွားရမဲ့ကိစ္စတိုင်းကိုယ်တိုင် ဗေယင်နက္ခတ်ကြည့်ပြီး၊ အရပ်မတည့်ဘူးဆိုရင်၊ ဘယ်လောက်အရေးကြီးပြီးနိုင်ငံအတွက်အရေးကြီးပစေ၊ ခရီးစဉ်ဖျက်သိမ်းတတ်တဲ့ အယူသီးလွန်းတဲ့ အကျင့်ကိုင်စွဲတတ်သူပါ။ ကိုယ်ကျင့်သိက္ခာပိုင်းမှာတော့ စံနမူနာပြရလောက်အောင် အပြစ်ကင်းသူပါ။ ကျုပ်ဒါလုပ်ရင် အ,ကုသိုလ်ဖြစ်မနေဘူးလားလို့ မကြာခနမေးတတ်သူပါ။ အဲ- ဗိုလ်ချုပ်နေဝင်းနဲ့အောင်ကြီးစစ်တပ်ရဲ့ နောက်ကွယ်က သခင်ဗစိန်တို့နဲ့ အလုပ်ရှုတ်နေကြတာကို၊ ကျုပ်လိုလူကို ဗိုလ်နေဝင်းက ဒုက္ခဘယ်တော့မှမပေးနိုင်ဘူးလို့ တယူသန်မျက်စေ့မှိတ်ယုံခဲ့သူပါ။ အင်းစိန်အစိုးရလို့သမုတ်ရအောင် သူ့ရဲ့အုပ်ချုပ်ရေးအာဏာလျောနဲလာတာကိုထောက်ပြတဲ့၊ သူတော်ကောင်းကြီးဦးဗဆွေရဲ့စကားကိုပယ်ချခဲ့လို့ တိုင်းပြည်ရေစုံမြောရတာ သူက နံပါတ်တစ် တရားခံပါ။
        သခင်နု – totalitarianism ကို မျိုးစေ့ချပေးခဲ့သူ၊
        ဗိုလ်နေဝင်း – totalitarianismကို အဆိတ်ပင်ရေလောင်းလုပ်ပေးခဲ့သူ၊ လမ်းစဉ်ပါတီ (၂၆)ကာလက အမှန်တကယ် totalitarianism မဟုတ်သေးပါဘူး၊
        ဗိုလ်သန်းရွှေ – totalitarianism ဆိုတာဒိလိုဘဲဟေ့ လို့ လက်တွေ့ သရုပ်ဖေါ်ပြီး သန်း(၆၀)သော လူထုကိုချောက်ထဲဆွဲချခဲ့သူ၊

        • San Hla Gyi

          August 20, 2012 at 2:32 pm

          ကို maungmoenyo ရေ
          ကျနော် နံပါတ် ရ အချက်က ဘာကိုဆိုလိုတာလဲလို့ မရှင်းလို့ ထပ်မေးပါရစေ။ တတိယအကြိမ်မြောက် မေးခြင်းပါ။
          ကျနော်က အမှန်မှာ သခင်နုကော ဗိုလ်ချုပ်နေဝင်းရော ဗိုလ်ချုပ်သန်းရွှေ အကြောင်းကိုပါ ပြောဖို့ရည်ရွယ်ချက် မရှိပါ။ ဘာလို့လဲဆိုတော့ လမ်းချော်ပြီး စနစ်အကြောင်းကနေ လူအကြောင်းကို ရောက်သွားမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဆောင်းပါးရှင် ကိုယ်တိုင်က နာမည်တပ်လာပြီ ဖြစ်လို့ မပြောလို့ မဖြစ်တော့လို့ပါ။
          အဲဒီတော့ ကျနော့် အနေနဲ့ အယူအဆကို အကျဉ်းချုပ်ရရင် မြန်မာပြည်ရဲ့ လက်ရှိပြဿနာက ရှေးရိုးစွဲစနစ် ဆိုတာကြီးက လူတန်းစားတရပ် အနေနဲ့ ရှိနေတယ်လို့ သိပ်တော့ မထင်ပါဘူး။ မလုပ်တတ်သေးတာရယ် နောက်ပြီး ကိုယ်ရထားတဲ့ အကျိုးစီးပွားလေးတွေ လွတ်သွားမလားဆိုပြီး ကိုယ့်လုံခြုံမှုအတွက် ထည့်တွက်လို့ပါ။ ရှေးရိုးစွဲသမားက အဲဒီလို မဟုတ်ပါဘူး။ အခုလူတွေက သူတို့ထင်သလို မဟုတ်ဖူးဆိုရင် မြန်မြန်တောင် ပြောင်းမယ့် သဘောရှိပါတယ်။
          ဒီကိစ္စမှာ ဘာသာရေးကိစ္စ အဓိက အယူအဆတွေကို စာရေးသူကိုယ်တိုင်လည်း ထုတ်မပြောတဲ့အတွက် ဘာသာရေး မပါဘူးလို့ ယုံကြည်လိုက်ပါတယ်။ ဘာလို့လဲဆိုတော့ ဘာသာရေးကိစ္စက ကိုးကွယ်ယုံကြည်မှု ဖြစ်လို့ နည်းနည်း hot issue ဖြစ်လို့ပါ။ အမှန်တော့ မူလက ဘာသာရေး ပါတော့မလားတောင် ထင်ထားပါသေးတယ်။ ဘာလို့လဲဆိုတော့ စာရေးသူ ကလောင်အမည်ကလည်း မိုးကလေးနဲ့စတာ ဆိုတော့ မစွန်းရင်းကလဲရှိ ကန်စွန်းခင်းကလည်းငြိ ဆိုသလိုပေါ့။
          ကဲ အခုတော့ ပြောလက်စနဲ့ သခင်နုဘက်က နည်းနည်းတော့ ရှေ့နေလိုက်ပေး လိုက်ပါအုံးမယ်။ ဒေါ်သန်းသန်းနုတို့ ဘာတို့ ဖတ်မိရင်လည်း ရှေ့နေခလေး ဘာလေး ရလိုရငြားပေါ့။ ကြိုပြောထားမယ်နော် ကျုပ်က ဘာမှမနွယ်ဘူး သက်သက်ကြုံလို့ အခမဲ့ ရှေ့နေလိုက်ပေးတာပဲ။ ခင်ဗျားပြောတဲ့ နည်းနည်း သခင်နုကို အာဃာတရှိတယ် ဆိုတာ တကယ ်ဟုတ်လိမ့်မယ်ဗျ။ ဦးဗဆွေကျတော့ သူတော်ကောင်းကြီး ဦးဗဆွေလို့ ခေါ်ပြီး သခင်နုကျတော့ ပုတ်ခတ်သွားလို့ပဲ။ အမှန်တော့ ကျုပ်တို့က အနေသာကြီးပါဗျာ။ သူတို့ သားသမီးတွေတောင် ဘယ်လိုမှ သဘောမထားလို့ အလုပ်တွဲလုပ် ကြသေးတာပဲ။
          တကယ်တမ်းသာ အဲဒီလို ပုတ်ခတ်မယ်ဆိုရင် အုပ်ချုပ်တဲ့ ခဏလေးအတွင်းမှာ ရန်ကုန်မြို့က သားသတ်သမားဆိုတဲ့ ဘွဲ့ရသွားတဲ့ ဦးစိန်လွင်တို့ ဗိုလ်ချုပ်နေဝင်းကို အယူဝါဒလက်နက်တွေ တပ်ဆင်ပေးခဲ့တဲ့ အလံနီလူထွက် ဦးချစ်လှိုင်တို့ကို ပိုဝေဖန်သင့်တာပေါ့ဗျာ။ သူတို့လုပ်ရပ်က အများကြီး ပိုဆိုးပါတယ်။ ပြောရင် သိပ်ရှည်မှာစိုးလို့ ခြုံ့ပြောကြတာပေါ့ဗျာ။
          တခုတော့ မမေ့နဲ့ဗျ။ သခင်နုဟာ ပြည်သူကပေးတဲ့မဲနဲ့ အနိုင်ရခဲ့သူဖြစ်တယ်။ ဦးစီးပြီး ကျင်းပပေးတာကလည်း တပ်မတော်ကဗျ။ သခင်နုဘက်ကို မပင်းတဲ့အပြင် တည်မြဲက ဦးဗဆွေနဲ့ ဦးကျော်ငြိမ်းတို့ ဘက်ကိုတောင် ဘက်လိုက်ခဲ့သေးတယ်။ ဘာလို့လဲဆိုတော့ တည်မြဲက လူတွေနဲ့က တော်လှန်ရေးတုန်းက ရဲဘော်ရဲဘက်တွေ ဖြစ်ဖူးတာကိုး။ သခင်နုကျတော့ တိုက်ခိုက်ရေးသမား မဟုတ်ဘူးလေ။ အဲဒီတုန်းက တပ်မတော်က တည်မြဲဖဆပလ ဘက်ကိုပင်းခဲ့လို့ ရွေးကောက်ပွဲ အပြီးမှာ ဗိုလ်ချုပ်နေဝင်းက သိက္ခာဆည်တဲ့ အနေနဲ့ တပ်မှူးတော်တော် များများကို ထုတ်ပစ်ခဲ့ရတယ်လေ။ အမှန်တော့ သူကိုယ်တိုင်လဲ အစက နှာစေးနေခဲ့တာပဲ။ ဒီအကြောင်းတွေကို တလောတုန်းကပဲ NLD ဒုဥက္ကဌ ဗိုလ်ချုပ်ကြီးဟောင်း တင်ဦးကိုယ်တိုင် ဝန်ခံခဲ့သေးတာပဲ။
          နောက်ပြီး ဦးကျော်ငြိမ်းကိုယ်တိုင် ဗိုလ်ချုပ်နေဝင်းကို ကာကွယ်ရေးဦးစီးချုပ်ခန့်ဖို့ သခင်နုကို အမျိုးမျိုး တိုက်တွန်းခဲ့တာပါ။ ဒီအကြောင်းကို အမှောင်ကြားက ဗမာပြည် စာမျက်နှာ ၁၀၆ နဲ့ ဦးနုကိုယ်တိုင်ရေးတဲ့ တာတေစနေသား နှစ်ခုစလုံးမှာပါတယ်။ ဘာလို့လဲဆိုတော့ သူက ကွန်မြူနစ်ဝါဒကို ဆန့်ကျင်သူလေ။ ဒီတော့ ဗိုလ်ချုပ်ကျော်ဇောတို့ ဗိုလ်ဇေယျတို့လို ကွန်မြူနစ်နွယ်တဲ့ တပ်မှူးကြီးတွေကို မလိုလားလို့ နေရာပေးခဲ့တာပါ။ သခင်နုက ဗိုလ်ဇေယျကို ကာကွယ်ရေးဦးစီးချုပ် မခန့်နိုင်ဘူးလို့ ငြင်းတော့ သူကိုယ်တိုင် အောင်ပြီ အောင်ပြီလို့ ကြွေးကြော်ခဲ့သေးတာပဲ။ အဲဒီမှာ အတွက်မှားကုန်တာပေါ့။
          ဆိုတော့ ဒီကိစ္စမှာ သခင်နုအပြစ်မကင်းဘူးဆိုရင် ဦးဗဆွေတို့ ဦးကျော်ငြိမ်းတို့လည်း ထိုနည်းလည်းကောင်းပါ။ ရွေးကောက်ပွဲမှာလဲ တပ်မတော်အားကိုသုံးပြီး ဦးဗဆွေက နိုင်လျှင်လည်း နိုင်ရမည် ရှုံးလျှင်လည်း နိုင်ရမည်လို့ ပြောခဲ့တာတွေကောပေါ့။ ဒီမှာတင် နိုင်ငံရေးအကင်းပါးတဲ့ သခင်နုက မြန်မာတွေက ဒီမိုကရေစီကို ရွေးမှာလား ဖက်ဆစ်ကို ရွေးမှာလားလို့ ပြောလိုက်တဲ့ အခါမှာ ပြည်သူကလည်း ဦးနုကိုပဲ မဲတွေပြိုဆင်း ပါတော့တယ်။ ညစ်နည်းပေါင်းစုံနဲ့ ညစ်ခဲ့တာတွေကို အမှောင်ကြားက ဗမာပြည် စာမျက်နှာ ၂၅၃ မှာဖတ်ကြည့်နိုင်ပါတယ်။ သခင်နု ထိုက်ထိုက်တန်တန် နိုင်ခဲ့တာပါ။
          ပြောရင်းနဲ့ သခင်နုကောင်းကြောင်းတွေ ဖြစ်ကုန်ပါအုံးမယ်။ သူတကယ်လဲ မှားတာတွေ ရှိပါတယ်။ ဒါပေမယ့် ကျနော်ကတော့ ဦးစိန်လွင်တို့လို လူတွေလောက်တော့ မဆိုးဘူးလို့ ယုံကြည်ပါတယ်။ အခုတလော သခင်နုကို ဝေဖန်တာတွေက သံဂါယနာတင်တဲ့ ကိစ္စအတွက် မကျေနိုင် မချမ်းနိုင် ဖြစ်နေတဲ့ အတွေးအခေါ် ဂိုဏ်းသားတွေ တဖြည်းဖြည်း များလာလို့ မဟုတ်ပဲနဲ့ လူတယောက် လိုတာထက် ပိုပြီးနာမည်ပျက်မှာ စိုးလို့ပါ။ ကျနော် ဗိုလ်ချုပ်နေဝင်းတို့ကို မကာကွယ်ခဲ့ပါဘူး။ မျှတရမှာပေါ့။ သံဂါယနာ တင်တဲ့ကိစ္စကတော့ နောက်ဆက်ကြတာပေါ့။ စကားမစပ် စာရေးသူပြောတဲ့ သခင်နုပြောတဲ့ စကားတွေက ဘယ်စာအုပ်တွေမှာ အကိုးအကား ရနိုင်မလဲခင်ဗျာ။ ကျနော် မသိလို့ပါ။ ကျနော့် အနေနဲ့ အာဏာရဲ့ အတွင်းစည်းထဲထိ မဝင်နိုင်တာကြောင့် အကိုးအကားလိုပါတယ်။ ပြောတဲ့စကား ဆိုတာကတော့ စာပေနဲ့ အမှတ်အသား မရှိရင် သိပ်မခိုင်လို့ပါ။ ပြောရင်လည်း စာနဲ့ ရေးထားမှ နှစ်ဘက်စလုံးကို ချပြလို့ ရမှာပေါ့။ အမှန်တော့ ဒီအကြောင်းက ဆောင်းပါးတောင် ရေးသင့်ပါတယ်။

        • San Hla Gyi

          August 20, 2012 at 2:40 pm

          အော်မေ့လို့
          သခင်နု ဗေဒင်ယုံကြည်တာကတော့ ဗိုလ်ချုပ်ကျော်ဇောရဲ့ ကိုယ်တိုင်ရေး စာအုပ်ထဲမှာ ဖတ်ဖူးပါတယ်။ ကျနော် ပြောချင်တာက သခင်နုပြောတဲ့ ကျုပ်က ခင်ဗျားတို့လို မဟုတ်ဘူး ဘုရားဆုပန်ထားတဲ့သူ ဆိုတဲ့ စကားပါ။ သူဘယ်မှာ ပြောတာလဲ ဆိုတဲ့ စာပေ အကိုးအကား လိုချင်တာပါ။ ဘာလို့လဲဆိုတော့ သူတကယ်ပြောခဲ့ရင်လဲ ဒီလိုဟာမျိုးက အထောက်အထား ရှိရပါမယ်။ မဟုတ်ရင် လူတယောက် နစ်နာနိုင်ပါတယ်။ ဘယ်ပါတီဝင်က ပြောလိုက်တာပါ စာပေတော့ မရှိပါဘူးဆိုရင်တော့ ကျနော်တို့က ဟုတ်မဟုတ် ဘယ်လိုမှ မသိနိုင်ပါဘူး။ တော်ကြာ ဟိုတလောက Uzin ဆိုသူလို ပဌာန်းကျမ်းကို ဝေဖန်ပြီးကာမှ သူပြောတာ မဟုတ်ပါဘူး သူများပြောတာ ကြားလို့ပါ ဆိုသလို ဖြစ်နေမှာ စိုးလို့ပါ။

  • ကြောင်ကြီး

    August 18, 2012 at 11:26 am

    နံပါတ် (၉)အချက် လူဟောင်းနဲ့လူသစ် နေရာလုမည့်ပွဲကတော့ ဘယ်သူလွန်သလဲ ပြောရအတော်ခက်မယ်။ လူဟောင်းကလည်း ခံတုန်းကခံပြီး ဟုတ်မယ်ကြံကာရှိသေး လူသစ်တွေက တလကြမ်းဝင်လာတော့ လူပဲဗျာ သူသူကိုယ်ကိုယ် ကျေနပ်နိုင်ပါ့မလား ကိုယ်ချင်းစာကြည့်ပေါ့…။ နှစ်ဖက်စလုံးမှာ ကိုယ်စီအားနည်းချက် ရှိပါတယ်…။ တက်ကြွတဲ့ လူသစ်အတော်များများ တွေ့ဖူးတယ်၊ များသောအားဖြင့် ပညာတတ်တယ်၊ အိုင်ဒီယာအသစ်ရှိတယ်၊ သို့သော် မစွန့်ဘဲနဲ့ (တနည်း) မှတ်ကျောက်အတင် မခံဘူး၊ ခံလည်းမခံရဲဘဲနဲ့ လုပ်ပိုင်ခွင့်၊နေရာကို ကြားဖြတ်ယူချင်တယ်။ လူဟောင်းတွေကြပြန်တော့လည်း အများစု ဖြတ်သန်းလာရတဲ့ ဘဝကြမ်းလွန်းလို့ အနည်းစုသာ နိုင်ငံတကာ ဝင်ဆံ့တဲ့ပညာရေး ပိုင်ဆိုင်ကြတယ်။ ပြီးတော့လည်း ကျောင်းစာ စိတ်မဝင်စားလို့ နိုင်ငံရေးလုပ်တာ၊ ထောင်ကျတန်းကျ တောထဲရောက်ဘာရောက်နဲ့ ဦးနှောက်တွေလည်း မလန်းကြတော့ဘူး။ ဒီလိုနဲ့ နိုင်ငံခြားရောက်၊ ဝမ်းရေးအတွက် လှုပ်ရှားရုန်ကန်ကြနဲ့ အနည်းစုပဲ ပညာရှင်များဖြစ်လာတယ်။ ခေတ်လည်းပြောင်းရော ပြောစရာတွေ ဖြစ်ကုန်ရော။ အခုလို အစိုးရအပြောင်းအလဲ မဖြစ်ခေတ် နယ်စပ်မှာ အန်ဂျီအိုခေတ်ကောင်းစဉ်ကထဲက ပြည်ပထွက် ပညာသင်လာတဲ့ လူသစ်တွေနဲ့ လူဟောင်းများတိုက်ပွဲ စပြီးနေပါပြီ။ အခုဆို ပိုဆိုးပြီပေါ့..။ လူသစ်တွေကလည်း လူဟောင်းတွေကို ထိုက်သင့်တဲ့ ရိုသေလေးစားမှု မပြေးကြသလို လူဟောင်းများကိုယ်၌ကလည်း ညီညွတ်မှုမရှိဘူး။ ကျနော့်သဘောကတော့ ရှစ်ဆဲ့ရှစ်မျိုးဆက် ကျောင်းသားခေါင်းဆောင်များကို အားကိုးတယ်။ သူတို့ကိုယ်တိုင် မဖြစ်မနေ အလှည့်ကျစီ နိုင်ငံခြားထွက် ပညာသင်ရမှာဖြစ်သလို လူသစ်၊လူဟောင်းများကို ဦးဆောင်မှု ပေးသွားစေချင်တယ်။ ကျနော့်စိတ်ထင် လူသစ်၊ လူဟောင်းများ ရည်မှန်းချက် တထပ်ထဲကျမယ် မထင်ဘူး။ လူဟောင်းများက နိုင်ငံရေးသမားစိတ် -အဖွဲ့အစည်းခေါင်းဆောင် ဖြစ်ချင်တယ်။ စည်းရုံးရေးမှူးတာဝန်များပေး။ လူသစ်များက ပညာတတ်စိတ် – တတ်သိထားတဲ့ ပညာအသုံးချချင်တယ်။ သူတို့ကို ပရောဂျက်တွေမှာ မန်နေဂျာအဖြစ် အသုံးချ။ ရေရှည်မှာတော့ လူသစ်၊ လူဟောင်း စိတ်ဓာတ်များ ဖယ်ထုတ်ပြီး တာဝန်ယူရဲ လုပ်ရဲကိုင်ရဲ စေတနာပါတဲ့ ပညာတတ်များ ရှာဖွေဖေါ်ထုတ် နေရာပေးရပါမယ်။ (ဟီဟိ..ဒီလိုတော့ပ်ပစ်မျိုး ဆွေးနွေးရတာ သိပ်အရသာရှိတယ်။ ကျောင်းတုန်း ပရောဂျက်ရေးသလို ကိုယ်တိုင်မလုပ်ရတိုင်း လေနဲ့စီမံကွပ်ကဲနေတာ) :mrgreen:

    • San Hla Gyi

      August 18, 2012 at 9:21 pm

      ကိုကြောင်ကြီးရေ အဲဒီတချက်ကလဲ ခင်ဗျားနဲ့ ကျုပ်အမြင်ချင်း ထပ်တူနီးပါးပဲဗျို့။

    • maungmoenyo

      August 20, 2012 at 2:06 am

      မှန်လိုက်လေ ကိုကြောင်ကြီးရယ်။ လူဟောင်းနဲ့လူသစ် အပြောင်းအလဲမှာ လူဟောင်းတွေ ဘယ်လိုဘဲ သမိုင်းပြောင်ခဲ့ပါစေ၊ လူသစ်တွေက လူဟောင်းတွေကို လက်ညှိုးငေါက်ငေါက်ထိုးတတ်ကြတာက မြန်မာပြည်မှာ ခေတ်အဆက်ဆက်ပါ။ ပင်စင် သွားပြီဆိုရင်လမ်းဘေးရောက်ကြရတဲ့ ဘဝ/ခေတ် ခုတော့ ကုန်စပြုတဲ့ လက္ခဏာတွေတွေ့နေရပါတယ်။ ဥပမာအသားဖြင့်၊ ဗိုလ်သိန်းစိန်အစိုးရ ကလူဟောင်းတွေရော၊ မဟောင်းတဟောင်း တွေ ရော၊ ခေတ်အဆက်ဆက် ရန်သူကြီးတွေလို့သတ်မှတ်ခံကြရသူတွေကို၊ နိုင်ငံရေးမျက်နှာစာသစ်တွေမှာနေရာပေးလာကြတာတွေတွေ့နေရပါတယ်။ (၁၉၆၈ ဒီဇင်ဘာလ) မှာ(၃၃)ဦးကော်မတီ နဲ့ ဗိုလ်နေဝင်းက ခေတ်အဆက်ဆက် နိုင်ငံရေးလုပ်ဖေါ်တွေကို နေရာပေးပြီးအကြံညဏ်ရယူခဲ့တဲ့ သာဓကတော့ရှိပါတယ်။ အစည်းအဝေးတိုင်း မှာ ငယ်ကျိုးငယ်နာတွေဖေါ်ကြ၊ ရန်ဖြစ်ကြ၊ နိုင်ငံရေးအယူသီးဝါးကို ခဝါမချနိုင်ကြလို့လပိုင်းအတွင်းမှာပဲ အဲ့ဒီ mission အနိစ္စချောခဲ့တယ် ဆိုပါစို့။ အဲ့ဒါနိုင်ငံရေး အာဃာတတွေပါ။ အဲ့ဒီ(၃၃)ဦးအကြံပေးကိစ္စက နောက်ပိုင်း တက်လာသမျှ အစိုးရအဆက်ဆက်ရဲ့၊ လုပ်ဖေါ်ကိုင်ဖက်နိုင်ငံရေးသမားဟောင်းတွေကို ပြန်ခေါ်စေချင်တဲ့ အာသီသကို အကြီးအကျယ် တားဆီးခဲ့စေပါတယ်။
      ၁၉၈၈ နောက်ပိုင်း၊ ဗိုလ်နေဝင်း တယောက် အေဒီလမ်း မှာနေအိမ်အကျယ်ချုတ်ကျစဉ်က၊ သူ့ကိုဝင်ရောက်တွေ့ဆုံစကားစမြည်ပြောခွင့်ရခဲ့ကြတဲ့ လက်တဆုတ်စာသော ပုဂ္ဂိုလ်အချို့ လက်ရျိထင်ရှားရှိနေကြပါသေးတယ်။ အဲ့ဒီသူတွေကို ဗိုလ်နေဝင်းဘာပြောသွားသလဲ မေးကြည့်ကြပါ။
      ခက်တာက နိုင်ငံတည်ဆောက်ရေးမှာ နံပါတ်(၁) အရေးကြီးဆုံးက လူတိုင်း ထမင်းနပ်မှန်ရေးက ထိပ်ဆုံးကိစ္စပါဘဲ။ အဲ့ဒီကိစ္စက ပညာတတ်များသာလုပ်နိုင်ပါတယ်။ မြန်မာနိုင်ငံလွတ်လပ်ရေးရပြီး စက တံငါရွာအဆင့်သာရျိခဲ့တဲ့ စင်္ကာပူ က London School of Economics မှာ first class first ပညာဆီးပူးခဲ့တဲ့ လီကွမ်းယူရဲ့အမျော်အမြင်ကြီးမားမှုရဲ့ရလဒ်က ဒီကနေ့စင်္ကာပူ ဘယ်ရောက်နေလဲဆိုတဲ့ သာဓကပါဘဲ။

  • ရဲစည်

    August 18, 2012 at 3:04 pm

    ဝိုး … ပို့စ်ကို စစဖတ်ခြင်းတော့ သိပ်သဘောမကျဘူး
    တိုတိုရှင်းရှင်းနဲ့ ထိထိမိမိ မကျလှဘူး နည်းနည်းရှုပ်သလိုဘဲ
    အောက်က ကွန်းမင့်တွေ ဖတ်ကြည့်မှ ရှင်းရှင်းလင်းလင်းနဲ့
    ဖတ်ရတာ ပိုကျယ်ပြန့်လာတယ် ကျေးဇူးပါ ဦးဦး၊ ဒေါ်ဒေါ်တို့ဗျား
    အတွေ့အကြုံတွေလည်းရှိ အတတ်ပညာတွေလဲ အားကောင်းတော့
    ဖတ်ရတာ အရမ်းကောင်းပါတယ် ခင်ဗျ ….
    ဝင်ရောက်ဆွေးနွေးနိူင်ဖို့တော့ အချိန်အတော်ကြာယူရအုံးမယ် …

    ကျွန်တော်ကြားဖူးတာလေးတွေ နည်းနည်းမေးကြည့်ချင်ပါတယ်
    အခုအနောက်ဘက် ကိစ္စမတိုင်ခင် ကချင်ဒေသကိစ္စကတည်းက
    ဒီခွဲထွက်ရေးတို့ ခွဲထွက်နေကြပီလို့ ဆိုတဲ့ အသံတွေ ကြားရပါတယ်
    နောက်….တချို့သောသူတွေ ပြောစကားအရ လက်ရှိကို တပါးနိူင်ငံရဲ့
    တိုက်ရိုက် အုပ်ချုပ်ခွင့်ရ ဒေသတွေ ရှိတယ်လို့လည်း ကြားရပြန်ရော
    အဲတော့ဗျ ရှေးမဆွက ရှိခဲ့ပြီး ဖြစ်ခဲ့ပြီး ကိစ္စတွေ အပြင် နောင်လည်း
    ထပ်ဖြစ်နိူင်ဖို့ တာစူနေတဲ့ သဘောများလားဗျ ……

    လွှတ်တော်အကြောင်းတော့ ကောင်းကောင်းမသိပါ ကလေးအတွေးနဲ့
    ပြောရရင် ကျောင်းတက်ကာစ ကလေးလိုဘဲ စာသင်ခန်း၊ ထိုင်ခုံ၊ ကျောက်သင်ပုန်း၊
    အတန်းပိုင်ဆရာမ အလယ် မုန့်ဈေးတန်းအဆုံးပေါ့ ဘာမှ အထိုင်မကျသေးတဲ့
    သဘောလို့ မြင်မိပါတယ်… နည်းနည်းတော့ အချိန်ပေးရမယ် ထင်ပါတယ်။
    အဲ့မှာက နှစ်ကျတွေရှိမယ် သူတို့ကလည်း အတည်ပေါက်နဲ့ ချောက်တွန်းတာတွေ လုပ်မျာကိုး
    နောကိပီး တရက်၊ နှစ်ရက်လောက် စောရောက်နေပေမဲ့ ပါဝါ ဘယ်လ်န့် လုပ်ကျတဲ့ အနေအထားလဲ
    များနိူင်တာကိုး ကျနော် ငယ်ငယ်က ကျောင်းသားဘဝ အဲလို ကြုံခဲ့ရလို့ …..

    နည်းပညာနဲ့ ရှေးရိုးစွဲ ဆိုတာတော့ ကျနော့် အမြင် ဘာမှ မဆိုင်ဘူးထင်တယ်
    အာဏာရှင်တွေ ဘာတွေ စနစ်တွေနဲ့ တိုင်းလို့တော့ မရဘူးလို့ ထင်မိတယ်
    တချို့နေရာတွေမှာ အရမ်းချဲ့ကားလို့ မရဘူးထင်တယ် (အထင်ပါ)

    ဖြစ်နိူင်ရင် လက်တွေ့ အဲ့အဖွဲ့အစည်းထဲက တယောက်လောက် လာပီး ဝင်ဆွေးနွေးရင် သိပ်ကောင်းမယ်
    ကျနော်တို့ မသိတာတွေ သိလာရမယ်
    ကျနော်မြင်တာတွေ သူတို့ရမယ်
    ကျနော်တို့ ထင်တာတွေကို မှန်၊မှား ကွဲခြား သုံးသပ်လာနိူင်မယ်
    ခက်တာက ကိုယ့်ဆြာတွေက ဝင်သာဖတ်ပီး
    တချို့က တောက်ခေါက်ကျ ( နာတာကိုး 🙂 )
    တချို့ကလဲ ရယ်ကျနဲ့
    ခုထိကို အများပြည်သူနဲ့ တသားတည်း မကျသေးတာ မကျနိူင်သေးတာ
    စိတ်အထင် ဒီလိုဆွေးနွေးတာတွေဟာ ပေါက်ကြားမှု ဆိုတဲ့ ရှေးရိုးစွဲ အမြင်တွေ ရှိနေသေးတယ်လို့
    ……………
    ထင်မိပါတယ်
    ကျနော်တတ်သလောက် ဝင်ပြောကြည့်တာပါ
    အမှားပါရင် ခွှင့်လွှတ်တာထက် ထောက်ပြ သင်ကြားပေးပါခင်ဗျ …
    လေးစားစွာဖြင့်

  • ရဲစည်

    August 18, 2012 at 10:39 pm

    အဟင့် …………
    ပြောချင်ရာ ပြောပီး
    မေးတာတော့ မဖြေကျဘူး
    စိတ်ထိခယက်တယ်

    • maungmoenyo

      August 20, 2012 at 2:29 am

      ကိုရဲ ခင်ဗျား။ http://www.pyithuhluttaw.gov.mm/ ကိုမကြာခနတက်ပြီးလေ့လာစေချင်ပါတယ်။ အမတ်မင်းတွေတကယ်ဆွေးနွေးကြတဲ့ ခေတ် ပါလီမန်ဒီမိုကရေစီခေတ် (၁၉၅၀-၆၀) မှာရှိခဲ့ဘူးပါတယ်။ လေ့လာရသလောက် (၂၀၀၈) ဖွဲ့စည်းပုံဟာ စံနမူယူလောက်တဲ့ ပြဌာန်းချက်တွေ နဲ့၊ နိုင်ငံတကာစံနှုန်းပေမမှီဒေါက်မမှီတဲ့၊ အစွန်း(၂)ပါးကိုအခြေခံထားတဲ့ အခြေခံဥပဒေကြီးပါ။ သိပ်သက်ဇိုးရှေ မဲ့ပုံမရှိပါဘူးလို့ဆိုပါရစေ။ အကြမ်းဖျဉ်းပြောပြရရင်၊ယခင်တုံးကဖွဲ့စည်းပုံတွေရှိခဲ့သလို၊ ဗဟိုနဲ့ဒေသဆိုင်ရာ အာဏာပိုင်းအဖွဲစည်းဆိုတဲ့ ချိန်ခွင့်လျှာကို ထိန်းညှိတဲ့ system ကို (၂၀၀၈) ဖွဲ့စည်းပုံမှာမတွေ့ရတော့ပါဘူး။ federalism ကိုအခြေပြု (ရာနှုန်းပြည့်တော့မဟုတ်) တဲ့ ပြည်ထောင်စုအစိုးရ က၊ သူ့လုပ်ပိုင်ခွင့်ကိုသူ့ဆီမှာဘဲထားပါတယ်။ ပြည်နယ် နဲ့ တိုင်းဒေသကြီးတွေကို ကိုယ့်လွှတ်တော်၊ ကိုယ်ဥပဒေပြဌာန်းခွင့်ပေးထားတယ်လို့ဆိုပါတယ်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အထူးဒေသရှိနေတယ်လို့ဆိုထားပေမဲ့၊ legislative power ပေးမထားပြန်ပါဘူး။ အံ့ဩစရာ၊ နားမလည်နိုင်စရာ။ တခါ သမ္မတက သူ့ပြည်ထောင်စုအဖွဲ့အစည်းတွေအပြင်၊ ဆိုခဲ့တဲ့ ဒေသဆိုင်ရာ ပြည်နယ်၊ တိုင်းဒေသကြီးတွေ နဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေရဲ့ အားလုံးသော အဖွဲ့အစည်းဝင်တွေကိုတိုက်ရိုက်ခန့်ထားတယ် ဆိုပြန်ရော ။ (သက်ဆိုင်ရာ လွှတ်တော်တွေနဲ့ တိုင်ပင်ပြီးလို့တော့ စကားကွန့်ထားတာဘဲ။)။ ပိုဆိုးတာက တပ်မတော်ကို မိမိကိစ္စမိမိဖာသာ လွတ်လပ်စွာအုပ်ချုပ်ခွင့်စီရင်ခွင့်ဆိုတဲ့အပြင်၊ နိုင်ငံရဲ့အာဏာကို automatic ထိန်းသိမ်းခွင့်ပေးရုံမက legislative အဆင့်တိုင်းမှာသူလူ (၂၅%) တိုက်ရိုက်ခန့်တယ် ဆိုတာက အကျည်းတန်စေတဲ့ကိစ္စပါ။ ခွဲထွက်ခွင့်ကိစ္စပေးမထားတာကတော့ ဝမ်းသာစရာကိစ္စပါ။ ဒါကိုလည်း ကိုယ်ကြမ္မာ ကိုယ်ဖန်တီးခွင့်ဆိုတဲ့ transparent and genuine power အပ်နှင်းပေးနိုင်ရင် ပြဿနာကို လျောပါးစေနိုင်ပါလိမ့်မယ်။ လူနည်းစု လူမျိုးစု ခေါင့်းဆောင်တွေ (အတိုက်အခံတွေအပါအဝင်) federal အဖွဲ့အစည်းတွေ အရေးကိစ္စတွေမှာ သမ္မတက နေရာပေးနိုင်ဘို့လိုပါတယ်။ ရခိုင်ကိစ္စ၊ ခုထွက်လာတဲ့ စုံစမ်းရေးကော်မရှင်ဟာ၊ မြန်မာသမိုင်းစားမျက်နှာကိုအသစ်ဖွင့်ပေးလိုက်တဲ့ လက်ရျိအစိုးရရဲ့ ချီးကျူးလောက်စရာ ဗျူဟာလို့ဆိုပါရစေ။

      • ရဲစည်

        August 20, 2012 at 5:16 pm

        ဦးမိုးညိုခင်ဗျ …….
        ခုလို ပြန်ဖြေပေးတာ ကျေးဇူးပါ
        အပေါ်က ပေးတဲ့လင့်ခ်လဲ ဝင်ဖတ်နေပါပီ ကျနော့်အတွက် လေ့လာစရာ တိုးလာပါပြီ။
        မကြာခင် ပြန်လှန်ဆွေးနွေးနိူင်အောင် ကြိုးစားနေပါတယ် ….. ။
        ၄၈၊ ၆၀၊ ၆၄၊ ၈၈၊ ကိုယ်မမှီဘူးကွ ဆိုပီး ဒီတိုင်းထိုင်နေရင် တချိန်ကျ အနေခက်ပါလိမ့်မယ်
        ၉၀၊ ၂၀၀၃၊ ၂၀၀၈၊ ၂၀၁ဝ ကိုယ့်နဲ့ မဆိုင်သေးဘူး ထင်ရပေမဲ့ တဖြည်းဖြည်း လိုအပ်လာပီ
        လို့ထင်ပါတယ်။ နောင်တချိန်များ ကျနော်တို့သမိုင်း မရိုင်းရအောင် .. သို့လော သို့လောတွေကြား
        ဖာသိဖာသာ မနေသင့်ဘူး ထင်လာလို့ပါ။
        ခက်တာက …. ဘယ်က အစဆွဲထုတ်ရမှန်း မသိဘူး
        ကျန်ခဲ့တဲ့ သမိုင်း စာမျက်နှာများ လှန်ကြည့်ရင် ….
        ကောင်းခဲ့တာတွေ တူနေပီး
        မကောင်းခဲ့တာတွေကျ ….. 🙁
        အမှန်ဆိုချင်တာက ခုချိန်မှာ အားလုံး ပွင့်ပွင့်လင်းလင်းနဲ့ မြင်သာထင်သာရှိစေချင်ပါတယ်
        ဟေ့ … ငါတို့တုန်းကတော့ ဒါတွေမှားခဲ့တယ် ဒီဟာကတော့ မှန်ခဲ့တယ် ဒါပေမဲ့ ခုနဲ့တော့ အံမဝင်တော့ဘူး
        စသဖြင့် ကာယကံရှင်တွေ ကိုယ်တိုင်ကိုကျ ပါဝင်လာစေချင်ကြောင်း …. တွေးမိတာပါ

  • အရီးခင်လတ်

    August 20, 2012 at 2:19 am

    မောင်ရဲစည်
    အရီး က တော့ ဖြေချင်ပါတယ်ဟယ်။
    သို့သော်လည်း အဲဒီဘက်မှာ ဗဟုသုတကြွယ်ဝ လွန်းလို့ ဘာဖြေရမယ် မသိလို့ပါ။ 😀

    ဦးမိုးညို
    ပြောတဲ့ဌာန က ကွက်တိ ပါဘဲ။
    ကျွန်မ ကတော့ အဲဒီက ဝန်ထမ်းတော့ မဟုတ်ပါဘူး။
    ပြင်ပ အကူပါ။
    ညွှန်ချုပ် အန်တီ က တော့ ကျွန်မ ရဲ့ Examiner ပါ။
    အန်တီ က ကျွန်မ ရဲ့ Role Model ထဲက တစ်ယောက် ဆိုပါတော့။
    သူ့လူတွေ ကလဲ တကဲ့ လူတော်တွေ ဆိုတာ လက်တွေ့သိခဲ့တာပါ။
    အရမ်းပျော်စရာကောင်း တဲ့ အချိန်တွေ အဲဒီမှာ ရှိခဲ့ဘူးပါတယ်။

    နေမြဲ ဆိုတဲ့ စကား မှာ စာရေးဆရာဆရာမောင်စိန်ဝင်း ကဗျာလေးနဲ့ ထပ်ဖြည့်ချင်သေးရဲ့။
    အကုန်မမှတ်မိ ပေမဲ့ သဘောကတော့ သွေးဆိုတာ လှေခါးအောက်ခြေမှာ နေတုန်း ရဲရဲတောက်နီပြီး ပိုပြီးမြင့်တဲ့ အထစ်ရောက်လေ သွေးကအရောင်ဖျော့ လာလေတဲ့။
    မြန်မာပြည် တော့ လူများစု အတွက် အဲဒါအမှန်ပါဘဲ။

    • maungmoenyo

      August 20, 2012 at 4:46 am

      မြန်မာနိုင်ငံရဲ့ဖွားသေနှုန်း နဲ့ ကျန်းမာရေးဆိုင်ရာညွှန်ပြကိန်းများအပါအဝင် statistics တွေကို periodically ထုတ်ပြန်ပေးတဲ့ တရားဝင်ဌာနကြီးပါ။ ကျန်းမာရေးဝန်ကြီးဌာန နဲ့ အဲ့ဒီဌာနကြီးတို့ပူးပေါင်းပြီး ထုတ်ပြန်ခဲ့တဲ့ စာရင်းဇယားကိန်းဂဏန်းများဟာ၊ ခေတ်အဆက်ဆက်အာဏာပိုင်များရဲ့ တချက်လွှတ်အမိန့်များကြောင့် ပေါက်ကရတွေဖြစ်လို့ ကမ္ဘာ့အလယ်မှာ မျက်နှာမရခဲ့ရတာက သာမာန်၊ နိုင်ငံအတွက်အရေးကြီးတဲ့ စီမံကိန်းများ၊ projections များအတွက်အသက်သွေးကြောဖြစ်တဲ့ solid data system reference ဆိတ်သုဉ်းခဲ့ရတာက လူထုနဲ့နိုင်ငံကျောကော့အောင်ခံခဲ့ရတဲ့ အဖြစ်သနစ်တွေပါ။ စိတ်ဓါတ်ကျ ပြီး နေမြဲ ဘဝကိုရောက်ခဲ့ကြတဲ့ အဲ့ဒီဌာနက ပညာရှင်များရှိခဲ့ပါတယ်။
      direct investment ဟာ နိုင်ငံတနိုင်ရဲ့ GDP တိုးတက်ရေးမှာ ပုံဖေါ်ပေးတဲ့ အချက်ပါ။ နိုင်ငံတကာငွေရေးကြေးရေး (international Monetary, World Bank, Asian Development Bank, UNDP, USAID နဲ့ ပင်မစီးပွားရေးလုပ်ငန်း (principle) ရင်းနှီးမြှုပ်နှံသူတွေ လိုချင်တာ (မြင်ချင်တာက) transparent ဖြစ်တဲ့ စီးပွားရေးစနစ်ပါဘဲ။ စာရွက်ပေါ်မှာ ထင်သာမြင်သာရုံနဲ့မရပါဘူး။ လာရင်းနှီးမြှုပ်နှံသူတွေ က ဘယ် ဝန်ကြီးဝန်ကလေးဆီ ဘယ်အဆက်အသွယ်နဲ့ ချဉ်းကပ်ရပါလိမ့် ဆိုတဲ့ စီးပွားရေးလုပ်ဟန်ရှိနေသမျှ၊ လက်သင့်ရာ စီးပွားရေးလုပ်ခွင့်ပါမစ် ချပေးတဲ့စနစ်ရှိနေသမျှ၊ ဝန်ကြီးဝန်ကလေးများကို ဝင်လုံနိုင်ရင်လုံးနိုင်သလို အခွင့်ထူးခံရတဲ့ စနစ် ရှိနေသရွေ့၊ အဲ့ ဒီ direct investment နဲ့ principle business တွေ မလာရေးချမလာပါခင်ဗျ။ အဲ့ဒီ”ရှေးရိုးစွဲ” mindset ရှိနေသေးသရွေ့ လာလည်းခနဘဲရှိပါမယ်။

  • Liquid_Sn@ke

    August 20, 2012 at 7:05 am

    အိုင်တီ ကိစ္စပဲ ကွက်မန့်ပါ့မယ်…

    ဒီဂျစ်တယ် ဒီဗိုက် ရှိကိုရှိနေတာကို ..
    ရိုးသားစွာ ပွင့်လင်းစွာ ဝန်ခံ …သင်ယူ သုံးစွဲရမယ့်အစား..
    အရိုးစွဲနေတဲ့ ကွန်ဗာဗေးတစ် ဖွဲ့စည်းတည်ဆောက်ပုံနဲ့….
    လုပ်စားနေကျ ဆိုတဲ့ … မိုနိုပိုလီ ကာလချာ အသားကျနေမှတော့

    သူများတိုင်းပြည်ကို မှီအောင်လုပ်မယ် ရှို … သာအောင် ..ကျော်တက်အောင်လုပ်မယ်ရှို…
    ၁ဝမိနစ်လောက် လက်၁ဝချောင်းလှုပ်ရုံလောက်နဲ့ သူများတွေ ကိစ္စပြတ်နေတဲ့အလုပ်ကို
    အသွား ၁ကြောင်းတည်းတင် နေ့ဝက်လောက် အချိန်ယူတဲ့ လူတွေနဲ့ကတော့ ….

    မထင် ..မထင် …
    အဲ .. အိုင်တီသုံးမလား ..(လုပ်စားနေကျ ..ဂွင်လေးတွေတော့ ဝေးကုန်မပေါ့လေ…)
    ဒါမှမဟုတ်
    တနေ့ ၂နာရီလောက် အလုပ်ပိုလုပ်မလား …
    စစ်တမ်းလေးဘာလေး ကောက်ကြည့်ပါလားဟင် လို့ …မေးရင်…
    လိုက်တောင် သတ်မယ် ထင့် ….

    တော်သေးဘီ..

    • maungmoenyo

      August 21, 2012 at 7:50 am

      ပွင့်ပွင့်လင်းလင်းပြောရရင်တော့ Liquid_Sn@ke ပြောသလို ဂွင်လေးတွေ လွတ်သွားမဲ့ အရေးက ပိုလို့အရေးကြီးနေကြတယ်လေ။ data networking နဲ့ ဝန်ကြီးဌာနအသီးသီးမှာ ဖွဲ့စည်းထားတဲ့ စီမံကိန်းနှင့်စာရင်းအင်းဦးစီးဌာနတွေ က လူထုတိုက်ရိုက်အကျိုးရှိမဲံ info-exchange မလုပ်နိုင်ရင် (သို့) efficient မဖြစ်ခဲ့ရင် ဆန်ကုန်မြေလေးအဆင့်မှာဘဲရှိပါတယ် လို့ဆို့ပါရစေ။

  • maungmoenyo

    August 21, 2012 at 8:09 am

    ကိုစံလှကြီးရေ့….သခင်နုဘုရားဆုပန်တဲ့ကိစ္စ ကဘယ်လိုသက်သေထူမလဲဆိုတာက အတော်ခက်တဲ့ကိစ္စလို့ဆိုရပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီဝေါဟာရကို သူက ကက်ဘိနက်လိုအစည်းအဝေးတွေမှာ လက်သီးလက်မောင်းတန်းပြီးပြောခဲ့ တဲ့ ကိစ္စမို့ အစည်းအဝေဒမှတ်တမ်းမှာ ပါမယ်မထင်ပါဘူး။ ကြားစကား (hear-say evidence) လို့ပြောရအောင်လဲ၊ ဒေါ်သန်းသန်းနု တို့ကိုသက်သေထူရင် သူတို့ကလည်းလက်ဝင်လျှိုမယ်လို့မထင်ပါဘူး။ သေခြာတာတခုကတော့ ကွယ်လွန်သွားကြလောက်ပြီဖြစ်တဲ့ လုပ်ဖေါ်ကိုင်ဖက်တွေကြားဆွေးနွေးကြတဲ့ စကားဝိုင်း ဒီကိစ္စပြောရင် ကန့်ကွက်တဲ့သူမရှိ လက်ခံကြတာမို့၊ စာထက်အက္ခရာတင်တဲ့သက်သေကတောခက်သားကလား။ ကိုစံပြောသလို သခင်နု ရဲ့ကောင်းကွက်တွေအများကြီးဆိုတာ လက်ခံသင့်တဲ့ကိစ္စပါ။ နိုင်ငံရေးသမားတိုင်းဟာ ခြောက်ပစ်ကင်းတွေမဟုတ်ပါဘူး။ မောင်မိုးညို မျက်ရေလည်မိတာကတော့၊ (၈၈) ကာလက ရန်ကုန် လမ္မတော်ဆေးကျောင်း မှာ ဒေါ်စု၊ ဗိုလ်အောင်ကြီး နဲ့ သခင်နုတို အတူယှဉ်လျက်ထိုင်တာ နောက်ဆုံးညီညွတ်ရေးပြယုဂ် ဖြစ်သလို၊ သခင်နု သူဟာ ဝန်ကြီးချုပ်ဖြစ်ဆဲ ဆိုတဲ့ စကားနဲ့ သူ့အစိုးရအဖွဲဟာ တည်ဆဲဆိုတဲ့ ကြွေးကျော်ချက်ကို ခေတ်မျက်ချပြတ်ကြတဲ့အတိုက်အခံတွေ က နားမလည်ခြင်းများစွာ နဲ့ ကန်ု့ကွက်ကြတာ ဟာ အဆိုးဆုံးပါဘဲ။ သခင်နု ရဲ့ အဲ့ဒီ ကြေငြာချက်ဟာ ဗိုလ်နေဝင်းနဲ့တကွ (ထိုစဉ်) တည်ဆဲ အစိုးရအဆက်ဆက်ကို ကိုင်လှုပ်ခဲ့စေယုံမက၊ သူ့လုပ်ဖေါ်ကိုင်ဖက် အားလုံး (အယင်အတိုက်အခံတွေအားလုံးက) ခြွင်းချက်မရှိထောက်ခံခဲ့ပါတယ်။ ဒါပေမဲ့ သမိုင်းကြောင်းပေါ်နင်းလာတဲ့ သက်ကြားအို နိုင်ငံရေးသမားတွေ ဆိုတာက လက်တဆုတ်စာဘဲရှိတော့တယ်လေ။ နိုင်ငံရေးခါးဆက်မပြတ်ရေးဟာ သိပ်အရေးကြီးကြောင်း အဲ့ဒီသာဓက ကထောက်ပြခဲ့ကြောင်းပါ။

    • kai

      August 21, 2012 at 10:47 am

      မန္တလေးဂေဇက်က.. ဦးနုသား၂ယောက်လုံးနဲ့အင်တာဗျုးလုပ်ဖူးပါတယ်..။
      အဲဒီထဲ.. ဦးနုနဲ့ဘာသာရေးအစွန်းရောက်ပုံအကြောင်း.. နည်းနည်းစီတော့ပြောထားကြပါတယ်..။
      အဆင်ပြေလျှင်ပြန်ရှာပေးပါ့မယ်..။

      ဆိုတော့..
      ၈၈က.. သခင်နုရဲ့..ကျွန်တော်သာလျှင်တရားဝင်ဝန်ကြီးချုပ်ဖြစ်ပါကြောင်း.. ကြေငြာချက်ကို.. ဒေါ်စုတို့အပါအဝင်.. ကျောင်းသားခေါင်းဆောင်တချို့.. လိုက်မထောက်ခံကြတာ.. အဓိကအကြောင်းတခုရှိတယ်ခင်ဗျ..
      ယူအက်စ်က.. ဦးနုတက်လာရင်..အစိုးရအဖြစ်အသိအမှတ်မပြု.. ပယ်ချဖို့..မီးစိမ်းပြထားလို့တဲ့လေ..။

      ကျန်သိတဲ့သူတွေ..ပါဝင်ပြီး.. ဆက်ဆွေးနွေးကြစေလိုကြောင်း.. :mrgreen:

      • San Hla Gyi

        August 21, 2012 at 9:16 pm

        ကဲ ဟုတ်ပါပြီ အခုကွန်မန့်က ကိုမိုးညိုရော သူကြီးကိုပါ ပြန်လိုက်တာပါ။
        ပထမဆုံး ကိုမိုးညိုကို နံပါတ် ရ အချက်ကို အကျယ်ရှင်းဖို့ သုံးခါပြောတာ ကျနော်လည်း အတော် မောသွားပါပြီ။ စာရေးသူ ပြန်မဖြေတာကြောင့် ထပ်မမေးတော့ပါဘူး။ သခင်နု ကပြောတဲ့ ကျုပ်က ဘုရားဆုပန်တာ ခင်ဗျားတို့လို မဟုတ်ဘူးဆိုတဲ့ စကားကိုလည်း စာရေးသူအနေနဲ့ ကိုယ်သိထားသလိုသာ ဆက်ပြီး ယုံကြည်ချင်ရင် ယုံကြည်ပါ။ ကျနော့်အနေနဲ့ ဒီကိစ္စကိုလည်း ပယ်လိုက်ပါတယ်။ ဘာလို့လဲဆိုတော့ စာပေသက်သေ မရှိတဲ့အပြင် စာရေးသူရဲ့ ကွန်မန့်အရလည်း ပြောသူတွေ ကိုယ်တိုင်က ကွယ်လွန်သွားလောက်ပါပြီ ဆိုတော့ ဘာမှ လက်ဆုပ်လက်ကိုင် မရှိတော့ပါဘူး။ ဟုတ်ချင်လည်း ဟုတ်ပါလိမ့်မယ်။ ဒါပေမယ့် ကျနော့်အတွက်တော့ စဉ်းစားစရာ မလိုတော့ပါဘူး။ ကျနော်သိသလောက် သခင်နုကော ဦးကျော်ငြိမ်းရော ဦးဗဆွေရော ပြောခဲ့တဲ့ စကားတွေက အတော်ကို သက်သေ ကျန်ခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့က အနီးခေတ် သမိုင်းပါ။ သိပ်မဝေးသေးပါဘူး။ ကျနော် ပြောတဲ့ သူတို့ပြောခဲ့တယ် ဆိုတဲ့စကားတွေက ရည်ညွန်းစာအုပ် သုံး လေးအုပ်လောက် မှာကို အခိုင်အမာ ရှိပါတယ်။
        နောက်တချက်က သူကြီးရော ကိုမိုးညိုရော ပြောချင်တာက ကျနော်ကိုယ်တိုင် သခင်နုဟာ သူတော်ကောင်းကြီးပါလို့ မပြောခဲ့ပါဘူး။ ကျနော့်ကွန်မန့်တွေကို ဖတ်နေတဲ့ စာဖတ်သူတွေ အသိဆုံးပါ။ ကျနော်က သူဟာ အဲဒီလောက်တော့ ဗိုလ်ချုပ်နေဝင်းတို့နဲ့ တတန်းတည်းထားပြီး ရှုတ်ချရမယ့်လူ မဟုတ်ဘူးလို့ ယုံကြည်တာပါ။ ဘာသာရေးကို အားသန်တာ မှန်ပါတယ်။ ဒါပေမယ့် သူဘာသာရေးကို အားသန်လို့ မြန်မာနိုင်ငံသမိုင်း ပြောင်းသွားတယ်လို့ ပြောရင်မယုံပါဘူး။ သံဂါယနာ တင်တယ် ဒါကို ဦးသန့်က ကန့်ကွက်တယ် ဆိုတာလောက်နဲ့တော့ သူ့ကို သမိုင်းတရားခံစာရင်း သွင်းလို့ မရပါဘူး။ နောက်ပြီး ကျနော်ပြောချင်တာက သူ့ထက် ပိုဆိုးသူတွေ ရှိတယ်ဆိုတာပါ။ သခင်နုကို ကာကွယ်တာ မဟုတ်ပါ ဝေဖန်ရင်တော့ မျှတရမယ်ဆိုတာ ပြောချင်တာပါ။ အပေါ်မှာလဲ ပြောပြီးသားပါ။ ထပ်ပြီး သေချာအောင် ထပ်ပြောတာပါ။
        ဘာလို့ ကိုယ်ပြောပြီးသားကို ထပ်ပြီး highlight လုပ်တာလဲ ဆိုရင် အကြောင်းရှိပါတယ်။ အဲဒီလို မလုပ်ရင် သူများစကားက ကိုယ့်စကား ဖြစ်သွားပါလိမ့်မယ်။ အပေါ်မှာ ဆောင်းပါးရှင် ကိုမိုးညိုကြိတ်ပြီး လေးစားခဲ့ရတဲ့ ပုဂ္ဂိုလ်ကြီးတယောက် ဖြစ်တဲ့ ကိုမိုက်ကယ်ဂျော်နီအောင်ဘုဆိုသူက ကျနော့်ကို ဖင်ပိတ်ပြီးငြင်းပါလို့ နောက်သလိုလို ရိသလိုလို ပြောတုန်းက ကျနော်က ချက်ချင်း မဟုတ်ပါဘူး ကျနော်ဖြေတဲ့ အဖြေတိုင်းကို ဥပမာတွေပါထည့်ပြီး ခိုင်ခိုင်မာမာ ဖြေခဲ့တာပါလို့ highlight လုပ်ရပါတယ်။ ဘာလို့လဲဆိုတော့ သူက ဒီမန်းဂေဇက်မှာ အတော်ကြာပါပြီ။ အဲဒီတော့ သူအထောက်အထား မခိုင်လုံလဲ သူက တို့လူကလေးများ ညီသလေးလေ့ လို့အော်လိုက်ရင် ဝေလေလေလို့ လိုက်အော်မယ့် လူတွေများပါတယ်။
        အဲဒါဆို အလိုလို ကိုယ်ကပဲ အထောက်အထား မခိုင်လုံပဲ လျှောက်ပြောသလို ဖြစ်သွားပါလိမ့်မယ်။ ကိုမိုက်ကယ်ဂျော်နီအောင်ဘုဟာ ပထမတုန်းကလည်း ကျနော့်နိုင်ငံနဲ့ ကျနော်တို့နိုင်ငံဆိုတဲ့ စကားလုံးလေးမှာ “တို့” ဆိုတဲ့ စကားလုံးလေးကို ရအောင် ကပ်ငြင်းပါတယ်။ ဒါကလည်း ဘာမှမဟုတ်ပါဘူး။ အပြစ်ပြောစရာ မရလို့ ရအောင်ရှာပြောရတာ ဖြစ်ပါတယ်။ ကျနော်လည်း ဥပမာလေးတောင် ပေးပြီး ပြန်ရှင်းပြလိုက်ပါတယ်။ မရှင်းရင်မေးပါ ဆိုတော့လည်း မမေးပြန်ပါဘူး။ မေးစရာလည်း မရှိဘူး ထင်ပါတယ်။ ကျနော်က ဝီကီလိခ်ထဲက အင်္ဂလိပ်စာတွေ ကိုးကားစရာ မလိုပါဘူး။ ကိုယ်ပြောတဲ့စာကို ကိုယ်တာဝန်ယူပါတယ်။ စာဖတ်သူများကို သက်သေထားပါတယ်။ ဟုတ် မဟုတ် ပြန်ဖတ်ကြည့်ပါ။
        ဒါလေးကတော့ ကြုံလို့ ကိုယ့်ရဲ့ရပ်တည်မှုကို ပြတာ ဖြစ်ပါတယ်။ နောက်ဆို critical ဖြစ်တာတွေ ရေးမယ်ဆိုရင် အထောက်အထား တတ်နိုင်သမျှ ရှိပါစေ ဆောင်းပါးရှင်ရေ။
        အော် သူကြီးရေ သခင်နု အဲဒီကြေညာချက်ကို ထုတ်တုန်းက သဘောတရားမှန်ပေမယ့် သူ့ရဲ့ နိုင်ငံရေးဇာတာ ကုန်သွားပါပြီ။ US ကသဘောမတူဘူး ဆိုတာထက် ပြည်သူတွေကကို လက်မခံတော့တာပါ။ ဒါပါပဲ။

  • Shwe Ei

    August 21, 2012 at 1:22 pm

    မအူမလည်နဲ့ ဝင်ပွားလို့ စိတ်မရှိပါနဲ့ဗျာ။ မသိပေမဲ့ သိသလိုလိုနဲ့ ပွားချင်တာအစွဲရှိလို့ပါ။ ရှေးရိုးစွဲတော့ မဟုတ်ပါဘူး ဝါသနာအရပါ။ 😀

    (၇) သားသမီးနှင့်မိဘကြား တံတိုင်းခြားနေသော generation gap ကိုသိလျက်နှင့် မျက်စေ့မှိတ်ကာ မိမိလိုအင်ကိုဇွတ်နှစ်လုပ်တတ်ကြသော မိမိများကြောင့်၊ များစွာသော ပြည်တွင်းပြည်ပရောက်မြန်မာ ကလေးတွေ ဒုက္ခရောက်ကြရသလို၊ မိဘများမှာလည်းဒူးနဲ့မျက်ရေသုတ်ကြရသောအဖြစ်မျိုးများ ရှိနေသေးခြင်း၊

    ဗမာပြည်က လူငယ် လူလတ် လူကြီး (အများစု ကျောင်းသားအရွယ်၊ ကျောင်းပြီးစအရွယ်တွေ) တွေနိုင်ငံခြား ကျောင်းသွားတက်ခြင်း၊ နိုင်ငံခြားအလုပ်ထွက်လုပ်ခြင်း ခေတ်စားနေတာ ဆယ်စုနှစ်၂ခုကျော်လောက်ရှိဘီ ထင်ပါတယ်။ (ကိုယ့်အသက်နဲ့ မှန်းပီး ရမ်းတုတ်ခြင်းဖြစ်သည်။)
    အချို့က ပညာသင်လေ စာတတ်လေ ဝင်ငွေကောင်းလေ ဘဝကို ရောက်ကြပေမဲ့ အများစု ကိုယ့်တိုင်းပြည်ပြန်လာကြပါတယ်။ အလုပ်လက်မဲ့ နို်င်ငံခြားပြန်တွေပိုပေါလာပါတယ်။ ကိုယ့်တိုင်းပြည်မှာ သူတို့ဘွဲ့နဲ့ ကိုက်ညီတဲ့ အလုပ်နေရာမရှိလို့ပါ(အလွန်ရှားလို့ပါ)။
    ငွေရှာဖို့ ရည်ရွယ်ပြီးထွက်သွားသူများကြတော့ Technician ဆိုတော်သေး၊ မြန်မာ့တက္ကသိုလ်က ပေးလိုက်တဲ့ ဘီအေ၊ ဘီအက်စီ (အမြီးမပါ) လောက်နဲ့ဆို General Wroker( အောက်ခြေသိမ်းဝန်ထမ်း) ဖြစ်သွားရော။
    သူတို့ထက်ပိုဆိုးတာက ပညာတပို်င်းတစ(ဆက်တန်းအောင် အမြင့်ဆုံး) လောက်နဲ့ တက်သွားတဲ့သူကြ ဂျောက်ထဲကြတာဘဲ။ ဘာဘာ ဘာမှမတတ်ဖူးလို့ သွားပြောရင် သန့်ရှင်းရေးလောက်တောင်ပေးလုပ်ပါ့မလား။ မိန်းကလေး တွေကတော့စဉ်းစားပြီးမှ သွားတယ်။ အိမ်ဖေါ်လုပ်ဖို့တဲ့။
    သူများတွေအားကျလို့ နိုင်ငံခြားထွက်ချင်သော်လည်း အေးဂျင့် Fee မှမတတ်နိုင်တဲ့ သူများကျ အောက်လမ်း(မှော်ပညာမဟုတ်) ကနေခိုးထွက်ကြရော။ ကြားဖူးလိုက်တာ ဘယ်နယ်စပ်က ထွက်တဲ့ ဘယ်မြစ်ထဲမှာ လှေမှောက်လို့ မြန်မာတိုင်းရင်းသား လူငယ်အလုပ်သမားလေးတွေ အယောက်လေးဆယ်ကျော်လောက်သေကြတယ်ဆိုလား။
    ကျမ အထင် နံပတ်(၇) မှာပါတဲ့ ဒူးနဲ့မျက်ရည်သုတ်ကိတ်စက အဲ့လိုအဖြစ်ဆိုးတွေကို ဆိုလိုချင်တယ်ထင်တာဘဲ။
    သဂျီးပြောတဲ့ စနက်တံ ကြောင့်မဟုတ်ဆို ဂယ်လားမသိဘူး။ 😮

  • Reign

    September 7, 2012 at 3:04 pm

    This is a really interesting post. While I am in agreement with the writer in almost every area, I see differently on point 3 which involves disputes between the parliament and constitutional tribunal. Though it is quite annoying and time consuming as the writer mentioned, I think that the committees/commissions made up by MPs should be Union level as parliament ( supposed to be 🙂 , as in the case of 1990 election but the later election was a poor ones to say so ) represented an democratically elected body that has received the mandate from people.
    I also agree with the writer on No.6 and believe that we cannot discriminate Rohingyas just because they are illegal immigrants or just because they are illegal immigrant Muslims as we are continuously advocating that we need rule of law in order to have a democratic system. In the eye of law , all people regardless of sex, race, ethnicity or religion should be equal and if anybody, whoever he/she violate law, he/she will be dealt in accordance with law. These problems may not be happen if there is effective law and order and enforcement, preemptive measures had been taken place in advance.Those who make disturbances, try to provoke riots and those who systematically planned to make disturbances should be treated in accordance with law and we need to find appropriate means and measures to eliminate the hostilities between the residences of Rakhine.

  • Reign

    September 12, 2012 at 11:27 am

    Though U Thein Sein administration appeared to be sincere and enthusiastic about the reforms, the reforms done so far are quite a far cry from what the people of Myanmar have expected. The points mentioned by the post writer well reflected the situations and in general we have primary weaknesses in our current system mainly stemmed from
    -2008 constitution which give the military one-sided advantages and the final say on every national decision making
    -The ruling party , USDP is still dominated by ex-military/corrupted generals and USDP as a political party don’t seem to have good will on people of Myanmar, democratic transition/reforms
    -The government still fail to deliver a clean governance and good government evidenced by majority of government servants still clinging to old practices and when claiming to committed to authentic democratic reforms, ministry of internal affairs (home) and GA are still under military control, rule of law and predictability is still needed.
    -government bring in a lot of academicians as consultants but measures at grass root level is hardly taken placed due to lack of awareness or other reasons
    -the economy should be more liberalized and cronyism should be abolished
    -even confidence building cannot be initiated between government troops and warring ethnic freedom fighters let alone lasting peace and Myanmar is heavily indebted because of heavy portion of military budget that consumed most of the revenue which make Myanmar in struggling in vicious cycle of today.
    -Political parties should persuade government and warring parties to settle disputes politically on the table by peaceful dialogue rather than keep on fighting which cost lives and resources uselessly for decades.

  • maungmoenyo

    September 20, 2012 at 10:05 am

    we all agree on one condition: sake of the national reform that pledge the true will of our countrymen’s desire. The slogans of transparency, rule of law and good governance are widely and recklessly used: may be systematically abused by former and current eco-political system at the grass-root level. Very handful of top government officials foresee the nation’s direction and willing to take to the utmost atmosphere (which it is supposed to be) toward the international norms. I wonder those who “represent” their constituents fully understand what ‘nationalism’ is; if not the ‘federalism’. 2008 Constitution itself is the mixture of two extreme characters of democracy and ultra-cracy. Burma once failed the “Burmese Way to Socialism” which consisted ingredients of those which were rejected by both socialism and democracy institutions. The nation was doomed after 26 years!
    The president Thein Sein’s repeated commitment of popular “no-U-turn” slogan has gained momentum but it becomes a growing fear in the mind of those who carefully watch the ongoing development.

Leave a Reply