ငါရှိတာမသိပါစေနဲ့ (ကြောက်တတ်သူများမဖတ်ရ) အပိုင်း-၁

ထူးဇင် နားထဲတွင် အိမ်ပွဲစား၏ အသံများသာတရစပ် ကြားနေရသည်။

“လခရော… အိမ်ပါ အဆင်ပြေပါတယ်အစ်ကိုရာ မျက်စိမှိတ်ပီးသာ ငှားလိုက်ပါ… ”

ထူးဇင်လည်း အိမ်ကလေးအား သဘောကျနေမိသည်…နှစ်ထပ်တိုက်ခံအိမ်လေးဖြစ်ပြီး ဝရန်တာလေးပါ ပါသဖြင့် ထူးဇင်သဘောကျခြင်းဖြစ်သည်။

“ကဲ…ဒါဆို ကျွန်တော် တစ်နှစ်စာ ငွေချေလိုက်မယ်လေ…နောက်နေ့ပြောင်းလာလို့ရပြီမဟုတ်လား… အိမ်မှာလည်း လက်ရှိနေတဲ့သူ မရှိဘူးဆိုတော့….”

“ဟုတ်ကဲ့….အဆင်ပြေပါတယ်ဗျာ…. အဆင်ပြေပါတယ်… ကဲဒါဆို ကျွန်တော်တို့စာချုပ်ချုပ်ဖို့ အိမ်ရှင်ဆီသွားလိုက်ရအောင်….”

သည်လိုနှင့် ထိုအိမ်လေးကို ထူးဇင် တစ်နှစ်စာ စာချုပ်ချုပ်လိုက်သည်။ အိမ်လေးသည် မြို့ထဲနှင့်လည်း သိပ်မဝေး လိုင်းကားလည်း ရောက်သဖြင့် သဘောကျမိခြင်းဖြစ်သည်။ ရပ်ကွယ်အနေအထားလည်း တိတ်ဆိတ်မှုရှိပြီး….. ခြံဝန်းလည်းကျယ်လှသည်။ နောက်တစ်နေ့ ပြောင်းလာတော့မည်ဟု ဆုံးဖြတ်ချက် ချလိုက်တော့သည်။

******************

တစ်နေကုန် အိမ်ကိုရှင်းလင်း သန့်ရှင်းပြီး နေရာတကျထားရျ် ပင်ပန်းသဖြင့် ထူးဇင် ကြမ်းပြင်ပေါ်လှဲချလိုက်မိသည်။ ကိုယ်ငှားလိုက်သော အိမ်မှန်သွားပြီဟု ဝမ်းသာရျ် နယ်မှ အမေနှင့်အဖေအား ဖုန်းဆက်ရျ်အကြောင်းကြားရဦးမည်။

စာကြည့်စားပွဲပေါ်တွင်ပင် ထူးဇင်သန်းဝေမိသည်……. စာကြည့်ပြီးမျက်စိညောင်းသဖြင့် စားပွဲပေါ်တွင်ပင် ခေါင်းချလိုက်မိသည်။ ကျောပြင်က အေးခနဲဖြစ်သွားသဖြင့် ကြက်သီးများထလာတာ ထူးဇင်လှန့်နိုးသွားမိသည်။ အိပ်ပျော်သွားသည်ကို မသိလိုက်ပေ…….မနက်ဖြန်လည်း ကျောင်းတက်ရမည် ဖြစ်သဖြင့် အိပ်ရာခင်းပြီး အိပ်တော့မည်ဟု ဆုံးဖြတ်လိုက်သည်။

ထိုစဉ်…..

“ဂျစ် … ဂျစ်… ဂျစ်”
ထူးဇင် ခေါင်းဆတ်ကနဲ ဖြစ်သွားသည်။ ဘာသံလဲဟ….. ဘယ်ကလာတဲ့အသံလဲ စိတ်ထဲရေရွတ်မိသည်။ အိပ်ချင်စိတ်ကများနေသည်နှင့် ခြင်ထောင် ထောင်ပြီးခေါင်းထိုးအိပ်လိုက်တော့သည်…….။

“ဟိတ်…ဟိတ် ခေါ်နေတယ်လေ……” မိန်းကလေးတစ်ယောက်၏ အသံ…
“မင်းဘယ်သူလဲ……..ဘာဖြစ်လို့ ငါ့အိမ်ထဲရောက်နေရတာလဲ” ထူးဇင် မှုန်ရီဝေဝါးနှင့်ပြောနေမိသည်။
“ဟင်.. ဒါက ကျွန်မအိမ်ပဲ ရှင်သာ ကျွန်မအိမ်မှာလာနေတာ……..”
ထူးဇင် ကြောင်တောင်တောင် ဖြစ်သွားသည်။
“ဒါပေမယ့်.. ကျွန်မ နေခွင့်ရှင့်ကို မပြုနိုင်ဘူး ရှင်ထွက်သွားပေးရမယ်…” ထိုမိန်းကလေး၏ ရှည်သွယ်သွယ်လက်တစ်စုံသည် ထူးဇင်၏ လည်ပင်းတစ်ဝိုက်သို့ နွယ်ပင်တဖွယ် ရစ်ပတ်လေတော့သည်။ ထူးဇင် ခံစားလိုက်ရသည်မှာ အေးစက်စက်အထိအတွေ့…………။
“မလုပ်နဲ့ မလုပ်နဲ့……….”
ထူးဇင် ဘေးပတ်ဝန်ကျင်ကို ကြည့်မိလိုက်သည်…….. သူခြင်ထောင်ထဲပင်ရှိသေးသည်။ ဟူး…………အိပ်မက်မက်နေတာပဲ.. စိတ်ထဲမှ တော်ပါသေးရဲ့ဟု ရေရွတ်မိသည်။ အိပ်ခါနီး ဘုရားမရှိခိုးမိလို့ စိတ်ကထင်သည်နှင့်…… ဘုရားသေချာရှိခိုးပြီး ထုူးဇင် ပြန်အိပ်လိုက်တော့သည်။

အကယ်ရျ် ထိုသရဲလိုလို ဝိညာဉ်လိုလို မိန်းကလေးသည် အပြင်တကယ်ရှိမည်ဆိုလျှင်…….။

“ဟေ့ကောင်…..ထူးဇင်”
“ဟဲ့…သောက်ပလုတ်”
ကန်တင်းမှာ……ဗိုက်ဆာဆာနှင့် စားနေရင်း လန့်ဖျန့်သွားမိသည်။
“အာ…ဝေဖြိုး မင်းကွာအသံမပေး ဘာမပေးနဲ့ ငါဖြင့်လန့်လိုက်တာကွာ”
“ဟဲ..ဟဲ ချစ်သူငယ်ချင်းကြီး ငါမင်းကို အကူအညီတစ်ခုတောင်းချင်လို့ပါကွာ…”
သည်ကောင်…ဒီလိုစကားပြောပြီဆို ထူးဇင်လန့်မိသည်……..။
“ကဲ..ပြော…ဘာကိစ်..”
“သည်လိုကွာ….ငါသည်နေ့ အိမ်ပြန်မအိပ်ချင်ဘူး….နောက်ပြီးကောင်းချင်လို့ကွာ..”
“ဘာ…မင်းကလည်း သေသေချာချာပြောကွာ ဘာတွေမှန်းမသိဘူး ကောင်းတာတွေရော”
“သည်လိုကွာ…ငါရယ်…နောက်ဘော်ဒါတစ်ပွေရယ်…မင်းအိမ်မှာ သည်နေ့ ဘီယာသောက်ရင်း…ပျော်ဖို့ပါဖို့ပေါ့ကွာ”
“မင်းကတော့ လုပ်ပြီ…အေးကွာ…ငါတစ်ယောက်တည်းနေတော့လည်းရပါတယ်… အရမ်း..သောင်းကျန်းတာတော့ မဖြစ်စေနဲ့ ဒါပဲ…”
ဝေဖြိုးမျက်နှာကြီး…… ကောင်မလေးဆီက အဖြေပြန်ရရင်တော် သည်လောက်ပျော်မည်မဟုတ်ပါ။

*********************

“အိမ်ပြန်ချိန်ကိုတောင် မသိတော့သူ….ပြန်လာမယ်ဆိုတာ မသိတော့သူ…”
ဝေဖြိုးတစ်ကောင်တော့ သူပြောနေသလိုပင် ကောင်းနေမှန်း ထူးဇင်သိလိုက်သည်။ သူနဲ့အတူပါလာသည့် ကိုထက်ဆိုသူ ဘော်ဒါတစ်ပွေကလည်း အေးအေးဆေးဆေးမို့တော်သေးသည်။
“ကိုဖြိုး များနေရင်…ကျွန်တော့်ကိုပြောနော်…. အိပ်ချင်ရင် လိုက်ပို့ပေးမယ်”
ပြောပြောဆိုဆိုနှင့် ကိုထက်သည် ဝေဖြိုးကို တွဲရျ်အိပ်ယာခင်းထားသော ဖျာပေါ်သို့လိုက်ပို့ပေးလေသည်။ ဝေဖြိုးတို့နှစ်ယောက်အိပ်ယာနှင့် ထူးဇင်အိပ်သောနေရာသည် အိမ်ရှေ့ခန်း၏ တစ်ဖက်တချက်တွင်ရှိလေသည်….။
“အေ့……” ဝေဖြိုးဆီမှ…. လေတက်သံကိုကြားနေရလေသည်။
သည်လိုနှင့်……………
ဝေဖြိုးဆီမှ စကားပြောသံတစ်ခုကြားလို်က်ရသည်။
“ဟေ့ကောင်…ထူးဇင်…မင်းအိမ်မှာတစ်ယောက်တည်းနေပြီး ဘယ်သူတွေကို ခေါ်အိပ်နေလည်း…”
သောက်လက်စ ရေပင်နင်သွားသည်….
“ဘယ်လို……ငါက ဘယ်သူ့ကို ခေါ်အိပ်ရမှာတုန်း…….”
ဝေဖြိုးသည် ရီဝေဝေ ပြုှုံးဖြဲဖြဲနှင့်……
“မင်းမညာနဲ့နော်….ငါ့မှာ သက်သေရှိတယ်…….ဒီမှာကြည့်…”
ဝေဖြိုးပြလိုက်သောအရာသည်….. မမူးတမူးဖြစ်နေသည့် ထူးဇင်၏မျက်လုံးကို ပြူးကျယ်သွားစေသည်။
ဝေဖြိုးလက်ထဲတွင် ကိုင်ထားသောအရာလေးသည်….မိန်းကလေးများ ညှပ်တတ်သော ဆံညှပ်လေးတစ်ခုဖြင့်သည်။
“အာ…..မဟုတ်ပါဘူး…ဘယ်ကရောက်တာပါလိမ့်”
ဝေဖြိုးက ပြုံးဖြဲဖြဲဖြင့်……
“ငါသိပါတယ်ကွာ………ဟင်းဟင်း..”
ဝေဖြိုး မူးမူးဖြင့်…..အိပ်ပျော်သွားလေသည်။ ထူးဇင်နှင့် ကိုထက်လည်း..စကားနည်းနည်းပြောပြီးသည်နှင့်..အိပ်ရန်ပြင်ဆင်လိုက်သည်။
အိပ်ရာဝင်ခါနီးမှ အပေါ့သွားချင်သလိုလို ဖြစ်သည်နှင့် ထူးဇင် အိမ်သာသို့သွားရန်ပြင်ဆင်လိုက်လေသည်။
မူးမူးနှင့် အိမ်သာသို့ ဘယ်လိ်ုရောက်မှန်းမသိရောက်သွားပြီး…..ပြန်ထွက်လာသောအခါတွင်………… ထူးဇင်၏ ခြေလှမ်းကို တုံ့ခနဲ ဖြစ်သွားစေသည်…….. နောက်တစ်ယောက်ယောက် ပုဆိုးကိုဆွဲထားသလိုခံစားလိုက်ရသည်… အမူးပါပြေသွားသလိုခံစားရသည်…ဘယ်ကနေ ဘယ်လိုချွေးသီးချွေးပေါက်များ ကျလာသည်မသိ……. ထူးဇင်နောက်ကိုတဖြည်းဖြည်းလှည့်ကြည့်မိသည်။
ဘယ်သူမှမရှိ…ထူးဇင်မျက်လုံး အောက်သို့တဖြည်းဖြည်းရောက်ရှိသွားသည်… ထူးဇင် ပါးစပ်မှ “S***!!!” ဆိုသည့်စကားလုံးထွက်သွားသည်…..သူ၏ ပုဆိုးနှင့်….အိမ်သာမှ သံငုတ်တစ်ခုနှင့် ငြိနေသောကြောင့်ပင်။

*******************

“ဟဟားဟား……မင်းကတော့ဖြစ်ရမယ်…” ညကအဖြစ်အပျက်ကိုပြောပြသောအခါ ဝေဖြိုးခများ အားရပါးရ ရယ်လေတော့သည်။

“ငါလည်း တော်တော်လန့်သွားတာကွ……”
ထိုအခါမှ နှုတ်ဆိတ်နေသော ကိုထက်က စပြောလေသည်။
“ကျွန်တော့်ရဲ့ အသိတစ်ယောက် နှစ်ယောက်ပြောဖူးတယ်… သရဲခြောက်ခံရတော့မယ်… ခြောက်ခံရပြီဆိုရင်.. ပတ်ဝန်းကျင်တစ်ခုလုံး ကိုယ်တစ်ယောက်တည်း ရှိသလိုခံစားသွားရပီး……ကြက်သီးတွေထလာတယ်လို့ပြောဖူးတယ် တကယ်ဟုတ်မဟုတ်တော့ ကျွန်တော်လည်း မခံဏားဖူးဘူး”

“ထူးဇင်ရာ…မင်းလည်း စိတ်ခြောက်ချားမနေပါနဲ့…. မင်းနေတဲ့အိမ်လေးက နေလို့ကောင်းပါတယ်… ခြောက်မယ်ဆို မနေ့ကတည်းက ငါတို့ကိုခြောက်နေပြီ..”

“ဒါဆို…. ဒီဆံညှပ်လေးက ဘယ်လိုလုပ်ရောက်လာသလဲ…”

“အဲဒါတော့…မင်းအပိုင်းလေ…ငါတို့တော့ပြန်တော့မယ် တတာကွာ….ကျောင်းမှာတွေ့မယ်…”

ထူးဇင် ဆံညှပ်ကလေးအား ကြည့်ရင်း…….. တွေးပြီး ကျန်နေခဲ့တော့သည်..။

******************

ထူးဇင် ကျောင်းတက်ပြီး ပင်ပန်းသည်နှင့် ဝေဖြိုးတို့အပြင်သွားဖို့ခေါ်တာတောင် မလိုပဲအိမ်သို့ပဲ တန်းပြန်လာခဲ့လေသည်။ အိမ်ရောက်သည်နှင့် လန်းသွားအောင်ရေချိုးပြီး…… အိပ်ယာပေါ်တွင်လှဲရျ် စာအုပ်တစ်အုပ် ဖတ်နေလိုက်လေသည်။ ထူးထူးခြားခြား ဝတ္တုတိုလေးတစ်ပုဒ်ကို သွားရျ်တွေ့လိုက်သည်။
“သင့်ဘေးမှာ သူရှိနေတယ်…..”
သရဲဝတ္တုတိုလေးတစ်ပုဒ်ဖြစ်သည်…… ခပ်ဆိုးဆိုးသရဲထဲကတော့ မဟုတ်ပေ။ ကြောက်လန့်အောင် မဆွဲဆောင်နိုင်ပေမယ့် ဖတ်လို့တော့ကောင်းသည်။ စာအုပ်ဖတ်ရင်း ထူးဇင် အိပ်ပျော်သွားမိသည်။
“နင့်နားမှာ ငါရှိတယ်….နင့်နားမှာ ငါရှိတယ်…..ခစ်ခစ်…”
“ဝုန်း……….”
နားထဲကြားလာသော အသံတစ်ခုကြောင့် ထူးဇင်ငုတ်တုတ်ထထိုင်မိလျက်သားဖြစ်သွားသည်။ ဘေးဘီ ဝဲကြည့်မိလိုက်သည်။ ဘယ်သူမှမရှိ..စောနက အသံတသံ သူကောင်းကောင်းကြားလိုက်ရသည်။…

ထိုစဉ်……အိမ်၏ထုပ်တန်းပေါ်မှ တစ်ခုခုကျလာသည်ကို ထူးဇင်တွေ့လိုက်မိသည်……. ဆေးပျယ်စပြုနေသော ဓာတ်ပုံလေးတစ်ပုံ…….မျက်နှာခြမ်းက ပျက်နေပေမယ့်…. မိန်းကလေးတစ်ယောက်၏ ပုံတစ်ပုံမှန်း သူသိလိုက်သည်။ ပုံထဲတွင် ဆံပင်မတိုမရှည်မိန်းကလေးတစ်ယောက်..သူမ၏ဘေးတွင်…ကလေးငယ်လိုလို…. တစ်ယောက်အားလက်ဆွဲထားသည်ကိုတွေ့ရသည်…….။ထိုစဉ်……….

“ချွမ်…”
နောက်ထပ် တစ်ခုခုကျလာသည်ကိုထူးဇင်တွေ့လိုက်မိသည်………..။

အပိုင်း (၂)
ဆက်ပါဦးမည်….။

အောင်မိုးသူ