ကျွန်တော်နဲ ့ ချစ်ခြင်းကို ယှဉ် ပြိုင်မလား….
ဘဝ ဆိုတာ အပြိးအစီးရေးထားပြီး သား… စာအုပ်တစ်အုပ်တဲ ့ ။
ဒါပေမယ့်…တစ်နေ့ကို တစ်မျက်နှာ ပဲ.. ဖတ်ခွင့် ရှိတယ်တဲ ့ ။
ဆိုးလိုက်တာနော်…။
တကယ်ဆို… ရှေ ့တစ်မျက်နှာလောက်..ကြို ဖတ်ခွင့်ရှိရင်.. ဘယ်လောက် ကောင်းလိုက်မလဲ… ။
ကြို သိထားတော့…. အခြေအနေဆိုးတွေ..လာမယ့်အချိန်မှာ…မလာအောင် တားဆီးပြုပြင်လို ့ရမှာပေါ့ ။
ထားပါတော့လေ..။
ကြို ဖတ်ခွင့် မရရင်တောင်…. ပြီးခဲ့တဲ ့ စာမျက်နှာတွေက်ို ပြန်လည် ပြင်ဆင်ခွင့်လေးများ….ရရင်…တော်သေးတယ် ။
အခုတော့…………..
အော်…. အခုတော့…။
ကိုယ် ့အမှားရဲ ့ ဒဏ်ကို ကိုယ် ပဲ..ခံရ မှာပါ ။
အခု ကျွန်တော့်လိုမျိုးပေါ့…။
မှားခဲ့တုန်းကတော့..မှားနေလို ့… မှားနေမှန်းမသိ ။
( အမှားတချို ့ကလည်း… တပ်မက်ချင်စရာကောင်းလောက်အောင်… ချိုမြိန်နေတာကိုး…။ )
တခါတရံ…. အမှားကို အမှားမှန်း သိပြီးချိန်မှာ…. ဘာနဲ ့မှ မတုူတဲ ့… ဆုံးရှုံးမှုတွေကြောင့်….
နောင်တ ကြိးကြီးက..ရနေပြီလေ..။
နောင်တတွေက်ု…ကျွန်တော်..မုန်းတယ် ။
အခု ကျွန်တော့်လက်ထဲမှာ..ကိုင်ထားတဲ ့..စာရွက်ဖြူဖြူလေးဟာ…. အများ တစ်ခု ရဲ ့ ရဒ်တွေကိုရေးထားတာ…။
အမှတ်တမဲ ့ကြည့်ရင်တော့ သာမန် စာရွက်ဖြူလေးတစ်ရွက်ပါပဲ.။ သေချာ ကြည့်ရင် မြင်ရမှာက……………….
………………………………………………………………………….
နေပါဦး..။
ကျွန်တော်…. အခု အိမ်ပြန်ရဦးမှာလား…။
ဒီလို ရလဒ်မျိုးကို ပိုင်ဆိုင် လိုက်ရပြီ..ဆိုတဲ ့ လူငယ်တစ်ယောက်ဟာ….
အိမ် ပြန်ခွင့် ရှိသေးလား ။
ကျွန်တော့် လက်ထဲမှာ..ကျစ်ကျစ်ပါအောင် ဆုပ် ကိုင် ထားတဲ ့….
စာရွက်ကလေးကို ဖြန် ့ပြီး… ထပ် ..ကြည့်မိပြန်တယ် ။
မည်းနက်နေတဲ ့ စာကြောင်းတွေက …ကျွန်တော့်ကို…တစ္ဆေတစ်ကောင်… အစွယ်တွေ ထုတ်ပြနေသလိုပဲ..။ ။
ဖြစ်နိုင်ရင်………………
လွန်ခဲ့တဲ ့…… ခြောက်လ..ကျော်ကျော်လောက်က….. ည တစ်ညကို ပြန်သွားပြီး..အစ က..ပြန် စ ချင်တယ်..။
အဲဒီ ..ည ကသာ…. ကျွန်တော်…. အရက်တွေ မသောက်ခဲ့ရင်….
အဲဒီ ည ကသာ… အပျော်ကြူးတဲ ့သူငယ်ချင်းတွေနဲ ့ အတူ…ရှိမနေခဲ့ရင်…..
အဲဒီ ည ကသာ… မိစ္ဆာ ဆန်တဲ ့မိန်းကလေးတစ်ယောက်ရဲ ့ရင်ခွင်မှာ… မအိပ်ခဲ့ရင်…..
အခု ကျွန်တော် ကိုင်ထားတဲ ့… စာရွက်ဟာ….
ကျွန်တော့်လက် ထဲ.ရောက်မလာပါဘူး ။
(တကယ်ဆို …. အဲဒီ ညက… ကျွန်တော်…ဟာ..ကျွန်တော် ချစ်တဲ ့…သီတာ ့ဘေးမှာ….
ဖြူစင်စွာ…ပြီးတော့ ငြိမ်သက်စွာ..ရှိနေခဲ့ရမှာ..)
_________________________________________________
ကျွန်တော့် ဘဝမှာ…………..
ငြိမ်းချမ်းစွာ..သာခဲ့ဖူးတဲ ့ လမင်းလေး တစ်စင်းရှိခဲ့တယ်..လို ့ ကျွန်တော်..ပြောရင်..ခင်ဗျားတို ့ သိလိုက်ရမှာက….
အဲဒီ လမင်းလေးဟာ… ကျွန်တော်ချစ်သူ … သီတာ..ဆိုတာပါပဲ..။
ကျွန်တော်နဲ ့..သီတာ ဟာ….
အင်မတန်…. ရိုးသားဖြူစင်စွာ…ချစ်မြတ်နိုးခဲ့ကြတာပါ ။
ချစ်သူ သက်တမ်း..တစ်နှစ်ပြည့်တဲ ့ နေ ့..ကျမှ… သီတာ ့လက်ကလေးကို ကျွန်တော်..ကိုင်ခဲ့တယ် ။
တစ်နှစ်နဲ ့ ခြောက်လ ကြာမှ…..သီတာ ့ပါးကလေးကို…ကျွန်တော် နမ်းခဲ့တယ် ။
အဲဒီနောက်မှာလည်း..သီတာနဲ ့ကျွန်တော် ဟာ..တစ်ယောက်ရဲ ့ပါးကလေးကို တစ်ယောက်က နမ်းရှိုက် ရုံးထက်…
ဘာမှ ….မပိုခဲ့ကြပါဘူး ။
ကျွန်တော်တို ့နှစ်ယောက် အတွက်တော့…...အချစ်ဆိုတာ……
ဘာအရောင်တွေမှ…မပါဝင်တဲ ့.. ပန်းချီကား ဖြူဖြူလေး တစ်ချပ် ပါ…။
အဲဒီ အဖြူရောင်လေးကို….. တခြား ညစ်နွမ်းတဲ ့အရောင်တွေ….. စွန်းထင်း သွားမှာကိုလည်း..နှစ်ယောက်လုံးက..မလိုလားခဲ့ကြပါဘူ း။
ကျွန်တော်..သီတာ့ကို အရမ်းးးးးးးးးးးးးးးး…. ချစ်ပါတယ် ။
သီတာ ကလည်း..ကျွန်တော့် ကို ချစ်တာပါပဲ..။
ကျွန်တော်တို ့ဟာ… အနာဂတ်ကို အခမ်းနားဆုံး စိတ်ကူးယဉ်ခဲ့ဖူးတဲ ့ချစ်သူတွေပါ ။
ဒါပေမယ့် အခုတော့…………….
ကျွန်တော်တို ့ရဲ ့..အိပ်မက်တွေ…. ပျောက်ဆုံးသွားတော့မယ်… ထင်တယ်..။
( မဖြစ်သင့်တာတွေ ဖြစ်လာပြီးတဲ ့အခါ…… ဖြစ်သင့်တာက ဟိုလိုမျိုးပဲ..ဆိုပြီး…. နောင်တတွေ… ရတတ်တာ…..
လူတွေရဲ ့သဘာဝပဲ.လား..မသိဘူးနော် ။ )
____________________________________________
ကျွန်တေ်..အိမ်ပြန်လာခဲ့ပါတယ် ။
ခွေယိုင် လဲ..ကျ…. ချင်နေတဲ ့…..ခြေထောက်တွေကို အနိုင်နိုင် အားတင်းရင်း………..
ကျွန်တော့်ရဲ ့ အိမ် အပြန်လမ်းဟာ….. ခက်ခဲ..ကြမ်းတမ်း….
ကျွန်တော်ဟာ……ဘယ်သူမှ မကြိုက်တဲ ့လေသံ နဲ ့..ကိုယ် ့ကို ကိုယ် ..လူမိုက်လို ့…. အော်ဟစ် စွပ်စွဲ လိုက်တယ် ။
အိမ်ကလေးဆီရောက်တော့…..
မှောင်နေပြီ ။
အိမ်တွေတိုင်းကို…နာမည် ကိုယ်စီ တပ်ရမယ်..ဆိုရင်…
ကျွန်တော် နေတဲ ့အိမ်ကလေးရဲ ့နာမည်ဟာ….
အထီးကျန်ဂေဟာ…. ပဲ..ဖြစ်မှာပါ ။
ကျွန်တော့်ရဲ ့အထီးကျန် ဂေဟာလေး..တခါတရံ စိုပြေသွားစေဖိူု ့…
သီတာ က စွမ်းဆောင် ပေးနေကျပါ ။
သီတာ ရောက်လာတဲ ့နေ ့တွေ..ဆို…..
အထီးကျန်ဂေဟာလေး…..ဟာ..လန်းဆန်းပြည့်စုံ လို ့…
သီတာ့ရဲ ့ဂစ်တာသံ…နဲ ့.( ကျွန်တော် က ယောက်ကျာ်းတစ်ယောက်ဖြစ်ပြီး.ဂစ်တာ မတီးတတ် )
ကျွန်တော်..အော်ဆိုတဲ ့သီချင်းသံတွေနဲ ့….စည်ကား သိုက်မြိုက်လို ့…..။
အခုတော့……………………
ဒီ အိမ်ကို သီတာ …လာချင်ပါ့ဦးမလား..။
သီတာက လာချင်ရင်တောင်…ကျွန်တော်က ခေါ် ရက် ပါရဲ ့လား….
AIDS..ဆိုတဲ ့ရောဂါဟာ…..
ကျွန်တော့်ကို… ဆိုးဆိုးဝါးဝါး..ခြောက်လှန် ့နေပါပြီ ။
အထုူးသဖြင့်…………….
မိမရှိ / ဖ မရှိ ….. ဆွေမျိုး ကင်းနေတဲ ့တစ်ကောင်ကြွက်..ကျွန်တော်….ဟာ…ဒီရောဂါကြောင့်…
ပိုပြီး..အထီးကျန်..ဆန်သွားပါပြီ။
(…သီတာ….. ရယ်…။ သီတာလေးကရော…. ကျွန်တော့်ကို စွန့်လွှတ်လိုက်မှာလား..)
_________________________________________________________
” မောင်….. … မျက်နှာ က ညှီုးနေလိုက်တာ….။ ဘာဖြစ် လို ့လဲ..ဟင်…”
ကျွန်တော့် သီတာ့ကို စကားတွေ အများကြီး..ပြောချင်ပါတယ် ။
ဒါပေမယ့်…. ကျွန်တော်…ဘာစကားမှ..ပြောမထွက်ဘူး ။
………………………………..
ကျွန်တော်.. အိတ်ကပ်ထဲက….. စာရွက်ဖြူလေးကိုပဲ…..
ထုတ်ပေးလိုက်မိတယ်…။
သီတာက …. စာရွက်ကို ယုူပြီး.. အသေအချာ….. ဖတ်ကြည့်တယ် ။
” ဟင်……ဒါဆို……ဒါဆို….မောင့်မှာ…. မောင့်မှာ….”
သီတာက… ကျွန်တော့်နားမှာ ကပ်ထိုင်နေရာကနေ…..
တဖြည်းဖြည်း..ခွါ သွားတယ် ။
ကျွန်တော့်ကိုလည်း….ရွံရှာ စက်ဆုပ် စရာ.. သတ္တဝါတစ်ကောင်ကို… ကြည့်သလိုမျိုး.ကြည့်တယ် ။
အဲဒီ…သီတာ ့အကြည့်ကို….
ကျွန်တော်…ကြောက်လိုက်တာ….။
အဲဒီနေ ့က…မိုးတွေ ..ရွာနေတယ် ။
မိုး သံ လေး သံတွေကြားမှာ….
သီတာ ပြောလိုက်တဲ ့စကားတစ်ခွန်း..က….
ကျွန်တော့်နားထဲမှာ….. မိုးကြိုး ပစ်ချလိုက်သလို……..ပါပဲ..။
( အဲဒီ…. စကားကိုပဲ.. နားထဲမှာ…အထပ်ထပ် ကြားယောင်ရင်း….
ကြားယောင်မိတိုင်းလည်း…. အထပ်ထပ်..ကြေကွဲ ဆို ့နင့် ..ရင်း…….
ခေါင်း ငိုက် စိုက်ချ…./ ပြန်ခဲ့ရတယ် ။ )
_______________________________________
” ရှင် …ကျွန်မ ဆီကို…နောက် မလာပါနဲ ့တော့…”
” ရှင် …ကျွန်မ ဆီကို…နောက် မလာပါနဲ ့တော့…”
” ရှင် …ကျွန်မ ဆီကို…နောက် မလာပါနဲ ့တော့…”
ဘုရား…ဘုရား……။ သီတာရေ…. မင်း ငါ့ကု် ဒီ စကားမျိုး….ပြောရက်ခဲ့တယ်နော်….။
ဒါနဲ ့…. နေပါဦး…။ ကျွန်တော်ကရော….ဒီလိုစကားမျိုးကိုပဲ… မျှော်လင့်ထားတာ ပဲ..မဟုတ်လား။
ညသန်းခေါင် ဆိုပေမယ့်……….ကျွန်တော်… အိပ်လို ့မပျော်ပါဘူး။
သီတာ့ စကားကို ပြန်ပြန် ကြားပြီး…. အိပ်မပျော် ပဲ..အိပ်မက်ဆိုးတွေ..မက်နေခဲ့တယ် ။
ထူးဆန်းတယ်.။ တော်တော် ထူးဆန်းတယ် ။ အချစ်ဆိုတာ….. တော်တော် ထူးဆန်းလိုက်တာ…။
ဟင့်အင်း….။
ကျွန်တော်..အချစ်ရဲ ့ ဆန်းကြယ်မှုကို အံ့ဩ နေတာ မဟုတ်ဘူး ။
အချစ်ရဲ ့မာယာများမှုကို..မယုံကြည်နိုင်တာပါ ။
သိပ် ချစ်ခဲ့တယ်..ဆိုတဲ ့အဖြစ်တွေဟာ…. ဆောင်းရာသီမှာ..မက်တဲ ့အိပ်မက်လိုပါပဲ…။
လေထုထဲက မီးခိုးငွေ ့တွေလိုပါပဲ..။
ကျွန်တော့်ကို…
သိပ်ချစ်ပါတယ်…ဆိုတဲ ့..သီတာ….
ကျွန်တော်.လည်း…… ရောဂါသည်ကြိ်ီးဖြစ်ရော….
ကျွန်တော့်ကို ချစ်တဲ ့အချစ်တွေက..ဘယ်ရောက်သွားသလဲ….။
အချစ်ဆိုတာ…..
နည်းနည်းမှ..ယုံကြည်လို ့မရတဲ ့အရာပါလား…။
င်္ဒီရောဂါက်ု ရပြီ ဆိုကတည်းက……
သီတာ့ ဆီက..ဒီ စကားမျိုး/ ဒီလို ဥပေက္ခာမျိုးပဲ…..ရလိ်မ့်မယ်…ဆိုတာ..တွေးထားပေမယ့်….
သိပ်ချစ်ခဲ့တဲ ့အဖြစ်တွေကြောင့်…./ သံယောဇဉ် တွေကြောင့်….
ခွင့်လွတ်နားလည်ပေးမှာပါ…လို ့.လည်း..မျှော်လင့်ချက် သေးသေးလေး..ထားမိတယ် ။
အခုတော့……………………..
မျှော်မှန်းထားပြီးသား စကား..ဆိုပေမယ့်… နားထဲမှာ….
ဗုံးကွဲ သွားသလိုပါပဲ.။
မကြားချင်ဘူး ။
သီတာက ငါ့က်ု ခွင့်လွတ် နားလည် ပါတယ်..လို ့ပြောတာနေမှာပါ ။
ငါ..နားကြားလွဲတာ ဖြစ်မှာပါ ။
ငါ..ကို မမုန်းပါနဲ ့သီတာ..။
ငါ့ကို..နားလည်ပါ ။
ငါ့ကို…………… နားလည် ပေးပါ..သီတာရာ…။
___________
ည သန်းခေါင်ဟာ…. ကျွန်တော့်ပါးက..မျက်ရည်တွေကို…..ဘယ်သူမှ မတွေ့ ့အောင်…..
မှောင်..ပေးထားတယ် ။
ဒါပေမယ့်…..
ကျွန်တော်….. ဆက် မငိုတော့ပါဘူး ။
ကိုယ် ့အပြစ်နဲ ့ကိုပဲ..လေ….။
AIDS ဆိုတဲ ့… ရောဂါ ရနေပြီ.ဖြစ်တဲ ့လူကို……
ဘယ်လို မိန်းမ က……. ဆက် လက်တွဲ ချင်မှာလဲ…။
မိန်းမ တစ်ယောက်ရဲ ့အချစ်ဆိုတဲ ့… အကြောင်းပြချက်ဟာ….
AIDS ရောဂါက်ို…. မျှဝေ ခံစားပြီး…. လက်တွဲ ထားဖို ့အထိတော့…
အင်အားမပြင်းထန်ပါဘူးလေ..။
( ဒါပေမယ့် ………………………………….
သီတာ့နေရာမှာ…….
ကျွန်တော်သာ…ဆိုရင်…….တော့………………….)
________________________________________________________________________________
လေးစားစွာဖြင့်
အလင်းဆက်
___________________________________________________________
18 နှစ် သားကရေးထားတဲ ့.. ဘယ်တော့မှ..ဆိုတဲ ့ ဝတ္ထုတိုလေးမှာ….
ကျွန်တော်.. ( ဆရာမ ဝင့်ပြုံးမြင့်စကားနဲ ့ပြောရရင် …) အသည်းကွဲသွားပါတယ် ။
ယုတ္တိ…မရှိတဲ ့ အချက် တစ်ခုကို….
မမအိတုန်က… ဆွဲထုတ် ပြသွားလို ့ပါ ။
အခု…AIDS ဇာတ်လမ်း.လေး တစ်ပုဒ်ကို… ထပ်ရေးလိုက်ပါပြီ..။
အားပေး.ဝေဖန်…ပေးကြပါဦး ။
___________________________________________________
11 comments
TTNU
September 15, 2012 at 9:11 pm
အလင်းဆက်ရေ..
(ဒါပေမယ့် သီတာ့နေရာမှာကျွန်တော်သာ…ဆိုရင်…….တော့)
ဒီနေရာလေးမှာဖတ်ရင်း စိတ်မကောင်းဖြစ်သွားမိတယ်။
ဒါပေမဲ့ သီတာက တော့သနားစရာပါ။ သူပြောတာတော့မမှားပါဘူးလေ။နော။
surmi
September 15, 2012 at 11:44 pm
ကဲ ကိုဆက်ရေ
ဒီတခါတော ့ အနုပညာဘက်ကိုမပွားတော ့ဘူး လူမှုရေးနဲ ့လောကသဘာဝ
ဘက်ကိုစဉ်းစားကြည် ့မယ်နော် ။ AIDS ရောဂါ ရနေပြီဖြစ်မလို ့လက်
မထပ်နိုင်တာ OK ပါတယ် ။ဖြစ်လဲ ဖြစ်သင့်တယ် ဒါပေမဲ ့ ဘာကြောင် ့ဆိုတာ
အရင်ဆုံးမစုံစမ်းဘဲနဲ ့ မုန်းပြစ်လိုက်တယ်ဆိုရင် တော်တော်သေးသိမ်တဲ ့
လုပ်ရပ်ပါ ။ ဒီလိုအမျိုးသမီးရဲ ့စိတ်ဓတ်ဟာလည်း ပြည် ့ဝမြင် ့မြတ်တဲ ့
သူမျိုးမဟုတ်နိုင်ဘူး ။ ကပ်ခွါ သာကူးမျိုးဘဲဖြစ်ပါလိမ် ့မယ် ။
ဒီလိုလူမျိုးနဲ ့အိမ်ထောင်ကျရင်လည်း အဆင်ပြေဖို ့ခက်ပါလိမ့်မယ်
ရောဂါကူးစက်တယ်ဆိုတာလဲဒီနိုင်ငံမှာ နည်းလမ်းတွေအများကြီးရှိတဲ ့
အတွက် ပြည် ့တန်ဆာကြောင် ့လို ့ထစ်ချမပြောနိုင်ပါဘူး ဆိုတော ့
ဒီလိုမိန်းမအတွက်လွမ်းလောက်လို ့လား လို ့မေးရပါ လိမ် ့မယ် ။
တနည်းအားဖြင် ့ မိန်မတွေရဲ ့အတွင်းစိတ်ကို ဒီလိုနည်းနဲ ့စမ်းဖို ့တောင်မှ
ကောင်သေးတယ် ။ လွန်ခဲ ့ခဲ ့တဲ ့ နှစ်သုံးဆယ်လောက်အထိ နယ်က
သမဝါယမဆေးခန်းတွေမှာဆိုရင် ပင်နီဆလင်ဆေးကို ငါးယောက်စာ
လောက်စုပ်ပြီး လူနာငါးယောက်က်ို ဆက်တိုက်အပ်မလဲဘဲထိုးတာ ။
လူနာတွေက အဆင်သင် ့ဖင်လှန်ပြီးမှောက်ပေးထားရတယ် ။နပ်စ်မ လာ
မှလှန်ရင် အဆူခံထိရော အဲဒီလို ။ ဒီတော ့ရောဂါကူးဖို ့ဆိုတာ လွယ်လွယ်
လေးပါ ။ ဒို ့နိုင်ငံမှာကလည်း ပိန်ပြီးတောင်မသေရဲအောင်ဘဲ။သေတဲ ့မသာ
ကပိန်ကပ်နေရင် HIV လား ဘာလား ညာလား အဲ ့လိုထင်တတ်ကြတာ
ကဲကဲ ကိုဆက်စာမူတော ့မုပေါက်သွားအောင်လုပ်မိပြီလားမသိ
အနုပညာပိုင်းအရတော ့ တကယ်ဂရုဏာသက်စေပါတယ် ။ကိုရင်က
ဆွေးနွေးဆိုလို ့ရယ် ပြီးတော ့ ဘုမသိဘမသိကြောက်တဲ ့သူတွေ
ကြောင် ့ရယ် ပြောမိတာနော် ။
ငါးယောက်တွဲ ခြောက်ယောက်တွဲ ဆေးပေါင်းထိုးတဲ ့အကြောင်းနောက်
လကြရင်ရေးဦးမယ် ။ကိုယ်တွေ ့ပါ ။
etone
September 16, 2012 at 1:17 am
အသီးကွဲလို့ ပိုးစိုးပက်စက်လွမ်းနေတာ ဒီပိုစ့်ဖတ်မိမှပဲ ပိုလွမ်းလာသလိုပဲ ။ ဒီညအိပ်မရတော့လျှင်အလင်းဆက် တာဝန်ရှိတယ်နော် 😥
အလင်းဆက်ရေ အားပေးပါတယ်ကွာ ရသဘက်ကိုဦးစားပးတဲ့စာလေးတွေ အရေးကောင်းတာသတိထားမိတယ် ။ အစ်မအကြံပေးချင်တာကလေ ရသစာပေနဲ့ ကျန်းမာရေးဗဟုသုတဘက်ကိုရောပေးလိုက်လျှင် မင်းရဲ့ အရေးကောင်းပုံနဲ့ဆို လူတွေစိတ်ထဲ ရသရော သုတပါ တခါတည်းပါသွားမယ်ထင်တယ် ။ ရေးကြည့်ဖို့လည်းတိုက်တွန်းပါတယ်နော် 🙂
ကထူးဆန်း
September 16, 2012 at 7:07 am
သီတာ အနေနဲ့ ပြောသင့်ပါတယ် ။ သိပ်ရိုးသားတဲ့ သူလို အထင်တွေ ကြီးခဲ့မှာကိုး .. သူ့ကို ပါးလေးနမ်းရုံ အပြင် မပိုခဲ့တဲ့ သူတစ်ဦးက ဒီလို ဖြစ်ပါတယ် ဆိုရင် ဘယ်လိုကြောင့် ဖြစ်တယ် ဆိုတာ က နောက် ။ သွေးပူခဏတော့ ဒီလိုဘဲ ဖြစ်မယ်ထင်ပါကြောင်း ..
ကျွန်တော်သာ ဆို သူ ကိုယ်တိုင် က သီတာကို နားလည်ခွင့်လွှတ်ပြီး “မိန်းမ တစ်ယောက်ရဲ ့အချစ်ဆိုတဲ ့… အကြောင်းပြချက်ဟာ…” ဆိုပြီး ပြန်လည် မနာကျည်းသင့်ပါကြောင်း ..
မောင်ပေ
September 16, 2012 at 4:01 pm
ပြီးခဲ့တဲ့ ၂ရက်လောက်က သတင်းတစ်ခု ဖတ်ရတယ် ၊ အိတ်ချ်အိုင်ဗွီ ပိုးရှိတဲ့လူရဲ ့အပေါ်ယံသွေးနဲ ့ထိတွေ ့ရုံလောက်နဲ ့တော့ ရောဂါပိုး မကူးစက်နိုင်ဘူးတဲ့ဗျို ့
စိတ်မပျက်နဲ ့နော ၊ ညီငယ် အလင်းစက်ရေ
အလင်းဆက်
September 16, 2012 at 7:41 pm
ဟိုက်….။
ဦးပေ…. အဲဒီ ကျွန်တော်.. ဆိုတာက ကျွန်တော် အလက်ဆင်းမဟုတ်ဘူးနော် ။
သားမှာ..ဘာ ပိုးမှ မရှိပါဘူးဗျာ.။ ရှ်ိမယ် ဆိုရင်..အနုပညာ ကိုချစ်တဲ ့ပိုးပဲ.ရှိမှာပါ ။
အဲဒီ
ီ ကျွန်တော် ဆိုတာက..ဇာတ်လမ်းထဲက ဇာတ်ကောင်လေးပါ..နော့။:D
_____________________
ကထူးဆန်ရေ… မိန်းမ တစ်ယောက်ရဲ ့အချစ်ဆိုတဲ ့… အကြောင်းပြချက်ဟာ….
AIDS ရောဂါက်ို…. မျှဝေ ခံစားပြီး…. လက်တွဲ ထားဖို ့အထိတော့…
အင်အားမပြင်းထန်ပါဘူးလေ….ဆိုတဲ ့စကားက..နည်းနည်းပြင်းထန်သွားတာ အမှန်ပဲ.ဗျ။
ဇာတ်အရှိ်န်…နဲ ့တက် အသွားမှာ… ပြောချ မိလိုက်တာ..ပါ ။
ဇာတ်ကို တကယ် ့ ခံစားချက်ပြင်းထန်စွာ.. နဲ ့..ဖတ်ရှု ခံစားပေးသွားလို့..
ကျေးဇူး..နော် ။
______________________-
မမအိတုံရေ..
မမ က အသည်းကွဲ.နေတာလား.. ဟင် ။
တားတားလည်း.အတည်းကွဲနေတာဂျ။
ဘဝတွေ..တူလိုက်တာ ။
ကျွန်တော်လည်း.ဆေးပညာကိ်ု နည်းနည်း စိတ်ဝင်စားမိတယ် ။ ဆေးပညာဆိုင်ရာ ထဲမှာမှ…
AIDS ဝေဒနာ ရှင်တွေရဲ ့ဘဝ နဲ ့…သူတို့ ရဲ ့စိတ်ဓါတ်ရေးရာတွေက်ု ပိ စိတ်ဝင်စားမိတာပါ ။
ဒါကြောင့်.. အေအိုင်ဒီအက်စ် နဲ ့ပက်သက်တဲ ့ဇာတ်လမ်းလေးတွေ..မကြာခဏ ရေး မ်ိပါတယ် ။
အရေးကောင်းတယ်..လို့ ပြောလို ့ ဝမ်းသာရပါတယ် ။
အကြံပေးချက်ကလေးအတွက်.. ပြောမပြတတ်အောင် ကျေးဇူး တင်ရပါတယ် မမအိတုံ ..။
____________________
ဆာဆာရေ..
ငါးယောက်တွဲ ခြောက်ယောက်တွဲ ဆေးပေါင်းထိုးတဲ ့အကြောင်း..လေး… ဝေမျှ ဦးနော် ။ စိတ်ဝင်စားသွားပြီ။
ကျွန်တော့် စာမူတွေက်ို အမြဲလိုလို ဝင်ရောက် ဖတ်ရှု ခံစားပေးနေလို့…
ခင်မင်စွာ..လေးစား..
လေးစားစွာ..
ကျေးဇူးတင်မိပါကြောင်း…
😀
____________________
တီတီနုရေ…
ခံစားပေးသွားလို ့..ကျေးဇူးနော် ။
ခင်မင်စွာ.လေးစားလျက်…
အလင်းဆက်
MaMa
September 17, 2012 at 7:27 am
အသိပညာပေးရသဇာတ်လမ်းလို့ ပြောရမယ်ထင်တယ်။ (မသိမတတ်ပဲ ဝင်ရွှီးခြင်း) 😛
မှတ်မှတ်ရရ အောင်ကိုလတ်က (ထင်တာပဲ)..
မဲရုံကို မဲရုံကို လာကြလာကြ မဲပေးကြမယ်လေ…လို့ ဆိုပြီး
အကျိုးပြုသီချင်းကို လူတိုင်း ပါးစပ်ဖျားရောက်လာအောင် သီဆိုအောင်မြင်ခဲ့သလို…
အလင်းဆက်ရဲ့ အကျိုးပြုစာပေက ရသလေးစွက်ပြီး ဆင်ခြင်နေထိုင်ဖို့ အသိတရားပေးတဲ့ ရေးဟန်လေးမို့ ကြိုက်နှစ်သက်သွားတယ်။
အဲဒီထဲမှာမှ ဇာတ်ရှိန်အတက်နဲ့ ရေးလိုက်တဲ့…
မိန်းမ တစ်ယောက်ရဲ ့အချစ်ဆိုတဲ ့… အကြောင်းပြချက်ဟာ….
AIDS ရောဂါက်ို…. မျှဝေ ခံစားပြီး…. လက်တွဲ ထားဖို ့အထိတော့…
အင်အားမပြင်းထန်ပါဘူးလေ..။
( ဒါပေမယ့် …………………………………
သီတာ့နေရာမှာ…….
ကျွန်တော်သာ…ဆိုရင်…….တော့………………….)
ဆိုတာကတော့….
ကိုယ့်ဘက်ကိုယ်ယက်ထားသလိုပဲ။ 😀
ကြောင်ကြီး
September 17, 2012 at 8:15 am
ခြစ်ချင်းပြိုင်
စစ်ခင်းနိုင်
လစ်ဟင်းတိုင်
ခေတ်မြင်းဒိုင်
သစ်ထွင်းဆိုင်
ကစ်သွင်းပိုင်
ဟစ်ဝင်းကြိုင်
ပစ်ခွင်းချိုင်..။
Shwe Ei
September 17, 2012 at 12:48 pm
အေကိုက်တာကုလို့ရ(ဆေးနဲ့ထိန်းထားလို့ရမှန်း) သိအောင် အရင်ပညာပေးပီးမှ အေကိုက်ကြောင်းဖွင့်ပြောသင့်ပါဒလယ် အလင်းဆက်ရယ် အဲလေ ပို့စ်ထဲကကောင်လေးရယ်။ 😀
manawphyulay
September 17, 2012 at 2:50 pm
အင်း အတွေးတွေ အများကြီး ပေးစွမ်းတဲ့ ပိုစ့်လေးတစ်ခုပါပဲ။ အတော်လေးလည်း ရေဆုံးမြေဆုံးထိကို စဉ်းစားနေမိတော့တယ်။ ဒီလိုဘဝသမားတွေ ဘယ်လောက်တောင်ရှိနေသလဲဆိုတာ……
အလင်းဆက်
September 17, 2012 at 8:39 pm
ရေးဟန်လေးကို..ကြိုက်သွားတဲ ့..အန်င်္တီမမရေ..
အမှန်ပါပဲ.။
ကိုယ် ့ဘက်ကိုယ်..ယက်လိုက်တာလေ.။
သားက..ကြက်ဖ ကြီး…ဖစ်ရော…:D
ဖတ်ရှု..ခံစားပေးနေကျ… အန်တီမမ..ကို ကျေးဇူး တင်မဆုံးပါပဲ…ခည ။
_____________________
ဦးကြောင်….
ကာရန်တွေ..တယ် လှ သကိုး…..ဟိုးဟိူး….ဟီးဟီး…
🙂
____________________
အဟိ ။ ရွှေအိ ကလည်း.တယ်နောက်သကိုး ဟိုးဟိုး…
ရွှေအိရေ…..ကျွန်တော်…ရေးသမျှ ပို့စ်တိုင်းကို…ဖတ်ရှု..ခံစား လာလို ့..
ကျေးဇူး…အထူးတင်..ခင်မင်ပါတယ် ဗျို ့။
__________________________
မမမနော..ရေ..
စာမူလေးကို ခံစားဖတ်ရှု…သွားလို ့ကျေးဇူးပါပဲ..။
😀