Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

“ပြဒါးပျယ်နေတဲ့မှန်ထဲမှာ စလေအညာက ပုလွေဆရာ့နောက်လိုက်ကြွက်တွေကို တွေ့လိုက်တယ်”

“ပြဒါးပျယ်နေတဲ့ မှန်ထဲမှာ စလေအညာက ပုလွေဆရာ့နောက်လိုက်နေတဲ့ကြွက်တွေကိုတွေ့လိုက်တယ်”

 

၁၉၆၂ခုနှစ်ကနေ ၂၀၁၁ခုနှစ်အထိ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီနဲ့စစ်အုပ်ချုပ်ရေးအောက်မှာ

နေခဲ့ရတဲ့ ကျနော်တို့အဘို့ ကိုယ်ပိုင်ဆိုင်တာလေးတွေ နဲ့ ကိုယ့်ရပိုင်ခွင့်လေးတွေ

လက်လွတ် ဆုံးရှုံးမှာကို စိုးရွှံတဲ့ကြောက်စိတ်နဲ့ နှစ်ပေါင်းများစွာနေလာခဲ့ကြရပါတယ်။

အဲဒီစိ်တ်တွေရဲ့ အကျိုးဆက်ကတော့ ကိုယ်စွမ်းကိုယ်စနဲ့ မိမိကိုယ်မိမိယုံကြည်တာတွေ

တစထက်တစ မသိမသာ ပျောက်ဆုံးသွားခဲ့တာပါဘဲ။

 

နောက်တစ်ချက်က ရုံးပြင်ကန္နားသွားရမှကိုကြောက်ရွှံ့တဲ့စိတ်တွေကိုဖျောက်မရနိုင်တာပါ။

ကျနော်တို့မြန်မာလူမျုးိတွေက ရုံးရောက်ဂါတ်ရောက်အင်မတန်ကြောက်ပါတယ်။

အဲလိုသွားရတာကို  ကျက်သရေမရှိ မင်္ဂလာမရှိ လို့သတ်မှတ်ထားခဲ့ကြပါတယ်။

ဟိုးနှစ်ပေါင်းများစွာ အင်္ဂလိပ်လက်ထက်ကတည်းက အရိုးစွဲနေအောင်ကြောက်ခဲ့ကြတာပါ။

ကြောက်ဆိုလဲကြောက်စရာပါဘဲ။

အင်္ဂလိပ်ခေတ်ကတည်းက သုံးစွဲလာခဲ့တဲ့ ဥပဒေ-ဓမ္မသတ်အတော်များများဟာ စကားလုံးခန့်ထည်မူ့နဲ့အတူ ကျနော်တို့သာမန်လူတွေနားမလည်နိုင်လောက်တဲ့ ထည်ဝါလှတဲ့ ပြောဆိုသုံးနုူန်းတာတွေကြောင့်

ပိုမိုပြီးကြောက်ရွှံခဲ့ကြတာလဲအမှန်ပါဘဲ။

သူတို့ပြောတဲ့စကားအသုံးအနှုန်းကိုသေချာမသိဘဲဖြေလိုက်မိရင်အမှန်ကနေအမှားဖြစ်သွားတတ်လို့လဲ

ကြောက်ကြတာပါ။

တကယ်လဲ မေးတာကိုသေချာနားလည်ဘဲ ကြောက်ကြောက်ရွှံ့ရွှံနဲ့ ဟုတ်ကဲ့မိလို့ ဒုက္ခရောက်ခဲ့ကြတာ

တွေကိုလဲ နားမဆန့်အောင်ကြားဘူးထားကြတာကိုး။

တရားရုံးမှာ စစ်ဆေးမေးမြန်းကြတဲ့အခါ အပြန်အလှန်မေးကြတဲ့စကားလုံးအသုံးအနုှုန်းတွေကို

ကျနော်တို့နားမလည်တာတော့အမှန်ပါဘဲ။

နားမလည်တာကို လည်အောင် မကြုးိစားတတ်တဲ့ကျနော်တို့မြန်မာတွေရဲ့ထုံးစံအတိုင်း သိတယ်တတ်တယ်ထင်တဲ့သူကိုဘဲ အားကိုးကြပါတော့တယ်။

အမူ့အခင်းရယ်လို့ဖြစ်လာရင် ကိုယ်ဆရာတင်တဲ့လူက ခြယ်လှယ်တာကို ခံရပါတော့တယ်။

အဲတော့ သူပြုသမျှ နုရသလို လည်စင်းပေးရပါတယ်။

စိတ်ပန်းငွေကုန် ဘဝမျိုးနဲ့ကြုံရပါတယ်။

ဒါကြောင့်လဲ ရုံးပြင်ကန္နားဆိုတာ ကျနော်တို့မြန်မာတွေအတွက်မသွားအပ်တဲ့နေရာလို့သတ်မှတ်လိုက်တာပေါ့။

ဒီတော့လဲ အမူ့ကိစ္စရယ်လို့ဖြစ်လာရင် ရုံးမရောက် ဂါတ်မရောက်ခင် အပြင်မှာတင်ကျေအေးလိုက်တတ်ကြပါတယ်။

အဲလိုရုံးပြင်ကန္နားနဲ့မယဉ်ပါးတော့ ဗဟုသုတနည်းပါးတဲ့  ပြည်သူပြည်သားတွေအမြင်မှာရုံးဝန်ထမ်းတွေ

ကို သီးသန့်လူတန်းစားတွေ အလေးအမြတ်ပြုစရာ ပညာတတ်လူတန်းစား လို့ သတ်မှတ်လိုက်ကြပါတယ်။

အဲတော့ ရုံးရောက်တာနဲ့ တံခါးပေါက်စောင့်တဲ့ ပြာတာ ကစပြီးကြောက်နေတယ်ဆိုတော့ ဟိုးအထက်ကလူများ

ဆိုရင်ပြောမနေနဲ့တော့လို့ဆိုနိုင်ပါတယ်။

^^^^^^^^^^^^^^^^^^^ ^^^^^^^^^^^^^^^^^^^ ^^^^^^^^^^^^^^^^^^^^

ပြည်သူ့ဝန်ထမ်းဆိုတာ ပြည့်သူ့အစေအပါး ဘာညာကွိကွ နဲ့ ဖွင့်ဆိုချက်တွေအမျိုးမျိုးဖွင့်ဆိုခဲ့ပေမယ့်

လက်တွေ့ ဘဝမှာတော့ ကျနော်တို့လိုသာမန်လူတန်းစားများအတွက် တော့ သူတို့ရှေ့ရောက်ရင်

ကျားရှေ့ရောက်တဲ့ သမင်လို အရိပ်အကဲကြည့်နေခဲ့ရတာလဲအမှန်ပါဘဲ။

ဆိုရှယ်လစ်ခေတ်တစ်လျောက်လုံးမှာရော စစ်အုပ်ချုပ်ရေးကာလတစ်လျောက်လုံးမှာရော

ဝန်ထမ်းဆိုတာပြည်သူ့တွေရဲ့အထက်မှာတစ်ချိန်လုံးရှိနေခဲ့ပါတယ်။

မှားမှန်းသိနေ မမှန်မှန်းသိနေပေမယ့် ပြန်ပြောခွင့်မရှိ ပြန်မပြောရဲတဲ့ အနေအထားမှာ

ရုံးကိစ္စရှိခဲ့ရင် ကိုယ့်ကိစ္စမပြီးမချင်း သူတို့ကိုမျက်နှာချိုသွေးနေခဲ့ရပါတယ်။

သူတို့ငြိုငြင်တယ်ဆိုရင် ကိုယ့်ကိစ္စက မပြီးနိုင်တော့ပါဘူး။

အကြောင်းကိစ္စတစ်ခုအတွက်လိုအပ်ချက်တွေက ဘာလဲဆိုတာ ကို အတိအကျမသိ ပြန်တော့

ဟိုဟာလိုတယ် ဒီဟာလိုတယ် စာရွက်စာတမ်းမစုံသေးဘူးပြောလဲ ဟုတ်တာ မဟုတ်တာ

လိုတာမလိုတာ ကိုယ်ကမှရေရေ ရာရာ မသိတော့  သူတို့ပြောသမျ လက်ခံလိုက်ရတာပါဘဲ။

ရုံးတွေကိုသွားတဲ့အခါ မသိလို့ မေးစရာလူမရှိ။

ဟိုစားပွဲသွားဒီစားပွဲသွားဆိုပြီးမေးငေါ့လို့ပြတဲ့သူလဲရှိ။

ဒီလောက်လေးမှမသိဘူးလားဆိုတဲ့ပုံစံနဲ့ ဟောက်သူလဲရှိ ဆိုပြန်တော့ ကြောက်မယ်ဆိုလဲကြောက်ထိုက်ပါတယ်။

နောက်တစ်ချက် အစိုးရရုံးတွေမှာ လုပ်ငန်းကိစ္စနဲ့သွားတဲ့အခါ ကို်ယ်ဘက်က ဘယ်လောက်အရေးကြီးကြီး သူတို့ဘက်ကတော့အေးဆေး။

အခွန်အတွေဆောင်တဲ့အခါ ဘဏ်မှာငွေအထုတ်အသွင်းလုပ်ရတဲ့အချိန်တွေမှာစာတိုက်မှာ အမြန်ချောနဲ့ စာပို့တဲ့အခါ ရထားတလက်မှတ်ဝယ်တဲ့အခါ တန်းစီရပါတယ်။

ကျနော်တို့ကသာ အပြင်မှာသွေးတောင့်အောင်မတ်တပ်ရပ်စောင့်နေရပေမယ့် သူတို့အချင်းချင်းကတော့

စကားလက်ဆုံပြောမကုန်။

ညက ကြည့်ခဲ့တဲ့ ကိုရီးယားကားကိုစားမြုံ့ပြန်လို့ မဝနိုင်အောင်။

အဲလိုတွေကြုံခဲ့ရတာက နေရာတကာမှာပါ။

 

တစ်ခါသားမှာ ကျနော်စက်ရုံတစ်ခုမှာ ပစ္စည်းထုတ်ခွင့်ရဘို့အတွက် လျောက်လွှာသွားတင်ရပါတယ်။

ငွေကြိုသွင်းပြီးသား ပစ္စည်းကိုထုတ်ခွင့်ရဘို့အတွက် ပါမစ် သွားပြီးလုပ်ရတာပါ။

ကျနော်ရောက်တော့ ပါမစ်ကိုလက်ခံပြီး ထုတ်ခွင့်ရေးပေးရမယ့် ဝန်ထမ်းအမကြီး ကရွက်ဆုတ် ပြက္ခဒိန်ကိုတစ်ရွက်ခြင်းလှန်နေတာတွေ့ပါတယ်။

ကျနော်သူ့စားပွဲရှေ့ရောက်တော့ မော့ကြည့်ပြီး “ခဏစောင့်”လို့ပြောပြီး ဆက်ကြည့်နေပြန်ပါရော။

ထိုင်စရာနေရာမပေးတော့ မတ်တပ်ရပ်နေရပါတယ်။

အတော်လေးကြာတော့ မှ“တွေ့ပြီ တွေ့ပြီ “ လို့အော်ပြီး သူ့ရုံးက ဝန်ထမ်းကောင်မလေး ကိုလှမ်းခေါ်ပါတယ်။

ကောင်မလေးရောက်လာတော့ “တော်ပါသေးတယ်အေ့ သမီးလေးစာမေးပွဲပထမရက်က ရက်ရာဇာအေ့

ပြဿဒါးဖြစ်မှာစိုးလို့ရှာလိုက်ရတာ မောနေတာဘဲ” အစချီလို့ ဘာညာကိစ္စတွေပြောလို့ ဝမှ

“ဘာကိစ္စလဲလို့ “မေးဖော်ရပါတယ်။

အလုပ်ကိစ္စအကြောင်းပြောပြတော့ နက်ဖြန်မှ လာထုတ်တော့လို့ပြောပါတယ်။

စုစုပေါင်းမိနစ် 20လောက်တော့စောင့်လိုက်ရပါတယ်။

အော် ကျနော်မှာတော့ရုံးကိစ္စအတွက် များ ပြက္ခဒိန်ကြည့်နေတယ်ထင်မိတာ  မှားပေါ့ နော်။

ဒါကကိုယ်ကြုံခဲ့ရတာလေးတွေပါ။

အခုနောက်ပိုင်းမှာတော့ အရင်လိုမဆိုးပေမယ့် စိတ်တိုင်းကျလောက်အောင်တော့ မရောက်သေးတာအမှန်။

အစိုးရဘဏ်ကြီးတစ်ခုရဲ့ နံရံမှာ “ဆေးလိပ်မသောက်ရ”လို့ရေးထားပေမယ့် အဲဒီဘဏ်ကလုံခြုံရေးဝန်ထမ်းတစ်ယောက်ကတော့ စီးကရက်ကို ဟန်ပါပါခဲလို့ နေရာအနှံ့လျောက်သွားနေတာကိုမြင်ရတာ သူများမေးငေ့ါစရာ။

ဒါအရင်ကအခြေအနေလေးတွေပါ။

အခုချိန်မှာတော့ ဒီအချိုး ဒီပုံစံလေးတွေက အတော်အသင့်ပျောက်သွားပြီဆိုပေမယ့်

အချို့နေရာတွေမှာတော့အငွေ့အသက်ဟောင်းတွေက အနည်းနဲ့အများတော့ကျန်နေပါသေးတယ်။

 

****************** **************************** *******************

အဲလိုလုပ်ရကိုင်ရ ခက်ခဲတယ်ဆိုတာကြောင့်လဲ လာဘ်ပေးလာဘ်ယူဆိုတာကြီးက

ခေတ်လိုအပ်ချက်အရပေါ်လာတာပါဘဲ။

ကိုယ်တိုင်သွားရင်ကြာမယ် အချိန်ကုန်မယ်

(ဟိုဘက်စားပွဲကနေ ဒီဘက်စားပွဲကို စာလေးတစ်စောင်ရောက်ဘို့ အကြာကြီးစောင့်ရတာမျိုးပေါ့)

အဆင်မသင့်ရင်အဟောက်ခံရမယ်။

မဝင်တတ်ရင်အခေါက်ခေါက်အခါခါ သွားရမယ်။

အဲတော့ သူတို့နဲ့အဆင်ပြေတဲ့ လူတွေက ပွဲစား(လှပစွာသုံးရင်အကျုးိတော်ဆောင်ပေါ့)

တွေဖြစ်ကုန်ပါတယ်။

ဟုူိးအရင်က လာဘ်ယူတယ်ဆိုတာ တိုးတိုးတိတိတ် နောက်ဖေးပေါက်ကဝင်ရတာမျိုး။

 

 

ပွဲစားကနေတစ်ဆင့်ပေးရတာမျိုး။

စာအိတ်ကလေးနဲ့ထည့်ပြီး မသိမသာချန်ထားခဲ့ရတာမျိုး။

ဟထားတဲ့အံဆွဲလေးထဲအလစ်ထည့်ရတာမျိုး။

စာရွက်ထဲမှာ အသာလေးရောထဲ့ပေးလိုက်ရတာမျိုး။

အထက်က လူကို လာဘ်ပေးဘို့အတွက် ကြားလူကို (အပေါက်စောင့်လိုဟာမျုးိ) လာတ်ထိုးရတာမျိုး

 

နောက်ပြောင်းလဲလာတဲ့အခြေအနေမှာတော့ အကြောင်းကိစ္စတစ်ခုအတွက်

ဘယ်လောက်ဆိုတာ ဈေးတန်းသတ်မှတ်လို့ထားတဲ့ခေတ်ရောက်လာတော့

လာဘ်ပေးတယ်ဆိုတဲ့ စကားလုံးကိုတောင်သုံးဘို့ မသင့်တော့ပါဘူး။

အကျိုးဆောင်ခ လို့ ခေါ်ရတာပေါ့။

ပေးရင်ရတယ် ပိုင်ရင်ရတယ်။

မသိတတ်လို့မပေးရင်ပြောင်ပြောင်တင်းတင်းတောင်း

တောင်းလို့မှ မပေး ရင်ဗြောင်ချောင်ထိုးတဲ့တစ်ခေတ်ကို ရောက်ခဲ့ကြရတာလဲအမှန်။

ဘယ်နေရာမှာ မဆို “ဂါ” မှာ “မဂါရင် မပါဘူး”ဆိုတာတွေက တကယ့်အဖြစ်မှန်။

ဒီလာဘ်လာဘ်ယူကိစ္စမှာတော့ အောက်ခြေဝန်ထမ်းဆိုတာ အရိုးကပ်နေတဲ့အနံ့ရှူကြည့်ရသလောက်ပါဘဲ။

တကယ်အသားစားသူတွေကတော့ ဝဝဖြိုးဖြိုးပါဘဲ။

လက်ရှိအချိန်မှာတော့ ဆုးိဝါးလှတဲ့လာဘ်လာဘ်ယူကိစ္စကို လျော့နည်းပပျောက်ဘို့ကြုးိစားနေပါတယ်။

ဒီကိစ္စအောင်မြင်ဘို့ဆိုတာကတော့ “ထောင်မြင်လို့ရာစွန့် တတ်သူတွေ တစ်ကောင်ချကျွေးပြီး နှစ်ကောင်စားလို့ ကင်းဝင်တတ်သူ”တွေနဲ့ “မျှော်လင့်နေတဲ့မျက်လုံး ပိုင်ရှင် ”တွေရှိနေသမျှကာလပါတ်လုံး ပပျောက်ဘို့ လမ်းမမြင်ပါဘူး။

ပေးသူက ကြောက်ပြီးအလွယ်တကူပေးနေသမျှ စားတဲ့သူကလဲ မကြောက်မရွှံကြီးကို စားနေသမျှကာလာပါတ်လုံး ဒီ လာဘ်စားတာကြီးက ရှိနေအုံးမှာဘဲ။

&&&&&&&&&&&&&&&&& &&&&&&&&&&&&&&&& &&&&&&&&&&&&&&&&& &&&&&&&&

 

ဟုိုအရင် မဆလခေတ်မှာ အမြဲကြားရလေ့ရှိတဲ့စကားလုံးလေးတွေက

နေရာတကာမှာ “ဥက္ကဌကြီး” “ပါတီသဘောတရားရေးရာ” “အညမည” “ တင်းပြည့်””အရန်ပါတီဝင်”

“ရှေ့ဆောင်လူငယ်” “လမ်းစဉ်လူငယ်” “လုပ်အားပေး” “ထောက်ခံ” “ဆန္ဒခံယူပွဲ” “ဗွီအိုင်ပီ“အူမတောင့်မှသီလစောင့်”“ဇူဇကာ”  “ပါတီလမ်းညွှန်မှု့” “ကော်မီတီ”ဆိုတဲ့စကားလုံးတွေက

ပုံမှန်ကြားနေကြစကားလို့တွေဖြစ်သလို

တကယ့်ပြည်သူလူထုတွေရဲ့ဘဝတွေမှာတော့ “မှောင်ခို” “ခွဲတမ်း” “မဲပေါက်” “တန်းစီတိုး”

ဆိုတဲ့စကားလုံးတွေကနေ့စဉ်နဲ့အမျှ ယဉ်ပါးနေတဲ့စကားလုံးများဖြစ်နေပြန်ပါတယ်။

အဲဒါတွေထဲကမှအကြားရဆုံးစကားလုံးလေးတစ်ခုကတော့

“ ရာနုှန်းပြည့် ထောက်ခံတယ် “ ဆိုတဲ့စကားလုံးလေးပါဘဲ။

(အခုအချိန်မှာ ဆန့်ကျင်ပါတယ်ဆိုတဲ့စကားနဲ့လက်သီးလက်မောင်းတန်းနေခဲ့တဲ့သူတွေ

တောင် ဒီလို ထောက်ခံတဲ့အထဲမှာ ကျေနပ်စွာပါဝင်ခဲ့သူတွေအများကြီးပါဘဲ။)

ဆန္ဒခံယူပွဲ အတော်များများမှာ ကျေကျေနပ်နပ်ကြီးထောက်ခံ

တယ်လို့ထင်ရလောက်အောင်ကို “ရာနူန်းပြည့်” စကားလုံးကို ကြားနေရပါတယ်။

ဒီထောက်ခံတာနဲ့ပါတ်သက်လို့ ကျနော်မှတ်မိတာလေးတစ်ခုပြန်ပြောရရင် တစ်ခါက တက္ကသိုလ်မှာထောက်ခံပွဲ

တစ်ခုလုပ်တဲ့အခါ ဆရာတစ်ယောက်က မထောက်ခံဘူးလို့ဆိုပြီး နေပါသတဲ့။

အဲဒီ ကျန်တဲ့ ဆရာဆရာမတွေ က “ဆရာကြီး ထောက်ခံရင်ကျမတို့ဌာနက ရာနူန်းပြည့်ဘဲ”

လို့ဝိုင်းပြောကြပါသတဲ့။

အဲဒီအခါ ဆရာကြီးက “တိုင်းပြည်ကိုချောက်ထဲရောက်အောင်တွန်းပို့တဲ့အထဲငါမပါချင်ဘူး”လို့ပြန်ဖြေတော့

“ဆရာကြီး သိပ်ခေါင်းမာတာဘဲ”လို့ ကွယ်ရာမှာမေးငေ့ါခံရပါသတဲ့။

အဲဒီဇာတ်လမ်းလေးရဲ့နောက်ဆက်တွဲကတော့ ဆရာကြီးကို နယ်တက္ကသိုလ်မှာ တာဝန်ပြောင်းပြီးထမ်းဆောင်

ဘို့ အမိန့်စာမချခင် ပန်းနာရောဂါရှိတဲ့အတွက်မြေလတ်ပိုင်းက တက္ကသိုလ်ကောလိပ်ကို ချထားပေးဘို့တောင်းဆိုတဲ့အခါ “မြစ်ကြီးနား”မြို့ကို ပို့လိုက်တော့ ဆရာကြီးက နုတ်ထွက်စာတင်

သွားခဲ့ပါသတဲ့။

တိုင်းပြည်အတွက်အင်မတန်မှ  စာအသင်ကောင်းတဲ့ တပည့်တွေကို ဗဟုသုတတွေဖြန့်ဝေပေးနို်င်တဲ့

ဆရာကောင်းတစ်ယောက်ဆုံးရှုံ့းသွားတာပါဘဲ။

 

 

အဲဒီအချိန်ကစလို့ အမြစ်တွယ်ခဲ့တဲ့ အလေ့အကျင့်တစ်ခုကတော့ အကြောင်းအရာတစ်ခုဖြစ်လာရင်

ကန့်ကွက်နေလဲ အလကား မြန်မြန်ထောက်ခံ မြန်မြန်နားအေးတယ်ဆိုတဲ့ အတွေးတွေဝင်လာတာပါဘဲ.။

အဲဒီကာလက အနိမ့်ဆုံးရပ်ကွက်လူကြီးရွေးတာတောင်မှ သူတို့ရွေးထားပြီးသားလူကိုထောက်ခံခိုင်းတဲ့

အဆင့် မှာဘဲရှိပါတယ်။

ကန့်ကွက်လို့လူပြောင်းသွားတယ်ဆိုတာမျိုးက မရှိသလောက်။

အဲတော့ ကျနော်တို့စိတ်ထဲမှာ ငါတို့ပြန်ပြောနေ  ကန့်ကွက်နေလဲ လေကုန်တာသာအဖတ်တင်တာဘဲရှိမှာပါ

ဆိုတဲ့ စိတ်တွေက ပိုခိုင်မာလာပါတယ်။

အဲတော့ သတင်းစာထဲမှာပါတဲ့ကြေညာချက်တွေ ဘာတွေညာတွေကို ဖတ်တဲ့အလေ့အကျင့်မရှိသလောက်ပျောက်သွားပါတယ်။

သိအောင်ဖတ်နေလဲ မထူးပါဘူးကွာဆိုတဲ့ အတွေးက ရင်ထဲမှာစူးနစ်စွာကျန်နေပါတယ်။

နောက်တီဗွီတွေဘာတွေပေါ်လာတော့လဲ သတင်းဆိုရင်နားမထောင်ပိတ်ထားလိုက်ကြပါတယ်။

အဲဒီကနေရလာတဲ့ အကျင့်ဆိုးတစ်ခုက ဘာဖြစ်ဖြစ် စာမဖတ်ဘဲလက်မှတ်ထိုးတတ်ကြတာပါဘဲ။

မကြာခင်ကာလအတွင်းမှာနိင်ငံတကာနဲ့ ဆက်စပ်ပါတ်သက်လို့ အလုပ်တွေလုပ်ကြရတော့မှာသေချာနေပြီ။

ဒီအချိန်မှာ ဟိုအရင်ကလို စာချုပ်ကိုသေချာမဖတ်ဘဲ လက်မှတ်ထိုးမိလို့ကတော့ နာဘို့သာပြင်ပေတော့

ဟိုဘက်ကတော့ညှာမှာမဟုတ်ဘူးဆိုတာသဘောပေါက်ဘို့လိုအပ်ပါတယ်။

အဲနောက်တစ်ချက်က ဘာဖြစ်ဖြစ်သေချာမသိဘဲ မျက်စေ့စုံမှိတ်ထောက်ခံတတ်တဲ့အကျင့်လေးကိုလဲပြင်ဘို့လိုတယ်လို့ထင်မိပါတယ်။

 

@@@@@@@@@@@@@@@@ @@@@@@@@@@@@ @@@@@@@@@@@@@@@@

 

ငယ်တုန်းက မကြာခဏကြားဘူးတဲ့ပုံပြင်လေးတစ်ပုဒ်ရှိပါတယ်။

“စလေအညာကပုလွေဆရာ”ဆိုတဲ့ပုံပြင်လေးပါ။

ဇာတ်လမ်းအစအဆုံးတော့ သိပ်မမှတ်မိတော့ပါဘူး။

အဲဒီပုလွေဆရာနောက်ကို မြို့ထဲကကြွက်တွေလိုက်သွားတာကိုတော့ မှတ်မိနေပါတယ်။

ငယ်ကတည်းက တွေးမိနေတာ ဒီပုလွေဆရာနောက်ကိုဘာလို့များအားလုံးလိုက်သွားကြသလဲပေါ့။

အဲဒီတုန်းက ကလေးတွေးပေါ့ ဒီလောက်လေးမှ မစဉ်းစားတတ်ကြဘူးလားပေါ့။

အခုနောက်ပိုင်းအင်တာနက်ထိုင် ဖေစ်ဘုတ်ဝင် ဟိုထဲဝင်ဖတ်ဒီထဲဝင်ဖတ်မိပါတယ်။

ပိုစ်တွေနောက်က ကော်မင်းတွေကိုလိုက်ဖတ် ကို်ယ်တိုင်ပေးမိတဲ့အခါလဲပေးပေါ့။

အဲဒီမှာဘာသွားတွေ့သလဲဆိုတော့ အပေါ်ကရေးထားတာကိုသေချာမဖတ်ဘဲ

ကိုယ့်အပေါ်ကလူရေးသွားတဲ့ကော်မင်းတွေနောက်လိုက်ပြီး ရေးချင်ရာရေးတဲ့သူကရေး၊

အပေါ်က ရေးထားတာက ဟုတ်တာမဟုတ်တာ သေချာမစဥ်းစားဘဲ သူဆဲရင်ကိုယ်ပါရောယောင်ပြီးလိုက်ဆဲဆိုတာတွေတွေ့တော့

“အင်းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

ငါတို့လဲ ပုလွေဆရာနောက်ကိုလို်က်တဲ့ ကြွက်တွေလိုဖြစ်မှန်းမသိဖြစ်တဲ့အကြိမ်တွေအများကြီး”

လို့တွေးမိပါတယ်။

 

 

ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး

(25-10-2012)

 

 

 

 

 

 

 

 

 

 

 

 

26 comments

  • Hnin Hnin

    October 26, 2012 at 10:17 am

    လေးပေါက်ရေ…တကယ်ကောင်းတဲ့ပို့စ်ပါပဲလို့ ပြောချင်ပါတယ်….လေးပေါက်
    ရေးတဲ့စာ သေချာမဖတ်ဖြစ်သေးလို့ ဖတ်ချင်နေတာ..ဖတ်ရှု့အားပေးသွားပါတယ်…
    ခေါင်းစဉ်ကလည်း မိုက်တယ်….စာသားကလည်း အမှန်တွေမို့ ခိုက်တယ်…
    စကာဆုထဲဝင်ရင် မုန့်ကျွေးနော်… း)

  • Hnin Hnin

    October 26, 2012 at 10:32 am

    လေးပေါက်…’အောင်ပန်းမြို့က ဆွမ်းခံချိန်’ ဟိုတခါလို မန့်ပိတ်နေတယ်..

      • Thu Wai

        October 27, 2012 at 11:03 am

        ဦးပေါက်ရေ နေရာဝင်ဦးလိုက်မယ်ဆောရီးနော် ကျွန်တော်က သင်္ဘောသား အေးဂျင့်ဗျ SECD ဆိုတဲ့နေရာမှာ အခုချိန်ထိ ဟိုးအရင်က စောက်ကျင့်တွေမပြင်သေးတာ အခုထိပဲ နောက်ပြီး အဲဒီက ဦးစီ ဘိုဂျီးဇော်မင်း ဆိုတဲ့သူဆိုရင် ရိုင်းလိုက်တာမှ တာတေလန် စစ်တပ် ဒီဇိုင်းတွေလိုလာလုပ်နေတယ် တစ်ခုခု မှားသွားရင် သူ့စားပွဲပေါ်က ပစည်းတွေနဲ့ကောက်ပေါက်တတ်တယ် ပိုက်ဆံ မယူဘူးလားဆိုတော့ယူတယ် မရစ်ဘူးလားဆိုတော့လဲရစ်တယ် အထက်က ချပေးထားတဲ့ လုပ်ထုံးလုပ်နည်းတွေကို သူအာဏာတည်တဲ့ နေရာတစ်ဝိုက်လေးမှာ ပြင်ချင်သလိုပြင်ထားတယ် အဲလိုလူမျိုးတွေနဲ့ တွေ့မိလို့ကတော့ ကိုယ့်စိတ်ကိုယ်နိုင်အောင်မနည်းထိန်းထားရတယ်ဗျို့ သူ့ကိုစိတ်မထင်လို့ ထသတ်မိရင် ကိုယ့် မိသားစုလဲ မျက်ရည်နဲ့မျက်ခွက်ဖြစ် ကိုယ်လဲ ထောင်ထဲမှာ အနေ အစားချောင်မှာ မဟုတ်ဘူး သူ့တို့ ကအစိုးရအသိုင်းအဝိုုင်းဆိုတော့ ထောင်ထဲအထိတောင်လိုက် ဒုက်ခ ပေးနိုင်တယ်လေ အဲဒီတော့ ဒေါသကို အမြဲထိန်းနေရတယ်။

  • P chogyi

    October 26, 2012 at 11:16 am

    ပုလွေဆရာလေးပေါက်နောက်ကို ကြွက်ကလေးကျွန်တော်လိုက်သွားပါပြီ။

  • linnlinnn

    October 26, 2012 at 12:05 pm

    ပြင်ရမဲ့အကျင့်တွေကတော့ အများကြီးပဲ ဆြာပေါက်ရေ.. 🙂 မွေးကတည်းက ရလာတဲ့ အကျင့်တွေဆိုတော့လည်း ခက်သား..

  • kyeemite

    October 26, 2012 at 1:17 pm

    ကိုပေါက်ပြောတာတွေက ကျနော်တို့ ကိုယ်ဖြတ်သန်းကြုံတွေ့ခဲ့ရတာတွေ
    ဆိုတော့ အမှန်တကာ့အမှန်တွေပါဗျာ….အဲ့ဒီထဲမှာမှ..
    တစ်ခေတ်လုံးအရိုးစွဲလာခဲ့တဲ့ “အကြောက်တရား” ဟာအဆိုးရွားဆုံးပါပဲ…
    ရှင်းရှင်းကြီးပျောက်အောင်ဖျောက်ပစ်ရမှာ…ကလည်း
    အဲဒီ“အကြောက်တရား” ပါပဲ…
    လေးစားခင်မင်လျှက်….

  • စိန်ဗိုက်ဗိုက်

    October 26, 2012 at 1:45 pm

    တွေ ့ပြီ..တွေ ့ပြီ..ဆိုလို ့
    ဘာများလဲလို ့…..
    လူဇိုး

  • jullies cezer

    October 26, 2012 at 2:11 pm

    လေးပေါက်ရေ လေးပေါက်ပြောတာအမှန်တရားတွေပါပဲ
    အဲဒီအကြောက်တရားက အစိုးရအလုပ်မပြောနဲ့ ကုမ္မဏီလောကထဲမှာတောင်
    ရှိပါတယ် ရာထူးကြီးတဲ့သူရဲ့အမှားကို အငယ်တွေကသိသိရက်နဲ့လည်း အမှန်တရားကိုဖော်ထုတ်လိုက်လို့ ဖော်ထုတ်တဲ့သူသာအပြင်ရောက်
    သွားတယ် အမှားကအမှန်ဖြစ်နေတဲ့အဖြစ်တွေအများကြီး ကြာတော့
    ဘာဖြစ်လာလဲဆို ဘယ်လောက်ပဲမှန်တဲ့ဘက်ကရှိပါစေ ကုမ္မဏီအကျိုးကို
    မျှော်ကိုးလို့ပြောပါစေ ပြောတဲ့သူသာရွာပြင်ရောက်ရောက်ကုန်တော့
    ဘယ်သူကမှစွန့်စားပြီးမပြောတော့ဘူး ရေလိုက်ငါးလိုက် အလုပ်အကိုင်ကလည်း
    ရှားပါးနေတဲ့ခေတ်ကြီးမှာ ရှိတဲ့နေရာလေးမှာမြဲအောင်မှားနေတာသိရဲ့သားနဲ့လည်း
    မသိချင်ယောင်မမြင်ချင်ယောင်မကြားချင်ယောင်ဆောင်လာကြတယ်
    အယောင်မဆောင်နိုင်တဲ့ဝန်ထမ်းကောင်းတွေမှာလည်းတခြားကိုပြောင်းရွေ့ကြတယ်
    ပြဿနာတစ်ခုကိုထိပ်တိုက်ရင်ဆိုင်မရတဲ့အခါ ရှောင်ပြေးတဲ့နည်းလမ်းကိုသုံးကြတယ်
    ရေရှည်မှာအလုပ်ရှင်တွေမှာလည်း မသိမသာတစ်မျိုး သိသိသာသာတစ်မျိုး
    ထိခိုက်ကုန်တော့တာပဲ ………..

  • kai

    October 26, 2012 at 2:52 pm

    အင်း..
    ပြောရရင်..
    ယူအက်စ်ရဲ့.. အစိုးရရုံးတွေလည်း.. တော်တော်ကိုဆိုးပါတယ်…။
    မြန်မာပြည်အကြီးစားလို့တောင် ပြောကြသူတွေရှိတယ်..

    အေးဆေး..အေးဆေး..
    ..လုပ်ချင်တာလုပ်နေတာ…
    လစာကျ.. တသိန်းလောက်ယူတာ..

    ကဲ..ကဲ..
    ကြွက်လေးတွေလိုက်လာကြဟေ့..
    သွားမယ်..။ :kwi:
    ♫♪♫ ♫ ♪ .. ♫♪♫ ♫ ♪ ♫ ♪ .. ♩ ♪ ♫ ♬ ♫ ♪ ♫ ♪ ♫ ♩ ♪♩ ♪ ♫ ♬…. ♫ ♬ ♪ ♫ ♪

  • ရွှေ ကြည်

    October 26, 2012 at 6:41 pm

    လေးပေါက်ရေ မှန်လိုက်လေခြင်းရယ် ကိုယ်ကိုယ်တိုင်ပုလွေဆရာနောက်လိုက်တဲ့ ကြွက်တကောင်ဖြစ်မှန်းမသိဖြစ်ခဲ့တာတွေရှိပါ့။
    လေးပေါက်ပြောတဲ့ လတ်မှတ်လွယ်လွယ်ထိုးကြတဲ့အခြေအနေကိုတင်ပြသွားပုံ ထောက်ပြသွားပုံလေးကို
    လွန်စွာမှသဘောကျပါ၏။ စာပေဆုရစေချင်တဲ့ပို့စ်တွေများနေပြီးဒွတ်ခ 😆

  • အရီးခင်လတ်

    October 26, 2012 at 7:15 pm

    ကပေါက်ကြီး

    ဘာမဆိုင်၊ညာမဆိုင် အဲဒီ ပုံပြင်လေး ဝင်ရွှီးဦးမယ်။
    ပုံပြင်လေး ကို စသိတာက (ဒေါ်)ခင်နှင်းယု နဲ့ ဝတ္တုလေးတစ်ပုဒ်ထဲမှာ။
    သူ့ယောကျာင်္းကို သဝန်တိုလွန်း တဲ့ စိတ်ရောဂါ ခပ်နုနု ရှိနေတဲ့ အမျိုးသမီး အကြောင်းဇာတ်လမ်းလေး ဆိုတာတော့ မှတ်မိသေးတယ်။ သူ့ဝတ္တုခေါင်းစဉ် တော့မေ့နေပြီ။

    ရွာတစ်ရွာမှာ ကြွက်တွေသောင်းကျန်းလွန်းလို့ ရွာသူကြီး(လို့ဘဲဆိုပါစို့) က မှော်တတ်တဲ့ ပုလွေ ဆရာကို ငှါးပြီး ကြွက် တွေကို ရှင်းခိုင်းလိုက်တော့
    ပုလွေ ဆရာ က သူ့ ပုလွေလေးကို မှုတ်လိုက်တာနဲ့ ကြွက် တွေ အကုန် သူ့နောက်လိုက်သွားတာ။
    ကြွက်ရန်လဲ ရှင်းရော ရွာသူကြီးက သူ့ကို ပိုက်ဆံ အပြည့်မရှင်း တော့ဘူး။
    ဒါနဲ့ သူလဲ ပုလွေလေးမှုတ် ပြီး ပြန်အသွား ရွာက ကလေး တွေ အားလုံး သူနောက် ကို လိုက်သွားကြပါလေရော။
    နောက် ရွာမှာ ကလေးတွေ ပျောက်လို့ ရှာကြတော့ ရွာစပ်မှာ ငိုနေတဲ့ ကလေးလေး တွေ့မှ အကြောင်းစုံသိတယ်။
    ပုလွေ ဆရာ ရဲ့ သီချင်းက အရမ်းလှပြီး ပျော်စရာကောင်းတဲ့၊ စားစရာ ကစားစရာ တွေပေါ တဲ့ နေရာ ကို သွားကြမယ် ဆိုဘဲ။
    ကလေးတွေ အားလုံး ဂူတစ်ခုထဲကို ဝင်ပြီး ပျောက်သွားသတဲ့။
    သူသာ ခြေထောက် လေးမသန် လို့ နောက်ကျန်နေပြီး ဂူတံခါးပိတ်သွားတာတဲ့။

    ပုံပြင်လေးကတော့ ဒါပါဘဲကွယ်။
    Pied Piper of Hamelin လို့ ခေါင်းစဉ်ရှိတာဘဲ။

    ဝီကီမှာတော့ ဗားရှင်းတစ်မျိုး။
    ခြေမသန်တဲ့ ကလေးရယ်၊ နားမကြားတဲ့ ကလေးရယ်၊ စကားမပြောနိုင်တဲ့ ကလေးရယ်
    သုံးယောက် ကျန်ခဲ့သတဲ့။
    http://en.wikipedia.org/wiki/Pied_Piper_of_Hamelin

    ငယ်တုန်းက ပုံပြင်ကို ဖတ်ပြီး
    သူများတွေနဲ့ ပါမသွားဘဲ ကျန်ခဲ့တဲ့ အဲဒီ ခြေမသန်တဲ့ ကောင်လေး ကို သနားလွန်းလို့…..
    အခုတော့
    ခေါင်းဆောင် အသုံးမကျ ဂတိမတည်လို့ ကလေး တွေ အားလုံး ဒုက္ခရောက်ရတာလို့ တွေးမိချိန် ရောက်နေပြီး အဲဒီ ရွာသူကြီးကို ဒေါသဖြစ်နေတယ်။

    Post နဲ့ ဆိုင်တာကို ဝင်မမန့်ဘဲ မဆိုင်တာ ကလိုင်ခေါက် သွားတာ စောဒီးပါ။
    Post အကြောင်းလေးကို သဘောကျစွာ ဖတ်ပြီး အားပေးသွားပါတယ်။
    တစ်ခြား Post တွေ ကိုလဲ ဝင်မမန့်ဖြစ်ပေမဲ့ အမြဲအားပေးပါတယ် ကပေါက်ကြီး ခင်ဗျား။ :hee:

    • padonmar

      October 26, 2012 at 10:57 pm

      ခင်နှင်းယုတော့ဟုတ်တယ်။ရေချိုတွင်းလား မမှတ်မိတော့ဘူး။

  • အလင်းဆက်

    October 26, 2012 at 8:33 pm

    ခေါင်းစဉ် နဲ ့ စာ… လိုက်ဖတ်လည်း..ညီ….
    ပေး…တတ် / ရေးတတ်လိုက်တာလို ့လည်း…တွေးမိပါကြောင်း…

  • မောင်ပေ

    October 26, 2012 at 9:25 pm

    စာချုပ်ကို သေချာမဖတ်ပဲနဲ ့.. လက်မှတ်ထိုးတဲ့ ကိစ္စ
    အဲဒါ တော်တော်ကြီး ဆိုးဝါးပါတယ် ။ ကျုပ် ကြုံခဲ့ဖူးတဲ့ အထိနာခဲ့သော အဖြစ်လေးကို အားတဲ့အခါ စာဖွဲ ့ပါမယ် ။
    နောက်ထပ်ကျုပ်တို ့မြန်မာနိုင်ငံက လူတော်တော်များများမှာ ၊ ပြင်ရမယ့် အရိုးစွဲတစ်ခုကတော့ အခမဲ့ တိုင်ပင်ဆွေးနွေးတာမျိုးကို လက်သင့်လုံးဝမခံတာပါပဲ ။
    ♫♪♫ ♫ ♪ .. ♫♪♫ ♫ ♪ ♫ ♪ .. ♩ ♪ ♫ ♬ ♫ ♪ ♫ ♪ ♫ ♩ ♪♩ ♪ ♫ ♬…. ♫ ♬ ♪ ♫ ♪ ( ခရက်ဒစ်တူ သဂျီး )
    ဟီဟိ
    ကျုပ်လဲ ဘာသားနဲ ့ထုထားတာမှတ်လို ့
    သဂျီး လုပ်ရင် လိုက်လုပ်မှာပဲ
    ကိုပေါက် သွားရင် နောက်က လိုက်မှာပဲ

  • padonmar

    October 26, 2012 at 10:55 pm

    ကိုပေါက်ရေ
    မှန်လိုက်လေ ဇာတ်ဆရာလို့သာပြောချင်ပါတယ်။
    ရုံးပြင်ကနား မသွားချင်ကြတာတော့ ခုထိပါပဲ၊
    ပုဒ်မလေး တွေ မပျောက်သမျှ တိုင်းပြည်ကြီးမတိုးတက်ပါဘူး။
    မဆလ ခေတ်တုံးကမှ ရိုးသားတဲ့ ဝန်ထမ်းဦးရေကများသေးတယ်။
    လာဘ်ယူတာရှက်စရာလို့မြင်ပြီး ကြိတ်ယူကြရတာ။
    နအဖ လက်ထက်မှာတော့ ရပိုင်ခွင့်တောင်းသလိုပါပဲ။
    အလုပ်ဖြစ်ရေးပေးတာကို ရေကြည့်ပြီး လိုသေးတယ်နော်လို့ တောင်ပြောခံနေရဆဲ။

  • ဒီပို့စ်လေးကို ရေးလိုက် ရေးသင့်မရေးသင့်စဉ်းစားရင်းရပ်ထားလိုက်နဲ့
    အတော်ကြာခဲ့ပါတယ် ခေါင်းစဉ်လဲ သုံးလေးခါပြောင်းနဲ့
    တကယ်ချရေးပြီး ပြန်ဖတ်တော့ ကို်ယ်တိုင်လဲ သဘောကျမိပါတယ်
    အားပေးသူတွေကိုလဲ ကျေးဇူးတင်ပါတယ်

  • YE YINT HLAING

    October 27, 2012 at 11:05 am

    ဦးပေါက်ရေ ! ပုလွေ ဆရာ ကြောင်းပြောလို့ ပုံပြင်လေး တစ်ပုဒ် ရေးလိုက်ပါဦးမယ်။ စကား လက်စုံကြသလို ပေါ့ဗျာ ! အကြောင်းအရာ တစ်ခု ကနေ တစ်ခု ဆက်စပ်ပြောင်းလဲတဲ့ သဘောပေါ့ ခင်ဗျာ ! ဦးပေါက် နောက်က လိုက်ပြီ ! ရေထဲပို့ သလို ဂူထဲလည်း မသွင်းနဲ့ဦးနော်! ဟဲဟဲ !

  • ဦးကြောင်ကြီး

    October 27, 2012 at 11:19 am

    ရုံးပြင်ကန္နား
    ဖုန်းကင်ထား
    မုန်းလျင်တအား
    ဒုံးစင်အလား
    ကုံးရွှင်တပါး
    ပုန်းထင်သွား
    ကျုံးဝင်ငနွား
    လုံးတင်ထွား..။

  • မိုချို

    October 27, 2012 at 3:02 pm

    ဟုတ်တယ်လေးပေါက် ရေ
    တခြား ရုံးတွေ က မှ မပတ်သတ်ချင် နေ လို့ ရသေးတယ်။ ဘာ မဟုတ်တဲ့ လူတွေ ၊ ရပ်ကွက်ထဲ အလုပ်မရှိ အကိုင် မရှိ၊ ဝေလေလေ လူတွေ တတ် ထိုင် နေတဲ့ ရ. ဝ. တ ရုံး ဆိုတဲ့ ဟာ က အများ စု မပတ်သတ်ချင် ပဲ ပတ်သတ် နေ ရ တယ်။ ဧည့် စာရင်း တို့ ၊ ထောက်ခံ စာတို့ မပျောက် သေး သမျှ အဲဒီ ရုံး တွေ နဲ့ ပတ် သတ် နေ ရ တယ်။ ဟိုတလော ကတော့ ဥက္ကဌ တို့ လမ်း လူ ကြီးတိုု့ ကို လမ်း သူလမ်းသားတွေ ကို မဲပေးခိုင်း ပြီး ရွေး ကြတယ် ဆိုလား ပဲ။ မြန် မာပြည် ထဲ နေတဲ့ မြန် မာ နိုင် ငံ သား က ဧည့် စာရင်းတိုင်ရ တာ တို့ ၊ ယောက်ျား ရဲ့ ထားခဲ့ တဲ့ မိသားစု ပင် စင် လေး ထုတ်မဲ့ အဘွား ကြီး အို အို ကြီး က နောက် ယောက်ျား မရှိကြောင်း ထောက်ခံ စာ တို့ ၊ ဘာထောက်ခံစာ၊ ညာထောက် ခံစာတို့ ..အဲဒါတွေ ကောဘယ်တော့ ပျောက် မလဲ မသိ။

  • မှန်ပါတယ် မလိုအပ်တဲ့ အကြောင်းတရားတွေကို တစ်စထက်တစ်စလျော့တယ်ဆိုရင်
    အသက်ရှုချောင်လာကြမှာ စိတ်ချမ်းသာမှအသေအချာပါ ခင်ဗျာ

  • Mobile

    October 27, 2012 at 10:45 pm

    ဟုတ်ပါတယ်ခင်ဗျ အထက်ကလူတွေပြောသွားတာတွေအားလုံးကို
    ကျုပ်လဲလက်ခံပါတယ်ခင့်ဗျ

  • Mr. MarGa

    October 28, 2012 at 2:12 pm

    ငယ်ငယ်တုန်းက ကျောင်းမှာသင်ရတဲ့ စာတစ်ပုဒ်ရှိတယ်လေ
    လာဘ်ပေး လာဘ်ယူ တို့ရန်သူ လို့ ထင်တာပဲ
    တံငါသည်နဲ့ တံခါးမှူးပုံပြင်လေ
    အဲဒီထဲကအတိုင်းသာ အခုလူတွေကို ပညာပေးလို့ရရင် ဘယ်လိုနေမလဲမသိဘူးနော်

  • Mr. MarGa

    October 28, 2012 at 3:14 pm

    ကြိမ်တောက ပြုန်းတာကြာပါပြီလေးပေါက်ရာ
    (ဆရာညီပုလေးရဲ့ လီဒိုဟူးကောင်း မင်ခြစ်မှတ်စုများ မှာ ရေးထားတာဖတ်ရတာပါ။)
    :hee:

Leave a Reply