လွတ်တဲ့ငါး ကြီးကြီးလား သေးသေးလား
ကြားဖူးတာလေးပါ …
ဘုန်းကြီးတစ်ပါးကို နေ့တိုင်း ကန်စွန်းရွက်ကြော်ကပ်ကပ်နေတဲ့ ဘုန်းကြီးတကည့် ဒကာတစ်ယောက်ရှိတယ်တဲ့ …
တစ်နေ့ ဝက်သားဟင်းလာလှူတဲ့ ဒကာတစ်ယောက်ရောက်လာရောတဲ့ …
ဘုန်းကြီးကလည်း ကန်စွန်းရွက် စားတာငြီးငွေ့လာတော့ လှူသူရှိတုန်း ဝက်သားစားချင်တယ်တဲ့…
အဲ့ဒါကို ဘုန်းကြီးတပည့်ကလည်းသိတယ်တဲ့ … အဲ့ဒါနဲ့ … ကန်စွန်းရွက်ကြော်ကပ်တဲ့ ဒကာရယ် …
ဝက်သားချက်ကပ်တဲ့ ဒကာရယ် … နှစ်ယောက်ပြိုင်ပြီး ဘုန်းကြီး တစ်ဖက်တစ်ချက်ကဆွဲတယ်တဲ့ …
ကန်စွန်းရွက်အလှူရှင်က လက်လုပ်လက်သားဆိုတော့ အားရှိတာပေါ့ … ဝက်သားချက်
လှူသူလေးကတော့ သူဌေးသားဆိုတော့ အားသိပ်မရှိဘူးပေါ့ …
ဒါပေမယ့် ဘုန်းကြီးက ဝက်သားစားချင်တော့ ဝက်သားချက်အလှူရှင်ဘက်ကို လိုက်လိုက်သွားတယ်တဲ့ …
အဲ့ဒါနဲ့ အမြဲတမ်းဆွမ်းကပ်နေကြ ကန်းစွန်းရွက်အလှူရှင်က နောက်ဆုံးကျတော့ သိသွားပြီး
ဘုန်းကြီးကို နောက်နေ့က စလို့ ကန်စွန်းရွက်ကြော်ပြီးမကပ်တော့ဘူးတဲ့ … ဘုန်းကြီးလည်း
အဲ့နေ့ကစပြီး နောင်တတွေရလို့ပေါ့ … ဟိုက ဝက်သားချက်ကို တစ်ရက်ပဲကပ်တာလေ …
ပြောချင်တာကတော့ … နေ့တစ်ဒူဝ လုပ်နေကြအရာက ပိုကောင်းပါတယ် …
အချစ်ဆိုလည်းအဲ့တိုင်းပဲ … ချစ်ရဲ့သားနဲ့ ငြီးငွေ့ပြီး အသစ်ရှာချင်သူတွေအတွက် သာဓကကောင်းလေးပေါ့ … ကိုယ့်အပေါ်ကောင်းသူကို လျစ်လျူမရှုပါနဲ့ … တစ်နေ့နောင်တရမှာအသေအချာပါပဲ …
သူငယ်ချင်းဆိုလည်း ဒီလိုပါပဲ … ကိုယ့်အပေါ် နှစ်ပေါင်းများစွာ အနစ်နာခံတူတူပေါင်းလာခဲ့တာတွေမေ့ပြီး … အပေါ်ယံသာပေါင်းတတ်တဲ့ သာပေါင်းညာစားတွေနောက် သိသိကြီးနဲ့ လိုက်မသွားမိကြဖို့ ပြောချင်တာပါ … ဒါပေမယ့် ..့ ဘုန်းကြီးပြောသလို … ပျက်ချိန်တန်ရင် မကောင်းတာကို အကောင်းထင်တယ်ဆိုတာမျိုးပေါ့ … အားလုံးကို ကျေးဇူးတင်ပါတယ်ရှင့် … ဆရာကြီးလုပ်တာမဟုတ်ရပါ … စဉ်းစားမိလို့ပါ …
26 comments
Mobile
November 8, 2012 at 1:44 am
လွတ်သွားတဲ့ငါးက ဝေလငါးဖြစ်နေပါစေ
ကိုယ်လက်ထဲမှာမိနေတဲ့ ငါးသေးသေးလေးလောက်မှ တန်ဖိုးမရှိနိုင်ပါဘူး
အဲဒါကြောင့် လွတ်မသွားစေရန် ဘီလူးစီး ကျားစီး အင်တိုက်အားတိုက်
ပိုက်ကွန်အကြီးစားများ ခေတ်မှိလက်နက် ကိရိယာ တန်ဆာပလာများဖြင့်
ဖမ်းယူ ကြပါရန် ကမ္ဘာရေလုပ်ငန်း ဝန်ကြီးဌာန မှထုတ်ပြန်ထားပါကြောင်း
Hnin Hnin
November 8, 2012 at 1:46 am
အသားမကြိုက်လို့ ကန်စွန်းရွက်ဘက်ကိုပဲ ဆက်လိုက်မယ် 🙂
တခဏတာ သာယာမှုအတွက် စိတ်ယိမ်းယိုင်မိလို့ ရှိနေတဲ့အခွင့်အရေးလေးတောင်
လက်လွှတ်လိုက်ရတယ်ဆိုတဲ့ သဘောပေါ့နော်….
အချစ်မှာတော့ အသစ်မရှာပါဘူး…ရိုးမြေကျ တစ်ယောက်ဆို တစ်ယောက်ပါပဲ…
( အရိုးမြေကျတဲ့အထိ ကိုယ့်ဟာကိုယ်တစ်ယောက်ထဲလို့ပြောတာ..ဟိ.. )
Khaing Zar Win
November 8, 2012 at 7:54 am
လွတ်တဲ့ ငါးကြီးရတယ်ကိုမရှိပါဘူး မမလေးရယ်။
ကြီးတဲ့ ငါးတွေပဲ လွတ်လွတ်သွားတာရယ်။
(ဟီး၊ နောက်တာနော်။)
ကျနော့မှာလည်း အလွန်တန်ဖိုးထားရပါသော ချစ်သူငယ်ချင်း အရင်းခေါက်ခေါက်တွေ ၁၅ ယောက်ကြီးများရှိပါတယ်။
ပေါင်းလာတဲ့သက်တမ်းက လည်း ၁၁ နှစ်ရှိပြီဗျိုး။ အဲ့ဒီ နှစ်တွေကို တန်ဖိုးထားတာ တူလို့ပဲ ဒီအချိန်ထိ မြဲတယ်လို့ ယူဆပါတယ်။
🙂
၂၀၁၂ ရဲဝင်း
November 8, 2012 at 8:08 am
မူရင်း ဖတ်ဖူးတယ်ဗျ…
မူရင်းမှာ ကန်စွန်းမဟုတ်ဘူး ချဉ်ပေါင်…
အဲ့လို ချဉ်ပေါင်နဲ့ ဝက်သား ဘုန်းကြီးကို
တဖက်တချက်ဆီကနေ ဝိုင်းဆွဲကြတုန်း
နောက်ဆုံး ချဉ်ပေါင် တကာက …
စာချိုးလေးနဲ့ ဆွဲနေရာကနေ ရုတ်တရက်
လွှတ်ပေးလိုက်လို့ ဝက်သားဒကာ နဲ့ ဘုန်းကြီး
လဲပြိုကြသွားတဲ့ အကြောင်းလေးဗျ…
လင်္ကာလေးကတော့
ဆိုလားပဲ…
http://mrmrt.blogspot.jp/2010/11/kathina-benefits-part-4_09.html
ဟိ..
:kwi:
ခင်တဲ့
kai
November 8, 2012 at 3:11 pm
ကျုပ်တို့ဆီမတော့… ချဉ်ပေါင်ကပိုဈေးကြီးတာ… သေချာတယ်..
ဆိုတော့..
ကာလံ..ဒေသံ..ထည့်တွက်ရမှာပါ…။
ပြောရင်းဆိုရင်း.. အောင်မလေးဗျ…
ချဉ်ပေါင်စားချင်လာပြီဗျ…
ကယ်ကြပါဦးဗျ…။ ❓
စကားအတင်းစပ်..
ဟိုတခါပြောတဲ့.. ကုလားပြည်ကလာတဲ့.. ချဉ်ပေါင်ပုလင်းတွေက.. မဆလာတွေပါတယ်ဗျ..
သေရော..သေရော…
Hnin Hnin
November 8, 2012 at 3:37 pm
အာ့ဆို…’ချဉ်ပေါင်သနပ်’ ပဲဖြစ်မယ်…(သရက်သီးသနပ် မဆလာပါသလို)
Novy
November 9, 2012 at 9:39 am
“ချဉ်ပေါင်ကို ခြေကန်ရုန်း သွားတော့ကတုံး”…
လို့ ကြားဘူးပါကြောင်း
Mon Kit
November 8, 2012 at 8:54 am
မှတ်သားစရာ အကြံပေး ပို့စ်လေးပါ…. 🙂
jullies cezer
November 8, 2012 at 10:08 am
ဟုတ်ပါတယ် ကိုယ့်မှာရှိပြီးသားအရာကိုတန်ဖိုးထားရကောင်းမှန်းမသိတဲ့
သူတွေအတွက်သတိချပ်စရာလေးပါ ……..
Shwe Ei
November 8, 2012 at 11:17 am
မတူသော အတွေးနဲ့ ဝင်မန့်ရရင်တော့ အမြဲတမ်းစားနေရတဲ့ ကန်စွန်းရွက်/ချဉ်မောင်ရွက်နေရာမှာ
တခါတရံသာ အစားထိုးဝင်ရောက်လာတဲ့ ဝက်သားဟင်းကို တပ်မက်မိတဲ့ ကိုယ်တော်ကို အပြစ်မတင်သင့်ပါဝူး။
သူလဲ ပုထု ဇဉ်ဘဲလေ။ ကန်စွန်း/ချဉ်မောင် ဒကာအနေနဲ့ ကို်ယ်တော်ရဲ့ ဆန်ဒကို နားလည်ပေးရမှာဘာ။
ကိုကပ်တဲ့ဆွမ်းတရက်မစားလို့ နောက်မကပ်တော့ဝူးဆိုတာတော့ ခလေးဆန်လွန်းဘာဒယ်ဗျာ။
ဟိုက တရက်တလေကပ်မဲ့ ဝက်သားကို တရက်တလေ ဦးစားမပေးလိုက်ချင်လို့ ကိုတသက်လုံး ကပ်လာတဲ့ ကုသိုလ်အမှုတွေ သဲထဲရေသွန်မဖြစ်ဖူးလားလို့။ :harr:
Thu Wai
November 8, 2012 at 12:02 pm
တေးတေးရေးပဲရား :harr: ကြီးကြီးရား :harr: ကြီးကြီးတေးတေးရား :hee:
ကိုပေါက်(မန္တလေး)
November 8, 2012 at 6:15 pm
အခုခေတ်ကတော့
ဘာလာလာဘဲ နော်
မဟာရာဇာ အံစာတုံး
November 8, 2012 at 8:45 pm
ဘာလာလာ ဆိုပေမယ့် ..
သားသားဂဒေါ့ မည်းမည်းဂျီး ယူနိုင်ဘူးနော့ ..
အိမ်မှုကိစ္စနိုင်တဲ့ ချွေးမ ချောချောလေး ချာထားပေး ..
ဒါဗျဲ .. ပြောမယ် ..
Khaing Khaing
November 8, 2012 at 1:05 pm
လူ့သဘာဝ လူတွေဖြစ်တတ်တဲ့ အကျင့်စရိုက်လေးကို ဖော်ပြထားတာပါ ……
Wow
November 8, 2012 at 2:50 pm
အဲ့လို ဒဂါဂျီးဒွေဂိုလက်လွတ်မှာစိုးလို့ အိမ်မကြွဘဲ ပို့ဆွမ်းလေးပဲစောင့်ရင်း အပျိုဂျီးဖစ်… အဲလေ ဟုတ်ပါဘူး
:harr: နိုင်ငံရေးကပေါမိပြန်ဘီ :kwi:
ရွာသူ jujuma .
November 8, 2012 at 3:10 pm
” ချင် ” စိတ်ကလေးကို ရှေ့တန်းတင်မိလို့ …
” နောင်တ” ဆိုတာ ဖြစ်လာ စမြဲ ပေါ့လေ …
ချာကြီး လုပ်ကြည့်ဒါ .. :hee:
cobra
November 8, 2012 at 5:41 pm
ဥပမာကောင်းလေးပဲ
ဒါပေမယ့် လည်း ဒါပေမယ့် ပေါ့လေ…။
ကိုပေါက်(မန္တလေး)
November 8, 2012 at 6:18 pm
အဲဒီကိုယ်တော်က မပါးနပ်လို့ပါ။
ပျားလဲလျောက်သာ ရှ့ဉ့်လဲစွဲသာ
မျှတအောင် ရိုးရိုးသားသားပြောပြီး လုပ်ခဲ့ရင်ပြဿနာငြိမ်းပါတယ်။
ပြောလိုက်ပေါ့
“ငါ့ဒကာ မင်းက နေ့တိုင်းဆွမ်းကပ်ခွင့် ကြုံပါတယ်
ဒီတစ်ရက်တော့ ဟိုဒကာကို အလှည့်လေးပေးလိုက်ပါကွယ်”
လို့ ဆိုလိုက်ရင် ပြီးရောဗျာ။
ဒါလေးတောင် မဖြေရှင်းတတ် ငတ်မှာပေါ့ဗျာ။
မိုက်ကယ်ဂျော်နီအောင်ပု
November 8, 2012 at 8:27 pm
အကြောင်းရာက ငါးကင်တွေ့ဘာကိုပြစ် ဆိုလား အဲ့သည်သဘောဆောင်နေသလားဘဲ
ဘာသာရေးတွေပါရောသမလိုက်ရင်တော့
ဘုန်းဂျီးဂို ကိုယ်တစ်ယောက်ထဲလှူမယ်ဆိုပြီး စိတ်ထားပြီးသူများလှူတာမကြိုက်တာကလည်းဟုတ်သေးဘူး
နောက်တစ်ခုက ကိုယ်ကသူများထက် ကောင်းကောင်းလှူနိုင်တာကို ကောင်းကောင်းမလှူနိုင်သူတွေကို
မကြွားသင့်ဘူး
အလှူကို အတင်းအဓမ္မမလှူကောင်းဘူး
အလှူခံတဲ့ပုဂ္ဂိုလ်ကလည်း မျက်နှာမလိုက်ရဘူး
စာရင်းချုပ်လိုက်တော့
လက်တစ်ဖက်ထဲနဲ့ ငှက်ပျောသီးနှစ်လုံးမကိုင်နဲ့ဟေ့ မကိုင်နဲ့ :msd:
ကိုပေါက်(မန္တလေး)
November 9, 2012 at 1:20 pm
မောင်ပုပြောတာမှန်တယ်
လက်တစ်ဖက်ထဲနဲ့ငှက်ပေုျာသီး နှစ်လုံးမကိုင်နဲ့
တစ်ဖက်တစ်လုံးကိုင် ဟုတ်တယ်ဟုတ်
ဦးကြောင်ကြီး
November 12, 2012 at 10:30 am
မမလေးကို ဦးကြောင် ခြစ်တယ်။ ဂေါင်ဇူးလေးကိုလည်း ဦးကြောင် မေတ္တာရှိတယ်။ ကြီးကြီးသေးသေး ခြစ်တယ်ကွာ။ ငါးကြော်မကြိုက် ကြောင်မိုက်အဖြစ်တော့ မခံဘူး.. ခြစ်တယ်ဟေ့ မမလေးဂေါင်ဇူးကို….. :harr:
etone
November 12, 2012 at 4:28 pm
ဒီပိုစ့်အရကြည့်လျှင် …ကန်စွန်းရွက်အလှူရှင် စေတနာမမှန်ဘူးလို့ ပဲ မြင်မိပါတယ် ။
ကိုယ်လှူနေကြ ဘုန်းကြီး ၊ တရက်တစ်လေလေး ဝက်သားစားပါစေတော့ဆိုတဲ့ စိတ်မျိုးပဲဖြစ်ဖြစ် ၊ ငါကတော့ နေ့တိုင်းလှူနေလို့ ကုသိုလ်ရတာပဲ .. သူ့ခမျာ တရက်စာလောက်တော့ ကုသိုလ်ယူပါစေဆိုတဲ့ စိတ်မျိုးထားပေးနိုင်လျှင် အရမ်းအေးချမ်းမှာပဲ … ။ ကိုယ်တိုင်လည်း တရက်စာဖြစ်ဖြစ်တောင် ဝက်သားမလှူနိုင်ပဲ …. အလှူအပေါ် စိတ်ခုသွားပြီးနောက်ဆုံးမလှူတော့တာကတော့ …. စိတ်ဓါတ်သေးသိမ်သလိုမြင်မိပါတယ် ။
uncle gyi
November 12, 2012 at 5:07 pm
စိတ်အရေးကြီးတယ်ဆိုတာ
အိတုန်ပြောသလိုပါပဲ
ကိုယ်လှူခဲ့သမျှအဟောသိကံဖြစ်သွားတာ
နှမျောစရာပါ
Green Rose
November 12, 2012 at 6:51 pm
အင်း.. ဒီအတိုင်း ပုံပြင်လို့ပဲ မှတ်လိုက်ရင်တော့ ဘာမှမဖြစ်ပေမယ့် တကယ်သာဆိုရင်လို့ စဉ်းစားကြည့်လိုက်ရင် အဲဒီ့ဘုန်းကြီးရော၊ ဒကာ ၂ ယောက်ရော ထေရဝါဒ ဗုဒ္ဒဘာသာဝင်တွေမဟုတ်ကြဘူး လို့ထင်ပါတယ်။
နောက်တစ်မျိုး စဉ်းစားကြည့်ရင်လည်း စစ်မှန်ခြင်း၊ မစစ်မှန်ခြင်းဆိုတာကို အချိ်န်ကာလနဲ့ တိုင်းတာဆုံးဖြတ်လို့မရဘူးထင်ပါတယ်။ အရေးကြုံလာတဲ့အခါ ကိုယ့်အတွက် ဘယ်သူ မှန်ကန်စွာရပ်တည် ဖြေရှင်းပေးမလဲ ဆိုတဲ့အပေါ်မှာမူတည်ပါတယ်။ ကိုယ့်အတွက် ဘယ်သူ ဘယ်လောက် အနစ်နာခံနိုင်မလဲ ဆိုတဲ့အပေါ်မှာ မူတည်တယ်လို့ Green Rose ယူဆပါတယ်။
လေးစားလျှက်
(Green Rose)
AKKO
November 12, 2012 at 9:07 pm
မလေးကြားဖူးတာ နဲ ့မလေးရဲ ့ဆိုလိုရင်း အဓိပါ္ပယ်က အများကြီးသွေဖီနေသလိုပဲ။ နှိုင်းပြထားတာ ကွာဟမှုတွေရှိနေတယ်လို ့တော့ ထင်မိပါတယ်။
မောင်ပေ
November 12, 2012 at 9:26 pm
အဟမ်း
အဲဒါလေးကို ဥပမာပြုပြီး အိမ်ထောင်ရှိသူတွေအတွက် ဆက်ရေးရရင်တော့
အိမ်မှာနေ ့တိုင်းစားရတဲ့ ဟာ (ထမင်းတို ့ဟင်းတို ့ပေါ့) ကို ငြီးငွေ ့တယ်ဆိုပြီး ၊ အပြင်ထွက် ဝယ်မစားနဲ ့ပေါ့
တော်ကြာနေ အိမ်က သိသွားလို ့ အကုန်ငတ်ကုန်မယ်ပေါ့
အိမ်ရှင်မတွေလဲ ၊ အိမ်ကလူခရီးထွက်လို ့ဆိုပြီး ဧည့်သည်ခေါ်မကျွေးနဲ ့ပေါ့ (ထမင်းတို ့ဟင်းတို ့ပြောပါတယ်)
တော်ကြာ အိမ်ကလူ သိသွားရင် ၊ မစားတော့ရင် ဒုတ်ခ
အဲဒီလို အဲဒီလို