Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

တောင်ကြီးတန်ဆောင်တိုင်ကို သွားလည်ကြရအောင်……

Yin Nyine NwayNovember 14, 20121min155035

ကဲ တောင်ကြီး မီးပုံးပျံစာရင်းကတော့ ထွက်လာပါပြီ …
တောင်ကြီးမီးပုံးပျံပွဲ သွားလည်ချင်တဲ့သူများကတော့ 9ရက်လောက် မလည်နို်င်တဲ့သူတွေ ဘယ်နေ့မှာ ဘယ်မီးကို အားပေးရင်ကောင်းမလဲဆိုတာ အကြံပြုပါရစေ
20ရက်နေ့မှာ ဖွင့်ပွဲစမှာပါ… အဲဒီနေ့မှာတော့ ရောင်စုံမီးရှူးမီးပန်းများနဲ့ ကျောင်းသား/ ကျောင်းသူလေးတွေရဲ့ ပုံဖော်ထားတဲ့ မီးပုံးအကလေးတွေနဲ့ တိုင်းရင်းသူလေးတွေရဲ့ အကကို ရင်သပ်ရှူမော ခံစားရမှာပါ …… (Don’t miss) 21ရက်နေ့မှာတော့ မီးပုံးပျံစတင်ပါပြီ စိန်နပန် 3လုံးနဲ့ မီးကျီ 9လုံး စုစုပေါင်း 12လုံးအားပေူရမှာပါ
ပွဲဦးထွက်ညမှာတော့ နာမည်မကြီးတဲ့မီးပုံးတွေများပါတယ် … လူတွေလည်း သိပ်မလည်ကြသေးတဲ့ ညမလို့ပါ (သိပ်မလည်သာဆိုတယ် ခြေချစရာနေရာမချိ)
အဲဒီနေ့မှာတော့ ညသာမိး၊ လုံ့လမီးနဲ့ ဓူဝံမီးတို့ကတော့ နာမည်မကြီးပေမဲ့ ကြည့်ကောင်းမဲ့မီးကျီတွေလို့ ဆိုရပါမယ်

22ရက်နေ့မှာတော့ စိန်နပန် 5လုံးမဲ့ မီးကျည် 9လုံး စုစုပေါင်း 14လုံးအားပေးရမှာပါ …. အဲဒီညမှာတော့ တော့လူခံ၊ ဝိဇ္ဖာမီး၊ စံပြမီးတို့ကတော့ နာမည်ကြီးမီးတွေပါ ……
ဘယ်လိုပြင်ဆင်ပြီး ပြိုင်ကြမယ်ဆိုတာတော့ အဲဒီနေ့မှာ စောင့်ကြည့်ရမှာပါ….. စံပြကတော့ တက်ရင်တက်မတက်ရင် ဝုန်းတက်လို့ အနားကပ်ပြီး မကြည့်ကြဖို့ မှာလိုက်ပါရစေ…. 🙂

23ရက်နေ့မှာတော့ဖြင့် စိန်နပန် 4လုံး မီးကျည် 9လုံး 14လုံးအားပေရမှာ ဖြစ်ပြီး နာမည်ကြီးမီး မပါဝင်ပဲ အသစ်တွေကိုတွေ့ရမှာပါ ..အသစ်ဆိုပေမဲ့ တချို့ကျတော့ နာမည်ပြောင်းပြီး ဝင်ပြိုင်တာရှိပါတယ်

24ရက်နေ့မှာတော့ဖြင့် စိန်နပန် 4လုံး မီးကျည် 13လုံး 17လုံးအားပေရမှာ ဖြစ်ပြီး နာမည်ကြီးမီးအဖြစ် အိုဇုန်းမီးကို အားပေးရမှာပါ …သူလည်း တက်ရင်တက်မတက်ရင် ဝုန်းတက်လို့အနားကပ်ပြီး အားမပေးဖို့ မှာလိုပ်ပါရစေ .. 🙂 (ပြေးလမ်းရှာထားပေါ့ ခွိခွိ)

25ရက်နေ့မှာတော့ဖြင့် စိန်နပန် 4လုံး မီးကျည် 9လုံး 14လုံးအားပေရမှာ ဖြစ်ပြီး နာမည်ကြီးမီးအနေနဲ့ ညဦးနဲ့ ရင်ငြိမ်းမောင်လေးတွေ ဝင်ပြိုင်တဲ့ ဆောင်းညမီး တို့ကို အားပေးရမှာဖြစ်ပါတယ်… ကျန်မီးတွေကတော့ တခါမှ ဝင်မပြိုင်ဖူးတာမလို့ အခြေအနေဘယ်လိုချိလည်းမသိပါဘူး…(ဆောင်းညကတော့ နှစ်တိုင်း လောင်ရင်လောင် မလောင်ရင် မတက်ပါဘူး 🙂 )

26ရက်နေ့မှာတော့ဖြင့် စိန်နပန် 4လုံး မီးကျည် 9လုံး 14လုံးအားပေရမှာ ဖြစ်ပြီး ထူးထူးခြားခြား လွတိတက်တဲ့ တောင်ပိုင်းမီး၊ ငယ်ငယ်ကတည်းက နာမည်ကြီးတဲ့ လူပဲ့၊ တိမ်ဝင်နဲ့ စွာကျယ်မီးတို့ကတော့ နာမည်ကြီးမီးတွေဖြစ်လို့ အဲဒီနေ့သွားလည်ရင်တော့ တော်တော်လေး ရင်သပ်ရှူမော ကြ ည့်ရမှာပါ ….

27ရက်နေ့မှာတော့ဖြင့် အဖိတ်နေ့ဖြစ်တာကြောင့် နာမည်ကြီးမီးလုံးတွေထည့်ထားတက်ပါတယ် အဲဒီနေ့မှာ စိန်နပန် 6လုံး မီးကျည် 9လုံး 14လုံးအားပေရမှာ ဖြစ်ပြီး နာမည်ကြီးမီးအနေနဲ့ ရင်ငြိမ်းဦးလေး မီးဖြစ်တဲ့ ဓါတ်ခဲမီးကို အားပေးရမှာပါ … (ဓါတ်ခဲလာပြီ အားလုံးပြေး…ရှောင်ရှားဆိုတဲ့အတိုင်း) တော်တေ်ာ လေးတက်တက်မတက်တက် အောက်မှာ ကြမိးပြီးမှ တက်တတ်တဲ့ မီးပါ အသစ်အဆန်းများ တီထွင်တက်တဲ့မီးဖြစ်လို့ တမြို့လုံးနီးပါး အားပေးခံရတဲ့မီးဖြစ်ပါတယ် 2004မှာစပြိုင်ခဲ့ပြီး စပြိုင်တဲ့နှစ်မှာပဲ အောက်မှာဝုန်းလို့ ဓါတ်ခဲဆိုရှောင်ကြရာက 2005မှာတော့ လပြည့်ည လပတ်ပတ်လည်မှာ မီးရှူးတွေ ဖွာထွက်နေအောင်လုပ်ထားလို့ လနဲ့ မီးပုံပျံ ဘယ်တခုက မီးပုံးပျံမှန်းမသိရအောင် လှပခဲ့တာမို့ နာမည် စတင်ကြီးခဲ့တဲ့ မီးဖြစ်ပါတယ် .. ပစ္စည်းအသစ် နည်းပညာ အသစ်တော်တော်များများ ထည့်ထားတဲ့ မီးလို့လည်း ပြောလို့ရပါတယ် ….. အဲဒီနေ့မှာတော့ ကြိတ်ကြိတ်တိုးနေမှာ သေချာပါတယ်

28ရက်နေ့မှာတော့ဖြင့် စိန်နပန် 4လုံး မီးကျည် 9လုံး 14လုံးအားပေရမှာ ဖြစ်ပြီး နာမည်ကြီးမီး တွေက ဒီနှစ်မှာ တော်တေ်ာလေး မပါတော့တာတွေ့ရပါတယ်
ကုန်ဈေးနှုန်းတက်လို့ပဲလား ..လူမချိတော့တာကြောင့်မို့လားမသိပေမဲ့ နာမည်ကြီးမီးတွေဖြစ်တဲ့ ပုတုတို့ ချီးခန့်မီးတို့မပါတာကြောင့် လူတောင်စည်ပါ့မလားလို့တောင် စိုးရိမ်မိပါတယ်

တန်ဆောင်တိုင်လည်မယ်ဆိုရင်တော့ ရန်ကုန်ကနေ တောင်ကြီးကို ကားခ 1100 ရှိပြီး ဟော်တယ်ခ (ကြိုတင် 10000)လောက်ရှိနိုင်ပါတယ် ။။။။ ဟော်တယ်မရသူတွေကတော့ ဘုန်းကြီးကျောင်းတွေမှာ တည်းခိုနီုင်ပါတယ် ….

အရင်ကတော့ စူဌာမုနိလောကချမ်းသာဘုရားမှာကျင်းပ ပေမဲ့ နေရာကျဉ်းပြီး အန္တရယ်များတာကြောင့် အရှေ့ဘက် ကွင်းကိုရွေ့လိုက်ပါပြီ… နေရာကျယ်ပြီး မီးပုံးပျံလွတ်သူ သပ်သပ် ကြည့်ရှူသူသပ်သပ် စီဖြစ်နေပြီမလို့ အန္တရယ်ကင်းစွာကြည့်နိုင်ပါပြီ

လည်ပတ်ရင်း စားသောက်မယ်ဆိုရင်တော့ ပွဲထဲမှာ မစားကြပဲ မြို့ထဲက ဆို်င်တွေမှာဝယ်စားရင်ဈေး သက်သာနိုင်ပါတယ်
နာမည်ကြီးဆိုင်အနေနဲ့ ပြေပြရရင် ……
တောင်ကြီးမှာ မင်းလမ်း တလမ်းတည်းသာရှိတာကြောင့် မင်းလမ်းအတိုင်း တက်သွားရင် တောင်ကြီးဟော်တယ် အောက်ဖက်က ရွှေမင်းသူ လက်ဘက်ရည်ဆိုင်မှာ ငါးဘူးသီးကြော်၊ ကြာကွေးအစာသွပ် တို့ကု် လက်မလွတ်သင့်ပါဘူး….

နောက်အောက်ဆက်ဆင်းလာရင် မြို့မဈေးရော်ကလာပြီ…Fashion Minimart စတိုးဆိုင် (စီးပွါးရေးဘဏ် မျက်နှာချင်းဆိုင် မြို့လည် ဓမ္မာရုံမျက်စောင်းထိုး)က မေရှမ်းကြေးအိုးကလည်း နာမည်ကြီးပါပဲ …..

ဆက်ဆင်းလာရင် မြို့ အောက်ဖက်ကိုရောက်သွားမယ် …..ကြိုးတံတားကိုမရောက်ခင်မှာတော့ ကျိုင်းတုံ သင်္ဘောသီးထောင်းနဲ့ ဒိန်ချဉ်ဆိုင်ကလည်း ရှမ်းအစားအစာတွေနဲ့ ကြိုဆိုနေမှာပါ …

မနက်စာ ထိုဖူးနွေးကောင်းကောင်းစားချင်ရင်တော့ အလက2 ထိုဖူးနွေးနဲ့ အရှေ့မြို့ပတ်လမ်းက တိုင်း ထိုဖူးနွေးတို့က အရသာချိစေမှာပါ

ုဒီထက်ပျော်ချင်ရင်တော့ ညောင်ရွှေ အဝင်ဝက ငါးကန်သာဆင်းကြပါတော့ ..အင်းလေး သွားလည်ရင်း ငါးကန်က ငါးဟင်းအစုံကို စားနိုင်ပါတယ်
မွေးမြူရေးကန်မှ ဘန်ကလိုဆောက်ထားတဲ့ ငါးကန်ကတော့ သဘာဝ အလှကိုကြည့်ရင်း တခြားနေရာတခုကိုရောက်သွားသလို ဆွဲဆောင်နိုင်မယ်လို့ ထင်ပါတယ်….

ကဲဒီလောက်ဆိုရင် ပိုက်ပိုက်များများထည့်လာပြီး တောင်ကြီးတန်ဆောင်တိုင်ကို သွားလည်ကြရအောင်……

35 comments

  • ခိုင်ဇာ

    November 14, 2012 at 2:16 pm

    တောင်ကြီး တန်ဆောင်တိုင်ကာလ ကို မကြုံဘူးသေးဘူး။
    ဂျူး ရဲ့ ဝတ္ထုတို မှာပဲဖတ်ဖူးတယ်။
    ခု ဒီနှစ်ကို မယ်ရွေးပွဲတွေပါ ပါမယ်ဆို။ … 🙂

  • Yin Nyine Nway

    November 14, 2012 at 2:42 pm

    အဲဒါတော့ တိဝူးဂျ ….. သေချာတာကတော့ Stage show တော့ပါတယ်ပြောတယ်

  • Shwe Tike Soe

    November 14, 2012 at 2:48 pm

    အဲဒီ တောင်ကြီး မီးပုံပျံပွဲမှာ ကျွန်တော်အရုပ်တွေလဲ မီးထွန်းပြထားမှာမို. လမ်းကြုံရင် ဝင်ရောက်အားပေးသွားကြပါအုံးနော်…….
    အဟီးးးးးးးးးးး ကြော်ငြာဝင်တာ………..

    • Yin Nyine Nway

      November 14, 2012 at 3:06 pm

      ဪအော်….. လပြည့်ည မီးဖောင်လှည့်ပွဲမှာပါမှာကိုး…. တိပြီတိပြီ

  • MaMa

    November 14, 2012 at 2:50 pm

    တောင်ကြီးသူပျောက်ချက်သားကောင်းနေတာ
    မီးပုံပျံပွဲအမီ ပေါ်လာပါလား။ :hee:
    တခေါက်လောက်တော့ ကိုယ်တိုင် ရောက်အောင်သွားကြည့်ချင်သား။

  • Hnin Hnin

    November 14, 2012 at 2:58 pm

    တောင်ကြီးပဲရောက်ဖူးတာ…မီးပုံပျံပွဲတော့ မရောက်ဖူးသေးဘူး..ရင်ငြိမ်းနွေ..ရေ..
    မီးနာမည်တွေကလည်း စုံလို့..တစ်ခါမှ မကြားဖူးဘူး…
    စရိတ်လည်း သက်သာ၊အစားအသောက်၊လည်ချင်စရာ လမ်းညွှန်တွေနဲ့လာလည်ချင်ပေမယ့်
    လည်ဖော်မရှိတော့ copy ပဲ ဆွဲသွားတော့မယ်… 🙂
    (22ရက်နေ့မှာတော့ စိန်နားပန် 5လုံးမဲ့ မီးကျည် 9လုံး စုစုပေါင်း 14လုံးအားပေးရမှာပါ)
    ကို အိပ်ငိုက်ငိုက်နဲ့ ဟီး….ဒီလိုလည်း ဖတ်မိသွားသေးတယ်နော်.. :mrgreen:
    ထွမ်တီထူးရက်နေ့မှာတော့ စိန်နားပန် ဖိုက်လုံးမဲ့ မီးကျည် နိုင်းလုံး စုစုပေါင်း
    ဖောတင်းန်လုံး အားပေးရမှာပါတဲ့…

  • Yin Nyine Nway

    November 14, 2012 at 3:02 pm

    အေးအေးချမ်းချမ်းနဲ့ Show ပွဲလုပ်လို့ကတော့ အားလုံးလေဖြတ်ကုန်မှာ သေချာတယ်

  • Ma Ei

    November 14, 2012 at 3:10 pm

    စူဌာမုနိလောကချမ်းသာဘုရား ဝင်းထဲမှာ မီးပုံးပျံပွဲ လုပ်တုံးက ရောက်ဖူးတယ်…
    လူအများကြီးနဲ့ တိုးသွားလိုက်ရတာ ဘုရားပေါ်ကို လမ်းမလျှောက်ဘဲ ရောက်သွားရသလိုဘဲ..
    မီးပုံပျံတွေ တစ်လုံးပြီး တစ်လုံး တက်လာသမျှ လှလိုက်တဲ့ မီးပန်းမီးပွားတွေရယ်ပါ…
    ရင်ပြင်တော်မှာ နေရာယူပြီး မီးပုံးတွေတက်လာလိုက် ဟေးးးးးးး ဆိုအော်လိုက်ကြနဲ့ ချမ်းရမှန်းမသိ…
    အပြန်ကြမှ ကားနေရာကိုရောက်အောင် မနဲလျှောက်ရတာရယ်..ချမ်းလိုက်တာလဲအလွန်ပါဘဲနော်…

    • Yin Nyine Nway

      November 14, 2012 at 3:34 pm

      ဟုတ်ပါ့ အဲဒီနေရာက ကျပ်ကျပ်သိပ်သိပ်နဲ့ မီးလုံးတက်လာရင် ပြေးရနဲ့ပိုရင်ခုန်ရသလို ပိုအန္တရာယ်များတယ် မအိရဲ့…အခုတော့ လွတ်လွတိကျွတ်ကျွတ်ဆိုတော့ ပိုကြည့်ကောင်းတာပေါ့

  • Mon Kit

    November 14, 2012 at 3:14 pm

    မွန်ကစ် တို့ တခါ ရောက်ဘူးးတယ်…
    အရမ်းပျော်စရာကောင်းတယ်…
    မီးပုံးတွေ တစ်လုံးလွှတ်တင်ရင် တခါ လိပ်ခေါင်းထွက်အောင် အော်ဟစ်အားပေးခဲ့တာလေ…
    နောက် ခြေထောက်နဲ့ လမ်းလျှောက်စရာမလိုအောင် လူစီးချောင်းမှာ မျောပါသွားခဲ့တာတွေ မှတ်မိနေသေးတာပ….
    လွမ်းထှာနော်….. :byae:

  • ဇမ္ဗူ့လောကပါလကြောင်ဝတုတ်

    November 14, 2012 at 3:25 pm

    စံပြမီးကတော့ နာမည်ကြီးပါပဲ…
    အော်… ပွဲကို ပြန်လာချင်လိုက်တာ…
    နောက်နှစ်ပေါ့ကွာ… တောင်ကြီးမှာအေးနေလောက်ပြီ…
    ပွဲခင်ထဲလည်ရင် တစီးထီလေးသောက်… ကောက်ညှင်းကျည်ထောက်လေးစား… အို… ဘွဘွ

    ခင်မင်လျက်-
    ကြောင်ဝတုတ်

    • Yin Nyine Nway

      November 14, 2012 at 3:36 pm

      ပြန်ဘူးလားကိုကြောင် …. ပြန်သင့်တယ်နော် … တစီးထီကောင်းကောင်းထက် ဒီချိန်ဆို ချဉ်စော်ခါးသီးဝိုင်တို့ နာနတ်ဝိုင်တို့ပေါနေပေါ့ ….. ဟင်း…. တပွဲလောက် တောက်လိုက်ချင်ပါဘိ

  • သွားလည်ဖို့ဆိုရင် …
    သွားဖို့ လာဖို့ နေဖို့ ထိုင်ဖို့ စားဖို့ သောက်ဖို့
    အားလုံး လဂါး ဆိုရင် …
    ကြာဒလားလို့ …
    “က” ပြီးကို သွားလည်လိုက်ဦးမယ် ……. :mrgreen:

  • သွားတာတော့ ဟုတ်ပါပြီ
    ကိုပေါက်တောင်ကြီးသွားတိုင်းရွာထဲက မြို့ခံတွေနဲ့ တစ်ခါမှကိုမတွေ့ရဘူး။
    အခုရောရွာခံတွေရှိကြမှာလားဗျိုု

    • Yin Nyine Nway

      November 14, 2012 at 4:21 pm

      ချိလောက်ဒယ်ဂျ အနေ်ာမပြန်ပဲ မနေနိုင်ဘူး….

      • ဒီနှစ် နိုဝင်ဘာလ ကိုပေါက် ခရီးသွား ပါမစ် အပိတ်ခံထိထားပါသည်။
        ထို့ကြောင့် နောင်နှစ်မှဘဲ နွေးသီးလေးေ၇

  • မိုချို

    November 14, 2012 at 3:59 pm

    ရင် ငြိမ်း ရေ
    တောင်ကြီး ကို ရာက်ဖူး ပေမယ့် တန်ဆောင်တိုင် တော့ မရောက်ဖူးဘူး ဆိုတော့ တခါလောက်တော့ ရောက်နိုင်အောင် ကြိုး စား ပါအုံး မယ်။ ရက်ရှည် လုပ်တဲ့ ပွဲ မှန်း ခု မှ သိတော့ တယ်။ တောင်ကြီး ကတော့ အစား အသောက်တွေ ကောင်း တာ ရယ်( ကိုယ်က ရှမ်း စာ ကြိုက်တာကိုး)၊ အသီး အရွက် တွေ ပေါတာရယ်၊ တောင်ကြီး သူ တွေ ချော လည်း ချော၊ သဘော လည်း ကောင်း ၊ အပြော လည်း ချို၊ ( တောင်ကြီး သားတွေ ရော ပေါ့ ) ၊ လူတွေ အား လုံး ကြည့် လိုက် ရင် အေးချမ်း တာရယ်ကြာင့် တော်တော် စိတ်ချမ်း သာ စရာကောင်းတဲ့ မြို့ ပါ။

    • ဇမ္ဗူ့လောကပါလကြောင်ဝတုတ်

      November 15, 2012 at 9:40 am

      တောင်ကြီးသားတွေအပြောဆိုတာ ဘယ်တုန်းကသိသွားပါလိမ့်…
      ကျွန်တော်တို့ ဖုန်းမပြောဖူးဘူးနော်… ခိခိ

      ခင်မင်လျက်-
      ကြောင်ဝတုတ်

  • Yin Nyine Nway

    November 14, 2012 at 4:23 pm

    ကျေးဇူးမိုချိုရေ….
    ရက်ရှည်သလို ပိုက်ဆံလဲ ရှည်ရှည်ကုန်ပြီး အလုပ်လဲ ရက်ရှည် ပျက်တဲ့ပွဲပါ
    တောင်ကြီးသူတွေ ချောတာတော့ ဟိဟိ .:P

  • Mr. MarGa

    November 14, 2012 at 4:56 pm

    တန်ဆောင်တိုင်လည်မယ်ဆိုရင်တော့ ရန်ကုန်ကနေ တောင်ကြီးကို ကားခ 1100 ရှိပြီး ဟော်တယ်ခ (ကြိုတင် 10000)လောက်ရှိနိုင်ပါတယ် ။။။။ ဟော်တယ်မရသူတွေကတော့ ဘုန်းကြီးကျောင်းတွေမှာ တည်းခိုနီုင်ပါတယ် ….

    ကားခက တန်လှချေလားဟင်

    • Yin Nyine Nway

      November 15, 2012 at 9:38 am

      ဟိဟိ အနော်ပြောချင်ဇော လောတွားလို့ဂျ ….. သုည တလုံး လိုတွားတယ် ….. ဖြည့်ဖတ်ပေးတာ ကျေးဇူးချင့် 😛

  • Hnin Hnin

    November 14, 2012 at 7:53 pm

    ဟုတ်တယ်ရှင့်…နှင်းနှင်းလည်း ကားခကို စဉ်းစားလိုက်သေးတယ်..
    ပြီးတော့ ကိုယ့်ဟာကိုယ် သုညတစ်လုံး ထပ်ဖြည့်ပေးလိုက်တယ်… 🙂

  • Shwe Ei

    November 14, 2012 at 8:06 pm

    သများတို့ကိုအလည်ခေါ်ပါလား မမနွေးသီးရယ် ။ မောင်လေးတေနဲ့လဲမိတ်ဆက်ပေးလေ နော် နော် :mrgreen:

    • Yin Nyine Nway

      November 15, 2012 at 9:39 am

      လိုက်ခဲ့ ဆိုးသွမ်းလွန်းတဲ့ မောင်လေးတွေ ယူစေဗျား …. 2ယောက်လောက်ယူလိုက် ဒါမှ အမေကျွေးရသက်သာမှာ ဟိဟိ

  • AKKO

    November 14, 2012 at 8:20 pm

    ှဗဟုသုုတအများကြီး ရလို ့ကျေးဇူးတင်ပါတယ်။ လည်လည်းလည်ချင်ပါတယ်။ ခေါင်းပေါ ် မီးစာ ကျမှာလည်း သတိထားရမယ်ထင်တယ်။

    • Yin Nyine Nway

      November 15, 2012 at 9:41 am

      ခေါင်းပေါ်ကျဘူး… (ကိုယ်ပေါ်ကျမှာ စတာ ) အရင်ကတော့ စိတ်ပူရတယ် …အခုတော့ ကွင်းကျယ်သွားတော့ စိတ်မပူပါနဲ့ ဒေါက်တာ….. အရမ်းပျော်စရာကောင်းလို့ လည်ဖြစ်အောင် သွားလည်ပါလို့ တိုက်တွန်းပါရစေ

  • San Hla Gyi

    November 14, 2012 at 8:51 pm

    တောင်ကြီး တန်ဆောင်တိုင်ကတော့ နာမည်ကြီးပါပဲ။ ရောက်တော့ မရောက်ဖူးဘူး။ တောင်ကြီးသူတွေမှ မဟုတ်ပါဘူး။ ရှမ်းပြည်က မိန်းကလေးတွေက ချောတာများမှာပါ။ အအေးပိုင်း ဖြစ်ပြီး အသားကလည်း ဖြူကြတာကိုး။ ပင်းတယသူတွေလည်း ချောတာပဲဆို။
    မီးပုံပျံချိုးဖို့ ပိုက်ဆံတော့ တော်တော်သုံးရမှာပဲ။ မီးပုံပျံမှာသုံးဖို့ ပိုက်ဆံကျတော့ ဘယ်လိုကျခံကြလဲ။ ရပ်ကွက်အလိုက်လား တဦးချင်းလား အသင်းလိုက်လား။

    • Yin Nyine Nway

      November 15, 2012 at 9:44 am

      အင်း…ရက်ကွက်က 3ပုံ 1ပုံ …မီးဆရာက 3ပုံမှာ 1ပုံ စေတနာရှင်နဲ့ သူငယ်လချင်းတွေက ဝိုင်းဝန်းထည့်ကြတာက 3ပုံ 1ပုံ ပေါ့ …. မျှခံတယ်ဆိုပေမဲ့ အစစအရာရာ မီးဆရာပေါ်မူတည်သွားတယ်လေ…. စုပြီးလာလုပ်ကြတော့ အဲလူတွေ စားဖို့သောက်ဖို့ပါ အလျှံပယ် ကျွေးရ တိုက်ရသေးတယ် …. မလွယ်ရေးချာမလွယ်ပါ … ပထမနှစ် ဆုရပြီးသူတွေကတော့ ရတဲ့ ဆုကြေးကို အရင်နှစ်ပတည်းက ယမ်းတွေဝယ်ပြီး စုထားကြလေရဲ့… အဲဒီတော့ ပိုသုံးနိုင်တာပေါ့

  • မောင်ပေ

    November 14, 2012 at 9:50 pm

    ကဲရွာသားတို ့ရေ
    တောင်ကြီးသူမတော့ ပြန်ပေါ်လာပြီ
    သီချင်းလေးဖွင့်ဟေ့
    ““ တောင်ကြီးသူမ ရအောင်ပိုး… ရအောင်ပိုးဟေ့ ရအောင်ပိုး ””
    နွေးလေးရေ
    ဒီနှစ်သွားချင်တယ်ဆိုရင်တောင် ၊ ဒီလို အချိန်မှာပေါ့
    ကိုယ်ပိုင်ကား ဒါမှမဟုတ် ကားစင်းလုံးငှားပြီးသွားမှ အဆင်ပြေတော့မယ် ထင်ပါရဲ ့
    နောက်ပြီး ဟိုမှာ တည်းဖို ့လဲ မလွယ်လောက်တော့ဘူး
    ဒီနှစ် တိုးရစ်တွေ အများကြီး လာလည်ကြတာကလား

    • Yin Nyine Nway

      November 15, 2012 at 9:49 am

      တည်းဖို့မလွယ်ရင် ဘုန်းကြီးကျောင်းချိပါတယ်ဆိုနေမှ
      အနော့်အိမ်က လူဆန့်ဘူးဂျ ဟိဟိ
      မီးပုံးလုပ်တော့ လူတွေနဲ့ ပစ္စည်းတွေနဲ့ အနော်တောင်နေစရာမချိလို့ ဒူငယ်ချင်းဆီ တွားနေရတယ်
      အဲချိန်ဆို
      လာခဲ့ပါလား ကိုပေ ….. ကြိုတင် ဘိုကင်လုပ်ထားလို့ရပါတယ်

  • pooch

    November 14, 2012 at 10:33 pm

    တောင်ကြီးတန်ဆောင်တိုင်ကို ၂ ခါပဲ ရောက်ဖူးတယ်။ လူမတိုးနိုင်တာနဲ့ တနှစ်ကတော့ တောင်ကြီး ဟိုတယ်ထဲကနေပဲ မျှော်ကြည့်ခဲ့ရတယ်။ ဖြတ်သွားတဲ့ မီးကြာတွေကိုတော့ လမ်းမပေါ်ထွက်ကြည့်ဖူးတယ်။
    လှမှလှ။ တောင်ကြီးက အသိအိမ်က ကျွေးတဲ့ ငချိတ်ထမင်းခေါ်လား ဘာလား မသိဘူး စားလို့ အရမ်းကောင်းတယ်။

    မရောက်တာ တော်တော်ကြာနေပြီ။ နောက်နှစ်လောက်တော့ ပြန်သွားချင်သေးတယ်။

  • ဦးကြောင်ကြီး

    November 15, 2012 at 9:29 am

    တောင်ကြီးတန်ဆောင်တိုင်
    မောင်ဂျီးယောင်ကိုင်
    ညောင်တီးဆောင်မြိုင်
    ဗျောင်ရွှီးအပေါင်ဆိုင်..။

  • kyeemite

    November 15, 2012 at 11:07 am

    သွားလည်ချင်လိုက်တာဗျာ..တောင်ကြီးကိုတော့ရောက်ဖူးပါတယ်
    တောင်ကြီးတန်ဆောင်တိုင်မီးပုံးပွဲသာမရောက်ဖူးတာ…
    ဗွီဒီယိုခွေထဲကြည့်ဖူးတာတော့….အံ့ဖွယ်လှပပါပေရဲ့…

  • soe san

    November 15, 2012 at 11:35 am

    တစ်ခုလောက်မေးချင်လို ့ပါ.. မယဉ်ငြိမ်း ပြောတဲ ့စာရင်းထဲမှာ ချာကတူး မတွေ ့ဘူးဗျ.. သူလည်းနာမည်ကြီးမီးပဲ ကျွန်တော်တို ့ငယ်ငယ်တုန်းကဆို လပြည့်နေ ့ညမှအမြဲလွှတ်တဲ ့မီးပေါ့.ချာကတူး ဒီနှစ်ဝင်မပြိုင်ဘူးလား ?

  • Yin Nyine Nway

    November 15, 2012 at 12:05 pm

    အင်း ပြိုင်မပြိုင်တော့အနော်လည်း ရန်ကုန်မှာမလို့ မတိဘူးဂျ
    ချာကတူးတင်မဟုတ် … ပုတု လည်း မပါဘူး… ချီးခန့်လည်းမပါဘူးးး…

Leave a Reply