မတူဘူးတော့မပြောပါနဲ ့ (၁)
ကိုဘမောင်…..
အရမ်းချမ်းသာသော သူဌေးကြီး တစ်ယောက်ဟု မဆိုနိုင်သော်လည်း ၊ ပိုက်ဆံတော်တော်ရှိသည် ဟု ပြောလို ့ရနိုင်သည့် လူတစ်ယောက် ။
တစ်နှစ်ကို သုံးလေးလလောက်သာ အလုပ်လုပ်ရသည် ။ ပြီးလျှင် သူ ့မိန်းမ နား ကပ်နေပေတော့
သူ ့အလုပ်က တိုးကားမောင်းသော အုံနာဒရိုက်ဘာ ၊ သူ ့ကား က အိပ်ပက်လက် ဂျပန်ကား
နှစ်စဉ် သီတင်းကျွတ်နောက်ပိုင်းဆိုလျှင် ကိုဘမောင်တစ်ယောက် ကား ၃/၄ လလောက်မောင်းပြီး ၊ သူ ့အလုပ်ပြီးသည် ။
ယခု ပွင့်လင်းရာသီပြီးခါနီးပြီဖြစ်ရွေ ့၊ မိန်းမအိမ်ပြန်ကပ်ရင်း ၊ အရက်လေးတစ်မြမြ ၊ အပတ်စဉ်ထွက်သမျှ ဂျာနယ်များဝယ်ဖတ်ကာ ရပ်ကွက်ထဲရှိ အပေါင်းအသင်းများနှင့် လေပွားဇိမ်ကြနေသည်။
သူလက်ရှိရောက်နေသော ဘဝ ၊ သူ၏ အလုပ်အကိုင် ၊ သူပိုင်ဆိုင်မှုများကို ထိုင်ကြည့်ရင်း…
သူ ဖြတ်သန်းကြီးပြင်းခဲ့သော အတိတ်ကိုပြန်တွေးနေမိသည် ။
တစ်ကယ်တမ်းကြ ၊ သူ ့ဘဝမှာ အင်အားအပြည့်အဝသုံးခဲ့သော အလုပ်ဆိုသည်မှာ သူ ့မိန်းမ ညိုတုတ် နဲ ့တွေ ့မှသာ ဖြစ်သည် ။ ကျန်တာအားလုံးက ပုံမှန်လောက်သာ ။
ကိုဘမောင် အဖေမှာ တောနယ်လေးရှိ စစ်သားစုဆောင်းရေးတပ်မှ တပ်ကြပ်ကြီး တစ်ယောက်
သို ့သော် နယ်နယ်ရရ မဟုတ် ၊ သူရို ့ဆီလာသမျှ အရာရှိအားလုံးက “ ဒီကောင်ခိုင်းကောင်းတယ် ၊ ဖင်ပေါ့တယ် ၊ ဘာခိုင်းခိုင်း ရအောင်လုပ်ပေးတယ် ” ဟု လက်မှတ်ကောင်းပေး အသိအမှတ်ပြုခံထားရသူ ။
သူတို ့ခေတ်တုန်းကပါ … တပ်ထဲဝင်ချင်တဲ့လူမှန်သမျှ အသက်ပြည့်တာ မပြည့်တာ သိပ်မေးမြန်းစစ်ဆေးမနေဘူး ။ အားလုံး အိုးပန်း ပဲ ။ အဲဒီလို အဲဒီလို ဆိုတော့ ၊ သူ ့ဆိုရင် အထက်အရာရှိအားလုံးက အားကိုးစွာဖြင့် ခိုင်းတတ်ကြသည် ။ တစ်ခုပဲ… ကိုဘမောင်အဖေ ကံမကောင်းခဲ့ရှာ။
တပ်ထဲက အရာရှိတစ်ယောက် ၏ ပိုက်ဘောကို တာဝန်ယူပေးခဲ့ရရှာသည် ။ ထိုတွင်မှ စပြီး ကိုဘမောင်တစ်ယောက် တပ်ကြပ်ကြီး၏ သားအဖြစ် လူ ့လောကကြီးအတွင်းသို ့ရောက်ရှိခဲ့ခြင်းဖြစ်သည်။
ပြောမယ့်သာပြောရတာပါ
ကိုဘမောင်အမေက ဖြူဖြူချောချောဆိုတော့ ၊ ကိုဘမောင် ရဲ ့မွေးစားအဖေ တပ်ကြပ်ကြီးခဗျာလဲ “ ချောတာလေးကိုချစ်မိသွားတာ ” ဖြစ်သွားခဲ့တာပေါ့….။
ကိုဘမောင် အဖေအရင်းကတော့ ၊ နယ်မပြောင်းမှီအထိ ကိုဘမောင်တို ့မိသားစုကို တိတ်တခိုး ထောက်ပံ့သွားခဲ့သည် ။ ထို ့နောက်တွင်တော့ ၊ သူလဲပေါ်မလာတော့ ။
( ဆက်လက် ရေးတင်ပါဦးမည် ။ )
*********************
20 comments
မဟာရာဇာ အံစာတုံး
December 30, 2012 at 10:51 am
ဟေ့လူဂျီးး
ခညားဟာက တို့လို့တန်းလန်းဂျီးးး
ဒါနဲ့ ……
ကိုဘမောင် အင်အား အပြည့်အဝ သုံးခဲ့ရတဲ့ အလုပ်က
ဘယ်လိုမျိုးတုန်း ဆိုတာလည်း တွေးလိုက်မိသေးးးး
Mobile
December 30, 2012 at 11:02 am
ကိုဘမောင်ကြီး သူမမိန်းမဂ ဘာခိုင်းလို့သိဝူး
မိန်းမရမှပဲ အင်ပြည့်အားပြည့်သုံးရဒယ်ဆိုဒေါ့ဂါ
ကျုပ်ဒို့ဂလဲ သက်တောင့်သက်သာ နေချင်ဒဲ့လူတွေဆိုဒေါ့
မိန်းမ ယူဒေါ့ဘူး တော်ကြာကိုဘမောင်လို အင်ပြည့်အားပြည့်သုံးနေရလိမ့်မယ်
Mr. MarGa
December 30, 2012 at 11:38 am
အဆက်ကို စောင့်နေသဗျို့
ကိုရင်စည်သူ
December 30, 2012 at 1:50 pm
တို့လို့နဲ့ တန်းလန်းကြီးပါလား အူးပေ..
ဖတ်ကောင်းတော့မှ…
အူးပေရဲ့ ရင်တွင်းဖြစ် အနုပညာတွေမျှော်နေတာ..
San Hla Gyi
December 30, 2012 at 2:42 pm
ကိုဘမောင်က သူ့မိန်းမ ညိုတုတ်ကို သနပ်ခါး သွေးပေးရတာ ဖြစ်မှာပေါ့။ ဒါမှမဟုတ်လည်း ဟိုတုန်းက လူဆို ရေချိုးဖို့ ရေထမ်းပေးရရင်လဲ အားကုန်နိုင်တာပဲ။ ငါးခြောက်ဖုတ်ပေးရရင်လဲ မီးပြလိုက် ငရုတ်ကျည်ပွေ့နဲ့ ထုလိုက် တခါထပ်ပြီး ဖုတ်လိုက်နဲ့ ဆိုတော့ အားတော်တော် သုံးရမှာပဲ။
ဖြစ်နိုင်တာတွေက အများကြီးပဲ။ အတွေးနယ်ချဲ့လို့ ရတာပေါ့ ကိုပေရာ။
pazflor
December 30, 2012 at 3:06 pm
ဒါမှ မော်ဒန်အရေးအသားအစစ်ခင်ဗျ၊ ဖတ်သူက တွေးရင်တွေးသလောက်ဇာတ်လမ်းဖြစ်တယ်။ :hee:
mg htoo1
December 30, 2012 at 4:32 pm
ကျူပ်ဖြင့် ကိုပေ ပို့စ် ဖတ်ရင်း မဆီမဆိုင် AMBO ပိုင်ရှင် ဒေါက်တာနေဇင်လတ် ကို သတိရမိသေး ။ သူကလည်း ဘမောင် ဆိုပြီး ရေးတာကိုးဗျ ။ ဘာမဆိုင်ဘူးနော် ဟီးဟီး
အလင်းဆက်
December 30, 2012 at 6:39 pm
အေးဗျ
တန်းလန်းင်္ကြီး နော့
မောင်ပေ
December 30, 2012 at 8:26 pm
ညီငယ်အံစာ
မောင်ရင်မိုပိုင်း
ကိုမာဃ
ကရင်စည်
ကိုစံလှကြီး
ကိုပက်ဖလော
ကိုမောင်ထူး
နဲ ့
ညီငယ်လင်းစက် တို ့ရေ ကွန်မင့်တွေ ချီးမြှင့်သွားလို ့ကျေးဇူးပါ
တောင်းပန်ချင်တာတစ်ခုကတော့
သည်ပို ့စ်ဟာ တစ်ရက် ကို တစ်ကြောင်း နှစ်ကြောင်းလောက် ဖြေးဖြေးချင်းရေးခဲ့ပြီး စကက်ဂျူ နဲ ့တင်ဖို ့ရည်ရွယ်ထားရာမှာ ၊ ဒိတ် ကို ပြန်မစစ်မိလို ့၊ အခုလို တန်းလန်းကြီး ဖြစ်သွားခဲ့တာပါ
ဇါတ်သိမ်းတဲ့အထိ အမြန်ဆုံး ရေးတင်ပါမယ်ခင်ဗျ
koaung
December 30, 2012 at 11:04 pm
ဘီလိုဖစ်တာလဲဝေး တန်းလန်းဂျီး ဆက်ညစ် အဲလေ ညန်ညန်ရေး
မင်းနန္ဓာ
December 31, 2012 at 9:19 am
စောစောပိုင်းတုန်းက ခေါင်းစဉ် မစဘပ.. ဆိုလား
တို့လို့တန်းလန်း ရေးနေတုန်း မှားတင်လိုက်တာလားလို့ ဘာမှ မပြောသေးတာ
မြန်မြန်လေး တင်ပါနော်..
.. အင်အားအပြည့်အဝသုံးခဲ့သော အလုပ်ဆိုသည်မှာ သူ ့မိန်းမ ညိုတုတ် နဲ ့တွေ ့မှသာ ..ဆိုတော့ စိတ်ဝင်စားသွားတယ်..
Mon Kit
December 31, 2012 at 9:36 am
ကိုရင် ကပေ..
မြန်မြန် ဆက်ရေးနော်… :hee:
ခင်ခ
December 31, 2012 at 9:37 am
ဆက်ရန်ရှိလို့ မျှော် ကာစောင့်ပါသည်။
လာမည်ကြာမည်တော့ မလုပ်နဲ့နော် ဆရာပေ ရေ။
ဗုံဗုံ
December 31, 2012 at 10:17 am
ဦးလေးပေ ကလည်း ဖတ်မလို့ရှိသေးပြီးသွားပြီ မြန်မြန်ရေးပါတော် :hee:
Fall Guy
December 31, 2012 at 2:41 pm
“တစ်နှစ်ကို သုံးလေးလလောက်သာ အလုပ်လုပ်ရသည် ။ ပြီးလျှင် သူ ့မိန်းမ နား ကပ်နေပေတော့”
ကိုပေ ဒါ…ဒါ.ဒါဆို… ရှစ်လကိုးလလောက်က အင်ပြည့်အားပြည့်အလုပ်လုပ်ရတာပေါ့နော်……..
ကိုပေါက်(မန္တလေး)
December 31, 2012 at 4:25 pm
ကိုပေဇာတ်ဆောင်နာမယ်ကို ဘမောင် ကနေအခြားနာမယ်ပြောင်းလိုက်ရင်ပိုကောင်းမယ်နော်။
ဘမောင် ဆိုတဲ့နာမယ်က နေဇင်လတ်က ရေးနေတာ တော်ကြာ
…………………………….
mamanoyar
January 1, 2013 at 2:12 pm
ဟာ ဦးပေ အကျင့်ကိုပုတ်တယ်
ဇာတ်လမ်းဖတ်မယ်မကြံသေးဘူး နောက်ပိုင်းမျှော်ခိုင်းနေတယ်
•*¨နန်းတော်ရာသူ •*¨
January 1, 2013 at 8:08 pm
အာ ကိုပေကလည်းဖြတ်တာတိုလိုက်တာ ကိုးလို့ကန့်လန့်ကြီးကျန်ခဲ့တယ်
ဖတ်နေရင်းက မီးပျက်သွားတာကျနေတာပဲ 🙁
ဦးကြောင်ကြီး
January 2, 2013 at 11:10 am
ပိုက်ဘော
ကြိုက်ချော
ဆိုက်မျော
ဒိုက်တော
လိုက်ဖော
ဟိုက်ရော
ဝိုက်သော
တိုက်ထော..။
ခပ်မိုက်မိုက် ကောင်မလေး
January 2, 2013 at 10:13 pm
ဦးမန်းဝင်း..။တို့အငြိမ့်ထဲကလိုပဲ…ရှေ့ပိုက်လေးကောင်းမှာပါ…….။
မျှော်နေမိပါသေ………..။