“တစ်ခါကနှင် ့ အိမ်မက်သံစဉ်”
ရုတ်တရက် ………. သံစဉ် တိုးတိုးလေးကြားရပြန်ပြီ …….။ နားထဲစွဲနေအောင် ရင်းနှီးနေတဲ့အသံ …..။
ပြီးတော့ ….ခြေသံတိုးတိုးလေး …. ညင်သာတဲ့လှုပ်ရှားမှုနဲ့အတူ ကျနော့်အနား ရောက်လာခဲ့ပြန်ပြီလေ ….
သူ့ကို ဘယ်သူလဲလို့သိချင်သည် ..။သူလာတိုင်းလည်း ကြည် ့ဖို့ကျိုးစားသည် ….။ တစ်ခါမှ မမြင်တွေ့ရ …။
ခုတော့ ….သူ့မျက်နှာလေး ……သူ့မျက်နှာလေး မြင်ရတော့မည် ………….
အိုးးး……ဘယ်လဲ …ဘယ်လဲ ….နေဦးလေ ..မသွားနဲ့ မသွားနဲ့ဦး …..
ပြောရင်းဆိုရင်း …ပင်လယ်ထဲဆင်းပြေးသွားပြီ …..ဟေး….မသွားနဲ့ ……
ပင်လယ်ပြင်ရဲ ့ လှိုင်းတွေကြားမှာ သူ…..သူ…..ပါသွားပြန်ပြီလေ ………
==================================================
ကျွန်တော်နိုးလာတော့ ရေတွေငတ်လိုက်တာ…… ကျနော် အော်ဟစ်နေမိလားမသိ ။
ဒီအိမ်မက်ကို အထပ်ထပ် အခါခါမက် မိတယ်လေ …. တိုက်ဆိုင်တယ်ပဲပြောရမလားပဲ …..
လွန်ခဲ့တဲ့ ဆယ်စုနှစ် ကျော်ကျော်လောက်က ချောင်းသာ ကအပြန်မှစမက်တာပါ …..
တစ်ခါမက် တော့ သိပ်မထူးခြား ….နောက်တစ်ခါ ….နောက်တစ်ခါ …….ဒီအိမ်မက်တွေချည် ့ပဲဆိုတော့
ကျနော် အံ့ဩရပြန်တယ် …..။ ဘာများလဲ …..ဘာတွေဖြစ်ခဲ့လို့လဲ ….
သူငယ်ချင်းများကတော့ သိမည်မထင် ။ ကျနော်ကတော့ …..ချောင်းသာကမ်းခြေက ညလေး တစ်ညကို
အမြဲတန်း လွမ်းနေမိတော့တာပဲ ….
လွမ်းးစရာလေးတွေ …………
ဟုတ်ပါတယ် ….ကျနော် ့မှာ လူမသိ သူမသိ လွမ်းမောဖွယ်လေးတွေ ရှိခဲ ့ဖူးတာပေါ ့ ။
တစ်ခါက ဆိုပါတော့ ဗျာ ……….
==================== ====================
ကျနော် ့ အလုပ်က ခရီးသည်ပို့ဆောင်ရေးပါ ……။ ခရီးသည်တွေ လိုရာလမ်းကို ချောချောမောမော ရောက်ဖို့ ၊
ပျော်ပျော် ပါးပါး အဆင်ပြေဖို့ ပို့ဆောင်ပေးရတာဆိုတော့ ဘယ်နေရာရောက်ရောက် တာဝန်တပိုင်းနဲ့မို့
ကျနော် လွတ်လပ်စွာ မပျော်နိုင်ခဲ့ ပါဘူး ။ ဒီတစ်ခေါက်တော့ တာဝန်တွေကို မေ့ထားပြီး သူငယ်ချင်းများနဲ့
ချောင်းသာ ကမ်းခြေကို ထွက်ခဲ့ပါတယ် ….။ အခေါက်ခေါက် အခါခါ ရောက်ပေမဲ့လည်း တာဝန်ဆိုတာကြီးက
ဖိစီးနေလေတော့ ကျနော့်ဘဝကျနော် မပိုင်သလိုပါပဲလေ ….ခုမှ ..လွတ်လပ်ရေးရတာ ….။
ကျနော်တို့ တည်းခိုကြတော ့ သီးသန့် သစ်သားဘန်ဂလိုလေးတွေ ဆောက်ထားတဲ့ အစွန်ကျကျ ဟိုတယ်ကို
ရွေးခဲ ့ကြတယ်လေ ….ဒါမှ ပိုလွတ်လပ်မှာ ..။ (ယခု ၎င်းဟိုတယ် မရှိတော ့ပါ )
အဲဒီတုန်းက တံတား မဆောက်ရသေးတော့ ငဝန်မြစ်ကို ဇက်နဲ့ ကူးရတာပေါ ့ ….။ မှတ်မှတ်မိမိ ကျနော်တို့
အမြဲစီးနေကျ ဇက်(ကူးတို့စက်လှေ) နံမည်က “ရေကျွဲ” တဲ့ ….။
မနက်စောစော ရန်ကုန်ကထွက်ပေမဲ့လည်း မြစ်ဆိပ်မှာ ရေတက် ရေကျ ကိုစောင့်ပြီးမှ ကူးရတာဆိုတော့
ချောင်းသာကိုရောက်ရင် အစောဆုံး နေ ့လည် (၂) နာရီလောက်ပါပဲ ….။ ရောက်တယ် ဆိုရင်ပဲ အခန်းယူ ၊
ခဏနားပြီး ပင်လယ်ထဲဆင်းဖို့ပြင်ကြတော့တာပေါ ့ ….။ ကျနော်တို့ ရတဲ့ ဘန်ဂလိုက ကမ်းခြေဘက် အစွန်
ဆုံးမို့ ……. ဘန်ဂလိုအောက်မှာ သဲတွေရှိနေတဲ့အပြင် ပင်လယ်ကြီးနဲ့ တသွေးတည်း တစ်သားတည်းလိုပါ ။
အုန်းပင်ပုလေး နှစ်ပင်လောက် ခြားပြီး ခတ်လှမ်းလှမ်းမှာ ဘန်ဂလို လေးတစ်ခုလည်း ရှိနေတာ သတိထား
မိပါရဲ ့ ….။ မိန်းကလေးတွေ လို့ ထင်ရတာပဲ ……… ။ ကျနော်တို့ လေးယောက်ထဲက တစ်ဦးတည်းသော
လူပျို တစ်ယောက်ကတော့ ကျိတ်ပြီး ပျော်နေလေရဲ ့ …..။ ဒီည သူ့အတွက် စိတ်မှန်းနဲ့ ဝမ်းစာရပြီလေ …..
ကျနော်တော့ ဒီည ဂစ်တာအိုနဲ့ ုပါးစပ်ပြဲအောင် ဆိုရတော့မှာကို တွေးပြီး အဲဒီဘန်ဂလိုလေးကို တစ်ချက်
လှမ်းကြည် ့လို့ ပင်လယ်ထဲ ဆင်းခဲတော့တာပေါ ့ …..။
တစ်နေ ့ခင်းလုံး နွမ်းနယ်နေတာကို ပင်လယ်ရေမှာ စိမ်ရင်း ကမ်းခြေ အလှသဘာဝမှာ နစ်မျောနေမိပြန်တယ် ။
နေဝင်ချိန်ကို လွမ်းမောစွာကြည် ့ရင်း မှောင်စပျိုးမှပဲ ဘန်ဂလိုကိုပြန်ခဲ့တာပါ ………။
ထမင်းစားပြီးတော့ နွမ်းနေပြီ ….။ တစ်ညလုံး မအိပ်ပဲ သီချင်းဆို ဂစ်တာတီးကြမဲ ့ သူငယ်ချင်းတွေလည်း
ဘီယာနှစ်ဘူးစီ သောက်ပြီးမှောက်နေကြပြီ ….။ ပင်ပန်းပေမဲ့ အိပ်မရသေးတာမို့ မှောင်မှောင်မဲမဲ ထဲမှာပဲ
သောင်ပြင်ပေါ်မှာ လမ်းလျောက်နေမိပြန်တယ် …….။ တစ်ချက် တစ်ချက် မီးပုံပွဲ လုပ်တဲ့ဆီက ခတ်သောသော
လွင် ့လာတဲ့ သီးချင်းံသံလေးတွ နားထောင် ၊ လှိုင်းပုတ်သံတွေ အဖေါ်ပြု ရင်းနဲ့ ဦးတည်ရာမဲ့ လျောက်နေမိပြန်
တာပေါ ့ …..။ စိတ်ထဲမှာလွမ်းလိုက်တာ …… ကလေးငယ်သေးလို့ မလိုက်နိုင်ရှာတဲ့ ချစ်ဇနီး ကိုသတိယရင်း
တနေ ့ မိသားစုလာဖို့ စိတ်ကူးနေမိပြန်တယ်လေ …….။
ရုတ်တရက် ……ခလုတ်တိုက်မိပြီဆိုတော့ ..အံ ့ဩပြီး သေချာကြည် ့မိတယ် …..။ သောင်ပြင်ပေါ်မှာ ဘယ်က
အုန်းလက် ကြီးလဲပေါ ့ …… အင်း….အားနာစရာတွေတော့ဖြစ်ကုန်ပြီလေ ….
ဒီလိုပါ …… သမီးရီးစား အတွဲတစ်တွဲကို ခလုပ်တိုက်မိတာ …..။ ဒါနဲ့ပဲ ခတ်မြန်မြန် တောင်းပန်ပြီး ဘန်ဂလိုကို
ပြန်ခဲ့တော့တာပေါ ့ ……….။ ဘန်ဂလိုရောက်တော့ ည(၁၀) နာရီသာသာ ….. အားလုံးတိတ်ဆိတ် ပြီး မီးတွေ
မှိတ်ထားကြပြီလေ …… ဒါနဲ ့ပဲ ….ဂစ်တာလေးဆွဲပြီး ဝရန်တာ မှောင်ရိပ်လေးမှာ ထိုင်လို့ လက်သံစမ်းနေမိ
တယ်လေ….။
ဘာဆိုရမှန်းလည်းမသိ ။ နောက်ဆုံးတော့ ခင်မောင်တိုးရဲ ့ “မဟာဆန်သူ ”ကို စပြီးဆိုမိတယ် …..။
ပြီးတော့ …. “ကြိုးကြာသံ”……။ နှစ်ပုဒ်ဆိုအပြီးမှာ… “ပန်းချစ်သူ” သီချင်းအတွက် ပလက်ကင် တီးလုံး
လေးတွေ အစပျိုးနေမိတယ် …… ။ ဒီအချိန်မှာပဲ ….ကျနော် ထူးခြားတာလေး တစ်ခု သတိပြုမိတယ်လေ …
ကျနော် ့ တီးလုံးတွေကို နောက်က ကီးဘုတ်နဲ့ ကော့ဒ် လိုက်ပြီးချပေးနေတာ ……။
ကီးဘုတ်သံမျှင်းမျှင်းလေးနဲ့ဆိုတော့ ပိုပြီး ပြည် ့စုံသွားတော့တာပေါ ့ ….. ပညာရှင်တစ်ယောက် ယောက်
လို့ ထင်မိပါတယ် ….။ ဘယ်က လာတဲ့ အသံလည်းလို့ ဘေးဘယ်ညာကို ကြည် ့မိတော့ ကျနော် အံ ့ဩ
သွားတော့တာပေါ ့ ….။ ဟုတ်ပါတယ် …..ညနေက သတိထားမိတဲ့ ကျနော်တို့ နဘေးခတ်လှမ်းလှမ်းက
ဘန်ဂလိုဆီကပါ ……..။
ဒါဆို …. ..မိန်းကလေးတစ်ယောက် ယောက်ပေါ ့ ..။ ကျွန်တော် စိတ်တွေလှုပ်ရှားလာမိတယ် ။
အတတ်နိုင်ဆုံး စိတ်ကိုနှစ်ပြီး “ပန်းချစ်သူ” သီချင်းကို ဆိုရင်းနဲ့ သူ ့လက်သံကို အကဲခတ်လိုက်တယ်လေ ။
ဟုတ်ပါတယ် …. ပရိုဖက်ရှင်နယ် လက်သံပါပဲ ….။ သီချင်းပြီးတော့ ကျွန်တော် ခဏ ရပ်ထားတုန်း သူ့ဆီက
အင်ထရို တီးလုံးလေး ပျံ ့လွင် ့လာပါတယ် ။ ကျွန်တော် အရမ်းကြိုက်ခဲ ့တဲ ့ အဆိုတော် မီမီဝင်းဖေရဲ ့
“တိတ်တခိုး အချစ်” လေ …။ ကျွန်တော်လည်း ဂစ်တာနဲ့ လိုက်ပြီး ရစ်သမ်ခတ် ပေးလိုက်ပါတယ် …
ကျွန်တော် နစ်မျောသွားမိတယ် … တစ်ကယ်ပါ ။ သူ ့အသံနဲ့ သီဆိုပုံက တစ်ကယ် ့ကိုလွမ်းမောဖို့
ကောင်းပါတယ်လေ …။ ပြီးတော့ ….သူ ့အသံကို ကျွန်တော့်ရင်ထဲမှာ စွဲနေမိတော ့တာပေါ ့ဗျာ ….။
သီချင်းအပြီးမှာ သူ ထပြီးမတ်တပ်ရပ်လိုက်တယ် …. ကျောလယ်လောက်ရှိတဲ့ဆံပင်အရှည်လေးနဲ ့ပါ ။
မပီဝိုးတဝါး ညအိပ်မီးရောင်လေးမှာမြင်ခဲ့ရတာကတော့…. သွယ်လျကျော့ရှင်းတဲ့ ခန္ဓာကိုယ် နောက်ပိုင်း
အလှရယ် …ပြီးတော့ .. လှုပ်ခတ်သွားတဲ့ ဆံနွယ်လေးတွေပဲပေါ ့ ။
သူ အခန်းထဲကို ဝင်သွားပြီးတဲ့ အချိန်မှာ တံခါးပိတ်လိုက်တော့ ညအိပ်မီးရောင်လေးလဲပျောက်လို့သွားပြီး
ကျွန်တော့ ရင်ထဲမှာလည်း တစ်ခုခု ပြေးထွက်သွားသလိုပါပဲလေ ……။ ကျွန်တော်ဆက်ထိုင်နေမိတယ် …
သူ မလာတော့ဘူးဆိုတာသိပေမဲ ့ အိပ်လိုက်ရင် သူ ့အသံလေး မေ ့သွားမှာစိုးလို့ပါ ….
ကျွန်တော် မနက်ကျရင်တော့ သူ့ ဆီသွားပြီး မိတ်ဆက်မယ်လို့ စိတ်ကူးရင်း တော်တော်လေးညဉ် ့နက်
လာတော့ အိပ်ပျော်သွားခဲ့တယ်လေ …..။ သူ အဲ့ဒီညက ကျွန်တော့ဆီကိုလာခဲ့ပါတယ် …
အိမ်မက်ထဲမှာပေါ ့ …။ ကျနော် လန် ့နိုးလာတော့ မနက် (၈) နာရီထိုးပြီလေ ….. သူငယ်ချင်းတွေတောင်
မနက်စာစားပြီးလို့ ရေထဲဆင်းကုန်ကြပြီ ………… ကျွန်တော်လည်း အမြန်ရေမိုးချိုးပြီး ညက သီချင်းဆိုခဲ့တဲ့
ဘန်ဂလိုလေးကို လှမ်းကြည် ့တော့ တံခါးတွေပိတ်လို့ ….။ ဟိုတယ်က ကောင်လေးတွေပြောတာကတော့
မနက်စောစော ပြန်သွားပြီ တဲ ့လေ ……။
ပင်လယ်ကြီး ရေခန်း သွားပြီ ၊။ မျှော်လင် ့ချက်တွေလည်း သောင်ပြင်မှာ ပြန် ့ကျဲခဲ့ရပြီ ……….။
ကျွန်တော်တို့လည်း နောက်နေ ့ ပြန်ခဲ့ကြပါတယ် …။အဲဒီနေ ့ကမက်ခဲ့တဲ့ အိမ်မက်ကို ပဲ ထပ်တလဲလဲ မက်ရင်း
ကျွန်တော် သူ ့ ကို ရှာမိတာပေါ ့ …။ ကျွန်တော် စဉ်းစားကြည် ့မိပါတယ် ..
သူ ့ကိုချစ် လို့လား ……………… ? ……. ဟင် ့အင်း …….
သူ ့ ကိုတွေ ့ရင် ဘာပြောမှာလဲ ? ……………… မသိဘူး ……………….
ဒါဆို ဘာကြောင် ့ သူကိုရှာနေမိတာလဲ …? ……………..မပြောတတ်ဘူး …………..
………………………………………………………………………………………………………………….
ဒါပေမဲ့ ……. ကျွန်တော် သူ ့ ကိုသတိတယနဲ့ ခုထိရှာနေတုန်းပါပဲ …….
သူ ့ သီချင်းသံလေးတွေလည်း သတိယနေမိပါသေးတယ် …………
ပြီးတော့ …..ဘယ်သူမှ မသိပဲ အိမ်မက်ထဲကိုသူလာ တတ်တယ်လေ …………………
ကျွန်တော် နှစ်စဉ် သူ့နဲ့ တွေ ့ခဲ့တဲ့ နေ ့ရက် မှာ ချောင်းသာကမ်းခြေကိုသွားပြီး သူလာမလားလို့
တိတ်တိတ်လေး မျှော်နေမိသေးတာပေါ ့ ………………..
အနဲဆုံးတော့ …….. အိမ်မက်တွေ မက်နေမိဦးမှာပဲလေ ………………….
အိမ်မက်လေးတွေ တော ့ မက်နေမိဦးမှာပါ …………………..။
တစ်ခါက
မောင်ဆာမိ
31 comments
surmi
December 13, 2012 at 1:20 am
ကျနော် မကြာခင် ခရီးတစ်ခုကိုသွားဖို့ရှိလို့ ချစ်သော ရွာသူားတွေနဲ့တစ်ကွ
သံယောဇဉ်တွယ်မိတဲ့ ဂဇက်ရွာနဲ့ ဝေးရဦးမှာပါ ………..။
ဘယ်နေ ့ …..ဘယ်အချိန်မှာ ပြန်လာနိုင်မယ်ဆိုတာ မပြောနိုင်လို့ လက်ပြတဲ့ အနေနဲ့
ရေးလက်စ ပို့စ်လေးကို ကမန်းကတမ်း အဆုံးသပ်ပြီး တင်လိုက်ရတာပါ ….။
နှုတ်မဆက်ပါဘူး …… ဘယ်တော့မှ နှုတ်မဆက်ပါဘူး ………..
တစ်နေ ့ ပြန်လာမှာပါ …. ကျနော်ပြန်လာတဲ့အခါကျရင်
မေ ့သွားကြမှာလား …. ဒါမှမဟုတ် ……ခတ်စိမ်းစိမ်းပဲ နေကြမှာလားဆိုတာတွေးပြီး
ကျနော ့ ခြေလှမ်းတွေ လေးကန်နေမိပါတယ် ……
မလွမ်းချင်ဘူး မန်းဂဇက်ရေ………… လို့ ..
ငယ်စဉ်က ဖတ်ခဲ့ဖူးတဲ့ ဆရာနွမ်ဂျာသိုင်း ရဲ ့ကဗျာလေးတစ်ပိုင်းတစ်စနဲ့
လက်ပြခဲ့ပါရစေ ……………
မိုးတစ်နေ့၌
မုန်း၍မခွဲ
ချစ်၍ခွဲကြ
ခွဲခဲ့ရပေ
ဒို ့ တစ်တွေသည်
မိုးလေမလာ
မြဆည်းဆာတွင်
တစ်ခါပြန်၍ ဆုံပါစေ ……
တစ်ခါပြန်၍ ဆုံပါစေ ….လို့ …………………။
( In box ထဲရောက်နေတဲ့ ချစ်စွာသော ရွာသူားများရဲ ့ ကော် ့မန် ့များကိုအလွမ်းပြေ ဖတ်ရင်း
ရွာကိုပြန်ရောက်နိုင်မည် ့ ရက်တွေကို လက်ချိုးရေတွက်နေမှာပါ )
Foreign Resident
December 13, 2012 at 4:36 am
ကို surmi သွားမယ့်နေရာက ၊
Internet လေးတောင် မရှိဘူးလားဗျ ။
blackchaw
December 13, 2012 at 5:59 am
ဟေ့လူကြီး ကိုဆာမိ…။
ဘဝဆိုတာ ဒီလိုပါပဲ ဗျာ…။
သွားလိုက် ရပ်လိုက် နိမ့်လိုက် မြင့်လိုက်
ဆုံလိုက် ခွဲလိုက် ပါပဲ…။
ဆုံတဲ့အခါ ဆုံပြီး ခွဲတဲ့ အခါ ခွဲကြရတာပေါ့…။
ခွဲတဲ့အခါ ခွဲပြီးရင်လည်း ပြန်ဆုံကြသေးတာပေါ့…။
လေးစားခင်မင်တဲ့…
ဘလက်ချော…။
kai
December 13, 2012 at 12:57 pm
အပြန်မှာ ..အဲဒီနယ်က ဂျလေဘီဝယ်ပြန်ခဲ့ပါဗျို့..
တူတူစားကြရအောင်… :kwi:
မဟာရာဇာ အံစာတုံး
December 13, 2012 at 7:07 pm
ဟေ့လူဂျီးးးး
ခရီးလမ်း ချမ်းမြေ့ပါစေဂျို့ …
ခင်ဗျားကလည်း လွမ်းသလို ..
ကျုပ်တို့လည်း ခင်ဗျားကို လွမ်းနေရဦးဂျို့ …
ဒါနဲ့ ..
အမှတ်တရ ဖြစ်သွားအောင် ခုလို လုပ်လိုက်မယ် ..
လာထား .. အာဘွားးးးးး
kyeemite
December 13, 2012 at 8:50 am
ကိုရင်ဆာမိ ခံစားမှု့ အဖွဲ့ အနွဲ့လေးကိုကြိုက်သဗျာ…
အဲဒီလိုအရသာရှိတဲ့ စာလေးတွေ…ခရီးသွားအတွေ့အကြုံတွေ
မျှော်နေမယ်ကိုရင်ဆာမိရေ… :hee:
Mon Kit
December 13, 2012 at 9:37 am
ကိုဆာမိရေ…
လမ်းခရီးစဉ် တစ်လျှောက်လုံး အစဉ်ပြေ ချောမွေ့ပါစေ…
သွားလမ်းသာလို့ ပြန်လမ်းများလည်း လှပါစေ…
ကိုဆာမိရဲ့ ရင်တွင်းဖြစ် ခံစားဖွဲ့လေးလည်း အားပေးခံစားသွားပါတယ်..
နောက်လဲ အားပေးဖတ်ရှုဖို့ မျှော်နေအုံးမယ်နော်…. :hee:
ဗုံဗုံ
December 13, 2012 at 9:49 am
ဦးလေးဆာမိ မိဗုံကိုကျတော့ ဗုံသံပေးပြီးထွက်မသွားနဲ့ဆို ဦးလေးကျတော့ သွားမလို့လား
ဦးလေးပြန်လာရင် စားစရာရယ် အတွေ့အကြုံရယ် အများကြီးယူခဲ့နော် မြန်မြန်ပြန်ခဲ့နော်
ဦးလေးသွားရာ လမ်းတလျှောက် ဘေးအန္တရယ် ကင်းရှင်းပါစေ ဖြောင့်ဖြူးသာယာပါစေရှင်။
Mobile
December 13, 2012 at 10:17 am
ဟုက်ကဲ့ပါကို ဗုဒ္ဓံသရဏံဂစ် ရေ
ယုံရခက် မယုံရခက် ယုံတစ်ဝက် မယုံတစ်ဝက် ယုံရခက်ကြီးပါ ဆိုတာ ပို့စ်တွေကို ရေးတာများတယ်လို့
ထင်ပါတယ်။ ဖတ်ရှု့အားပေးသွားပါတယ်ဗျာ။ ကိုဆာမိနဲ့ ဆုံတွေ့ခဲ့တဲ့ မိန်းကလေးကို
တကယ်လို့ ကီးဘုတ် သံလေးတွေ
သီချင်းသံ လေးတွေအတွက် ရှာတာဆိုရင်တော့ ရှာမနေပါနဲ့ဗျာ။ ကီဘုတ်လက်သံ အဆို အငိုတွေမှာ
အဆင့်မနိမ့်လှတဲ့ မိုဘိုင်း ဆိုတဲ့ လူတစ်ယောက်ရှိပါတယ်။ ကိုဆာမိလိုအပ်မယ်ဆိုရင် သီချင် ဆိုပြ
နောက်ကနေ ကီးဘုတ် လေးနဲက သံစဉ်လိုက်ပေးရုံလောက်တော့ ကူညီနို်င် စွမ်းပါတယ်။
3 3 4 3 2 1 .7 .5 .6 .6 .7^1 2 1 ……………………………………..
ခင်ခ
December 13, 2012 at 10:21 am
ကိုဆာမိရေ ပြန်လည်ဆုံတွေ့ကြပါအုံးစို့နော်။
ခလုပ်မထိ ဆူးမငြိဘဲ သွားလမ်းသာလာလမ်းဖြောင့်ကာ လုပ်ငန်းတွေလည်း ချောမွေ့အောင်မြင်ပါစေဗျာ။
အိမ်မက်တွေလည်း ဆက်ပြီးမက်ခဲ့တာတွေကို ရွာစကားဝိုင်းပြန်ရောက်တဲ့အခါ ပြောအုံးနော်။
Moe Z
December 13, 2012 at 10:22 am
ဦးဦးဆာမိရေ ..
တစ်ခါကပေါင်း မြောက်များစွာထဲက အမှတ်မထင်ဆုံခဲ့ရတဲ့
အမှတ်တရလေးတိုင်းကို အမြဲတမ်းမဟုတ်တောင်
တစ်ခါတစ်လေတော့ သတိရမိမှာပေါ့နော် j/k
ဘယ်လိုခရီးမျိုးဆိုတာမသိပေမယ့် အစစအရာရာ အဆင်ပြေပါစေရှင်..
ပြန်တော့လာခဲ့ပါနော် ..
မင်းနန္ဓာ
December 13, 2012 at 10:34 am
သွားလမ်းသာလို့ လာလမ်းဖြောင့်ပါစေ ကိုဆာမိရေ
အင်တာနက် မိတဲ့နေရာရောက်လည်း ဝင်လည်အုံးပေါ့ ရွာထဲကို..
Shwe Ei
December 13, 2012 at 10:57 am
အန်ကယ်ဆာရေ ခရီးလမ်းအဆင်ပြေပါစေ။
ဂဇက်ကတော့ အမြဲတမ်းတံခါးဖွင့်ထားမှာဖြစ်လို့
ပြန်လာရင် ပို့စ်ကောင်းတွေ တင်ဖို့မမေ့ပါနဲ့။
* အန်ကယ်ဆာရဲ့ပို့စ်ထဲက အဖြစ်အပျက်မျိုးက ခပ်ရှားရှားပေမဲ့
တခါလောက်ကြုံဖူးရင် တသက်စာအမှတ်တရကိုဖြစ်ရော။
သများတော့ အိုက်ဒါမျိုး ခဏခဏကြုံဖူးတယ် နောက်တာအတည်
ဦးကြောင်ကြီး
December 13, 2012 at 10:57 am
တခါက
ငါကြွ
သာမ
စာဂ
ရွာလှ
အာပွ
လာဘ
ပါပ
ထှာပြ
ဏှာသ..။
ဇမ္ဗူ့လောကပါလကြောင်ဝတုတ်
December 13, 2012 at 12:08 pm
ကျွန်တော့်မှာလဲ ကိုညီထွဋ်သီချင်းတွေတူတူဆိုတတ်တဲ့ကောင်မလေးတစ်ယောက်ရှိခဲ့တယ်ဗျာ…
အခုတော့ သူလဲ ကောင်မကြီးဖြစ်နေပါပြီ…ဟိဟိ…
နောက်ဆုံးတစ်ခေါက် ကိုညီထွဋ်သီချင်းကိုတူတူဆိုခဲ့တာကတော့ ဟိုကောင်ငနာမောင်ဂီဖြစ်နေတာကို ရင်နာသဗျာ…
ခင်မင်လျက်-
ကြောင်ဝတုတ်
Khaing Khaing
December 13, 2012 at 2:22 pm
ခမည်းခမက်ကြီး ဘယ်ကိုသွားမလို့လဲဗျာ … ဒီခေတ်ဒီအခါကြီးမှာ အင်တာနက်က ဘယ်နေရမှာမဆို အလွယ်တကူရနိုင်ပါတယ် … ပြောတော့ ဇန်နဝါရီတွေ့မယ်ဆို …… ခမည်းခမက်ကြီး ပြန်လာချိန် ညီမလည်း ကလေးငယ်လေးနဲ့ အင်တာနက်နဲ့ဝေးနေလောက်ရောပေ့ါ …..
Mr. MarGa
December 13, 2012 at 3:25 pm
မစ်စတာ ဆာမိရေ
ဖွဘုတ်မှာ အတို့အထောင် လုပ်ပေးမယ့်သူ မရှိတော့ဘူးပေါ့
အင်းးးးးးးးးးးးးးကိုစာမိ ပြန်လာမှ ထပ် ရန်ဖြစ်မယ်
ပြန်တွေ့ကြတာပေါ့ဗျာ
Khaing Khaing
December 14, 2012 at 3:53 pm
ဟုတ်ပ …. ဦးဦးမာဃရယ် …. မီးရှို့ဖော်တစ်ယောက်တော့လျှော့သွားပီ ……..
မဟာရာဇာ အံစာတုံး
December 14, 2012 at 4:52 pm
ဟိုလေ ..
ခညားဒို့ ဖွဘုတ် အကောင့်တွေက
ဘာဒွေဒုံးဟင်င်င် ..
အနော် အက်ထားချင်ရို့ဘာ ..
Mr. MarGa
December 14, 2012 at 5:58 pm
ဦးမာဃလဲ သိချင်ပါ၏
ခိုင်ဇာ
December 13, 2012 at 5:32 pm
အင်း။ ဖတ်ရင်း ကိုဆာမိ ရဲ့ အဲ့ဒီ ကလေးမကို ကိုယ်တိုင်လိုက်ရှာချင်စိတ်ပေါက်သွားရဲ့။
ကိုယ်တိုင်ရော ဘယ်သွားမှာတုန်း။ ချောင်းသာကို နောက်တစ်ခေါက်ပြန်သွားပြီး ရှာမလို့လား။
ကိုဆာမိ မရှိရင် နတ်ပြည်ကလူကြီးနဲ့ ဗြမ္မာ့ပြည်က လူလေးကို ဖွဘုတ်မှာ ဘယ်သူရန်တိုက်ပေးမတုန်း။
အရီးခင်လတ်
December 13, 2012 at 7:28 pm
လွမ်းနေမယ် မိမိ။ :kwi:
အလင်းဆက်
December 13, 2012 at 8:00 pm
လေးလေးရေ..
အေးအေးဆေးဆေး ပြန်ဖတ်ဖို ့.
သိမ်းသွားတယ်နော် ။
ချစ်သော
အလက်ဆင်း
MaMa
December 13, 2012 at 8:03 pm
နှုတ်မဆက်နဲ့ ငိုချင်တယ်….
လားရှိုးသိန်းအောင် ခေါ် ဂျင်မီဂျက်ကိုတောင် သတိရလာပြီ။ :byae:
ဒါထက်စကားမစပ် အမေစုပြန်လာပြီသီချင်း စပ်ပေးတာ အရမ်းသဘောကျလို့…
တခြား အဆိုတော်တွေလို မြန်မာပြည်ပြန်လာပြီး ရှိုးပွဲလေးဘာလေး ဆိုဖို့ မရှိဘူးလားလို့….
သဂျီး ရေ… သတင်းမေးကြည့်ပါအုံးဗျ။ :kwi:
kai
December 14, 2012 at 1:14 am
တခုခုများအဆင်မပြေသလားပဲ..
အရင်က.. ဒေါ်မာမာအေးနဲ့တူတူပြန်မလို့.. ပြင်ဆင်နေတာလေ..
အမှတ်မမှားရင်.. သူ ..ဂျင်မီဂျက်ကအမေရိကားနိုင်ငံသားမခံယူထားဘူး..။ မြန်မာပြည်အတွက်..တဲ့..။
နိုင်ငံရေးလုပ်လိုစိတ်အပြည့်ရှိသေးတယ်..။
ကြုံတုံးချွန်တွန်းလုပ်ရရင်..
သူ့သမီးတွေများ.. ချောချောတွေ… :kwi:
မောင်ပေ
December 13, 2012 at 9:33 pm
ကိုကိုဆာ့ အိပ်မက်လေးက
ရေသူမလေး ဆိုရင် ဘိုလုပ်ကြမတဲ့တုန်းဗျ
padonmar
December 13, 2012 at 10:58 pm
တကလဲတော်
ကျုပ်ကရွာထဲပြန်ဝင်ပြီး စာတွေအားရပါးရဖတ်မယ်လို့ရှိသေး
ဂျလေဘီသည်က ခွင့်ယူပြန်ပြီ။
ဒါဘဲနော် ကျုပ်တို့ကို ပုံမပြောနဲ့၊
။မြန်မြန်လည်းပြန်လာခဲ့၊
။ပြန်လာရင်လည်း ပို့စ်ကောင်းတွေအများကြီး ရေးလာခဲ့။
ဒါဗြဲ
ဦးဦးပါလေရာ
December 14, 2012 at 8:11 am
အော်…….
စာရေးဆရာတွေများ …….
သရဲအခြောက်ခံရတာတောင် စာတပုဒ်ဖြစ်အောင်ရေးနိုင်တယ်……
:kwi:
ဇမ္ဗူ့လောကပါလကြောင်ဝတုတ်
December 14, 2012 at 10:38 am
ဦးပါပြောမှ… အစ်ကိုကြီးဆာမိ အခြောက်ခံရဖူးတာ ကျွန်တော်တို့သိတော့တယ်… သူရဲ…
ခင်မင်လျက်-
ကြောင်ဝတုတ်
jullies cezer
December 14, 2012 at 1:10 pm
အခုပဲ ရင်နင့်အောင်ရဲ့ သွား post ကိုဖတ်ပြီးတာ အခုကိုဆာမိက လည်းသွားပြန်အုံးမယ်ပေါ့
ကိုဆာမိတစ်ယောက်သွားလမ်းသာလို့ လာလမ်းဖြောင့်ပေါစေ ……..
မိုချို
December 14, 2012 at 2:21 pm
ဦးဆာမိ
ဘယ်ကိုများ သွားရ မှာပါလိမ့်၊အတွေ့ အကြုံလေးတွေ ဖတ်ရဖို့ မျှော်နေတယ်။
ဦးဆာမိ နှယ် ခရီးသွား ပါမယ် ဆိုမှ ဒီလိုမျိုးရေးရတယ်လို့ ၊ ဦးဆာမိ ကတော် ကတော့ အမှာတော်တွေ အထပ်ထပ်ပါးနေမှာ မြင်ယောင်မိသေးတယ်။