ခေါင်းစဉ် မပေးတတ်တဲ့ (သူမ) ကဗျာ
+++++++++++++++++++++++++++
+++++++++++++++++++++++++++
ကောင်းကင်ကြီးက
ဇာတ်သိမ်းခန်း ကပြနေတဲ့အခါမှာ
သူမ ကို သတိရမိတယ် ….။
မှိတ်တုတ်မှိတ်တုတ်နဲ့
လင်းလက်နေတဲ့ ကြယ်တွေကြားမှာ
သူမ မျက်နှာကို မြင်ရတယ် ….။
ကျုပ် ငေးစိုက်ကြည့်မိတဲ့အခါမှာ
မိုးတွေ ရွာချတယ် ….။
တိမ်တွေ …
အလိပ်လိပ် တက်လာပေမယ့်
တိမ်တွေကို ကျော်ကြည့်နေမိတယ်
သူမကို တွေ့တယ်
သူမ ကတော့ ကျုပ်ကို မတွေ့ဘူး ….။
အပြာရောင် လွင်ပြင်က
စိတ်ချမ်းသာမှု ရနိုင်စေတယ်
ဒါပေမယ့် …
နေ့ခင်းဆို တအား ပူတယ် ….
သူမ အတွက် ညခင်းတစ်ခုသာ ဖြစ်ပါရစေ ….။
ရန်ကုန်မှာဆို
လေယာဉ်ပျံကြီး ပျံသန်းသွားတာ
အကြီးကြီး မြင်ရတယ် …
မကျေနပ်ရင် လေဆိပ်ကိုတောင်
သွားကြည့်လို့ ရနိုင်သေးတယ် …
တကယ်တော့ …
လေယာဉ်ပျံ ဆိုတာ
ရန်ကုန်လို နေရာမျိုးမှာ မဆန်းပါဘူး …
တောဘက်တွေမှာသာ
လေယာဉ်သံ ကြားရရုံနဲ့
ကလေးတွေ ပြေးပြေး ကြည့်ကြတာ ….
သူမ အတွက်
ကျုပ်က တောသား တစ်ယောက်ပါ ….။
ငှက်တွေ ပျံနေတယ်
တစ်ကောင်တည်းလည်း ရှိတယ်
နှစ်ကောင်တွဲလည်း ရှိတယ်
အုပ်စုဖွဲလို့လည်း ပျံနေကြတယ် …
သိပ် သဘောကျမိတယ် …
သူမနဲ့ အတူ ရှိနေချင်တယ် …
ကျုပ်လည်း လူထဲက လူတစ်ယောက်ပဲ …
ချစ်ရသူနဲ့ အတူရှိချင်တာလည်း
အဆန်းတကြယ်မှ မဟုတ်တာပဲ ….။
အထက်ကို မော့ကြည့်ပြီး
အရာဝတ္ထုတစ်ခုထက် ရေးခြစ်နေတယ်
မော့လိုက် ရေးလိုက်နဲ့
အလုပ်ရှုပ်တယ်လို့ ထင်ရတယ်
ဒါပေမယ့် သူ့အာရုံက
အတော်လေးကို ဈာန်ဝင်နေပုံရတယ် …
ဟုတ်တယ်လေ …
ဈာန်မဝင်လို့ ဘယ်ကောင်းမလဲ
သူက ပန်းချီဆရာပဲ ….
ကျုပ်လည်း သူမအတွက်ဆို
ဈာန်ဝင်နေတဲ့ ပန်းချီဆရာလိုပါပဲ ….။
တဝုန်းဝုန်းနဲ့
အိမ်ခေါင်မိုးပေါ်က
ခြေသံတွေ ကြားရတဲ့အခါ
“ဘာလဲဟ”
စိတ်ဝင်စားမှုနဲ့ စူးစမ်းကြည့်တော့
အော် ……
ကောင်းကင်ရဲ့ တမာန်တော်တွေ
ကြွမြန်းလာနေတာပဲ ….
သူမကို တွေ့မိစဉ်ကတည်းက
ချစ်ခြင်းရဲ့ တမာန်တော်တွေ
ကျုပ်ရင်တံခါးကို တစ်ဒေါက်ဒေါက်ခေါက်
ဝုန်းခနဲ ဖွင့်လို့
မဖိတ်ခေါ်ပါပဲ ကြွမြန်းလာခဲ့တယ် ….
အောင်မာ …
ခုဆို မောင်မင်းကြီးများက အခန့်သားဗျာ
ကျုပ်ဖြင့် သူတို့ကို ပြုစုနေရတာနဲ့တင်
တစ်ရက် ၂၄ နာရီနီးပါး ဖြစ်သွားသလား ထင်ပါ့ ……။
မရေးတော့ဘူး …
မရေးချင်တော့ဘူး ….
ရှိသမျှသာ စာရွက်ပေါ် ရေးချရရင်
မီးခြစ်တွေပါ ဘေးနား အပုံလိုက်ချထားရမယ် …
တကယ် … တကယ် …
အတိသယ ဝုတ္တိ အင်္လကာ မဟုတ်ဘူး ….
တကယ် … တကယ် …
သူမက လောကကြီးကို အမှောင်ချလို့
ကိုယ်ထင်ပြတယ် …
တကယ် … တကယ် …
ကျုပ် အချိန်တိုင်း သူမ ကိုပဲ မြင်နေရတယ် …
တကယ် … တကယ် …
အတိသယ ဝုတ္တိ အင်္လကာ မဟုတ်ဘူး …..။
+++++++++++++++++++++++++++
By – မဟာရာဇာ အံစာတုံး
+++++++++++++++++++++++++++
15 comments
Mobile
February 3, 2013 at 12:20 pm
ဒီလောက်ကောင်းကင်ပေါ်မော့ကြည့်နေမှတော့
သူ့ရည်းစား ကောင်းကင်ပေါ်မှာ လေယာဉ်ပျံတိုက်ခံရရင်ခံရ ဒါမှမဟုက်
အူးမာဂနဲ့ဒေါ့ တွေ့ဒေါ့မှာပဲ……………………………………..
အတိတ်ယရဝုတ်တီ အလကား မဟုက်ဘူးဆိုပြန်ဒေါ့လည်း သေချာပြီ
သူ့ရည်းစား သစ်ပင်ပေါ်တက်နေတာပဲ ဖြစ်ရမယ် …..
သစ်ပင်ပေါ်ကနေ ကြောက်ပြီး ရှုးရှုးပေါက်ချတာကို ဒို့ကိုအံစာကြီးက မိုးရွာတယ်
ထင်နေတာဖြစ်မယ်………………..
ကဗျာအဒိတ်ပယ် ဖွင့်စိုဂျက် /
မဟာရာဇာ အံစာတုံး
February 3, 2013 at 1:35 pm
ဟက်လူ ၊၊၊ အဲ ၊၊၊ ဟက်ဖုန်း ၊၊၊
နင် က လှောင်တာလား ၊၊၊
ပြောင်တာလား ၊၊၊၊၊
တေတွားမယ် ဘာမှုတ်နေလဲ ၊၊၊ ဟဲဟဲ ၊၊၊
ဘာဘဲဖစ်ဖစ်
နာ့ပို့စ်လေး ညက်နှာ ငယ်နေရတာ
ဝင်အားပေးသွားတာ ရှဲရှဲ အကြီးကြီးဘာ ၊၊၊
လုံမလေးမွန်မွန်
February 3, 2013 at 2:02 pm
မျက်နှာငယ်တယ်ဆိုလို့ ဝင်မန့်ပါတယ်အေ…
စကားလုံးလေးတွေက အတော်မိုက်သားအေ့… ဥပမာအလင်္ကာတွေက အတိဿယများ မြောက်နေသလားလို့…
မဟာရာဇာ အံစာတုံး
February 3, 2013 at 4:32 pm
အဟမ်းး ဟမ်းး
ပထမဆုံး ပေါချင်ဒါဂဒေါ့ …
ကျေးဇူး တင်ဘာလယ် ….
နောက်တစ်ခု …
အလင်္ကာတွေ သုံးထားပေမယ့် …
ဖြီးတဲ့ ဖီလင်တွေ မဟုတ်ဘူး
Real ဖီလင်တွေ …
တကယ် .. တကယ် ..
အတိသယဝုတ္တိ အလင်္ကာ မဟုတ်ဘူး ……
အာဂ
February 3, 2013 at 2:20 pm
ကောင်းကင်ကြီးက
မှိတ်တုတ်မှိတ်တုတ်နဲ့
ကျုပ် ငေးစိုက်ကြည့်မိတဲ့အခါမှာ
တိမ်တွေ …
အပြာရောင် လွင်ပြင်က
ရန်ကုန်မှာဆို
တကယ်တော့ …
ငှက်တွေ ပျံနေတယ်။
သူမနဲ့ အတူ ရှိနေချင်တယ် …။
အထက်ကို မော့ကြည့်ပြီး
ဟုတ်တယ်လေ …
တဝုန်းဝုန်းနဲ့
သူမကို တွေ့မိစဉ်ကတည်းက
အောင်မာ …
မရေးတော့ဘူး …။
တကယ် … တကယ် …
တကယ် … တကယ် …
တကယ် … တကယ် …။
အာဂ။
မဟာရာဇာ အံစာတုံး
February 3, 2013 at 4:34 pm
အွန် ….
ကိုအာဂကြီး စပ်လိုက်တော့လည်း
ကဗျာတစ်ပုဒ် ထပ်ထွက်လာတာပ …
ဟာဟ …
ဒီလိုလည်း မိုက်တာပဲဟ …
လာအားပေးတဲ့အတွက် ရှဲရှဲ .. တိုင်းကျူး ….
ဗုံဗုံ
February 3, 2013 at 3:48 pm
အိုက်ဒါကြောင့် နင့်ဂို ပြောတာပေါ့ အံမပါတုံးကြီးရဲ့
ရွာသာကြီးမှာ ဆေးပတ်လည်အောင် ကုပါဆို ထွက်ပြေးလာသေးတယ် အခုတော့ လေယာဉ်ပျံမြင်တာနဲ့ ပြေးလိုက်ကြည့်နေတဲ့ ဘွ ကိုရောက်သွားရှာပြီ ဖစ်မှဖစ်ရလေကွယ်….:mrgreen:
မဟာရာဇာ အံစာတုံး
February 3, 2013 at 4:37 pm
အဟမ်းး ဟမ်းး
(လည်ချောင်း ယားနေလို့)
လူလည်ဂေါင်မှာ အရှက် မခွဲဂျင်ဘာနဲ့ …
ဒဂယ်ဒေါ့ …
ဒဂယ်တွားရမယ့်လူဂ ဘီသူလည်း သိဂျလား အရပ်ကတို့ …
ဟဲ … ဟဲ …
အားပေးတွားတာ ရှဲရှဲ …
Mr. MarGa
February 3, 2013 at 4:37 pm
ကဗျာဆရာက ခေါင်းစဉ် ပေးမသွားလို့
ဘာမှ မန့်တော့ဘူးနော်
သူမ ဆိုတာတော့ ဂျာနယ်ကျော် မမလေးရဲ့ ဝတ္ထု ဆိုတာပဲ သိတယ်
မဟာရာဇာ အံစာတုံး
February 3, 2013 at 4:44 pm
အဲ့ဒီလောက်တောင် တုံးပါ့ကွာ ..
ငါ့ ကိုယ် ငါ ..
တုံး လှပီ ထင်ထားတာ …
ဒဂယ် .. ဒဂယ် ..
ဒီသဂျားက ငါ့ထက် အဆတစ်ရာလောက် ပိုဆိုးနေတယ် …
ဒဂယ် .. ဒဂယ် ..
အတိသယဝုတ္တိ အလင်္ကာ မဟုတ်ဘူး ….
Mr. MarGa
February 5, 2013 at 7:57 pm
ကိုယ့်ကိုကိုယ် ဝင်္ကဝုတ္ထိနဲ့ ပြန်ပြောမနေနဲ့
သိပြီးသားရယ်
မောင်ပေ
February 3, 2013 at 7:51 pm
သူမ ဟာ အာပူလျှာပူ ကြိုက်တယ်
သူမ ဟာ ဝိုင်တစ်ခွက်မက သောက်တယ်
သူမ ဟာ စူပြတယ် ( နှုတ်ခမ်း )
ခင်ခ
February 4, 2013 at 4:13 pm
ကောင်းကင်ကြီးကို မော့ကြည့်ပြီး
သူမ ဆိုတာဖြစ်တာတွေ့ရင်….
ခေါင်းငိုက်စိုက်ချ
မြေကြီးကိုကြည့်……ကြည့်
ဘာတွေ့မလဲ?
တွေ့တာကို ရေးပါအုံးဗျ။
အဲ ပရွက်ဆိတ်တွင်းပေါ်မှတော့ မရပ်မိစေနဲ့နော်
အဲဒါက သတိပြုပေးရမယ့် အချက်ဘဲလေ။
မဟာရာဇာ အံစာတုံး
February 5, 2013 at 12:19 am
ရောင်းရင်းဂျီးးးး
သူမဟာ ရခိလည်း မဟုတ်ဘာ …
သူမဟာ ကလိလည်း မထိုးတတ်ဘာ ..
သူမဟာ စတိလေးတော့ ….
သိဒေါ့ဝူးးးးးး
+++++++++++
ဦးခင်ခဂျီးးး
အဲ … အဲ ….
ပရွက်ဆိတ်တွင်း ပေါ်မှာ မရပ်မိစေနဲ့ဒဲ့ …..
ဟုတ်ဒယ် … ဟုတ်ဒယ် ..
အောက်ကိုလည်း ကျိရအုံးမယ် …
ခုလို ဒဒိပေးဒါ ရှဲရှဲ သန်းကျူးဘာ ဦးခင်ခဂျီး …
Thet Aung
February 5, 2013 at 1:07 pm
တယ်လည်းလန်းပါလား ချရာဂျီး ရယ် ။နောင်လည်းဂလို မျိုးဟာလေးတင်စမ်းပါ။ဒါပါဘဲ…