Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ပုဂံဘုရားဖူးခြင်း(၃)

Ko chogyiFebruary 11, 20132min69118

နေ့ပူလို့ ညချမ်းတာ ပုဂံဒေသရဲ့ ဆောင်းတွင်းကာလပဲဖြစ်ပါတယ်။ နံနက်ခင်း စောစောအေးအေးချမ်းချမ်းနဲ့ အိပ်ရတာ ဇိမ်အရှိဆုံးပေါ့။ ဒါပေမဲ့ နှပ်မနေအားပါဘူး စက်ဘီးလေးဆွဲပြီး ဘုရားဖူး ထွက်ခဲ့ပြန်ပါတယ်။ နံနက်စောစော စက်ဘီးစီးရတာ ကိုယ်လက်လှုပ်ရှားမှုရှိလို့ မချမ်းဘူး၊ စီးရတာအရသာရှိတယ်။ ဆိုင်ကယ်နဲ့ဆို လေတိုး တာခံရပြီး အအေးပတ် လေဖြတ်သွားနိုင်တယ်။

ဒီနေ့ရည်မှန်းချက်ကတော့ တူရွင်းတောင်ကိုပါ။ တူရွင်းတောင်ပေါ်မှာ အနော်ရထာ မင်းကြီးတည်ထားကိုးကွယ်ခဲ့တဲ့ စွယ်တော်လေးဆူမှာ အပါအဝင်ဖြစ်တဲ့ တုန့်ဝပ်တောင် စေတီရှိပါတယ်။ ဘာလို့ ဒီလိုအမည်တပ်ရလဲဆိုတော့ ရာဇဝင်အပြောအရပေါ့နော် အနော်ရထာမင်းကြီးက စွယ်တော်မြတ်ကို စေတီဌာပနာထား ကိုးကွယ်ဖို့အတွက် မြေနေရာရှာတဲ့အခါ။ စွယ်တော်မြတ်ကို ဆင်တော်ပေါ်တင်ပြီး လှည့်လည်စေရာမှာ ခေတ္တ တုန့်ဝပ်ခဲ့တဲ့အတွက် အထိမ်းအမှတ်အဖြစ် စွယ်တော်ပွားပြီး စေတီတည်ထားကိုး ကွယ်ခဲ့တဲ့လို့သိရပါတယ်။

ab

စက်ဘီးကလေးနဲ့ တစ်ဖြည်းဖြည်းနင်းခဲ့ရာကနေ တူရွင်းတောင်ခြေ ရောက်ပြီပဲဆို ကြပါတော့။ စက်ဘီးကိုတောင်ခြေမှာ ထားပြီး တောင်ပေါ်အတက်မှာ တောင်တက်လမ်း ဘေးတစ်လျှောက် ရဟန္တာကိုယ်တော်များ ဆွမ်းခံကြွဟန် ရုပ်တုများကို တောင်ခြေမှ တောင်ပေါ် အရောက် ထုလုပ်ထားတာကို တွေ့မြင်နိုင်ပါတယ်။ တောင်ပေါ်ရောက်ပြီး ခေတ္တအမောဖြေကာ ဘုရားကို ဖူးမြော်ကန်တော့ခဲ့ပါတယ်။

တုန့်ဝပ်တောင်စေတီကို အောက်ခြေအုတ်ခုံခံပြီး တည်ထားကာ အုတ်ခုံမျက်နှာစာမှာ ဆင်ရုပ် ၃၂ ရုပ်ကိုအချိုးကျပြုလုပ်ထားတာတွေ့နိုင်ပါတယ်။ ဘုရားပေါ်ကနေလှမ်းမျှော် ကြည့်ရင် ပုဂံမြို့က ဘုရားတွေကိုရော အဝေးက လောကနန္ဒာစေတီ၊ တန့်ကြည့်တောင် စေတီနဲ့ ရွှေစည်းခုံစေတီ စွယ်တော် လေးဆူလုံးကို ဖူးမျှော်နိုင်ပါတယ်။

တောင်ခြေကို ပြန်ဆင်းခဲ့ပြီးတဲ့နောက်မှာ နံနက်စောစော တစ်ခုခုစားမယ်ဆိုပြီး တောင်ဇင်းဘက်ကို လှည့်လာလိုက်မိပါတယ်။ သဲချောင်းနံဘေး ဆိုင်ကလေးတွေ အစီအရီနဲ့ပေါ့။ မြန်မာ ဘူဖေးထမင်းဆိုင်၊ ထန်းလျှက်ဆိုင်တွေ ကြားမှာ ထူးဆန်းတဲ့ ဆိုင်ကြော်ငြာလေးတစ်ခု တွေ့မိပါတယ်။ “ ရေခဲစိမ် ထရေအေးအေးလေးသောက်ပြီး ပွဲကြို အထောက်အကူပြု တွေနားဆင်ရင်း ရင်ခုန်ခံစားနိုင်မယ့် ကပေရဲ့ ထရေဆိုင်” တဲ့ဗျာ။ ဆိုင်ထဲကြည့်လိုက်တော့   စောစောစီးစီး ခေါင်းတုံးကေနဲ့နှစ်ယောက် ခေါင်းချင်းဆိုင်နေတာ တွေ့လိုက်ရတယ်။တစ်ယောက်က  ပြည်ကြီးက ခဏပြန်လာတာတဲ့။ သူ့အကြောင်း ခြောက်မျက်နှာရေးထားတဲ့ ပို့စ်မှာပါတယ်။ တစ်ယောက်ကတော့ ပြည်မ ကြီးကခွဲထွက်တဲ့ ဂျက်မတို့နေရာကလာတာ။ သူတို့နှစ်ယောက်စလုံး တူညီတာက လူပိုကြီးတွေတဲ့။

ချောင်းဦးမှာ နံနက်အဆာပြေစားပြီး ညောင်ဦးကို ပြန်နင်းလာခဲ့တာ မြို့အဝင် ဘုရားနီလမ်းဆုံကနေ ညာဘက်ကို ချိုးကွေ့ရင်း ငှက်ပစ်တောင်ကို ခြေဦးလှည့်မိ ပါတယ်။

f

ငှက်ပစ်တောင် ဆိုသည့်နှင့် ရွာသူားများလည်း ပုဂံရာဇဝင်မှာ အထင်အရှား လူပြောများတဲ့ ပျူစောထီးမင်းသားနဲ့ ဆက်စပ်နေမယ်ဆိုတာ အားလုံးအသိပါ။ (မသိဘူးပြောရင် ညံ့လို့ပဲ)။ ပျူစောထီးမင်းသား ဆိုတာကလည်း တော်တော် ထူးဆန်းတဲ့သူဗျ။ တစ်ချို့ရာဇဝင်မှာ နဂါးဥကပေါက်ပြီး လူဖြစ်လာတာတဲ့။ တစ်ချို့က ပြောတော့လည်း သတိုးအာဒိစ မင်းကြီးရဲ့ မိဖုရားတစ်ပါးကမွေးတာလို့လည်း ပြော ကြတာပဲ။ ပုဂံရာဇဝင်ဆိုတာ တုတ်ထမ်းဓားထမ်းပြောရတယ်လို့ စကားအခံလည်း ရှိပြီးသားပဲလေ။ ကိုယ့်ဘာသာ ချင့်ယုံကြပေါ့။ ဒါနဲ့လမ်းကြောင်းကလွဲသွားပြီ။ ပျူစောထီးမင်းသားအကြောင်း ပြန်ဆက်ရအောင် သူကအရပ် ၅ တောင်နဲ့ လုံးပတ် ၃ တောင် ရှိသတဲ့။ တော်တော်ထွားတဲ့သူဗျာ။ ရွာထဲက ဖက်ဖက်နဲ့ နင်လားငါလားပဲ။

သူရဲ့ရန်သူကြီးတွေက ၄ မျိုးတောင်ရှိသတဲ့။ အရှေ့ဘက်အရပ်မှာ ဝက်ကြီး၊ အနောက်အရပ်မှာ ငှက်ကြီး၊ တောင်အရပ်မှာ ကျားကြီးနဲ့၊ မြောက်အရပ်မှာ ရှုးပျံကြီး ဆိုပြီးရှိတဲ့အထဲက ငှက်ကြီးကို ပစ်ခတ်နှိမ်နှင်းလို့ အောင်မြင်တဲ့အရပ်မှာ တည်ထား ခဲ့လို့ ငှက်ပစ်တောင်စေတီလို့ အမည်တွင်ပါတယ်။ အဲဒီတောင်ပေါ်မှာ ငှက်ကြီးနှုတ်သီး နဲ့ပေါက်လို့ ရေထွက်လာတဲ့ ငှက်ပေါက်တွင်းတို့၊ သမီးကညာတွေဖွက်တဲ့ သမီးဝှက်ဥမင် ဆိုတာတွေကိုလည်း တွေ့မြင်နိုင်ပါတယ်။

g

နောင်အခါ အနော်ရထာမင်းလက်ထက် သထုံမှ ရှင်အရဟံကြွလာပြီး ဗုဒ္ဓသာသနာ ထွန်းကားရေးဆောင်ရွက်ရာတွင် ငှက်ပစ်တောင်ပေါ်မှာ အမြင့် ၁၈ ပေရှိ ဘုရားရှင်ရုပ် ပွားတော်တစ်ဆူ တည်ထားကိုးကွယ်ခဲ့ပါတယ်။ သထုံမှပင်ဆောင်လာတဲ့ ရဟန်းသံဃာ များ သီတင်းသုံးရန်အတွက် ဥမင်များ၊ ကျောင်းများ ဆောက်လုပ်လှူဒါန်းခဲ့တဲ့နေရာ လည်းဖြစ်ပါတယ်။ ရှင်အရဟံသီတင်သုံးစံတော်မူရာ အုတ်ကျောင်းတော်ကိုလည်း တွေ့ မြင်နိုင်ပါတယ်။ ဒါကြောင့် ငှက်ပစ်တောင်ဒေသဟာ ပုဂံခေတ် ထေရဝါဒဗုဒ္ဓသာသနာ စတင်ထွန်းကားရာ အရေးပါသော နေရာတစ်ခုအဖြစ်လည်း မှတ်ယူနိုင်ပါတယ်။

ငှက်ပစ်တောင်ကအဆင်း စက်ဘီးပေါ်အတက်မှာပဲ မြေပဲပြုတ်၊ ပြောင်းဖူးပြုတ်၊ မုန့်ဖက်ထုပ်သည်နဲ့တွေ့ပါလေရော။ အဆာပြေဝယ်စားမယ်လို့ ကြံရွယ်ပြီး ခေါ်အဝယ် မှာ အဲဒီဈေးသည်က ပထမတစ်ခုဆိုရင်  ဈေးကဘယ်လောက်၊  နှစ်ခုဝယ်ရင် ဈေးက တစ်မျိုး၊ သချင်္ာနည်းနဲ့ ပြန်တွက်ရင် ပထမတစ်ခုက ဘယ်လောက်နှုန်းဖြစ်ပြီး၊ ဒုတိယက ပထမထက်သက်သာတဲ့အတွက် ဘယ်လောက်ဖြစ်မယ်၊ အဲဒီတော့ ပထမက ဒုတိယ ထက် ဘယ်လောက်ပိုတန်တယ်။ ရှင်းပြနေတာ ရှုပ်ရှက်ခတ်နေတာနဲ့ မဝယ်တော့ဘဲ စက်ဘီးကို နင်းထွက်လာပြီး  ညောင်ဦးဈေးထိပ် ညောင်ပင်ရှေ့ကဆိုင်မှာပဲ ခေါက်ဆွဲ အရည်ဖျော်စားလိုက်တယ်။

i

ညောင်ဦးမြို့ကနေ ထွက်လာပြီး ဝက်ကြီးအင်းဆိုတဲ့အရပ်ရောက်တော့ ပျူစောထီး ရာဇဝင်ထဲက ဝက်ကြီးကိုအောင်နိုင်ခဲ့တဲ့အရပ်ပါလားလို့ တွေးမိလိုက်သေးတယ်။ ဝက်ကြီးအင်းရွာက တော်တော်ကြီးပြီး ခရီးသွားလုပ်ငန်းများတယ်။ ထမင်းဆိုင်၊ အမှတ် တရပစ်စည်းဆိုင်တွေနဲ့၊ မြင်းလှည်းငှားဆိုင်စုံလို့ပါပဲ။ ကမ္ဘာလှည့်ခရီးသွားတွေအပျော်စီး တဲ့ ခိုင်ခိုင် မီးပုံးပျံ လုပ်ငန်းတောင်တွေ့ခဲ့သေးတယ်။ ပုဂံမြို့ဟောင်းအနီး အရောက် အာနန္ဒာဘုရားအဝင်လမ်းထိပ်မှာ ဒေသထွက်ဟင်းလျာတွေ အစုံအလင်ရတဲ့ မြန်မာ ထမင်းဆိုင်နဲ့ ဝေဝေရဲ့ အီစီးကွပ် စားသောက်ဆိုင်ကို တွေ့နိုင်ပါတယ်။

e

ပုဂံမြို့ထဲဝင်မယ်လုပ်တော့ မောင်တင့်တယ်က မြို့ထိပ်မှာ ငုတ်တုပ်ကြီးထိုင်လို့ဗျ။ ဂိတ်ကြေးတောင်းနေတာလားမသိ။ လာဘ်ပေးလာဘ်ယူပပျောက်ရေး ကော်မရှင်နဲ့ တွေ့ရင် ပြေးပေါက်မှားဦးမယ်။ ဆက်နင်းလာလိုက်တာ ယွန်းအတတ်သင်ကျောင်း ကြီးကိုကျော်ပြီး ဧရာဆိပ်လို့ခေါ်တဲ့ ဆိပ်ကမ်းကိုရောက်တယ်။ အရင်က ပခုပ်ကူ တံတားကြီးမဖွင့်ခင်ကတော့ ဇက်ရေယာဉ်နဲ့ကူးမယ့် ကားတွေ အရမ်းစည်တဲ့အရပ် ပေါဗျာ။

j

အနောက်ဘက်ကမ်းကို ကူးဖို့အတွက် အဖော်လိုက်စပ်လိုက်တာ ခရီးသွား မိသားစုတစ်စုတွေ့တာနဲ့ အတူတူသွားဖို့ သဘောတူညီမှုရလိုက်တယ်။ ကူးတို့ ပဲ့ထောင်ခက ဈေးကြီးတယ်ဗျ။ သူတို့မိသားစုက ရာဇဝင်မှာတော့ မြစ်ကူးတာ မလက်တိုကြီးစီးပြီးကူးတာလေ အခုကြတော့ ဘာလို့ ကူးတို့ပဲ့ထောင်ငှားလည်းမသိ ဘူး။ မလက်တိုရှော့ပင်းထွက်သွားလို့လားမသိဘူး။ ကိုရင်လူထွက် မောင်စည်သူ မောင်းတဲ့ ပဲ့ထောင်လှေကလေးနဲ့ ကူးခဲ့တာ ကျွန်းချောင်းဆိပ်ကမ်းကို ရောက်ခဲ့ တာပေါ့။ သူကပြောသေးတယ် လှေအဆင်း၊ မြင်းအတက် အရေးကြီးတယ် သတိ ထားဆင်းတဲ့။ ကျွန်တော့် ကျွမ်းကျင်မှုနဲ့ လှေကိုထိမ်းကပ်ပေးမယ်တဲ့။

h

ဘုရားပေါ်ကို ကားနဲ့ပဲတက်ခဲ့ပါတယ်။ (မှတ်မှတ်ရရ မြိတ်/ ပုလဲကျွန်းမပြောင်းခင် မဒမ်ချိုကြီး သားကြီးကိုယ်ဝန်နဲ့  နှစ်ယောက်အတူ ခြေလျှင်တက်ခဲ့သေးတယ်)။ အခု တော့ ဝိတ်အရမ်းတက်နေလို့ မလျှောက်နိုင်တော့ဘူး။ တစ်ကယ်တမ်း တက်နိုင်ရင် တော့ ခြေလျှင်လမ်းက ပျော်ရွှင်စရာ စိတ်ဝင်စားစရာ ခရီးစဉ်ဖြစ်ပါတယ်။ တန့်ကြည့် တောင်စေတီကလည်း အနော်ရထာမင်းကြီးရဲ့ကောင်းမှုစွယ်တော်ပွား စေတီတော်ပါပဲ။ ဘုရားရှင်လက်ထက် နောင်ဒီအရပ်တွင် သာသနာထွန်းကားအံ့ဟု ဗျာဒိတ်တော်ပေးခဲ့ သော တောင်လည်းဖြစ်ပါတယ်။ အနော်ရထာမင်းကြီး တည်ထားကိုးကွယ်ခဲ့သော စွယ် တော်မြတ်လေးဆူ ဖြစ်သည့် ရွှေစည်းခုံစေတီ၊ တူရွင်းတောင်စေတီ၊ လောကနန္ဒာစေတီ နဲ့ တန့်ကြည့် တောင်စေတီတို့ကို အဓိဌာန်ဝင်ပြီး နေ့ချင်းအပြီးဖူးနိုင်ပါက ထူးခြားမည် အမှန်ဖြစ်သည်ဟု ဆိုးရိုးစကားလည်းရှိပါတယ်။

အပြန်မှာ ပုဂံမြို့ဆိပ်ကမ်းရောက်တော့ ဗူးဘုရားအနီးက အပင်အုပ်အုပ် တွေအောက်မှာရောင်းတဲ့ အကြော်ဆိုင်မှာ အကြော်စားရင်း ဧရာဝတီမြစ်ကမ်းအလှနဲ့ မြစ်ရေကြောင်းမှာ ဘဝအသက်မွေးဝမ်းကြောင်းပြုနေတဲ့  လှေငယ်လေးတွေ ကို ငေးကြည့်ခံစားနေမိတယ်။ အကြော်တဲလေးတွေရဲ့ ခနော်နီခနော်နဲ့ တိုင်ကလေးတွေထက် ထင်းရူးသားသစ်သားပြားမှာ မီးသွေးခဲနဲ့ရေးထားတဲ့ ဆိုင်နာမည်လေးတွေကို ဘာရယ် မဟုတ် လိုက်ဖတ်ကြည့်မိတော့ “ဗုံဗုံ အကျော်ဆိုင်”၊ နန်းတော်နားကသူအကြော်ဆိုင်” ”လိမ်မာတဲ့ကောင်မလေး” ဆိုတဲ့နာမည်တွေ သွားတွေ့တယ်။ အကြော်တွေကတော့ စုံစုံလင်လင်ပါပဲ ဗရာကြော်၊ မုန့်နှစ်ကြော်(တစ်ချို့က မန္တလေးပဲကြော်လို့ခေါ်တယ်)၊ ကုလားပဲကြော်၊ ပုစွန်ကြော်၊ ငါးကြော်နဲ့ ငရုတ်သီးကြော်တို့ပါပဲ။ ပုဂံဒေသနဲ့ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတွေမှာသာ တွေ့ရတဲ့ ငရုတ်သီးကြော်က ကျွန်တော်အကြိုက်ဆုံးပါ။ စားလိုက်တိုင်း အစပ်ဒဏ်ကိုခံရပေမဲ့ အရမ်းကြိုက်တယ်။ စပ်တာကို မကြိုက်မှတော့ သကြားလုံးကြော်စားမှာပေါ့။

d

အကြော်စားပြီး ဗူးဘုရားပေါ်ကိုတက်ခဲ့တယ်။ ဗူးဘုရားကလည်း ဇာတ်လိုက်ကျော် ပျူစောထီးရဲ့ ရာဇဝင်ထဲမှာပါတာပဲလေ။ ဗူးဘုရားရင်ပြင် တံတိုင်းနားကနေ တန့်ကြည့် တောင်ဘက်ကို နောက်ခံထားပြီး ဓာတ်ပုံရိုက်ရင် အရမ်းကောင်းတယ်။ ဗူးဘုရားမှာ အများဆုံးတွေ့ရတာကတော့ သနပ်ခါးနဲ့ ပုန်းရည်ကြီးပါ။ ဗူးဘုရားမှာရောင်းတဲ့ သနပ်ခါးအများစုက စစ်တယ်၊ ဈေးမှန်တယ်။ ပြီးတော့ ဘုရားရှေ့မှာ ဇာတ်စင်ကြီးရှိ တယ်။ ဇာတ်စင်ကိုအခိုင်အမာ လုပ်ထားတာ။ ကြော်ငြာတောင်တင်ထားသေးတယ်။ “ယနေ့ည ရှေ့ထွက်မင်းသမီး ချစ်ပန်ပန်နဲ့ ခေါင်းဆောင်မင်းသမီး ပဒုမာတို့ ကမယ့်ပွဲ” တဲ့။

ဗူးဘုရားကအပြန် ခြံဝန်းကြီးတစ်ခုမှာ တောတွင်းပျော်လားမသိဘူး၊ ဒူးထောက်ပြီး လေးပစ်နေတဲ့ အရုပ်တော့တွေ့တယ်။ ပင်ပန်းနေပြီမို့ ဝင်မကြည့်တော့ဘူး၊ အိမ်ကိုပဲ တန်းပြန်လာခဲ့တော့တယ်။

18 comments

  • ဗုံဗုံ

    February 12, 2013 at 9:00 am

    မိပြီ မိပြီ အိုက်လူကြီး အကြော်တွေစားပြီး ပိုက်ဆံရှင်းမသွားဘူး အိမ်သာသွားတာလိုလို ဘာလိုလိုနဲ့ စက်ဘီးနဲ့ ထွက်ပြေးသွားတယ် ဒီဂနေ့ အကြော်ဖိုးလာပေးပါ မပေးနိုင်ရင် သားတော်မောင်ကို လာသိမ်းမယ် ဒါဘဲ :mrgreen:

  • P chogyi

    February 12, 2013 at 10:39 am

    သားတော်မောင်တော့မပေးနိုင်ဘူး။
    အကြော်ဆီမစစ်လို့ အကြော်ဖိုးလည်းလာမပေးဘူး။
    ပထမဆုံးကွန်မန့်အတွက်ကျေးဇူးပါ။

  • surmi

    February 12, 2013 at 12:36 pm

    ပုဂံနဲ ့ပတ်သက်ပြီး ရွာထဲမှာ အမျိုးမျိုး ဖတ်ဖူးသလို အပြင်မှာလည်း
    ဖတ်ဖူးပါရဲ ့ ။
    ဒါပေမဲ ့ ဒီပို ့ကတော ့ ပေါ ့ပေါ့ပါးပါးရေးဟန်ကြောင် ့ တစ်မျိုးထူးပါတယ်
    တစ်ချို ့သောစာတွေမှာက ဒီလိုအထင်ကရှိတဲ ့နေရာတွေအကြောင်းရေးရင်
    တည်တည်ခန် ့ခန် ့နဲ ့သမိုင်းဆန်ဆန်ရေးကြတော ့ စာသင်ခန်းထဲပြန်ရောက်သွားသလို
    နဲနဲ မလွတ်မလပ်ဖြစ်သွားတယ်ဗျ။
    ဒီပို့စ်ကတော့ လွတ်လွတ်လပ်လပ်နဲ ့ လက်ဘက်ရည်ဆိုင်မှာထိုင်ပြောနေရသလိုဘဲ
    ဆက်ရန်မျှော်နေဦးမယ် ကိုချိုရေ ….
    ဖွက်ထားတဲ ့လက်လေးတွေထုတ်ဦးနော 🙂

    • ဂန္ဓာရီ ဆြာအုပ်

      February 13, 2013 at 9:27 pm

      ဟုတ်တယ်ဥချိုဂျီးပုဆိုးဂျားထဲမှာ ဖွက်ထားတဲ့လက်လေးတွေထုတ်ပါဦးဂျို့

  • မောင်ပေ

    February 12, 2013 at 12:42 pm

    ကျုပ်ရောင်းမယ့် ထန်းရေ ထဲမှာ ဆေးရွက်ကြီး နဲ ့ ဆန်ဆေးရေ မရောထားတာတော့ သေချာတယ်ဗျို ့
    လူမျိုးမရွေး ဘာသာမရွေး သုံးဆောင်နိုင်ပါသည်

  • P chogyi

    February 12, 2013 at 1:58 pm

    ဦးပေရဲ့ ထရေကိုအားပေးမဲ့သူများမှာပါ။
    ဦးဆာမိသိပ်မမြှောက်ပေးနဲ့ဗျ။ ဒီရက်ထဲအစည်းအဝေး ၃ရက်ဆိုက်တိုက်ရှိတယ်။
    ခဏနားထားရဦးမယ်။ ကျေးဇူးပါ။

  • သကြားလုုံးကြော်

    February 12, 2013 at 4:42 pm

    ဟေးဟေး တွေ့ပြီတွေ့ပြီ။
    ဟုုတ်ပ့ါ အချိုကြိုက်လိုု့ သကြားလုုံးကြော်လိုု့ နာမည်ပေးထားပါတယ် ၊ ဒီနာမယ်အကြောင်း မေးကြတယ်။ အချိုမကြိုက်မှတော့ ငရုုပ်သီးကြော်ဖြစ်နေပြီပေါ့။ :harr:
    နောက်တခေါက် ပုုဂံသွားရင် ကိုုချိုကြီးရဲ့ ပုုဂံဘုုရားဖူးတွေကိုု တန်းစီ ပရင့်ထုုတ်သွားရင် အိုုကေပဲ။ စာအုုပ်တွေ ဂိုုက်တွေမလိုုတော့ဘူး။

  • kai

    February 12, 2013 at 5:06 pm

    ကျုပ်စားပွဲပေါ်မှာ.. အိနိ္ဒယက ဘုရားဖူးပြန်လာတဲ့ အသိလက်ဆောင်ပေးထားတဲ့.. အာဂျင်တာဂူတွင်း(Ajanta Caves) ဆေးပန်းချီပုံတွေစာအုပ်ရှိနေတယ်..
    အဲဒါကြည့်ပြီး.. ပုဂံပုထိုးတွေထဲက.. ပန်းချီတွေသေသေချာချာ.. တကွက်ချင်း.. စာအုပ်လုပ်ရင်ကောင်းမှာတွေးနေတာ..
    သူတို့နဲ့.. နှစ်ကတော့.. ၁၀၀ဝကျော်ကွာတယ်ပေါ့လေ…။

    ဓါတ်ပုံဆရာ/ဆရာမတွေ.. ဂရပ်ဖစ်သမားတွေနဲ့ပေါင်းပြီးလုပ်ဖို့ကောင်းတယ်..။

    The Ajanta Caves: Ancient Paintings of Buddhist India [Paperback]
    Benoy K. Behl (Author, Photographer), Milo Cleveland Beach (Foreword)
    5.0 out of 5 stars See all reviews (7 customer reviews)
    List Price: $34.95
    Price: $23.07

    • kai

      February 13, 2013 at 4:29 am

      အဲဒီအပေါ်ကစာအုပ်ထဲက.. ပုံတွေကို.. ဘီစီ၂၀၀။ ခရစ်မပေါ်မှီ ၂၀၀… ဂေါတမဗုဒ္ဓပွင့်ပြီး ၄၀ဝလောက်မှာ အိန္ဒိယအနောက်ဖက်ခြမ်း.. အာဂျန်တာဂူတွေထဲ စဆွဲခဲ့ကြတာတဲ့..။
      ပုဂံက. အနှစ်၉၀ဝ ပဲရှိသေးတာမို့.. နှစ်ထောင်ချီကွာပါတယ်..

      ့ပြီးတော့.. ပုံတွေက ပုဂံဆွဲဟန်နဲမတူဘူး…
      အမျိုးသမီးတွေ အဝတ်သိပ်မကပ်ပဲ.. အမျိုးသားတွေကလည်း.. မုတ်ဆိတ်ကျင်စွယ်သိပ်မပါကြဖူး..
      အာဂျန်တာက.. ရုပ်လုပ်ကြွပုံတွေဖြစ်နေတာများသမို့… အဲဒီလွန်ခဲ့တဲ့နှစ် ၂၂၀ဝမှာ ရုူပ်ကြွလုပ်တတ်ဆွဲတတ်နေတာကို.. အံ့ဩနေတာပါ…။
      ကြုံတုံးပြောရရင်.. အဲဒီမှာ.. ကိန႖ရီ/ရာပုံတောင်ပါတယ်..။

      ဆိုတော့..
      .. မြန်မာ့ယဉ်ကျေးမှုမြတ်နိုးရင်.. ပုဂံပန်းချီတွေ.. တကွက်ချင်း… စာအုပ်လုပ်သင့်တယ်..

      • ဂန္ဓာရီ ဆြာအုပ်

        February 13, 2013 at 9:29 pm

        ဥကိုင်စာအုပ်ထုတ်မယ်ဆိုရင် အနော်က ရိုက်ကူးရေးတာဝန်မယ်ဂျာ

  • P chogyi

    February 12, 2013 at 5:30 pm

    ကိုကြီးပေါက် ကျွန်တော် ၃ လပိုင်းအလှူတစ်ခုရှိလို့ ခွင့်ယူဖြစ်ရင်
    သင်္ကြန်ခွင့်မရနိုင်ပါ အဆင်ပြေလို့ သွားနိုင်မယ်ဆိုရင် အစ်ကိုကြီးကို
    ဆက်သွယ်ပါ့မယ်။
    သကြားလုံးကြော်ရယ် ပုဂံစေတီပုထိုးများစာအုပ်တစ်အုပ်ဝယ်လိုက်ပြီးရော။
    ကိုချိုကြီးကရေးချင်းတာလျှောက်ရေးတာ။
    သဂျီးရေ နံရံပန်းချီတွေကို မကူးရ၊ ဒါ့ပုံမရိုက်ရနဲ့ ကန့်သတ်ချက်များတာ
    အဆင်ပြေမယ်မထင်ပါဘူး။

  • Mr. MarGa

    February 12, 2013 at 5:46 pm

    ရွာထဲကလူတွေ က ပုဂံမှာ အားလုံးစုနေပါလား
    ဒီတစ်ခါ တွေ့ဆုံပွဲကို ပုဂံမှာလုပ်လိုက်
    သဂျီးက စပွန်ဆာပေးမယ်တဲ့ :mrgreen:
    ဗူးဘုရားတော့ ရောက်ပြီ
    နောက် ဘယ်လဲဗျို့

  • padonmar

    February 12, 2013 at 10:06 pm

    ဒီတစ်ခါ ရွာသူား ၁၈ ယောက်+ အုပ်အုပ် တွေ့တယ်၊တယ်များပါလား။
    ဒါထက် ဇာတ်စင်က တကယ်ခိုင်ရဲ့လား၊မင်းသမီး ထောင်ထောင်မောင်းမောင်း ဝဝကြီးတွေ ကမှာဆိုတော့ ဇာတ်စင်ကျိုးကျမှာ စိုးလို့ပါ။

  • kyeemite

    February 13, 2013 at 9:36 am

    ကိုချိုကြီးရေးတဲ့စာမှာ ရွာသူားတွေလည်းပါလို့ပျော်စရာကောင်းသလို
    ပုဂံတဝိုက်က ဒေသန္တရဗဟုသုတတွေပါရလို့ အားပေးနေပါတယ်ဗျို့..

  • P chogyi

    February 13, 2013 at 11:55 am

    အားပေးကြတဲ့ အစ်မပဒုမ္မာ၊ ကိုကြီးမိုက်၊ ဦးဦးမာဃတို့အားလုံး
    ကြေးဂျူးကမ်ဘာဆိုင်ယော်။

  • Wow

    February 13, 2013 at 3:36 pm

    ပုဂံကိုချစ်တယ်…
    ၂၀၀ရ လောက်က တစ်ခေါက် နှစ်ညအိပ်ရောက်ဖြစ်တယ်….
    ထပ်သွားချင်သေးတယ်…

  • shwe tallatr

    February 17, 2013 at 11:33 am

    ပုဂံကိုသတိရကြောင်းပြောပေးပါရောင်းရင်းတို့ရေ

Leave a Reply