Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

သရဲမွေးတဲ့ ကိုစာကြီး

++++++++++++++++++++++++++++++++++

ရွာတစ်ရွာ တည်ပြီဆိုရင် “စုန်း” ဆိုတဲ့ အမျိုးကလည်း မပါမပြီးလို့ ကြားဖူးပါတယ်။

ရွာတိုင်းမှာလည်း စုန်း ရှိကြတယ်။

သာမာန် ကြည့်ရင်တော့ စုန်းမှန်း ဘာမှန်း မသိနိုင်ဘူးပေါ့ဗျာ။

ဒါပေမယ့် … အတွင်းသိတွေကတော့ဖြင့် ဘယ်သူကတော့ဖြင့် စုန်းပဲ ဆိုပြီး သိကြသပေါ့။

 

အချို့ကတော့ “ဝမ်းတွင်းစုန်း” မျိုး။ မွေးကတည်းက စုန်းအတတ်ကို တတ်လာကြတဲ့လူတွေလို့ ဆိုပါတယ်။

အချို့ကတော့ သင်ပြီး တတ်လာတဲ့ “သင်တတ်စုန်း” ပေါ့ဗျာ။

စုန်း အကြောင်း ပြောရရင်တော့ အများကြီးပါပဲ။

ဒါပေမယ့် အခုဟာက စုန်း အကြောင်း မဟုတ်တဲ့အတွက် ဋီကာ မချဲ့တော့ပါဘူး။ ဒီတော့ကာ ဒီလောက်ပဲပေါ့ဗျာ။

 

ပြောမှာက သရဲမွေးတဲ့ အကြောင်း ….။

တိတိကျကျ ပြောရရင် ကျုပ်တို့ရွာက သရဲမွေးတဲ့ ကိုစာကြီး အကြောင်း ….။

ကိုစာကြီး ဆိုလို့ အံ စာ တုံး နဲ့ အထင်မမှားကြနဲ့နော်။

လုံးဝ (လုံးဝ) မပတ်သက်ကြောင်း သတိပေးပါတယ်။ ကျုပ်က သရဲ ကြောက်တတ်တယ်ဗျ။ အဟီး …။ :mrgreen:

 

သရဲ ဘယ်လို မွေးရမလဲ …..?

ဒီမေးခွန်းအတွက် အလွယ်ဆုံး အဖြေကို ပြောရရင် “စပလင်” ပေါ့ဗျာ။ (စာလုံးပေါင်း မှန်လားတော့ မသိ)

အဲ့ဒီ စပလင်ပင် ကို စိုက်၊ အညှီအဟောက်တွေ လောင်းပေး။

ဒါဆို သရဲ လာကပ်တော့တာပဲ။

( သဂျီး အပါအဝင် မယုံကြတဲ့လူတွေ စမ်းကြည့်နိုင်ပါတယ် … ဟဲ … ဟဲ ….) :mrgreen:

 

ကိုစာကြီး ဆိုတာက ရွာအနောက်တံခါးနားမှာ နေတဲ့လူကြီး တစ်ယောက်ပဲ။

ပုံစံက တုတ်တုတ်ခိုင်ခိုင်ကြီး။ မျက်နှာပေး ကတော့ဖြင့် ကောင်းမယ့်ပုံစံ တစ်ကွက်မှ မရှိ။

သူ့အိမ်က ရွာအနောက်ဘက် အစွန်ဆုံးပဲ။ ဒီတော့ သရဲမွေးလို့ လွယ်တာပေါ့ဗျာ။

သူ့အိမ် နောက်ဖေးမှာလည်း တောအုပ်လေးလို အပင်တွေက စိုင်းလို့ရယ်။

ဒီအပင်တွေ ကြားထဲ သူ့ကလေးတွေကို ဝင်ဆော့ခွင့် မပေးဘူးဗျ။

သူ့ကလေးတွေမှ မဟုတ်ပါဘူး။ ဘယ်သူ့ကိုမှ ပေးမဝင်တာ။

ဒီအချက်ကပဲ ကိုစာကြီး သရဲမွေးတယ် ဆိုတာကို ရိပ်မိစေတဲ့ အချက်တစ်ချက်ပေါ့ဗျာ။

 

ကိုစာကြီး လုပ်တဲ့ အလုပ်က “အမဲပေါ်” တဲ့ အလုပ် ….။

အမဲပေါ် တယ် ဆိုတာက နွား၊ ဝက် စတဲ့ အကောင်တွေ သတ်ပြီး အသားရောင်းစားတဲ့ အလုပ်ပေါ့ဗျာ။

ဒီအလုပ်နဲ့ပဲ ကိုစာကြီး က အသက်မွေးတယ်။

အဲ့ဒီထဲက အမဲသားတွေကို သရဲကျွေးပြီး မွေးထားတာပေါ့ ….။

အတိုချုပ် ပြောရရင် အသားကျွေးပြီး သရဲမွေးထားတဲ့ သဘောမျိုးပေါ့ဗျာ ….။

 

ကိုစာကြီး သရဲမွေးတဲ့ အကြောင်းကို တစ်ရွာလုံးနီးပါး သိကြတယ်။

ဒါပေမယ့် ဘယ်သူမှ လူသိရှင်ကြား ကိုစာကြီး ရှေ့မှာ ထုတ်မပြောတတ်ကြပါဘူး ….။

ပြောကြည့်ပါလား။ ခေတ်စကားနဲ့ ပြောရရင် သေသွားမယ် ပေါ့ …။

ပြောတဲ့လူကို ကိုစာကြီး က သူမွေးထားတဲ့ သရဲတွေ လွှတ်ပြီး ဒုက္ခပေးတော့တာပဲ။

သူ့ကြောင့် ဒုက္ခ ရောက်သွားရတဲ့ လူတွေကလည်း ရှိခဲ့သကိုးဗျ။

 

သူ အမြင်ကတ်တဲ့လူ၊ သူနဲ့ မတည့်တဲ့လူတွေကိုလည်း ဒီနည်းနဲ့ ဒုက္ခပေးခဲ့တာချည်းပါပဲ။

ရွာသူကြီး ကလည်း ကိုစာကြီး ကို သိပ်ပြီးတော့ မပြောဝံ့ရှာဘူး။

သူလည်း လူကြီးသာ လုပ်နေတာ၊ ကြောက်တတ်သကိုးဗျ။

သူကြီးကတောင် မပြောဝံ့တော့ ကိုစာကြီး တစ်ယောက် ရွာထဲမှာ ဟောင်ဖွာဟောင်ဖွာနဲ့ ဖင်ဂေါင်းကျယ် နေတော့တာပေါ့ဗျာ။

 

အဲ … ဒါပေမယ့် …. ကိုစာကြီး ကြောက်တာတော့ ရှိတယ်။

အဲ့ဒါကတော့ ရွာဦးကျောင်း ဆရာတော်ပဲ။

ဆရာတော် က ကိုစာကြီးရဲ့ ငယ်ဆရာ၊ ငယ်ကြောက် လို့ ပြောရမယ်ထင်တယ်။

ဆရာတော် က ဒီသရဲမွေးတဲ့ အကြောင်းသိတော့ ကိုစာကြီး ကို ခေါ်ပြီး ဆုံးမတယ်။

 

“စာကြီး …၊ မင်း သရဲမွေးတယ်ဆို၊ ဟုတ်သလား”

“မဟုတ်ပါဘူး ဘုရား”

“အောင်မာကွာ၊ မင်းက ငါ့ကို လိမ်တာလား”

“မလိမ်ဝံ့ပါ ဘုရား”

“အေး၊ မလိမ်ဘူးဆို၊ ငါ့ကို အမှန်အတိုင်း ပြောစမ်း”

“မှန်ပါ့၊ မွေးတော့ … အဟဲ .. မွေးပါတယ် ဘုရား”

 

ဒီလို ကိုစာကြီးက သရဲမွေးတဲ့ အကြောင်းကို မလိမ်ဝံ့တော့ဘဲ လျောက်ပြတော့ ဆရာတော်က ဆုံးမတယ်။

သရဲ မမွေးသင့်တဲ့ အကြောင်း၊ သူများကို ဒုက္ခ မပေးသင့်တဲ့ အကြောင်း၊ ကိုယ်လည်း တစ်နေ့ ဒုက္ခ ရောက်တတ်ကြောင်း … စသည် … စသည်ဖြင့်ပေါ့ဗျာ။

ဒါပေမယ့် … ကျွဲပါး စောင်းတီး ဆိုသလိုပေါ့ …။

ကိုစာကြီး ကတော့ ဆရာတော် ရှေ့မှာသာ မှန်ပါ့ ဘုရား ချင်း ထပ်နေတာ ….။

ရွာလည်း ပြန်ရောက်ရော ထုံးစံ အတိုင်းပါပဲ။

 

စကားစပ်တုန်း ပြောရရင် ရွာဦးကျောင်း ဆရာတော်က ကိုးသင်္ချိုင်း အောင်ထားတဲ့ ဆရာတစ်ပါးပဲ ခင်ဗျ။

ဒါကြောင့် ကိုစာကြီး လောက်တော့ ပါမွှားပေါ့ဗျာ။

ပြီးတော့လည်း ဆရာတော်က သာသနာ့ဝန်ထမ်း ရဟန်းတစ်ပါး ဆိုပေမယ့် လောကီပညာရပ်ဘက် ပိုအားသန်တဲ့ အကြောင်း …

ဆရာတော် ရေးဆွဲတဲ့ အင်းတွေ အသက်ဝင်လှတယ် ဆိုတဲ့ အကြောင်းကို …

“သိမ်ဝင် သပိတ်ကွဲနှင့် အသက်ဝင်လာသော ဘီလူးအင်း” … ဆိုပြီး ရေးခဲ့ဖူးပါသေးတယ်။

ဖတ်ချင်သူများ လင့်ကို နှိပ်ပြီး သွားဖတ်ကြပေါ့ဗျာ။

 

ကိုစာကြီးရဲ့ အချစ်ဆုံး ဘော်ဒါတစ်ယောက်လည်း ရှိတယ်။

သူ့နာမည်က “ကိုမွှေးတုံး” ….။ (ဒီလူလည်း ကျုပ်နဲ့ ဘာမှ ဆိုင်ဘူးနော်)

သူက ကိုးသင်္ချိုင်း မအောင်ခဲ့တဲ့လူ။

ငါးသချင်္ိုင်းတော့ အောင်ခဲ့တယ်။ ခြောက်သင်္ချိုင်း အရောက်မှာ မခံနိုင်တော့လို့ ထွက်ပြေးခဲ့ရတဲ့ လူ။

သူနဲ့ ကိုစာကြီး နဲ့ကတော့ ရွာထဲမှာ ဘက်ပဲ။

ညနေဘက် ထန်းရည်သောက်တော့လည်း သူတို့နှစ်ယောက်ပဲ။

ကြက်တိုက်တော့လည်း သူတို့ နှစ်ယောက်ပဲ။

တပူးပူး တတွဲတွဲပေါ့ဗျာ ….။

 

ထားပါတော့ ….။ ပို့စ်လည်း နည်းနည်း ရှည်သွားပြီ။ ဇာတ်သိမ်းလိုက်တော့မယ်။

ကိုစာကြီး တစ်ယောက် အသက် (၄၅) ဝန်းကျင်မှာပဲ အနိစ္စ ရောက်သွားရတယ်။

ဘယ်လို ဖြစ်ပြီး သေသွားရတာလဲဆိုတော့ အနာရောဂါ ကြောင့်လည်း မဟုတ်ဘူး။

သူ မွေးထားတဲ့ သရဲတွေက သူ့ကို ပြန်သတ်လို့ သေသွားရတာ ….။

 

အဲ့ဒီနေ့တုန်းက အမဲလည်း မပေါ်ဘူး။

အမဲပေါ်ဖို့ကို ဝယ်မရခဲ့တာ။ အခြားရွာဘက် သွားတော့လည်း မရခဲ့ဘူးရယ်။

ဒါကြောင့် ကိုစာကြီး တစ်ယောက် သူမွေးထားတဲ့ သရဲတွေကို အစာ မကျွေးနိုင်ခဲ့ဘူးပေါ့ဗျာ …။

အဲ့ဒီနေ့ညက “အား” ဆိုတဲ့ အသံနက်ကြီးကို ကိုစာကြီးတို့ အိမ်နားက လူတွေ ကြားလိုက်ရတယ်။

မနက်ခင်းကျတော့ ကိုစာကြီး တစ်ယောက် ပျောက်နေလို့ လိုက်ရှာကြည့်ကြတော့ ….

သူ့အိမ် အနောက်က တောအုပ်လေးထဲမှာ ကိုစာကြီး ဇက်ကျိုးပြီး သေနေတာကို တွေ့ရတော့တာပဲ။

 

ရွာထဲက လူတွေကတော့ မှတ်ချက်ပြုကြတယ်။

ကိုစာကြီး မွေးထားတဲ့ သရဲတွေက အစာမကျွေးနိုင်လို့ ကုတ်ချိုးပြီး သတ်သွားတာ … တဲ့။

အခု ကျုပ်လည်း သူတို့ ပြောကြတဲ့ အတိုင်း ရေးလိုက်ပါတယ်။

ကိုစာကြီး တစ်ယောက် သူမွေးထားတဲ့ သရဲတွေက သူ့ကို ကုတ်ချိုးပြီး ပြန်သတ်သွားတယ်။

နောက်ဆုံးတော့ ကိုစာကြီး တစ်ယောက် ဂန့်သွားပါလေရောပေါ့ …. ဆိုတာနဲ့ပဲ ဇာတ်သိမ်းပါတယ်ဗျာ …..။

 

ဖတ်ရှုသွားကြသူ အပေါင်းကို ကျေးဇူးပါလို့ ……..။

++++++++++++++++++++++++++++++++++++++++++++

ပို့စ် တင်ချင်နေတာ …

ဘာရေးရမှန်း မသိဘူး ဖြစ်နေလို့ …။

အဲ့ဒါ ရွာက သရဲမွေးတယ် ဆိုတဲ့ အကြောင်းကို ရေးတင်လိုက်ခြင်း ဖြစ်ပါကြောင်း …။

++++++++++++++++++++++++++++++++++++++++++++

26 comments

  • mobile(သူကြီးသမက်)

    February 18, 2013 at 10:39 pm

    ကျုပ်လည်းမွေးဖူးတယ်ဗျို့….
    ကျုပ်မွေးဒါက သရဲမလေးတွေ သူဒို့ကိုကျွေးရတာက အမဲတော့မဟုက်ဗျ အခြားဟာရယ်….
    ကျုပ်လည်း သူတိုကို အစာ မကျွေးနိုင်လို့ ကိုစာကြီးလို ကုတ်မကျိုးရလေအောင်….
    နည်းလမ်းကောင်းလေးတွေတော့ မှီဝဲထားရပါ၏…….
    ိထိုနည်းလမ်းကို သိရှိလိုပါက မောင်မိုဘိုင်းသူကြီးသမက် ထံတွင်ဆက်သွယ် ရယူနိုင်ပါကြောင်းးးး
    မှတ်ချက်။ ။ အမျိုးသားများအတွက်သာ………

    • မဟာရာဇာ အံစာတုံး

      February 18, 2013 at 10:48 pm

      ကိုရင်ရယ် ….

      ကိုရင်မို့ သူကြီးသမက် ဘွဲ့ထူးတပ်တယ် …
      တကယ်ပဲ …
      ကျုပ်ဆို အိုက်ဒါဂျီး တပ်ဘူးးး … ဟဲဟဲ ….

      ဒါ့ထက် မေးရဘာအုံးမယ် …
      သရဲမလေး တွေဆိုတာ ..
      တရုတ် သရဲမလေးတွေလားဗျ …
      ဒါဆို မိုက်မှာ မဟုတ်ဘူး .. လက်ကြီး တန်းလို့ .. ခုန်ဆွခုန်ဆွ နဲ့ …
      ကောင်းဘာဘူးဗျာ … :mrgreen:

      • mobile(သူကြီးသမက်)

        February 18, 2013 at 11:02 pm

        ဘယ်ဂလာ လက်ကြီးတန်းလို့ တရုပ်သရဲမ ခုန်ဆွခုန်ဆွဖြစ်ရမှာလဲ…
        ကျုပ်မွေးထားတဲ့ သရဲမလေးတွေက ချောမှချောလှမှလှပါ…………
        ညညဆိုရင် မြို့ပြတွေရဲ့ လမ်းမတွေပေါ်မှာ အစာရှာကြလေရဲ့………….

        • ဂန္ဓာရီ ဆြာအုပ်

          February 19, 2013 at 1:39 am

          ဝုတ်လား
          အဲဒါကိုဗိုင်း သရဲမလေးတွေလား
          အဲဒါကြောင့် သူတို့ကပြောတာကိုး ကိုဗိုင်းနဲ့ညှိပါတဲ့
          ခွိခွိခွိ..

  • ရွာစားကျော် မင်းနန္ဓာ

    February 18, 2013 at 11:55 pm

    ကျုပ်လည်း မွေးဖူးတယ်ဗျ
    သရဲတော့ မဟုတ်ဘူး လူထီးလေး
    ရှင်မွေးလွန်းနဲ့ နှစ်ယောက်ပေါင်းပြီးတော့လေ (ကြုံကြွားလေး ကြိတ်လိုက်အုံးမှ)
    အခုလည်း နောက်ထပ် လူမလေး ထပ်မွေးတော့မယ်ဗျ.. ဟီ ဟိ

  • ဂန္ဓာရီ ဆြာအုပ်

    February 19, 2013 at 1:45 am

    ကိုစာကြီး.. အဲလေ အံစာတုံး
    – သရဲကဘာလို့ အမဲသားပဲစားရတာတုန်း ဝက်သားတို့ဘာတို့ မစားဘူးလား- ဧကန္တ မွတ် သရဲဖြစ်ရမယ်
    – သရဲကဘာလို့ ဂုတ်ပဲချိုးတာတုန်း တချားဟာ မချိူးတတ်ဘူးလား။။ အသေသတ်တော့ ငရဲကြီးတာပေါ့ အညွန့်တုန်းအောင် တခြားဟာ ချိုးပစ်လိုက်တယ မဟုတ်ဘူး

  • ကြည်ဆောင်း

    February 19, 2013 at 9:33 am

    သရဲမွေးတဲ့ ကိုစာကြီး
    သူ့ဘော်ဒါက ကိုမွှေးတုံး
    ရွာဦးကျောင်းဆရာတော် ဘွဲ့ကဆရာတော်ဦးအံများဖြစ်နေမလား……

  • ဦးကြောင်ကြီး

    February 19, 2013 at 10:41 am

    ကိုစာဂျီး
    ပိုနှာကြီး
    လိုတာသ္မီး
    ဆိုကာငြီး
    ပိုလာထီး
    ခိုပြာစီး
    ဟိုဘာဖြီး
    ချိုသာနီး..။

  • kai

    February 19, 2013 at 11:37 am

    သရဲ ဘယ်လို မွေးရမလဲ …..?
    ဒီမေးခွန်းအတွက် အလွယ်ဆုံး အဖြေကို ပြောရရင် “စပလင်” ပေါ့ဗျာ။ (စာလုံးပေါင်း မှန်လားတော့ မသိ)
    အဲ့ဒီ စပလင်ပင် ကို စိုက်၊ အညှီအဟောက်တွေ လောင်းပေး။
    ဒါဆို သရဲ လာကပ်တော့တာပဲ။
    ( သဂျီး အပါအဝင် မယုံကြတဲ့လူတွေ စမ်းကြည့်နိုင်ပါတယ် … ဟဲ … ဟဲ ….)

    တောက်စ်.. (ခရက်ဒစ်တူ.. ဂဂ.. ဂီဂီ.. တဦးဦး..)
    မြန်မာပြည်ကွာ…
    ဘာသယံဇာတမှမထုတ်.. ဘာအလုပ်မှမလုပ်ပဲ.. ထိုင်စားလို့ရတဲ့.. သရဲမွေးနည်းဗျူဟာကြီးရှိရဲ့သားနဲ့.. ဆင်းရဲရတယ်လို့ကွာ…

    တောက်စ်..တောက်စ်..တောက်စ်…။ :buu:

    • Wow

      February 19, 2013 at 12:15 pm

      တရဲမွေးပီး.. အိတ်စ်စပို့ပို့ ရောင်းစားပစ်မယ်… မီလျှံဘစ်ဇနက် :harr:

      • kai

        February 19, 2013 at 3:40 pm

        ဟုတ်တယ်နော..
        အင်မတန်ခက်ခဲတဲ့.. “စပလင်ပင် ကို စိုက်၊ အညှီအဟောက်တွေ လောင်းပေး။ ” မဟာနည်းလမ်းကြီးကို.. လျှို့ဝှက်ထားရမယ်..

        အဲဒီနည်းလမ်း.. ခပ်သွက်သွက်ကလေး.. patent တင်လိုက်ပြီး မူပိုင်လုပ်လိုက်ရကောင်းမလား..
        အဲဒီနည်းရောင်းစားတာနဲ့တင်.. ဒေါ်လှဘီလီယံရမှာ…
        ကွိ.. :kwi:

        • အဲ့ဒီနည်းအတွက် …
          နိုဗယ်လ်ဆုများ ရဂဲ့တီရှိသော် …
          ကျုပ်ကိုလည်း မေ့နဲ့အုံးနော့ …
          ဟဲ .. ဟဲ ..
          :kwi:

  • awra-cho

    February 19, 2013 at 12:18 pm

    ဂလိုလား အိမ်ဘေးက စပလင် ပင်လေး နှုတ်ပစ်ရမလား အညှီတွေလောင်းရမလား ပဲ၊ သရဲမ လေးဆိုလည်း ချောချောလေး လုပ်ခြောက်ခိုင်းမှ

  • မောင်ပေ

    February 19, 2013 at 12:51 pm

    သဂျီး ကို မြှောက်ပေးနေတယ်
    ဒါပေသည့် အဲ့လူကြီး က တစ်ကယ်မလုပ်ရဲပါဘူးကွာ
    ဟေ့… အူးကိုင် ခင်ဗျားကြီး တစ်ကယ်လုပ်ရဲရင် ၊ မူဗွီမှတ်တမ်းတင်ပြီး ယူကျု ့မှာ တင်….
    ဟဲဟဲ
    ညီငယ်အံဆာ ရဲ ့ပို ့စ်ထဲက
    သရဲမွေးတယ်ဆိုတာနဲ ့ပတ်သက်ပြီးကတော့ ယုံပါတယ်
    အရင်တုန်းက မန်းတလေးမှာ နာမည်ကြီး ဘုန်းကြီးတစ်ပါး ရှိတယ်
    အဲဒါနဲ ့ပတ်သက်ပြီး ကြားခဲ့ဖူးပါတယ်
    ဘာလဲဆိုတော့ ၊ သူ ့ဆီလာတဲ့ ဒကာ/မ တွေ ကို သူ အစွမ်းရှိကြောင်း ပြဖို ့ခိုင်းတယ် ဆိုပဲ
    သူလဲ နောက်ပိုင်း ပျံလွန်သွားပါတယ်

  • kyeemite

    February 19, 2013 at 1:09 pm

    သရဲအကြောင်းဆိုတော့ ကြောက်လို့ဖတ်မသွားဘူးဗျို့…
    အဲဒါလေးဝင်ပြောသွားဒါ.. :kwi:

  • ခင်ခ

    February 19, 2013 at 1:48 pm

    ( ကိုစာကြီး တစ်ယောက် သူမွေးထားတဲ့ သရဲတွေက သူ့ကို ကုတ်ချိုးပြီး ပြန်သတ်သွားတယ်။ )
    သရဲကသတ်ရင် ဘာလို့ကုတ်ဘဲချိုးတာလဲဟင် ! အခြားနေရာကော မချိုးဘူးလား !
    အနော်မသိလို့ မေးကြည့်တာပါနော် ? ။

  • Traditional

    February 19, 2013 at 2:04 pm

    အမလေး သရဲ…. ပြေးပြေးပြေး……မြန်မြန်ပြေး

    ဘာလဲဟ…လုပ်မနေနဲ့ ဒီစာဖတ်တဲ့လူ ကိုပြောနေတာ…

  • mamanoyar

    February 19, 2013 at 2:38 pm

    ဝူးးးးးးးးးးးးးးး ဖတ်လို့ကကောင်းကောင်းဆိုတော့ ကြောက်ကြောက်နဲ့
    ဖတ်လိုက်ရတယ် သရဲဆိုမှတော့ စာတောင်မဖတ်ရဲလောက်အောင်
    ကြောက်တဲ့သူကိုးးးးးးးးးးးး

  • ကျုပ်ပို့စ်လေးကို …
    ဝင်ရောက် အားပေးသွားသူတွေ အားလုံးကို
    ကျေးဇူး တင်ပါတဲ့ အကြောင်း …
    ရွှင်လန်း ချမ်းမြေ့ပါစေကြောင်း …

    ချစ်ခြင်းများနဲ့ …
    မောင်အံစာ

  • Mr. MarGa

    February 19, 2013 at 8:07 pm

    သရဲတွေများ ကြောက်နေကြသေးတယ်
    ဦးမာဃ တစ်ခွန်းခေါ်ရုံပဲ ရှိတယ်
    မလုပ်ချင်လို့ ငြိမ်နေတာ
    သရဲ ဘိုးအေတောင် ခေါ်ခိုင်းလို့ ရတယ်
    (ဟဲ့ ငအံစာ လာစမ်း………….)
    ငွင်းငွင်း :mrgreen:

  • surmi

    February 19, 2013 at 10:02 pm

    ကြုံလို ့မေးလိုက်ဦးမယ်
    ရေပြာအိုင်မှဇတ်လမ်းများ ကိုရေးတဲ ့စာရေးဆရာမကြီးနဲ ့ ဘာတော်လဲဟင် ….
    ဆိုတော ့ ……. တကယ်ဟုတ်မဟုတ်တော ့မသိ
    အကျိုးမများတာတော ့သေချာတယ်
    ဒါပေမဲ ့ … အဲ့ လိုမွေးတဲ ့သူတွေ တွေ ့ဖူးတယ်
    ပဲခူးအကြောင်းရေးတဲ ့ ပို ့စ်မှာ ဘဲ ရေးတော ့မယ် …

    • မဟာရာဇာ အံစာတုံး

      February 20, 2013 at 12:02 am

      ဘိုးဘိုးဆာ …

      ရေပြာအိုင်မှ ဇာတ်လမ်းများ ရေးတဲ့ စာရေးဆရာမကြီးနဲ့
      ဘာမှ တော်ဘာဘူးဂျာ ….
      ကျုပ်လည်း ပျင်းပျင်းရှိတာနဲ့ပဲ ခုလို ပေါ့ပေါ့ပါးပါး ဟာလေးတွေ
      စမ်းရေးကြည့်တာပါ ….
      ခညား ပဲခူး အကြောင်းလည်း ညန်ညန်တင်ဂျာ ….
      ဖတ်ချင်လှဘီ ….

      ++++++++++++++++++++

      သဂျား ….

      အောင်မာကွာ ….
      နာ့ကိုများ သရဲဘိုးအေ တဲ့ …
      ဒီသဂျားတော့ နာချင်ပီ ထင်တယ် …
      နာသာ သရဲဘိုးအေ ဆိုလို့ကတော့ ဘာမှ လုပ်မနေဘူး …
      နင့်ကို အရင်ဆုံး လာပြီး ဂုတ်ချိုး ပလိုက်မယ် .. ဘာမှတ်နေလဲ .. ငွင်းး ငွင်းး
      :mrgreen:

  • P chogyi

    February 20, 2013 at 10:56 am

    ဦးအံစာက ဂုတ်ချိုးမှာ မကြောက်ဖူးတဲ့
    သူကလေးဒေါင့်အတုံးကြီးဆိုတော့ ဂုတ်မရှိဘူးလေ။

  • Shwe Ei

    February 20, 2013 at 4:23 pm

    ညီးလဲ သရဲမွေးဘာလား မဟာဘာဂျာ။ သဘောကျတဲ့ကောင်မလေးကို
    သရဲလွှတ်ပြီးခြောက်ခိုင်း…..
    ဟိုကကြောက်နေတဲ့အချိန်မှ ကိုကိုအံ ရှိတယ်
    ငွင်းငွင်း ဆိုပြီး ကယ်တင်ရှင်လုပ်ပေါ့အေ :mrgreen:
    နှစ်ယောက်လုံး ဂုတ်ချိုးသွားရင်တော့ နာမပါဝူးဟေ့။ လစ်ဘီ :kwi:

    • မမကြည်ရဲ့ ကွန်မန့်ကို
      အတော်လေး သဘောကျမိတယ် ..
      ချယ်ဘဲဟ ..
      ဒါကြောင့် BS ရွေးထည့်လိုက်ဒယ် .. ဒါဗျဲ ..

  • magic ladylay

    February 20, 2013 at 5:30 pm

    ကိုကိုအံ့ မီး သရဲကြောက်တယ်….
    မလာနဲ့ မလာနဲ့ မီးတစ်ယောက်တည်း
    နေရဲတယ်….

Leave a Reply