ပြောမိပါတယ် … “ချစ်တယ်” …။
++++++++++++++++++++++++++++++++++++
++++++++++++++++++++++++++++++++++++
Screen မှောင်နေတဲ့ ဖုန်းကလေးကို
ခလုတ်လေး နှိပ်လို့ ဖွင့်လိုက်တဲ့အခါ
သူမ ကို တွေ့ရတယ် …
ဒီအခါ ခပ်ပြုံးပြုံးနဲ့ ပြောမိပါတယ် … “ချစ်တယ်” …။
သုံးနေကြ လက်ပ်တော့လေးကို ဖွင့်
ပါဝါ ဘက်တန် လေးကို နှိပ်
Login ဝင်လိုက်တော့ Desktop ကို ရောက်သွားတယ်
(သုံးနေတာ Windows 8 မဟုတ်ပါ)
ဒီအခါ သူမ ပုံများနဲ့ ခြယ်သထားတဲ့
Wallpaper လေးကို တွေ့ရတယ် …
ဒီလို အခါမျိုးမှာလည်း ပြောမိပါတယ် … “ချစ်တယ်” …။
အွန်လိုင်းပေါ် တက်
ဟိုစပ်စပ် ဒီစပ်စပ် လိုက်စပ်စုရင်းနဲ့
သူမ နာမည်လေးကို တွေ့လိုက်မိတယ် …
ဒီအခါမျိုးမှာလည်း ပြောမိပါတယ် … “ချစ်တယ်” …။
မက်ဆေ့ချ် များကို ပြန်ဖတ်ကြည့်မိတာ
တစ်နေ့မှာ အခါတစ်ရာ
ပျော်လည်း ပျော်စရာ
ပြုံးလည်း ပြုံးမိပြန်သေးသဗျာ …
ဟုတ်ဗျာ …
သူမရဲ့ မက်ဆေ့ချ်လေးတွေက
ရင်ကို ကြည်နူးစေတာ အမှန်ပါ …
ဒီလို အခါမျိုးမှာ ပြောမိပါတယ် … “ချစ်တယ်” …။
Ringtone သီချင်းသံလေး ထွက်လာတယ် …
ကြည့်လိုက်မိတော့ သူမရဲ့ နာမည်
သိပ်ပျော်မိသွားတယ် …
သူမရဲ့ အသံသာလေး ပေါ်ထွက်လာတယ်
နားထဲက တစ်ဆင့်
ရင်ထဲထိ ရောက်သွားတယ် …
တကယ် … တကယ် …
ဒီအခါမှာလည်း ပြောမိပါတယ် … “ချစ်တယ်” …။
သန်းခေါင်ယံ ညဉ့်နက်
အတွေးများက ပြည့်နှက်
သူမ အကြောင်းများ တွေးလျက်
ဆေးစက် ကျရာ အရုပ်ထင်သလို
ဆက်နေတဲ့ အတွေးများမှာလည်း
သူမ အရုပ်များ ထင်ဟပ်နေဆဲ ….
ဒီလို အချိန်မျိုးမှာလည်း
ခဏခဏပဲ ပြောမိပါတယ် … “ချစ်တယ်” …။
တတွက်တွက် ပြောနေတဲ့
နှုတ်ခမ်းများ ….
တည်လိုက်၊ ရီလိုက် ဖြစ်နေတဲ့
သူမရဲ့ မျက်နှာပေးလေးများ …
ဒါတွေက ဖမ်းစားလို့ ထား …
ရင်ခုန်ခြင်းများနဲ့ သူမရဲ့ အနား …
တစ်ခါတစ်ခါ ငေးမောလို့ ကြည့်နေမိသား …
ဖျတ်ခနဲ သူမက ပြန်အကြည့်
ဒိန်းခနဲ ရင်ကို လာထိ
မသိသလို မဟုတ်သလို
စကားတွေကို ဆိုရင်းနဲ့ …
ငိုချင်ရက် လက်တို့ဆိုသလို
ချစ်ပါလျက် ကန့်သတ်ထားတဲ့ ဒီစည်း
ညည်းချင်း ထုတ်မိပေမယ့် …
ရင်ထဲမှာတော့ ပျော်နေလျက် …
အပြင်ကို မထွက်ပေမယ့် …
ရင်ထဲမှာတော့ အော်လျက် ပြောနေမိတယ် … “ချစ်တယ်” …။
++++++++++++++++++++++++++++++++++++
By – မဟာရာဇာ အံစာတုံး
++++++++++++++++++++++++++++++++++++
ဘာရယ် မဟုတ်ပါဘူးဗျာ ….။
သယ်ရင်း တစ်ယောက်က သူ့ဖီလ်လင်တွေကို ကဗျာစပ်ပေးပါ ဆိုလို့ …
ကျုပ်လည်း ခုလို စပ်ထည့်လိုက်တာ ….။
စပ်ပြီးတော့လည်း အငြိမ် မနေနိုင်ပြန်ဘူး …..။
ပို့စ်အဖြစ် တင်ချင်ပြန်ရော ….။ ဒါနဲ့ပဲ ခုလို တင်ပလိုက်တယ်ဗျာ ….။
အောင်မာ … ဒီငနာ က ကျုပ် ခုလို စပ်ပေးထားတာတောင် ကျေးဇူး မတင်တဲ့အပြင်
မင်း .. ကဗျာကလည်းကွာ .. မော်ဒန် မဆန်လိုက်တာ … ကြောင်တောင်တောင်ကြီးကွာ … တဲ့ ….။
ခညားဒို့ကတော့ … သူ့လို ပေါဂျနဲ့နော် … အဟီးးး
အဲ့လို ပေါလို့ဂဒေါ့ ခေါ်ဒေါ့ဝူးးး ဒါဗျဲ ….. ဟဲဟဲ ….
++++++++++++++++++++++++++++++++++++
29 comments
ကြည်ဆောင်း
February 20, 2013 at 8:56 am
ဂဇက်မှာတော့ချစ်တယ်….လွမ်းတယ်…. လာလာအော်နေတာဘဲ
သက်ဆိုင်တဲ့သူ သိအောင်ရောပြောရဲ့လား ….
ပုဆိုးခြုံထဲက လက်သီးပုန်းပြ မနေပဲနဲ့ ပြောပြစ်လိုက်စမ်းပါ….
:harr:
မဟာရာဇာ အံစာတုံး
February 20, 2013 at 4:08 pm
ပထမဆုံး အားပေးသွားတဲ့ ကြည်ဆောင်းကို
ရှဲရှဲ သန်းကျူးဘာနော့ ..
ဒါနဲ့ …
ကျုပ်ကို အထင်တော် မစမောလိုက်ဘာနဲ့ ..
ပုဆိုးခြုံထဲက လက်သီးပုန်းပြတယ်များ မှတ်နေလားခည …
ခညား အဗေတာ ထဲကလို
လက်သီးဆုပ်ပြတတ်ဒဲ့ လူဘာ .. ဟဲဟဲ ..
ခိုင်ဇာ
February 20, 2013 at 9:25 am
တူတူပဲ။
တူတူပဲ။
ပြောမိနေတဲ့ စကားကို ပြောတာ။
ညည်းလည်း သူများက ရေးခိုင်းတယ် ရေးခိုင်းတယ်နဲ့ ကာယကံရှင်ကလွဲရင် တစ်ရွာလုံးသိအောင်ပဲ ပြောတတ်သလား။
ဆရာမ သိက္ခာကျသအေ။
:harr:
မဟာရာဇာ အံစာတုံး
February 20, 2013 at 4:18 pm
ကာယကံရှင်ကို …
ဂလိုတွေ သွားပြောရင် …
ကျုပ်ကို လှောင်ရီ ရီနေမှာပေါ့ …
ချာမဂလည်း .. ကျုပ်ကို သင်ပေးမယ် သင်ပေးမယ်နဲ့
ဘာမှလည်း သင်ပေးဒေးဝူးးး
ငတုံး ဆိုဒါဂျီးဘဲ သင်ပေးဒေးဒယ် ..
ခိုင်ဇာ
February 20, 2013 at 4:21 pm
အဲဂလာတော့ နိ က ဘာဒွေ မေးမှန်းမှ မသိပဲ။
ကောင်မလေးမပြောနဲ့ နာ ကို စိတ်မရှည်ဘူးရယ်။
မြန်းဂလိကိုလည်း မဖတ်တတ်ပဲ နာ က ဘာကိုသင်ရမတုန်း။
ဒီ အံစာတုံးနဲ့တော့ ခက်နေပြန်ပါဘီ။
ပြောထားတဲ့ ဟာလေးတွေ အရင် အကောင်အထည်ဖော်လေ။
နာ့ နာမည်ပျက်ပါပြီ ထင်ပါဒယ်အေ။
ရွှေတိုက်စိုး
February 20, 2013 at 9:35 am
ညှစ်မိတွားဘီ ခလေးရယ်………. ခစ်ခစ်ခစ်..
ကဗျာက တော့ မိုက်တယ်… မမိုက်တာက လူ.. ဘယ်နှယ့်ဗျာ ဒီအသက်အရွယ်ရောက်နေပီ သူများ အငှားခံစား ကဗျာရေးရတယ်လို. အံ့ပါရဲ.အေ အံချာဒုံးရယ်
မဟာရာဇာ အံစာတုံး
February 20, 2013 at 4:31 pm
ဟဲ့ .. ဟဲ့ ..
အငှားခံစားရေးတော့ရော ဘာဖြစ်တုန်း ..
အောင်မယ် .. ကဗျာက မိုက်တယ် .. ဘာညာ ပြောပြီး ..
မမိုက်တာက လူ..
ဒါ … ငါ့ကို ဆော်တွားဒါဘဲ .. တေမယ် ကတိုက် ..
Traditional
February 20, 2013 at 9:39 am
ဒီကဗျာလေးပို့ပေးမယ်
သို့
စိုင်းစိုင်းခမ်းလှိုင်
မှ
ဓနုမလေး
ဦးကြောင်ကြီး
February 20, 2013 at 9:49 am
ဓနုမလေး
ဂလုတငေး
ယုယထွေး
ကုသပေး
ခုနမေး
ဆုရမနှေး
အုဖြသွေး
နုရွဖွေး..။
ခိုင်ဇာ
February 20, 2013 at 9:54 am
မပေးနဲ့တော့ ညလေး။
မမ ဒီကဗျာ သူ့ကို ပေးပြီးသွားဘီ။
:kwi:
Traditional
February 20, 2013 at 10:12 am
မူပိုင်ရှင်မကြီး မမခိုင်
စိုင်းလူပျိုကြီးလုပ်ရင် ညလေးလည်းအပျိုကြီးလုပ်မယ်
ဂယ်ပြောတာ
ခိုင်ဇာ
February 20, 2013 at 10:22 am
အဲဂလာဆို ရင်တော့ အပျိုကြီးဖြစ်ဖို့သာ ပြင်တော့ဗျား။
ဒဂယ်ပြောတာ။
အချစ်ရေးကို စိတ်ကုန်သတဲ့။
ဘယ်အချိန်ထိလည်းတော့မသိ။ :kwi:
မဟာရာဇာ အံစာတုံး
February 20, 2013 at 4:34 pm
ကွန်မန့်များနဲ့ အားပေးသွားကြတဲ့ ..
ထရက်ဒီ နဲ့ ဒက်ဒီကြောင် တို့ကို
ကျေးဇူးပါ ခညာ …
ခင်ခ
February 20, 2013 at 9:55 am
ကိုအံစာတုံး တစ်ယောက်လည်း
ချစ်တတ် ခံစားတတ် ပေတာကိုး။
အင်း ဒါဆို အသဲနှလုံး ရှိတယ်ပေါ့။
မဟာရာဇာ အံစာတုံး
February 20, 2013 at 4:37 pm
ကျုပ် ဟုတ်ဘာဘူး ..
ကျုပ် ဘော်ဘော်တွက် ရေးထားတာပါဂျ .. အဟီး ..
ခုလိုု အားပေးသွားတာ ကျေးဇူးပါ ဦးခင်ခကြီး ..
Mr. MarGa
February 20, 2013 at 10:10 am
အမောင်အံကတော့
အငှား ခံစားလိုက်
ကိုယ်တိုင် ခံစားလိုက်နဲ့
ထွက်လာလိုက်တဲ့ကဗျာတွေ
ပလူကို ပျံလို့
နောက်ပိုင်းကျရင်
ကဗျာဘယ်နှပုဒ်လောက်ထွက်လဲဆိုတာ စာရင်းလုပ်ကြည့်ပါလားဟင်
ဗုံဗုံ
February 20, 2013 at 10:30 am
ဟယ် အဲ့လိုမပြောပါနဲ့ အူးမာဃရယ် သူ့ခမျာ တောမထွက်ခင် ပြောရရှာတာ သဂျားအမိုက်မဲလေးကို ခွေးလွှတ်လိုက်ပါ အံချာတုံးရယ်
မဟာရာဇာ အံစာတုံး
February 20, 2013 at 4:42 pm
ဟုတ်တယ် ..
အဲ့ဒီ သဂျား ကို ပြောထည့်လိုက်ပါ မိဗုံရယ် ..
ဒီသဂျား အားအားရှိ နာ့ကို ဆော်မယ်ဆိုတာဂျီးဘဲ …
မိဗုံ နင်လည်း တူတူဘဲ ..
နှီယောက်စလုံး သတိထား ..
နွယ်ပင်
February 20, 2013 at 11:15 am
သူများခံစားချက်ဆိုတော့ အငှားခံစားချက်ပေါ့နော် …
ဒါပင်မယ့် အငှားခံစားချက် အငှားခံစားချက်နဲ့ ကိုယ့်အစစ်အမှန် ခံစားချက်ဖြစ်နေတာတောင် မသိလိုက်ဘဲ နေဦးမယ်နော် ….
မဟာရာဇာ အံစာတုံး
February 20, 2013 at 4:46 pm
ဒဂယ်ဘာဗျ …
သယ်ရင်းတစ်ယောက်ရဲ့ ဖီလ်လင်တွေပါ ..
တစ်ခါတစ်ခါ လိမ်စရာမရှိ
ကိုယ့်ပေါင်တောင် ပြန်ပြီး လိမ်တတ်ပါ့ (ဘူလဲတော့ သိဝူးး) …
လုံမလေးမွန်မွန်
February 20, 2013 at 2:29 pm
ပြောရရင် မဟာရာဇာရဲ့ သူငယ်ချင်းနဲ့ အမွန်နဲ့ တူတာ နှစ်ခုရှိတယ်..
Screen မှောင်နေတဲ့ ဖုန်းကလေးကို
ခလုတ်လေး နှိပ်လို့ ဖွင့်လိုက်တဲ့အခါ
သူ့ ကို တွေ့ရတယ် … (ဝိုင်ဝိုင်း)
ဒီအခါ ခပ်ပြုံးပြုံးနဲ့ ပြောမိပါတယ် … “ချစ်တယ်” …
ရုံးရောက်လို့ ကွန်ပျူတာလေးကို ဖွင့်
ပါဝါ ဘက်တန် လေးကို နှိပ်
Login ဝင်လိုက်တော့ Desktop ကို ရောက်သွားတယ်
(သုံးနေတာ Windows 8 မဟုတ်ပါ)
ဒီအခါ သူ့ပုံနဲ့ ခြယ်သထားတဲ့
Wallpaper လေးကို တွေ့ရတယ် … (ဘေယောင်ဂျွန်း)
ဒီလို အခါမျိုးမှာလည်း ပြောမိပါတယ် … “ချစ်တယ်” …။
နောက်ပြီးတော့ အတည်မန့်တာနော်.. တကယ်..တကယ်..
မဟာရာဇာ အံစာတုံး
February 20, 2013 at 4:53 pm
အဟမ်းးး ဟမ်းး
ကျုပ် တယ်ရင်းနဲ့ ..
အိုက်နှစ်ခု တူဒယ်ပေါ့ ..
ဒါမယ့် .. မတူဒါက ..
ဟိုက တစ်ယောက်တည်းကို ပြောဒါ ..
ယူက နှီယောက်တောင် ..
ရဲစည်
February 20, 2013 at 3:38 pm
ကိုယင်အန်ဈာဒုန်း ….
လွှတ်ကောင်းသဗျာ … ကျုပ်ခင်ညား ကဗျာကို မကြီးစန်းဆီ ပို့လိုက်ပီ .
သူက ” လော်ကူဇော်တဂိုးလေး ချော်ကစ်တာများ အစောကြီးထဲက ဖွင့်မပြောဘူးတဲ့ …ဘော်ကယ်အချော်ကိန်ထဲက ကြော်ကိတ်ပီး ခေါ်ကံဆော်ကား နေလဲမသိဘူးတဲ့ …။ အံအံ အတွက်ဆို အမြဲဖွင့်ထားပါတယ်တဲ့ :harr: အချစ်တံဂါး …
မဟာရာဇာ အံစာတုံး
February 20, 2013 at 5:03 pm
မရဘူး ကိုယင်ရဲစီး …
ကျုပ်ဆိုတဲ့ ကိုယင်အံ ကလေ ..
ဗူးဆို ဖရုံ တီးတဲ့ကောင် မဟုတ်မှန်း
ခညား မသိလေရော့သလားဗျာ …
သူ တံခါးဘဲ ဖွင့်ဖွင့်၊ ဘာပဲ ဖွင့်ဖွင့် ..
ကျုပ်ကတော့ သွားဝူးးး
ကျုပ်အစား ကိုယင်ရဲစီး ပဲ သွားပလိုက် …
magic ladylay
February 20, 2013 at 4:29 pm
Tradational ရေ
သမီး ကိုလည်း တူတူ ပို့ပေးပါနော်…
ဘဝတူတွေ မို့ လို့ပါ……..ပာိပာိ..
ကဗျာလေးကို လည်း အရမ်းကြိုက်ပါတယ်….
မဟာရာဇာ အံစာတုံး
February 20, 2013 at 5:06 pm
အားပေးသွားတဲ့ ..
မက်ဂျစ် လေဒီလေး ကိုလည်း ..
ရှဲရှဲပါနော့ ..
မောင် ပေ
February 20, 2013 at 7:54 pm
ရွာထဲခဏလောက် ဝင်မိပါတယ်
အပျိုတွေက
ဝိုင်းပြောကြတာ
ပေ့ကို ချစ်တယ်
အလင်းဆက်
February 20, 2013 at 8:44 pm
ဂျင်းဘောင်းဘီဝတ်ကဗျာတွေ..ခေတ်စားခဲ့ဖူးတယ်နော် ။
တစ်ချိန်က…
အင်္ဂလိပ် စကားလုံ့း လေးတွေ.. ညှပ် ထည့်ရေးထားတဲ ့ ကဗျာလေးတွေပေါ့ ။
အခုကဗျာလေးကလည်း…
ဂျင်းဘောင်းဘီ ဝတ်ထားတယ် ။
အံမယ်..ဆံပင်နီလေးတောင် ဆိုးထားသေးတယ် ။
🙂
MaMa
February 20, 2013 at 9:46 pm
အော်….
တို့ သူငယ်အံရဲ့ ရင်တွင်းဖြစ်များလား၊
စားရတော့မှာလားလို့ ဝင်ကြည့်မိပါတယ်။
ရှဲဒိုးဖီလင်ဖြစ်နေပါပေါ့လား။ :harr: