“တစ်နှစ်တိတိစောင့်ခဲ့မိပါသည်……..သို့သော်”
“တစ်နှစ်တိတိစောင့်ခဲ့မိပါသည်……..သို့သော်”
ကျနော်သူမကို တွေ့ရဘို့
ရက်နဲ့တွက်ရင် ၃၆၅
နာရီနဲ့ဆိုရင် X ၆၀
မိနစ်နဲ့ဆိုရင် ဆပွား
စက္ကန့်နဲ့ပြန်တွက်ရင် အများ အများကြီးပေါ့။
မနှစ်ကဒီရာသီ
ခရီးသွားရင်းနဲ့
ခပ်လှမ်းလှမ်း လမ်းဘေးတစ်နေရာမှာ
ပန်းလေးတွေဝေနေတဲ့သူမကို
အဝေးကအမှတ်မထင်
လှမ်းမြင်မိတာကအစ
နေ့စဉ်နဲ့အမျှ သတိရလို့နေမိသပေါ့ဗျာ။
အဲဒီနားကိုရောက်တိုင်းသူနဲ့များ
ပြန်ဆုံအုံးမလားလို့
မျှော်လင့်ချက်တွေနဲ့ငေးအကြည့်
ဘေးကပါလာတဲ့အကြောင်းသိနေသူက
“သူက တစ်နှစ်မှတစ်ခေါက်ဘဲ ရောက်တာဗျ”လို့
ဆိုအလာ ရှက်ရှက်နဲ့ရီနေလိုက်ရပါတယ်။
စက္ကန့်များ မိနစ်များ
နာရီများရက်များ ဆိုတာ တားလို့လဲမရ
သူ့ဘာသူ အလိုလိုသွားနေတာကိုးဗျ။
တစ်နှစ်ဆိုတဲ့ကာလအတိ
ပြည့်ပြိဆိုတာနဲ့
သူမနဲ့ဆုံဘူးတဲ့နေရာကို
ကျနော်အရောက်……………………………..
မနှစ်ကနဲ့မတူ ပျိုမျစ်ခြင်းကင်း
အိုမင်းနေတဲ့သူ့အဆင်း
မြင်မြင်ခြင်းဘဲ ကျနော့်မှာ
ဘာလွမ်းလို့လွမ်း ရမှန်းမသိ
ဖြစ်မိပါတော့တယ်။
မနှစ်တုံးက ဒီအချိန်ပေါ်တော်မူဘုရားကနေအပြန်လမ်းပေါ်မှာ
ပလိပ်မြို့မရောက်ခင် လမ်းအရှေ့ဘက်မှာ အရွက်တစ်ရွက်မှမရှိဘဲ
အပွင့်တွေ့ချည်းဘဲရှိနေတဲ့ပေါက်ပန်းပင်လေးကိုလှမ်းတွေ့လိုက်ရပါတယ်။
ကျနော်က ဆင်းပြီးဓါတ်ပုံရိုက်ချင်ပေမယ့် ့
ပါလာတဲ့အဖော်တွေက ကားရပ်ဘို့သဘောမတူကြပါဘူး။
ဒီအပင်လေးက လမ်းမကနေ အတော်လေးလှမ်းပါတယ်။
လမ်းဆင်းလျောက်မယ်ဆိုရင်အတော်လေးသွားရမှာပါ။
နေကလဲမွန်းတည့်နေဆိုတော့ အတော်လေးပူတဲ့အပြင်ဒီနားမှာ နားခိုစရာ အရိပ်ရတဲ့အပင်လဲတစ်ပင်မှ မရှိတော့
ဘယ်သူမှကားရပ်ပြီး မစောင့်ချင်ကြပါဘူး။
ထမင်းလဲမစားရသေးတာလဲပါပါတယ်။
ဒါနဲ့ဘဲအဝေးကလှမ်းငေးပြီးပြန်လာခဲ့ရပါတယ်။
ဖြစ်ချင်တော့ နောက်ရက်မှာ မန်းလေးနဲ့အလှမ်းဝေးတဲ့နေရာကိုခရီးထွက်ရတော့
ဒီအပင်နားကိုထပ်မရောက်ဖြစ်။
နောက်တစ်နှစ် ပေါက်ပန်းပွင့်ရင် သွားဖြစ်အောင်သွားမယ်လို့စိတ်ဆုံဖြတ်ထားလိုက်ပါတယ်။
ဒါနဲ့ဘဲ ပေါက်ပန်းပွင့်တဲ့ရာသီရောက်တော့ အဲဒီအပင်လေးရှိရာကိုအပြေးအလွားသွားခဲ့ပါတယ်။
ဒါပေမယ့်အရောက်နောက်ကျခဲ့ပါတယ်။
မနှစ်က ကုန်းခေါင်ခေါင်မှာ တစ်ပင်လုံးအပွင့်တွေဝေနေတဲ့အပင်လေးနံဘေးမှာ
ဧကတစ်ရာ စိုက်ခင်းလေးလုပ်ထားတော့ သင်္ဘောပင်တွေကပါတ်လည်ဝိုင်း။
မြေပြင်မှာလဲ ကြွေထားလိုက်တဲ့အပွင့်တွေကအများကြီး။
နောက်မနှစ်ကလိုအပွင့်တွေချည်းဝေမနေဘဲ အရွက်တွေက ကျိုးတို့ကျဲတဲ၊
လွမ်းဘဲလွမ်းမိပါတော့တယ်ဗျာ။
ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး
22-2-2013
26 comments
ဗုံဗုံ
February 24, 2013 at 10:00 am
စိတ်မကောင်းဖြစ်ပြီး လွမ်းမနေပါနဲ့ ဖေပေါက်ကြီးရယ် အခုလည်းလှပါတယ် ပေါက်ပွင့်က တော်တော်လှတာဘဲ ငယ်ငယ်တုန်းကဆို ပေါက်ပန်းပွင့်ရင် ပန်းတွေကုံးပြီး ခေါင်းမှာပန်ပြီးတော့ အရူးမလုပ်တမ်းကစားကြတာပျော်စရာကောင်းတယ် ဖေပေါက်ရော အဲ့လိုမျိုးဆော့ဖူးလား ငယ်ငယ်တုန်းက ပြောတာပါ
ကိုပေါက်(မန္တလေး)
February 24, 2013 at 12:36 pm
ကျနော်ကတော့ ဒီပေါက်ပန်းပွင့်လေးတွေကိုသဘောကျတယ်။
မဟာရာဇာ အံစာတုံး
February 24, 2013 at 10:13 am
စောင့်ရကျိုး နပ်ခဲ့ဘူးပေါ့နော် …
ဟဲ … ဟဲ … ဒါလေး ဖတ်ပီး ..
ဖေပေါက်ဂျီး တို့များ ငယ်ငယ်က
ရီးဇားစာ နဲ့ အလွမ်းဖွဲ့ တွေ ရေးတဲ့နေရာမှာ
ချရာကျခဲ့မယ် ထင်မိတွားဘာဒယ် …
ကိုပေါက်(မန္တလေး)
February 24, 2013 at 12:37 pm
လက်ဘက်ရည်တိုက်ပြီး ရဲဇားစာအ ရေးခိုင်းတာ ခံရတယ်လေ
ဦးကြောင်ကြီး
February 24, 2013 at 11:46 am
အသစ်စောင့်
မနှစ်ထောင့်
ကလစ်ဖြောင့်
ပုရစ်ကြောင့်..။
ကိုပေါက်(မန္တလေး)
February 24, 2013 at 12:58 pm
ပုရစ် က ကမ်းကြီးကိုမောင်ပေပို့ပေးတာ
ကလစ်ဆိုတာက မန်းလေးမှာမောင်ပေစီးတဲ့ဆိုင်ကယ်
မနှစ်ဆိုတာ ကျုပ်တို့လမ်းဒေါင့်ကအကြော်သည်
အသစ်ဆိုတာကတော့ မာမီ တွေ ပါစပ်က မချတဲ့ စကားလုံး
ကဲ မောင်မောင်ကြောင် ဘာပြောမတုံး
ကိုပေါက်(မန္တလေး)
February 24, 2013 at 10:21 pm
ဦးမာဃ နေကြာပန်းခင်းကိုကျောင်းက မော်ဒယ်တွေနဲ့ရိုက်ရအောင်ချိန်းလိုက်ပါလား
•*¨နန်းတော်ရာသူ •*¨
February 24, 2013 at 1:14 pm
Wowwww အံ့မခန်းအလှပါတကားးးးးးးးးးးးးး 🙂
ကိုပေါက်(မန္တလေး)
February 24, 2013 at 4:26 pm
ဒီပေါက်ပန်းပင်ကို ရိုက်ချင်တာ တစ်နှစ်စောင့်ရတယ်။
တကယ်လဲစောင့်ရကျိုးနပ်ပါတယ်.။
အမုန်းရို်က်လိုက်ရတာဗျာ။
Mr. MarGa
February 24, 2013 at 5:05 pm
တို့ လေးပေါက်ကတော့လေ
အချစ် အတော် ကြီးတာကိုး
ဒီခေတ်ကြီးမှာ တစ်နှစ်စောင့်တယ်ဆိုတာ ရှားသွားပြီဗျ
သုံးလလောက်ဆိုရင်တောင် သိပ် စိတ်က မရှည်ချင်တော့ဘူး
လေးပေါက်ကတော့ စောင့်ရကျိုး နပ်တယ် ပြောရမှာပေါ့လေ
อดีต ปัจจุบัน อนากต အပြုသဘောဆောင်တဲ့ mobile
February 24, 2013 at 10:17 pm
ခံစားတတ်ပါပေ့ ဘကြီးပေါက်ရယ်……
တစ်နှစ်ကြီးများတောင် စောင့်ခဲ့ရတယ်ဆိုပါလား…….
စိတ်ရှည်စွာဖြင့် စောင့်စားမှုလေးအတွက်တော့ လေးစားပါ၏….
ပုံလေးကတော့ လှတယ်လို့ဆိုရမှာပါ… သို့ပေမယ့် ကျုပ်မျက်စိထဲမှာ
ကြောင်ကြောင်ကြားကြား မျက်စိနှောက်လှတဲ့အတွက် ဒီထဲမှာပဲ ခံစားသွားလိုက်ပါ၏…..
ကိုပေါက်(မန္တလေး)
February 24, 2013 at 10:29 pm
ဒီပေါက်ပန်းပွင့်အရောင်ကိုက လုံးဝ ခရေဇီကာလာဆိုတော့ ကြောင်ကြားကြားဖြစ်နေမှာပေါ့
ကိုကိုယိုးဒယားရေ
aye.kk
February 25, 2013 at 6:25 am
ပေါက်ပွင့်တွေကလှပါတယ်
ကိုပေါက်ရိုက်ချက်ကြောင့်ပိုပြီးလှသွားတယ်။။
ကိုပေါက်(မန္တလေး)
February 25, 2013 at 1:56 pm
အမအေးရေ ပင်ကိုယ်လှပြီးသားလေးတွေကိုကျနော်က ပြန်လည်ဖော်ထုတ်ရုံသက်သက်ပါ
ခိုင်ဇာ
February 25, 2013 at 9:24 am
လေးပေါက်။
အနော့ကို တွေ့ဖို့လည်း တစ်နှစ်လောက် စောင့်ပေးပါနော်။
ကိုပေါက်(မန္တလေး)
February 25, 2013 at 1:22 pm
လောက်လောက်ပေး ခါးကုန်းကုန်း
မတေပါနဲ့အုံး
နောင်နှစ်ခါ လာမယ်ဆိုတဲ့
ခိုင်ဇာစောင့်ပါအုံးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
သော်ဇင် (လွိုင်ကော်)
February 25, 2013 at 11:53 am
မနှစ်ကနဲ့မတူ ပျိုမျစ်ခြင်းကင်း
အိုမင်းနေတဲ့သူ့အဆင်း
မြင်မြင်ခြင်းဘဲ ကျနော့်မှာ
ဘာလွမ်းလို့လွမ်း ရမှန်းမသိ
ကြိုက်တယ် လေးပေါက်ရဲ့…။ မျက်စိပသာဒဖြစ်အောင် ဓါတ်ပုံလေးတွေနဲ့ ဝေဝေဆာဆာလေး တင်သွားတဲ့အတွက် ထိတယ် မိတယ်ဗျာ..။ လေးပေါက်က ပေါက်ပန်းတွေကို ခရေဇီဖြစ်တယ်ဆိုရင် လေးပေါက်ရဲ့ အိမ်က မဒီကရောဗျာ….။ မေးကြည့်တာနော်…။ မဖြေလဲ စိတ်မဆိုးဘူးဗျ..။
ကိုပေါက်(မန္တလေး)
February 25, 2013 at 1:23 pm
ဘိုသော်ရေ
မဒမ်ပေါက်က တော့ ချောတုန်းဘဲဗျ
(ကြွယ်ကြည့်တာပါ)
မောင် ပေ
February 25, 2013 at 8:27 pm
ပေါက်ပန်း
မျောက်ကန်း
အခြောက်နမ်း
လျှောက်စမ်း
ဂေါက်လမ်း
uncle gyi
February 25, 2013 at 10:44 pm
သခွက်နဲ့ပေါက်မမှားဖို့တော့လိုတယ်နော်ကိုပေါက်ရေ
ကိုပေါက်(မန္တလေး)
February 26, 2013 at 8:56 am
သခွတ်နဲ့ပေါက်တော့ မမှားဘူးဗျ
ကသစ်ပန်းနဲ့သခွတ်ပန်းကတော့ မှားနိုင်တယ်
ကိုပေါက်(မန္တလေး)
June 11, 2014 at 9:22 am
ပို့စ်အဟောင်းလေးမြင်လို့ဝင် ဖတ် ကြည့် မှ 2014 မှာပေါက်ပန်း ပင် မ ရို်က်လိုက်ရ တာ သတိရတယ်
2014မှာ ပိေ တာက် ရော ပေါက် ရော မရိုက် လိုက်ရပါ
kyeemite
June 11, 2014 at 1:53 pm
ကျုပ်လည်းခုမှမန့်မယ်…ပေါက်ပန်း ကို ကိုပေါက်ကြိုက်တာသဘာဝကျပါတယ်…ခိခိ
တကယ်လည်းလှပါပေ့…ပေါက်ပင်ဘာကြောင့်ကိုင်း…ဆိုတာဒီအပင်လားဗျ
Novy
June 12, 2014 at 11:35 am
ရိုးသားစွာဝန်ခံရရင်ဖြင့် ပေါက်ပင်နဲ့ ပေါက်ပန်းကို အခုမှမြင်ဘူးတာပါ
ပေါက်ပန်းဖြူနဲ့ကောတူလားဟင်
ပေါက်ပင်ဘာလို့ကိုင်းရတယ်
လေးပေါက်ရိုက်ဖို့ကိုင်းရတယ်
လေးပေါက်ဘာကြောင့်ရိုက်ရတယ်
နံမည်ချင်းတူလို့ရိုက်ရတယ်
နံမည်ချင်းဘာကြောင့်တူရတယ်
————————
————————–
လေးပေါက်ဆက်ရေးလိုက်တော့နော် 😛
ကိုပေါက်(မန္တလေး)
June 12, 2014 at 11:51 am
အဖွားပေးလို့ တူ ရ တယ်
ပေါက်ပန်းဖြူက သတ် သတ် ပါ ခင်ဗျာ
alinsett (gazette)
June 12, 2014 at 1:22 pm
သိပ် လှတဲ့ သူမ
သူမရဲ့အလှကို
လေးပေါက် ထုတ်ပြတတ်လေခြင်း