ကျုပ်အကြောင်း (နည်းနည်း) – နှစ်
–
–
++++++++++++++++++++++++++++++++++++++++
++++++++++++++++++++++++++++++++++++++++
အရင်တုန်းက တစ်ပုဒ် ရေးခဲ့ဖူးပါသေးတယ် ….
ဖတ်ချင်သပ ဆိုရင်ဖြင့် အောက်မှာ နှိပ်ဖွင့်ပြီးသာ ဖတ်ကြဗျာ …..။
++++++++++++++++++++++++++++++++++++++++
ငယ်ငယ်တည်းက စ ..
အဆူခံ ခဲ့ရတယ် ….
“…..
စုတ်စုတ်ပြတ်ပြတ် မနေစမ်းနဲ့
သပ်သပ်ရပ်ရပ် နေစမ်း
…..” …… တဲ့ ……..။
ဒီလိုတွေ ပြောနေပေမယ့်လည်း
သောင်ပြင်မှာ အရုပ်ရေးသလိုပါပဲ …
ခဏတာပဲ နေတတ်ခဲ့ …
ရော် …. ခက်ပါဘိရဲ့
ငါမှ အဲ့ဒီလို မနေတတ်ဘဲနဲ့ …
ငါ့ ပုံစံကြည့်
ကြိုက်သူလည်း မရှိခဲ့
တကယ်ဆို ..
ဒီကောင်က စုတ်တိစုတ်ပြတ် ……….။
ချုပ်ခြယ်လွန်းလို့တော့ မဟုတ်ပါဘူး
ဒါပေမယ့် …
အနီးအနား ပတ်ဝန်းကျင်ထဲ
မွန်းကြပ်ခဲ့ဖူးတယ် …….။
ခပ်ငယ်ငယ် အရွယ်
ထွက်ပေါက်ဆိုတာရယ်
ရှာဖွေရင်းနဲ့ပဲ
တစ်သောင်းခွဲတန် နာရီကို
ငါးထောင်နဲ့ ရောင်းခဲ့
ပြီးတော့ …
အဲ့ဒီ ရင်းနှီးငွေနဲ့
အိမ်ရဲ့ အဝေးဆုံးဆီကို
တိတ်တဆိတ် ထွက်ပြေးခဲ့ဖူးပါသေးရဲ့ ……..။
အိမ်ကိုအပြန်
မျက်ရည်တွေ လျှံနေတဲ့
အဒေါ်ရဲ့ ဟန်ကို မြင်ရကာမှ
မုန်းမိခဲ့တာတွေ ခဝါချ
တကယ့် မေတ္တာကို နားလည်လာခဲ့ရ
အဲ့ဒီအခါက စ …
“ဝမ်းမနာသား” ဆိုတာကြီးကိုလည်း
ရေရေလည်လည် သဘောပေါက်ခဲ့ရ ……….။
ဟုတ်ကဲ့ …. ဟုတ်ကဲ့ ….
ဘာပြောပြော “ဟုတ်ကဲ့”
ပြန်လည် ငြင်းဆန်တယ်ဆိုတာလည်း
သိပ်မရှိခဲ့ …
ဒါကြောင့်ပဲ ..
ကျောင်းတုန်းက စကားရည်လုပွဲ ဆိုတာလည်း
ကြားဖူးနားဝသာပါပဲ …….။
ဟုတ်ကဲ့ …. ဟုတ်ကဲ့ ….
အဒေါ်ပြောလည်း ဟုတ်ကဲ့
ဦးလေးပြောလည်း ဟုတ်ကဲ့
တစ်ရွာထဲနေ အစ်ကိုတွေပြောလည်း ဟုတ်ကဲ့ပါပဲ
ဒါပေမယ့်လို့လည်း
ပြီးသွားရင် ကိုယ်ထင်ရာ ကိုယ်လုပ်တတ်ခဲ့
ဘာဖြစ်လဲ … ညာဖြစ်လဲ ….
မျက်နှာကတော့ မှင်သေသေပဲ
ဒီလိုနဲ့ ကျုပ်ကို ကင်ပွန်းတပ်လိုက်ကြရဲ့ …
“ဒီကောင် ပြန်မပြော နားမထောင် ကောင်” … တဲ့ ……။
ဒီလိုနဲ့ …. ဟိုလိုနဲ့ ….
လုပ်ငန်းခွင် အလယ် ရောက်လာခဲ့
အဲ့ဒီ အကျင့်တွေကိုလည်း
ရုံးရဲ့ တံခါးဝမှာ ချိတ်ထားခဲ့ …..။
ဒီလိုနဲ့ …. ဟိုလိုနဲ့ ….
လောက လူသားတွေအလယ်
ကျင်လည်လာခဲ့ ……
အဲ့ဒီ အကျင့်တွေကိုလည်း
ဘေးမှာ ချိတ်ထားခဲ့ …….။
ဒါပေမယ့် … ဒါပေမယ့် …
တစ်ခါတစ်ရံ များမှာတော့ဖြင့် …
ဘယ်သူ မခင်ခင်၊ ဘယ်သူ မမှင်မှင်
စုတ်ပြတ်စွာ ဆင်ယင်နေမြဲ ….
လေလွင့်ဆဲ မဟုတ်တော့ပေမယ့်
လေတိုက်တိုင်း လွင့်တဲ့
မိုးတိမ်သားတွေလိုပဲ
ပေါ့ပါးစွာနဲ့ ဖြတ်သန်းနေတတ်မြဲ ……..။
ဟုတ်သည်ရှိ …
မဟုတ်သည်ရှိပါပဲ …
ဤသည်မှာ ကျုပ်အကြောင်းများပါပဲ …….။
++++++++++++++++++++++++++++++++++++++++++++
{
ဂလောက်ပါပဲ အရပ်ကတို့ ….
နောက်များ ကြုံခဲ့ရင်
ဘဝရဲ့ အဖြစ်သနစ်တွေကို
မရှက်မကြောက်နဲ့ ပြန်လည် ဖွင့်လှစ်လိုပါသေးတယ် …။
}
++++++++++++++++++++++++++++++++++++++++
by – မဟာရာဇာ အံစာတုံး
++++++++++++++++++++++++++++++++++++++++
25 comments
ရာမည
March 31, 2013 at 12:26 am
ဟုတ်ကဲ ့ ဟုတ်ကဲ ့
ဆက်ရန်ရှိသည်များ စောင့်နေပါတယ်ခင်ဗျာ
မဟာရာဇာ အံစာတုံး
March 31, 2013 at 12:40 am
အဟဲ …
ပထမဆုံး လာအားပေးသွားတဲ့
ရဲဘော် ရာမည ကို
ကျေးဇူး အကြီးကြီးပါလို့ ….
ဘာပြောပြော နောက်ရေးမယ့်စာအတွက် ပရိသတ် တစ်ယောက်တော့ ရပေါ့ …
နာတွ …….
အရီးခင်လတ်
March 31, 2013 at 12:31 am
ဟေ့ ….
ဘယ်သူဘာပြောပြော။
ကျုပ်တူလေးက အနေစုတ်လဲ ရွှေထုတ်တဲ့မြပုဝါ လေးပါတော်။
နောင် ၁ဝနှစ် ဆိုရင် အရောင်တွေလက်နေတဲ့ ပတ္တမြားငမောက် ဆိုတဲ့အကြောင်းပြဖို့
အသားကုန် ရုန်းပြလိုက်စမ်းပါ။ မှားလို့။ ကြိုးစားပြလိုက်စမ်းပါလေ။
:hee:
မဟာရာဇာ အံစာတုံး
March 31, 2013 at 12:45 am
အရီးကတော့ လုပ်ပြီ …
အဟမ်းးး ဘာကြောကြော
အရီး ကြောဒလိုဘဲ …
နောက် ၁ဝ နှစ်ဆိုရင် ကျုပ် ပတ္တမြားငမောက် ဖြစ်လာလိမ့်မယ် ..
မယုံရင် စောင့်ကျိနေဂျ ….
{ပတ္တမြား ငမောက် ဆိုပီး နံမယ် ပြောင်းပလိုက်လည်း ဖစ်ဒါဘဲနော့ .. ဟီးဟီး}
ဦးဦးပါလေရာ
March 31, 2013 at 12:57 am
အရင်ပိုစ့်တုန်းက မောင်ရင် ကိုယ့်အကြောင်းကိုယ် တစ်ကယ်ရေးတယ်လို့မထင်ဘူး…..
အိမ်ပြေးတဲ့အတွေ့အကြုံလေးကို စိတ်ဝင်စားသဟဲ့….
တစ်နေ့ ရေးပါဦးလား…
🙂
မဟာရာဇာ အံစာတုံး
March 31, 2013 at 1:10 am
အွန် ….
ကျုပ်အကြောင်း ဆိုမှဒေါ့ … ဂယ်ဂျီး ရေးဒါပေါ့ဂျ … ဟီးးးး
ချက်တော့ ချက်ချရာဂျီးးး ဒါမယ့် တတ်နိုင်ဝူးးဂျာ …
ဘူဒွေ ဘိုဘဲ ထင်ထင်၊ မြင်မြင်
ကျုပ် ရာဇဝင် ကို စာအုပ်ကြားထဲမှာပဲ ထားဂဲ့ဂျင်ဝူးးး (အလဲ့ …)
ဥပါဂျီး ခညာ …
အိမ်ပြေးတဲ့ အတွေ့အကြုံ ကတော့ ..
ပြန်တွေးကြည့်ရင် ရီစရာတွေရော၊ စိတ်ညစ်စရာတွေရော .. စုံလို့ပဲ … ဟီးးး
တစ်နေ့ အလျဉ်းသင့်တဲ့အခါ ရေးမယ်ဂျာ ….
အိုက်ကျမှ လာပီး မမန့်လို့ဂဒေါ့ အိမ်ကို ဂဲနဲ့ လာထုမှာ … ဒါဗျဲ ….
kai
March 31, 2013 at 1:09 am
ပုံက..တော်တော်တူသလားလို့.. :kwi:
မဟာရာဇာ အံစာတုံး
March 31, 2013 at 1:12 am
ဂျာ … ဂျာ …
ဟက်ရို … ဟက်ရို …
ဘာပေါဒါဒုံးဟင်င် …
ကျားရဝူးးး ဆင်ရဝူးးး
ကျယ်ကျယ် ပေါဘာဂျ ….
P chogyi
March 31, 2013 at 2:01 am
ကိုယ့်ကို ကိုယ်ဖော် မသူတော်
မဟာရာဇာ အံစာတုံး
March 31, 2013 at 10:24 am
မသူတော်
အယူခေါ်
ဇမ္ဗူကျော်
မတူနော် …
KZ
March 31, 2013 at 8:17 am
အို။
ဘာပဲဖြစ်ဖြစ် ကျုပ် မောင် ပြန်မပြော နားမထောင် မောင်အံစာဆီမှာ တော်တဲ့ လိမ္မာတဲ့
(တုံးအသော) အချက်တွေ အများကြီးရှိပါကြောင်း ထောက်ခံပါသည်။ ခွိခွိခွိ
:kwi:
ထောက်ခံစာ ကို တစ်စောင် $$$$$$$$$$$ ၁၅၀ဝ နဲ့ လာယူနိုင်ပါသည်။
:harr:
ကိုပေါက်(မန္တလေး)
March 31, 2013 at 9:32 am
တော်ပြီး မိန်းမပေးစားမယ်ဆိုတဲ့အစီအစဉ်ကို ဖျက်တယ်အေ့
နေဝန်းနီ
March 31, 2013 at 11:53 am
အဲဒိလိုပဲ နဲနဲ ….နဲနဲနဲ့ တို့ကနမ်းဆိတ်ကနမ်း လုပ်နေမှာလား ဟင်… ဟင် ပြောစရာရှိတာ ရဲရဲပြောစမ်းပါ ဘယ်သူကိုသဘောကျနေတာလဲ ကျုပ်လိုက်တောင်းပေးရမလား ဒါပဲ ပြော
မောင် ပေ
March 31, 2013 at 1:26 pm
မူးကြွနေတယ်…….
ဒူးယားပေမယ့်…….
ကွမ်းကြမ်းတွေအဆက်မပြတ်ဝါးလေကွယ်
မင်းပါးစပ်မဖွင့်စေနဲ ့ (ဂျေမီနဲ ့ရန်ချန်း သီချင်းနားထောင်ရင်း သူရို ့သံစဉ်ကို ကော်ပီကူးမန် ့သွားပါတယ်)
GaviaGirl
March 31, 2013 at 5:40 pm
ကျောင်းမပြေးဘူး..ကျောင်းမပြေးဘူးနဲ့..ပြေးမယ့်ပြေးတော့လည်း အိမ်ပြေးဖြစ်ပါရောလား..အံစရာ..
အဲ့အကြောင်းလေး ရေးပါဦး…
Mr. MarGa
March 31, 2013 at 5:59 pm
ကြည့်ရတာတော့ ဘွဲအမည် တော်တော်များများ ရထားတဲ့ပုံ
ဒါနဲ့နေပါဦး
ကျုပ်အကြောင်း နည်းနည်း တစ်နဲ့ နှစ် က ဘာလို့ အဲသလောက် ကွာရတာလဲ
အခုတော့ နောက်တစ်ခု ထပ်ဖတ်ရတော့မယ်
အတော် ကို့လို့ကန့်လန့် လုပ်တဲ့ ငအံစာပဲ
ဒါကြောင့်လဲ…………… နေတာနေမှာ
ဦးကြောင်ကြီး
March 31, 2013 at 8:53 pm
ကျုပ်အကြောင်းနှစ်
တရုတ်ပြောင်းဖြစ်
မဟုတ်ချောင်းလှစ်
အထုပ်ဖောင်းအစ်
နွားဂုတ်သောင်းကျစ်
ဖားပြုတ်ခေါင်းစစ်
ခလုပ်မောင်းထစ်
ငါးမုန့်ဆောင်းသစ်..။
ကြည်ဆောင်း
April 1, 2013 at 9:25 am
အိမ်ပြေးအကြောင်းထက် အိမ်ပြေးရင်းကနေ အိမ်ပြန်ဖြစ်တဲ့ အကြောင်းလေး ပိုစိတ်ဝင်စားတယ်…
နောက်ရေးမဲ့ ကျုပ်အကြောင်း – ၃ မှာဖတ်ရမယ်လို့ ထင်ပါရဲ့….
ဗုံ ဗုံ
April 1, 2013 at 9:46 am
ဟဲ့ အူးအံ ဟိုအကြောင်းကျန်သေးတယ်လေ ကွမ်းယာသည်ကြီးကို အပျိုမှတ်ပြီး ရည်းစားစကားသွားပြောတာ သူ့ယောက်ကျားနဲ့ နပန်းလုံးကျတာလေ အိုက်ဒါကျန်သေးတယ် ရေးအုံး
kyeemite
April 1, 2013 at 3:00 pm
နောက်မှမန့်တော့မယ်..မအားလို့..:mrgreen:
MaMa
April 1, 2013 at 7:45 pm
ကိုယ့်ကိုကိုယ် ယထာဘူတကျကျ မြင်တတ်တာကိုတောင် အားကျမိပါရဲ့။
အိမ်ပြေးတဲ့အတွေ့အကြုံတော့ ဖတ်ချင်သား။
:kwi:
Ma Ei
April 2, 2013 at 12:13 pm
ကျုပ်အကြောင်း ၃…၄…၅….
ဆက်ရေးပါဦး…
၁ ကိုသွားဖတ်လိုက်ဦးမယ်….
မဟာရာဇာ အံစာတုံး
April 2, 2013 at 12:21 pm
ဟီးးးး ဟဲ ….
မန့်ဒဲ့လူဒွေကို ကျေးဇူးတင်ဖို့ မေ့နေဒါ .. ဟီးးး
အချိန်မီ ရီ .. ရီပလိုင်း .. ပြန်မလုပ် မိတာ ခွေးလွှတ်ဂျဘာရို့ …
အားပေး ဖတ်ရှုသွားဂျဒူ အပေါင်းကို
ကျေးဇူး အကြီးကြီး တင်ဘာဂျောင်းးးး
နောက်များလည်း လာရောက် အားပေးဂျဘာအုံးလို့ ….
ချစ်ခြင်းများဖြင့် …
မောင်အံစာ
သူကလေး
April 6, 2013 at 12:12 am
ဘာမှလည်း သေသေချာချာရေရောရာရာ ရေးမထားလေဘူး …
သိလိုက်ရတာ ၁ ခု ၂ ခုတည်း …
ဗျဲဟဲဟဲ
ရွာသူ jujuma .
April 6, 2013 at 11:50 am
အော် .. ကျုပ်အကြောင်း ဆိုဒေါ့ အစင်းလေးနဲ့ ထင်တာ ..
ခုဒေါ့ ခုဒေါ့ .. :kwi: