ဘဝ – အချစ် = အရူး
ကဲ ကိုယ့်ဘဝ သူ့ဘဝ ဘယ်သူ့ဘဝဖြစ်ဖြစ် အချစ်ဆိုတာ နှုတ်ရင် အရူးသွင်သွင် ဖြစ်လာပါသတဲ့ ၊
ဟုတ်ပါပြီ
အချစ်ဆိုတာ ၂၀၂၈ မေတ္တာကိုပြောတာနော် ၊
အဖေ အမေကိုချစ်တာ ၊ သားသမီးကိုချစ်တာ ၊ ချစ်သူကို ချစ်တာ ၊ လင် / မယားကိုချစ်တာ ၊ ဆွေမျိုးအသိုင်းအဝိုင်း နဲ့ သူငယ်ချင်းတွေကို ခင်မင်တွယ်တာ တာ အားလုံးကို ဆိုလိုချင်တာပါ ၊
အဲဒါတွေ အားလုံးမရှိ မသိတာ အရူးနဲ့တူလှတဲ့ အရူးနီးပါးပါတဲ့ ၊
ငြင်းချင်သူများ စာရင်းပေးကြပါ ( ရှိမယ်တော့ မထင်ပေါင် )
( ဘာ ဟုတ်ဘူး ၊ ဖွဘုတ်တင်မက အွန်လိုင်းမှာပါ ပေါက်တတ်ကရ ငြင်းနေကြတာတွေ့လို့ )
13 comments
KZ
April 3, 2013 at 9:09 am
ဘဝ – အချစ် = အရူး ဆိုတာတော့ ထားပါတော့လေ…
:kwi:
ဘာမှမပြောလိုပါ။
ဓာတ်ပုံက ဘယ်သူ့ ပုံကြီးတုန်းဟင်။ 🙄
စပ်စုတာပါရယ်။
Myo Thant
April 3, 2013 at 9:28 am
အဲဒါ အဲဒါက ဟိုလေ ဟို . . . . .
ဗုံ ဗုံ
April 3, 2013 at 12:41 pm
ငါ့ယောက်ခမဂျီးနှယ်နော် သင်္ကြန်နားနီးလို့ ရိပ်သာဝင်မယ်ဆိုတဲ့အသံလေးများ ကြားရမလားလို့ သူကအခုချိန်ထိ ဒီအချစ်နဲ့ရူးတုန်းရှိသေးတယ် တော်..တော်.. ဒီသင်္ကြန်မှာဘုန်းကြီးမဝတ်ဘူးဆိုရင် ယောက်ခမအဖြစ်ကနေ အမွေပြတ်စွန့်လွှတ်မယ် ဒါဘဲ….:mrgreen:
Myo Thant
April 3, 2013 at 1:15 pm
ဘုန်းကြီးဝတ်တာက ခဏရယ်
အချစ်ရှိမိတာ အပြစ်လားကွယ်
ကံ ငါးပါးထဲမှာ အချစ်မရှိရလို့ မပါပါဘူးဟယ်
kyeemite
April 3, 2013 at 1:30 pm
လှတယ်ဗျာ…ကိုမျိုးသန့်ရဲ့ ဒဿန ကိုပြောပါတယ် :kwi:
တိမ်မည်း
April 3, 2013 at 2:08 pm
သေချာကြည့်တာ မူးချင်သလိုလို ဖြစ်သွားတယ်…..
စာပြောပါတယ်…..
ဘဝ-အချစ်=အရူး
ဘဝ=အရူး+အချစ်
ဘဝ ဆိုသည်မှာ ချစ်ခြင်းနဲ ့ပြည့်နေသော အရူးတယောက်
တမျိုးကြီးပဲနော်…. စဉ်းစားကြည့်တာ….. :kwi:
မဟာရာဇာ အံစာတုံး
April 3, 2013 at 2:22 pm
ဘွလည်း သိဝူးးး
အချစ်လည်း သိဝူးးး
ဘာဆို ဘာမှ သိဝူးးး
ဂယ်ဒေါ့ .. ကျုပ်ဟာ အရူးးးး
ဟူးးး ဟူးးးး
သူကလေး
April 8, 2013 at 10:00 am
သူ့ဟာသူတော့သိသားဘဲ … အဟီး
ကိုမျိုးသန့်ရေ ဒဿနလေးသဘောကျလို့ ဒီမှာလည်း ရူးတူးတူးပါပဲ
garuda
April 3, 2013 at 2:42 pm
အင်း..မမသော် ပါလား..
ကြောင်ဝတုတ်
April 3, 2013 at 3:00 pm
ကိုညီထွဋ်ရဲ့… အပေါင်းနဲ့အနှုတ်သီချင်းလေးကို သတိရတယ်…
ကိုယ့်ဘဝထဲက မင်းနှုတ်လိုက်တော့ ဘာကျန်မှာလဲတဲ့…
ခင်မင်လျက်-
ဖက်ဖက်ကက်
ခင်ခ
April 3, 2013 at 4:52 pm
ဘဝ – အချစ် = အရူး
ထိုအရူးသည် အချစ်ကြောင့် ရခဲ့တဲ့ ရလာဒ်ဖြစ်သဖြင့်
ဘဝ – အချစ် = (အချစ်+အရူး) ( တနည်းအားဖြင့် အချစ်ရူး)
နှစ်ဖက်ပါ အချစ် အား ဘုံသဖွယ် ဖယ်လိုက်လျှင်
ဘဝ = အရူး ပင် ဖြစ်လေတော့သည် ပေါ့ဗျာ။
( ကျူပ်သည်ကား ခပ်ရူးရူး အတွေးများဖြင့် ဤသီအိုရီကို ရလေသည်ပါသကား )
မောင် ပေ
April 3, 2013 at 8:08 pm
ပုံထဲက အမျိုးသမီး က ကိုမျိုးသန် ့လေဒီမှတ်တယ်
Myo Thant
April 4, 2013 at 10:03 am
မဟုတ်ခဲ့ရပါဘူးဗျာ