နေသာသောနေ့တစ်နေ့ ဖြစ်လိုက်ချင်သည် အပိုင်း (၃)
အခန်း (၃)
city mart မှာ လိုအပ်တဲ့ပစ္စည်းလေးတွေလာဝယ်ရင်း city mart အောက်ထပ်က happy ဆိုင်လေးမှာ ခေါက်ဆွဲဝင်စားဖို့အကြံရသည်။
ခေါက်ဆွဲဆိုရင် အရမ်းကြိုက်တတ်တာ ကျွန်မအကျင့်ပဲ မဟုတ်လား။
happy က ဆိုဖာခုံတန်းလေးမှာ ထိုင်ပြီး တစ်ယောက်တည်း ဝက်နံရိုးစုရုခေါက်ဆွဲကို အချိန်ဆွဲပြီးစားနေမိသည်။
အဲဒီအချိန်မှာ ကျွန်မနဲ့အနောက်ကပ်ရပ် ဆိုဖာခုံလေးဆီက စုံတွဲတစ်တွဲရဲ့ အသံကို စပြီးကြားလိုက်ရသည်။
“ မောင့်ကိုမောင် သိပ်ဟုတ်လှပြီလို့ ထင်နေတာလား ဒါမှမဟုတ် မကို ခပ်ညံ့ညံ့မိန်းမတစ်ယောက်လို့
မောင်ကလျှော့တွက်ထားတာလား ”
ကျွန်မတို့ထက် အသက်နည်းနည်းကြီးပုံရသည့် မိန်းကေလေးတစ်ယောက်ရဲ့အသံဟု ကျွန်မခန့်မှန်းလိုက်မိသည်။
“ မက မောင့်ကိုဘာတွေမယုံမကြည်ဖြစ်နေတာလား မကွယ်ရာမှာ မောင်ကဖောက်ပြန်နေမယ့်ကောင်လို့ မထင်လိုက်တာလား ”
“ ကြားရတဲ့သတင်းတွေက နားနဲ့မဆန့်အောင်ပဲ မောင် တစ်ယောက်ပြောတာမဟုတ်ဖူး အများပြောတာ ”
“ ပတ်ဝန်းကျင်ပြောတိုင်း မယုံနေမယ်ဆို မောင်နဲ့ချစ်သူ ဖြစ်ခဲ့ဖို့တောင်မကောင်းဘူး မ ”
အလဲ့ .. အလာကြီးပါလား .. ကောင်လေးရဲ့တော်ကီကိုတော့ ကျွန်မ သဘောကျသွားမိသည်။
ဒါဟာ ကျွန်မနဲ့ပက်သက်တဲ့ ကောင်လေးတွေကို ကျွန်မပြောနေကျ စကားတစ်ခုပဲမဟုတ်လား။
ကျွန်မ တစ်ယောက်တည်းပြုံးမိရင်း သူတို့ပြောတာတွေကိုဆက်နားထောင်မိသည်။ စပ်စုတတ်တဲ့အကျင့်က တစ်ခါတစ်လေတော့လည်းပျော်ဖို့ကောင်းသည် ဟုတ် ကျွန်မထင်သည်။
“ မောင် အဲလိုမပြောပါနဲ့ မကမောင့်ကိုမယုံလို့မဟုတ်ပါဘူး ဒါပေမယ့် မောင့်ဖြေရှင်းချက်တစ်ခုခုကိုကြားချင်တယ်လေ မောင် ”
“ မောင် အမုန်းဆုံးက ရှင်းပြရတာပဲ မ မောင့်ကိုမယုံကြည်နိုင်ဘူးဆိုရင် ဒီဇာတ်လမ်းကိုရှေ့ဆက်ဖို့ မပြန်စဉ်းစားသင့်ပြီ ”
“ မောင် စိတ်ဆိုးသွားတာလား စိတ်မဆိုးပါနဲ့ မောင်ရယ် .. မကမောင့်ကိုချစ်လို့ပါ ”
“ မောင်လဲ မ ကိုချစ်တာပဲလေ .. ကဲပါကွာ .. တစ်ခါတစ်လေ တွေ့ရတဲ့အချိန်မှာ စိတ်ရှုပ်စရာတွေဘာလို့ပြောနေတာလဲ ”
“ မ တောင်းပန်ပါတယ်နော် .. မောင်စိတ်ပျက်မသွားပါနဲ့ .. မမောင့်ကိုချစ်လို့ စိတ်ပူမိတာပါ ”
“ ရပါတယ် နောက်တစ်ခါအဲလိုမရစ်နဲ့တော့နော် .. ကဲ စား .. ပြီးရင် dagon centre မှာ 3D ရုပ်ရှင်သွားကြည့်မယ် ”
“ ဟုတ်ကဲ့ မောင် ”
သူတို့ပြောနေတာတွေနားထောင်မိရင်း တော်တော်ပိုင်တဲ့ကောင်လေးပဲလို့ တွေးလိုက်မိသည်။
ငါ အဲလို ကောင်လေးတစ်ယောက်နဲ့များ ကြိုက်လိုက်ရင်တော့ တော်တော်ကြည့်ကောင်းမှာပဲ။
သူကလည်း ပညာသည် .. ကိုယ်ကလည်းဆရာမကြီးဆိုတော့ .. ဟိဟိ
အတွေးကို လတ်စသတ် … ခေါက်ဆွဲဖိုးပိုက်ဆံရှင်းပြီး ထိုင်ခုံမှ ထလိုက်သည်။ အွန်လိုင်းတက်ပြီး ကိုကိုနဲ့ကျူရအုံးမယ်လေ။
ထိုင်ရာမှထထွက်လာပြီး ဆိုင်တံခါးဝသို့အရောက် ဘာရယ်မဟုတ် ဟိုအတွဲထိုင်နေတဲ့ ခုံဆီ လှမ်းအကြည့်မှာပဲ
ကျွန်မ မျက်ခုံးတစ်ဘက် ပင့်တက်သွားရသည်။ ထိုအတွဲမှ ကောင်လေးက ကန်ဘောင်ကကောင်လေးဖြစ်နေတာကိုး။
ကောင်လေးကလည်း လူရိပ်မြင်လို့ထင်သည်။ တံခါးဝ ကျွန်မရှိရာသို့ တစ်ချက်လှမ်းရှိုးလာသည်။
ကျွန်မကိုမြင်တော့ မှတ်မိပုံပါပဲ … သူ့နှုတ်ခမ်းအစုံက ခပ်ယောင်ယောင်လေးပြုံးသွားသည်။
ဒါကို သူ့ဘေးကမမကြီးက မြင်ဖြစ်အောင်မြင်လိုက်ပုံပါပဲ .. သူ့လက်မောင်းကိုဖျတ်ခနဲ ရိုက်လိုက်တာတွေ့ရသည်။
ကျွန်မလည်း အရင်တစ်ခေါက်ကလို စက်ကွင်းမလွတ် ဖြစ်နေတာစိုးတာနဲ့ သူ့ကိုတစ်ချက်ပြုံးပြပြီး ထွက်လာခဲ့မိသည်။
ရေစက်များရှိနေသလားကောင်လေးရယ် … ရှင်ဘယ်လိုကောင်လေးလဲလို့ ကျွန်မသိချင်စိတ်ဖြစ်မိပါတယ်။
အိမ်ပြန်ရောက်တော့ လူကငြီးစီစီဖြစ်နေတာနဲ့ ရေချိုးပီး ကုတင်ပေါ်မှာ ခဏဝင်ခွေနေမိသည်။
ထိုစဉ်မှာပဲ ကျွန်မဆီ unknown ဆိုတဲ့ဖုန်း call လေးဝင်လာသည်။
“ ဟလို ”
“ ညီမလေးလား ”
အိုးးး ဘယ်လိုမှထင်မှတ်မထားတဲ့ ပျော်ရွှင်မှုတစ်ခုပါပဲ … ကိုကိုက ကျွန်မဆီဖုန်းဆက်တယ်တဲ့
“ ကိုကို .. ကိုကိုဘယ်ကနေဆက်နေတာလဲ ”
“ ဘာလဲ ညီမလေးက ကိုကို ရန်ကုန်ရောက်နေတယ်ထင်လို့လား မရောက်သေးပါဘူးကွ ”
“ ဟင် ဒါဆို ဘာလို့ဖုန်းဆက်တာလဲ ”
“ ညီမလေးကို ကိုကို ဒီညအွန်လိုင်းမတက်တော့ဘူးလို့ပြောမလို့ ကိုကို့သူငယ်ချင်းရဲ့ညီလေးတစ်ယောက်မှာတဲ့ ဖိနပ်လေးတစ်ရံသွားရှာပေးရမယ်
အဲဒါ အလုပ်ကအပြန် တစ်ခါတည်းသွားမလို့ ညနောက်ကျမှာစိုးတာနဲ့ ညီမလေးစောင့်နေရမှာစိုးလို့ ”
“ ကိုကိုကလဲ ညီမလေးကစောင့်နိုင်ပါတယ် ညီမလေးက ကိုကို့ကိုလွမ်းလို့ဟာ ”
အခြေအနေပေးတုန်း ကိုကို ရင်ခုန်သွားအောင် ကပ်ချွဲပစ်လိုက်သည်။ ကြိုးစားထားရမယ်လေ
“ ကဲ ပိုပြီ မနက်ဖြန်ပဲ ကိုကိုပြန်လာတော့မှာကို ”
“ တကယ်ပါပဲ သူများနဲ့ကိုကို့အချိန်တွေကို ဖျက်ဆီးပစ်တယ် ကိုကို့သူငယ်ချင်းရဲ့ညီဆိုတာက ညီမလေးလောက်အရေးကြီးနေလို့လား ”
“ အဲလိုတော့လည်းမပြောပါနဲ့ .. ညီဆိုပေမယ့် ကိုကိုနဲ့အသက်က တစ်နှစ်ကျော်လောက်ပဲကွာ ..
ငယ်တည်းကပေါင်းလာတာလေ . ကိုကို့ facebook မှာတောင် brother တော်ထားသေးတယ် ”
“ ဘယ်သူလဲ ညီမလေးတစ်ခါမှတောင်မတွေ့မိသလိုပဲ ”
“ အခုက timeline တွေပေါ်လာတော့ အရင်လို family list မှမရှိတော့ပဲ ညီမလေးဘယ်သတိထားမိလဲ
ကိုကို့ Info ကို စိတ်ဝင်တစားနဲ့ ညည်းမကြည့်မိလို့ဖြစ်မှာပါနော် ”
“ ဟီးဟီး ကိုကိုကလဲ .. ဒါနဲ့ အရမ်းခင်တယ်လည်းပြောသေး တခါမှလဲ ကိုကို့ facebook မှာမတွေ့မိသလိုပဲနော် ”
“ အဲဒါက အဲဒီကောင်လေး ရှော့်ခ်ရှိလို့ facebook ကို deactivate လုပ်ထားလို့ကွ .. ညီမလေးနဲ့ကိုကို စသတိတဲ့အချိန်လောက်တည်းက သူ Facebook မသုံးတော့တာ ”
“ အော်အော် .. ဟုတ်ပါပြီ .. ထားပါတော့ ကဲ .. ကိုကို shopping သွားမယ်ဆိုလည်း သွားတော့လေ ဖုန်းဘေလ်တွေအရမ်းတက်နေမယ်
ညီမလေးဖုန်းချလိုက်တောာ့မယ်နော် ”
“ အင်းဟုတ်ပြီ မနက်ဖြန်လာကြိုမှာလား ”
“ လာမှာပေါ့ ကိုကို့သူငယ်ချင်းဆိုတာကော လာမှာလား ”
“ အင်းလာမှာ ကိုပြောတဲ့ အဲဒီကောင်ရဲ့ညီပါ လိုက်လာမယ်ပြောတယ် ”
“ စိတ်ပျက်စရာ ..လူတွေအများကြီးပဲ ”
“ မများပါဘူးကွာ … ကဲပါ လာမယ့်သာလာခဲ့ ကိုယ်ဖုန်းချလိုက်တော့မယ် ”
“ ဟုတ် .. တာ့တာ ကိုကို ”
“ see you tomorrow ”
ကိုကိုဖုန်းချသွားပေမယ့် ဖုန်းလေးကို ရင်ဘတ်မှာကပ်ရင်း ကျွန်မ စားမြုံပြန်နေမိသည်။
ကိုကိုပြောနေကြ “ see u tomorrow ” ဆိုတဲ့စကားလေးကို ကြားနေကျဖြစ်ပေမယ့်
ဒီတစ်ခါတော့ ချိုလွန်းသည်ဟုတ်ထင်မိသည်။
ဒီညနေခင်းလေးရဲ့ ဆည်းဆာ အရောင်က ခါတိုင်းက ပိုတောက်ပနေသရောင် …..
မနက်ဖြန်ဆိုတာ
လှတပတ အိပ်မက်လေးတစ်ခုဖြစ်ခဲ့မယ်ဆိုရင်
ကျွန်မ ညတိုင်း နှစ်နှစ်ခြိုက်ခြိုက်အိပ်စက်မိအုံးမှာပါ ……
———————————–
အခန်း (၄)
တိုက်ဆိုင်မှုတိုင်းဟာ ရိုးသားပါတယ်လို့ ဘယ်သူပြောမလဲ
ကျွန်မကတော့ ဒါကို လုပ်ဇာတ်ကြီးလို့ပဲ စွပ်စွဲချင်သေးရဲ့
(ဟန်နီ)
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ရဲ့ ပြည်ပဆိုက်ရောက်
လေဆိပ်ရောက်တော့ လေယာဉ်ဆိုက်မယ့်အချိန်ထက် နည်းနည်းလေးစောနေသေးသည်။
စပ်စုတတ်တဲ့အကျင့်အတိုင်း ဘေးဘီဝဲရာကိုလှည့်ပတ်ကြည့်မိတော့ .. ကျွန်မလိုပဲ မျှော်လင့်တကြီးမျက်လုံးတွေနဲ့
ပြန်လာမယ့်လူတွေကို စောင့်နေကြတဲ့ လူပေါင်းများစွာကို တွေ့ရသည်။
သူတို့မှာလည်း ကျွန်မလိုပဲ မျှော်လင့်ချက် ကိုယ်စီရှိကြမည်ထင်ပါသည်။
ကျွန်မထိုင်နေပြီး ၁ဝမိနစ်လောက်အကြာမှာပဲ ပတ်ဝန်းကျင်လှုပ်လှုပ်ရှားရှားဖြစ်သွားတာကို သတိထားမိသည်။
ကြည့်ရတာ လေယာဉ်ဆိုက်ပြီထင်ပါရဲ့
“ လေယာဉ်ဆိုက်ပြီ မမရဲ့ လူတွေဆင်းလာတော့မယ် မမရဲ့ အသည်းကျော်ကြီးလာတော့မယ် ”
ကျွန်မဘေးနားကခုံမှာထိုင်နေတဲ့ မိန်းကလေးတစ်ယောက်စီ အပြေးလာပြောတဲ့ ချာတိတ်မလေးကိုတွေ့ရသည်။
အဲဒီအသံကြားတော့ မိန်းကလေးက ပြုံးလိုက်သည်။ ရင်ဖုံးအကျီ ထမီလေးနှင့် ထိုမိန်းကလေးဟာ လှသည်ဆိုတာထက်ယဉ်သည်ဟုတ်ပြောရင်ရသည်။
အပြုံးလေးကနူးညံ့ပြီး ပုံစံလေးက မိန်းမဆန်လွန်းသည်။ ထိုမိန်းကလေးရဲ့အသည်းကျော်ဆိုသူတော့ အတော်လေးကံကောင်းတာပဲဟို တွေးလိုက်မိသည်။
ကျွန်မကော ကံကောင်းမှာလားလို့ စိတ်ပူစွာတွေးလိုက်မိပြီး ကိုကို့ကိုစောင့်ရန် ထထွက်လာခဲ့သည်။
ကျွန်မ ခရီးသည်ထွက်ပေါက်လေးမှာ ရပ်စောင့်နေတုန်း သိပ်မကြာခင်မှာပဲ ကိုကို့ကိုတွေ့လိုက်ရသည်။
polo shirt နှင့် jean pant လေးကိုခပ်ရိုးရိုးဝတ်ဆင်ထားတဲ့ကိုကိုဟာ ကျွန်မ အမြင်မှာတော့ ကြည့်မဝချင်စရာပါပဲ။
luggae ကိုလက်တစ်ဖက်ကဆွဲလာရင်း ကျွန်မကိုလှမ်းပြုံးပြသည့်ပုံမှာ ကျွန်မအတွက်တော့ မမေ့ချင်စရာ အမူအရာလေးတစ်ခုပေါ့။
“ ညီမလေး ရောက်နေတာကြာဘီလားကွ ”
“ မကြာသေးပါဘူး ခုလေးတင်မှရောက်တာ ”
“ ညီမလေးကမှ စောစောရောက်သေးတယ် ကိုကို့သူငယ်ချင်းက ဘယ်နားရောက်နေမှန်းတောင်မသိဘူး ”
“ ဖုန်းဆက်ကြည်ပါလား ကိုကိုရဲ့ … ညီမလေးဖုန်းနဲ့ဆက်လိုက်လေ ”
ကျွန်မ ဘောင်းဘီအိတ်ထဲမှ လက်ကိုင်ဖုန်းလေး ထုတ်ပေးဖို့ ခေါင်းငုံ့နေတုန်းမှာပဲ ကိုကို့သူငယ်ချင်းဆိုသူတွေရောက်လာခဲ့သည်။
“ ဟေ့ကောင် ငထူး ”
“ ဟာ … သက်အောင်လာ … မင်းတို့ကလည်းနောက်ကျလိုက်တာကွာ ဒီမှာ ငါပြောတဲ့ညီမလေးတောင်ရောက်နေပြီ ”
ကျွန်မမော့ကြည့်လိုက်တော့ ကိုကို့အရွယ်အကိုကြီးတစ်ယောက် ကျွန်မကိုပြုံးပြနေသည်။
“ ညီမလေး ဒါကိုကို့သူငယ်ချင်း သက်အောင်တဲ့ .. သက်အောင် ဒါငါပြောပြောနေတဲ့ညီမလေး .. ဟန်နီတဲ့ ”
“ ဟုတ်ကဲ့ တွေ့ရတာဝမ်းသာပါတယ် ကိုသက်အောင် ”
“ ကျွန်တော်လည်း ဝမ်းသာပါတယ်ဗျာ ”
ကိုကို့သူငယ်ချင်းပုံစံက ရည်ရည်မွန်မွန်နဲ့ ခင်မင်ချင်စရာရုပ်ရည်မျိုးပါ။
“ သက်အောင် အငယ်ကောင် အာကာကော .. မပါဘူးလား သူပဲဖိနပ်လိုချင်လွန်းလို့ဆိုပီး ငါ့ကိုလာကြိုမယ်ပြောထားတာ ”
“ ပါပါတယ်ကွာ .. ကား parking နေရာမရလို့ ရှာနေရတယ်နဲ့တူတယ်ကွ … ဟာ ဟိုမှာလာပြီ ”
ကိုကိုရော ကျွန်မရော ကိုသက်အောင်ညွှန်ပြရာကို လိုက်အကြည့် .. အရမ်းကိုအံ့ဩမှင်တက်သွားမိသည်။
ဟိုကောင်လေး …. ကန်ဘောင်ပေါ်က happy ဆိုင်က ဟိုကောင်လေး … ဘောင်းဘီတိုနဲ့ တီရှပ်နဲ့ ပေါ့ပေါ့ပါးပါးဝတ်ကာ
ဒီဘက်ကိုလှမ်းလျှောက်လာနေသည်ကိုတွေ့ရသည်။
ကောင်လေးက အနားလည်းရောက်ရော ဗြုန်းဆီ ကိုကို့ဗိုက်ကိုလက်သီးတစ်လုံးပစ်သွင်းရင်း
“ ကိုကြီး ပိုချောလာတယ်ဗျ ” ဟုပြောလေသည်။
အဲလိုပြောလိုက်တော့ ကိုကိုက ပေါ့ပေါ့ပါးပါးရယ်လိုက်ပြီး
“ မင်းအတွက် ဖိနပ်ငါမမေ့ခဲ့ပါဘူးကွ ”
“ ကိုကြီး ဒီမှာကြည့်စမ်း ဘယ်သူပါလာသလဲလို့ ” ဟို ကိုကို့သူငယ်ချင်းညီဆိုသူကပြောပြီး ဘေးသို့ထွက်ရပ်လိုက်သည်။
ထိုအခါ နောက်မှပေါ်လာသူက ကျွန်မနှင့် ထိုင်ခုံတန်းလေးမှာ ဘေးချင်းကပ်ရက်ထိုင်ခဲ့သော မိန်းကလေး
သူ့နံဘေးမှာက ချာတိတ်မလေး
ကျွန်မ မျက်စိလည်ချင်သလိုလိုတောင်ဖြစ်သွားသည်။
ကိုကို့ကိုလှမ်းကြည့်လိုက်တော့ မယုံနိုင်ကြည်နိုင်သလို တအံ့တဩမျက်လုံးတွေနဲ့ ထိုမိန်းကလေးဆီမှာ အကြည့်တွေငြိမ်သက်နေတာကိုတွေ့လိုက်ရသည်။
“ ထူး … နေကောင်းတယ်နော် ” ရုပ်ကလေးတင် နူးညံတာမဟုတ် အသံလေးပါက နူးညံ့တာကိုသတိထားလိုက်မိသည်။
“ ဟုတ်တယ် ဖြိုး ဖြိုးဘယ်ကိုလာတာလဲ ထူးကိုလာကြိုတာလား ”
အောင်မလေး … ထူးတဲ့ … ကိုကို နုနေပြီ … ကျွန်မကိုယ်တိုင်လည်း တုန်လှုပ်နေပြီ
သူတို့နှစ်ဦးရဲ့ ပက်သက်မှုက ရိုးရိ်ုးသားသား မဟုတ်နိုင်ဘူးဆိုတာ .. အတွေ့အကြုံရင့်ကျက်သူပီပီ အထာသိနေပြီလေ
“ မဟုတ်ဖူး ထူးရဲ့ immigration က daddy သူငယ်ချင်းတစ်ယောက်ကို daddy ပေးခိုင်းတဲ့ပစ္စည်းလာပေးတာ
ပြီးလည်းပြီးရော ပြန်မယ်အလုပ် အာကာလေးနဲ့တွေ့တာ အာကာက ထူးဒီနေ့ ပြန်လာမှာကို လာကြိုတာတဲ့
အဲဒါနဲ့ တခါတည်းလိုက်လာလိုက်တာ မတွေ့ရတာကြာပြီလေ ”
စစတွေ့တွေ့ချင်းတုန်းက အထင်ကြီးထားသမျှ ဒီစကားတစ်ခွန်းတည်းနဲ့တင်
ကျွန်မ စိတ်လိုလက်ရကို မုန်းပစ်လိုက်မိသည်။
“ တိုက်ဆိုင်တယ်ပဲပြောရမလား ဒီနေ့ ထူးတို့မတွေ့တာ ရက် ၉၀ဝ ပြည့်တဲ့နေ့ပဲ ” ဟု ကိုကို့အပြောမှာ
ကျွန်မ တကယ်စိတ်ဓာတ်ကျသွားမိသည်။
တိုက်ဆိုင်မှုတိုင်းဟာ ရိုးသားပါတယ်လို့ ဘယ်သူပြောမလဲ
ကျွန်မကတော့ ဒါကို လုပ်ဇာတ်ကြီးလို့ပဲ စွပ်စွဲချင်သေးရဲ့ …
ဒါတိုက်ဆိုက်တာမဟုတ်ဖူးဆိုတာ ကျွန်မသိနေတာပဲလေ … စိတ်ထဲမှာ အလိုမကျဖြစ်မိရင်း မျက်နှာက အလိုလိုသုန်မှုန်လာရသည်။
“ ကဲကဲ ငထူး .. လေဆိပ်မှာ ညအိပ်ဖို့တော့မလုပ်နဲ့နော် .. ငါ night duty ဝင်ဖို့ရှိသေးတယ် ပြန်ကြရအောင် ”
ကိုသက်အောင်ဝင်ပြောမှပဲ ကိုကိုကပြန်ဖို့ သတိရတော့သည်။
“ အာ ဟုတ်သားပဲ ပြန်ကြရအောင် … ဖြိုး ဘာနဲ့လာတာလဲ ထူးတို့လိုက်ပို့ပေးရမလား ”
“ ဖြိုးက အိမ်ကကားနဲ့လာတာ .. ညီမလေးလည်းပါတယ်ဆိုတော့ လိုက်မပို့ပါနဲ့တော့ နောက်မှတွေ့တာပေါ့ ”
“ ဟုတ်ပြီ ဖြိုး ထူးဖုန်းဆက်လိုက်မယ်လေ .. ဖြိုးအရင်ဖုန်းပဲမဟုတ်လား ”
“ ဟုတ်တယ်ထူး ဖြိုးဖုန်းမျှော်နေမယ်နော် .. အခုတော့ပြန်တော့မယ် တာ့တာ ”
“ အိုကေ see you ဖြိုး ”
ကိုကို့ရဲ့ဖြိုးဆိုတဲ့မိန်းကလေးက သူမထုံးစံအတိုင်း ညင်ညင်သာသာလေးပင် လှည့်ထွက်သွားသည်။
ဒါကို ကိုကိုက လိုက်ငေးလို့ကောင်းတုန်း … ဖြိုးဆိုတဲ့ မိန်းကလေးသာထွက်သွားသည်။
ကိုကို ကျွန်မနဲ့ ထိုမိန်းကလေးကို မိတ်ဆက်မပေးခဲ့ပါ။ မလိုဘူးလို့ ကိုကိုတွေးတာလား … ဒါမှမဟုတ်
ကိုကို့မှာ ကျွန်မကို မသိစေချင်တဲ့ အကြောင်းအရာနဲ့ အတိတ်တစ်စုံတစ်ရာရှိနေခဲ့တာလား။
“ ကဲ ညီမလေး ကိုကိုတို့လည်းပြန်ကြမယ်လေ …ညီမလေးမှာ ကားမပါဘူးမှတ်လား ကိုကိုတို့လိုက်ပို့ပေးမယ် ”
ကိုကိုက အခုမှပဲ ကျွန်မဘက်လှည့်ပြီး စကားပြောဖော်ရတော့သည်။
“ ကိုကိုကလဲ ညီမလေးက ကိုကိုနဲ့ဒင်နာသွားစားမလို့ စီစဉ်ထားတာ ”
“ ညီမလေးကလဲကွာ ခုချက်ချင်းပြန်သွားမယ့်လူမှမဟုတ်တာ .. ဘာလို့အလောတကြီးစီစဉ်ထားတာလဲ”
“ ညီမလေးက ကိုကိုနဲ့ ထမင်းလက်စုံစားဖူးချင်လို့ပါ ” ဟုတ် ခပ်နွဲ့နွဲ့လေးပြောလိုက်မိသည်။
အရင်တုန်းကမှ တစ်နေ့နေ့တော့ဖြစ်လာမှာပါဆိုပြီး အားတင်းထားလို့ရသေးသည်။
အခုဟာက ပြိုင်ဘက်လို့သတ်မှတ်လို့ရတဲ့ တခြားမိန်းကလေးတစ်ယောက်ရှိနေခဲ့ပြီလေ …
“ ဒီနေ့တော့ ကိုကို့မှာ ပစ္စည်းတွေနဲ့ ပီးတော့ ဒီကောင် သက်အောင်ကလဲသွားစရာရှိတယ်ဆိုတော့ နောက်နေ့မှအေးအေးဆေးဆေးစားရအောင်လေနော် ”
“ ဟုတ် အဲဒါဆိုလဲပြီးတာပဲလေ … ”
“ ကဲ ညီမလေးကို ကိုကိုလိုက်ပို့ပေးမယ်နော် .. လာ ”
“ ဟုတ်ကဲ့ ”
“ သက်အောင်ရေ ဒါဆိုသွားမယ်ကွာ ”
“ ခဏခဏ ကိုကြီးကို မေးမလို့ ဒါကိုကြီးညီမလား ဘယ်တုန်းကကောက်ရတာလဲ ဟဲဟဲ ”
ဟိုကောင်လေး …. ကိုကို့ကိစ္စကို တွေးနေရတာနဲ့ပဲ အဲဒီတစ်ယော်က်ကိုလုံးဝမေ့သွားရသည်။
လူထူးလူဆန်းလေးရှိနေတာကိုး .. အတွေးနဲ့ ကျွန်မ မျက်နှာကြီး စူပုတ်နေရာမှ ပြုံးစိစိဖြစ်သွားရသည်။
“ အေး ဟုတ်တယ် သူ့နာမည်က ဟန်နီတဲ့ .. ဟန်နီ .. ဒါ ကိုကိုပြောတဲ့ ဖိနပ်မှာတဲ့ညီလေးလေ ”
“ ဟုတ်ကဲ့ တွေ့ရတာဝမ်းသာပါတယ်ရှင့် ” ဟု ကျွန်မခပ်မြူးမြူးလေးပြောလိုက်မိသည်။
သူကလည်း အားကျမခံပါပဲ
“ ဟုတ်ကဲ့ ကျွန်တော်လည်း အရမ်းအရမ်းကိုဝမ်းသာပါတယ်ခင်ဗျာ ” ဟုတ်ပြန်ပြောလာသည်။
သူ့မျက်လုံးတွေက ကျွန်မ ကိုကို့ကို အီနေတာဆိုတာကို သိနေတယ်နော် ဆိုတဲ့ အထာနဲ့ ..
တကယ့်ကို ငလည်းလေးပဲဖြစ်မှာပါလို့ ကျွန်မကောက်ချက်ချမိသည်။
ထိုနေ့က လေဆိပ်က အပြန် လမ်းပေါ်မှာ ကိုကိုကတိတ်ဆိတ်ငြိမ်သက်ပြီးပါလာသည်။
ကိုသက်အောင်ကတော့ ဆရာဝန်တစ်ယောက်ဖြစ်သည့်အတိုင်း သူ့သူငယ်ချင်း ဆရာဝန်တစ်ယောက်နှင့်
လူနာကိစ္စတွေ ဖုန်းဆက်ပြီးပြောနေသည်။ ကျွန်မမှာသာ မရင်းနှီးသည့် လူတွေကြား အူလည်လည်နဲ့ဖြစ်နေရသည်။
စိတ်ထဲမှာတော့ အိမ်မြန်မြန်ပြန်ရောက်ပါစေလို့ပဲ ဆုတောင်းနေမိသည်။
ထိုစဉ်မှာပဲ အာကာဗိုလ်ရဲ့ ဖုန်းလေးထမြည်လာခဲ့သည်။
“ ဟလို သဲသဲ ညီမလေး ပြော … ” လာပြန်ပြီ သဲသဲ တဲ့ .. နောက်တစ်ယောက်လားမသိဘူး
“ မဟုတ်ပါဘူး ကိုကြီးရဲ့အကိုတစ်ယောက် စင်ကာပူကပြန်လာတာကို လေဆိပ်မှာလာကြိုပေးနေရလို့ပါ
အာ .. သဲသဲကလည်း ကိုကြီးမှာ ဒီညီမလေးတစ်ယောက်ရှိတာ လာကြိုချင်တာပေါ့ကွာ
မနက်ဖြန်ညနေလာကြိုပေးမယ် ဟုတ်ပီလား သင်တန်းဆင်းမယ့်အချိန်အရောက်လာမယ်ကွာ
ညီမလေးကို မုန့်လည်းလိုက်ကျွေးမယ် … ရော် ခက်ပြီ ဘယ်မိန်းမဆီမှမသွားပါဘူးဆိုမှ
ရည်းစားဆိုတာ ငါ့ညီမလောက်အရေးမပါပါဘူး အိုကေ အိုကေ .. မနက်ဖြန်မှတွေ့မယ် good night သဲသဲ”
ထိုကောင်လေးကိုကြည့်ပြီး ကျွန်မ တကယ်လက်လန်မိသည်။ ရည်းစားများပါတယ်တဲ့ ကျွန်မတောင်
တစ်ယောက်ပြီးတစ်ယောက်တွဲ တစ်ယောက်နဲ့ပြတ်ပြီးမှ တစ်ခြားတစ်ယောက်ကိုချစ်တာပါ။
သူ့အလှည့်ကျမှ မိန်းကလေးတစ်ခါနှင့် တော်တော်ကိုအလုပ်များနေပုံပဲ။
“ ညီ သဲသဲဆက်တာလား ” အခုမှပဲ ကိုကို့စကားသံကိုပြန်ကြားရတော့သည်.
“ ဟုတ်တယ်ဗျာ သူ့ကိုသင်တန်းလာမကြိုလို့တဲ့ ဘယ်ဆော်ဆီရောက်နေလဲ လှမ်းရစ်တာ ”
“ သဲသဲက ညီ့ကိုတော်တေ်ာသံယောဇဉ်ရှိရှာသားနော် ”
“ ဂျီကျဖို့ပါ ကိုကြီးရာ မိန်းကလေးတွေက ဂျီကျဖို့ ခိုင်းစားဖို့ လူတစ်ယောက်ရှိရင် ကျေနပ်နေတာ ”
“ မင်းကလည်းကွာ သဲသဲကတော့ အဲလိုမဟုတ်လောက်ပါဘူး ”
ကောင်လေးက စိတ်ညစ်သလို သက်ပြင်းတစ်ချက်ချရင်း
“ ကျွန်တော်လည်းသေချာတော့မပြောတတ်ဘူး ဒါပေမယ့် ချယ်ရီ ကျွန်တော့်ကိုထားသွားကတည်းက ကျွန်တော်မိန်းမတွေကိုမယုံတော့တာ”
အဲဒီစကားကိုပြောတဲ့အချိန် ထိုကောင်လေးရဲ့ အသံက လေးနက်လွန်းလှသည်ဟုတ် ကျွန်မခံစားမိသည်။
ဪ သူလည်းဒဏ်ရာနဲ့လူသားပဲကိုး
ထိုနေ့ညက အိမ်ပြန်ရောက်တော့ ကျွန်မမှာ စဉ်းစားစရာတွေများလွန်းနေသည်။
ကိုကို .. ဖြိုးဆိုသော မိန်းကလေး .. အာကာဗိုလ် … အတွေးများနှင့် ချာချာလည်ကာ ကိုကို့ဖုန်းလည်းမစောင့်နိုင်
ဖုန်းကို silent လုပ်ပြီး ခပ်စောစောအိပ်ရာဝင်ဖြစ်ခဲ့သည်။
~~~~~~~~~~~~~~~~~~~~
15 comments
မောင် ပေ
April 7, 2013 at 7:36 pm
ဖတ်လို ့ကောင်းပါရဲ ့ဗျာ
သို ့ပေသည့် ယနေ ့ခေတ် ကလေးတွေရဲ ့အွန်လိုင်းဇယားထဲကို နဲနဲ ဝင်လေ့လာကြည့်တာ ၊ လိုက်လို ့ကို မမှီတော့ပါဘူး ။ နောက်တစ်ပိုင်းကို ဆက်စောင့်နေမယ်ဗျို ့
သူကလေး
April 7, 2013 at 10:59 pm
လိုက်မှီအောင်သင်ချင်လို့လား ကိုပေ သင်ပေးမယ်လေ ဟီးးးးး
အားပေးတာကျေးဇူးတင်ပါတယ်ရှင့်
ကီလိုဇူးလူးဝီစကီ
April 7, 2013 at 7:41 pm
ဟန်နီလေး။
ဟန်နီလေးက ပါးနပ်တယ်၊ လျှင်လဲ လျှင်ပါတယ်ကွယ်။
ဒါပေမဲ့ လိုအပ်နေတာတစ်ခုရှိတယ်။
သတိ လေ။
Virtual world မှာ တွေ့တဲ့ လူတစ်ယောက်မှာ ကိုယ်မသိနိုင်တဲ့ အတိတ်ဖြစ်ရပ်တွေ များကြီးများကြီးရှိနိုင်တယ်ဆိုတာ သတိကြီးကြီးနဲ့ ကြိုတင်တွေးဆပြီးဖြစ်ရမယ်ကွဲ့။
ခွိခွိခွိ။ သူများကို သတိလက်လွတ် ဆရာလုပ်သွားပါသည်။
:kwi:
သူကလေးကရော ကိုယ့်ကို ယုံတယ်မဟုတ်လားဟင်။
:528:
GaviaGirl
April 7, 2013 at 10:00 pm
ဇာတ်လမ်းက ကောင်းခန်းရောက်လာပြီ… ဇာတ်ကောင်တွေလည်းများလာပြီ… ဘယ်နှစ်ပွင့်ဆိုင်တွေများ ဖြစ်မှာပါလိမ့်.. 🙄
သူကလေး
April 7, 2013 at 11:08 pm
ဆရာလုပ်ခြင်းကို အထူးလက်ခံပါသည် .. ငိငိ
သူကလေးက မမဝီကို ယုံပါတယ်တဲ့ချင် .. အာဟိ
======
မမမွန်ရေ
ဘယ်နှစ်ပွင့်ဆိုင်ရမလဲဟင် .. ဆယ်ပွင့်လောက်ဆိုင်လိုက်ရင်ကောင်းမား… ဟီး
ဘာတွေဆက်ဖြစ်မလဲဆိုတာ အားပေးပါအုံးနော်
မဟာရာဇာ အံစာတုံး
April 7, 2013 at 10:28 pm
မနက်ဖြန်ဆိုတာ
လှတပတ အိပ်မက်လေးတစ်ခုဖြစ်ခဲ့မယ်ဆိုရင်
ကျွန်မ ညတိုင်း နှစ်နှစ်ခြိုက်ခြိုက်အိပ်စက်မိအုံးမှာပါ ……
…. ဒီထဲမှာ ဒီစကားလေးသာ အကြိုက်ဆုံး …..
ဟုတ်တယ် … မနက်ဖြန်ဆိုတာ …
လှပတဲ့ အိပ်မက် ဖြစ်မယ်ဆို …
ကိုကိုအံ လည်း ညတိုင်း နှစ်ခြိုက် အိပ်မိမှာဘဲ ..
ဒါမယ့် … သူလေး အကြောင်းတော့ အိပ်မက်တွေ မက်မိနေအုံးမှာ အမှန်ဘဲ ….
အားပေးသွားပါတယ်ဗျာ …..
ဇာတ်ရှိန်လေး တက်လာပြီဗျို့ ….
ဇာတ်သိမ်းမှာ ဖြစ်မယ့် ပုံစံလေးကိုတော့ နည်းနည်းလေး ရိပ်မိနေသလိုလို ….
သူကလေး
April 7, 2013 at 11:10 pm
အမှတ်ဝင်ယူတဲ့နေရာမှာ သူ့ပြင်နှစ်ယောက်ရှိဘူးနော်
ဘလော့ထဲက စံပယ်နဲ့တိုင်ပြောအုံးမှ ဟိ
ဇာတ်သိမ်းမှာ ဘိုဖစ်မဲဆိုတာ ပိတ်ကားပေါ်မှာ စောင့်ကြည့်ပါကွယ်
မဟာရာဇာ အံစာတုံး
April 7, 2013 at 11:42 pm
ဟာဂျာ ..
ဟာဂျာ ….
ဘာဒွေပေါနေမှန်းလည်း သိဝူးးဂျာ … ဟီးး
(ချက်ချက်နှင့် မျက်နှာဂျီး နီမြန်းနေတီဟု မှတ်ရန်)
Mr. MarGa
April 8, 2013 at 6:45 pm
ဒီတစ်ခါတော့ မှန်းထားသလို ကွက်တိ ဝင်လာတယ်
ဒါလောက် ဆုံပြီးမှတော့ တွေ့တော့မယ်ဆိုတာ သိနေပြီလေကွယ်
နောက် တစ်ပိုင်းလောက်ထိ ထပ် ဆွဲ လိုက်တာတော ့မဟုတ်ဘူး
anyway, ပညာယူသင့်တာလေးတွေတော့ ယူထားဦးမှ ဟီဟိ
:kwi:
သူကလေး
April 9, 2013 at 11:24 am
မှန်းထားတာကို ကွက်တိဝင်သွားတယ်လား ….
တော်ထှာအေ .. ဒါပေမယ့် ကျုပ်က သူများတွေမှန်းထားတာတွေနဲ့လွဲအောင်ရေးမှာနော့်
အဆုံးထိမှန်အောင်သာ မှန်းထားပေတော့ .. ငှဲ ငှဲ
ဘာတွေပညာ သင်ချင်သေးတာတုန်းစ်လို့
Mr. MarGa
April 9, 2013 at 9:16 pm
စာရေးသူရဲ့ အဆုံးသတ်ကို ကြိုတင်မှန်းဆဖို့က ခက်ပါတယ်
နောက် ဒီလို ရေးနေဆဲ အခန်းဆက်တွေမှာဆို မှန်းလို့ကို မရတဲ့ဘွ
သို့သော် စိတ်ထဲက ခန့်မှန်းတာမို့
မှန်မှာတော့ သေချာသကွယ် :hee:
အရိပ်စစ်
April 9, 2013 at 1:28 am
မောသွားတာပဲ ဟန်နီလေးအစား
တကယ်ဖတ်လို့ကောင်းတယ် မမသူကလေး
သူကလေး
April 9, 2013 at 11:28 am
အရိပ်စစ်ကလည်း အမြဲကိုမောနေတော့တာပဲ
အပိုင်း ၁ခုတင်ပြီးတိုင်း ရေတိုက်ရမယ်ထင်တယ် ဟီး
ဖတ်လို့ကောင်းတယ်ဆိုလို့ကျေးဇူးပါ
နောက်လည်း ဖတ်လို့ကောင်းမှာလေးတွေတင်တင် ပေးမယ်နော်
ဒါမယ့် အရိပ်စစ်လိုတော့ ကဗျာလှလှလေးတွေရေးတတ်ဘူးကွဲ့
လူကလေး
April 9, 2013 at 11:17 am
ဒါဂျီးက ရှည်ဦးမယ်ဆိုတာ ငါသိနေတယ်.. ဟင်း ဟင်း..
အကဲတုန်းမ ဟန်နီ .. ညည်း ဘူ့ကိုကြိုက်နေတာတုန်း…. .. ပေါပ.. တူများ တားတမီးတွေများ ..
သူကလေး
April 9, 2013 at 11:31 am
ဟင်းဟင်းးးးး
လိုချင်လား .. ဆုတောင်းလေ .. ခစ်
အားနေတယ်ပေါ့လေ … မွက်