သူငယ်ချင်းတို့ရွာ
ငယ်စဉ်တောင်ကျေး ကလေးဘဝအရွယ်ကတည်းက အတူကြီးပြင်းလာကြတဲ့ သူငယ်ချင်း၊ ပညာရည်နို့သောက် ဘဝလမ်းကြောင်းတစ်လျှောက်မှာ လက်တွဲလာခဲ့ကြတဲ့ သူငယ်ချင်း၊ လုပ်ဖော်ကိုင်ဖက် သေအတူရှင်မကွာ အနစ်နာခံဖက် လောကဇာတ်ခုံပေါ်က သူငယ်ချင်း၊ သူငယ်ချင်းဆိုတဲ့ အဓိပါယ်ဖွင့်ဆို ချက် တွေကတော့ များပါတယ်။
ကျွန်တော် ဗန်းမော်မြို့မှာနေထိုင်စဉ်က အလုပ်ကိစနဲ့ စင်းခမ်းကိုရောက်သွားခဲ့ပါတယ်။ စင်းခမ်းရောက်တော့ တွေ့ချင်တဲ့သူက ကောင်းတုံဆက်တက်သွား တယ်ဆိုလို့ ကောင်းတုံဆက်လိုက်ဖိုလုပ်တော့ လိုင်းလှေကထွက်သွားပါပြီ။ စင်းခမ်းက လူတစ်ချို့ကို လှေငှားဖို့ မေးမြန်းကြည့်တော့ ငါးဖမ်းထွက်နေကြတော့ မရနိုင် ဘူးတဲ့၊ ကိုယ်ကလည်း ကောင်းတုံကို အမှီလိုက်ချင်တော့ ဘာလုပ်ရမှန်းမသိဖြစ်နေတယ်။ သူတို့ က စင်းခမ်းရွာဘေးက ချောင်းကလေးကိုဖြတ်ပြီး သစ်ဆွဲတဲ့လမ်း အတိုင်း လျှောက်သွားရင် ကောင်းတုံကို သိပ် ကြာကြာမသွားရဘူးလို့ အကြံပေးကြတယ်။
မိုက်မိုက်ကမ်းကမ်းပါပဲ လမ်းမသိဘဲ အဖော်နှစ်ယောက်နဲ့ လမ်းလျှောက်ပြီး ထွက်ခဲ့ကြတယ်။ ချောင်းကို စဖြတ်ချိန်မှာပဲ အခက်အခဲစတွေ့တယ်။ ရေက ရင်ခေါင်းလောက်ရှိပြီး လမ်းမသိဘဲကူးတော့ ချော်လဲ ပြီး ရေနစ်မလို ဖြစ်လိုက်သေးတယ်။ အားတင်ပြီးချောင်းကိုဖြတ်လို့ သစ်ဆွဲလမ်းအတိုင်းလျှောက်ခဲ့ တာ နှစ်နာရီ လောက်ကြာတဲ့အထိ လူမတွေ့၊ အိမ်မတွေ့ လမ်းပျောက်နေပါပြီ။ မြစ်ရှိမယ့်ဘက်ကို မှန်းပြီး တောတိုးခဲ့ကြ တယ်။ (အမှန်တော့လမ်းတစ်ဝက်ပဲ ရောက်သေးတာ နောက်ထပ်ဆက်လျှောက်ရင် ရောက်မှာပါ) မြစ်ဘေး အတိုင်းအပေါ်ကို မှန်းပြီးလမ်းရှာရင်း၊ တောတိုးရင်းလျှောက် ခဲ့ကြတာ နောက်ထပ် နှစ်နာရီလောက်ကြာတဲ့ အထိ ဘာမှမတွေ့၊ ရေကငတ်၊ ဗိုက်ကဆာနဲ့တောတိုးရင်းစားစရာရှာတော့လဲ ငှက်ပျောပင်တောင်မတွေ့ရဘူး ဂျွိုင်းကျော်ပိုးအိတ်ပျော့လေးထဲမှာ ထည့်လာတဲ့ အဝတ်အစား သုံးစုံလောက်ကိုတောင် မသယ်ချင်တော့လို့ လွှတ်ပစ်မယ်ကြံတော့ အဖော်ပါသူက လွယ်ပေးပါတယ်။
အဲဒီလိုနဲ့ နောက်ထပ်နှစ်နာရီလောက်အကြာမှာ လူတစ်ယောက်ကို လှမ်းတွေ့လိုက်ရတယ်။ အားရဝမ်းသာနဲ့ ဘယ်ရွာကလည်း၊ ဘယ်သွားမလို့လဲဆိုပြီး ကချင်စကားနဲ့(မတောက်တခေါက်) လှမ်းအော်မေး တာပေါ့။ ပြန်မဖြေဘူးဗျ၊ ပြုံးပြုံး ပြုံးပြုံးနဲ့ အနားလျှောက်လာပြီး “ကျွန်တော်ဗမာပါ၊ ကချင်လိုမတတ်ဘူးဗျ” တဲ့။ ခင်ဗျားတို့ကဘယ်သွားကြမှာလဲဆိုပြီးမေးတော့ “ကျွန်တော်တို့ ကောင်းတုံရွာသွားချင်လို့ပါ လမ်းပျောက်နေလို့ ကူညီပေးပါဦး” ဆိုပြီးအကူအညီတောင်းရတာပေါ့။ ခင်ဗျားတို့ ကောင်းတုံရွာကို ကျော်ခဲ့ပြီ၊ ကျွန်တော်လည်းရွာ ပြန်မှာ အတူလိုက်ခဲ့ဆိုပြီး ကူညီပေးလို့ရွာကို ရောက်ခဲ့ပါတော့တယ်။ အဲဒီလူနဲ့သာ မတွေ့ခဲ့ရင် ကျွန်တော်တို့ နောက်ထပ် ၃ ရက် ၄ ရက်လောက်ဆက်သွားမှ နမ့်ခမ်းဖက်ရောက်သွားမှာ၊ လမ်းမှာရွာမရှိဘူးလို့ပြောတယ်။ ဗန်းမော်ပြန်မရောက်ဘူးလားဆိုတော့ အဲဒီဘက်မဟုတ်ဘူးတဲ့ ကံကောင်းလို့ပေါ့ဗျာ။
ရွာကိုရောက်တော့ ညနေမိုးချုပ်စပြုနေပြီ တွေ့ချင်တဲ့သူလည်းမမှီတော့ဘူး၊ ဗန်းမော်ပြန်တက် သွားပြီ၊ ဗိုက်ကလည်းဆာလှပြီမို့ ထမင်းဆိုင်၊ လက်ဖက်ရည်ဆိုင်လေး လမ်းညွှန်ပေးပါဦးဆိုတော့ သူတို့ရွာမှာ ထမင်းဆိုင်၊ လက်ဘက်ရည်ဆိုင်မရှိဘူးတဲ့။ ရိုးသားဖြူစင်တဲ့ တိုင်းရင်းသားတွေရဲ့စေတနာနဲ့ တစ်ကြိမ်တစ်ခါမှ မသိခဲ့ဘူးတဲ့ ကျွန်တော်တို့ကို ထမင်း၊ ဟင်းတွေချက်ကြွေး၊ ညအိပ်ဖို့နေရာပေးပြီး၊ မနက်အပြန်မှာ စက်လှေပါ ငှားပေးကြပါတယ်။ ကျွန်တော်ဘဝမှာ ကျေးဇူးအတင်ရဆုံး၊ ခင်မင်ရဆုံးရွာကလေးပေါ့။
အခုလည်းကျွန်တော် ရွာကြီးတစ်ရွာကိုရောက်နေပါတယ်။ ရွာဆိုပေမဲ့လည်း အတော်ကလေး ပြီးပြည့်စုံတဲ့ရွာလို့ ပြောရမှာပဲ။ ရွာဘုရားပွဲလည်းကျင်းပ ပါတယ်(ဘုရားတော့မဖူးရသေးဘူး၊ ဘုရားပွဲကြော်ငြာ တာပဲ ဖတ်ရတာ။ ဆရာတော်တွေလည်းရှိပါတယ်။ သူကြီးတို့ ဆယ်အိမ်ခေါင်းတို့ဆိုတာလည်း ကျစ်ကျစ်လစ်လစ် ဖွဲ့ထားတယ်။ ရွာကွမ်းတောင်ကိုင်ဆိုတာလည်း ရှိတယ်ဗျ။ လူမှုရေးအသင်းအဖွဲ့လည်း ဖွဲ့ထားကြ တယ်။ သူတို့က ဆင်းရဲနွမ်းပါးတဲ့ ပညာသင်ကလေးငယ်တွေကို လိုက်လှူနေကြတာ။ ကိုကျော်သူရဲ့ နာရေး ကူညီမှုအသင်းလိုဖွဲ့ဦးမယ်လို့ တိုင်ပင်နေတာကြားလိုက်သေးတယ်။ အရသမ သတ်မဂဆိုတာလည်းရှိသေးတယ်။ ဓားမဦးချ တောင်သူအလုပ်အပြင် အလုပ်မျိုးစုံကိုလည်းတွေ့ရတယ်။
ဆရာဝန်တွေလဲရှိတယ်၊ အင်ဂျင်နီယာတွေလည်းရှိတယ်၊ ပင်လယ်ရေကြောင်းသွားလာနေတဲ့ ကပတိန်တွေ၊ သင်္ဘောသားတွေ၊ အင်ဂျင်နီယာတွေ၊ ဆီလောင်းတွေအများအပြားရှိကြသလို၊ ပြည်တွင်းရေ ကြောင်းမှာလဲရှိကြတယ်။ IT ပညာရှင်တွေ၊ ကုမဏီဝန်ထမ်းတွေ၊ အစိုးရဝန်ထမ်းတွေနဲ့ တပ်၊ ရဲ၊ မီးသတ်အစုံ ပါဝင်ကြပါတယ်။ စီးပွားရေးလုပ်ငန်းရှင်တွေ၊ စီးပွားရေးပညာရှင်တွေနဲ့ ဟိုတယ်နဲ့ခရီးသွားဆိုင်ရာ လုပ်ငန်းရှင်၊ ပညာရှင်နဲ့ ဝန်ထမ်းတွေ(တိုးရစ်ဂိုက်တွေအပါအဝင်) အမျိုးအစားစုံစုံလင်လင်တွေ့ရပါတယ်။ အချက်အပြုတ် အစားသောက်ဆိုင်ရာကျွမ်းကျင်သူတွေကလည်းရှိပါသေးတယ်။ ဓါတ်ပုံပညာရှင်တွေကလည်း ရှိပါဗျား။ ပညာ ရေးဝန်ထမ်း၊ ကျောင်းဆရာ၊ ဆရာမတွေလည်းရှိပါတယ်။ သယ်ယူပို့ဆောင်ရေး လုပ်ငန်းရှင်တွေလဲရှိပါတယ်။ စာရေးဆရာ၊ ကဗျာဆရာတွေနဲ့ ဝေဒပညာ ရှင်တွေလဲ မရှားပါဘူး။ ဂျလေဘီရောင်းတဲ့သူတောင်ရှိသေးတယ်။ ကုန်စုံဆိုင်၊ ဟင်းသီးဟင်းရွက်၊ သား၊ ငါးရောင်းတဲ့သူတွေလဲရှိပါတယ်။
ရပ်ရွာဓလေ့ထုံးစံနဲ့အညီ ခွက်ပုန်းခုတ်တဲ့သူတွေရှိသလို ပေါ်တင်ချိန်းပြီးဆွဲတဲ့သူတွေလည်း ရှိပါတယ်။ တစ်ချိုဆိုသောင်ပြင်မှာလွှတ်တဲ့ ရွှေဟင်္သာ ဆိုပြီး ကြွေးကြော်ကြသေးတယ်။ ရပ်ကွက်ထုံးစံအတိုင်း တရားဓမတွေဆွေးနွေးကြ၊ ငြင်းကြခုံကြနဲ့လည်းရှိပါတယ်။ တစ်ယောက်နဲ့တစ်ယောက် ခွန်းကြီးခွန်းငယ် မင်း ဘာလဲ ငါဘာလဲ ဆိုတာလေးတွေလည်း တစ်ခါတစ်လေတော့ရှိတတ်တာပေါ့။ ကိုယ်သိသမျှ ဗဟုသုတတွေ အတတ်ပညာတွေကိုလည်း ဝေမျှပေးကြပါတယ်။ သတင်းထူးသတင်းဦးဆိုလည်း နောက်မကျစတမ်း အချိန်မီ သိစေကြတယ်ဗျ။ အန္တရာယ်ရှိတဲ့ အကြောင်းအရာတွေဆိုလည်း ကြိုတင်သတိပေးတတ်ပြီး ရင်တွင်းဖြစ်၊ ရင်တွင်းဝေဒနာတွေကိုလည်း ပွင့်ပွင့်လင်းလင်းရင်ဖွင့်တတ်ကြပါတယ်။ အကူညီလိုရင်တောင်းတတ်သလို၊ ကူညီနိုင်သူတွေကလည်း မနှေးအမြန်ကူညီပေးကြပါတယ်။
အဲဒီရွာကလူတွေနဲ့ ကျွန်တော်က ငယ်ပေါင်းကြီးဖော်တွေလည်းမဟုတ်ပါဘူး၊ လုပ်ဖော်ကိုင် ဖက်လည်းမဟုတ်၊ ကျောင်းသွားဖော် ပညာသင်ဖက်လည်း မဖြစ်ခဲ့ပါဘူး။ ဒါပေမဲ့ ကျွန်တော်ရွာထဲရောက်တော့ လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်၊ ရိုးသားပွင့်လင်းကြပါတယ်၊ ရင်းရင်းနှီးနှီး ပြောဆို ဆက်ဆံကြတယ်။ ဖော်ဖော် ရွေရွေတွေ့ဆုံကြတယ်။ ကျွန်တော်အရမ်းဝမ်းသာမိပါတယ်။ ဒီရွာထဲကိုရောက်လာတဲ့ အတွက်လည်း ဂုဏ်ယူ မိပါတယ်။ ကဲအဲဒီရွာ ရောက်ဖူးကြလားဗျာ……………..
19 comments
P chogyi
April 7, 2013 at 9:05 pm
ညီငယ်တစ်ယောက်ရဲ့ မူးမူးနဲ့ပြောတဲ့စကားနောက်မှာ
ကျွန်တော် အတွေးပါးပါးလေးပေါ်လို့ရေးမိတာပါ
ဘယ်သူပြောတာလဲမမေးနဲ့ သူကမပြောရဘူးတဲ့။
etone
April 8, 2013 at 4:18 pm
မပျော့စ်လည်း မှန်းလို့ ရပါတယ် အစ်ကိုရေ ..
အိုက်လို .. မူးရင် စကားကောင်းထွက်တာ ဆိုလို့ … အဟွတ် … အဟွတ် .. ဗွတ်ဒဟီးတားယေးထင်ပါ့ … :kwi:
မောင် ပေ
April 7, 2013 at 9:28 pm
အပြင်မှာတွေ ့ကြည့်ရင်
အဝေရာ ဖက်တွေ တောင် ဖြစ်လာဦးမယ်ဗျို ့
ဟီဟိ
အရီးခင်လတ်
April 7, 2013 at 9:29 pm
ဒါဟာ သင် အခု ရောက်နေတဲ့ နေရာ ဂဇက်ရွာ ပါဘဲ။
ဒီတစ်ခါတော့ 101% မှန်ပြီ။ ဟုတ်။???? 😆
အရိပ်စစ်
April 7, 2013 at 9:34 pm
တိသလိုလိုပဲ
ဘယ်ရွာပါလိမ့်နော်
TNA
April 7, 2013 at 9:35 pm
ဒီရွာရောက်ဖို့ကော လမ်းများမှားသေးလား။ ဘာအခက်ခဲတွေများကြုံပီး မှရောက်ခဲ့ပါသလဲ။ ဟဲဟဲ ရွာကအင်တာဗျူးပါတယ်။ မောင်ကလေးဖြေဘာ။
surmi
April 7, 2013 at 10:07 pm
ဟုတ်တယ်ကိုချိုရေ
ဝင်ပြီးရင် ထွက်ဖို ့ခက်ရော….
ကျနော်ဆိုရင် အားတာနဲ ့ရွာထဲရောက်နေပါရောလား
ခုပိုပြီးသံယောဇဉ်ဖြစ်မိစေတာက ဖွဘုတ်မှာပါ ဆုံ့ဖစ်ကြတယ်လေ ။
တွေ ့နေကြလူတွေမတွေ့ရင်လည်းမေးမိတယ် ။
တကယ့်ကိုပျော်စရာရွာလေးပါပဲ
ဦးဦးပါလေရာ
April 7, 2013 at 11:17 pm
အဲဒီရွာကလေးမှာဖြင့်
ရွာသူရွာသားတွေက အားကစားဝါသနာကြီးကြပါတယ်။
ထုပ်ဆီးတိုးတမ်း၊ ကြက်ခွပ်တမ်း ကစားကြတာအပြင်
မကြာမကြာ လက်ဝှေ့ပွဲများလဲ ကျင်းပကြပါတယ်..
:harr:
ဦးကြောင်ကြီး
April 8, 2013 at 8:24 am
ချင်းတို့ရွာ
ပျင်းလို့လာ
လင်းနို့ဝါ
သင်းပျို့ကြာ
ဝင်းမို့အာ
တင်းဘို့ခါ
ဟင်းသို့မှာ
ခွင်းစို့ဗျာ..။
ကီလိုဇူးလူးဝီစကီ
April 8, 2013 at 8:33 am
ကိုချိုကြီး။
အနော်လည်း ဒီရွာမှာ မရှိသေးတဲ့ စီးပွါးရေးတစ်မျိုး လုပ်စားဖို့ အစီအစဉ်ရှိတယ်။
ခွိခွိ။
ကြံစည်တုန်းပါပဲ။
ဟိုအိမ်ဝင်လည်၊ ဒီအိမ်ဝင်လည် နဲ့ ပျော်နေလို့ စီးပွါးရှာတဲ့ ဘက်မရောက်သေးပါဘူး။
:kwi:
ဦးပါပြောတဲ့ ဂဂျားနည်းတွေဒေါ့ ဂဂျားဘူးတေးဘူး။
ပေးတမ်းလိုက်တမ်းတို့၊ တူတူပုန်းတမ်းတို့ ကစားနည်းတွေကျန်သေးတယ်။
ခုတော့ ကိုယ်ရောင်ဖျောက်တမ်း ဂဂျားနေဒယ်။
:harr: :harr:
ရွှေတိုက်စိုး
April 8, 2013 at 9:45 am
အဲဒီရွာမှာ ပုပုလေးနဲ.ချောတဲ့ ရွာသားလေးလဲ ချိတယ်လို.ကြားတယ်.. ဟုတ်သလားဟင် ကိုချိုကြီး..ဟီးဟီးဟီး..
ပီးတော့ အဲဒီရွာက သူကြီးက နှစ်လုံးပြူး မဲမဲကြီးကိုင်ပြီး ဩဇာသီးကြီးသတဲ့…….. :kwi: :kwi:
အလင်းဆက်
April 8, 2013 at 10:52 am
ကွန်တော်တော့
မ တွေ ့ရတာ ကြာပြီ ဖြစ်တဲ့
အလှမ်း ဝေးတဲ ့ ရွာက လေးဆီက
ငယ်သူငယ်ချင်းလေးကို
သတိရ သွားတယ်
အဲဒီ ရွာက လေးဆီ
အ ရောက် သွားရဦးမည်။
kyeemite
April 8, 2013 at 11:45 am
အဲဒီရွာမှာ…လက်ဝှေ့ကျော်နှစ်ယောက်ရှိသနော်…ဒိုင်လူဂျီးဒွေရောပေါ့.. :hee:
ပီးတော့လေ…ဟို..ဟို..လိင်တူချစ်သူဆိုလား..ရှိသေးရဲ့.. :kwi:
ကြီးမှမိုက်နေသူဂျီးလည်းဒီရွာမှာပဲဗျ…
ဗုံ ဗုံ
April 8, 2013 at 1:07 pm
ထို ရွာထဲတွင် အင်မတန် ယဉ်ကျေးလှပသော မိဗုံဆိုတဲ့ ကလေးမလေးတစ်ယောက်လည်း ရှိသတဲ့ :kwi:
P chogyi
April 8, 2013 at 3:31 pm
ဖတ်ရှုအားပေးသွားကြသော ဦးပေ၊ အရီးခင်လတ်၊ အရိပ်စစ်၊ TNA၊ U surmi၊ ဦးဦးပါလေရာ၊ ဦးကြောင်ကြီး၊ KZW ၊ ပုချောလေးရွှေတိုက်စိုး၊ အလင်းဆက်၊ ကိုကြီးမိုက်၊ ဗုံဗုံ တို့အားလုံးကို အထူးကျေးဇူးတင်ပါတယ်။
Mr. MarGa
April 8, 2013 at 6:09 pm
တကယ်တော့ ဒီရွာကလေး သာယာနေတာဟာ
သိကြားမင်း စောင့်ရှောက်တာကြောင့်လဲ ပါသဗျ။
သိကြား ကိုယ်တိုင်လဲ
ရွာထဲမှာပဲ ရောက်နေတာ
နတ်ပြည်တောင် သူများတွေကို လွှဲထားတဲ့အဖြစ် :kwi:
ကိုပီချိုရေ
သူငယ်ချင်းဆီကို အဲသလောက်ထိ လိုက်သွားတဲ့ ခင်မင်မှုနဲ့ ဇွဲနပဲကိုတော့ လေးစားမိပါကြောင်း။
MaMa
April 8, 2013 at 8:10 pm
ရွာကလေးမှာ…
တခါတလေ စည်ဗျောသံ တညံညံနဲ့ အလှူပွဲကို ခြိမ့်ခြိမ့်သဲသဲ ကျင်းပကြတယ်။
တခါတလေတော့လည်း ချစ်ခင်ကြည်စယ် စနောက်ကြရင်း ရယ်မောသံတွေ တလွင်လွင်ပေ့ါ။
အဲ-
တခါတလေတော့လည်း အပြိုင်အဆိုင်အနိုင်ကြဲရင်း ကလောင်စစ်ပွဲ ဆင်နွဲကြလေသည်ပေ့ါ။
နောက်ဆုံးတော့လည်း …….
မုန်တိုင်းပြီးရင် လေပြေလေညှင်းလာတယ်ဆိုသလို ရန်ဖြစ်လိုက် ပြန်ချစ်လိုက်ပေ့ါ။ :harr:
P chogyi
April 9, 2013 at 10:38 am
ရွာထဲမှာ သိကြားနဲ့ လောင်ကစားလုပ်လို့ရတဲ့ အံစာရှိတာ မရေးလိုက်မိဘူး။ စောတီးပါ။
မမ ရေ ရန်ဖြစ်လိုက် ပြန်ချစ်လိုက်ကိုက ပျော်စရာကောင်းနေတာ။
ဦး ကျောက်ခဲ
April 9, 2013 at 11:37 am
ကိုချိုကြီးရေးတာဖတ်မိမှ ကျောင်းသားတုံးက တောတိုးတာအမှတ်ရမိတော့တယ် ခင်ဗျ…
အ ဟမ်း… မောင်ကျောက်ကတော့ အလုပ်ခွင်ပြန်ရောက်သွားပြီမို့ ခွက်ပုန်းလည်းခုတ်မရတော့သလို…
ခွန်းကြီးခွန်းငယ် ငြင်းရတာက နိစ္စဓူဝမို့ ” ဝေယာမနိ ” ဝေးဝေးက ရှောင်ပါ၏…
ဟီ ဟိ… မြှောက်ပဲပေးတာ…
:harr: