Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

သောကြာညို၏ အကျနေ့ မှတ်တမ်း

marblecommetApril 14, 20131min60919

သကြ်န်ဟူသော ဝေါဟရ အဓိပါယ်ကို အမျိုးမျိုးပြောကြ၏။ ထိုအထဲကမှ သင်္ကြန်ဟူသည် “သင်္ကန”္တ၊ သက္ကတလို ” သင်္ကြန္တ ” က ဆင်းသက်လာသည် ဟူသတတ်။
ကူးပြောင်းခြင်းဟူ အနက်ရသည် ဟူလို။ အနှီ ကောဇာသက္ကရာဇ် ၁၃၇၄ ခုနှစ် တန်ခူးလဆန်း ၄ ရက်၊ ခရစ်သက္ကရာဇ် ၂၀၁၃ ဧပြီ ၁၄ ရက်၊ ဆန်းဒေးသည်ကား သင်္ကြန်စကျလေပြီ။ အကယ်တန္တု ယခု သည်နေ့မှာ ကျွန်ုပ် သောကြာညို တစ်ယောက် လောကတံထွာ အလုပ်တာဝန်များအားလုံးကို ရပ်နားပြီးသကာလ (၃)လွှာသော အသိုက်အမြုံထောင့်ကျဉ်းအခန်းကလေးတွင် အမေ့ခံခရီးသည်(ပါရဂူ)ဟူဘိသော ဘုတ်အုပ်ကို လှန်လှောကာ စည်းစိမ်တည်းဟူသော ချမ်းသာသုခကို ခံစား၊ ခံယူရန် အလို့ငှာ
အစပျိုးလိုက်စဉ်မှာပဲ……..
“တေးတေးလေးပဲလား…..
ကြီးကြီးလား …
တေးတေးကြီးကြီးလား”
…….
“အပြာရောင်လေး..အဝါရောင်လေး
……….
ရေစိုခံပျိုမေတွေရယ် အလှကတိုး
ဒီမဏ္ဍပ်က လာစို့…”

………
”အိုပါ ဂုတ်ကျား စတိုင် ယို့ယို့..”
….
“နို့ဆီခွက်နဲ့ ရေထဲလောင်း အား….အား..”
ဟူသည့် အရပ် (၁၆)မျက်နှာမှ အသံများ စုပြုံထွက်ပေါ်လာကြရာ အဟံ ကျွန်ုပ် သောကြာညိုခေါ် သူတော်ကောင်း ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်မှာ
စည်းစိမ်တည်းဟူသော နားနေအိပ်စက်ချမ်းသာသုခနှင့် ကံမစပ်ဟု မှတ်ယူမိချေပြီးသကာလ ထိုထို အသံလာရာ အရပ်တပါးများသို့ လမ်းသလားရန်ကိုသာ ဆုံးဖြတ်လိုက်ရချေ တော့ပြီ တမုံ။
………..
………
ထို့သို့ ကျွန်ုပ်၏ အသိုက်အမြုံလေးတွင်နားနေခြင်းအမှုကို မပြုနိုင်စေရန် ပတ်ဝန်းကျင်က နှိပ်စက်ကလူပြုချေမှတော့ ၂၀၁၃ တည်းဟူသော ၂ နှစ်ပြည့် ခေတ်သစ် အစိုးရ၏ မဟာသင်္ကြန်တော်ကြီးကို တစေ့တစ်စောင်း စေ့ငုရန် ကျွန်ုပ် အောက်သို့ ဆင်းတော်မူချေတော့မည်။ သို့မို့ကြောင့် လိုအပ်သော ကိရိယာ တန်ဆာပလာများကို ဆင်မြန်းရာ ၂၅၀ဝ တန် တံဆိပ်မပါသော ဘောင်းဘီတိုကို ကောက်စွပ်၏။ မွေးသမိခင်လာတုန်းက ဆင်မြန်းပေးသွားသော မြင်းခေါင်းစွပ်ကျယ်ကို ထပ်မံကောက်စွပ်ပြန်၏။ သင်္ကြန်နေရစို သောအခါ ချမ်းအေးမှုဒဏ်မှ ကာကွယ်ရန်အတွက် ဘီအီးတစ်လုံးစာ ၅၀ဝ ကျပ်နဲ့ မချစ်စု သရက်သီး တစ်ထုတ်စာ ၂၀ဝ ကျပ် ပေါင်း ၇၀ဝ ကျပ်ကို ဘောင်းဘီ အိပ်ထဲသို့ ထိုးသွင်းပြန်၏။ ပြီးချေပြီ အို အသင်မဟာသင်္ကြန်။ ကျွန်ုပ်ကို အရှင်လတ်လတ် ဆီးကြိုပါလင့်။
………..
အံ့စွ အဆွေ….သပူရိသအပေါင်း သူတော်ကောင်းရို့…။ တပေါင်းလ လက်ပံတစ်ပင်လုံး ရဲကနဲ နေအောင်ပွင့်ထားသလိုမျိုး။
ဝါဆိုလမှာ တောင်ပို့တစ်ခုလုံး ဗြုတ်ထအောင် စူထွက်လာကြတဲ့ ဝါဆိုမှိုလိုမျိုး။ တကတည်း
သင်္ကြန်ရောက်တော့မှ ကျွန်ုပ် သေကြာညို တို့ရဲ အမိနိုင်ငံတော်၊ အဖ တိုင်းပြည်ကြီးမှာ အဆိုတော်တွေ ဒီဂလောက် ပေါမှန်း သိရပါတော့၏။
နေဝင်ရီတရောမှာ ပလူကောင်လေးတွေ စီရရီ ထွက်လာကြသလို
အနုပညာလောကထဲကို အနုပညာလောကထဲကို အိမ်ရှေ့ခန်းကရော၊ နောက်ဖေးပေါက်ကရော၊ ခွေးကတက်ကရော၊ ခွေးတိုးပေါက်ကရော၊ ဘကြီးမိုက် ထန်းပင် မိုးကြိုးပစ်ခံရတဲ့ နှစ်ကရော၊ ဘကြီးဘလက် လှည်းဝင်ရိုးအသစ်လဲတဲ့နှစ်ကရော၊ မွတ်ကရား ဦးဆာမိ ဂျလေဘီ ကန်ပနီ တည်ထောင်တဲ့နှစ်ကရော၊ လူပျိုကြီးကျောက်ရဲ့ နှလုံးအံဝှက်လေး လော့ပွင့်သွားတဲ့နှစ်ကရော အနုပညာလောကထဲကို ဝင်ရောက်လာကြတဲ့ ရွက်ပုန်းသီး၊ ရွက်ဘွန်ဇိုင်းသီး၊ ရွက်သက်ကြီးပု၊ ရွက်သက်ကျားအိုအနုပညာရှင်တွေ ဟိုက သည်က ထွက်လာလိုက်ကြတာ …မြို့တော် ရေကစားမဏ္ဍပ်တစ်လျှောက်လုံး သင်းရို့ အသံသာ ကမ္ဘာတုန်အောင် ဟည်းညံလို့သာလျှင်တည်း။
………..
……..
အနှီသို့ ကျွန်ုပ်လည်း ဘီအီးတစ်လုံး၊ မချစ်စု သရက်သီး ငံပြာရည်ဆမ်းတစ်ထုပ်နှင့် တွဲဖက်သုံးဆောင်ရင် လှည့်လည်လမ်းသလားနေစဉ် မိုက်ခရိုဖုန်းကိုင်ထားသော လုလင်ပျို ၂ ယောက်နှင့် ကင်မရာကြီးတစ်လုံးကိုထမ်းကာ ကျွန်ုပ်အား ချိန်ထားသူ တစ်ဦးတို့ ကျွန်ုပ်ရှေ့သို့ ရုတ်တရက်ပေါက်ချလာကာ အောက်ပါမေးခွန်းများကို မေးချေ၏။
“မွင်ဂါဘာ အစ်ကို
ကျော်တို့ အာကာမှောင်ကပါ
အစ်ကိုအနေနဲ့ အခုလို မဟာသင်္ကြန်ကို ဆင်နွှဲနေရတဲ့ခံစားမှုလေးကို
ညီလေးရင်ထဲက ခံစားချက်တွေကို အာကာမှောင်ပရိသတ်ကြီးသိအောင်
ပြောပြပေးပါညီလေး” ဟူလို မေးချေ၏။
သို့အခါ အကျွန်ုပ် ကလည်း
“အေး…အခုလို နှစ်သစ်ကူး အခါသမယမှာ
လက်ယာက ဘီအီး၊ လက်ဝဲက မချစ်စုကို ကိုင်လျက် လက်ဝဲလက်ယာ လမ်းနှစ်ဖြာကြိုက်ရာကတက် သေ….ပန်းစားဘီလူး(အဲလေ ယောင်လို့)
မချစ်စုကို ကိုင်စွဲ မှီဝဲလျက် တစ်နှစ်ပတ်လုံး မြုံလာခဲ့ကြရသမျှ သင်္ကြန်အခါသမယမှာ မြင်းဇောင်းက လွှတ်လိုက်သည့်ပမာ၊ ကုန်းက ထကြွကြသည့် ပျိုမေတို့၏ လှုပ်ရှားပုံများကို ကြည့်ရှုရသည်မှာ လွန်စွာနှစ်ထောင်းအားရ ဖြစ်မိပါကြောင်း” ပြန်လည်ဖြေကြားရာ….
၎င်းကပင်.
“အခုလို ဖြေကြားပေးတဲ့ အစ်ကို ကို ကျော်တို့ အာကာမှောင် အဖွဲ့သားများက အထူးပင်ကျေးဇူးတင်ပါတယ် ညီလေးရေ့”
ဟု ပဋိသန္ဒေရ (ဟုတ်ပေါင်) ပဋိသန္တာရ စကားကို ဆိုချေရာ
ကျွန်ုပ်ကလည်း
“အခုလို ကျွန်ုပ်ကို မေးမြန်းပါတဲ့ အစ်ကို၊ ဘကြီး၊ ညီလေး ၊အေပေး ဖိုးသခွားလေးကို
ကျေးဇူးအထူးတင်ရှိပါကြောင်းနှင့် ညီလေး အစ်ကိုမင်းဖအေက တောင်းဆုပြုပါတယ်” လို့
ပြန်လည်ပြေကြားပေးရတာပါ ဗျာရယ်….။

……
ကျွန်ုပ်၏ ကိုယ်အတွင်းသို့ ဘယ်ညာနှစ်ဘက်မှ ဖွေကရာ နှစ်မျက်တို့ အတန်အသင့် ဝင်ရောက်လာချေပြီးသောအခါ ကျွန်ုပ်မှာ ရိုးတိုးရွတ ဖြစ်လို့ လာချေ၏။
မဏ္ဍပ်ထိုထို တို့အပေါ်ကလည်း အနှီ အဆိုတော်ဟု ဆိုကြသည့် ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်များ၏ အခိုင်းအစေကို လုပ်ပေးရသည်မှာလည်း ကျွန်ုပ် တစ်ကိုယ်လုံးနားရသည်လို့ပင် မရှိပါချေ အဆွေစာရှုသူ မိတ်ဆွေရို့ငဲ့လေ….။
စင်ပေါ်က အဆိုတော်သငယ် တစ်ယောက်က
“ ကဲ ပရိသတ်ကြီး ခုန်ကြစမ်း”
ဟု ခိုင်းချေရာ အောက်မှ ကျွန်ုပ်တို့ ပရိသတ် ခုန်ကြရ၏။
“ကဲ ပရိသတ်ကြီး အားလုံး လိုက်ဆိုကြ”
ဟု ဓမ္မကထိက တစ်ယောက်၏ ဟန်ပန်နှင့် ညွန်ကြားပြန်ရာ သူတိုင်ပေးရာသု့ိ
လိုက်မြွတ်ဟရပြန်ချေ၏။
“ခင်ဗျားတို့ လက်ခုပ်တွေက ဘာလုပ်ဖို့ထားလဲ”
ဟိန်းဟောက်ပြန်ရာ အလန့်တကြားပင် လက်ခုပ်တီးပေးကြရပြန်ချေ၏။
“ကဲ ပရိသတ်ကြီး ဖြေစမ်း သင်္ကြန်တွင်း ဘာလိုသေးသလဲ”
ဟု ဆိုချေပြန်ရာ ဦးနှောက်ကို အပြေးအလွှားစဉ်ုးစားကြရပြန်၏။ မသိချေ။ မသိပါချေ။ ထိုအခါ သင်းကပင်
သင်္ကြန်မှာ အချမ်းပြေ ထွေးပွေ့ဖို့ ချစ်သူ တစ်ယောက် လိုဘိ၏ ဟူသတတ်။ ၎င်း သီဆိုမည့်သီချင်းက
“လိုအပ်အချစ်”
ဟူလို…။
အော် ဒုက္ခ ဒုက္ခ။ ခက်တော့ နေချေကပြီ။ ကျွန်ုပ်မတတ်နိုင်တော့ပြီ။ သင်းရို့ တစ်ယောက်ပြီး တစ်ယောက်၊ ခုန်ခိုင်းလိုက်၊ ကခိုင်းလိုက်၊ လက်ခုပ်တီးခိုင်းလိုက်။
အော်ခိုင်းလိုက်၊ တစ်ဖန် ဉာဏ်စမ်းလိုက်နှင့် ရူးရချေတော့မည်။ ကိုယ်လက်တွေလည်း မလှုပ်ရှားနိုင်တော့၊ မသယ်နိုင်တော့အောင်ဖြစ်ရချေပြီ။ သို့ကြောင့်မို့ ကျွန်ုပ်လည်း ကိုယ့်အခန်းကိုယ်ပြန်ပြီးတော့သာ ဘီအီးနောက်တစ်လုံး၊ နှမ်းဖတ်ချဉ် ဆီရွှဲရွှဲနှင့်သာ ဥ ပါတော့မည်ဆိုသည့်အကြောင်း…..
……….
သောကြာညို
၁၄ . ၄ . ၂၀၁၃
စူပါဆန်းဒေး…

19 comments

  • ဦး ကျောက်ခဲ

    April 15, 2013 at 8:48 am

    ကိုရင်ကမ်း…
    မချစ်စုသရက်သီးလေး တစ်ကိုက်လောက်….
    စင်ပေါ် စင်အောက်သရုပ်ဖော်ကိုဖတ်ပြီး… ပြုံးမိသွားတယ်…
    ဟုတ်ပါ့ဗျာ… လူတွေများ သည်း သည်းလွန်းတယ်…
    တချို့တွေများ ကိုယ့်မိဘမွေးနေ့သာမသိရှိရမယ်…
    သူရို့ကြိုက်တဲ့အဆိုတော်တွေရဲ့မွေးနေ့ကြတော့ အမှတ်တရဗျ… အားဟိ
    :harr:

    • ကီလိုဇူးလူးဝီစကီ

      April 15, 2013 at 11:13 am

      ဘတ်စကား ပြောသလဲ ဖေကြီးကျောက်။
      By Heart ဆိုတာမကြားဖူးဘူးလား။ ဟွန့်။
      ဦးနှောက်နဲ့ မှတ်တာဟုတ်ဘူးတော့။
      အတဲနလုံးနဲ့ မှတ်တာ။ တမင်မှတ်တာမဟုတ်ပဲ မှတ်မိနေတာ။
      ဘာမှတ်လဲ။
      :harr:

      မောလိုက်တာ။ ရှင်းပြရတာ။
      တဂလုလောက် ကိုကမ်း။
      (ရေ) :mrgreen:

      • ဦး ကျောက်ခဲ

        April 15, 2013 at 11:30 am

        အေးဗျာ… မရည်ရွယ်ပဲ တိုက်တိုက်ဆိုင်ဆိုင်ဖြစ်သွားတာ…
        ခွေးလွှတ်ပါအေ… ဟီ ဟိ
        အီကြာကွေးရေစိမ်ရုပ်ကို ကြိုက်သူများလည်းရှိပေသကိုး…
        သားလေးမွေးရင် ” ? ” နာမည်ပေးမယ်ဆိုတဲ့ သူနဲ့မှ တွေ့တတ်ပလေတယ်…
        :harr:

  • ဦးကြောင်ကြီး

    April 15, 2013 at 10:18 am

    ကိုရင်ကမ်း
    လိုချင်စမ်း
    ဖိုသင်တန်း
    ပျိုမြင်နမ်း
    အိုလျင်ထမ်း
    ဗိုလ်ဝင်ဖမ်း
    ချိုချဉ်ငမ်း
    ဟိုစဉ်လွမ်း…။

  • ရွာစားကျော် မင်းနန္ဓာ

    April 15, 2013 at 10:56 am

    မရမ်းသီးနဲ့ မြန်မာဘီယာ ယူအုံးမရား ကိုကမ်း…

  • amatmin

    April 15, 2013 at 11:18 am

    ကျုပ်လည်း အိမ်မှာ တကို်ယ်တည်းရယ်မို့ …
    ဘိုကမ်းပြောတဲ့ အင်တာဗျူးဆြာ တွေ နဲ့ ရေတက်ဦးငါးဇင်ရိုင်း
    အဆိုတော်တွေ ရှိတဲ့ ရုပ်ရှင်ချန်နယ်ကြီးပဲ လှည့်ပတ်ကြည့်နေရတာ. 🙂
    ခုချိန်ထိတော့ နေပြင်းလွန်းသလို တစုံတယောက်ကလည်းပြောထားလို့ မသောက်နိုင်သေးဘဲ.. သရက်သီးသုပ်လေးစား.ငါးခြောက်ဖုတ်လေးဝါးရင်း.
    ရေနွေးကြမ်းခွက်လေးနဲ့.ရွာလည် နေတုန်းရယ်..
    :kwi:

    • ကထူးဆန်း

      April 15, 2013 at 11:24 am

      အလဲ့… တစုံတယောက် က ပြောထားလို့ ဆိုပါလား .. :hee:
      မငြာ ရဘူးနော် ..ခွေး သရေပိုက်ထဲ ပါသွားမယ် … သင်္ကြန်တွင်းကြီး .. :kwi:

    • ကီလိုဇူးလူးဝီစကီ

      April 15, 2013 at 11:28 am

      အဟွတ်။ အဟမ်း။ အဟု။
      ဪ။
      ပြောပါမယ်ဆိုမှ ဒီ ချောင်း ကတော့။ :mrgreen:

      ဘာရယ်။ တစ်ယောက်တည်း???
      ဘာရယ်။ တစ်စုံတစ်ယောက် ပြောထားလို့???
      ဘာရယ်။ မသောက်ဘူး???
      ဘာရယ်။ ရေနွေးကြမ်း???
      :harr: :harr:

      • amatmin

        April 15, 2013 at 8:49 pm

        အော်.. မေ့လို့ရယ်
        တစုံတယောက်ကို ခွက်ဒစ်မပေးမိလို့..
        ချောင်းဆိုးနေတာထင့်.. 😛
        စိတ်ပူပါနဲ့.. တစုံတယောက်ချင်းမရောစေရပါဘူးရယ်…
        :kwi:

  • မိုက်ကယ်ဇီးနစ်သ်နိုဗန်ဘာ

    April 15, 2013 at 11:30 am

    တစုံတယောက်ကတော့ ဖလမ်းဖလမ်းထနေပါတယ်ကွီ

    အသီးနာနွန်းနွန့်

  • kai

    April 15, 2013 at 1:46 pm

    အရင်နှစ်တွေက..သင်္ကြန်ဆိုတာ.. ဆင်ဆာကို..အံတုပြီး.. (ပစ္စည်းမဲ့ဒေါသသဘောမျိုးနဲ့)ကန်ထွက်တာ..
    အခုနှစ်ထဲမှာ.. ဗီဒီယို.. စာစောင်ဂျာနယ်..ဓာတ်ပုံ.. ဆင်ဆာတွေလျှော့လာတော့…
    (ပုံသေနည်းအတိုင်းဆို…) သင်္ကြန်မှာ” ဟော့”တာတွေ.. အရင်နှစ်ထက်စာရင်.. ကျလာရမယ်…
    နောက်နောင်နှစ်တွေမှာ.. ပိုနည်းနည်း.. သွားရမှာပါ…
    အိုဘယ့်…
    လွတ်လပ်ခြင်းရဲ့အရသာ…။ :harr:

  • ကပ္ပိယ မောင်ကြီး

    April 15, 2013 at 2:41 pm

    အရမ်းဟော့တဲ့မဏ္ဍပ်ရှေ ့မှာ
    တုန်ခါနေတဲ့ ပေါက်ဆီများကိုမော်ကြည့်ရင်း
    ဘီယာတစ်ခွက်၊ငမုန် ့ကြော်တစ်ချပ်နဲ ့
    သင်္ကြန်အတက်ဆီသို ့ဆက်လက်ချီတက်ချင်စမ်းပါငဲ့လေ။

    • နေဝန်းနီ

      April 15, 2013 at 8:30 pm

      ပေါက်စီ မော်
      ကောက်ပြီးကြော်
      ရောက်ပြီးသော်
      အပေါက်ကြီးနော်

  • သေချာတယ်နော် …
    ဘီအီး တစ်လုံး နဲ့ပဲ ဥမှာ …
    တစ်လုံးထဲဆို ကျုပ်တော့ဖြင့် မထင် ဟင် ဟင် …. :mrgreen:

    စကားမစပ် …
    လူဒွေ လူဒွေ သူရို့ ဂျစ်တဲ့လူ ခိုင်းရင်
    ခိုင်းတယ်လို့ကို မထင်ဂျဒါ …
    အတော်ဒေါ့ ထူးဆန်းဒလိုဘာဘဲလား …. 🙄

  • မောင် ပေ

    April 17, 2013 at 9:17 pm

    သင်္ကြန်အတက်နေ ့ည
    စကိုင်းနက်ကနေ
    သင်္ကြန်မဏ္ဍပ်မှာ အနုပညာရှင်တွေ ဖျော်ဖြေတာတွေကို တိုက်ရိုက်လွှင့်တာ ခဏကြည့်မိတော့
    ရဲဘော ပြောတဲ့အတိုင်း
    ပရိသတ် ကို ဆိုပြတာနဲနဲ ပြန်ဆိုခိုင်းတာများများ
    လေပါအိ

  • အဆင်ပြေရင်လက်ခုပ်သံလေးတွေကြားချင်ပါတယ်………………….
    ရော့………………..
    ဘုန်း………………..
    အင့်
    (ရေသန့်ဘူးဖြင့် အားပေးလိုက်ပါသည်)

  • MaMa

    April 18, 2013 at 6:18 pm

    ပင်ကိုယ်ကတော့ သူတော်ကောင်းလေးပါပဲ။
    ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှု့ဒါဏ်ကြောင့် သူ့ခမျာ ခေတ်ရေစီးကြောင်းထဲ စီးမျောဝင်ရောက်ရရှာပေတယ်။ :kwi:

  • Shwe Ei

    April 19, 2013 at 10:13 am

    မမကမ်းးးး ရောက်ရာအရပ်က အမြန်ဆက်သွယ်ဘာ….
    ကိတ်စ အရေးကြီးတယ်…..ဒါဗြဲ

  • marblecommet

    April 22, 2013 at 12:42 pm

    ကျနော့်ရဲ့
    ပေါက်ကရ စာစုကို အဝှါပြုကြတဲ့
    မိတ်ဆွေများ ကျေးကျေးပါ…
    ရွာထဲရော
    အွန်လိုင်းရော
    သိပ်မရောဖြစ်တော့လို့ပါဗျို့….
    …..
    (အဝှါပြု = မန့်)

Leave a Reply