Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

Passport လျှောက်မယ်ဆိုရင်

Normal
0

false
false
false

EN-US
X-NONE
X-NONE

/* Style Definitions */
table.MsoNormalTable
{mso-style-name:”Table Normal”;
mso-tstyle-rowband-size:0;
mso-tstyle-colband-size:0;
mso-style-noshow:yes;
mso-style-priority:99;
mso-style-qformat:yes;
mso-style-parent:””;
mso-padding-alt:0in 5.4pt 0in 5.4pt;
mso-para-margin-top:0in;
mso-para-margin-right:0in;
mso-para-margin-bottom:10.0pt;
mso-para-margin-left:0in;
line-height:115%;
mso-pagination:widow-orphan;
font-size:11.0pt;
font-family:”Calibri”,”sans-serif”;
mso-ascii-font-family:Calibri;
mso-ascii-theme-font:minor-latin;
mso-hansi-font-family:Calibri;
mso-hansi-theme-font:minor-latin;}

ဒီအဖိုးကြီး ဘာမဟုတ်တဲ့အကြောင်းရေးပြီး သက်သက်ဘော်ချက်တယ်လို့ထင်ရင်လဲ ထင်ကြပါ…

အခုတစ်လော အစိုးရပိုင်းကလဲ တစ်ချို့နေရာတွေမှာ ပြုပြင်ပြောင်းလဲရေးတွေလုပ်နေတော့..

မတော်မတဲ့လေးတွေတွေ့တဲ့အခါ ခပ်ပါးပါးလေး(မှိုချိုးမျှစ်ချိုး)ဝေဖန်စရာရှိဝေဖန်ရသလို

တိုးတက်လာတဲ့ အကောင်းဖက်ပြောင်းလာတဲ့အချက်ကလေးတွေလဲ ရှာကြံချီးကျူးချင်လို့ပါဗျို့…။

 

ဆိုတော့ကာ ….

ခင်ဗျားတို့ကျုပ်တို့တစ်တွေ တစ်ယောက်နဲ့တစ်ယောက် အကဲဖြတ်ရာမှာ

ပိန်သွားတယ်..၊ ဝလာတယ်…၊ ပိုလှလာတယ်…၊ ပိုနုသွားတယ်…၊ စသည်ဖြင့်ပြောဆိုကြတာတွေက

အရင်တုန်းက ဘယ်လောက်ဝထား၊ ဘယ်လောက်ပိန်နေ၊

ဘယ်လောက်ရုပ်ဆိုး၊ ဘယ်လောက်ရင့်ထော် နေခဲ့ဘူးတာတွေနဲ့ နှိုင်းယှဉ်ပြောကြတာဖြစ်လို့ –

ဒီအစိုးရသစ်လက်ထက်မှာ တိုးတက်ကောင်းမွန်လာတာတွေထဲက

အထင်ရှားဆုံး အရင်ကနဲ့အကွာခြားဆုံးကိစ္စကိုပြောရရင် passport လျှောက်တဲ့ကိစ္စကို လက်ညှိုးထိုးရမှာပါပဲ..။

ပါလေရာတို့ ပထမဆုံး passport လျှောက်တာ 1995 ခုနှစ်လို့ထင်တာပါပဲ…။

အဲဒီတုန်းက ပတ်စပို့လျှောက်ဖို့ကို ပွဲစားနဲ့ မလုပ်ရင်  လုံးဝကို အဆင်မပြေတာပါ။

အဲဒီတော့ ပတ်စပို့လျှောက်မယ်ကြံရင် ဘယ်ပွဲစားက မှန်တယ်ဆိုတာကို အရင်လျှောက်ဖူး ရဖူးသူတွေဆီက စုံစမ်းမေးမြန်းအကြံတောင်းတာက စရတာပါနော…။

ပြီးတော့မှ အဲသည်ပွဲစားကိုသိတဲ့သူနဲ့တွဲပြီး သွားတွေ့၊ အလုပ်အပ်ရပါတယ်။ပွဲခက အဲသည်တုန်းက ရေခဲသေတ္တာတစ်လုံးဖိုးလောက်ရှိတယ်ထင်တာပဲ။ အဲသည်မှာမှ ဘာတွေမှန်းမသိတဲ့ လျှောက်လွှာပုံစံတစ်ထပ်ကြီးကိုဝယ် (ဆယ့်ခြောက်မျက်နှာရှိတယ်မှတ်တာပဲ၊ နှစ်စုံဆိုတော့ သုံးဆယ့်နှစ်မျက်နှာပေါ့)၊ သူ့ရှေ့မှာ သူ့လမ်းညွှန်ချက်နဲ့ဖြည့်၊ ဘာဖြည့်ထားတယ်ဆိုတာမှတ်မိအောင် ကိုယ့်အတွက်မိတ္တူတစ်စုံပြန်ဆွဲပြီး လျှောက်လွှာတင်ရတာပါ။

အဲသည်တော့ ပထမနေ့မှာ ပွဲစားတွေ့၊ ပွဲစားအပ်၊ ဒုတိယနေ့မနက်စောစောသွား လျှောက်လွှာဝယ်ဖြည့် ၊ နေရာပေါင်းများစွာ မှာ တန်းစီစောင့်၊ တန်းစီတိုး ၊ ကောင်တာတိုင်းမှာ ပွဲစားလက်ကိုပိုက်ဆံပေး၊ ပွဲစားက ဟိုကိုတစ်ဆင့်ပေး…

မနက်စောစောသွားလုပ်ရင် အစောဆုံးနေ့လည်နှစ်နာရီလောက်မှာ လျှောက်လွှာတင်ပြီးစလစ်ရပါတယ်။ အဲသည်မှာ အဲသည်လျှောက်လွှာတွေကိုစီစစ်တဲ့ ပထမဘုတ်ဆိုတာကို အနဲဆုံးတစ်လခွဲစောင့်ရပါတယ်။ ပထမဘုတ်မှာ ကိုယ့်အမည် ပါမပါကို တစ်လခွဲအကြာကစပြီး တစ်ပတ်နှစ်ခါ မှန်မှန်ကြီး သွားပြီး တိုးဝှေ့ကြည့်ရပါတယ်။ ကျောင်းတွေမှာအောင်စာရင်းကပ်သလို သုံးထပ်သားဘုတ်တွေမှာ နာမည်စာရင်းစာရွက်တွေကပ်ပြီး ပလက်ဖေါင်းပေါ်မှာ ကြေညာထားတာပါ။ ကိုယ့်နာမည်ပါတဲ့စာရွက် ကိုယ်မဖတ်ရခင် သူများဖြဲသွားလို့ ဘုတ်ပါရဲ့သားနဲ့ ပတ်စပို့ဆက်မလျှောက်ရတာတွေ အများကြီးပါ။ ပါလေရာအလှည့်မှာတော့ စလျှောက်ပြီး သုံးလလောက်အကြာမှာ ဘုတ်ပါ ပါတယ်။

အဲသည်တော့မှ အဲသည်အမှတ်ကို မှတ်သားပြီး ကိုယ့်ပွဲစားကိုပြန်ဆက်၊ နယ်မှာ ပုံစံဆယ့်ခွန်ပြန်လုပ်၊ ဘဏ်ငွေသွင်း၊ လျှောက်လွှာပြန်တင်၊၊ ပုံစံဆယ့်ကိုးလုပ်၊ အင်တာဗျူးဝင် – အဲဒါတွေပြီးတော့မှ ပတ်စပို့ထုတ်ဖို့ စလစ်ထွက်ပါတယ်။

အဲဒါတွေက ရေးတော့သာ တစ်ကြောင်းထဲ -လုပ်ရတာက လေးရက်ပြည့်ပြည့်ကို ထမင်းလေးနပ် အငတ်ခံပြီးလုပ်ရတာပါ။

အဲဒါတောင် ကိုယ့်ပညာရေးကို (ပွဲစားကခိုင်းတဲ့အတိုင်း) ရှစ်တန်း ကိုးတန်းနဲ့လိမ်ပြလို့ ဒီလောက်နဲ့ပြီးတာပါ..။

အဲသည်ဒုက္ခသုက္ခပေါင်းများစွာကို ကျော်ဖြတ်ပြီး စလျှောက်တဲ့နေ့က လေးလခွဲလောက်အကြာမှာ ပတ်စပို့ကိုယ့်လက်ထဲရောက်ပါတယ်။

အဲဒါကတော့ လုံးဝမေ့ထားလိုက်ချင်ပြီဖြစ်တဲ့အတိတ်က ဒုက္ခတွေပါ။

 

ဟိုတစ်လောကတော့ ရွာထဲကအမတ်ကြီးနဲ့တွေ့လို့ ပတ်စပို့လုပ်ရတာ အဆင်ပြေကြောင်းပြောတာနဲ့ –

ကိုယ့်စာအုပ်ကလဲ သက်တမ်းကုန်ခါနီးလို့ သက်တမ်းသွားတိုးဖြစ်ပါတယ်။

အရင်နဲ့စာရင်  လွယ်ကူချောမော အဆင်ပြေလွန်းလှတာတွေ့ရပါတယ်။

 

အစက စပြောရရင်-

ပတ်စပို့လျှောက်ဖို့၊ မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်း နဲ့ ပိုက်ဆံနှစ်သောင်းငါးထောင်ကိုးရာပဲ ကုန်ပါတယ်။

လုပ်ရမှာက ရုံးထဲဝင်၊ ဓါတ်ပုံဖိုးနဲ့ဖေါင်ဖိ်ုး 3200 သွင်း၊ ဖေါင်ထုတ်ပေးတဲ့သူဆီမှာ ဂျာနယ်တစ်ထောင်နဲ့ဝယ် (မဝယ်ရင်လဲရပါတယ်။ ဒါပေမယ့် ဝယ်ပါ။သူတို့ရံပုံငွေပါ။ ဒီလောက်ပိုက်ဆံလေးကို မကပ်ပါနဲ့)

ဓါတ်ပုံရိုက်ဖို့တန်းစီ ဓါတ်ပုံရိုက်၊ ဓါတ်ပုံရွေးဖို့စောင့်နေတုန်း ဖေါင်ဖြည့် (သုံးရွက်ထဲပါ) လေးဆယ့်ငါးမိနစ်အကြာမှာဓါတ်ပုံရွေး

မှတ်ပုံတင်နဲ့အိမ်ထောင်စုစာရင်းကို အခန်းဝမှာတင် လွယ်ကူစွာ မိတ္တူကူးပြီး လဝက ကောင်တာမှာ စစ်ဆေးခံ၊ သက်တမ်းတိုးဆိုရင်တော့ စစ်ဆေးခံစရာမလို၊

ပြီးရင် ဘဏ်မှာ နှစ်သောင်းသွင်း၊ ဘဏ်စလစ် ပြန်စောင့်ယူ

ပြီးရင် အဆောက်အဦ တစ်ဖက်ခြမ်းမှာ ပုံစံစီ ၊ စီပေးတဲ့ရဲဝန်ထမ်းကို ငါးရာ / တစ်ထောင်ပေး(မပေးလဲရပါတယ်။ ဒါပေမယ့်ပေးပါ၊ အဲဒါလာဘ်ပေးတာမဟုတ်ပါ၊ သူတို့စိတ်ပါလက်ပါစေတနာနဲ့လုပ်ပေးတာအတွက် လက်ဆောင်ပေးတာပါ။အဲသလို ပုံစံစီပေးတဲ့အတွက် ကိုယ့်လျှောက်လွှာမှာ အမှားအယွင်း အကျအပေါက်ရှိရင် သူတို့က ထောက်ပြပြုပြင်ပေးပါတယ်။ သူတို့အတွက်လဲ စံနစ်တကျစီထားတဲ့ပုံစံကို ဆက်လုပ်ရတာမို့ အဆင်ပြေချောမွေ့ပါတယ်)

ပြီးရင်တော့ လျှောက်လွှာတင်တဲ့အခန်းမှာ လျှောက်လွှာထပ်၊ ဆယ့်ငါးမိနစ်လောက်စောင့်၊ ကိုယ့်နာမည်ခေါ်ပြီး လိုတာမေးစီစစ်ပြီးရင် ခဏထပ်စောင့် ၊ ကိုယ့်နာမည်ထပ်ခေါ်တဲ့အခါ လက်မှတ်ထိုးလက်ဗွေနှိပ်၊ ခဏထပ်စောင့်ပြီးရင် ပတ်စပို့ထုတ်ဖို့ စလစ်ခေါ်ပေးပါတယ်။

အဲသည်စလစ်မှာ ဘယ်နေ့လာထုတ် ဆိုတာပါ တစ်ခါတည်းရေးထားပါတယ်။

ပတ်စပို့ထုတ်ရမယ့်နေ့မှာ ရုံးသွား – ကိုယ့်စလစ်ပြပြီး ထုတ်လို့ရမရ ကွန်ပျူတာစစ်၊ တုံးထု၊ မုန့်ဘိုးနှစ်ရာပေး(မပေးလဲ ရပါတယ်။ မပေးတာများပါတယ်။ ဒါပေမယ့်ပေးပါ၊ အဲဒါလာဘ်ပေးတာမဟုတ်ပါ။ ကိုယ့်ကို အဆင်ပြေချောမွေ့အောင်လုပ်ပေးတာမို့ မုန့်ဘိုးပေးတာပါ)

အဲသည်စလစ်ကိုမိတ္တူတစ်စောင်ကူး၊ ပတ်စပို့ထုတ်ပေးတဲ့အခန်းမှာ စုံစမ်းရန်ကောင်တာမှာစလစ်ပေး၊ ခဏထိုင်စောင့်ပြီးရင် ကိုယ့်နာမည်ခေါ်ပြီး ပတ်စပို့ထုတ်ပေးပါတယ်။ အဲသည်ကောင်တာမှာက ရဲအရာရှိတွေမို့ မုန့်ဘိုးပေးချင်လဲ ပေးလို့မရတော့ပါဘူး။

လုံးဝမှ မယူရေးချမယူပါဘူး။ တကယ်ကျေးဇူးတင်လို့ ကျေးဇူးစကားလေးသာ စိတ်ပါလက်ပါပြောဖြစ်ပါတယ်။

အဲသည် လုပ်ငန်းစဉ်တစ်လျှောက်လုံးမှာ တာဝန်ကျဝန်ထမ်းအားလုံး ယဉ်ကျေးကြပါတယ်။ စကားပြောချိုသာကြပါတယ်။ မေးလို့မြန်းလို့ အဆင်ပြေပါတယ်။ ကြိုးစားပြီး စိတ်ရှည်ရှည်ထားကြပါတယ်။ ကူညီကြပါတယ်။ နောက်ဆုံးတွေ့ရမယ့် ရဲအရာရှိတွေကတော့ (စသုံးလုံးဆိုတာ ရဲပါပဲနော်) အချိုသာ အယဉ်ကျေး အကူညီဆုံး ပါပဲ…။

 

ကိုင်း…

မစားရ ဝခမန်း  ချီးမွမ်းခန်းကြီးတော့ပြီးပါပြီ…။

ပါလေရာရဲ့ ထုံးစံအတိုင်း လိုအပ်တာလေးတွေတော့ ဆီလို အပေါက်ရှာပြီး တစ်တို့နှစ်တို့  တို့ပါရစေ..။

ပထမဆုံးကတော့- ပတ်စပို့လျှောက်ရင် ဘာပြီးဘာလုပ်ဆိုတဲ့လုပ်ငန်းစဉ်ကို ရေးထားကပ်ထားပေမယ့်၊ ဘာလုပ်ဖို့ဘယ်ကောင်တာသွားရမှန်းမသိပါဘူး-

ဒီအတွက် ကောင်တာနံပတ်ကြီးကြီးလေးတွေ ချိတ်ထားပေးလိုက်ရင် ပါလေရာလို အူတူတူအဖိုးကြီးတွေ စမ်းတဝါးဝါးနဲ့ ရွာမလည်တော့ဘူးပေါ့။

ပုံစံဝယ်တဲ့အခါ တစ်နေ့စာလာလျှောက်မယ့် လူနှစ်ရာသုံးရာက မနက်ပိုင်းတင်လာကြတာမို့ စုပြုံတိုးကြရတာဟာ သက်ကြီးရွယ်အိုတွေအဖို့ ခက်ခဲလှပါတယ်။ အဲသည်အစား အဝင်မှာကတည်းက တန်းစီခိုင်းပြီး တစ်ယောက်ပြီးတစ်ယောက် ပိုက်ဆံယူ၊ ဘောက်ချာပေး၊ ပုံစံပေး၊ ဓါတ်ပုံတန်းရိုက် လုပ်ရင် အချိန်ကအတူတူဖြစ်ပြီး လူတိုးစရာမလိုလို့ စံနစ်ကျသွားပါမယ်။ ပုံစံရောင်းတာကို မှတ်ပုံတင်ပြစရာ ဘာကြောင့်လိုရတယ်ဆိုတာလေးတော့ ပါလေရာဉာဏ်မမီလို့ မဝေဖန်တော့ပါဘူး။

ဓါတ်ပုံရိုက်တာလဲ ထို့အတူပဲ ။ နှစ်နေရာထဲခွဲရိုက်တော့လူတန်းကြီးရှည်နေပါတယ်။ လေးနေရာလောက်ခွဲရိုက်ရင် အဆင်ပြေမှာပါ။

ပုံစံဖြည့်ဖို့ စားပွဲကြီးတွေချပေးထားတာ လူအင်အားနဲ့ မမျှလို့ ရှေ့ကလူနှစ်ယောက်စာလောက်ကို စောင့်ပြီးမှ ဖြည့်ရတော့ ကြာလဲကြာ၊ ကြပ်တည်းကျဉ်းကျုပ်လွန်းလို့ အမှားအယွင်းလဲပါသွားတတ်ပါတယ်။ နေရာနဲနဲ ပိုပြီးစီစဉ်ပေးဖို့လိုပါတယ်။

ဘဏ်သွင်းတာတော့ အခက်ဆုံးပါပဲ။ ကောင်တာကျဉ်းကျဉ်းလေးထဲ စုပြုံတိုးနေရလို့ လူကြီးတွေ အခက်တွေ့ပါတယ်။ ဦးပါလေရာကတော့ ကိုယ့်လက်အောက်ဝန်ထမ်းဟောင်းတပြည့်တစ်ယောက်နဲ့ဆုံမိတာနဲ့ သူကူညီတိုးဝှေ့သွင်းပေးလို့ သက်သာရာရသွားပါတယ်။ ဘဏ်စလစ်ပြန်ပေးတာလဲ ကောင်တာသပ်သပ်ထားပြီး နာမည်ခေါ်ပေးရင် ပို သပ်သပ်ယပ်ယပ်ဖြစ်မှာပါ။

တကယ်တော့ ဦးပါလေရာသာ လုပ်ခွင့်ရှိရင် ဒီလိုလုပ်ပေးချင်ပါတယ်။

ပတ်စပို့လာလျှောက်သူတွေကို တိုကင်ပေး ၊လူနှစ်ဆယ်တစ်စု မိနစ်နှစ်ဆယ်စီခြားပြီး အချိန်ပါရေးပေးလိုက်၊ အလှည့်ကျ လူနှစ်ဆယ်စီကို ဝန်ထမ်းနှစ်ဆယ်က တစ်ယောက်ချင်းစီ one by one ခေါ်ပြီးလိုတာတွေလိုက်လုပ်ပေးလိုက်။ ဝန်ဆောင်ခကို တရာဝင်ယူ။ ကညနမှာ ကားလိုင်စင်ဝင်ရင် လိုက်အကျိုးဆောင်ပေးသလိုမျိုးပေါ့။ အဲသလိုလုပ်ရင် စံနစ်တကျ၊ သပ်သပ်ယပ်ယပ် နဲ့ တစ်ရက်ကို လူသုံးရာ့ခြောက်ဆယ်စီ လုပ်ပေးနိုင်ပါမယ်။

အဲသလိုဆို အင်မတန်စံနစ်ကျ၊ အချိန်ကုန်သက်သာ၊ လွယ်ကူချောမွေ့ပြီး အမှားအယွင်းလဲနည်း၊ လုံခြုံရေးလဲ ပိုကောင်းသွားပါမယ်။

 

ဘဝင်မကျတာတစ်ခုက  ပတ်စပို့စာအုပ်ဖိုး နှစ်သောင်းသွင်းရတာပါ။

(၂၀၁ဝ မှာ ဦးပါလေရာ သက်တမ်းတိုးတာ လူမတိုးနိုင်လို့ရယ်၊ တရက်ထဲ လျှောက်လွှာတင်လို့ပြီးအောင်ရယ် ပွဲစားကိုသက်သက် ခြောက်သောင်းပေးရပါတယ်)

အရမ်းနည်းပါတယ်။ ဒီဌာနက စာအုပ်ရိုက်ပေးရုံတင်မဟုတ်ပဲ၊ မှတ်တမ်းသွင်းရ၊ စီစစ်ရ၊ မှတ်တမ်းထိမ်းရတာပါ။ ခေတ်မီ ပစ္စည်းတွေ သုံးဖိ်ု့ လိုပါတယ်။ သူများနိုင်ငံတွေနဲ့လဲ ယှဉ်ကြည့်သင့်ပါတယ်။ အခုပတ်စပို့သက်တမ်းက ငါးနှစ်ဆိုတော့ နောင်ကို တနှစ်ပျှမ်းမျှ အသစ်လုပ်+သက်တမ်းတိုး လူရှစ်သောင်းလောက်ပဲထားပါတော့ – တစ်အုပ်ကို ငါးသောင်းလောက်ယူရင် အဲဒီဌာနက တစ်နှစ်ကို သိန်းပေါင်းလေးသောင်းလောက်ဝင်ပါမယ်။ အဲဒီထဲကတဝက်လောက်က ဌာနအသုံးစားရိတ်သုံးရင် ကျန်တဝက်ကို မှု့ခင်းကျဆင်းရေး စသည်တွေအတွက် သုံးနိုင်တာပေါ့။

နောက်ထပ်ဘဝင်မကျတာက- နိုင်ငံခြားထွက်ရင် D Form မလိုတော့တဲ့ကိစ္စပါ။

တကယ်က လူတွေကို ဖိစီးနေတာက ဒီဖေါင်းဖိုး နှစ်ရာ ဘဏ်သွင်းစလစ်တောင်းတဲ့ကိစ္စပါ။ အလုပ်ရှုပ်လို့ပါ။

ဒီဖေါင် (ပုံစံ-ဒီ)ဆိုတာက ဘယ်သူဟာ ဘယ်နိုင်ငံကို ဘယ်လမှဘယ်လအတွင်းသွားမယ်လို့ ကြေညာတာပါ။

အဲသလိုကြေညာတာကို အလွန်လွယ်ကူအောင်လုပ်ပေးဖို့သာလိုပါတယ်။ အဲသလိုကြေညာစေခြင်းဖြင့် အကြောင်းတစ်စုံတစ်ရာ-

ဥပမာ အခွန်ကိစ္စ၊ အမှု့အခင်းကိစ္စ စတာတွေကြောင့် ပြည်ပသွားဖို့တားမြစ်ခံရမယ်ဆိုရင် (ဒီဖေါင်မကျတော့) ကြိုသိတာမို့ တဖက်ကိုရက်ချိတ်တာ၊ ဟိုတယ်ဘွတ်ကင်လုပ်တာ၊ လေယာဉ်လက်မှတ်ဝယ်တာတွေအတွက် ပိုက်ဆံမဆုံးတော့ဘူးပေါ့။

ဒီဘက်တင်မက ဟိုဘက်ကထုတ်ထားတဲ့ black list နဲ့လဲတိုက်စစ်နိုင်တာပေါ့။

အရေးပေါ်သွားမယ့်လူတွေကို အကြောင်းရင်းတင်ပြရင် ပတ်စပို့ကို သုံးရက်နဲ့ထုတ်ပေးပြီး ဒီဖေါင်ကင်းလွတ်ခွင့် သို့မဟုတ် လေဆိပ်မှ ဖြည့်ခွင့်ပေးလိုက်ရင် ပြီးတာပါပဲ။

ရိုးရိုးလူတွေ လူကောင်းတွေအတွက် ဒီဖေါင်ဟာ ဘယ်လိုအနှောက်အယှက်မှမဖြစ်ပါဘူး။ ကွန်ပျူတာ အင်တာနက်ဆိုင်မှာ ဆယ်မိနစ် အချိန်ကုန်ခံပြီးပိုက်ဆံ တစ်ထောင်ပေးရင် ပြီးတဲ့ဟာပါ။ ဒီဖေါင်ကျပြီးရင် ကိုယ့်ခရီးအတားအဆီးမရှိတော့တာသေချာလို့ စိတ်အေးရပါတယ်။

ဒီဖေါင်မလိုတော့မှသာ လေဆိပ်မှာတစ်ခုခုမှားပြီး အတားခံရမလားလို့ စိတ်စနောင့်စနင်းဖြစ်စရာပါ။

 

အင်း…

ပြောချင်တာတွေတော့ ပြောပြီးပြီ..။

မှာတာပြင်၊ လိုတာဖြည့်ကြပါကုန်……….

(အလိုမကျရင်လဲ သက်သက်ညှာညှာဆဲကြပါကုန်…)

 

 

မေတ္တာဖြင့်

ဦးဦးပါလေရာ

29 comments

  • kyaw hteik

    May 19, 2013 at 3:02 am

    အရင်ကနဲ့လုံးဝမတူတော့ပါ။အလွန်အဆင်ပြေသွားပါတယ်။
    နေရာတိုင်း ဌာနတိုင်း ဒီလိုအဆင်ပြေလာလျှင် ပိုလို့ကောင်းပါမယ်။
    အရင်ကပတ်ပို့ သက်တမ်းတိုးရတော့မယ်ဆိုရင် အလွန်စိတ်ညစ်ရပါတယ်။
    ပြောင်းလဲမှုကို ဦးပါလေရာ ထပ်တူဂုဏ်ပြုပါတယ်။

    • ဦးဦးပါလေရာ

      May 19, 2013 at 11:07 pm

      ကိုကျော်ထိုက်ရေ-
      သူတို့ထဲကလဲ ဖတ်မိမယ်ဆိုတာသေချာသလောက်ရှိတာမို့ ကောင်းလက်စလေး ဆက်ကောင်းသွားစေချင်စိတ်နဲ့ပေါ့ဗျာ…..

  • padonmar

    May 19, 2013 at 6:09 am

    ငှက်ကထကြီးပို့စ်မှာ နေရာဦးတာ၊
    ရမ်းသရူးဖတ်သွားလို့ နောက်မှပြန်လာမယ်။
    လောလောဆယ်တော့ ဒီဖောင်စနစ် ပြန်လုပ်ခိုင်းချင်တာ သဘောမကျဘူး။
    အခြားနိုင်ငံတွေမှာလည်း ဒီစနစ်မရှိဘူးလို့ ထင်ပါတယ်။

    • ဦးဦးပါလေရာ

      May 19, 2013 at 11:10 pm

      ဒီဖေါင်က ဖျက်ပြီးမှတော့ ပြန်လုပ်ခိုင်းဖို့ မသင့်တော့ပါဘူး…
      ဖျက်ဖို့ မလိုတာရယ်၊ မဖျက်ပဲ လွယ်ကူပေါ့ပါးအောင်လုပ်ရင်ပိုကောင်းမယ်ဆိုတာရယ်
      တွေးမိလို့ ဥက္ကဌကြီင်္းရေ..။

  • ဒီဂမယ် .. ဥငေးဂျီးးး
    ပညာရွှေအိုး ပက်ချပို့စ်ရုံးကို ရောက်တွားဒါရားးး :mrgreen:
    လဂါး နောက်ဒါ …
    ကိုယ့်ဥငေးးးဂျီး ပို့စ်မို့ လာပီး အားပေးဒါ
    ကျန်ဒါဒွေဒေါ့ ဘာမွှ ပေါဒတ်ဝူးးး
    ဒီဒေါ့ .. ဒါဘာဗျဲ …

    • ဦးဦးပါလေရာ

      May 19, 2013 at 11:15 pm

      အဲဒါလေ
      ကျုပ် စာအုပ်ထွက်အောင်စောင့်ရင်း ဆေးလိပ်သောက်ချင်နေတုန်း
      မောင်ရင်က ဖွတ်ဘုတ်မှာ မိုးရွာရင် ဆေးလိပ်သောက်လို့ကောင်းတယ်ဆိုတာရေးလိုက်တော့
      စိတ်ထဲကို ကျလိ ကျလိ နဲ့….

  • Mobile13

    May 19, 2013 at 10:27 am

    ဗဟုသုတဖြစ်စေတယ်ဗျ ကျုပ်အတွက်။
    သိမ်းထားလိုက်ပါတယ် ကြည့်ချင်တဲ့အခါ ပြန်ကြည့်လို့အောင်။

    • ဦးဦးပါလေရာ

      May 19, 2013 at 11:18 pm

      ကျေးဇူးပါ ကိုမိုဘိုင်းရေ
      ဒါ့ထက် ပိုအဆင်ပြေအောင် ထပ်လုပ်ဦးမယ်ကြားပါတယ်။

  • ကိုရင်စည်သူ

    May 19, 2013 at 10:32 am

    ကျနော်တို့ ပတ်စပို့စ်တွေ ငါးနှစ်သက်တမ်းတိုးရင်
    အဲ့လိုအဆင်ပြေရင်ကောင်းမယ်…
    အဓိကကလည်း အစိုးရရုံးတွေမှာ စီစီတီဗီတပ်ထားတာလည်းပါမယ်
    ထင်တယ် ဦးဦးပလာရာ…။
    အစိုးရရုံးတိုင်း စီစီတီဗီတပ်ပြီး လစဉ်လောက် စစ်ဆေးရေးတွေနဲ့
    ကြပ်မတ်လိုက်ရင် တခုခုတော့ ပိုပြီးကောင်းလာနိုင်ပါတယ်။
    လိုအပ်ချက်တွေကတော့ ရှိဆဲ၊ ရှိလျက်၊ ရှိမြဲ၊ ရှိနေဦးမှာပါနော်.. :mrgreen: :kwi:

    • ဦးဦးပါလေရာ

      May 19, 2013 at 11:22 pm

      သင်္ဘောသားတော့ မသိဘူးဗျ…
      ရှိုးဂျော့ ပြန်ထွက်မယ့်စာအုပ်တွေတော့ အခွန်ဆောင်ထားတာကို ပြန်စစ်ရတာ တွေ့တယ်။ ဒါပေမယ့် အရမ်းလွယ်ပါတယ်။ (ဟောက်လဲ မဟောက်တော့ပါဘူး 🙂 )

  • TheWinner Getprize

    May 19, 2013 at 10:34 am

    ဦးဦးပါလေရာရေ၊
    ကျွန်မကတော့ သက်တမ်းတိုးတဲ့နေ့တုန်းက အလုပ်အကိုင်မှာ မှီခိုလို့ရေးထားပြီး ယူနီဖောင်းနဲ့ လာတင်လို့ အဝင်အဝက form စစ်တဲ့အမက- ကျွန်မအပေါ် အတော်လေး ကြင်နာသားတော့- ကျွန်မကို-

    “ညီမလေးက သူတို့က ရစ်လိမ့်မယ်တဲ့။ မတင်ခင် ဟိုဘက်အခန်းက အမမောင်လေး ရဲအုပ်ဆီ အရင်ဝင်တွေ့လိုက်တဲ့၊ သူလိုက်လုပ်ပေးလိမ့်မယ်တယ်။ ပြီးရင်တော့ သူ့ကို နည်းနည်းပေးလိုက်နော်တဲ့။”

    • ဦးဦးပါလေရာ

      May 19, 2013 at 11:25 pm

      အော်…
      သူတို့ ဆောင်ပုဒ်ကိုက ကူညီပါရစေ ဆိုမှတော့ကွယ်…
      :harr:

      အခုထိလဲ အဲသလို ပြင်ပအကျိုးဆောင်တွေ ရှိနေတာပါပဲ..။
      ဈေးတော့ တော်တော်သက်သာသွားပါပြီ။
      ဦးပါလဲ လူမတိုးနိုင်တာနဲ့ အကူအညီတောင်းတော့မယ့်ဆဲဆဲပါ..
      တပြည့်လေးနဲ့တိုးလို့ အခြေခံဈေးနဲ့ ပြီးသွားတာပါနော..
      🙂

  • Miss Crystalline

    May 19, 2013 at 11:48 am

    အခုစနစ်သစ်မှာ သဘောအကျဆုံးကတော့ ပုံစံ ၁၇၊ ၁၉ မလိုတော့တာပဲ.. မြို့နယ်အခွန်ရုုံးက ကိုယ့်သန်းခေါင်စာရင်းကြည့်ပြီး ပိုက်ဆံပိုတောင်းတာကြုံဖူးတယ်.. နယ်မှာဆိုပိုဆိုးတယ်ပြောတယ်.. ပုံစံ ၁ရ လေးရဖို ့၃သောင်းလောက်ကုန်ရတယ်တဲ့.. မှတ်မှတ်ရရ ၁၉ရုံးမှာတော့ လူတွေကြားထဲစုပြုံတိုးပြီး မူးလဲမလိုဖြစ်ဖူးတယ်.. ယောက်ျားလေးတွေကြားရောတိုးရတာ.. ကိုယ်ကသိပ်မတိုးချင်တော့ ကိုယ့်ကိုတိုးကုန်ရော.. နောက်ဆုံးမခံနိုင်လို ့ကိုယ်တိုးတော့တိုးလို ့တဲ့အပြောခံရတယ်.. ဒီကဒေါသက အမြင့်ဆုံးရောက်နေတော့ ကောင်တာက လူကြီးကိုမျက်နှာစေ့စေ့ကြည့်ပြီး ပိတ်ပြောဖူးတယ်.. သူတို ့လည်းလန် ့သွားတယ်ထင်တယ်.. ဘေးကလူတွေလည်းအကုန်တိတ်ကုန်တယ်.. 🙂

    • ဦးဦးပါလေရာ

      May 19, 2013 at 11:30 pm

      တကယ်တော့ အခွန်ဆောင်ပြီးမပြီးက သက်ဆိုင်ရာ အခွန်မှုးနဲ့ပဲဆိုင်ရမှာပါ…။
      အဲဒါကို PP မှာ အခွန်ကင်းရှင်းကြောင်းတောင်းလိုက်တော့ တိုင်းပြည်က အခွန်တစ်ပြားမှမရပဲ ဆိုင်ရာ မြို့နယ်အခွန်ရုံးတွေမှာသာ ရေလျံကုန်တာပေါ့…
      နယ်ရုံးတွေက သုံးသောင်းဆိုတာ ဈေးမှန်ပါ..။ လူကိုတော့ ကြည့်တာပေါ့လေ။ သိပ်လဲ မွဲပုံရ၊ အဆိုအငိုလေးလဲကောင်းရင်း ငါးထောင်ခြောက်ထောင်နဲ့လဲ ရတတ်ပါတယ်။

  • မောင် ပေ

    May 19, 2013 at 12:08 pm

    အခုလို ရေးတင်ပေးတဲ့အတွက်
    ကျုပ် နဲ ့ကျုပ် လို ပတ်စ်ပို ့ မလုပ်ရသေးတဲ့လူတွေ ၊ လုပ်ဖို ့စိတ်ကူးရှိနေတဲ့ လူတွေ အတွက် အများကြီး အကျိုးရှိစေပါတယ် ။
    နို ့… ခေတ်က ပြောင်းလဲတိုးတက်နေပြီဖြစ်ပေမယ့်လဲ ၊ အရေးတကြီး အပြင်ထွက်စရာ မရှိသေးတော့ ၊ လုပ်ထားဖို ့လိုမှန်း သိပေမယ့် ၊ ဘယ်လောက်ကုန်မှန်းမသိ ၊ ဘယ်လို ပေးရမှန်း သိခဲ့တာ မဟုတ်ဖူးလေ။
    ထို ့အတွက်
    ဦးပါလေရာ အား
    တင့်ခရု ဗဲရီးမက်ချ် ဖြစ်ပါကြောင်း
    အဲဒါ … အဲဒါ

    • ဦးဦးပါလေရာ

      May 19, 2013 at 11:06 pm

      ကပေ ရဲ့ …
      မန်းလေးမှာ ပတ်စပို့လုပ်ရင် ရန်ကုန်ထက်ပိုလွယ်ပြီး ငါးရက်နဲ့ ရတယ်ပြောတယ်။
      ဒါကြောင့် မန်းလေးသားတွေ နှာစေးချောင်းဆိုးကအစ ဘန်ကောက်သွားသွားပြီး ဆရာဝန်ပြနေကြတာ..

  • အရီးခင်လတ်

    May 19, 2013 at 3:34 pm

    ကျုပ်တို့ မနှစ်က ပြန်လာချိန် မှာ အချိန်ဆွဲပြီး ရစ်နေရဲ့ ပုဂ္ဂိုလ် ကို ပြန်ရစ်မိလို့ ကိုယ်အပြင်ရောက်ချိန် ကိုယ့်နောက်မှာ ဘယ်သူမှမရှိတော့တဲ့ အဖြစ်။
    အခွန်ပြစရာမလိုတော့ တာ သတင်းဖြစ်နေပေနဲ့ ကိုယ့်ဘက်က ပြောစရာမလိုအောင် အားလုံးကို ထုံးစံအတိုင်း ပြည့်စုံအောင်ယူသွားတယ်။
    ဘာကိုရစ်တယ်ထင်လဲ။
    ဆယ်ကျော်တောင်မသက်သေးတဲ့ ကလေး အတွက် အလုပ်မလုပ်ကြောင်း ထောက်ခံစာမပါလို့တဲ့။
    တစ်ဖက်က နိုင်ငံခြားသားများသာ ကနေ ဝင်တဲ့ မြန်မာမိန်းမ နဲ့ အတူပါလာတဲ့ ကိုယ့် ကလေးအရွယ် (အိမ်ဖော် လေးတွေ ထင်ရဲ့) မိန်းကလေး နှစ်ယောက် ကို အလွယ်တကူ နဲ့ သွင်းသွားလိုက်တာကို မြင်တာနဲ့ အဲဒါကိုထောက်ပြီး ပြန်ရစ်ဖို့ စဉ်းစားသေးတယ်။
    ဒါပေမဲ့ ကိုယ်ရစ်တာနဲ့ မဆိုင်သူတွေမှာ ရှုပ်ကုန်မစိုးလို့။
    ပြီးတော့ ဒီဘူတာဘဲ ဆိုက်တယ်။
    လက်ဆောင်လေး ဘာလေးများ မပါဘူးလားတဲ့။
    ပါတယ်။ အိတ်ထဲ မှာ လို့ ပြောလိုက်တယ်။
    စီးကရက်တောင့်တွေ ဝယ်သွားတယ်။ ကိုယ့်ကို မရစ်ရင် ပေးဖို့။
    ပေးမှ လုပ်ပေးမှာ ကိုတော့ လုံးဝမကြိုက် လို့ပေးကိုမပေးခဲ့ဘူး။
    မြန်မာပြည် ပြန်ရင်အရင်ကတော့ အဆင်သင့်ဝင်နိုင်အောင် လုပ်ပေးမဲ့ အမျိုးတွေလဲ အားလုံး အပြင်ရောက်နေတော့ ဒီအတိုင်းဘဲ ဝင်ရချိန် ကြုံရပုံ ပေါ့။
    👿
    အခု တော့ မရစ်တော့ ဘဲ မပေးလဲ အရမ်းလွယ်နေပြီလို့ ကြားတာဘဲ။

    အခု PP စာအုပ်က အီးဘုတ် ဖြစ်ပြီး သက်တမ်း ၅နှစ် ထိရနေပြီ။ မဟုတ်လား။

    • ဦးဦးပါလေရာ

      May 19, 2013 at 11:38 pm

      PP က အီးဘုတ်ဖြစ်တာ လွန်ခဲ့တဲ့ သုံးနှစ်ကျော်ကတည်းကပါ မခင်လတ်ရေ..။
      သက်တမ်း ငါးနှစ်ဖြစ်တာတော့ မကြာသေးဘူး…။
      ဖြစ်သင့်တာကြာပါပြီ..
      ဒီက ကလေးတွေ စာထွက်သင်ရင် PP ပြန်ပြန်လုပ်နေရတာ ဒုက္ခများပါတယ်။

  • TNA

    May 19, 2013 at 3:50 pm

    အင်း ဦးဦးပါလေရာပြောပုံဆိုရင်တော့ တော်တော်လေး လွယ်သွားပြီလို့ပြောရတော့မလိုပေါ့နော်။ အဲဒီလူ အုပ်တိုးရတဲ့ပြသနာကတော့ စိတ်အညစ်ဆုံးပါပဲ။ ကလေးပါပါတော့ပိုဆိုးတယ်။ ကျွန်မလဲ တခါသက်တန်းတိုး စနစ်တမျိုးနဲ့မို့မှတ်ကိုမထားတော့ပါဘူး။ အခု ဦးဦးပါလေရာပြောလေးဖြင့်မှတ်သားထားလိုက်ပါအုံး မယ်။ ပုံစံ ၁ရ ၁၉ မလိုတော့တာတော့ တော်တော်ကိုကျေးဇူးတင်စရာပါ။

    • ဦးဦးပါလေရာ

      May 19, 2013 at 11:46 pm

      လူတိုးရတဲ့ပြဿနာကတော့ အခုထိ မရှင်းနိုင် မရှင်းတတ်ကြသေးဘူးဗျာ…
      ဒါပေသိ ကျုပ်ကလဲ အခုမှ အသက်ကြီးသွားလို့သာ ပါ ..
      ငယ်တုန်းကဆို အာစီတူးခေတ်မှာ ကျောင်းသားရေးရာမှာ ကျောင်းလခ တိုးသွင်း လာခဲ့တာပါ
      :harr:

      အော်… ကျောင်းသားနှစ်သောင်းအတွက် ကျောင်းလခလက်ခံတာ တစ်ပေါက်ပဲထားပေးတဲ့ နိုင်ငံမျိုးပါတကား
      :harr:

  • Ma Ma

    May 19, 2013 at 8:55 pm

    ဦးပါလေရာရဲ့ပိုစ့်က-
    ပထမဆုံး အရင်တုန်းက စနစ်အကြောင်းကို ရေးပြတယ်။
    ဒုတိယ ပြောင်းလဲတိုးတက်လာတဲ့ အခုပုံစံကို ရေးပြတယ်။
    နောက်ဆုံးအနှစ်ချုပ်ဖြစ်တဲ့ ပြုပြင်ဖို့လိုတဲ့ လိုအပ်ချက်လေးတွေကို ပြောသွားတာနဲ့ အဆုံးသတ်ထားတာ လှတယ်။
    အနာသိ ဆေးရှိ ပါလေရာနဲ့ ညှိ :harr:

    • ဦးဦးပါလေရာ

      May 19, 2013 at 11:50 pm

      ကောင်းအောင်လုပ်နေတာ မြင်ရတော့
      တကယ် စံမီနှုံးမီ ကောင်းသွားစေချင်တာတော့အမှန်ပဲ မမ ရေ …
      🙂

  • အောင်ကြူး

    May 20, 2013 at 8:46 am

    အောက်လမ်းကသွား ဘာစာအုပ်မှ လိုဗူးဗျာ… လေယဉ်စီးချင်ရင်တော့ လျောက်ကြပေါ့… အသနားဗူး..

  • kyeemite

    May 20, 2013 at 10:35 am

    အခုပတ်စပို့သက်တမ်းက ငါးနှစ်ဆိုတော့ တော်တော်အဆင်ပြေသွားတယ်ဗျ..
    ဟိုးတုန်းက ၆လထဲ…
    နောက်တစ်ခုကတော့….ဦးပါပြောတဲ့…
    “အလှည့်ကျ လူနှစ်ဆယ်စီကို ဝန်ထမ်းနှစ်ဆယ်က တစ်ယောက်ချင်းစီ one by one ခေါ်ပြီးလိုတာတွေလိုက်လုပ်ပေးလိုက်။ ဝန်ဆောင်ခကို တရားဝင်ယူ။ ကညနမှာ ကားလိုင်စင်ဝင်ရင် လိုက်အကျိုးဆောင်ပေးသလိုမျိုးပေါ့။”
    ဆိုတာကိုအပြည့်အဝ ထောက်ခံပါတယ်…နယ်တွေက အလုပ်အတွက်လာလျှောက်သူတွေကပိုများတော့
    လည်လည်ဝယ်ဝယ်မရှိကြတော့ ဒုက္ခရောက်ကြလို့ပါ….
    ကောင်းပါလေ့…ကောင်းပါလေ့… 😆

  • awra-cho

    May 20, 2013 at 1:01 pm

    အစိမ်းကြီး အနီပြောင်းချင်ရင်ရော ဘယ်လို လုပ်ကြတုန်း အောက်ကြေးတွေ များမယ်ထင်တယ်

    • အရီးခင်လတ်

      May 21, 2013 at 4:22 pm

      အစိမ်းကြီးကို အနီပြောင်းချင်ရင် အနဲ ဆုံး User Login ၁ဝခု လောက် ဆောင်ထား။
      ပြီးရင် login တလှည့် စီ ဝင်ပြီး အနီရောင် ကို ပျော်ပျော်ကြီး ပြောင်းပါလေ့။
      ကိုယ့်အချိန် ပေါ နေရင်ပေါ့။
      ဒီမှာဘဲ နမူနာကြည့်။
      :kwi:

  • ကြောင်ဝတုတ်

    May 20, 2013 at 2:27 pm

    အခု စာအုပ်လုပ်တာ အတော်လေးသက်သာပါတယ်…
    ကျွန်တော်ဆိုရုံးဆင်းမှသွားလုပ်တာ… နောက်တစ်နေ့မနက်ယူမလားလို့တောင်မေးသေးတယ်…
    လိုချင်ရင် တစ်သိန်းလေးသောင်းတဲ့… အဲ့လောက်ဝန်ဆောင်မှုတွေမြန်လာတာ… ခိခိ

    ခင်မင်လျက်-
    ဖက်ဖက်ကက်

  • e tone

    May 21, 2013 at 2:38 pm

    passport သက်တမ်းကုန်တာ မတ်လကုန်ကတည်းကမို့ …သက်တမ်း သွားတိုးမယ် တွေးရင်း … ပျင်းနေတာ … ။
    အခုလို အဆင်ပြေတယ် ကြားတော့ ရာသီဥတု သာယာတဲ့ နေ့ သက်တမ်းသွားတိုးပါဦးမယ် … ။ ဒါပေမယ့် .. ကိုင်ထားတဲ့ မှတ်ပုံတင်က … ပြန်လဲရမယ့်မှတ်ပုံတင်ဖြစ်နေတော့ .. ရစ်ခံရဦးမလား မသိ … ။ ရစ်ခံရလျှင် .. မြို့နယ် လဝက ပြန်သွားရဦးမယ် .. အဲ့အခါ မှတ်ပုံတင် အသစ်ကို မယူပဲ နှစ်နဲ ့ချီ ပစ်ထားတာရော ၊ အဟောင်း(လဝက စာရေးမ ပေါ့ဆမှုကြောင့် ဖျက်ရာပါခဲ့တဲ့) မှတ်ပုံတင်ကို ကိုင်ထားတာရောကြောင့် …. ဘယ်လို ပေရှည်ဦးမလဲ မသိဘူး … ။ အလုပ်လုပ်ရတာ အဆင်ပြေပြေလေး ပြီးသွားမယ်ဆိုဘယ်သူမဆို .. ကျေကျေနပ်နပ် မုန့်ဖိုး ၊ လ္ဘက်ရည်ဖိုး ပေးဖို့ စေတနာ ရှိကြပါတယ်… ။

    အရင်ကတော့ အစိုးရ ဌာနတွေနဲ့ ဆက်စပ်တဲ့ လုပ်ငန်းတွေနဲ့ … အလုပ်လုံးဝ မလုပ်ချင်ဘူး … ။ ဘဏ်ဆိုလျှင်တောင် အစိုးရဘဏ်မသွားဘူး … ။ လူများပြီး ပွဲမစည် ၊ ဟုတ်တိပတ်တိ .. ရေရေရာရာမဟုတ်ပဲ .. ကိုယ့်အချိန်တွေ ဖြုန်းပစ်နေသလို ခံစားရလို့ပါပဲ … ။ ဒါကြောင့်လည်း မှတ်ပုံတင်ဖျက်ရာပါလို့ လဲရတော့မယ့်အခါ သွားယူတာ … အကြိမ်ကြိမ်ချိန်းခံရပြီးနောက်ပိုင်း .. အသစ်ကို သွားမယူပဲ .. ပစ်ထားခဲ့တာ ဘယ်နှစ်နှစ်တောင် ရှိမှန်း မမှတ်မိတော့ဘူး … ။

    နောက်တခုက .. နာမည်ပြောင်းတာ … စာရွက်စာတမ်းထဲမှာ နာမည်ပြောင်းလျှင် ကြမ်းကြိမ်တာရော ၊ အိမ်ထောင်စုစာရင်း ပြင်တာရော ..ဟိုဟာ ဒီဟာ … (လိုလိုမလိုလို) အဆင့်ဆင့် သွားရမှာ ကြောက်လွန်းလို့ …. ၊ နာမည်ပြောင်းတဲ့အခါ … သူငယ်ချင်း အပေါင်းသင်းတွေ ကြားပဲကျွေးမွေးပြီး အတိလင်းပြောင်းခဲ့ပေမယ့် … ဒီနာမည်ဟောင်းနဲ့ .. ဒီ စာရွက်စာတမ်းတွေ ကိုင်ထားဆဲဖြစ်တာကြောင့် .. နာမည်ဟောင်းက .. ပျောက်မသွားဘူး .. ။

    ကြုံခဲ့ရဖူးပါတယ် …. မှတ်ပုံတင်မှာသက္ကရာဇ်မှား ၊ ဘွဲ့လက်မှတ်မှာ မှတ်ပုံတင်နံပါတ်မှား ၊ အိမ်ထောင်စုစာရင်းမှာ နာမည်မှား ၊ ကျောင်းသားကဒ်မှာ ကျောင်းဝင်နံပါတ်မှား ၊ တက္ကသိုလ်အကြွေးကျန် သွားစစ်တဲ့အခါမှာ serial no မှားပြီးအောင် စာရင်းမထွက်တာမျိုး … အဲ့လို ဟာတွေ ဖြစ်လာတိုင်း အဆင့်ဆင့် သွားရှင်းရတဲ့အခါ … အစိုးရဌာန နဲ့ ဆက်စပ်တဲ့ ဌာန အသင်းဖွဲ့တွေနဲ့ ပတ်သတ်ရမှာတကယ့်ကို ကြောက်သွားတယ် … ။

  • uncle gyi

    May 21, 2013 at 10:09 pm

    လုပ်မပေးလို့လုပ်ပေးအောင်ငွေပေးရင်လဒ်ပေးတာ
    တရားမဝင်ဖူးပေးသူကောယူသူပါအရေးယူလို့ရတယ်
    ကုူညီလို့ငွေပေးရင်ကျေးဇူးတင်လို့ပေးတာ
    တရားဝင်တယ်
    ဒီလိုမှတ်သားသွားပါတယ်ဦးဦး

Leave a Reply