ပျော်အောင်ထားပါ
သင်ပျော်ရွှင်နေတဲ့အခါ “ ငါတော့ ဝမ်းနည်း ကြေကွဲနေတဲ့လူတွေနဲ့ အပေါင်းအသင်း လုပ်သင့်တယ် ” လို့များ ကိုယ့်ကိုယ်ကိုယ် ပြောဖူးသလား ။
မပြောဖူးပါဘူး ။ ကိုယ့်လို ပျော်နေတဲ့ လူတွေကိုပဲ ရှာပါတယ်။ ပျော်တဲ့လူက ပျော်တဲ့ လူကိုပဲ ဆွဲဆောင်တယ်။ ဘယ်သူ ၊ ဘယ်ဝါမှ မပျော်ရွှင်တဲ့လူကို မခေါ်ဘူး။ မပျော်တဲ့ လူကလည်း မပျော်တဲ့လူကိုပဲ ဆွဲဆောင်တယ်။တစ်ယောက်ယောက်က ကိုယ့်ကို ပျော်အောင် လုပ်ပေးနိင်တယ်ဆိုတဲ့ အတွေးမျိုး ဘယ်ကရသလဲ။ သီချင်းတွေနဲ့ ရုပ်ရှင်တွေထဲက ရတာ ဖြစ်ကောင်း ဖြစ်နိင်ပါတယ်။
သီချင်းတွေနဲ့ ရုပ်ရှင်တွေထဲမှာ “ မင်းနဲ့မတွေ့ခင်တုန်းက ကိုယ်ဟာ အထီးကျန် အရှုံးသမားပါ။ ဒါပေမယ့် မင်းက အရာရာကို ပြောင်းလဲပေးတယ် ” လို့ပြောကြတယ်။
အဲ…တကယ်တမ်း လက်တွေ့ ဘဝမှာတော့ “ မင်းနဲ့ မတွေ့ခင်တုန်းကတော့ ကိုယ်ဟာ ဝမ်းနည်း ကြေကွဲနေရတယ် ၊ မင်းနဲ့တွေ့မှ ပိုဆိုးသွားတယ် ”
တကယ်တော့ လက်တွေ့ဘဝမှာ ကျွနုပ်တို့ရဲ့ဘဝကို တခြားလူတွေက ပြောင်းလဲပေးတာ မဟုတ်ပါဘူး။ ကိုယ့်ဘာသာ ပြောင်းလဲရတာပါ။ စိတ်ဓတ်ကျနေမယ် ၊ စိတ်အားငယ်နေမယ်ဆိုလျှင် သင့်ရဲ့အတွေးတွေကို သင်တစ်ယောက်သာလျှင် ပြောင်းလဲပစ်နိင်ပါတယ်။ စိတ်ဆင်းရဲမှုတွေကနေ တဆင့်ပြီး တဆင့်ရုန်းထွက်ရပါတယ်။
အကောင်းမြင် အတွေးတွေ ပေါ်စပြုလုရင် သင်ဟာ ပျော်ရွှင်တဲ့ မိတ်ဆွေကောင်း တွေနဲ့ ပျော်ရွှင်တဲ့ လုပ်ဖော်ကိုင်ဖက်တွေကို ဆွဲဆောင်နိင်ပါပြီ။ အကောင်းမြင် အပြုသဘောဆောင်သူတွေ ဝန်းရံနေဖို့ ဦးစွာ ပထမ သင့်မျက်နှာမှာ အပြုံးလေး ရှိနေပါစေ။
Author – Andrew Matthews
လွန်ခဲ့တဲ့ ငါးနှစ်လောက်တုန်းက ဘလော့ဂ်မှာရေးထားတာလေး ပြန်တင်ပေးတာပါ။ အဲဒီတုန်းကတော့ ဘလော့ဂ်ရောဂါ တော်တော်ထဖူးတယ်။ ခုတော့ အချိန်မရှိတော့ဘူး။
8 comments
KZ
June 20, 2013 at 1:43 pm
မှန်ပါတယ်။
ကိုယ့် ပျော်ရွှင်မှုရဲ့ အခြေခံရာကလည်း ကိုယ့်စိတ်ပဲဖြစ်သင့်ပါတယ်။
ကိုယ့်ပျော်ရွှင်မှုက တခြား အရာပေါ် မူတည်လိုက်ပြီဆိုတာနဲ့ အဲဒီ အရာက ကိုယ့်ကို ထိန်းချုပ်ပြီးသားလိုဖြစ်သွားမှာမို့ပါ။
🙂
ဒီ ပို့(စ) လေး အတွက် ကျေးဇူးတင်ပါတယ်။
Ma Ei
June 20, 2013 at 1:43 pm
ကိုယ့်ဘာသာ ပြောင်းလဲရတာပါ….
မျက်နှာမှာ အပြုံးလေး ရှိနေပါစေ….
:Hee:
Ma Ei
June 20, 2013 at 1:44 pm
:hee:
Ma Ei
June 20, 2013 at 1:46 pm
ကယ်ပါဦး…သူကြီးရေ…
ပြုံးလို့မရတော့လို့ပါ…
အရီးခင်လတ်
June 20, 2013 at 7:27 pm
ဗားရှင်းအသစ် အမဲကောင် လေးတွေ က ဒီ ဆာဗာ နေရာထဲ မှာ မရှိဘူး မအိရေ့။
ဒီမှာ တိမ်မည်း ပြတဲ့ အဝါရောင် ကောင်လေးတွေ ပြန်သုံး။
😀
တိမ်မည်း
June 20, 2013 at 2:11 pm
🙂 smile
😀 grin
🙁 sad
😮 eek
😯 shock
😕 ???
😎 cool
😡 mad
😛 razz
😐 neutral
😉 wink
😆 lol
😳 oops
😥 cry
👿 evil
😈 twisted
🙄 roll
❗ !
❓ ?
💡 idea
➡ arrow
mrgreen
တိမ်မည်း
June 20, 2013 at 2:14 pm
🙂 smile
😀 grin
🙁 sad
😮 eek
😯 shock
😕 ???
😎 cool
😡 mad
😛 razz
😐 neutral
😉 wink
😆 lol
😳 oops
😥 cry
👿 evil
😈 twisted
🙄 roll
❗ !
❓ ?
💡 idea
➡ arrow
mrgreen
အရီးခင်လတ်
June 20, 2013 at 7:24 pm
ဆရာ ရေးတဲ့စာတွေ ကို ဖတ်ဖြစ်ပါတယ်ရှင့်။
မှတ်ချက်သာ မပေးနိုင်ခဲ့တာပါ။
အခုတော့ အပြုံးလေး ဝင်ပေးခဲ့ပါတယ်။
😛