Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

နေသာသောနေ့တစ်နေ့ ဖြစ်လိုက်ချင်သည် အပိုင်း (၁၉)

သူကေလးJuly 17, 20131min3426

အကြာကြီးထားရင် အဆက်ပြတ်သွားမှာစိုးလို့ ခပ်မြန်မြန်တင်ပေးလိုက်တယ်နော့် …

 

ရော့ အင့်

 

နေသာသောနေ့တစ်နေ့ ဖြစ်လိုက်ချင်သည် အပိုင်း (၁၈)

 

အပိုင်း (၁၉)

တနေကုန် Meeting Room ထဲမှာပင် အချိန်ကုန်သွားတာမို့ အပင်ပန်းမခံဖူးတဲ့ကျွန်မ တော်တော်လေးနုံးချိသွားရ၏။

အန်တီမေသက်ကတော့ အပြုံးလေးပင်မပျက်ပေ။ အဲဒါကြောင့်လည်း အခုလိုကုမ္ပဏီကြီးတစ်ခုကို တစ်ယောက်တည်းဦးဆောင်နေနိုင်တာဖြစ်ရမည်လေ။

ညနေဒင်နာမစားခင် အိမ်ပြန်ရေမိုးချိုးချိန်လေးရတာမို့ ရုံးကကားနှင့်ပင် အိမ်ကိုပြန်လာခဲ့သည်။ ကားပေါ်မှာ ဖုန်းကိုထုတ်စစ်ဖြစ်တော့

ဗိုလ်ခေါ်ထားတဲ့ missed call တွေအများကြီးတွေ့ရတော့တယ်။

ဗိုလ့်ဆီဖုန်းပြန်ဆက်ဖို့လုပ်လိုက်ပေမယ့် ရုံးကကားနှင့်မု့ိ အိမ်ရောက်မှဆက်တော့မည်ဟု တွေးလိုက်မိသည်။ ရုံးမှာကျတော့မသိသာပေမယ့် အခုလိုကားပေါ်မှာ

ရုံးက ဒရိုင်ဘာရှေ့မှာ ကောင်လေးတစ်ယောက်ကိုချော့နေတဲ့ မိန်းကလေးတစ်ယောက်မဖြစ်ချင်။ အန်တီမေသက်အသိလည်းဖြစ်၊ ရုံးစရောက်တည်းက တော်တယ်ဟု

ချီးမွမ်းခံထားရတော့ အိန္ဒြေလေးနှင့်သာ နေဖြစ်ခဲ့သည်။ ခွင့်လွှတ်ပါဗိုလ်ရေ။ ဟန်နီ ခဏလောက်တော့မာနကြီးလိုက်အုံးမယ်နော်။

အိမ်ရောက်တာနှင့် ဒေါ်လေးကို ပြန်ရောက်ပြီ၊ ခဏနေပြန်သွားရမည်ဟု အော်ပြောကာ အခန်းထဲပြေးဝင်ခဲ့တော့သည်။ စိတ်ကောက်နေတဲ့ ဗိုလ့်ကိုချော့ရအုံးမည်ကိုး။

ကျွန်မဖုန်းပြန်ခေါ်တော့ ဗိုလ်ကတော်တော်နှင့် ဖုန်းမကိုင်။ ရေမိုးချိုးပြင်ဆင်ချိန်လည်း သိပ်မရှိတော့တာမို့ ဒီတစ်ခေါက်နောက်ဆုံးပဲဟု တွေးကာ ဖုန်းခေါ်လိုက်တဲ့အခေါက်မှာပဲ

ကံကောင်းစွာ ဗိုလ်ကဖုန်းကိုင်လာသည်။ ခပ်တည်တည်လေသံနှင့် စိတ်ဆိုးနေသော ဗိုလ့်အသံကိုနားထောင်ရင်း ဗိုလ့်မျက်နှာဘယ်လိုဖြစ်နေမလဲလို့လဲ ပြေးမြင်မိသေး။

ဒါပေမယ့် ထူးဆန်းတဲ့ ကျွန်မတို့ကြားက သံယောဇဉ်တစ်မျိုးလားပင်မသိပါ။ ဗိုလ့်ကိုခပ်ကြာကြာမချော့လိုက်ရ။

ခပ်မြန်မြန်ဖုန်းပြောရင်း ဒင်နာစားပြီးချိန်တွင် သူ့ကိုလာကြိုပါဟု

ပြောလိုက်ချိန်မှာတော့ ဗိုလ်ကျွန်မကို လုံးဝစိတ်ဆိုးပြေသွားတော့သည်။ အောင်မလေးဗိုလ်ရယ် … ကိုကိုကလွဲ၍ ဘယ်သူ့ကိုမှ ဦးမညွှတ်လို့ဆုံးဖြတ်ထားပေမယ့်

ရှင်လေးကိုတော့ ကျွန်မ အလျော့ပေးလိုက်ရတာပဲနော်။ ဒီထက်တော့ ပိုတိုးမလာပါနဲ့တော့။ သူငယ်ချင်းဆိုတာ … တော်ရုံပဲကောင်းတယ်လေ။

—————————————–

နားထဲမှာ ဌက်လေးတွေရဲ့ ကျလိ ကျလိ အော်သံကြားလိုက်ရသည်။ နေမင်းရဲ့အလင်းရောင်ပျပျကိုလည်း ခံစားမိနေသယောင်။

ကျွန်မမုန်းတဲ့ နှိုးစက်ထဲက ကြက်ဖတွန်သံတော့မကြားရ။ အားးးး ဟုတ်သားဘဲ ဒီနေ့ sunday ကိုး။ နည်းနည်းအိုက်သယောင်ယောင်ရှိတာမို့

မျက်လုံးကို ခပ်ဖွဖွ ဖွင့်ရင်း နာရီကိုကြည့်လိုက်မိသည်။ ကိုးနာရီတောင်ထိုးနေပြီ။ ကြည့်ရတာ ဒေါ်လေး အဲကွန်းလာပိတ်ပြီး ပြတင်းပေါက်တံခါးတွေလာဖွင့်သွားသည်ထင်။

ဒါကြောင့် အိုက်သလိုလိုဖြစ်နေတာကိုး။ ဒေါ်လေးကအဲလိုပါပဲ မီတာခကုန်မှာစိတ်ပူတာလည်းမဟုတ်ပါပဲနဲ့ ပြင်ပလေကို နှစ်သက်သူဖြစ်လေသည်။

“ တစ်နေ့တစ်နေ့ အဲဒီ အဲကွန်းကြီးပဲဖွင့်ပြီးနေ၊ နေ့ရော ညရော မမွန်းကြပ်ဘူးလား မိဟန်နီရယ်… အပြင်ကလေက fresh air ဟဲ့။ အဲဒါကိုရှုပေးရတယ်။

အပြင်ကလေက အခန်းထဲဝင်မှ အခန်းအနံ့အသက်လည်းကောင်းတယ် အလင်းရောင်လည်းရတယ်” ဟုဆိုကာ မိုးလင်းတိုင်း တစ်အိမ်လုံးရှိ ပြတင်းပေါက်တွေကိုလိုက်ဖွင့်တတ်သည်။

နွေရာသီဆိုဘာမှမဖြစ်ပေမယ့် မိုးရာသီများမှာ မိုးရွာပြီဟေ့ဆိုရင် တူဝရီးနှစ်ယောက် ပြတင်းပေါက်တံခါးတွေလိုက်ပိတ်ပေရော့။ ဒေါ်လေးများ အလုပ်ကိစ္စနဲ့အပြင်သွားတဲ့နေ့ဆို

မိဟန်နီတို့ မျက်ဖြူစိုက်ပြီပဲ။ ဒေါ်လေးကိုယ်တိုင်စိတ်တိုင်းကျ ပြင်ဆင်ဆောက်ထားတဲ့ ဒီအိမ်လေးမှာ ဒေါ်လေးစိတ်ကြိုက် ပြတင်းပေါက်တွေအများကြီးတပ်ထားသည်ကိုး။

အဲလိုနေ့မျိုးမှာ ဟန်နီက ဒေါ်လေးကို ပွစိပွစိနဲ့ စိတ်လုပ်တတ်သော်လည်းပြီးတော့လည်း ဒီအဒေါ်တစ်ယောက်တည်းမို့ မချစ်ဘဲလည်းမနေနိုင်။

မစဘဲလည်းမနေနိုင်။ အဆူခံရတဲ့ချိန်မျိုးမှာ ဒီအဒေါ်အပျိုကြီး အရမ်းပါးစိပါးစပ်များတယ်ဆိုပြီး စိတ်ဆိုးမိပေမယ့်လည်း ဒီအဒေါ်အပျိုကြီးကို ယောကျာ်းပေးစားမလားဆိုရင်လည်း လုံးဝပါ။

ကျွန်မရဲ့ တစ်ဦးတည်းသော ဒေါ်လေးမို့ ဘယ်သူ့မှမပေးနိုင်။ ဟန်နီတစ်ယောက်တည်းချစ်ချင်တာဖြစ်သည်။

ဒေါ်လေးအကြောင်းစဉ်းစားရင်းနဲ့ ပြုံးစိစိဖြစ်ကာ အခန်းပြင်သို့ထွက်လာခဲ့သည်။ နှာခေါင်းထဲမှာ ကော်ရည်နံ့သင်းသင်းလေးရသလိုလို။ ဧည့်ခန်းထဲမှာ ဒေါ်လေးမရှိတာမို့

မီးဖိုခန်းထဲဝင်လာခဲ့လိုက်သည်။ သေချာပြီ။ အဲဒီကော်ရည်နံ့ကမီးဖိုထဲကရနေတာဆိုတော့ ဒို့ဒေါ်လေး ကော်ရည်ခေါက်ဆွဲချက်နေသည်ပေါ့။ ရှယ်ပဲဟေ့။

“ဝါးးးး ငါ့ဒေါ်လေးက ကော်ရည်ချက်နေတာလား ရှယ်ပဲကွာ မီးလဲစားချင်နေတာ ကိုယ့်ဒေါ်လေးကိုချက်ခိုင်းရမှာအားနာတာနဲ့ အဟီး”

“အောင်မလေး ဒေါ်တတ်ပ … သူ့အကြိုက်ချက်နေတာတွေ့မှ လာချွဲနေတယ် ချက်ချင်လို့ချက်တာမဟုတ်ဘူး လင်းလက်တို့လာမယ်ဆိုလို့ပါတော်”

“ဟယ် လင်းလက်တို့လာမယ် … မီးလဲမသိပါလား ဒေါ်လေးကိုဖုန်းဆက်တာလား”

“မဟုတ်ပါဘူးအေ … ညည်းဟန်းဖုန်းဆက်တာ out of serive ဖြစ်နေတယ်ဆိုပြီး အိမ်ဖုန်းကိုဆက်လာတာ ဒေါ်လေးလည်း သမီးကဒီတစ်ရက်တည်းအိပ်တာဆိုပြီး မနှိုးတော့တာ

ထက်မြက်မနက်ဖြန်ပြန်မှာမို့လို့ လာလည်မလို့တဲ့ အဲဒါနဲ့ အတော်ပဲ လာခဲ့ ကော်ရည်ချက်တယ်လို့တောင်ပြောလိုက်သေးတယ်”

“ဟွန်း လင်းလက်တို့တော့ ကျိတ်ပျော်နေကြတော့မှာဘဲ မုန်းလိုက်တာ”

“ဒီကောင်မလေးဟာလေ မိုးမလင်းသေးဘူး သူများကိုပြစ်မှားနေပြန်ပြီ ကဲ မျက်နှာသွားသစ်အုံးမယ် လင်းလက်တို့ ၁ဝ ခွဲ ၁၁လောက်လာမယ်ပြောတယ်”

“အင်း ၁ဝခွဲဆိုလိုသေးတာပဲဟာ .. အင်တာနက်ခဏသွားသုံးလိုက်အုံးမယ် … ဒါနဲ့ ဟန်နီ ဗိုလ့်ကိုခေါ်လို့ရလားဟင် ဒေါ်လေး”

ဒေါ်လေးက တစ်ချက်ပြုံးကာ “ခေါ်ပေါ့ မီးလေးရယ် အာကာဗိုလ်က ဟန်နီ့ကို အနွံတာခံပြီး ခင်မယ့်ပုံလေးပါ ရိုရိုကျိုးကျိုးလည်းရှိတယ်”

ဒေါ်လေးက အဲလိုချီးကျူးလာတော့ ဟန်နီ မသိမသာလေးပြုံးလိုက်မိတယ်။ ဗိုလ်ရေ .. ရှင်တော့တစ်မှတ်ရပြီ။ ဗိုလ့်ကို ပေါ့ပေါ့ပါးပါး နေတတ်တဲ့ကောင်လေးကိုတောင်

ဒေါ်လေးက သဘောကျရင် ကိုကို့လိုလူမျိုးဆို … တူသားမက်တော်ဖို့ သဘောကျလောက်ပါရဲ့။ ကိုယ့်အတွေးနဲ့ကိုယ်သဘောကျကာ ပါးစပ်က “ဟိဟိ” ဟုထွက်သွားမိတာမို့

ဒေါ်လေးက “ကောင်မလေး ဘာတွေသဘောကျနေတာလဲ မှန်မှန်ပြော အာကာဗိုလ်နဲ့ ဟန်နီလေးကြိုက်နေတာလား” ဟု မေးတော့သည်။

ဒေါ်လေး အဲလိုမေးမှ ဟန်နီ မျက်လုံးပြူး မျက်ဆံပြူးဖြစ်ကာ “အာ ဒေါ်လေးကလည်း ဟန်နီနဲ့ဗိုလ်က သူငယ်ချင်းအစစ်ကြီးပါ ဘယ်တော့မှချစ်သူဖြစ်မှာမဟုတ်ဖူး စိတ်ချ” ဟုဖြေရှင်းလိုက်ရတယ်။

“မသိပါဘူးအေ ညည်းကလဲသူ့ကိုခင်တွယ် သူကလည်း ညည်းကိုအနစ်နာခံဆိုတော့ အဲလိုများလားလို့ပါ ဘာပဲဖြစ်ဖြစ် ခုလို သမီးအလုပ်လုပ်ပြီး လိမ္မာနေတော့

ဒေါ်လေးက ဝမ်းသာနေတာ အမြဲတမ်းအဲလိုလေးလိမ္မာတော့နော်”

“ဟုတ်ကဲ့ပါ ဟန်နီမျက်နှာသွားသစ်တော့မယ်နော် အာဘွား” ဟု ဒေါ်လေးကို ဖက်နမ်းရင်းမျက်နှာသစ်ဖို့ထွက်လာခဲ့တော့တယ်။

ဒေါ်လေးက “အာပုတ်စော်နံတယ်အေ” ဟုပြောရင်း ကျန်ခဲ့လေရဲ့။

———————————
ဗိုလ့်ဆီဖုန်းဆက်တော့ ဗိုလ်ကဝမ်းသာအားရပင် လာခဲ့မည်ဟုပြောလေသည်။

သူ့မေမေကို အလှူတစ်ခုပို့ပေးရမှာမို့ နည်းနည်းနောက်ကျမည် မစားနဲ့အုံးတဲ့ … ဟွန်း တော်တော်လည်းစိတ်ပုတ်တဲ့ ဗိုလ်။

ဗိုလ်နဲ့ဖုန်းပြောပြီးတော့ ကိုကိုများရှိနေမလားလို့ အွန်လိုင်းဝင်ကြည့်မိတော့တယ်။

အွန်လိုင်းဝင်လိုက်တာနဲ့ ကိုကိုကအဆင်သင့်ပင် မီးစိမ်းလေးပြကာစောင့်နေသည်မို့ အရမ်းကိုပျော်သွားမိသည်။

“မောနင်းကိုကို”

“အိတ်ပုတ်မလေး ခုမှနိုးတာလား ကိုကိုတောင်မနက်စာစားတော့မှာ”

“ကိုကိုကလဲ ဒီတစ်ရက်လေးအိပ်ရတာကို”

အဲလိုနဲ့  ကိုကိုနဲ့စကားတွေအများကြီးပြောဖြစ်ပြီး လင်းလက်တို့လာမှပင် လက်တော့ပ်ရှေ့မှ ခွာရတော့သည်။

လင်းလက်တို့ရောက်ပြီးခဏအကြာမှာတော့ ဗိုလ်ပါရောက်လာတော့သည်။ တီရှပ်အနီရောင်နှင့် ဂျင်းဘောင်းဘီကို ပေါ့ပေါ့ပါးပါးဝတ်ဆင်ထားသော ဗိုလ့်ပုံစံမှာ

ကလေးငယ်လေးတစ်ယောက်နှင့်ပင် တူသေး၏။ ကော်ရည်ခေါက်ဆွဲစားပြီးကြတော့ ဧည့်ခန်းမှာ အားလုံးစုပြီး စကားပြောကြသည်။ ဗိုလ့်ကို ရည်းစားများသော

အချစ်ကိုကစားတတ်သော ချာတိတ်တစ်ယောက်အဖြစ်သာ သိထားခဲ့ပေမယ့် ဒေါ်လေးနှင့် တရားအကြောင်းတွေပါ လိုကင်ဆွေးနွေးနိုင်တာတွေ့တော့မှ အံ့ဩမိရသည်။

နောက်တော့မှ စကားပြောကြရင်းနဲ့ ဗိုလ့်မေမေက ကျောင်းဆရာမဖြစ်ကာ အနေအေးပြီး ဘာသာရေးကိုင်းရှိုင်းသူမို့ ဗိုလ်တို့မောင်နှမကိုပါ ဘာသာရေးလိုက်စားခဲ့သည်ဟုဆိုသည်။

ဗိုလ်ငယ်ငယ်တုန်းကဆိုရင် နွေရာသီတိုင်း၊ တရားစခန်းဝင်တယ်ဟုပြောတော့ ဟန်နီရော လင်းလက်တို့ကပါ မယုံဘူးဟုဆိုရော။

တစ်နေကုန်စကားတွေပြောလိုက်ကြ၊ Game ပြိုင်ဆော့လိုက်ကြနှင့် ညနေစောင်းမှပင် လင်းလက်တို့ပြန်သွားကြသည်။ Happy Sunday လေးပေါ့။

—————————————–
“ဟိတ် မိဟန်နီ ကိုကိုနဲ့ချက်နေတယ်ပေါ့လေ”

ညမအိပ်ခင်လေး ကိုကိုနဲ့အွန်လိုင်းမှာအလွမ်းသယ်နေတုန်း gtalk notification အသံနှင့်အတူ ဗိုလ့်ဆီက chat box လေးတက်လာတော့ပြုံးမိသည်။

များသောအားဖြင့် ဗိုလ်ကဒီအချိန်တွေအွန်လိုင်းမလာတတ်ပေ။

“ဟန်နီက ဟန်နီ့ကိုကိုနဲ့ပဲချက်နေမှာ ဗိုလ်အဲ့အချိန်လာရင် ဟန်နီ့အတွက်အနှောင့်အယှက်ဖြစ်မှာပေါ့ကွ” ဟု ပြောကာ သူ့ချစ်ချစ်တွေနှင့် ချက်ဖု့ိတောင် ဒီအချိန်ကိုဘယ်တော့မှမချိန်းတတ်ပေ။

အခုမှ ထူးထူးဆန်းဆန်းဘာလို့ပါလိမ့်။ ဗိုလ့်အကောင့်ကိုကြည့်မိလိုက်တော့ … သဲသဲပုံကိုတင်ထားတာတွေ့ရသည်။ ဗိုလ်ကများသောအားဖြင့် သူ့ပုံသူသာထင်ထးတတ်တာ။

ဟိုတလောကမှ ကိုကိုရန်ကုန်လာတုန်းကဟန်နီနဲ့ရိုက်ထားတဲ့ပုံကို ဟန်နီကတင်ထားလို့ဆိုပြီး

ဟန်နီ့ကိုအမြင်ကတ်လို့ဟုဆိုကာ မန်းလေးက ကြယ်စင်ဆိုတဲ့တစ်ယောက်ရဲ့ပုံကိုတင်ထားသေးတယ်။ အခုက ဘယ်လိုဖြစ်တာပါလိမ့်။

ထုံးစံအတိုင်း စပ်စုချင်စိတ်တွေက တဖွားဖွားပေါ်လာကာ

“အင်း ဟုတ်တယ် ကိုကိုနဲ့ချက်နေတာ ဗိုလ်ကဘယ်လိုလုပ် သဲသဲပုံတင်ထားရတာလဲ”

“အာ တန်းသိတာဘဲနော် … လေတယ်”

“သိမှာပေါ့ဟဲ့ ဟန်နီကဗိုလ့်ကိုပစ်ထးတာမှမဟုတ်တာ” .. စပ်စုလွန်းတယ်ဆိုတာမပေါ်အောာင် ကိုယ်ကပဲ သိပ်ချစ်နေသလိုလိုနဲ့ပြောပစ်လိုက်သေးသည် ဟီး။

“မထင်ပေါင်ဗျာ ဗိုလ့်ကိုဘယ်လိုနှိပ်ကွပ်ရမလဲဆိုတာတွေးပြီးမေးလိုက်တာမသိဘူးများမှတ်နေလား … ပြောပြမယ် အဖြစ်ကဒီလို … ဟန်နီကိုအမြင်ကတ်လို့ဆိုပြီး မိန်းမလေးပုံတင်ထားတာလေ

အဲဒါနေ့လည်က ဗိုလ်အင်တာနက်သုံးနေတုန်း သဲသဲကလည်း လိုင်းပေါ်ရောက်လာပြီး ဘာလို့ကြယ်စင်ပုံတင်ထားရတာလဲ အရမ်းချစ်နေကြပြီလား ယူတော့မှာလား ဆိုပြီး ရစ်ရောကွာ

ဗိုလ်ကလဲပြီးပြီးရော မဟုတ်ပါဘူး ဘာညာနဲ့ပြန်ဖြေရှင်းမိတယ် အဲဒါ သဲသဲက သူ့ပုံကိုတင်ပါဆိုပြီးရစ်ပါလေရော မတင်ရင် မေမေတို့နဲ့လာတိုင်မယ်

ဘာဖြစ်တယ် ညာဖြစ်တယ်ပေါ့နော် .. ဗိုလ်လဲ နားငြီးအေးရောဆိုပြီး သူ့ပုံတင်လိုက်တာ အဲချိန်တုန်းက မိန်းမလေးကအွန်လိုင်းလည်းရှိမနေပါဘူး ဒါပေမယ့် ဘယ်လိုဖြစ်ပီး အဲ့ကိစ္စသိမှန်းမသိပါဘူး

ဗိုလ့်ကိုဖုန်းဆက်ပြီး ပြဿနာရှာလို့ အခုချက်ချင်းသူ့ပုံပြန်တင်ဆိုပီး ကွိုင်ရှာလို့ အွန်လိုင်းပေါ်ရောက်လာတာဟေ့”

ဗိုလ့်ပို့လိုက်တဲ့စာတွေကိုကြည့်ပြီး ဟန်နီ့ဒေါသထွက်သွားမိသည်။ နင်ကဘယ်လိုလူမျိုးလဲဗိုလ်။ ပြဿနာကို ပြီးပြီးရော ဖြေရှင်းပစ်တာလား။ ဘာလို့အဲလိုမျိုးဖြစ်နေရတာလဲဟာ။

“ဟန်နီအမှန်အတိုင်းပြောမယ်နော် ဗိုလ်ခုလိုမျိုးဖြစ်နေတာကိုသဘောမကျဘူး ဗိုလ် တစ်ခုခုလုပ်လိုက်ပီဆို အဲဒါက ဗိုလ့်စိတ်ကပါလို့မဟုတ်ဖူးလား

ခု ကြယ်စင်ဆိုတဲ့တစ်ယောက်ကို မိန်းမလေးတွေဘာတွေခေါ်ပြီး အတည်ယူမယ်ဆိုလည်း ဘာလို့သဲသဲစိတ်တိုင်းကျအဲလိုလုပ်ပေးလိုက်သေးလဲ”

“မဟုတ်သေးဘူးလေ ဟန်နီရယ် .. ကြယ်စင်ကိုမိန်းမခေါ်တယ်ဆိုတာလည်း ချစ်စနိုးနဲ့ခေါ်တာပဲ ကြယ်စင်နစ်နာအောင် ဗိုလ် နှမသားချင်းမစာနာတဲ့စိတ်နဲ့ဘာမှမလုပ်ထားဖူးနော်

ဗိုလ့်မှာလည်း အမရှိတယ် ဗိုလ် ဘာအမှားမှ မကျူးလွန်ထားဘူး”

ဗိုလ်ပြန်ပြောလာတဲ့စကားကိုကြည့်ပြီး ကျွန်မ နှုတ်ခမ်းတစ်ချက်မဲ့လိုက်မိတယ်။ တကယ်ပဲယောကျာ်းတိုင်းက ကိုယ်ထိလက်ရောက်ကျုးလွန်ထားမှ တစ်ဖက်သားက နစ်နာမယ်လို့ခံယူထားကြသလား။

သူတို့ပါးစပ်ကထွက်ကျလာတဲ့စကားလုံးတွေ၊ သူတို့ရဲ့အချစ်လို့နာမည်တပ်ထားတဲ့ အတ္တတွေကြောင့် မိန်းကလေးတစ်ယောက်ရဲ့ဘဝ၊ နှလုံးသားတွေ နာကျင်နစ်နာသွားရတာတွေမသိကြတာလား။

ဗိုလ်ရော အဲလိုယောကျာ်းထဲက ယောကျာ်းတစ်ယောက်ပဲလား ????

“ဒါဆို ဗိုလ်က ကြယ်စင့်ကိုလဲမချစ်ဖူးပေါ့ ဒါဆို ဗိုလ်ချစ်တာဘယ်သူလဲ သဲသဲလား”

“မချစ်ဖူးလဲမဟုတ်ဖူး ဟန်နီ ဗိုလ်ချစ်တာပဲ ဗိုလ်နဲ့ပက်သက်တဲ့မိန်းကလေးတိုင်း တစ်ယောက်ကိုတစ်မျိုး ဗိုလ်ချစ်တာပဲလေ”

“ဒါပေမယ့် အမြဲတမ်းအဲလိုသွားနေလို့မရဘူးလေ .. အခုပဲကြည့် ဗိုလ် ကြယ်စင်ပုံကိုတင်ထားတယ် နောက်အဲဒါကို သဲသဲကရစ်လို့ သဲသဲပုံတင်တယ်

အခု ကြယ်စင်ပြန်သိသွားတော့ ထပ်ပြဿနာရှာတာ ဗိုလ်ခံရပြန်ဘီ ဗိုလ်စိတ်မရှုပ်ဘူးလား ဗိုလ့်ဘဝမှာ ဘယ်သူကအရေးကြီးလဲ ဘယ်သူမရှိလို့မဖြစ်ဘူးလဲ

အဲဒါကိုသေချာစဉ်းစားပြီး တစ်ယောက်ကိုရွေးကြည့်ပါလား”

“ လူတစ်ယောက်ရဲ့ဘဝမှာ ဘယ်သူကအရေးအကြီးဆုံး အချစ်ဆုံးဆိုပြီးမရှိဘူး ဟန်နီရဲ့ အခြေအနေနဲ့ အချိန်အခါအရ .. အရေးကြီးဆုံးဆိုတဲ့လူတွေက တစ်ယောက်ဆီဖြစ်သွားတတ်တယ်
ငါ့ဘဝမှာ ငါနဲ့ပက်သက်သမျှ မိန်းမတိုင်းကို ငါချစ်တာပဲ ဒါပေမယ့် ဘယ်မိန်းမကမှ ငါ့အတွက် အမြဲ နံပါတ်တစ်ဖြစ်မနေဘူး
နံပါတ်တစ်အမြဲဖြစ်နေရင် ကြာရင်ရိုးသွားတတ်တယ်ကွ”

ဟူသော စာလေး ဟန်နီ့ဆီရောက်လာတဲ့အခါမှာတော့ ဟန်နီတကယ်ပဲလက်ဖျားခါချင်သွားသည်။ အဲဒီလိုစိတ်ဓာတ်နဲ့ဆိုရင်တော့ နင့်ဘဝမှာ ဘယ်တော့မှနေသာနိုင်မှာမဟုတ်ဖူး ဗိုလ်ရယ်။

“အဲဒီစိတ်ကြီးကိုကမှားနေတာလေ ဗိုလ် … နင့်ဘဝမှာ အဲဒီလိုမျိုး ခံယူချက်ကြီးရှိနေသရွေ့ ဘယ်တော့မှအဆင်ပြေမှာမဟုတ်ဖူး ဘယ်မိန်းကလေးမဆို သူတို့ချစ်တဲ့သူရဲ့ နံပါတ်တစ်ပဲဖြစ်ချင်ကြတာပဲ

နောက် ဘယ်လောက်ပဲ ဘယ်လိုကိစ္စတွေဖြစ်နေပါစေ၊ အရေးကြီးဆုံးလူဆိုတာ တစ်ယောက်ပဲရှိသင့်တယ် နင်ခုလိုကြီးဖြစ်နေသရွေ့တော့ နင့်ဘဝမှာ

အမြဲပဲ မုန်းတိုင်းတွေတိုက်နေအုံးမှာပဲ နေသာတဲ့နေ့ဆိုတာရှိလာနိုင်မှာမဟုတ်ဖူး”

“ဒီမယ် ဗိုလ် ဟန်နီနဲ့ခင်တဲ့လူတစ်ယောက်ကပြောဖူးတယ် … လူတယောက်ဟာဘယ်လောက်ပဲဆိုးဆိုး  ဘယ်ောလက်ပဲပြောမရဆိုမရဖြစ်နေပါစေ
သူအရမ်းချစ်ရတဲ့သူအရမ်းတွယ်တာရတဲ့လူတယောက်ကိုတွေ့ရှိလာတဲ့အခါ အဲတယောက်အတွက်ကောင်းချင်လာတယ်
ကိုယ့်ရဲ့အရာရာဟာသူဖြစ်လာတယ် သူ့အတွက်အကုန်ပေးဆပ်ချင်လာတယ်တဲ့
နင်လဲနင်သိပ်ချစ်ရတဲ့လူတောက်တွေ့တဲ့အခါပြောင်းလဲသွားမယ်လို့သူပြောခဲ့ဖူးတယ် ဟန်နီအဲဒီစကားကိုယုံတယ်
ဗိုလ်လည်း ဗိုလ်ချစ်တဲ့ လူတွေ့လာရင် ပြောင်းလဲသွားမှာပါ”

“မျှော်လင့်ရတာပဲ ဟန်နီရယ်”

“ကဲ ဟန်နီအိပ်ပြီနော် ၁၂တောင်ထိုးတော့မယ် ကောင်းသောညပါဗိုလ်”

ဟန်နီဗိုလ့်ကိုဘာမှဆက်ပြောချင်စိတ်မရှိတာမို့ ခပ်စောစောလေးပဲ အွန်လိုင်းကထွက်ခဲ့တော့သည်။ ကိုကိုကလည်း ခုနကတည်းက နောက်ကျနေပြီဟု ဆိုကာ အိပ်သွားခဲ့ပြီ။

ဘယ်လောက်ပဲစိတ်ထဲအားမလိုအားမရနဲ့ ဒေါသထွက်နေပါစေ၊ ဗိုလ်ပေးတဲ့ popeye အရုပ်လေးကိုတော့ ညတိုင်းဖက်အိပ်ဖြစ်ခဲ့သည်။

—————————————————-

6 comments

  • Garfield

    July 17, 2013 at 12:44 pm

    ပထမဆုံးလာသွားပါတယ် ဟန်နီ။ :mrgreen:

    • သူကလေး

      July 17, 2013 at 1:25 pm

      ကျေးဇူးတင်ပါတယ် ဂါဖီးရေ 😀

  • Mr. MarGa

    July 17, 2013 at 5:58 pm

    အခု……..မှ
    ဇာတ်ရည်က လည်ဖို့ စ တာဆိုတော့ကာ……
    အင်း…..
    အတော် စောင့်ရဦးမပေါ့လေ 😆

    • သူကလေး

      July 24, 2013 at 3:16 pm

      အဟိ ဒါပေါ့ စောင့်ရအုံးမပေါ့အေ း)
      မန့်တဲ့လူကလည်း ၃ယောက်တောင် အားရှိထှာာာ

  • အလင်း ဆက်

    July 17, 2013 at 6:50 pm

    စောင့် ဖတ်နေပါ့မယ်

    ဆောင့် အောင့် ဖတ်နေမယ် ဟု မဆိုလိုပါ

  • ကိုရင်စည်သူ

    July 24, 2013 at 3:39 pm

    အားပေးနေပါတယ် ဆက်ရေးပါ.. သူကလေး ဒရမ်မာတွေ ဆို စိတ်ထည့်မဖတ်ရဲဘူး..
    မျောသွားမှာစိုးလို့.. 😆
    စကားမစပ်… popeye အရုပ်လေး ဆိုတာ..
    သင်္ဘောသား ဆေးတံခဲနေတဲ့ အရုပ်လားဟင်..
    ရွာဒဘုန် ဗိုစီ.. :mrgreen:

Leave a Reply