ညီမလေးသို ့…. အားတင်းဖို ့
ညီမလေး သို့….. အားတင်းဖို ့…
ညီမလေးရေ….
မင်းရဲ ့အမှန်တရားဘက်… ဘယ်သူမှ မရှိတဲ့အခါ….
ဟာလာဟင်းလင်း..ဖြစ်မသွားနဲ ့ ။
မြဲမြဲခိုင်တဲ ့…. ကျောက်တောင်နံရံတွေကို…..အားကျဖို ့လိုတယ် ။
အားတင်းထားပါ ။
ညီမလေးရေ…..
ဝေးကွားခြင်းတွေက အနီးကပ် တိုက်ခိုက်တဲ့အခါ…..
ငိုကြွေးခြင်းကို.. အား မကိုးနဲ ့….။
ကမ္ဘာကြီးရဲ ့ အဆုံးသတ်ကတောင်……
မပြောပလောက်ပါဘူး ။
အားတင်းထားပါ ..။
ညီမလေးရေ……
ပိုင်ဆိုင်ခြင်းနဲ ့ ဆုံးရှုံးခြင်းတွေက…
ငါတို ့ရဲ ့ချစ်သူပါ….။
ဆုံးရှုံခြင်းကို ဆက် ချစ်တတ်သွားတဲ့အခါ….
အဲဒီ အရသာက သိပ်မခါးတော့ပါဘူး ။
အားတော့…တင်းထားပါ …. ။
ညီမလေးရေ……
အစဉ်အမြဲ…ရယ်မော ရလိမ့်မယ်လို ့….
ဘယ်သူမှ အာမ မခံဘူး ။
လောင်မြိုက်ခြင်းတွေက….
ငြိမ်းချမ်းရေး ပန်းကို ပန်ပြီး….ရောက်လာတတ်တယ် ။
အားတင်းထားပါ…..။
ညီမလေးရေ……
လိုနေတာတွေ ဖြည့်တဲ့အခါတိုင်း…..
ပိုနေတာတွေကို လျှော့ဖို ့… သတိရပါ ။
ပိုကျယ်ပြန့်တဲ ့ ပင်လယ်တချို ့က…….
လှိ ုင်းတံပိုးတွေ အသင့်ပြင်ပြီင်္း…စောင့်နေလိမ့်မယ်….။
အားတင်းထားပါ ။
ညီမလေးရေ……..
ပဝါ ပါးပါးလေးသာ ခြားနားတဲ ့…
ချစ်ခြင်းမေတ္တာနဲ ့ အမုန်းတရား ကြားမှာ….
အိပ်ပျော်မနေစမ်းနဲ ့ကွယ်….. ။
ထ ။
စိတ်ဓါတ်ကို မျက်နှာသစ်
မျှော်လင့်ချက်ကို နိုးထခွင့်ပေး
မက်ခဲ့သမျှ အိပ်မက်ကြီးကြီးတွေကို ဖမ်းဆုပ်ပါ ။
မာယာတွေ ခင်းထားတဲ ့ လမ်းပေါ်မှာ…..
ဆူးငြောင့်ခလုတ်ကို ဖယ်ပြီး… ပန်း ထွက် ခူးပါ ။
လမ်းပျောက်ရင်း….မိုးခါးကြီးရွာရင်တောင်….
အားတင်းထားပါ ။
အမှန်တရားဟန် ဆောင်လွန်းတဲ ့ အမှားတွေအောက်မှာ….
တင်းထားသမျှ အားတွေ ကွဲအက်သွားရင်တောင်…..
အား တင်း ထား ပါ ။
ညီမလေးရေ……..
အားတင်းထား……. ။ ။
လေးစားစွာဖြင့်….
အလင်းဆက်
alinsett.art@gmail.com
19 comments
အရီးခင်လတ်
July 19, 2013 at 10:32 pm
ညီမလေးရေ……..ဆိုတာ ဘူသူ့ ကို ခေါ်နေတာတုန်း အသက် ၆ဝ ကျော် အဘရဲ့။
jk…. 😆
အလင်း ဆက်
July 20, 2013 at 7:20 am
ဒေါ်ဖွားမေ ကို ပြောတာပါ အရီးရေ
😆
ဦးကြောင်ကြီး
July 20, 2013 at 9:05 am
ညီမငေး အားတင်းထား… အတိုဂျီး မပီးဒေးရို့..
အလင်း ဆက်
July 20, 2013 at 9:45 am
တိန်
DEPARKO DEPARKO
July 20, 2013 at 5:04 pm
အဲဒီညီမလေးကချောလားဟင် အားတင်းထားရင်မျက်နှာကြီးကရှုံ့တွ မလှမပဖြစ်နေမှာပေါ့
အလင်း ဆက်
July 20, 2013 at 5:48 pm
အဲဒီ ညီမလေး ဆိုတာ
သားသားထက် ငယ်တဲ့ ဆယ်ကျော်သက် ညီမလေးတွေ
အားလုံး ကို ပြောချင်တာလေးပါ
ချစ်သော အမြင်နဲ့ ကြည့်ရင် ယဉ်ထာပေါ့
😆
သားသား ရေးတဲ့ ကဂျာလေးကို အားပေးခံစားတဲ့အတွက်
အာဘွားးး
မောင် ပေ
July 20, 2013 at 6:52 pm
ညီမလေး
ပီချကျွေး
ညှီပွဆေး
ဆီကျဈေး
ရယ်(ရီ)ပြပြေး
ချီကမေး
အလင်း ဆက်
July 21, 2013 at 2:20 pm
လေးလေးပေ
တွေးတွေးနေ
ကွေးရေးလေ
ဆွေးနွေးဖြေ
အဲ သိတော့ဝူးးး
😆
လေးလေးပေ
ကဗျာပြခန်းအတွက် ကဗျာ မျှော်နေပါတယ်
🙂
Inz@ghi
July 22, 2013 at 7:07 am
ဘာဖစ်တုန်းကွ… နာ့ဟာနာ ကရင်မလေးကို ခြစ်ဒါ…
ကိုကိုဝီကို မီးဒုတ်ရှို့ဂျ…
Mr. MarGa
July 22, 2013 at 8:20 pm
ညီမလေးရေ
အစ်ကိုကြီးမှာ ကလိကလိ ဖြစ်နေတာမို့
အားတင်းထားပါဦးကွယ်
မကြာခင် ပြန်ပြေးမယ်နော်
အလင်း ဆက်
July 23, 2013 at 9:54 am
သကြား ရဲ့ ညီမငေးက
ဘဒူလဲဂျ
😆
Mr. MarGa
July 23, 2013 at 1:08 pm
အလက်ဆင်း ဆိုတဲ့ ညီမလေး လေ
အရမ်း…ရမ်းကို ချစ်ချာကောင်းတယ်
အလင်း ဆက်
July 23, 2013 at 1:14 pm
နီပြောတာကို
ပြောင်းပြန်ပဲ တွေးလိုက်တယ်
သကြားရေ
အလင်းဆက်ဆိုတဲ့ ညီလေး
အရမ်း မုန်းစရာ ကောင်းတယ် လို ့
ပြောတယ်မှတ် တယ်ကွာ
အဆိုးမြင်သမား
အလင်းဆက်
လုံမလေးမွန်မွန်
July 22, 2013 at 9:08 pm
ညီလေးတွေ ညီမလေးတွေကို အားမတင်းခိုင်းခင် ကိုယ့်ကိုကိုယ် အရင် အားတင်းဦးနော်..အလက်ဆင်း.. 🙂
အလင်း ဆက်
July 23, 2013 at 9:59 am
လုံမလေး ရေ
ကျွန်တော့် အတွက် ကံကြမ္မာက ဓါးထမ်းပြီး လာတတ်လွန်းလို ့
ထုံနေပါပြီလေ
အခု လောလောဆယ်တော့
ကျွန်တော်က
ကြက်ဖကြီးတစ်ကောင်လိုပါပဲ
သူများကိုသာ အိပ်ရာက နေ တွန် နှိုးနေတာ
ကိုယ်တိုင်က အိပ်တန်းပေါ်က မဆင်း ဘူး
အဲဒီလိုပါပဲ
ကျွန်တော်
အားမတင်း နိုင်သေး ချိန်မှာ
ကျွန်တော့်လို နာကျင်မှုတွေ
ဆိုးရွားမှုတွေကို မကြုံစေချင်ဘူးလေ
လုံမလေးရေ
အားပေးမှုအတွက် ကျေးဇးးပါနော်
manawphyulay
July 23, 2013 at 7:59 am
ညီမလေးကတော့ အမြဲအားတင်းထားပါတယ်ရှင်….
မနောကို ကျောတာလားဟင်…. အဟိ
အလင်း ဆက်
July 23, 2013 at 10:01 am
မမ မနော ရေ
မင်ဂါပါဗျ
မမ မနောဆီက အားတင်းနည်းတောင်
ကျွန်တော် ပြန် သင်ချင်သေးတာ
😆
မဟာရာဇာ အံစာတုံး
July 23, 2013 at 10:09 am
အိပ်ပျော်မနေစမ်းနဲ ့ကွယ်….. ။
ထ ။
ပီးရင် … က …
ပီးရင် … ခ …
ပီးရင် … ဂ …
ဒီတော့ .. က၊ ခ၊ ဂ .. အာဟ ..
အလင်း ဆက်
July 23, 2013 at 10:31 am
ထ ပြီ
က ပြီ
အံစာရေ
ညီမ ငေးတော့ မဟုတ်
ဒေါ်ဖွားမေ
😆