Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ကျွန်မရဲ့ ချစ်သူ

niki taJuly 23, 20131min54217

အချစ်တဲ့…………..
အချစ်ဆိုတာကို လူတွေက အမျိုးမျိုး ပြောကြတယ်..။ အမျိုးမျိုးဖွင့်ဆိုခဲ့ကြတယ်..။
သူ့ကို မချစ်ခင်က အချစ်ဆိုတာ အဲလောက်နက်နဲတဲ့ အရာဆိုတာ မသိခဲ့ဘူး..။ တကယ်တမ်းအချစ်ဆိုတာ ဖော်ပြစရာစာလုံးတောင် ရှာမရတော့သလိုပဲ..။

ကျွန်မတို့ အတူတူ ငိုခဲ့ဖူးသလို…..အတူတူ ရယ်ခဲ့ဖူးတယ်..။
အတူတူရှုံးနိမ့်ခဲ့ဖူးသလို အတူူတူအနို်င်ယူခဲ့ဖူးတယ်…။
အတူတူ မျှော်လင့်ဖူးသလို… အတူတူ ပျောက်ဆုံးဖူးတယ်..။

ကျွန်မတို့နှစ်ယောက်ရဲ့ အချစ်ကို လက်ခံပုံတွေမတူဘူး။
ကျွန်မက စိတ်ကူးယဉ်ဆန်တယ်..။ သူက လက်တွေ့ဆန်တယ်..။
ကျွန်မက အချစ်ကို စိတ်ကူးပြီး ပုံဖော်တယ်..။ သူက လက်တွေ့ ပုံဖော်တယ်…။
ကျွန်မရဲ့ စိတ်ကူးမျှော်လင့်မှုတွေ ဖြစ်မလာတဲ့ အခါ ဝမ်းနည်းတယ် .. အားငယ်တယ်…။
သူရဲ့ လက်တွေ့ဆန်မှုတွေကို ကျွန်မ မစွမ်းဆောင်နိုင်တဲ့ အခါ သူ .. ဒေါသထွက်တယ်.. ပေါက်ကွဲတယ်…။
သူ …ကျွန်မအပေါ်မှာ မျှော်လင့်ချက်တွေထားတယ်… ။ ကျွန်မက သူမမျှော်လင့်တာတွေပေးခဲ့ ဖူးသလို…. သူ့ရဲ့မျှော်လင့်ချက်တွေကိုလည်း ဖျက်ဆီးဖူးတယ်..။

သူရဲ့ ပျော်ရွှင် ရယ်မောမှုတွေကို ကျွန်မ ချစ်သလို၊ သူရဲ့ ဒေါသတွေကိုလည်း ကျွန်မ ချစ်တယ်…။
ဒီလိုဆိုရင် ကျွန်မဟာ သိပ်အတ္တကြီးနေလား ဟင်..။ သူ ကျွန်မကို ဒေါသထွက်ရင် သူစိတ်ပင်ပန်းမယ်ဆိုတာ ကျွန်မသိတယ်..။
ဒါပေမယ့် သူရဲ့ ဒေါသတွေကို ကျွန်မ သဘောကျတယ်.. ။
သူက ကလေးဆန်တယ်..။ သူရဲ့ အချစ်တွေကို ကျွန်မသိမှာ သူအရမ်းရှက်တက်တယ်..။
သူရဲ့ အချစ်တွေကို ဖွင့်ဖော်ပြောပြရမှာကို သူရှက်တယ်….။
သူဖော်ပြတဲ့ သူ့အချစ်က ဒေါသတွေနဲ့ သဝန်တိုမှုတွေလေ…။
အဲဒီတော့ သူရဲ့ ဒေါသတွေကို ကျွန်မချစ်တယ် ဆိုတာ မဆန်းပါဘူးနော်….။
သူက တစ်ခါတစ်လေကျတော့လည်း လူကြီးတစ်ယောက်လို တည်ငြိမ်ရင့်ကျက်တယ်..။
ကျွန်မလျှောက်ရမယ့် လမ်းကို သူရွေးချယ်ပေးပြန်တယ်..။ သူ ဦးဆောင်ပေးတယ်…။

ကျွန်မ အားငယ်တဲ့ အခါ သူ အားပေးတယ်…။
ကျွန်မ လမ်းပျောက်တဲ့ အခါ သူ လမ်းပြတယ်..။
ကျွန်မ အထီးကျန်တဲ့ အခါ သူ အဖော်လုပ်ပေးတယ်..။

ကျွန်မလေ… အခုချိန်ထိ သူ့ကို မြင်ရင်… သူ့အသံကိုကြားရင်… သူ့အကြောင်းတွေးရုံနဲ့တင် ရင်တွေ ခုန်တုန်းပါပဲ…။
သူရဲ့ စကားတစ်ခွန်းကြောင့် ပြုံးပျော်ဖူးသလို… ငိုခဲ့ဖူးတယ်..။
အချစ်ဆိုတာ အနက်ရှိုင်းဆုံးနေရာကနေ ဖြစ်တည်နေသလို ကျွန်မသူ့ကို နင့်နေအောင်ချစ်ပါတယ်…။
ကျွန်မ သူငယ်ချင်းတွေကပြောကြတယ်… ။ ချစ်သူတွေ တစ်ယောက်သေလို့ လိုက်သေဆုံးရင် ရူးတာပဲတဲ့…။
ဟုတ်တယ်.. ။ ဒါဆိုရင် ကျွန်မ ရူးနေတာသေချာပြီ…။ သူ့ကို ချစ်လွန်းလေ…။
ကျွန်မရဲ့ ဝင်သက်ထွက်သက်တိုင်းမှာ သူ့ကို ချစ်တဲ့ စိတ်နဲ့ အသက်ရှူတယ်…။
သူ့ကို ချစ်တဲ့ စိတ်နဲ့ ကျွန်မရဲ့ မနက်ခင်းတွေကို ကြိုဆိုတယ်..။
သူ့ကို ချစ်တဲ့စိတ်နဲ့ ကျွန်မရဲ့ တစ်နေ့တာကို ကုန်ဆုံးတယ်..။
သူ့ကို ချစ်တဲ့စိတ်နဲ့ပဲ ကျွန်မရဲ့ အလုပ်ကို ကြိုးစားပြီး နေရာတစ်ခုရအောင်နေတယ်..။

ကျွန်မလား……..။ ကျွန်မက အရာရာကို ပေါ့ပေါ့တွေးပြီး ပေါ့ပေါ့နေတက်သူ..။
ကျွန်မမှာ အပူပင်ဆိုတာ မရှိသလောက်ကို နေခဲ့တယ်…။
သူနဲ့တွေ့ပြီး ကျွန်မရဲ့ အသက်ရှင်မှုကို တန်ဖိုးထားတက်လာတယ်..။
ကျွန်မတို့ အတူရှိနေမယ့် စက္ကန့်၊ မိနစ်တွေတိုင်းကို ကျွန်မ တန်ဖိုးထားတယ်..။

အခုချိန်မှာ ကျွန်မရဲ့ မျှော်လင့်ချက်အလုံးစုံ ဟာ သူ..။
ကျွန်မရဲ့ ကမ္ဘာဟာ သူပါ…။
ဒီကမ္ဘာလေးထဲမှာ သူပျှော်ရွှင်နိုင်ပါ့မလား..။။

ကျွန်မ သူ့ကို အရမ်းချစ်တယ်…။ ကျွန်မကိုယ် ကျွန်မထက်……ကျွန်မ အသက်ထက်…. ကျွန်မရဲ့ ဘဝထက်……..အရာအားလုံးထက်……..
သူ့ကို ……ပိုချစ်တယ်…..။

17 comments

  • Wow

    July 23, 2013 at 11:17 am

    ကိုယ့်အတွက် safety ဖြစ်တယ်လို့ မခံစားရသေးသရွေ့… သိပ်မခံစားတာ ကာယကံရှင်အတွက်သက်သာပါလိမ့်မယ်… ထင်ရာမြင်ရာဝင်ပေါခြင်းလို့မှတ်ပါ… :mrgreen:

  • ကိုရင်စည်သူ

    July 23, 2013 at 11:53 am

    တမီးလေးနီကီ ပျောက်နေတာကြာလှပါလား.. ဘူ့ကို ဇွတ်ဂျစ်နေတာလဲ..
    ဆြာမဂျီး မဝေါင်းပြောသလိုပဲ Safety First နော်… သိပ်မဂျစ်နဲ့…
    ရေးထားတဲ့အတိုင်း တကယ်မှန်ရင်တော့ တမီလေး လူက စိတ်သိပ်မမှန်ဘူး.. :mrgreen:
    စိတ်မှန်မှန်နဲ့ တမီးလေးတွေ များများချစ်နိုင်တဲ့ ဒို့ကိုပဲ ခြစ်ပလိုက်… ဘွတ်အဲ.. ဘွတ်အဲ.. 😆

    • Wow

      July 23, 2013 at 2:19 pm

      ဟယ် နာဆြာမဂျီးဖစ်သွားဘီလား…
      ဒါတောင်… :mrgreen:

      • ဦးကျောက်ခဲ

        July 23, 2013 at 2:23 pm

        ဆြာမက ဆြာမပါ ဆြာမရယ်… ဟီး ဟီး :mrgreen:

        • Wow

          July 24, 2013 at 1:51 pm

          သတို့သမီးက မင်ဂါဆောင်ကိစ္စနဲ့ အလုပ်ရှုပ်နေတုံး..
          ကျောက်စ်တို့ ဟိုနံရိုးကိစ္စပါ ဒီနံရိုးကိစ္စပါနဲ့
          ယောက်ကထီးအဆူခံရပါဇီတော် :mrgreen:

  • အလင်း ဆက်

    July 23, 2013 at 12:18 pm

    သူ ဆိုတာ ဘူပါလိမ့်

    ======
    ဒီစာသားလေးတွေ ဖတ်ရတာလည်း
    ဒီရွာထဲ ခေတ်စားတဲ့
    ဂျူး အရေးအသား လို
    အရသာ လေးပါပဲ ။

    • niki ta

      July 24, 2013 at 6:53 am

      အားပေးတာ ကျေးဇူးတင်ပါတယ်… ဝတ္တုရေးဖြစ်ရင် ပထမဆုံးစာမူခကို မုန့်ဝယ်ကျွေးမယ် 😀

  • ခင် ခ

    July 23, 2013 at 1:29 pm

    မျှော်လင့်ခြင်းတွေ အများကြီးထားခဲ့တဲ့ အချစ် ဟာ တစ်ခါတရံ ကိုယ့်အတွက်မကောင်း သလို
    ပေးဆပ်ခြင်းတွေဘဲ ပြုမူပေးခဲ့တဲ့ အချစ် ဟာလည်း တစ်ခါတရံ ကိုယ့်အတွက်မကောင်းတ်ဘူး၊
    အပေး အယူလေး မမျှတချင်နေပါစေ အပေး အယူ ရှိတဲ့ အချစ်သည်သာ ကောင်းတယ်ဟု……….။
    ကျွန်တော် အယူအဆပါနော်၊ မှားချင်လည်း မှားနိုင်ပါတယ်။

  • မဟာရာဇာ အံစာတုံး

    July 23, 2013 at 2:59 pm

    အသက်ထက် ပိုဂျစ်ဒယ် ဆိုဒေါ့ဂါ ..
    သူဂ သတ်မယ် ဆိုလည်း သေရဲဒယ်ပေါ့လေ .. ဟုတ်စ ..
    အင်းးး ပေါလို့ဒေါ့ ရဒါ မီဟုတ်ဝူးရယ် …
    အချစ်တွင် ညက်စိ မရှိလို့တောင် ရှေးပညာရှိကြီး တွေက ဆိုထားဒေးဒါဗျဲစ် …
    ဖတ်တွားဘာဒယ်ဂျာ …

  • Ma Ma

    July 23, 2013 at 3:05 pm

    ရွာထဲမှာ မတွေ့တာ ကြာပါပြီကောလား။
    အရေးအသားလေး သဘောကျတယ်။
    အတွေးအခေါ်ကတော့ အသက်အရွယ်ကိုလိုက်ပြီး ပြောင်းလဲတတ်တာမို့…..

  • kai

    July 23, 2013 at 3:11 pm

    Love ကိုတကမ္ဘာလုံးပုံစံအမျီုးမျိုးနဲ့..အဓိပ္ပါယ်ဖွင့်ကြတာမှာ…
    မြန်မာပြည်ယဉ်ကျေးမှုကျ.. ၁၅၀ဝ ကိလေသာနဲ့တွဲဖွင့်ပေးလိုက်တော့…

    ဒန်တန်တန်.. ဖြစ်ရော..
    ချစ်တာပဲ.. အပြစ်… လိုလို… :mrgreen:

    • Min Zarni

      July 23, 2013 at 3:17 pm

      ကျုပ်ကတော့ အိုက်ဒိ တထောင့်ငါးယာ ကိလေသာ ဆိုတဲ့ အယူကို ယူကို မယူတာ…
      ငိငိ…

      • ကိုရင်စည်သူ

        July 23, 2013 at 5:02 pm

        1500 စိတ်ကို မချိတာ.. ကိလေသာစိတ်က အနန္တဟာကိုဘဲဗျာ.. ဆားငန်ရေလို သောက်လေငတ်မပြေဒါဂို
        1500 ထဲ ပေးတယ်ဆိုကတည်းက နည်းနည်းကို နည်းနေတာလို့ မှတ်တယ်… 😆

        • niki ta

          July 27, 2013 at 12:54 pm

          Min Zarni >>
          ကိုရင်စည်သူ >>

          ဒါကတော့ ကိုယ့်ဝါသနာနဲ့ ကိုယ်ပေါ့

    • အရီးခင်လတ်

      July 24, 2013 at 2:13 pm

      လိင်တူ အချင်းချင်းချစ်တာ ကို အပြစ် လို့ မြင်တဲ့ အဲဒီ ကွန်ဆာဗေးတစ်ကြီး တွေ ကို မီးမီး သိပ်မုန်းတာဘဲ ဖေဖေ နဲ့ မေမေ။ 😉
      (ရေးးးးးးး နာလဲ ခေတ်မှီတွားဘီ)
      😆

      စာကို ဝင်ဖျက်သလိုဖြစ်ခဲ့ရင် စောဒီးပါ နီကိတာ ရေ။

  • ဦးကြောင်ကြီး

    July 24, 2013 at 9:07 am

    ကျုပ်တိုသာဂျီးမှာ ကိလေသာ မရှိဘူး… သာဂျီးဂဒေါ်ကို မောင်ရင်းနှမဆိတ်နဲ့ စောင့်ရှောက်ရင်း သာမီးဒေါ်ဂလေး ရလာတာ… အဲဒါ နတ်ပေးဒါတဲ့…. ဟုတ်ချင်လည်း ဟုတ်မှာနော…. သာဂျီးဂ သူဒေါ်ဂေါင်းဂျီးဗျ… 😆

  • KZ

    July 24, 2013 at 9:23 am

    ချစ်တတ်တဲ့ သမီးလေးပါလားးးးး

    သတိနဲ့ချစ်
    စိတ်ထိန်းပြီးချစ်
    လွှတ်မချစ်ရင် ပြီးရော။
    safe side ယူပြီးမှ ချစ်စေချင်ပါတယ်။

    ဒါတွေ လွန်မြောက်ပြီး အန္တရာယ်ကင်းကင်း သောက ရှင်းရှင်း ချစ်တတ်တဲ့၊ ချစ်နိုင်တဲ့ အချိန် တွေ့ဦးမှာပါကွယ်။ 🙂

Leave a Reply