Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

သုံးပန်လှ တောင်သမန် ( ၁ )

Swal Taw YwetJuly 30, 20131min90015

ဒီနှစ်ဆန်းစ မန္တလေးကိုပြန်ရောက်နေရတုံး ကိုပေါက်နဲ့ဆုံဖြစ်တယ်။

မန္တလေးရဲ့ နာမည်ကြီး မင်းမင်းကျော်လက်ဖက်ရည်ဆိုင်မှာ ၂၆.၂.၂၀၁၃ နေ့လည်ပိုင်း ထိုင်ဖြစ်ကြတာပေါ့။

ကျနော်ရေးခဲ့တဲ့ ပို့စ် တစ်ခုမှာ ၁၉၈၁ ဆိုင်းတန်းမီး နှင့် ၁၉၈၄ ဦးကျားကြီးဝင်းမီး မှားသွားတာ အမှန်ပြင်ပေးလို့ ကျေးဇူးတင်ကြောင်း ကိုပေါက်ကို အပြင်မှာ ကိုယ်တိုုင်ပြောခွင့်ရလိုက်တယ်။ ရွာသားတွေ ဆုံတော့ ရွာအကြောင်းပဲ ပြောဖြစ်ကြတာပေါ့ဗျာ။ ကိုထူးဆန်းတင်ထားတဲ့ ခါတော်မှီ အထပ်မြင့်ဟိုတယ်တွေကြောင့် အင်းလေးဒေသ သဘာဝ ရှုခင်းတွေ ပျက်စီးသွားနိုင်တာကို ထောက်ခံဆွေးနွေးရင်း ကျနော်တို့ ချစ်တဲ့ အင်းကြီးတောင်သမန်အကြောင်း ရောက်သွားခဲ့ပါတယ်။ စာသမားတွေဆိုတော့ တောင်သမန်အင်းအကြောင်း မှတ်မိသမျှ မှတ်တမ်းလေးတစ်ပုဒ်ရေးဖို့ အိုင်ဒီယာ ရသွားတယ်။ တောင်သမန်အင်းစောင်းမှာ မွေးဖွားကြီးပြင်းခဲ့တဲ့ ကျနော်စွယ်တော်ရွက်က တပ်ထဲမှာ အတူနေခဲ့ဖူးတဲ့ ကိုကြီးမိုက်ဆီကိုပါ စစ်ကူတောင်းမယ်ဆိုတော့ ကိုပေါက်ဆီက “သုံးပန်လှ တောင်သမန်” ဆိုတဲ့ ခေါင်းစည်း ချက်ချင်းထွက်လာခဲ့တော့တာပါပဲ။ လွန်ခဲ့တဲ့ အနှစ် သုံး-လေးဆယ်လောက်က တောင်သမန်အင်းအကြောင်း၊ ရှေးရှေးတုံးကတောင်သမန် ကို တောင်သမန်အင်းကို ချစ်တဲ့သူ သုံးယောက် ဘယ်လိုပုံဖေါ်ကြမလဲဆိုတာ ဆက်လက်ရှုစား အားပေးတော်မူစေခလို….

တောင်သမန်အင်းအကြောင်းပြောမယ်ဆိုတော့ ပုံစံလေးဝင်သွားအောင် တည်နေရာက စမယ်နော..

(အလွယ်ဆုံးကို အရင်ဆုံး ဦးပြီးရေးလိုက်တာ အကြီးတွေ ခေါင်းစားရအောင်လို့)

တောင်သမန်အင်းရဲ့ မျက်မြင်နယ်နိမိတ်က အရှေ့ဘက်မှာဆို ရန်ကုန်မန္တလေးရထားသံလမ်းတံတားပေါ့၊ အခုတော့ ရတနာပုံတက္ကသိုလ်သွား တာရိုးလမ်းကြီးပါ ရှိနေပါပြီ။ အခုတာရိုးလမ်းနေရာဟာ ဟိုးအရင်တုန်းက နွေနဲ့ ဆောင်းဆို လှည်းသွားနိုင်တဲ့ တံတားတစ်ခုရှိတဲ့ အုတ်စီလမ်းကြီးပေါ့။ တောင်ဘက်မှာ တောင်သမန်ရွာရှိတယ်၊ ကိုဂီ့ကို ထန်းရည်တိုက်မယ်လို့ ဖိတ်ခေါ်ခဲ့ဖူးတဲ့ ထန်းတောရွာလည်း ရှိတယ်။ အခုတော့  ရတနာပုံတက္ကသိုလ်ကြီးပါ ရှိနေပြီပေါ့ဗျာ။ အသိသာအထင်ရှားဆုံး ကတော့ ကျောက်တော်ကြီးဘုရားပေါ့။ တောင်သမန်အင်းရဲ့ တောင်ဘက်အလယ်တည့်တည့် နာမည်ကျော် ဦးပိန်တံတားရဲ့ အရှေ့ဘက်ထိပ်နားလေးမှာ တည်ရှိတာပေါ့။ ကြုံတုန်းလေး မန္တလေးမြို့မှာ ကျောက်တော်ကြီးဘုရား ၂ ဆူရှိကြောင်း အသိပေးပါဦးမယ်နော……

မန္တလေးနန်းမြို့ အရှေ့မြောက်ထောင့် မန္တလေးတောင်ခြေ ခြင်္သေ့ကြီး ၂ကောင်နားမှာ မဟာသကျမာရဇိန် ဘွဲ့ခံ ကျောက်တော်ကြီးဘုရားတစ်ဆူ ရှိတယ်။ အမရပူရ တောင်သမန်အင်းကျောက်တော်ကြီးဘုရားက မဟာသကျရံသီဘွဲ့ခံဖြစ်ပါတယ်။

အင်းဝနန်းတော်ကနေ အမရပူရ မြို့သစ်တည်ပြီး ပြောင်းခဲ့တော့ ဘုရင့်နန်းတော်ဟောင်းကသစ်တွေကို သာမန်ပြည်သူတွေသုံးခွင့်မရှိတာကြောင့် ဝန်စာရေးဦးပိန်ရဲ့ လျှောက်တင်ချက်အရ တောင်သမန်ရွာနှင့် အမရပူရဘက် ဆက်သွယ်ဖို့ တံတားကြီးတစ်စင်း ထိုးခဲ့တာတဲ့ခင်ဗျ၊ ဒါ့ကြောင့် ဦးပိန်တံတားလို့ နာမည်ကြီးပါတယ်။ ဧရာဝတီမြစ်ရေကြီးချိန်ဆို တောင်သမန်အင်းထဲကို ရေဝင်ပါတယ်။ ဝင်လာတဲ့ရေကို ဦးတိုက် ရေတက်ချိန်ထန်တဲ့လေကို ဦးတိုက်ပြီး ဦးပိန်တံတားဟာ တောင်ဘက်ကို ဦးချွန်ထားတဲ့ တံတောင်ဆစ်ကွေးပုံစံ ဆောက်ထားခဲ့တာပါ။ ဦးပိန်တံတားရဲ့ အနောက်ဘက်ထိပ်မှာ တောင်မင်းကြီးဘုရားရှိပါတယ်။ တောင်မင်းကြီးဘုရားရဲ့ တောင်ဘက်မှာ နာမည်ကျော် မယ်ဇယ်ပင်တန်းရှိပါတယ်။ တောင်မင်းကြီးဘုရားရဲ့ မြောက်ဘက်မှာ နာမည်ကျော် မဟာဂန္ဒရုံ ကျောင်းတိုက်ရှိပါတယ်။

တောင်သမန်အင်းရဲ့ အနောက်ဘက်ကမ်းခြေမှာတော့ နာမည်ကျော် တောင်လေးလုံးကျောင်းတိုက် ရှိပါတယ်၊ အနောက်မြောက်ထောင့်မှာတော့ ပုထိုးတော်ကြီးလို့ လူသိများတဲ့ မဟာဝိဇယရံသီ ပုထိုးတော်ကြီးဘုရားရှိပါတယ်။ ဟိုတလောက သပိတ်ကျင်းငလျင်မှာ စိန်ဖူးတော်မြေခသွားခဲ့ရတဲ့ ဘုရားကြီးပေါ့။

တောင်သမန်အင်းရဲ့ မြောက်ဘက်ကမ်းခြေကတော့ မျဉ်းဖြောင့်အနေအထားကို ရှိနေတာခင်ဗျ။ ဖြောင့်ဆို အမရပူရ မင်းနေပြည်တော်ရဲ့ တောင်ဘက်မြို့ရိုးအတိုင်းကိုး….. ရေကျုံးကတော့ အရှေ့ဘက်ထိပ်နားလေးမှာ ငါးကန်ရှည်ကြီး ၂ကန်အဖြစ်ပဲ ကျန်ပါတော့တယ်။ ကျန်တဲ့ ကျုံးကတော့ အင်းရေပြင်ရဲ့ တိုက်စားမှုကြောင့် ပျောက်ကွယ်သွားခဲ့ပါပြီ။

အရင် အမရပူရ နေပြည်တော်ပို့စ်မှာ ကျနော် ရေးပြထားခဲ့သလို တောင်သမန်အင်းရဲ့ တောင်ဘက်ခြမ်း ကျောက်တော်ကြီးဘုရားဆီကို အင်းရဲ့ မြောက်ဘက်ခြမ်းအမရပူရနေပြည်တော်ကနေ အဖြောင့်ဆက်သွယ်ထားတဲ့ အုတ်ရိုးစီလှည်းလမ်းတစ်ခု ရှိခဲ့တယ်ခင်ဗျ။ဆောင်းနှင့်နွေဆို အင်းထဲမှာ ရေ မရှိတော့တာမို့ အမရပူရနေပြည်တော်ကနေ ကျောက်တော်ကြီးဘုရားဆီကို အဖြောင့် ဖြတ်သွားလို့ရပါတယ်၊ အင်းတစ်ခွင်လုံးလည်း စပါး၊မြေပဲ၊ ပ၊ဲပြောင်း၊နှမ်း သီးနှံစုံ စိုက်ကွင်းကြီးပေါ့ဗျာ။  မိုးတွင်းကာလ ဧရာဝတီမြစ်ရေကြီးချိန်ဆို တောင်သမန်အင်းတစ်ခုလုံး ရေအပြည့်နဲ့ ရေပြင်ကျယ်ကြီးဖြစ်နေတာပေါ့ခင်ဗျ။ ကြုံတုန်းလေး အောင်မြင်မှုရဖို့ ဘယ်လောက်ရင်းနှီးရတယ်ဆိုတာလေး ပွားပါရစေ….

ကျနော်တို့ ကိုကြီးမိုက်တို့ နေခဲ့တဲ့ ပလစ (၂) တပ် မှာ ရေကူးကန်တစ်ခု ရှိတယ်ဗျ။

ဟိုးတုန်းက နမခ (အခု လပခ) စစ်တိုင်းရဲ့ လက်ရွေးစင် ရေကူးအသင်းဟာ အဲဒီ့ရေကူးကန်မှာ အခြေစိုက်ပြီး တစ်နှစ်ပတ်လုံး လေ့ကျင့်တာပါ။ တောင်သမန်ရေကြီးချိန် သူတို့ရဲ့လေ့ကျင့်ခန်းလေးတစ်ခုကို ပြောပြချင်လို့ပါ။

အင်းရေပြည့်နေချိန်ဆို စွယ်တော်ရွက်တို့ရဲ့ ပလစ (၂) ဘက် မြို့ရိုးဟောင်းအထိ အင်းရေ မေးတင်နေပါတော့တယ်။ အဲဒီ့ နမခ ရေကူးအသင်းဟာ တပ်ဘက်ကမ်းနဖူးကနေ ဦးပိန်တံတားထိရောက်အောင် ရေကူးပြီးသွားရပါတယ်။ နည်းပြလုပ်သူက အင်းဘေးကပတ်ပြီး စက်ဘီးတစ်စီးနဲ့ ဦးပိန်တံတားကို အရင်ရောက်အောင်သွားပြီး စောင့်ကြည့်ပါတယ်။ ဒီဘက်ကမ်းက ကူးသွားသူတွေ ဦးပိန်တံတားရဲ့ တိုင်တစ်တိုင်တိုင်ကို ကိုင်မိပြီးတာနဲ့ တပ်ဘက်ကမ်းကို ပြန်ကူးခဲ့ရတာခင်ဗျ။ အနည်းဆုံး အသွား တစ်မိုင်ခွဲ အပြန်တစ်မိုင်ခွဲ သုံးမိုင်ခရီးကို မရပ်မနားကူးခပ် လေ့ကျင့်ခဲ့ရတာပါ။ အဲဒီ့လို မောင်းထားခဲ့လို့လည်း အဲဒီ့ခေတ် ကြည်း၊ရေ၊လေ ရေကူးပြိုင်ပွဲ၊ ဝါတာပိုလို ပြိုင်ပွဲတွေမှာ နမခ အသင်း ဒိုင်းဆုတွေ အမြဲလိုလို ရခဲ့တာပါ။ တောင်သမန်ရေပြည့်ချိန်ကို အကျိုးရှိရှိ အသုံးချလေ့ကျင့်နိုင်မှုရဲ့ ရလာဘ် တစ်ခုပါခင်ဗျ၊ လူသိနည်းလွန်းလို့ အခု အသိပေးတင်ပြလိုက်တာပါ။

တောင်သမန်အင်းရဲ့ အရှေ့မြောက်ထောင့် နေရာမှာတော့ မယ်ဘယက်ကုန်းလို့ခေါ်တဲ့ ကျွန်းဆွယ်လေးတစ်ခု ရှိပါတယ်။ နန်းမတော်မယ်နုကို ရေချကွပ်မျက်ခဲ့တဲ့ နေရာလို့သိရပါတယ်။

ကျနော်တို့ငယ်ငယ်တုန်းက “ဓါးရောင်လက်လက် မယ်ဘယက်”ဆိုတဲ့ မြန်မာရုပ်ရှင်ကားတစ်ကား ရှိခဲ့ပါသေးတယ်။ မယ်ဘယက်ရဲ့ ရာဇဝင်ကိုတော့ စုံစမ်းဆဲပါ။

ကိုပေါက်ရဲ့ ဓါတ်ပုံတွေထဲမှာ ခုထိမတွေ့ရသေးတဲ့ မန်ကျည်းတန်းအကြောင်းလည်း ပြောချင်တယ်။ ရေကြီးချိန်ဆိုရင် မန္တလေးမြို့ကတောင်လာပြီး ပျော်ပွဲစားထွက်ကြရတဲ့ နေရာပေါ့။ အမရပူရ နေပြည်တော်ဟောင်းရဲ့ အနောက်တောင်ထောင့် ရွှေလင်းပင် စေတီနဲ့ တောင်သမန်အင်းရဲ့ ကြားထဲမှာ ရှိတာပါ။ သက်တော်ရှည်မန်ကျည်းပင်ကြီး ၁ဝ ပင် ၁၅ ပင်လောက် တန်းစီပေါက်နေခဲ့တာလေ.. အရိပ်လည်းကောင်း.. ရေပြည့်ချိန် လှို်င်းရိုက်သံ တဝုန်းဝုန်း လေတဖြူးဖြူးနဲ့ ဆော့ကစားဖို့ ကောင်းလှတဲ့နေရာပေါ့…. စွယ်တော်ရွက်တို့ ငှက်ပစ်ထွက်ရင် အဲဒီ့အထိ ရောက်အောင်သွားပြီး မန်ကျည်းသီးရွမ်းပြင်းတွေကို လေးခွနဲ့ပစ်ချပြီး စားခဲ့ကြတာပေါ့ဗျာ.. ။ မန်ကျည်းသီးမှည့်ချိန်ဆို တပ်ထဲကသူတွေ  အဲဒီ့အပင်တန်းအောက် သွားစောင့်ပြီး လေတိုက်လို့ ကြွေကျလာတဲ့ မန်ကျည်းသီးမှည့်တွေ ကောက်ရတာပေါ့.. ။ ဝမ်းနည်းစရာ ကိစ္စတစ်ခုလည်း မှတ်မိနေသေးတယ်။ အဲဒီ့မန်ကျည်းပင်တန်းရဲ့ သမိုင်းတစ်မျက်နှာပေါ့။ တပ်ထဲမှာတုန်းက ကိုကြီးမိုက်နေခဲ့ရတဲ့လိုင်းက လိုင်းနံပါတ် ၄၈ ခင်ဗျ။ ကျနော် စွယ်တော်ရွက်က လိုင်းနံပါတ် ၅ဝ မှာ နေခဲ့ရတာပါ။ ကြားထဲမှာ နံပါတ် ၄၉ လိုင်းတန်းတစ်ခုပဲ ခြားပါတယ်။ အဲဒီ့လိုင်းနံပါတ် ၄၉ မှာ နေတဲ့ရဲဘော်တစ်ယောက် ခုနက မန်ကျည်းပင်တန်းမှာ အပင်ပေါ်တက်ပြီး မန်ကျည်းသီးတွေကို ဝါးလုံးနဲ့ရိုက်ချနေရင်း အားလွန်ပြီးပြုတ်ကျ သေဆုံးခဲ့ဖူးလို့ပါ။ အဲဒီခေတ် က တပ်မိသားစုတွေရဲ့ ပုံရိပ်တစ်ခုပေါ့။

အဲဒီ့မန်ကျည်းသီးမှည့်အခြောက်တွေကို အခွံခွာ၊ အထဲက အစေ့ထုတ်ပြီး အသားချည်းကျန်တဲ့မန်ကျည်းသီးတွေကို ရေအိုးအဟောင်းထဲ ဆားဖြူးပြီး သိပ်ထည့် လုံအောင်အဝတ်ဖုံးပြီး ကြိုးနဲ့စည်း၊ နှစ်လုံးပေါက်သိုလှောင်ထားပြီး စားကြရတာပေါ့။ ဘေးထွက်ရလာတဲ့ မန်ကျည်းစေ့တွေကလည်း ကလေးတွေအတွက် အရေးပါသောအရာလေ၊ ဟော- မန်ကျည်းစေ့ကိုလှော်လိုက်ရင် သွားရေစာတစ်မျိုးရပြီ၊ ဇယ်တောက်တန်းကစားမလား အပုံလေးတွေပုံစီပြီး ဒိုးပစ်တိုင်းကစားမလား အဲဒီကာလ ကလေးတွေရဲ့ ကျွမ်းကျင်မှု ပိုင်ဆိုင်မှုပြအရာအဖြစ် အသုံးဝင်လွန်းလို့ပါ။

အဲဒီ့မန်ကျည်းတန်းနဲ့ကပ်လျက်မှာ တောင်သမန်အင်းဘက်ကို မျက်နှာမူထားတဲ့ စေတီပုံဆန်းဆန်းတစ်ဆူ ရှိပါတယ်။ အမရပူရခေတ်လက်ရာ မြတ်စွာဘုရား ခြေချထိုင်နေတဲ့ မုဒြာနဲ့ပါ။ ဂဇက်တွေ့ဆုံပွဲအတွက် ကိုပေါက်လက်ဆောင်ပို့ပေးလိုက်တဲ့ဓါတ်ပုံတွေထဲကနေ ကိုပီချိုကြီး ရသွားတဲ့ပုံလေးထဲက ထုံးဖြူဖြူစေတီလေးပေါ့၊။

မြစ်ရေတွေဘောင်းလန်အောင်ပြည့်နေတဲ့ တောင်သမန်အင်းကြီးကို လွမ်းလိုက်တာဗျာ…. အခုတော့——-

With respect,

Swal Taw Ywet.

15 comments

  • ခင် ခ

    July 30, 2013 at 11:18 am

    ကျွန်တော်ရန်ကုန်မှာနေတုန်းက မန်းရောက်ဖြစ်ရင် ညနေစောင်း ဦးပိန်တံတားကို အလည်သွားခါ အပန်းဖြေစရာနေရာဖြစ်ခဲ့တယ်ပေါ့၊ အခု မန်းမှာနေတော့လည်း ကျွန်တော်တို့နေတဲ့နေရာနဲ့ ဦးပိန်ကို ခဏလေးဘဲမောင်းသွားရတာမို့ ပျင်းတဲ့အခါ ညနေစောင်းဦးပိန်မှာ အကြော်စားရင်း အပန်းဖြေစရာပါဘဲ၊ မရိုးနိုင်တဲ့ နေရာတစ်ခုပေါ့ဗျာ။

  • kyeemite

    July 30, 2013 at 11:25 am

    ကိုစွယ်တော် ပြန်စတာနဲ့ တောင်သမန်ဇတ်လမ်းဟောင်းက
    စိတ်ထဲမှာတရေးရေးနဲ့ ပြန်ပေါ်လာပါတယ်…မှတ်မိသမျှရေးပါအုံးမယ်ဗျာ…

  • ဦးဦးပါလေရာ

    July 30, 2013 at 12:46 pm

    အဲသည် တောင်သမန်အင်းကြီးကို ငါးကန်လုပ်လိုက်ပြီကြားလို့
    အသားဆတ်ဆတ်တုန်အောင် ဒေါသထွက်မိတယ်…..

    မြင်မြင်သမျှ လက်ညှိုးထိုးရောင်းစားဖို့ပဲ ချောင်းနေတဲ့ကောင်တွေ…..

    • ကို ကိုလေး

      July 30, 2013 at 4:09 pm

      တောင်သမန်အင်းကြီးက ငါးကန်မလုပ်ဖြစ်လိုက်ဖူးဗျ၊ အပျော်ကော ဝမ်းစာကော ရောင်းစာကော ငါးဖမ်းတဲ့သူတွေတော့ ရှိတာပေါ့။

  • ရွှေတိုက်စိုး

    July 30, 2013 at 3:30 pm

    ကိုရင်ဆွယ် ကတော့ သိပ်အရေးကောင်း..
    ဒီမှာဖတ်ရင်း.. တောင်သမန်မှာထိုင်ရင်း လေတဖြူးဖြူးတိုက်လာသလိုလိုပဲဗျာ………လွမ်းထာ….တကယ်တကယ်… 🙁

  • ကိုစွယ်တော်က သုံးပန်လှအမှတ် တစ်
    ကိုမိုက်က သုံးပန်လှအမှတ် နှစ်
    ကျနော်က သုံးပန်လှအမှတ်သုံး ကို ဖိုတိုအက်ဆေးရသ အနေနဲ့ရေးပါမည်။.

  • အာဂ

    July 30, 2013 at 4:54 pm

    အခုတစ်လော တောင်သမန်က ရွှာထဲ တော်တော် ခေတ်စားနေသလားလို့ ဟီး…..။

  • KZ

    July 30, 2013 at 6:01 pm

    အဲနားက ထန်းတောကြီးနဲ့ လယ်ကြွက်ကင်နဲ့ ပဲခြမ်းသုပ်ကိုပါ ရေးပေးပါ။
    ကို ၂ လွှာပေါင်းမှ တစ်ရွက်ရေ။

    😀

    • ဦးကျောက်ခဲ

      July 30, 2013 at 6:28 pm

      ကိုစွယ်တော်က တောင်သမန်အလှ နဲ့ သမိုင်းကိုရေးတယ်…
      မိဇာဂျီးတို့ကတော့ အစားပဲပြေးမြင်တယ်… ခက်စ်ပါ့..
      ပါးကြီး ၂ဘက်ဖောင်းတာ စနစ်ကြောင့် မဟုတ်၊ မျိုးရိုးကြောင့် မဟုတ်… (CD သဂျီး)
      •♫*•♫*•♫ စားမှာပဲ… စားမှာပဲ…ဆွိကိုတော့ မတားနဲ့… •♫*•♫*•♫
      😀

      • ကိုရင်စည်သူ

        July 30, 2013 at 7:38 pm

        ☺☺♪♫♫♫♫♫ မိုးလင်းထဲက ဆွိဆွိ ချဉ်းချားမိတယ်.. ချားဖို့ပါဘဲ… ♫☺
        မိုးချုပ်ထက်ထိ ဘိုက်ပူအောင်ကို ဆွိဆွိ စားချင်နေဒယ်… ♫♪♪♫ :mrgreen:

        • KZ

          July 30, 2013 at 8:22 pm

          Hammmm…!!
          These two guy ..!!! Don’t want Black x 2, huh..? 😉
          :mrgreen:

  • ဒီတောင်သမန်ကိုရေးဘိုး စဉ်းစားခဲ့ကြတာ နှစ်စ လောက်ကတည်းက၊
    သို့သော် ကိုပေါက်မှလွဲ၍ ကျန်သူများမအားသောကြောင့် မရေးဖြစ်
    ကိုပေါက်ဆီမှာ တောင်သမန်ဓါတ်ပုံတွေဖောချင်းသောချင်းရှိနေပါ၏
    မတင်ရသေးသောပုံမျာလဲရှိပါ၏

  • kyaw swar kaung

    July 30, 2013 at 11:17 pm

    ကျနော် တောင်သမန်းအင်းကို ၃ ခေါက်လောက် ရောက်ဘူးတယ် ထင်ပါတယ်..။
    ခုလို ရာဇဝင်ပါသိတော့ ပိုပြီး ကောင်းတာပေါ့..။ ဒီက လူတေါကို ဦးပိန်တံတားပြပြီး ကြွားရတာလဲ အမောသား..။
    ဒါပေမယ့် သူတို ့တွေ အံ့ဩ ချီးကျူးတယ်..။
    မှတ်မိတာက အမရပူရ ကမ်းနားဘက်ထင်တယ်..သောင်ပြင်မှာ သူငယ်ချင်းတွေနဲ ့ လျှောက်တူးတာ.. ရှေးဟောင်း မြေခွက် အကျိုးအပဲ့လေးတွေ ရဘူးတယ်.. ။ စိတ်ဝင်စားစရာ ကောင်းတဲ့ နေရာပါ..။
    ဆက်ရေးပါဗျာ.. ဆက်ဖတ်ဘို ့စောင့်မျှော်နေပါ့မယ်…။

  • surmi

    July 31, 2013 at 11:28 pm

    အဲဒီ ​တောင်​သမန်​​ပေါ့ဗျာ …..
    1989 ​လောက်​က ဦးပိန်​တံတား​ပေါ်မှာ ​ရှေး​ဟောင်​း ရ​လေး စက်​ဘီးကြီးကိုစီးရင်​း
    ဇိမ်​ကျ​နေတုန်​း .. ဗြုန်​းဆို .. တံတားပြင်​​နေတဲ့​နေရာ​ရောက်​သွားပါ​ရော
    ဒါနဲ့ .. စက်​ဘီးကိုထမ်​းြပြီး​အောက်​က ပဲခင်​းထဲကိုဆင်​းးး ြပြီး​တော့ ကန်​ဇင်​း ရိုးအတိုင်​း ဆက်​နင်​းတာ​ပေါ့ …
    ​ဟော …ခဏ​နေ​တော့ ဆက်​နင်​းမရ​တော့ဘူး ဒါနဲ့ ပဲခင်​းထဲက​နေ တံတား​ပေါ်ပြန်တက်​ ၊ ဆက်​နင်​း လိုက်​တာ ​ကျောက်​​တော်​ကြီးလည်​း​ရောက်​​ရော
    ​မောင်​ဆာမိအ​မော ​ဖောက်​​နြေပြီ​လေ ။
    ဘုရားကိုမြန်​မြန်​ ကန်​​တော့ြပြီး​ရေ​အေး​အေး​လေး​သောက်​ …
    ပြီး​တော့ ခဏ​မှေးလိုက်​တာ … အိုးး ​ကောင်​းမှ​ကောင်​းဗျာ ….
    အခုထိ လွမ်​းတုန်​းးးးး

  • ကျုပ်ကတော့ တောင်သမန်အမှတ် သုံး ရေးလဲပြီးပြိ။
    ဓါ်တ်ပုံ 32ပုံပါမယ်။
    စကက်ဂျူးနဲ့တင်ထားပြိးပြီ။
    ဖွင့်ရမရတော့ မသိဘူးဗျို့
    ကိုမိုက်က နောက်တစ်ပါတ်တင်မယ်တဲ့။

Leave a Reply